Wednesday 26 March 2014

စစ်ကိုင်းနှင့်ချင်းတွင် သတ္တုအကျိုးတူ တူးဖော်ရန် အိန္ဒိယနိုင်ငံမှ ကမ်းလှမ်း

စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တွင် သတ္တုတူးဖော်ရေး လုပ်ငန်းများ အကျိုးတူ ပူးပေါင်း လုပ်ဆောင်ရန်အတွက် အိန္ဒိယနိုင်ငံမှ ကမ်းလှမ်းလာမှုအပေါ် မတ်လ ၂၉ ရက်နေ့တွင် စစ်ကိုင်း တိုင်းဒေ သကြီး၊ ကလေးမြို့၌ တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း ချင်းပြည်နယ်၊ သစ်တောနှင့် သတ္တုဝန် ကြီး ဦးကျော်ငြိမ်းက The Voice သို့ ပြောကြားသည်။

စစ်သားဆိုတာ ပြည်သူထဲက ပြည်သူပဲဟုဆိုသူ ဆရာမြ သန်းစံနှင့်တွေ့ဆုံခြင်း

Photo: စစ်သားဆိုတာ ပြည်သူထဲက ပြည်သူပဲဟုဆိုသူ ဆရာမြသန်းစံနှင့်တွေ့ဆုံခြင်း
Wednesday, March 26, 2014

တပ်မတော်နေ့ နီးလာလျှင် ရုပ်သံလိုင်းများ မှ ဝေလည်းမွှေး၊ ကြွေလည်းမွှေး ရုပ်ရှင်ဇာတ် ကားကို နှစ်စဉ် ပြသလေ့ရှိသည်။ အဆိုပါ ရုပ်ရှင်ဇာတ်ကား ရုံတင်စဉ်က ပရိသတ် နှစ်ခြိုက်စွာ အားပေးခဲ့ပါသည်။ တပ်မတော်သားတစ်ယောက်ရဲ့ ဘဝအတွေ့အကြုံတွေ နဲ့ ပေါင်းစပ်ပြီး ဝေလည်းမွှေး၊ ကြွေလည်းမွှေး ရုပ်ရှင်ဇာတ်ကား၊ ဇာတ်လမ်းကိုဖန်တီးခဲ့သူ ဆရာမြသန်းစံနှင့် တွေ့ဆုံမေးမြန်းဖြစ် ခဲ့သည်။

► မေး ဝေလည်းမွှေး၊ ကြွေလည်းမွှေး ဇာတ်ကားကို စတင်ပြီး ဇာတ်လမ်းရေး ဖြစ်ခဲ့ပုံကို သိချင်ပါတယ်။

ဒါရိုက်တာ ခင်မောင်ဦး၊ စိုးသိမ်းထွဋ်ကလည်း စစ်ကားရိုက်နေတဲ့ အချိန် ကိုယ်ကလည်း တပ်မတော်မှာဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေ ပေါင်းစပ်ပြီး ဇာတ်လမ်းရေးဖြစ် သွားတာပါ။ ပထမက ဦးကျော်ဟိန်းနဲ့ရိုက်ဖို့သွားပြောတာ သိပ်အဆင်ပြေဘူး။ ဒါ့အပြင့် ကျော်ဟိန်းရဲ့သား နေရာမှာ သရုပ်ဆောင်ဖို့ ကျော်သူနဲ့ သွားညှိခဲ့တယ်။ အဆင် မပြေခဲ့ဘူး။ ဇာတ်ကားမရိုက်ခင်မှာ ဦးကျော်ဟိန်းက ပေါ်လစီဇာတ်ကားလို့ပဲထင်နေတာ။
ဒါကြောင့် ငြင်းဆန်မှုတွေများခဲ့တယ်။ အငယ်နေရာအတွက် မင်းသား ရှာနေ တဲ့အချိန်မှာ ဦးကျော်ဟိန်းက သူ့ရဲ့တူ ထင်လင်း(ဒွေး) ရှိတယ်ဆိုပြီးပြောတာနဲ့ ခေါ်ရိုက်ဖြစ်တာ။ ဒွေးကလည်း စစ်သားဆံပင် ပုံစံဖြစ်နေတယ်။ ဇာတ်လမ်းက ကိုယ့်ဘ ဝရဲ့အစိတ်အပိုင်းတချို့နဲ့ ဆက်စပ်တယ်။ အဖေနဲ့အမေ ကွဲတယ်။ ဒါကြောင့် စစ်တပ်ထဲဝင်တယ်။ ဘဝအတွေ့အကြုံတွေပေါင်း စပ်ပြီးရေးဖြစ်သွားတာ။ စစ်ကား တစ် ကားရိုက်ရင် အချိန်ယူပြီးရိုက်ရတယ်။ ရိုးရိုးကားတွေလို အချိန်အနည်းဆုံးနဲ့ ရိုက်လို့မရဘူး။

► မေး – ဦးကျော်ဟိန်းက အနုပညာတစ်ခုကိုလုပ်ရင် စိတ်နှစ်ပြီးလုပ်တတ်တယ်။ ဒီဇာတ်ကားမှာ သူ့ရဲ့ကြိုးစားအားထုတ်မှုကို သိချင်ပါတယ်။

သူက ညပိုင်းတွေမှာဆိုရင်တပ်ထဲကို အမြဲရောက်လာတတ်တယ်။ အဲဒီအချိန်က တပ်မှာတကယ်ရှေ့တန်းထွက်ရမယ့် အချိန် ဖြစ်နေတယ်။ တကယ်စစ် သားတွေ ရှေ့တန်းထွက်တဲ့ အချိန်မှာ ဘယ်လိုခံစားနေရလဲဆိုတာကို လိုက်လေ့လာတယ်။
တကယ်ရှေ့တန်းထွက်တဲ့အချိန်ဖြစ်နေတဲ့အတွက် အဲဒီ ဇာတ်ရုပ်တွေ ရလိုက် တယ်။ တပ်ကြပ်ကြီးတစ်ယောက်ရဲ့ ဘဝကို သေ ချာ လေ့လာခဲ့တယ်။ နောက်တစ်ခုက ရိုက်ကွင်းကိုလာရင် မာစီဒီးကားနဲ့ စစ်ဝတ်စုံအပြည့်နဲ့လာတယ်။ သူက မလုပ်ခင် သာ ကြေး(ဂျီး)များတာ။ တကယ်လုပ်ပြီဆိုရင် အပီအပြင်လုပ်တယ်။ ရိုက်ကွင်းသွားရင်လည်း စစ်ကား နောက်မှာနေတတ် တယ်။ ရှေ့ခေါင်းခန်းမှာ ထိုင်ဖို့ခေါ်ရင်လည်း ကျွန်တော်က ဒီအချိန်မှာ တပ်ကြပ်ကြီးဖိုးစည်ဖြစ်သွားပြီလို့ အမြဲပြောတယ်။ ကာရိုက်တာထဲ အပြည့်ဝင်ခံစားလိုက်တယ်။ တကယ်လည်း ဆန်အိတ်တွေဝင် ထမ်းတာမျိုး လုပ်တယ်။
အသက်အရွယ်နဲ့မမျှအောင်ကို သရုပ်ဆောင်တယ်။ သူ့ရဲ့စိတ်ထဲမှာ ပြင်ဆင်လာတာတွေက အများကြီးပဲ။ ရိုက်ကွင်းမှာလည်း သူနဲ့ ခဏခဏစကား များရတယ်။ သူ လုပ်ချင်တာတွေ တအားများတယ်။ ရန်သူအပေါ်မှာ မီးလို၊ နေလို နေရပေမယ့် ပြည်သူနဲ့ကျရင် ရေလို၊ လလို ကျင့်ရမယ်ဆိုပြီး ပြောရတယ်။ ရိုက်ကွင်းအလယ် အရော က်မှာ ဇာတ်တစ်ခုလုံးကို သဘောပေါက်သွားတယ်။ စစ်သားတစ်ယောက်ရဲ့ မိသားစုဘဝ၊ တိုင်းပြည်အတွက် ဘယ်လိုရင်းရလဲဆိုတာ သိသွားတယ်။

► မေး – အခုနောက်ပိုင်း ပရိသတ်က ရုပ်ရှင်ရုံတွေမှာစစ်ကားတွေပြန် ကြည့်ချင်နေတဲ့အပေါ် ဆရာ သုံးသပ်ပေးပါဦး။

စစ်တပ်ထဲက စစ်သားဆိုတာကလည်း ပြည်သူ ထဲ က ပြည်သူပဲလေ။ မြန်မာနိုင်ငံမှာရှိတဲ့ စစ်သားတွေကလည်း ဒီအိမ်တွေထဲကပဲ ထွက်သွားတာပဲလေ။ ဒီလူတွေက သေ နတ်တွေကိုင်ပြီး တိုင်းပြည်ကိုကာကွယ်နေတယ်။
ကိုယ့်မိသားစုဝင်တွေ ဘယ်လိုနေထိုင်လဲဆိုတာကို သိချင်ကြမှာပဲ။ ဒါကသဘာဝပဲလေ။ စစ်ကား မှာ ပေါ်လစီ သိပ် များသွားရင် ပရိသတ်က သိပ်မကြိုက်ဘူး။ စစ်သားသည်လည်း လူသားပဲလေ။ ဒါကြောင့် ပရိသတ်က စိတ်ဝင်စားတာပါ။ ဒါကြောင့် စစ်ကားတွေ ရုပ်ရှင်ရုံတင်တဲ့အခါ ပရိ သတ်က အားပေးကြတာပါ။ စစ်တပ်ကိုမုန်းလားဆိုတော့ မမုန်းဘူး။ ချစ်ချင်တယ်။ ချစ်အောင်နေဖို့ကလည်း တပ်မတော်သားတွေတာဝန်ပဲလေ။

မေး – အခုနောက်ဆုံးရိုက်ကူးခဲ့တဲ့ အသက်ထက်မြတ်တဲ့ဂုဏ် ဇာတ်ကားအကြောင်း သိချင်ပါတယ်။

ဒါရိုက်တာ ခင်မောင်ဦး၊ စိုးသိမ်းထွဋ်နဲ့ ပြန်တိုင်ပင်ဖြစ်တယ်။ ” ဝေလည်းမွှေး၊ ကြွေလည်းမွှေး ” ကိုပဲ ပြန်လည်ဆန်းသစ်ဖို့ပါ။ ဇာတ်လမ်း ပြန်တည်ဆောက်ခဲ့တယ်။
အရင် ကားတုန်းက ဒွေးက နှစ်ကိုယ်ခွဲမဟုတ်ဘူး။ ဒီကားမှာ ကလေး (၂) ယောက်ထားလိုက်မယ်။ တစ်ယောက်က တပ်ကြပ်ကြီးဖိုးစည်နဲ့ အနီးကပ်နေပေမယ့် အရင် တုန်းက ဖခင်က အရင်သိတာ၊ အခုသားဘက်က ပြန်သိတာ။
အကုန်လုံးပြောင်းပြန်ဇာတ်လမ်း ပြန်လုပ်ထားတယ်။ အခု မော်ဒန်တပ်မတော်က ဘယ်လိုပုံစံသွားနေ လဲဆို တာကို သွားလေ့လာပြီး ရိုက်ကူးထားတယ်။ ဒီဇာတ်ကားက ” ဝေလည်းမွှေးကြွေလည်းမွှေး” ဇာတ်ကားပြီး ၁၈ နှစ်ကြာမှ ဒီဇာတ်ကားကို ရိုက်ကူးဖြစ်တာပါ။ ဒီဇာတ်ကား ရိုက်ဖို့ နယ်ကိုစသွားတော့ ထူးထူးခြားခြားဖြစ်တာက အရင်တုန်းက သရုပ်ဆောင်ခဲ့တဲ့တင့်တင့်ထွန်းက ကားပေါ်ပါလာ တယ်။ ဝေလည်းမွှေး ကြွေ လည်းမွှေး ကို ပြန် ဆန်း စစ်တဲ့အချိန်သူ့နဲ့တွေ့တော့ အံ့သြသွားတယ်။ ။

Popular Journal
တပ်မတော်နေ့ နီးလာလျှင် ရုပ်သံလိုင်းများ မှ ဝေလည်းမွှေး၊ ကြွေလည်းမွှေး ရုပ်ရှင်ဇာတ် ကားကို နှစ်စဉ် ပြသလေ့ရှိသည်။ အဆိုပါ ရုပ်ရှင်ဇာတ်ကား ရုံတင်စဉ်က ပရိသတ် နှစ်ခြိုက်စွာ အားပေးခဲ့ ပါသည်။ တပ်မတော်သားတစ်ယောက်ရဲ့ ဘဝအတွေ့အကြုံတွေ နဲ့ ပေါင်းစပ်ပြီး ဝေ လည်းမွှေး၊ ကြွေ လည်းမွှေး ရုပ်ရှင်ဇာတ်ကား၊ ဇာတ်လမ်းကိုဖန်တီးခဲ့သူ ဆရာမြသန်းစံနှင့် တွေ့ဆုံမေးမြန်းဖြစ် ခဲ့သည်။

ယာဉ်ထိန်းရဲများကို အရေးယူပေးရန် ပြည်မြို့တွင် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်မြို့တွင် မတ်လ ၂၅ ရက်နေ့ နံနက် ၉ နာရီခန့်က ယာဉ်စည်း ကမ်းကို အကြောင်းပြု၍ တရားဥပဒေမဲ့ CB ဘဏ်သို့ ငွေ ၅၀၀၀ ကျပ် သွင်းခိုင်းသော ယာဉ်ထိန်းရဲများကို တရားဥပဒေအရ အရေးယူပေးရန်ဟုဆိုကာ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သက်ဆိုင်ရာ နယ်မြေရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။

၂၀၁၄-၁၅ ဘဏ္ဍာနှစ်၊ အခွန်မှရငွေ ယမန်နှစ်ထက် ၃၆ရာခိုင်နှုန်း တိုးမြှင့်လာမည်ဟု လျာထား

၂၀၁၄-၁၅ဘဏ္ဍာနှစ်၊ ပြည်ထောင်စု ၏ အခွန်အကောက်ရငွေ စုစုပေါင်းမှာ ကျပ် ၄၈၉၀ ဒသမ ၅၈၀ ဘီလီယံ လျာ ထားရာ ယမန်နှစ် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်၊ အခွန်အကောက်ရငွေပေါင်း ကျပ် ၃၅၈၇ ဒသမ ၉၃၂ ဘီလီယံဖြစ်သဖြင့် ယခုနှစ်သည် ၃၆ ဒသမ ၃၁ ရာခိုင်နှုန်း တိုးမြှင့်လာသည် ဟု ဘဏ္ဍာရေး ၀န်ကြီး ဌာန၊ ပြည်ထောင်စု ၀န်ကြီး ဦးဝင်းရှိန်က ပြောသည်။

"နိုင်ငံခြားဘာသာ စကားဖြင့် သင်္ကြန်မဏ္ဍပ် ဆိုင်းဘုတ် စိုက်ထူက ဒဏ်ငွေ ဆယ်သိန်း ဆောင်ရမည်"

သင်္ကြန်မဏ္ဍပ်များတွင် နိုင်ငံခြား ဘာသာ စကားများဖြင့် ဆိုင်းဘုတ်စိုက်ထူလျှင် ဒဏ်ကြေးငွေကျပ် ၁ဝ သိန်းကောက် ခံသွားမည်ဟု ရန်ကုန် တိုင်းဒေသကြီး အ စိုးရအဖွဲ့က စည်းကမ်းချက်သတ်မှတ်ထားသည်။
မဏ္ဍပ်များအား မြန်မာအမည်ဖြင့် လျှောက်ထားသူတို့ကိုသာ ခွင့်ပြုပေးသွားမည်ဖြစ်ပြီး မဏ္ဍပ်တွင် လျှောက် ထားသည့် အမည်အစား အမည်ပြောင်း လဲစိုက်ထူ ပါက ဒဏ်ကြေးကျပ် ၁ဝ သိန်း ကောက်ခံ မည်ဖြစ်ပြီး ယင်း ဒဏ်ကြေးကို အာမခံ ကြေး တင်သွင်းငွေမှ ဖြတ်တောက်ထားမည် ဟု သိရသည်။

ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အတွက် တပ်မတော် ဆက်ရှိနေဖို့လိုဟု သမ္မတ ဦးသိန်းစိန်ပြော

Photo: ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အတွက် တပ်မတော် ဆက်ရှိနေဖို့လိုဟု သမ္မတ ဦးသိန်းစိန်ပြော
Wednesday, March 26, 2014

သမ္မတဦးသိန်းစိန်က ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် ငြိမ်းချမ်းရေး ဆောင်ရွက်ရာတွင် တပ်မတော်၏ အခန်းကဏ္ဍ အရေးကြီးပြီး နိုင်ငံရေးပြဿနာများ အဖြေရှာရာသည့် စားပွဲဝိုင်းတွင်လည်း တပ်မတော် ဆက်လက် တည်ရှိနေရန် လိုအပ် ကြောင်း ပြောဆိုလိုက်သည်။

ယနေ့ ပြည်ထောင်စုလွှတ်တော်တွင် သမ္မတ သက်တမ်း ၃ နှစ်ပြည့် အထိမ်းအမှတ် မိန့်ခွန်းပြောဆိုစဉ် ယင်းသို့ ပြောဆိုလိုက်ခြင်းဖြစ်ပြီး တပ်မတော်သည် ကာကွယ်ရေး၊ လုံခြုံရေး အတွက်သာမက ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး ပြဿနာများ အဖြေရှာရာတွင် မဖြစ်မနေ ရှိနေရန် လိုအပ်သည်ဟု ပြောဆိုသည်။

“နိုင်ငံရေးဖြစ်ရပ်တွေ၊ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးအတွက် တပ်မတော်ဟာ ခေတ်မီတောင့်တင်းခိုင်မာဖို့ အရေးကြီးပါတယ်၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာလည်း တပ်မတော်ရဲ့ အခန်းကဏ္ဍဟာ ရှိနေရအုံးမှာ ဖြစ်ပါတယ်၊ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ညှိနိှုင်းအဖြေရှာတဲ့စားပွဲဝိုင်းတွေမှာလည်း တပ်မတော်ဟာဆက်လက်ပါဝင်နေဖို့ လိုအပ်ဆဲပဲဖြစ်ပါတယ်၊ တပ်မတော်ရဲ့ အခန်းကဏ္ဍကို လျှော့ချဖို့ ပြည်တွင်း ငြိမ်းချမ်းရေး တိုးတက်ရရှိလာမှုနဲ့ ချိန်ဆ ဆောင်ရွက်သွားဖို့ကိုလည်း ဒီမိုကရေစီရင့်သန်မှုနဲ့အတူ ဆောင်ရွက်ကြရမှာဖြစ်ပါတယ်”ဟု ဦးသိန်းစိန်က ရှင်းပြသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂ တွင် ပြဋ္ဌာန်းထားသော ပြဋ္ဌာန်းချက်များနှင့်အညီ ပြင်ဆင် ဆောင်ရွက်နိုင်ရေး အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်မှုကြောင့် အနာဂတ်တွင် သက်ရောက် နိုင်မည့် ကောင်းကျိုး၊ ဆိုးကျိုး အလားအလာများကို ထည့်သွင်း စဉ်းစားသုံးသပ်ရန် အရေးကြီးကြောင်းပြောဆိုသည်။

“ပြည်ထောင်စုလွှတ်တော်က တာဝန်ယူထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်ကြီးဟာ ကျယ်ပြန့် နက်ရှိုင်းပါတယ်။ ပြဋ္ဌာန်းချက် တစ်ရပ်ချင်းအလိုက် နောက်ခံသမိုင်း၊ အနှစ်သာရနဲ့ ရည်ရွယ်ချက်တွေကို ပြည့်စုံစွာ လေ့လာပြီး ရှုထောင့်စုံမှ သုံးသပ်ကာ အခြေခံဥပဒေအခန်း ၁၂ မှာ ပြဋ္ဌာန်းထားတဲ့ ပြဋ္ဌာန်းချက်များနဲ့အညီ ပြင်ဆင်မှု ဆောင်ရွက်နိုင်ရေး အလေးထား လိုက်နာကြရမှာ ဖြစ်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်နေတဲ့ တိုင်းရင်းသားတွေ၊ လွှတ်တော် ပြင်ပအင်အားစုတွေ၊ အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးမှု တွေ အရ တောင်းဆိုမှု တွေကိုလည်း အလေးထား စဉ်းစားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ လက်တွေ့ အခြေအနေတွေသာမက ပြင်ဆင်ပြဋ္ဌာန်းလိုက်တဲ့ ပြင်ဆင်ချက်တိုင်းကနေ အနာဂတ်မှာ သက်ရောက်နိုင်မယ့် ကောင်းကျိုးဆိုးကျိုး အလားအလာတွေကိုပါ ထည့်သွင်း စဉ်းစားကြဖို့ အရေးကြီးပါတယ်´´ ဟု ဦးသိန်းစိန်က ဆက်လက်ပြောသည်။

အစိုးရအဖွဲ့၊ လွှတ်တော်နှင့် တရားစီရင်ရေး မဏ္ဍိုင်အကြား ပူးပေါင်းဆောင်ရွက်ခဲ့သော်လည်း အောင်မြင်မှုများရှိသကဲ့သို့ မအောင်မြင်မှုများလည်းရှိကြောင်း၊ လုပ်နိုင်တာများရှိသကဲ့သို့ မလုပ်နိုင်သည်များလည်းရှိကြောင်း၊ ထို့ကြောင့် အနာဂတ်တွင် အားသာချက်၊ အားနည်းချက်များကို သုံးသပ်ဖြည့်ဆည်း ဆောင်ရွက်ခြင်းဖြင့် ပိုမိုကောင်းမွန်သော ရလာဒ်များ ဖော်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း၊ အတိုက်အခံများကိုလည်း လုပ်ဖော်ကိုင်ဖက်အဖြစ် သဘောထားပြီး နိုင်ငံရေးယဉ်ကျေးမှုသစ်တရပ် ဖော်ဆောင်နိုင်ခဲ့ပြီဖြစ်ကြောင်း ရှင်းလင်းပြောဆိုသည်။

“အစိုးရနဲ့ အတိုက်အခံဆိုတဲ့ ပဋိပက္ခအသွင်ဆောင်တဲ့ အမြင်သဘောထား တွေကို ကိုင်စွဲခြင်းမပြုဘဲ အမျိုးသား အကျိုး စီးပွားအပေါ် အခြေခံပြီး လုပ်ဖော်ကိုင်ဖက်များအဖြစ် သဘောထားကာ လက်တွဲဆောင်ရွက်သွားကြဖို့ တိုက်တွန်း ခဲ့ပါတယ်။ သုံးနှစ်တာ ပြည့်မြောက်တဲ့ ဒီအချိန်မှာ လုပ်ဖော်ကိုင်ဖက်အသွင် နိုင်ငံရေး ယဉ်ကျေးမှု အသစ်ကို ကျွန်တော်တို့ ဖော်ဆောင်နိုင် ခဲ့ပြီ ဆိုတာကို အထင်အရှား တွေ့နေရပြီ ဖြစ်ပါတယ်´´ဟု ဦးသိန်းစိန်က ဆိုသည်။

သမ္မတဦးသိန်းစိန် ဦးဆောင်သော အရပ်သားအစိုးရသည် ယခင် စစ်အာဏာရှင်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်သော နိုင်ငံတော်အေးချမ်းသာယာရေး နှင့်ဖွံ့ဖြိုးရေးကောင်စီကို ဖျက်သိမ်းပြီးနောက် ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် တရားဝင်အာဏာ လွှဲပြောင်းရယူခဲ့သည်။

ဧရာဝတီ

သမ္မတဦးသိန်းစိန် သမ္မတသက်တမ်း ၃ နှစ်ပြည့် လွှတ်တော်တွင် မိန့်ခွန်းပြောပြီးနောက် သူရဦးရွှေမန်းနှင့်အတူ လွှတ်တော်မှ ထွက်ခွာလာစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ) 
သမ္မတဦးသိန်းစိန် သမ္မတသက်တမ်း ၃ နှစ်ပြည့် လွှတ်တော်တွင် မိန့်ခွန်းပြောပြီးနောက် သူရဦးရွှေမန်းနှင့်အတူ လွှတ်တော်မှ ထွက်ခွာလာစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

သမ္မတဦးသိန်းစိန်က ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် ငြိမ်းချမ်းရေး ဆောင်ရွက်ရာတွင် တပ်မတော်၏ အခန်းကဏ္ဍ အရေးကြီးပြီး နိုင်ငံရေးပြဿနာများ အဖြေရှာရာသည့် စားပွဲဝိုင်းတွင်လည်း တပ်မတော် ဆက် လက် တည်ရှိနေရန် လိုအပ် ကြောင်း ပြောဆိုလိုက်သည်။

လာမယ့်နှစ် အခွန် ၃၆ ရာခိုင်နှုန်း တိုးကောက်မည်

Photo: လာမယ့်နှစ် အခွန် ၃၆ ရာခိုင်နှုန်း တိုးကောက်မည်
Wednesday, March 26, 2014

လာမယ့် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်ကျရင် လက်ရှိ ဘဏ္ဍာရေးနှစ်ကထက် အခွန်က ၀င်ငွေ ၃၆ ရာခိုင်နှုန်း ပိုရအောင် ဆောင်ရွက်မယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောပါတယ်။

မတ် ၂၅ ရက်နေ့က လုပ်တဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ “၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်း” ရှင်းလင်းစဉ် သူက ခုလို ပြောလိုက် တာ ဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က အခု ဘဏ္ဍာရေးနှစ်မှာ အခွန်ကနေ ကျပ်ငွေ ၃ ဒဿမ၊ ၅ ထရီလီယံကျော် ရခဲ့ပါတယ်။

လာမယ့် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် ဆိုရင် ကျပ်ငွေ ၄ ဒဿမ၊ ၉ ထရီလီယံနီးပါး ရအောင် ကောက်မယ်လို့ ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။

ဒီလို ကောက်ခံနိုင်ခဲ့ရင် လက်ရှိ အခွန်နဲ့ ဂျီဒီပီ အချိုး ၆ ဒဿမ၊ ၁ ရာခိုင်နှုန်း ရှိရာကနေ လာမယ့်နှစ်မှာ ၇ ဒဿမ၊ ၄ ရာခိုင်နှုန်း တိုးလာမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

DVB 
လာမယ့် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်ကျရင် လက်ရှိ ဘဏ္ဍာရေးနှစ်ကထက် အခွန်က ၀င်ငွေ ၃၆ ရာခိုင်နှုန်း ပိုရအောင် ဆောင်ရွက်မယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောပါတယ်။

မောင်တောနယ်စပ် လေယာဉ်ကွင်းရွာရှိ ဘင်္ဂါလီနေအိမ်မှ သေနတ် တစ်လက်နှင့် ကျည်ဆန်များ ထပ်မံဖမ်းဆီးရမိ

မောင်တောနယ်စပ် အလယ် သံကျော် ကညင်တန်းကျေးရွာ အုပ်စုချောင်း အတွင်း ရှိ စက်လှေပေါ် မှ သေနတ်တစ်လက်နှင့် ကျည်ဆန် ကိုးတောင့် မတ် ၁၄၊ ၁၅ ရက်က ဖမ်းဆီးရမိခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာမှ ဆက်လက်စုံစမ်းစစ်ဆေး မှုများပြုလုပ်လျက် ရှိရာ မောင်တောနယ်စပ် အလယ် သံကျော်အုပ်စု လေယာဉ်ကွင်းကျေးရွာရှိ ဘင်္ဂါလီ နေအိမ် smist or welson ငါးချက်ပေါက် ဆုံ လည်သေနတ်တစ်လက်နှင့် ၃၉ အမျိုးအစား နိုင်ငံ ခြား ကျည်ဆန်တစ်တောင့်ကို မတ် ၁၉ ရက်မွန်းလွဲ ပိုင်းက ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း မောင်တောမြို့မ ရဲစခန်းမှ သိရသည်။

ပုဂံရှေးဟောင်းဇုန်ရှိ ဟိုတယ်၊ တည်းခိုခန်း တည်ဆောက်မှု ရပ်ဆိုင်းထားရန်သတိပေး

ပုဂံရှေးဟောင်းဇုန်အတွင်းရှိ ဆောက် လက်စ ဟိုတယ်နှင့်တည်းခိုရိပ်သာ ၂၈ လုံးအား လုပ်ငန်းများရပ် ဆိုင်းထားရန် သတိပေးထားသည်ဟု ပုဂံမြို့ရှိ ယဉ်ကျေးမှု ၀န်ကြီးဌာန၊ ရှေးဟောင်းသုတေသန၊ အမျိုး သားပြတိုက်နှင့် စာကြည့်တိုက်ဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးဦး ကမဇ္ဈိမ ကိုပြောသည်။

မျိုးစောင့် ဥပဒေ အဆိုပြုချက်ကို HRW ဝေဖန်

လွှတ်တော်တွင် တင်ပြ ဆွေးနွေးမှု မပြီးပြတ်သေးသော ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ လက်ထပ် ထိမ်းမြားခြင်းနှင့် ပတ်သက်သည့် မျိုးစောင့်ဥပဒေကို နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့(HRW) က ဝေဖန်လိုက်သည်။

၁၆ မိုင်စစ်ဆေးရေးဂိတ်တွင် တရုတ်ပို့မည့် အဆိပ်ပြင်းမြွေကောင်ရေ ၃၀၀ နီးပါးနှင့် ကျောက်စိမ်းတုံးများ ဖမ်းမိ

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် အုန်းချောကျေးရွာ ၁၆ မိုင် စစ်ဆေးရေးဂိတ်တွင် မတ်လ ၂၄ ရက်နေ့ တစ်ရက်အတွင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ တင်ပို့မည့် အဆိပ်ပြင်း မြွေအကောင်ရေ ၃၀၀ နီးပါးနှင့် ကျပ်သိန်း ၄၀ ကျော် တန်ဖိုးရှိ ကျောက်စိမ်းတုံးများ ဖမ်းဆီးရမိခဲ့ကြောင်း အုန်းချောမြို့နယ် ရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အမျိုးစောင့်ဥပဒေပြဋ္ဌာန်းခြင်းအားဖြင့် လူ့အခွင့်အရေးကိုပိုမိုဖော်ဆောင်ရာရောက်ဟုဆို

Photo: အမျိုးစောင့်ဥပဒေပြဋ္ဌာန်းခြင်းအားဖြင့် လူ့အခွင့်အရေးကိုပိုမိုဖော်ဆောင်ရာရောက်ဟုဆို

မတ်လ ၂၆ ရက် ၂၀၁၄ ခုနှစ်
နေထက်ဝေ၊ လင်းလင်းရန်ကုန်

အမျိုးစောင့်ဥပဒေ (အရပ်ခေါ်) ကိုးကွယ်ရာဘာသာကူးပြောင်းခြင်း ဆိုင်ရာဥပဒေ၊ လက်ထပ်ထိမ်းမြား ခြင်းဆိုင်ရာဥပဒေ၊ တစ်လင်တစ် မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ၊ လူဦးရေတိုးပွားနှုန်း ထိန်း ညှိခြင်းဆိုင်ရာဥပဒေစသည့်ဥပဒေ များပြဋ္ဌာန်းခြင်းအားဖြင့် လူ့အခွင့် အရေးကို ပိုမိုဖော်ဆောင်ရာရောက် ကြောင်း သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆန်းဆင့်က ယမန်နေ့တွင်ပြောကြားသည်။

''ကျွန်တော်တို့ဘာသာဝင်တွေ အနေနဲ့ ဥပဒေဆိုတာ မလိုခဲ့ပါဘူး။ သို့သော်လည်း အခြားဘာသာတွေ နဲ့ယှဉ်လာတဲ့အခါကျတော့ အခြား ဘာသာမှာ ဥပဒေတွေပြဋ္ဌာန်းထား ပြီး ကျွန်တော်တို့ဘာသာတွေမှာ
ပြဋ္ဌာန်းထားခြင်းမရှိတဲ့အတွက် တချို့နေရာတွေမှာ ကိုးကွယ်မှုနဲ့ ပတ်သက်လို့လွတ်လပ်စွာကိုးကွယ် မှုမရှိဘဲ ဘာသာကူးပြောင်းရတဲ့ ဟာလေးတွေ ရှိလာတဲ့အခါမှာ ဥပမာ-အခြားဘာသာကိုယူတဲ့အခါ သူဘာသာကို လိုက်သွားရတဲ့သူ တွေ၊ အဲ့ဒီလိုလိုက်သွားရလျှင်သော် လည်းကောင်း၊ မလိုက်ဘူးဆိုရင် လဲ သူရဲ့အမွေခံခွင့်တွေထိ ဆုံးရှုံး တာတွေရှိပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ဘာသာရေးနဲ့ပတ်သက် 
လို့လဲပဲ အမျိုးဘာသာသာသနာ တစ်ခုတည်းအတွက်တင်မဟုတ်ပါ ဘူး၊ ဘာသာကူးပြောင်းတာတွေနဲ့ ပတ်သက်လို့သာသနာရေးဝန်ကြီး ဌာနက ဥပဒေပြဋ္ဌာန်းပေးနိုင်မှု သည် လိုအပ်နေပြီလို့သုံးသပ်ရရှိပါ တယ်။ ပြည်သူတွေရဲ့၊ ဗုဒ္ဓဘာသာ ဝင်တွေရဲ့လိုအပ်ချက်ဖြစ်တဲ့အတွက်
ကြောင့် တောင်းဆိုလာတာလဲဖြစ် တယ်။ တကယ်လဲပဲ ကျွန်တော် တို့က လွတ်လပ်စွာယုံကြည်ကိုး ကွယ်မှုရှိစေချင်တဲ့အတွက် ဥပဒေ ဆိုတာလဲရှိဖိုလို့တယ်။ ဥပဒေ ပြဋ္ဌာန်းခြင်းအားဖြင့် လူ့အခွင့် အရေးကိုလဲပိုဖော်ဆောင်ရာရောက် ပါတယ်''ဟု ¤င်းကဆိုသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးကအမျိုးစောင့်ဥပဒေမရှိလျှင် လူ့အခွင့်အရေးဆိုပြီး ရှေ့တန်းတင် လာသူတို့ကြောင့်ယုံကြည်ကိုးကွယ် မှုများကို ထိခိုက်လာနိုင်ကြောင်း၊ ဥပဒေရှိသည်ဆိုလျှင် လူ့အခွင့် အရေးဖော်ဆောင်သည့်အခါတွင် မျှမျှတတ ဆောင်ရွက်နိုင်သည့် အတွက် လုပ်သင့်သည့်အတိုင်း အတာတစ်ခုအထိ ဥပဒေပြဋ္ဌာန်း နိုင်ရန် အားလုံးကသဘောတူပြီး ရေးဆွဲဆောင်ရွက်သင့်ကြောင်း ပြောကြားသည်။
နိုင်ငံတော်သမ္မတက ဖေဖော် ဝါရီလ၂၅ရက်နေ့စွဲဖြင့်ဥပဒေပြဋ္ဌာန်း ပေးရေး လွှတ်တော်နာယကထံသို့ စာပို့ခဲ့သည့် ဥပဒေလေးခုအနက် ကိုးကွယ်ရာဘာသာကူးပြောင်းခြင်း ဆိုင်ရာဥပဒေကြမ်းနှင့် လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေကြမ်းအတွက်ဥပဒေပညာရှင် များ၊ဘာသာရပ်ကျွမ်းကျင်သူများနှင့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းကျွမ်း ကျင်သူများပါဝင်သည့်ဥပဒေကြမ်း ရေးဆွဲရေးကော်မရှင်ဖွဲ့စည်းဆောင် ရွက်လျက်ရှိသည်။

လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့်တစ်လင်တစ်မယား စနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ ကြမ်းတို့သည် ပြည်ထောင်စုတရား လွှတ်တော်ချုပ်နှင့် ဆက်နွှယ်သက် ဆိုင်သဖြင့် ယင်းကတာဝန်ယူရေး ဆွဲရန် သီးခြားမဏ္ဍိုင်ဖြစ်သော ပြည်ထောင်စုတရားလွှတ်တော်ချုပ် သို့ ပြည်ထောင်စုလွှတ်တော်မှ တိုက်ရိုက်ဆက်သွယ်ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

''ကျွန်တော်တို့ကအမျိုးဘာသာ သာသနာဆိုတာသူ့ရဲ့မည်သည့်နိုင်ငံ၊ မည်သည့်လူမျိုးမဆို၊ သူ့အမျိုးသူ့ ဘာသာနဲ့ပတ်သက်လို့ သူတို့ရဲ့ ဘာသာရေးထုံးတမ်းစဉ်လာအရ ခံစားမှုတွေ၊ အခွင့်အရေးတွေရှိပြီး သားဖြစ်ပါတယ်။ အထူးသဖြင့် သူတို့က ဥပဒေတောင်ပြဋ္ဌာန်းထား ပါတယ်။ ဒါလဲပဲ နိုင်ငံတကာရဲ့ ဘာသာရေးဆိုင်ရာကိစ္စများကိုလေ့ လာကြည့်ရင်သိနိုင်ပါတယ်။ အဲ့ဒီ တော့ ကျွန်တော်တို့ဆီမှာ အဓိက ဘာဖြစ်နေလဲဆိုတော့ ဘာသာကူး ပြောင်းခြင်းဆိုင်ရာနဲ့ပတ်သက်လို့ရှိ ရင် ကျွန်တော်တို့ကတိတိကျကျ မရှိသေးဘူးဖြစ်နေတယ်။

ဥပဒေ ရေးဆွဲပြီးရင်လဲ အားလုံးကအကြိမ် ကြိမ်ဆွေးနွေးပြီး ကျယ်ကျယ်ပြန့် ပြန့်ဆောင်ရွက်ပြီးမှလုပ်သင့်တယ်လို့ အားလုံးကို ဘာသာရေးဆိုင်ရာနဲ့ ပတ်သက်ပြီးအမျိုးဘာသာသာသနာ နဲ့ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသင့်ကြောင်း တင်ပြတာ ဖြစ်ပါတယ်''ဟုပြည်ထောင်စု ဝန်ကြီးဦးဆန်းဆင့်ကပြောသည်။

Myawady News
အမျိုးစောင့်ဥပဒေ (အရပ်ခေါ်) ကိုးကွယ်ရာဘာသာကူးပြောင်းခြင်း ဆိုင်ရာဥပဒေ၊ လက်ထပ် ထိမ်းမြား ခြင်းဆိုင်ရာဥပဒေ၊ တစ်လင်တစ် မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ၊ လူဦးရေတိုးပွားနှုန်း ထိန်း ညှိခြင်းဆိုင်ရာဥပဒေစသည့်ဥပဒေ များပြဋ္ဌာန်းခြင်းအားဖြင့် လူ့အခွင့် အရေးကို ပိုမိုဖော်ဆောင် ရာရောက် ကြောင်း သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆန်းဆင့်က ယမန်နေ့တွင်ပြောကြား သည်။

မြို့နယ်အဆင့် NLD လူငယ်ညီလာခံများ ဧပြီ ၁၁ရက် အပြီး ကျင်းပမည်

မြို့နယ်အဆင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD) လူငယ်ညီလာခံများကို လာမည့် ဧပြီ၁၁ရက်တွင် အပြီး ကျင်းပသွားမည်ဟု NLD လူငယ်ညီလာခံ ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်ဦးက မတ်လ၂၄တွင် ပြောသည်။
မြို့နယ်အဆင့် လူငယ်ညီလာခံများ ကျင်းပကာ လူငယ်ကိုယ်စားလှယ်လောင်းများ ရွေးချယ်ခြင်းကို ဖေဖော် ၀ါရီလအတွင်းကစပြီး မြို့နယ်အနှံ့တွင် လုပ်ဆောင်နေခြင်းဖြစ်ကာလာမည့် ဧပြီလတွင် အပြီး

ညပိုင်းစီမံချက်ဖြင့် ဖမ်းဆီးရာ သောက်စားပြီး မောင်းနှင်ပါက လိုင်စင်သုံးလပိတ်မည်

မန္တလေးမြို့အတွင်း စည်းကမ်းပျက် ယာဉ်များကို ပူးပေါင်း စစ်ဆေးရေး အဖွဲ့နှင့် စစ်ဆေးရာ၌ အရက်သေစာ သောက်စား ကာ မောင်းနှင်သည်ကို တွေ့ရှိလျှင် လိုင်စင်အနည်းဆုံး သုံးလပိတ်ပြီး ထိရောက်သော ပြစ် ဒဏ်များ ချမှတ်သွား မည်ဖြစ်ကြောင်း မန္တလေးတိုင်း အစိုးရအဖွဲ့ လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီးဌာန ၀န်ကြီး ဦးကျော်ဆန်းက မတ်လ၂၅ရက်တွင် မဇ်္ဈိမကို ပြောသည်။
“အရက်သေစာ သောက်စား မောင်းနှင်ရင် အနည်းဆုံး လိုင်စင်သုံးလ ပိတ်မယ်။ ဒဏ်ငွေကို ထိထိရောက် ရောက်ပေးဆောင် စေမှာဖြစ်ပါတယ်” ဟု ၀န်ကြီးက ပြောသည်။

“ SSA(၀မ်ဟိုင်း) အဖွဲ့မှ အပြစ်မဲ့ ဒေသခံ ပြည်သူတစ်ဦးအား ဖမ်းဆီး သတ်ဖြတ်”


“ SSA(၀မ်ဟိုင်း) အဖွဲ့မှ အပြစ်မဲ့ ဒေသခံ ပြည်သူတစ်ဦးအား ဖမ်းဆီး သတ်ဖြတ်”

26.3.2014

ပြီးခဲ့တဲ အပတ်ထဲမှာ မူဆယ်မြို့နယ်က သဲကျင်းမှာ လုပ်ကိုင်နေတဲ့ ဒေသခံ ရွာသားတစ်ယောက်ကို SSA(၀မ်ဟိုင်း) အဖွဲ့က  လာရောက်ဖမ်းဆီး သွားခဲ့ပြီး ဘာကြောင့် ဖမ်းဆီးသွားတယ် ဆိုတာ မသိရဘဲ မိသားစုတွေက လိုက်လံရှာဖွေရာမှာ အလောင်းကိုဘဲ ရှာတွေ့ခဲ့တယ်လို့ သေဆုံးသူ၏ မိသားစုဝင် တစ်ဦးထံမှ သိရပါသည်။

သေဆုံးသူမှာ စိုင်းယီ့ဆာ အသက် ၄၅ နှစ်ဖြစ်ပြီး မူစယ်မြို့ နယ် ကောင်းနောင် ရပ်ကွက်မှာနေထိုင်ကာ သဲကျင်းမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတစ်ယောက် ဖြစ်ပါတယ်။

 “မတ်လ ၁၆ ရက်နေ့ညနေပိုင်းက လူ ၅ ယောက် သူအိမ်ကို လာပြီး ဖမ်းခေါ်သွားတာ တွေ့ပါတယ်။ အဲဒီ ၅ ယောက်ဟာ ဘယ်သူတွေလဲဆိုတာ သူ့မိသားစုကလည်း သေချာမသိပေမယ့်  သျှမ်းစစ်သားတွေဆိုတာတော့ သိတယ်လို့ ပြောပါတယ်။ သူတို့တွေဟာ သျှမ်းစကားဘဲ ပြောပါတယ်။ သူအဲဒီညက အိမ်ပြန်မရောက်လို့ နောက်တနေ့သူ့မိသားစု ကလိုက်ရှာတော့ လည်း မတွေ့ဘူး။ ၁၉ ရက်နေ့မှ သူသဲသွားကျင်းတဲ့နေရာရဲ့ အရှေ့မြောက် ဘက်၁မိုင်လောက်အကွာမှာသူ့အလောင်းကိုသွားတွေ့တယ်။ ခေါင်းမှာသေ
နတ် ဒဏ်ရာ တချက်၊ လက်မှာတချက် မှန်ပြီး သေဆုံးနေပါပြီ ”လို့ ဆွေးမျိုးတော်စပ်သူ တစ်ဦးက ပြောပါတယ်။

စိုင်းယီဆာဟာ  ကျနော်တို့ ရပ်ကွက်ထဲမှာ လူကောင်းတစ်ယောက်ပါ ။ သားတစ်ယောက် ၊သမီး တစ်ယောက် ရှိပါတယ်။ ဘယ်သူနဲ့မှ ခိုက်ရန် မရှိခဲ့ဖူးပါဘူး။ သူမိသားစုကတော့ အခုလို အပြစ်မဲ့ အသတ်ခံရပေ မယ့်လည်း ကြောက်လန့်ကာ ၊ ရုံးပြင် ကနား မသွားချင်လို့ဆိုပြီး ဘယ်သူဆီကိုမှ  တိုင်ကြား အမှုဖွင့်တာမျိုး မလုပ်ခဲ့ပါဘူးလို့  မြို့ခံတစ်ဦး က ပြောပါတယ်။

အပြစ်မဲ့တဲ့ ပြည်သူတစ်ယောက်ကို ခုလိုရက်ရက်စက်စက် သတ်သွားတာ ဥပဒေမဲ့ ရမ်းကားတဲ့ လုပ်ရပ်ပါ ။ သေနတ်တွေနဲ့ အုပ်စုဖွဲ့ပြီး လာခေါ်တာ ဆိုတော့ လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုကဆိုတာ သေချာပါ တယ် ။ စိုင်းယီဆာရဲ့ မိသားစုက ကြောက်လို့မပြောရဲပေမယ့် SSA(၀မ်ဟိုင်း) အဖွဲ့က ဆိုတာ ဒေသခံ အားလုံးလိုလို သိကြပါတယ်။ မတရား အသတ်ခံရတဲ့ စိုင်းယီဆာအတွက် အမှုမှန်ပေါ်ပေါက်အောင် လုပ်စရာရှိတာ လုပ်သွားမှာပါလို့ မှုဆယ်မြို့ခံ ဌာနဆိုင်ရာ ၀န်ထမ်းတစ်ဦးက ပြောကြား သွားခဲ့ပါတယ်။

နန်းလောင်ခမ်း
ပြီးခဲ့တဲ အပတ်ထဲမှာ မူဆယ်မြို့နယ်က သဲကျင်းမှာ လုပ်ကိုင်နေတဲ့ ဒေသခံ ရွာသားတစ်ယောက်ကို SSA(၀မ်ဟိုင်း) အဖွဲ့က လာရောက်ဖမ်းဆီး သွားခဲ့ပြီး ဘာကြောင့် ဖမ်းဆီးသွားတယ် ဆိုတာ မသိရဘဲ မိသားစုတွေက လိုက်လံရှာဖွေရာမှာ အလောင်းကိုဘဲ ရှာတွေ့ခဲ့တယ်လို့ သေဆုံးသူ၏ မိသားစုဝင် တစ်ဦးထံမှ သိရပါသည်။

ရာခိုင်နှုန်း ၆၀ ခန့်အထိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေသော ရေအားလျှပ်စစ်ထုတ်လုပ်ရေး လုပ်ငန်းမှာ တစ်ယူနစ် ကုန်ကျစရိတ် ကျပ် ၂၀ ရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ပြောကြား

မြန်မာတစ်နိုင်ငံလုံးသို့ ဖြန်ဖြူးနေသော လျှပ်စစ်ဓာတ်အားများအနက် ရေအားလျှပ်စစ်မှ ရာခိုင်နှုန်း ၆၀ ခန့် ထုတ်လုပ်နေပြီး လျှပ်စစ်ဓာတ်အား ဈေးနှုန်း၏ အရင်းမှာ တစ်ယူနစ် ကျပ် ၂၀ ရှိကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်သန်းဦးက မတ် ၂၅ ရက်က ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် တွင် ပြောကြားချက်အရ သိရသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေး တောင်းဆိုမှုတွေ စိပ်လာ

စစ်အစိုးရ လက်ထက်က ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ အခု ရက်ပိုင်းတွေ အတွင်း မြန်မာနိုင်ငံ ဒေသအတော်များများမှာ ကန့်ကွက် ဆန္ဒဖော်ထုတ်မှုတွေ နေ့စဉ်နဲ့အမျှ ရှိနေပါတယ်။

မျိုးစောင့်ဥပဒေ HRW ဝေဖန်

Photo: မျိုးစောင့်ဥပဒေ HRW ဝေဖန်
Wednesday, March 26, 2014

ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေ လွတ်လပ်စွာ လက်ထပ်ထိမ်းမြားခြင်းကို တားမြစ်တဲ့ မျိုးစောင့်ဥပဒေ ပြဌာန်းဖို့ အဆိုပြုချက်ကို သမ္မတ ဦးသိန်းစိန်နဲ့ ပြည်ထောင်စု လွှတ်တော် နာယက ဦးရွှေမန်း တို့အနေနဲ့ လက်မခံဖို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တခုဖြစ်တဲ့ Human Rights Watch က တိုက်တွန်းလိုက်ပါတယ်။

အစိုးရခေါင်းဆောင်တွေအနေနဲ့ ဒီအဆိုပြုချက်ကို လုံးဝ ပယ်ချမယ့်အစား ဒီအဆိုပြုချက်နဲ့ဆိုင်တဲ့ ဥပဒေမူကြမ်း ရေးဆွဲကြဖို့ တခြား ၀န်ကြီးဌာနတွေဘက်ကို တာဝန်လွှဲပေးလိုက်တဲ့ အပေါ်မှာလည်း သူတို့အနေနဲ့ စိတ်ပျက်မိကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

သံဃာတချို့နဲ့ ဗုဒ္ဓဘာသာဝင်တချို့ စုပေါင်းအဆိုပြုခဲ့တဲ့ မျိုးစောင့်ဥပဒေ ပြဌာန်း သင့် မသင့် လွှတ်တော်မှာ ဆွေးနွေးမှုတွေ ရှိနေချိန်မှာပဲ Human Rights Watch အဖွဲ့က မတ်လ ၂၄ ရက်နေ့ နေ့စွဲနဲ့ အခုလို ကြေညာချက် ထုတ်ပြန် တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ဥက္ကဋ္ဌ ဘဒ္ဒန္တ တိလောကာဘိဝံသ အင်းစိန် ရွာမ ဆရာတော်က မျိုးစောင့် ဥပဒေ ၄ ရပ်ကို ပြဌာန်းပေးဖို့အတွက် လက်မှတ် ၁၃ သိန်းနဲ့အတူ သူ့ထံ တင်ပြလာတာကို သမ္မတ ဦးသိန်းစိန်က ဥပဒေများ ပြဌာန်းပေးရေး လွှတ်တော်ထံကို တဆင့် ပေးပို့ခဲ့ပါတယ်။

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ရဲ့ မူလ အဆိုပြုချက်အရ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေဟာ ဘာသာတူ အချင်းချင်းသာ လက်ထပ်ထိမ်းမြားခွင့်ရှိပြီး ကိုယ်နဲ့ လက်ထပ်မယ့်သူဟာ ဘာသာခြား ဖြစ်ခဲ့မယ်ဆိုရင် အဲဒီသူဟာ ဗုဒ္ဓဘာသာကို အရင်ကူးပြောင်းပြီးတော့မှ လက်ထပ်ခွင့်ရှိကြောင်း ဖော်ပြထားသလို၊ ဒီပြဌာန်းချက်ကို ချိုးဖောက်မယ်ဆိုရင် ထောင်ဒဏ် ၁၀ နှစ်နဲ့အတူ ပုဂ္ဂလိက ပိုင်ဆိုင်မှုတွေကိုပါ သိမ်းယူခံရမှာ ဖြစ်ပါတယ်။

ဒါဟာ အမျိုးသမီးတွေ သူတို့နှစ်သက်သူကို လက်ထက်ထိမ်းမြားခွင့် ဟန့်တားထားတဲ့အတွက် အမျိုးသမီးတွေအပေါ် ခွဲခြား ဆက်ဆံမှု ဖြစ်တဲ့အတွက် ဒီဥပဒေမျိုး မြန်မာအစိုးရက ပြဌာန်းဖို့ ကြိုးစားတာဟာ အံ့သြစရာပဲလို့လည်း Human Rights Watch အဖွဲ့ရဲ့ အာရှရေးရာ ညွှန်ကြားရေးမှူး Brad Adams က ပြောပါတယ်။

“ဒီအဆိုပြုချက်ကို လုံးဝ ပယ်ချမယ့်အစား အစိုးရနဲ့ လွှတ်တော်ခေါင်းဆောင်တွေက တခြားလူတွေလက်ထဲကို လွှဲချလိုက်ကြတယ်။ ဒါဟာ အဓိပ္ပါယ်မရှိတဲ့ အဆိုပြုချက်ဖြစ်တယ်။ အခုလို ခွဲခြား ဆက်ဆံတဲ့ ဥပဒေမျိုးကို မြန်မာအစိုးရအနေနဲ့ ပြဌာန်းမှာ မဟုတ်ဘူးဆိုပြီး သူတို့ဘက်က အတိအလင်း မပြောကြဘူး။”

ပြည်ထောင်စု လွှတ်တော်က သမ္မတ ပေးပို့လာတဲ့ မျိုးစောင့် ဥပဒေ ပြဌာန်းနိုင်ရေး အချက်တွေကို အစိုးရ၀န်ကြီးဌာနတွေနဲ့ ပြည်ထောင်စု တရားဥပဒေချုပ်ရုံးတို့ကို ပြန်လည် တာဝန် ချထားပေးခဲ့တာပါ။ အဲဒီလို ခွဲဝေပေးတဲ့အထဲ ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်း ဆိုင်ရာကို သာသနာရေး ဦးစီးဌာန၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာနဲ့ တလင်တမယားစနစ် ကျင့်သုံးခြင်းဆိုင်ရာကို ပြည်ထောင်စု တရားဥပဒေချုပ်ရုံး၊  လူဦးရေ တိုးပွားနှုန်း ထိန်းညှိရေးဆိုင်ရာကို လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ၀န်ကြီးဌာနတို့က ဥပဒေကြမ်းတွေ ရေးဆွဲပြီး လွှတ်တော်ကို ပြန်တင်ပြဖို့ ပြန်အကြောင်းကြားလိုက်တာ ဖြစ်ပါတယ်။

သမ္မတရဲ့ အဆိုပြုချက်ကို ပြည်ထောင်စု လွှတ်တော်က လက်ခံခြင်း၊ အတည်ပြုခြင်း မလုပ်ဘဲ ဥပဒေမူကြမ်းရေးဆွဲဖို့ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေကို ပြန်လက်လွှဲလိုက်တဲ့အတွက်လည်း အခုလို နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေရဲ့ ထောက်ပြ ပြောဆိုစရာ ဖြစ်လာတာပါ။

တချိန်က အမေရိကန်ပြည်ထောင်စုမှာ လူမဲတွေကို ကျွန်အဖြစ်နဲ့ ခွဲခြား အုပ်ချုပ်တဲ့ ဥပဒေရှိခဲ့ပေမဲ့ ပြည်သူအများစုရဲ့ သဘောဆန္ဒကို လိုက်လျောခြင်းမရှိဘဲ တိုင်းပြည်ခေါင်းဆောင်တွေက မှန်ကန်တဲ့လမ်းကြောင်းကို ရွေးချယ် ရပ်တည်ခဲ့တဲ့အတွက် အဲဒီ ခွဲခြားအုပ်ချုပ်မှု အဆုံးသတ်သွားခဲ့တဲ့ အမေရိကန်နိုင်ငံရဲ့ သမိုင်းကို ဥပမာပေးပြီးတော့ Brad Adam က အခုလို ဆက်ပြောပါတယ်။

“ကျနော်ဟာ အမေရိကန်နိုင်ငံသား တယောက်ပါ။ ကျနော်တို့ တိုင်းပြည်မှာ ကျွန်စနစ်ကို သမိုင်းကြောင်းနဲ့ချီပြီး နှစ်ပေါင်းများစွာ အသုံးပြုခဲ့ပါတယ်။ အဲဒီနောက်မှာလည်း လူမဲတွေအပေါ် ခွဲခြားအုပ်ချုပ်တဲ့ ဥပဒေတွေကို ပြဌာန်းခဲ့ပြန်ပါတယ်။ တကယ်တော့ လူထုရဲ့ အမြင်ကို ပြောင်းလဲဖို့ နိုင်ငံရေးအရ ခေါင်းဆောင်မှု ပေးနိုင်ဖို့ လိုပါတယ်။ တကယ်လို့ ကျနော်တို့အနေနဲ့  လူထုရဲ့ အမြင်တွေ ပြောင်းလဲလာတာကိုပဲ စောင့်နေမယ်ဆိုရင် ကျနော်တို့ရဲ့ ဥပဒေတွေကိုလည်း ပြောင်းလဲနိုင်မှာ မဟုတ်သလို၊ Barack Obama လို လူမဲသမ္မတလည်း ရှိလာမှာ မဟုတ်ပါဘူး။ နိုင်ငံရေးခေါင်းဆောင်တွေမှာ လူထုကို ဦးဆောင်မှုပေးနိုင်တဲ့ အခြေခံသဘောတရား ရှိသင့်ပါတယ်။ သမ္မတမှာ အဲဒီလို အခြေခံသဘောတရား ရှိသင့်သလို၊ လွှတ်တော်အမတ်တွေ၊ ဒေါ်အောင်ဆန်းစုကြည်လို အတိုက်အခံတွေမှာ ရှိဖို့အတွက်လည်း ကျနော်တို့ မျှော်လင့်ပါတယ်။”

တကယ်လို့ ဒီဥပဒေကို ပြဌာန်းလိုက်မယ်ဆိုရင် နိုင်ငံတကာ အသိုင်းဝိုင်းကြားမှာ မြန်မာနိုင်ငံ ၀ိုင်းအပယ်ခံရနိုင်သလို မြန်မာနိုင်ငံကို အကူအညီပေးနေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကိုလည်း ဒီလို ခွဲခြား ဆက်ဆံတဲ့ ဥပဒေမျိုး မြန်မာနိုင်ငံမှာ ပြဌာန်းမယ်ဆိုရင် မြန်မာကိုပေးနေတဲ့ အကူအညီ အထောက်အပံ့တွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဆုံးရှုံးနိုင်တယ် ဆိုတာမျိုး သတိပေး ပြောဆိုကြဖို့လည်း Human Rights Watch အဖွဲ့က တိုက်တွန်းထားပါတယ်။

မျိုးစောင့် ဥပဒေ တင်ပြချက်တွေထဲက ဥပဒေ ၂ ရပ် ဖြစ်တဲ့ ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်းဆိုင်ရာနဲ့ လူဦးရေ တိုးပွားနှုန်း ထိန်းညှိရေးဆိုင်ရာတို့အတွက် သမ္မတက ကော်မရှင်ဖွဲ့ လုပ်ဆောင်ဖို့ ပြောဆိုထားပြီးဖြစ်ပြီး အဲဒီ ကော်မရှင်ထဲမှာ ဘာသာပေါင်းစုံကလူတွေ ပါဝင်မှာဖြစ်တဲ့အကြောင်း အခုလဆန်းပိုင်းတုန်းကပဲ သမ္မတရုံးတာဝန်ရှိသူက ပြောကြားခဲ့ပါတယ်။

ကိုဇော်ဝင်းလှိုင် (ဗွီအိုအေ)
ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေ လွတ်လပ်စွာ လက်ထပ်ထိမ်းမြားခြင်းကို တားမြစ်တဲ့ မျိုးစောင့်ဥပဒေ ပြဌာန်းဖို့ အဆိုပြုချက်ကို သမ္မတ ဦးသိန်းစိန်နဲ့ ပြည်ထောင်စု လွှတ်တော် နာယက ဦးရွှေမန်း တို့အနေနဲ့ လက်မခံဖို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တခုဖြစ်တဲ့ Human Rights Watch က တိုက်တွန်း လိုက်ပါတယ်။

ယူနတီဂျာနယ်ကို တရားစွဲဆိုရန် ညွှန်ကြားသူမှာ နိုင်ငံတော်သမ္မတရုံးမှ ဖြစ်ဟုဆို

Photo: ယူနတီဂျာနယ်ကို တရားစွဲဆိုရန် ညွှန်ကြားသူမှာ နိုင်ငံတော်သမ္မတရုံးမှ ဖြစ်ဟုဆို
Wednesday, March 26, 2014

ဇန်န၀ါရီလအတွင်း ရေးသားထုတ်ဝေခဲ့သော ယူနတီဂျာနယ်၏ မျက်နှာဖုံးပါ သတင်းဆောင်းပါး နှစ်ပုဒ်ကြောင့် ဂျာနယ်မှ အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့ကို နိုင်ငံတော် လှို့ဝှက်ချက် အက်ဥပဒေဖြင့် အမှုဖွင့် တရားစွဲဆိုရန် ပြည်ထဲရေးဝန်ကြီးဌာနမှ တရားစွဲဆိုခြင်း
ဖြစ်သည်ဟု ယခင်က ပြောဆိုခဲ့သော်လည်း အဓိက ညွှန်ကြားသူမှာ နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်းဖြစ်သည်ဟု တရားစွဲဆိုခံရသူများ၏ ရှေ့နေ ဦးရောဘတ်ဆန်းအောင် က မြန်မာတိုင်း(မ်)သို့ပြောသည်။

ထိုအမှု၏ စတုတ္ထမြောက်ရုံးချိန်းဖြစ်သည့် မတ်၁၇ရက်နှင့် ၁၈ရက်များတွင် တရားလိုအပါအ၀င် လိုပြသက်သေများအား စစ်ဆေးမေးမြန်းခဲ့ပြီး တရားခွင်၌ တရားလိုဖြစ်သူ အမှတ်(၂၄)၊ ကာကွယ်ရေးပစ္စည်း၊ စက်ရုံဌာနမှ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဦးက တရားစွဲဆိုရန် ၎င်းအား
ညွှန်ကြားသူမှာ နိုင်ငံတော်သမ္မတရုံးမှ ဖြစ်သည်ဟု ဖြေကြားခဲ့ကြောင်း အဆိုပါ ရှေ့နေက
ပြောသည်။

"သမ္မတရုံးက အဓိကညွှန်ကြားပြီးတော့ ပြည်ထဲရေးဝန်ကြီးဌာနက အမှုဖွင့်တရားစွဲဖို့ကို ခွင့်ပြု လက်ခံပေးလိုက်တာဖြစ်မယ်" ဟု ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောသည်။

တရားလို၏ ပြောကြားချက်အပေါ် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုတိယ၀န်ကြီး ဦးရဲထွဋ်အား တယ်လီဖုန်းဖြင့် ဆက်သွယ်သော်လည်း ခေါ်ဆို၍ မရခဲ့ပေ။

သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကမူ အဆိုပါညွှန်ကြားချက်မှာ မဖြစ်နိုင်ကြောင်းနှင့် ယူနတီဂျာနယ်၏ အမှုကိစ္စမှာ တပ်ပိုင်းဌာနဆိုင်ရာများနှင့်သာ သက်ဆိုင်သည်ဟု မြန်မာတိုင်း(မ်) ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားခဲ့သည်။

"ကျွန်တော်တို့မှာ တရားလိုဘက်က တရားစွဲဖို့ တရားရုံးကို တင်ထားတဲ့ စာရွက်မိတ္တူ ရှိပါတယ်။ အဲဒီစာထဲမှာလည်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်း နာမည်နဲ့ ညွှန်ကြားထား တာ ပါပါတယ်" ဟု ဦးရောဘတ်ဆန်းအောင်က ပြောသည်။

ယူနတီဂျာနယ်ကို တရားစွဲဆိုရန် သမ္မတရုံးက အမှန်တကယ် ညွှန်ကြားခဲ့ပါက ယခုဖြစ်ရပ်သည် အန္တရာယ်ရှိသော အနေအထားသို့ ရောက်လာနိုင်ကြောင်း စာနယ်ဇင်းကောင်စီ အဖွဲ့ဝင် ဦးသီဟစောက သုံးသပ်ပြောကြားသည်။

စတုတ္ထမြောက်ရုံးချိန်းတွင် တရားစွဲဆိုခံရသူများ၏ ရှေ့နေများက ယူနတီဂျာနယ်တွင် ရေးသား ဖော်ပြခဲ့သော စက်ရုံမှာ လှို့ဝှက်ဓာ တုလက်နက်စက်ရုံ ဟုတ်၊မဟုတ်ကို တရားလို ဒုဗိုလ်မှူးကြီး ကျော်ကျော်ဦးကို မေးမြန်းခဲ့ရာ ၎င်းက မဟုတ်ကြောင်း ဖြေကြားခဲ့သည့်အပြင် ယူနတီဂျာနယ်ကို စွဲဆိုထားသည့် ဥပဒေနှင့် ပုဒ်မကိုပင် မသိရှိကြောင်း ဖြေကြားခဲ့သည်ဟု တရားစွဲဆို ခံရသူများ၏ ရှေ့နေတစ်ဦးဖြစ်သူ ဦးရောဘတ်ဆန်းအောင်က ပြောသည်။

"သူက လှို့ဝှက်လက်နက်စက်ရုံ မဟုတ်ဘူးလို့ ဖြေတော့ အခုစွဲထားတဲ့ ပုဒ်မက ကျွန်တော့် အနေနဲ့တော့ မသင့်တော်ဘူးလို့ ထင်တယ်။ ဒါပေမယ့် တရားလိုဘက်က သက်သေအယောက် လေးဆယ် စစ်ပြီး တရားသူကြီးရဲ့ ဆုံးဖြတ်ချက်အပေါ်ပဲ မူတည်ပါလိမ့်မယ်" ဟု ၎င်းက ပြောသည်။

ထို့ပြင် ၂၀၀၈ အခြေခံဥပဒေကို သိ၊ မသိ ထပ်မံမေးမြန်းရာတွင်လည်း မသိကြောင်း ပြန်လည် ဖြေကြားခဲ့ကြောင်း အဆိုပါရှေ့နေထံမှ သိရသည်။

"တပ်မတော်ကလူဖြစ်ပြီး အခြေခံဥပဒေကိုတောင် မသိဘူးဆိုတာကို တရားခွင်မှာ ကြားလိုက်ရ တော့ တော်တော်လေးကို အံဩခဲ့ရပါတယ်" ဟု တရားစွဲဆိုခံရသူ သတင်းထောက် ကိုလူမော်၏ ဇနီး မလွင်လွင်မြင့်က ပြောသည်။

ထို့ပြင် တရားလိုပြသက်သေ လယ်သမား ကိုကြည်ဝင်းကလည်း အဆိုပါစက်ရုံနှင့် အနီးတ၀ိုက် တွင် တားမြစ်နယ်မြေအဖြစ် ကြေညာသတ်မှတ်ထားခြင်းမျိုး မရှိကြောင်း တရားခွင်၌ ရှေ့နေများ၏ မေးမြန်းချက်ကို ဖြေကြားခဲ့သည်ဟု မလွင်လွင်မြင့်က ပြောဆိုသည်။

ယူနတီဂျာနယ်မှ အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်များသည် ဇန်န၀ါရီ ၂၃ ရက်ထုတ် ဂျာနယ်၏ မျက်နှာဖုံးပါ "ဗိုလ်ချုပ်မှူးကြီးဟောင်း၊ လက်ရှိ ကာချုပ်နှင့် တရုတ်ပညာရှင်တို့၏ ပေါက်မြို့နယ်ရှိ လှို့ဝှက်ဓာတုလက်နက်စက်ရုံ" သတင်းဆောင်းပါးနှင့် ဇန်န၀ါရီ ၃၀ ရက်ထုတ် ဂျာနယ်ပါ "ဓာတုလက်နက်စက်ရုံမဟုတ်ဟု စက်ရုံတာဝန်ခံ ငြင်းဆိုမှု" သတင်းကို ရေးသားဖော်ပြ ခဲ့မှုများကြောင့် အမှုဖွင့်ခံထားရပြီး ပခုက္ကူအကျဉ်းထောင်၌ ထိန်းသိမ်းထားသည်မှာလည်း ၂ လ နီးပါးကြာမြင့်နေပြီဖြစ်သည့်အပြင် ဖမ်းဆီးထိန်းသိမ်းခံထားရသူများထဲမှ သတင်းထောက် ကိုလူမော်နှင့် ကိုသဲရာဇာဦးတို့ နှစ်ဦးမှာလည်း ကျန်းမာရေး အလွန်ချို့ယွင်းလျက်ရှိကြောင်း မိသားစုဝင်များထံမှ သိရသည်။

ယူနတီဂျာနယ်၏ လာမည့်ရုံးချိန်းကို ဧပြီ ၃၁ ရက်နှင့် မတ် ၁ ရက်တို့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ကျန်ရှိနေသော တရားလိုဘက်မှ သက်သေများကို ဆက်လက်စစ်ဆေး မေးမြန်းသွားမည်ဖြစ် ကြောင်း ရှေ့နေများထံမှ သိရသည်။

ရဲမွန်

မြန်မာတိုင်း(မ်)
ဇန်န၀ါရီလအတွင်း ရေးသားထုတ်ဝေခဲ့သော ယူနတီဂျာနယ်၏ မျက်နှာဖုံးပါ သတင်းဆောင်းပါး နှစ်ပုဒ်ကြောင့် ဂျာနယ်မှ အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့ကို နိုင်ငံတော် လှို့ဝှက်ချက် အက်ဥပဒေဖြင့် အမှုဖွင့် တရားစွဲဆိုရန် ပြည်ထဲရေးဝန်ကြီးဌာနမှ တရားစွဲဆိုခြင်း ဖြစ်သည်ဟု ယခင်က ပြောဆိုခဲ့သော်လည်း အဓိက ညွှန်ကြားသူမှာ နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်းဖြစ် သည် ဟု တရားစွဲဆိုခံရသူများ၏ ရှေ့နေ ဦးရောဘတ်ဆန်းအောင် က မြန်မာတိုင်း(မ်)သို့ပြောသည်။

မြန်မာနိုင်ငံ၌ အတက်ရောဂါ ခံစားနေရသူဦးရေ ငါးသိန်းခန့်ရှိနေရာ အတက်ရောဂါ စီမံချက်ကို လေးနှစ်ကြာ အကောင်အထည်ဖော် ဆောင်ရွက်မည်

Photo: မြန်မာနိုင်ငံ၌ အတက်ရောဂါ ခံစားနေရသူဦးရေ ငါးသိန်းခန့်ရှိနေရာ အတက်ရောဂါ စီမံချက်ကို လေးနှစ်ကြာ အကောင်အထည်ဖော် ဆောင်ရွက်မည်
Wednesday, March 26, 2014

မြန်မာနိုင်ငံတွင် အတက်ရောဂါ ခံစားနေရသူဦးရေ ငါးသိန်းခန့် ရှိသည့်အတွက် အတက်ရောဂါ စီမံချက်ကို လေးနှစ်ကြာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မတ် ၂၅ ရက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် မြန်မာနိုင်ငံ၌ အတက်ရောဂါ စီမံချက်လုပ်ငန်း စတင်ခြင်း အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာသန်းအောင်က ပြောကြားခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံ၌ အတက်ရောဂါ ခံစားနေရသူ ငါးသိန်းခန့်ရှိပြီး ၂၀၁၄ ခုနှစ်တွင် ဦးနှောက်နှင့်အာရုံကြော အထူးကုဌာနများသို့ ပေးပို့သော အချက်အလက်များ၏ ၁၈ ရာခိုင်နှုန်းသည် အတက်ရောဂါ ရှိသူများဖြစ်ပြီး မြန်မာနိုင်ငံတွင် အတက်ရောဂါရှိသူ ၈၀ ရာခိုင်နှုန်းမှာ ဆေးကုသစောင့်ရှောက်မှု မရှိသေးကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာသန်းအောင်က “အတက်ရောဂါဟာ အရေးကြီးတဲ့ ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ ရောဂါတစ်ခုဖြစ်တယ်။ ကမ္ဘာပေါ်တွင် လူဦးရေ သန်းငါးဆယ်ကျော်မှာ အတက်ရောဂါ ခံစားနေရပြီး မြန်မာနိုင်ငံမှာ အတက်ရောဂါ ခံစားနေရသူ ငါးသိန်းခန့် ရှိပါတယ်။ အတက်ရောဂါ ရှိသူများ၏ ၈၀ ရာခိုင်နှုန်းကျော်မှာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နေထိုင်ပြီး ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် အတက်ရောဂါ ဖြစ်ပွားနှုန်းမှာ သုံးဆလောက် ပိုမိုမြင့်မားပါတယ်” ဟု ပြောကြားခဲ့သည်။

အတက်ရောဂါ ဖြစ်ပွားရခြင်း အကြောင်းရင်းများမှာ ကျန်းမာရေး ဗဟုသုတ နည်းပါးခြင်း၊ စီးပွားရေး၊ လူမှုရေး အခက်အခဲများကြောင့် ဆေးကုသမှု မခံယူနိုင်ခြင်း၊ ဆေးဝါးမလုံလောက်ခြင်း၊ အတက်ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးသော ကျွမ်းကျင်ဝန်ထမ်းများ မလုံလောက်ခြင်းတို့ကြောင့် အတက်ရောဂါကုသမှု ကွာဟချက် မြင့်မားလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ အတက်ရောဂါ စီမံချက်လုပ်ငန်းကို ၂၀၁၃ ခုနှစ် သြဂုတ်လမှ စတင်အကောင်အထည်ဖော်ခဲ့ပြီး တိုးချဲ့သုံးမြို့နယ် အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ကော့မှူးမြို့နယ်နှင့် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ လယ်ဝေးမြို့နယ်တွင် အတက်ရောဂါ စီမံချက်ကို အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသည့် အတက်ရောဂါရှိသူများ၏ ကုသမှုကွာဟချက်ကို လျှော့ချရန် ကျန်းမာရေးဝန်ကြီးဌာန၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့နှင့် UCB ကုမ္ပဏီတို့ ပူးပေါင်းကာ မြန်မာနိုင်ငံ အတက်ရောဂါ စီမံချက်ကို လေးနှစ်တာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group 

မြန်မာနိုင်ငံ အတက်ရောဂါ စီမံချက်လုပ်ငန်း စတင်ခြင်း အခမ်းအနားကို တွေ့ရစဉ်
မြန်မာနိုင်ငံ အတက်ရောဂါ စီမံချက်လုပ်ငန်း စတင်ခြင်း အခမ်းအနားကို တွေ့ရစဉ်

မြန်မာနိုင်ငံတွင် အတက်ရောဂါ ခံစားနေရသူဦးရေ ငါးသိန်းခန့် ရှိသည့်အတွက် အတက်ရောဂါ စီမံချက်ကို လေးနှစ်ကြာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မတ် ၂၅ ရက် ကျန်းမာရေးဝန်ကြီး ဌာနတွင် ပြုလုပ်သည့် မြန်မာနိုင်ငံ၌ အတက်ရောဂါ စီမံချက်လုပ်ငန်း စတင်ခြင်း အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာသန်းအောင်က ပြောကြားခဲ့သည်။

ရန်ကုန်မြို့တွင်း ရထားတိုက်သေဆုံးမှု မြင့်တက်လာသည့်အတွက် ကာကွယ်မည့်နည်းလမ်းများ ပြုလုပ်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြား

Photo: ရန်ကုန်မြို့တွင်း ရထားတိုက်သေဆုံးမှု မြင့်တက်လာသည့်အတွက် ကာကွယ်မည့်နည်းလမ်းများ ပြုလုပ်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြား
Wednesday, March 26, 2014

ရန်ကုန်မြို့အတွင်း ရထားတိုက်သေဆုံးမှု မြင့်တက်လာနေသည့်အတွက် ကာကွယ်မည့်နည်းလမ်းများကို ဌာနပေါင်းစုံမှ ပူပေါင်းပြုလုပ်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ညွှန်ကြားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းသို့ ညွှန်ကြားမှုပြုလုပ်ထားသည်ကို မတ် ၂၅ ရက်က ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ အောက်မြန်မာပြည်ရုံး၌ ကျင်းပခဲ့သည့် “ရန်ကုန်တိုင်းအတွင်း မြို့ပတ်ရထားလမ်းများပေါ်တွင် ရထားတိုက် သေဆုံးမှု များပြားနေမှုအပေါ် ပညာပေးခြင်းနှင့် ကာကွယ်မည့်နည်းလမ်းများ ချမှတ်ဆွေးနွေးခြင်း” သတင်းစာရှင်းလင်းပွဲ၏ မှတ်တမ်းအချက်အလက်များအရ သိရသည်။

ရထားပို့ဆောင်ရေး ၀န်ကြီးဌာန အထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်းက “ကျွန်တော်ဆီကိုတော့ ၀န်ကြီးချုပ်ရဲ့ ညွှန်ကြားချက်ကတော့ ရရှိခဲ့ပါတယ်။ ပြီးတော့ သက်ဆိုင်ရာအဆင့်လိုက် တာဝန်ရှိသူများကလည်း တိုင်းဒေသကြီး အစိုးရအဖွဲ့က လမ်းပန်းဝန်ကြီးနဲ့ တွေ့ဆုံပြီး ဘယ်လိုတွေ လုပ်ဆောင်မလဲဆိုတာ ဆွေးနွေးပြီးခဲ့ပါပြီ” ဟု ပြောကြားသည်။

လက်ရှိတွင် မြို့နယ်နှင့် ရပ်ကွက်များအလိုက် ရထားတိုက်ခံရမှု ဖြစ်စဉ်များကို အသိပေးမှုများ ပြုလုပ်ခြင်း၊ ကာကွယ်မည့် နည်းလမ်းများနှင့် ရထားလမ်းပိုင်း စနစ်များကို တိုးမြှင့်လုပ်ဆောင်ခြင်းတို့ကို ပြုလုပ်ရန် စီစဉ်ထားရှိကြောင်း သိရသည်။

ရထားတိုက်မှု ဖြစ်စဉ်များတွင် သေဆုံး၊ ဒဏ်ရာရရှိခဲ့သူများမှာ ရထားလမ်းပေါ်တွင် အိပ်နေခြင်း၊ ရထားလမ်းပိတ်ထားသည်ကို ဖြတ်ကျော်မောင်းနှင်ခြင်း၊ မောင်နှင်းနေသည့် ရထားအား တက်ရောက်စီနင်းခြင်းတို့မှာ အများဆုံး ဖြစ်ပွားနေပြီး ရထားပေါ်မှ အိပ်ငိုက်သေဆုံးမှုကြောင့် ပြုတ်ကျမှု၊ သံလမ်းအား ဖြတ်ကူးမှုနှင့် ရထားခေါင်မိုးတွင် စီးရာမှ တံတားပေါင်ဖြင့် တိုက်ရာမှ လူသေဆုံးမှု ဖြစ်စဉ်များ ရှိခဲ့ကြောင်းလည်း ရထားရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

ယခုနှစ်အတွင်း ရထားတိုက်မှုကြောင့် ရန်ကုန်တိုင်းအတွင်း သေဆုံးသူ ကိုးဦးထိရှိပြီး ယမန်နှစ် အလားတူကာလကထက် ပိုမိုများပြားခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ်အတွင်း ရထားတိုက်မှုကြောင့် သေဆုံးသူ ၂၀ ကျော် ရှိခဲ့ကြောင်း သိရသည်။

ရထားတိုက်၊ ကြိတ်မှုဖြစ်စဉ်များ၏ သေဆုံးမှု ၉၉ ရာခိုင်နှုန်းမှာ အသုံးပြုသူများ ပေါ့ဆမှုဖြစ်ကြောင်း ရထားပို့ဆောင်ရေး ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက ပြောကြားထားသည်။
   
Eleven Media Group

ယခုရက်ပိုင်းအတွင်း တာမွေမြို့နယ်အတွင်း ရထားတိုက်မှု ဖြစ်စဉ်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ရန်မျိုးအောင်)
ယခုရက်ပိုင်းအတွင်း တာမွေမြို့နယ်အတွင်း ရထားတိုက်မှု ဖြစ်စဉ်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ရန်မျိုးအောင်)
ရန်ကုန်မြို့အတွင်း ရထားတိုက်သေဆုံးမှု မြင့်တက်လာနေသည့်အတွက် ကာကွယ်မည့်နည်းလမ်းများကို ဌာနပေါင်းစုံမှ ပူပေါင်းပြုလုပ်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ညွှန်ကြားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

လက်ရှိ စည်ပင်သာယာမှ လုပ်ကိုင်နေသော အရှုံးပေါ်နေသည်ဟုဆိုသည့် ရန်ကုန်မြို့၏ အမှိုက်သိမ်းလုပ်ငန်းများကို ၂၀၁၅ တွင် ပုဂ္ဂလိကသို့ လွှဲပြောင်းမည်

Photo: လက်ရှိ စည်ပင်သာယာမှ လုပ်ကိုင်နေသော အရှုံးပေါ်နေသည်ဟုဆိုသည့် ရန်ကုန်မြို့၏ အမှိုက်သိမ်းလုပ်ငန်းများကို ၂၀၁၅ တွင် ပုဂ္ဂလိကသို့ လွှဲပြောင်းမည်
Wednesday, March 26, 2014

လက်ရှိရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ လုပ်ကိုင်နေသော အရှုံးပေါ်နေသည်ဟုဆိုသည့် ရန်ကုန်မြို့တော်၏ အမှိုက်သိမ်းလုပ်ငန်းကို ၂၀၁၅ ခုနှစ်တွင် ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့် ပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့တော်၏ အမှိုက်သိမ်းလုပ်ငန်းအတွက် အသုံးပြုရငွေမှာ ပြန်ရငွေထက် သုံးဆကျော် ပိုမိုများပြားခြင်းကြောင့် အရှုံးခံ ပြုလုပ်ပေးနေခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဒုတိယဌာနမှူး ဦးခင်ဝင်းက ပြောကြားသည်။

သို့ဖြစ်၍ အမှိုက်သိမ်းဆည်းခြင်းနှင့် သိမ်းဆည်းအမှိုက်များကို နောက်ဆုံးစွန့်ပစ် အမှိုက်ပုံသို့ သယ်ယူပို့ဆောင် စွန့်ပစ်ခြင်းလုပ်ငန်းများကို ပုဂ္ဂလိကလုပ်ငန်းအဖြစ် လွှဲပြောင်းဆောင်ရွက်ရန် တင်ဒါများ စတင်ခေါ်ယူနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ကြေညာချက်အရ သိရသည်။

ယင်းလုပ်ငန်းများကို ပုဂ္ဂလိကလုပ်ငန်းအဖြစ် ၁၀ နှစ် လွှဲပြောင်းလုပ်ကိုင်ခွင့် ပြုမည်ဖြစ်ပြီး လုပ်ကိုင်လိုသည့် ပြည်တွင်းနှင့်ပြည်ပ ပူးပေါင်း၊ ပြည်ပကုမ္ပဏီများ အနေဖြင့် လိုအပ်သည့် အချက်အလက်များနှင့်အတူ ဧပြီ ၃၀ ရက် နောက်ဆုံးထား၍ တင်ဒါတင်သွင်းရမည်ဖြစ်ကာ အမှိုက်သိမ်းလုပ်ငန်းများကိုမူ ၂၀၁၅ ခုနှစ် ဧပြီ ၁ ရက်မှ စတင်ကာ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ဥပဒေ၊ နည်းဥပဒေများတွင် အမှိုက်သိမ်းလုပ်ငန်းများကို ပုဂ္ဂလိကသို့ လွှဲပြောင်းပေးနိုင်သည်ဟု ပါရှိပြီး လက်ရှိစည်ပင်က အမှိုက်သိမ်းဆည်းရာတွင် အမှိုက် ၁ တန်လျှင် သန့်ရှင်းရေးဆောင်ရွက်ခ တစ်ကျပ်ရလျှင် နောက်ဆုံးစွန့်ပစ် အမှိုက်ပုံအထိ အမှိုက်စွန့်ပစ်ရသည့် ကုန်ကျစရိတ်မှာ သုံးကျပ်ခန့်ရှိကြောင်း၊ ထို့အတွက်ကြောင့် လက်ရှိစည်ပင်မှ ကောက်ခံနေသည့် နှုန်းထားများအတိုင်း ကောက်ခံမည်ဆိုပါက ပုဂ္ဂလိကသို့ လွှဲပြောင်းပေးမည်ဟု ၂၀၁၃ ခုနှစ်အတွင်းက ထုတ်ပြန်ထားခဲ့သည်။ ယင်းသို့ လွှဲပြောင်းပေးခြင်းဖြင့် ရန်ကုန်မြို့တော်အတွင်း နိုင်ငံတကာအဆင့်မီ သန့်ရှင်းရေးလုပ်ငန်းများ ပေါ်ပေါက်လာနိုင်မည်ဟု ဆိုသည်။

ထိုသို့ လွှဲပြောင်းပေးလိုက်ခြင်းကြောင့် ပုဂ္ဂလိကအနေဖြင့် စည်ပင်ထက်များပြားသော နှုန်းထားများဖြင့် သန့်ရှင်းရေးဆောင်ရွက်ခ ကောက်ခံမည်ဆိုပါက ပြည်သူများပင် ၀န်ထုပ်ဝန်ပိုး ဖြစ်စေနိုင်မည်ဖြစ်ရာ ယင်းသို့မဖြစ်စေရန် စည်းကမ်းချက်များ ရှိမည်ဖြစ်ကြောင်း၊ ပုဂ္ဂလိကသို့ လွှဲပြောင်းမည်ဆိုပါက လက်ရှိစည်ပင်သာယာက ခန့်အပ်ထားသည့် အမှိုက်သိမ်းဝန်ထမ်းများ အလုပ်လက်မဲ့များလည်း ရှိနိုင်မည်မဟုတ်ဘဲ ပုဂ္ဂလိက ရယူပြီးသည့် အချိန်တွင် စည်ပင်သာယာ ၀န်ထမ်းများကို ခန့်အပ်နိုင်ရန်လည်း စီစဉ်ပေးသွားမည်ဟု ဦးခင်ဝင်းက ဆိုသည်။

လက်ရှိစည်ပင်မှ ကောက်ခံနေသော သန့်ရှင်းရေးဆောင်ရွက်ခ နှုန်းထားများမှာ မြို့တွင်း ဆက်စပ်ကိုးမြို့နယ်ဖြစ်သော မင်္ဂလာတောင်ညွန့်၊ တာမွေ၊ အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ ဗဟန်း၊ ဒဂုံ၊ ရန်ကင်း၊ ကမာရွတ်မြို့နယ်တို့တွင် သုံးလတစ်ကြိမ်လျှင် ၁၈၀၀ ကျပ်၊ ဆင်ဖြေဖုံးမြို့နယ် ၁၇ မြို့နယ်အနက် ၁၀ မြို့နယ်ဖြစ်သော ဒဂုံမြို့သစ်တောင်ပိုင်း၊ မြောက်ပိုင်း၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ သင်္ကန်းကျွန်း၊ သာတေက၊ ဒေါပုံ၊ မရမ်းကုန်း၊ အင်းစိန်၊ လှိုင်မြို့နယ်တို့တွင် သုံးလတစ်ကြိမ် ၁၃၅၀ ကျပ်၊ ကျန်ဆင်ခြေဖုံး ၇ မြို့နယ်ဖြစ်သော ဒဂုံအရှေ့၊ ဒဂုံဆိပ်ကမ်း၊ ဒလ၊ ဆိပ်ကြီးခနောင်တို၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ လှိုင်သာယာမြို့နယ်များတွင် သုံးလတစ်ကြိမ် ကျပ် ၉၀၀ နှင့် မြို့တွင်းခြောက်မြို့နယ်တွင် သုံးလတစ်ကြိမ် ကျပ် ၁၈၀၀ နှုန်းဖြင့် ကောက်ခံနေကြောင်း သိရသည်။

Eleven Media Group 

ရန်ကုန်မြို့ ယုဇနပလာဇာရှေ့တွင် ညအချိန် အမှိုက်သိမ်းဆည်းနေသည့် ၀န်ထမ်းတစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ထင်)
ရန်ကုန်မြို့ ယုဇနပလာဇာရှေ့တွင် ညအချိန် အမှိုက်သိမ်းဆည်းနေသည့် ၀န်ထမ်းတစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ထင်)

လက်ရှိရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ လုပ်ကိုင်နေသော အရှုံးပေါ်နေသည်ဟုဆိုသည့် ရန်ကုန်မြို့တော်၏ အမှိုက်သိမ်းလုပ်ငန်းကို ၂၀၁၅ ခုနှစ်တွင် ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့် ပေးမည်ဖြ စ်ကြောင်း သတင်းရရှိသည်။

ဟံသာဝတီလေဆိပ် တည်ဆောက်ခွင့်ရ ကုမ္ပဏီသည် ရာခိုင်နှုန်း ၅၀ ထက်မပိုသော အိုဒီအေချေးငွေအား ရယူတည်ဆောက်နိုင်မည်ဟုဆို

ဟံသာဝတီလေဆိပ် တည်ဆောက်ခွင့်ရ ကုမ္ပဏီသည် ရာခိုင်နှုန်း ၅၀ ထက်မပိုသော အိုဒီအေချေးငွေအား ရယူတည်ဆောက်နိုင်မည်ဖြစ်ကြောင်း Myanmar Civil Aviation Development Conference 2014 မီဒီယာရှင်းလင်းပွဲမှ သတင်းရရှိသည်။

အစိုးရသစ် လက်ထက် ဘတ်ဂျက် လိုငွေပြမှု ကျပ် ဘီလီယံ ၇၂၀၀ ကျော်ရှိ

Photo: အစိုးရသစ် လက်ထက် ဘတ်ဂျက် လိုငွေပြမှု ကျပ် ဘီလီယံ ၇၂၀၀ ကျော်ရှိ
Wednesday, March 26, 2014

ဦးသိန်းစိန် အစိုးရသစ် လက်ထက် ၃နှစ်တာ ကာလအတွင်း ဘဏ္ဍာနှစ်အလိုက် ရသုံးမှန်းခြေ ငွေစာရင်းများတွင် နှစ်စဉ်လိုငွေပြမှု စုစုပေါင်း ပမာဏမှာ ကျပ် ဘီလီယံ ၇၂၀၀ ကျော်ရှိကြောင်း သိရသည်။
နိုင်ငံတော်မှ နှစ်စဉ် ဘဏ္ဍာနှစ်ကုန်ခါနီးတွင် ထုတ်ပြန်လေ့ရှိသည့် အရအသုံး ဆိုင်ရာ ဘတ်ဂျက် ငွေစာရင်းတို့အပေါ် မူတည်၍ လို ငွေပြမှု စုပေါင်းထားသည့်ပမာဏ ဖြစ်ကြောင်း စီးပွားရေးပညာရှင် တဦးဖြစ်သည့် ဦးဇော်ဖေ၀င်းက ပြောကြားသည်။
“ဒီငွေဟာ တော်တော်များပါတယ်၊ အဲဒီငွေတွေဟာ လူတွေရဲ့လက်ထဲကို လည်ပတ်သုံးစွဲသွားမယ်ဆိုရင် ကုန်ဈေးနှုန်း တော်တော် ကို တက်နိုင်တဲ့ သဘောရှိပါတယ်၊ ဒါကို ထည့်စဉ်းစားဖို့လိုပါတယ်၊ အစိုးရရဲ့ ရည်မှန်းချက်တွေထဲမှာ ကုန်ဈေးနှုန်း ကျဆင်းရေး ဆို တာ ပါခဲ့ရင် ဒီအချက်က ထည့်စဉ်းစားသင့်တဲ့ အချက်ပါ”ဟု ပန်းတိုင်ပညာရေး ဖောင်ဒေးရှင်း ဥက္ကဌ လည်း ဖြစ်သည့် ဦးဇော်ဖေ၀င်း က ပြောသည်။
တိုင်းပြည်၏ ကုန်ထုတ်လုပ်မှုပမာဏ တန်ဖိုးထက် ၀ယ်လိုအားလည်ပတ်ငွေ ပမာဏက ပိုမိုများပြားလာလျှင် ကုန်ဈေးနှုန်းမြင့် တက် ပြီး ငွေကြေးဖောင်းပွမှု ဖြစ်လေ့ရှိကြောင်းလည်း စီးပွားရေး ပညာရှင်များက ပြောဆိုသည်။
နိုင်ငံတိုင်း၌ ဘတ်ဂျက်များ ရေးဆွဲရာတွင် သုံးမျိုးသုံးစားရှိပြီး ဘက်ညီဘတ်ဂျက်၊ ပိုငွေဘတ်ဂျက်နှင့် လိုငွေဘတ်ဂျက် တို့ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် လိုငွေဘတ်ဂျက်ကို ရေးဆွဲသည့် စနစ် ကျင့်သုံးရသည့် အခြေအနေလည်း ဖြစ်သည်ဟု ဆို သည်။
ယခု ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် ရသုံး မှန်းခြေငွေစာရင်း လျာထားချက်တွင်လည်း ရငွေကို ကျပ် ဘီလီယံပေါင်း ၁၉၁၆၇ ခန့်မှန်းပြီး သုံးငွေကို ကျပ် ဘီလီယံ ပေါင်း ၂၁၉၁၈ ခန့်မှန်းထားရာ လိုငွေပမာဏ ၂၇၅၁ ဘီလီယံ ကျပ် ဖြစ်ကြောင်း ဦးဇော်ဖေ၀င်း က ပြောသည်။
ယင်းပမာဏမှာ အစိုးရအသုံးစရိတ် စုစုပေါင်း၏ ၁၇ ရာခိုင်နှုန်းကျော် ရှိနေပြီး ပြည်တွင်း အသားတင် ကုန်ထုတ်လုပ်မှု ပမာဏ (GDP) ၏ ၄.၁၆ ရာခိုင်နှုန်းဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံအနေဖြင့် ပါရီကလပ် အဖွဲ့ဝင် နိုင်ငံများက တင်ရှိနေသော ချေးငွေများလျှော့ချရေးနှင့် ပတ်သက်၍ ညှိနှိုင်းထားမှုအရ ဘတ်ဂျက် ရေးဆွဲရာတွင် လိုငွေပမာဏကို GDP ၏ ၅ ရာခိုင်နှုန်းထက် မကျော်ရန်လည်း သဘောတူထားကြောင်း သိရသည်။
ယခင် စစ်အစိုးရ လက်ထက်၌ ပါရီကလပ် အဖွဲ့ဝင်နိုင်ငံများက မြန်မာနိုင်ငံ အပေါ်တွင် ချေးငွေ ကြွေးမြီများစွာ တင်ရှိခဲ့ပြီး အစိုးရ သစ် တာဝန်ယူသည့် အချိန်တွင် ထိုချေးငွေများကို လျှော်ပေးရန် သွားရောက် ညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့ရသည်။
ထိုနိုင်ငံများမှ မြန်မာနိုင်ငံ၏ ကြွေးမြီများကို လုံးဝလျှော်ပစ်ပေးလိုက်သည့် နိုင်ငံများရှိသကဲ့သို့ လက်ရှိအချိန်အထိ ကြွေးမြီကျန်ရှိနေ သော နိုင်ငံများလည်း ရှိနေသေးသည်။
“ဘတ်ဂျက် လိုငွေနဲ့ GDP အချိုးက ကျမတို့ ၅ ရာခိုင်နှုန်း မကျော်ရပါဘူး၊ ဒါကလည်း ကျမတို့ ပါရီကလပ် ကြွေးရှင်တွေနဲ့ အကြွေးလျှော်ဖို့ ညှိနှိုင်းခဲ့ရာမှာ IMF(နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့)ကနေ သတ်မှတ်ခဲ့တာပါ၊ ဒါကြောင့် ၅ ရာခိုင်နှုန်းထက် ကျော်လို့မရပါဘူး”ဟု ဘဏ္ဍာရေး ၀န်ကြီးဌာန ရသုံးမှန်းခြေ ငွေစာရင်းဦးစီး ဌာန ညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်ဝင်း က ပြောသည်။
မြန်မာနိုင်ငံ၏ ဘတ်ဂျက် ခွဲဝေမှု အသုံးစရိတ်တွင် ယခင်က ပညာရေးနှင့် ကျန်းမာရေး ၀န်ကြီးဌာန အသုံးစရိတ်များ နည်းပါးနေခဲ့ခြင်းကြောင့် တိုးမြှင့် တောင်းဆိုမှုများရှိခဲ့ပြီး ယခု အစိုးရသစ် လက်ထက်တွင် တိုးမြှင့်မှုများ ရှိလာခဲ့သည်။
၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ပညာရေး အသုံးစရိတ်မှာ စုစုပေါင်း အသုံးစရိတ်၏ ၅.၄၃ ရာခိုင်နှုန်း သုံးစွဲခဲ့ရာမှ ယခု ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အတွက်ကို ၅.၉၂ ရာခိုင်နှုန်း လျာထားကြောင်း၊ ကျန်းမာရေး အသုံးစရိတ်ကိုလည်း ၂၀၁၃-၂၀၁၄ ဘဏ္ဍာ နှစ်တွင် ၃.၁၅ ရာခိုင်နှုန်းမှ ၃.၃၈ ရာခိုင်နှုန်း လျာထားကြောင်း သမ္မတ ဦးသိန်းစိန်က ပြီးခဲ့သည့် ဇန်န၀ါရီလ က ကျင်းပသော ဘဏ္ဍာရေး ကော်မရှင် အစည်းအဝေးတွင် ပြောဆိုထားသည်။
နိုင်ငံတော် ဘတ်ဂျက် အရအသုံး ငွေစာရင်းတွင် ရငွေအပိုင်း၌ အခွန်ကဏ္ဍမှ ရရှိသည့်ငွေပမာဏ နည်းပါးသည်။ ယခုအခြေ အနေ တွင် ၀င်ငွေခွန် ကုန်သွယ် လုပ်ငန်းခွန်များကို လွှတ်တော်တွင်း အတည်ပြုထားပြီး အခွန် ပိုမိုရရှိရန်အတွက် သေချာစွာ စီးကြပ် ကောက်ခံမှုများ လုပ်ဆောင်ရန်လိုကြောင်း စီးပွားရေး ပညာရှင်များနှင့် အခွန်ပညာရှင်များ က ပြောဆိုသည်။

ဧရာဝတီ

GDP တိုးတက်နှုန်းနှင့် ငွေကြေး လည်ပတ်မှု ပမာဏ(Money Supply) တိုးနှုန်း မညီမျှလျှင် ငွေဖောင်းပွမည် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
GDP တိုးတက်နှုန်းနှင့် ငွေကြေး လည်ပတ်မှု ပမာဏ(Money Supply) တိုးနှုန်း မညီမျှလျှင် ငွေဖောင်းပွမည် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ဦးသိန်းစိန် အစိုးရသစ် လက်ထက် ၃နှစ်တာ ကာလအတွင်း ဘဏ္ဍာနှစ်အလိုက် ရသုံးမှန်းခြေ ငွေစာရင်း များတွင် နှစ်စဉ်လိုငွေပြမှု စုစုပေါင်း ပမာဏမှာ ကျပ် ဘီလီယံ ၇၂၀၀ ကျော်ရှိကြောင်း သိရသည်။

ကညန၏ အခွန်လျှော့ချရေး အစီအစဉ်သစ်အရ လူအများစုစီးသည့်ကားများ ကျပ်သုံးသိန်းကျော်မှ သိန်း ၅၀ နီးပါးအထိ သက်သာပြီး လူနည်းစုစီးသည့် ကားသစ်များ ကျပ်သိန်း ၂၀၀ နီးပါးအထိ သက်သာခွင့်ရမည်

၂၀၁၄ ခုနှစ် မတ် ၂၅ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ကညန၏ မော်တော်ယာဉ်များအပေါ် ကောက်ခံသည့် အခွန်နှုန်းထားများ လျှော့ချပေးမှု ထုတ်ပြန်ချက်အရ ဆိုပါက လူအများစုစီးနင်းနိုင်သည့် ကားများမှာ ကျပ်သုံးသိန်းကျော်မှ ကျပ်သိန်း ၅၀ နီးပါးအထိသာ သက်သာခွင့်ရပြီး လူနည်းစုစီးသည့် တန်ဖိုးမြင့်ကားသစ်များမှာ ကျပ်သိန်း ၂၀၀ ၀န်းကျင်အထိ သက်သာခွင့်ရကြောင်း သိရသည်။

အသစ်ဖောက်လုပ်နေသော သင်္ကန်းညီနောင်နှင့် ကော့ကရိတ်ကားလမ်း ပြီးစီးပါက ထိုင်းနိုင်ငံနှင့်ကုန်သွယ်မှု ပိုမိုအားကောင်းလာပြီး နယ်စပ်မြို့များလည်း ပိုမိုဖွံ့ဖြိုးလာမည်ဟုဆို

Photo: အသစ်ဖောက်လုပ်နေသော သင်္ကန်းညီနောင်နှင့် ကော့ကရိတ်ကားလမ်း ပြီးစီးပါက ထိုင်းနိုင်ငံနှင့်ကုန်သွယ်မှု ပိုမိုအားကောင်းလာပြီး နယ်စပ်မြို့များလည်း ပိုမိုဖွံ့ဖြိုးလာမည်ဟုဆို
Wednesday, March 26, 2014

ထိုင်းနိုင်ငံမှ ဖောက်လုပ်ပေးနေသော သင်္ကန်းညီနောင်နှင့် ကော့ ကရိတ်ကားလမ်း ပြီးစီးပါက ထိုင်းနိုင်ငံနှင့်ကုန်သွယ်မှု ပိုမိုအားကောင်းလာနိုင်ကြောင်း လေ့လာသုံးသပ်သူအချို့၏ ပြောကြားချက်အရ သိရသည်။

“သင်္ကန်းညီနောင်နဲ့ ကော့ကရိတ်ကို ဖောက်ထားတာ ၄၅ ကီလိုမီတာပဲ ရှိတယ်။ ဒီလမ်းလေးက ထိုင်းအကူအညီနဲ့ လုပ်မှာ။ East -West corridor နဲ့ သွားချိတ်မှာပေါ့။ East -West corridor က မြ၀တီက၀င်မှာ။ ၀င်ပြီးတော့ ပြီးရင် သင်္ကန်းညီနောင်။ အဲဒီအတိုင်း ကော့ကရိတ်အထိ လာမယ်။ ပြီးရင် အိန္ဒုကနေ ဘားအံ၊ ဘားအံကနေပြီး ရန်ကုန်ကိုဖြတ်မယ်။ ပြီးရင် အိန္ဒိယနဲ့ချိတ်မှာ။ အဲဒါကလည်း တစ်နည်းအားဖြင့်ဆိုရင် အိန္ဒိယ-မြန်မာ ဟိုက်ဝေးလမ်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်သွားမယ်။ ဆိုတော့ ဒေသတွင်းမှာ ကုန်စည်စီးဆင်းမှုတွေ ပိုမြန်လာမှာပါ။ ပြီးရင် နယ်စပ်ဒေသတွေလည်း ပိုပြီးတော့ ဖွံ့ဖြိုးလာမှာပါ” ဟု မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီမှ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးအောင်မြင့်က ပြောကြားသည်။

အဆိုပါ သင်္ကန်းညီနောင်နှင့် ကော့ကရိတ်ကြား ဆက်သွယ်ထားသည့်လမ်းသည် အာဆီယံ ပတ်လမ်းမဖြစ်သည့် East -West corridor နှင့် ချိတ်ဆက်သွားမည်ဖြစ်ကြောင်းနှင့် ၂၀၁၅ ခုနှစ်ကို အပြီး target ထားပြီး ဖောက်လုပ်နေကြောင်း သတင်းရရှိသည်။

“အာဆီယံပတ်လမ်းတွေအားလုံး ၂၀၁၅ မှာ အကောင်အထည်ဖော်မယ်ဆိုတဲ့ ကိစ္စကတော့ မပြီးနိုင်ဘူးလို့ ထင်တယ်။ တချို့အပိုင်းတွေ ပြီးပေမယ့် တချို့အပိုင်းတွေ မပြီးနိုင်သေးဘူး။ အခု ထိုင်းဖောက်လုပ်ပေးနေတဲ့ လမ်းပိုင်းလေးကတော့ West corridor ရဲ့ အစိတ်အပိုင်းတစ်ခုလို့ ပြောလည်းရပါတယ်။ East -West corridor ကတော့ မော်လမြိုင်နဲ့ ဒါနန်းနဲ့ ချိတ်တဲ့လမ်း။ သူက မြန်မာပြည်မှာတော့ Corridor ဖြစ်သွားတာပေါ့။ အိန္ဒိယရယ်၊ မြန်မာရယ်၊ ထိုင်းရယ်က East -West corridor လမ်းနဲ့ အတူတူပဲ” ဟု ဦးအောင်မြင့်က ပြောကြားသည်။

“မြ၀တီတို့၊ ဘားအံတို့မှာ စက်မှုဇုန်တွေ ဖြစ်လာရင်တော့ အလုပ်အကိုင် အခွင့်အလမ်း ပိုကောင်းလာနိုင်တာပေါ့။ ဘာပဲဖြစ်ဖြစ် ထိုင်းနိုင်ငံကိုသွားပြီး အလုပ်လုပ်တဲ့ ကျွန်တော်တို့ဒေသကလူတွေ ဟိုဘက်သွားလုပ်စရာ မလိုဘူး။ ဟိုဘက်ကို သွားအလုပ်လုပ်ရတာ ကိုယ့်နိုင်ငံမဟုတ်တော့ ပတ်စ်ပို့ကိစ္စတွေ ဘာတွေနဲ့ အဆင်မပြေလှပါဘူး” ဟု မြ၀တီစက်မှုဇုန် တည်ဆောက်ရေးတွင် သွားရောက်လုပ်ကိုင်နေသည့် အလုပ်သမားတစ်ဦးက ဆိုသည်။  

“၂၀၁၅ နောက်ပိုင်းတော့ မြ၀တီက တိုးတက်လာနိုင်တယ်။ ဘားအံမှာလည်း စက်မှုဇုန်တွေဘာတွေ ရှိနေတယ်ဆိုတော့ ထိုင်းဘက်ကသူတွေ ဒီဘက်ပြန်လာပြီး အလုပ်လုပ်နိုင်မယ့် အနေအထားမျိုးရှိရင် တိုးတက်သွားမယ်။ နောက်တစ်ခုကတော့ ငြိမ်းချမ်းရေးကိစ္စပေါ့။ ဒီလူတွေလည်း သူတို့နယ်မြေ ဖွံ့ဖြိုးဖို့က သူတို့စိတ်ထဲမှာ ရှိပြီးသားပဲ။ ငြိမ်းချမ်းသွားတယ်ဆိုရင် ဖွံ့ဖြိုးလာနိုင်ပါတယ်” ဟု ဦးအောင်မြင့်က သုံးသပ်ပြောကြားသည်။  

“အခု ထိုင်းဘက်က ဖောက်ပေးနေတဲ့ သင်္ကန်းညီနောင်၊ ကော့ကရိတ်လမ်းပြီးရင်တော့ ထိုင်းနဲ့မြန်မာနဲ့ အခုထက်လည်းပိုပြီး ဆက်သွယ်ရေးကောင်းလာမယ်။ အခုက လမ်းဟောင်းကနေ သွားနေရဆဲဖြစ်တော့ အတက်တစ်ရက် အဆင်းတစ်ရက် ဖြစ်နေတယ်။ လမ်းပြီးသွားရင်တော့ အချိန်ဒီလောက် မကြာသလို အန္တရာယ်လည်း ဒီလောက်မများဘူး။ အခုက ကားတွေဆိုင်ကယ်တွေက မကြာခဏ မှောက်တတ်တယ်။ အန္တရာယ်များပါတယ်” ဟု ဘားအံဒေသခံတစ်ဦးက ပြောကြားသည်။

Eleven Media Group 

သင်္ကန်းညီနောင်နှင့် ကော့ကရိတ်ကြား၊ ဒေါနတောင်ကြော ယာဉ်လမ်းပိုင်းတစ်နေရာကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလအတွင်းက တွေ့ရစဉ်
သင်္ကန်းညီနောင်နှင့် ကော့ကရိတ်ကြား၊ ဒေါနတောင်ကြော ယာဉ်လမ်းပိုင်းတစ်နေရာကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလအတွင်းက တွေ့ရစဉ်
ထိုင်းနိုင်ငံမှ ဖောက်လုပ်ပေးနေသော သင်္ကန်းညီနောင်နှင့် ကော့ကရိတ်ကားလမ်းပြီးစီးပါက ထိုင်းနိုင်ငံနှင့် ကုန်သွယ်မှု ပိုမိုအားကောင်းလာနိုင်ကြောင်း လေ့လာသုံးသပ်သူအချို့၏ ပြောကြားချက်အရ သိရသည်။

၂၀၁၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ကချင်ပဋိပက္ခ တိုက်ပွဲများတွင် တပ်မတော်ဘက်မှ စစ်သည် ၅၀၀၀ ခန့် ကျဆုံးခဲ့ပြီး ရဟတ်ယာဉ်နှစ်စင်း ဆုံးရှုံးခဲ့ကြောင်း စစ်ရေးအထူးပြု Jane's Defence Weekly တွင်ဖော်ပြ

၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်းက လိုင်ဇာအနီးစစ်ဆင်ရေးတွင် တပ်မတော်မှ အသုံးပြုခဲ့သော တိုက်လေယာဉ်တစ်စင်း (ဓာတ်ပုံ-နေထွန်းနိုင်) 
၂၀၁၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ကချင်ပဋိပက္ခ တိုက်ပွဲများတွင် တပ်မတော်ဘက်မှ စစ်သည် ၅၀၀၀ ခန့် ကျဆုံးခဲ့ပြီး ရဟတ်ယာဉ်နှစ်စင်း ဆုံးရှုံးခဲ့ကြောင်း မတ် ၁၂ ရက်နေ့စွဲဖြင့် ဖော်ပြသည့် Jane's Defence Weekly ပါ ဆောင်းပါးအရ သိရသည်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကမ္ဘာ့ခေါင်းဆောင်ဟောင်းများနှင့် တွေ့ဆုံ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မတ် ၂၅ ရက်က နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကမ္ဘာ့ခေါင်းဆောင်ဟောင်းများဖြင့် ဖွဲ့စည်းထားသော ဗြိတိန်နိုင်ငံ လန်ဒန်မြို့အခြေ စိုက် The Elders အဖွဲ့အစည်းမှ ဒုတိယဥက္ကဋ္ဌ၊ နော်ဝေနိုင်ငံ ၀န်ကြီးချုပ်ဟောင်းနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ညွှန်ကြားရေးမှူးချုပ်ဟောင်း Dr. Gro Harlem တို့ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံ သတင်းထုတ်လွှင့်မှုအရ သိရသည်။

ယူနိုက်တက်အမရာဘဏ်က နိုင်ငံပေါင်း ၂၂ နိုင်ငံရှိ ဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပြီး အမေရိကန် ဘဏ်များဖြင့်ပါ ထပ်မံချိတ်ဆက်နိုင်ရန် စီစဉ်

Photo: ယူနိုက်တက်အမရာဘဏ်က နိုင်ငံပေါင်း ၂၂ နိုင်ငံရှိ ဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပြီး အမေရိကန် ဘဏ်များဖြင့်ပါ ထပ်မံချိတ်ဆက်နိုင်ရန် စီစဉ်
Wednesday, March 26, 2014

ယူနိုက်တက်အမရာဘဏ်က နိုင်ငံပေါင်း ၂၂ နိုင်ငံရှိ ဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပြီး အမေရိကန်ဘဏ်များဖြင့် ထပ်မံချိတ်ဆက်နိုင်ရန် စီစဉ်နေကြောင်း အဆိုပါဘဏ်မှ Chief Operating Offer ဦးသန့်ဇင်၏ ပြောကြားချက်အရ သိရသည်။

“လက်ရှိအချိန်ထိ ကျွန်တော်တို့ဘဏ်က နိုင်ငံခြားဘဏ်တွေနဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ ဆောင်ရွက်မှုတွေ ရှိပါတယ်။ နိုင်ငံပေါင်း ၂၂ နိုင်ငံက ဘဏ်ပေါင်း ၆၅ ဘဏ်နဲ့ ချိတ်ဆက်လုပ်ဆောင်နေပါတယ်။ ထပ်မံပြီး အမေရိကန်နိုင်ငံက ဘဏ်နဲ့လည်း ချိတ်ဆက်လုပ်ဆောင်ဖို့အတွက် စီစဉ်ဆောင်ရွက်နေပါတယ်” ဟု ယူနိုက်တက်အမရာဘဏ်မှ Chief Operating Offer က ပြောကြားသည်။

ယူနိုက်တက်အမရာဘဏ်မှ ချိတ်ဆက်လုပ်ဆောင်လျက်ရှိသော ဘဏ်အများစုမှာ အာရှအခြေစိုက် ဘဏ်များဖြစ်ပြီး ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ အိန္ဒိယ၊ စင်ကာပူ၊ မလေးရှား၊ ထိုင်း စသည့်ဘဏ်များအပြင် ဥပရောရှိ ဂျာမနီဘဏ်ဖြင့် ချိတ်ဆက်ထားသည်။

ဘဏ်လုပ်ငန်းဆိုင်ရာ ဆောင်ရွက်မှုတွင် အမေရိကန်ဒေါ်လာဖြင့် ချိတ်ဆက်ဆောင်ရွက်သော ဘဏ်ရှစ်ခု၊ ယူရိုဖြင့် ချိတ်ဆက်ဆောင်ရွက်သော ဘဏ်ငါးခု၊ စင်ကာပူဒေါ်လာဖြင့် ချိတ်ဆက်ဆောင်ရွက်သော ဘဏ်လေးခု၊ RMB ဖြင့် ချိတ်ဆက်ဆောင်ရွက်သော ဘဏ်နှစ်ခု၊ ယမ်းနှင့်ဘတ်ငွေကြေးဖြင့် ချိတ်ဆက်ဆောင်ရွက်နေသောဘဏ်မှာ တစ်ခုရှိကြောင်း သိရသည်။

ယူနိုက်တက်အမရဘဏ်သည် ၂၀၁၀ ပြည့်နှစ် သြဂုတ်တွင် စတင်တည်ထောင်ခဲ့ပြီး လက်ရှိအချိန်တွင် မြန်မာနိုင်ငံ မြို့ကြီးများ၌ ဘဏ်ခွဲ ၂၆ ခု ဖွင့်လှစ်ထားသော ဘဏ်တစ်ခုဖြစ်သည်။ ယခုအခါ ပြည်တွင်းဘဏ်လုပ်ငန်းများ၊ ပြည်ပငွေလွှဲအ၀င် လုပ်ငန်းများကိုလည်း ပြည်ပဘဏ်များနှင့် ချိတ်ဆက်လုပ်ကိုင်လျက်ရှိသော ဘဏ်တစ်ခုဖြစ်ကြောင်း သိရသည်။

Eleven Media Group

ယူနိုက်တက်အမရာဘဏ်၏ ငွေလွှဲကောင်တာကို တွေ့ရစဉ်
ယူနိုက်တက်အမရာဘဏ်၏ ငွေလွှဲကောင်တာကို တွေ့ရစဉ်
ယူနိုက်တက်အမရာဘဏ်က နိုင်ငံပေါင်း ၂၂ နိုင်ငံရှိ ဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပြီး အမေရိကန်ဘဏ်များဖြင့် ထပ်မံချိတ်ဆက်နိုင်ရန် စီစဉ်နေကြောင်း အဆိုပါဘဏ်မှ Chief Operating Offer ဦးသန့်ဇင်၏ ပြောကြားချက်အရ သိရသည်။

ကညန၏ အခွန်လျှော့ချရေး အစီအစဉ်သစ်အရ လူအများစုစီးသည့်ကားများ ကျပ်သုံးသိန်းကျော်မှ သိန်း ၅၀ နီးပါးအထိ သက်သာပြီး လူနည်းစုစီးသည့် ကားသစ်များ ကျပ်သိန်း ၂၀၀ နီးပါးအထိ သက်သာခွင့်ရမည်

၂၀၁၄ ခုနှစ် မတ် ၂၅ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ကညန၏ မော်တော်ယာဉ်များ အပေါ် ကော က် ခံ သည့် အခွန်နှုန်းထားများ လျှော့ချပေးမှု ထုတ်ပြန်ချက်အရ ဆိုပါက လူအများစုစီးနင်းနိုင်သည့် ကားများမှာ ကျပ်သုံးသိန်းကျော်မှ ကျပ်သိန်း ၅၀ နီးပါးအထိသာ သက်သာခွင့်ရပြီး လူနည်းစုစီးသည့် တန်ဖိုးမြင့်ကားသစ်များမှာ ကျပ်သိန်း ၂၀၀ ၀န်းကျင်အထိ သက်သာခွင့်ရကြောင်း သိရသည်။

ပီနန်ဆရာတော်ကြီးအား မဟာသန္တိသုခကျောင်းတိုက်မှ ထွက်ခွာရန် နိုင် ငံတော် သံဃမဟာနာယကအဖွဲ့ အကြောင်းကြားမှုအပေါ် ထွက်ခွာမည် မဟုတ်ဟု ဆရာတော်တုံ့ပြန်

Photo: ရန်ကင်းမြို့နယ်တွင် နေအိမ်တစ်အိမ်အား ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနပိုင်မြေတွင် ပါဝင်သည်ဟုဆိုကာ အင်အားသုံးဖယ်ရှားရန် စီစဉ်သဖြင့် သံဃာအပါး ၁၀၀ ကျော် ၀င်ရောက်တားမြစ်
Wednesday, March 26, 2014

ရန်ကင်းမြို့နယ် အမှတ်(၁၁)ရပ်ကွက် ကံဘဲ့ဘူတာရုံလမ်းတွင် နေထိုင်သည့် အိမ်အမှတ် (၁၁၅၃) အား ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနပိုင်မြေတွင် ပါဝင်သည်ဟုဆိုကာ သက်ဆိုင်ရာမှ မတ် ၂၅ ရက် နံနက် ၁၀ နာရီတွင် အင်အားသုံးဖယ်ရှားရန် စီစဉ်သဖြင့် မြို့နယ်နေ ကျောင်းတိုက်အသီးသီးမှ သံဃာတော် အပါး ၁၀၀ ကျော်က လာရောက်တားဆီးခဲ့ကြောင်း သိရသည်။

ယင်းအိမ်တွင် နေထိုင်သူများကို ဖယ်ရှားရန် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ၀န်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင် ၅၀ ခန့်၊ အရန်မီးသတ် တပ်ဖွဲ့ဝင်နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပါဝင်သည့် လူဦးရေ ၁၀၀ ၀န်းကျင် လာရောက်ခဲ့ကြောင်း သိရသည်။

ယင်းအခြေအနေတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဒေါက်တာတင်ရွှေက လာရောက်တားမြစ်သည့် ဦးဆောင်ဆရာတော်များ၊ နေထိုင်သူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး မြို့နယ်စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ မြို့နယ်တစ်ခုတွင် ပေ ၂၀×၆၀ မြေနေရာ အစားပေးရန် စည်ပင်သာယာသို့ လျှောက်ထားခိုင်းခဲ့ကြောင်း သိရသည်။

“ဘုန်းဘုန်းတို့ ဒီမြို့မှာ သီတင်းသုံးလာတာ ကြာပါပြီ။ ဒီအိမ်ပိုင်ရှင်တွေက ၁၉၉၂ ခုနှစ်ကတည်းက ဒီမြေနေရာမှ နေထိုင်ကြတယ်။ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနက ၁၉၉၄-၉၅ လောက်မှ ရောက်တာ။ ဒီလို အတင်းလာဖယ်ခိုင်းတဲ့ အခါကျတော့ တရားရုံး အမိန့်နဲ့လား၊ ဘယ်လိုအမိန့်နဲ့လဲလို့ ဘုန်းဘုန်းတို့က မေးတဲ့အခါ ၀န်ကြီးဌာနက တာဝန်ရှိတဲ့သူက အခွင့်အာဏာနဲ့ပါလို့ ဖြေတယ်။ အခွင့်အာဏာကို ဘယ်သူကပေးလဲလို့မေးတော့ ဆောက်လုပ်ရေးကပေးတယ်လို့ ဖြေတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့က အခွင့်အာဏာပေးတယ်ဆိုတော့ လွဲတော့လွဲနေပြီ။ ဘုန်းဘုန်းတို့က ဥပဒေတွေတော့ သေချာမသိပါဘူး။ ဒါပေမဲ့ ဒီလို အခွင့်အာဏာနဲ့ဆိုပြီး အတင်းဖယ်ရှားလို့တော့ မရဘူး။ ဒီမှာနေတဲ့သူတွေအတွက် နေထိုင်ဖို့အတွက် တစ်ခုခု စီစဉ်ပေးရမယ်လို့ပြောတော့ ဒုဝန်ကြီးက နေရာအစားထိုးပေးပါမယ်ဆိုပြီး ပြောတယ်။ ၀န်ကြီးဌာနနဲ့ဆိုတော့ အရှည်မဖြစ်ချင်တော့ဘူး။ ဒကာ၊ ဒကာမတွေကလည်း ဘုန်းဘုန်းစကားကို နားထောင်ကြတော့ လက်ခံလိုက်တယ်။ ဒါပေမဲ့ မိသားစုစီးပွားရေး လုပ်ကိုင်စားသောက်ဖို့ သင့်တော်တဲ့နေရာကိုသာပေးဖို့ ပြောခဲ့တယ်” ဟု ရန်ကင်းမြို့နယ် မစိုးရိမ်ကျောင်းတိုက် (မြို့နယ်သံဃာ့ဝန်ဆောင်အဖွဲ့) ဆရာတော် ဦးဉာဏောဘာသက မိန့်ကြားသည်။

အဆိုပါမြေနေရာကို နေထိုင်သူများက ၁၉၉၂ ခုနှစ်တွင် တပ်မတော်ထောက်လှမ်းရေး ၁၂ မှ ၁၆ သိန်းဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်ကြောင်းနှင့် သက်ဆိုင်ရာဝန်ကြီးဌာနမှ ၂၀၀၄ ခုနှစ်နှင့် ၂၀၀၉ ခုနှစ်တို့တွင် တရားစွဲဆိုမှုများ ပြုလုပ်ခဲ့ကာ မြို့နယ်တရားရုံးက နေထိုင်သူအား ထောင်ဒဏ်တစ်လနှင့် မြေပြန်ပေးရန် အမိန့်ချမှတ်ခဲ့ပြီး နေထိုင်သူများက တိုင်းတရားရုံးနှင့် ခရိုင်တရားရုံးသို့ အယူခံဝင်ရာတွင် မြို့နယ်တရားရုံးမှ အမိန့်အား ပယ်ဖျက်ကြောင်း အမိန့်ချမှတ်ခဲ့သည်ဟု နေထိုင်သူများ ပြသခဲ့သည့် တရားရုံး အမိန့်စာများအရ သိရသည်။

“အဖေနဲ့ အမေလည်း တရားဥပဒေနဲ့အညီ တရားရုံးတွေမှာ ရင်ဆိုင်ခဲ့ပြီးပါပြီ။ ကျွန်မတို့ အနိုင်ရရှိခဲ့ပါတယ်။ အခုတရားရုံးက ချမှတ်ထားတဲ့ အမိန့်က တရားမ၀င်ဘူးလို့ ဟိုတယ်နဲ့ ခရီးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦး ကဒီနေ့ ဖယ်ရှားဖို့လာတော့ ပြောတယ်။ အခု ကျွန်မတို့ကို ဘာကြောင့် ဖယ်ရှားခိုင်းရတယ် ဆိုတာကိုလည်း မပြောဘူး။ ကျွန်မကြားတာကတော့ ၀န်ကြီးနဲ့ပတ်သက်တဲ့သူ တစ်ဦးက လိုချင်တဲ့အတွက် ဖယ်ရှားခိုင်းတယ်လို့ သိရပါတယ်။ ကျွန်မတို့ကို ဒုဝန်ကြီးက မြေအစားပေးဖို့ စည်ပင်ကို လျှောက်ခိုင်းပေမယ့် မိသားစုအတွက် အဆင်မပြေတဲ့ နေရာဆိုရင်တော့ မယူနိုင်ပါဘူး။ ကျွန်မတို့ နေတဲ့နေရာက ၄၇ ပေ×ပေ ၈၀ ရှိပါတယ်” ဟု နေထိုင်သူ မဖြိုးမာလာက ဆိုသည်။

အငြင်းပွားမှုဖြစ်နေသည့် မြေနေရာမှာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ၀န်ထမ်းအိမ်ရာအပိုင်တွင် ပါဝင်ခြင်းကြောင့် ၁၉၅၅ ခုနှစ် အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေ၏ ပုဒ်မ ၃ အရ နှင်ထုတ်ခြင်းဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ နို့တစ်စာအရ သိရသည်။

Eleven Media Group

ပိုင်ဆိုင်မှု အငြင်းပွားဖွယ်ဖြစ်နေသည့် အိမ်ရှေ့တွင် သံဃာတော်များနှင့် ရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်) 
ပီနန်ဆရာတော် ဦးပညာဝံသမှ မိန့်ကြားစဉ်

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှ ပီနန်ဆရာတော်ကြီးအား မဟာသန္တိသုခကျောင်း တိုက်မှ ၂၀၁၄ မတ် ၃၁ ရက်တွင် နောက်ဆုံး ထားကာ ထွက်ခွာရန် အကြောင်းကြားစာ ပေးပို့ထားပြီး ဆရာတော်ကြီးမှ  ထွက်ခွာပေးမည် မဟုတ်ကြောင်း မတ် ၂၅ ရက်တွင် မဟာသန္တိသုခ ကျောင်းတိုက်တွင် ပြုလုပ်သည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် ပီနန်ဆရာတော်ကြီးက မိန့်ကြားသည်။

ရန်ကင်းမြို့နယ်တွင် နေအိမ်တစ်အိမ်အား ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနပိုင်မြေတွင် ပါဝင်သည်ဟုဆိုကာ အင်အားသုံးဖယ်ရှားရန် စီစဉ်သဖြင့် သံဃာအပါး ၁၀၀ ကျော် ၀င်ရောက်တားမြစ်

Photo: ရန်ကင်းမြို့နယ်တွင် နေအိမ်တစ်အိမ်အား ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနပိုင်မြေတွင် ပါဝင်သည်ဟုဆိုကာ အင်အားသုံးဖယ်ရှားရန် စီစဉ်သဖြင့် သံဃာအပါး ၁၀၀ ကျော် ၀င်ရောက်တားမြစ်
Wednesday, March 26, 2014

ရန်ကင်းမြို့နယ် အမှတ်(၁၁)ရပ်ကွက် ကံဘဲ့ဘူတာရုံလမ်းတွင် နေထိုင်သည့် အိမ်အမှတ် (၁၁၅၃) အား ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနပိုင်မြေတွင် ပါဝင်သည်ဟုဆိုကာ သက်ဆိုင်ရာမှ မတ် ၂၅ ရက် နံနက် ၁၀ နာရီတွင် အင်အားသုံးဖယ်ရှားရန် စီစဉ်သဖြင့် မြို့နယ်နေ ကျောင်းတိုက်အသီးသီးမှ သံဃာတော် အပါး ၁၀၀ ကျော်က လာရောက်တားဆီးခဲ့ကြောင်း သိရသည်။

ယင်းအိမ်တွင် နေထိုင်သူများကို ဖယ်ရှားရန် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ၀န်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင် ၅၀ ခန့်၊ အရန်မီးသတ် တပ်ဖွဲ့ဝင်နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပါဝင်သည့် လူဦးရေ ၁၀၀ ၀န်းကျင် လာရောက်ခဲ့ကြောင်း သိရသည်။

ယင်းအခြေအနေတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဒေါက်တာတင်ရွှေက လာရောက်တားမြစ်သည့် ဦးဆောင်ဆရာတော်များ၊ နေထိုင်သူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး မြို့နယ်စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ မြို့နယ်တစ်ခုတွင် ပေ ၂၀×၆၀ မြေနေရာ အစားပေးရန် စည်ပင်သာယာသို့ လျှောက်ထားခိုင်းခဲ့ကြောင်း သိရသည်။

“ဘုန်းဘုန်းတို့ ဒီမြို့မှာ သီတင်းသုံးလာတာ ကြာပါပြီ။ ဒီအိမ်ပိုင်ရှင်တွေက ၁၉၉၂ ခုနှစ်ကတည်းက ဒီမြေနေရာမှ နေထိုင်ကြတယ်။ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနက ၁၉၉၄-၉၅ လောက်မှ ရောက်တာ။ ဒီလို အတင်းလာဖယ်ခိုင်းတဲ့ အခါကျတော့ တရားရုံး အမိန့်နဲ့လား၊ ဘယ်လိုအမိန့်နဲ့လဲလို့ ဘုန်းဘုန်းတို့က မေးတဲ့အခါ ၀န်ကြီးဌာနက တာဝန်ရှိတဲ့သူက အခွင့်အာဏာနဲ့ပါလို့ ဖြေတယ်။ အခွင့်အာဏာကို ဘယ်သူကပေးလဲလို့မေးတော့ ဆောက်လုပ်ရေးကပေးတယ်လို့ ဖြေတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့က အခွင့်အာဏာပေးတယ်ဆိုတော့ လွဲတော့လွဲနေပြီ။ ဘုန်းဘုန်းတို့က ဥပဒေတွေတော့ သေချာမသိပါဘူး။ ဒါပေမဲ့ ဒီလို အခွင့်အာဏာနဲ့ဆိုပြီး အတင်းဖယ်ရှားလို့တော့ မရဘူး။ ဒီမှာနေတဲ့သူတွေအတွက် နေထိုင်ဖို့အတွက် တစ်ခုခု စီစဉ်ပေးရမယ်လို့ပြောတော့ ဒုဝန်ကြီးက နေရာအစားထိုးပေးပါမယ်ဆိုပြီး ပြောတယ်။ ၀န်ကြီးဌာနနဲ့ဆိုတော့ အရှည်မဖြစ်ချင်တော့ဘူး။ ဒကာ၊ ဒကာမတွေကလည်း ဘုန်းဘုန်းစကားကို နားထောင်ကြတော့ လက်ခံလိုက်တယ်။ ဒါပေမဲ့ မိသားစုစီးပွားရေး လုပ်ကိုင်စားသောက်ဖို့ သင့်တော်တဲ့နေရာကိုသာပေးဖို့ ပြောခဲ့တယ်” ဟု ရန်ကင်းမြို့နယ် မစိုးရိမ်ကျောင်းတိုက် (မြို့နယ်သံဃာ့ဝန်ဆောင်အဖွဲ့) ဆရာတော် ဦးဉာဏောဘာသက မိန့်ကြားသည်။

အဆိုပါမြေနေရာကို နေထိုင်သူများက ၁၉၉၂ ခုနှစ်တွင် တပ်မတော်ထောက်လှမ်းရေး ၁၂ မှ ၁၆ သိန်းဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်ကြောင်းနှင့် သက်ဆိုင်ရာဝန်ကြီးဌာနမှ ၂၀၀၄ ခုနှစ်နှင့် ၂၀၀၉ ခုနှစ်တို့တွင် တရားစွဲဆိုမှုများ ပြုလုပ်ခဲ့ကာ မြို့နယ်တရားရုံးက နေထိုင်သူအား ထောင်ဒဏ်တစ်လနှင့် မြေပြန်ပေးရန် အမိန့်ချမှတ်ခဲ့ပြီး နေထိုင်သူများက တိုင်းတရားရုံးနှင့် ခရိုင်တရားရုံးသို့ အယူခံဝင်ရာတွင် မြို့နယ်တရားရုံးမှ အမိန့်အား ပယ်ဖျက်ကြောင်း အမိန့်ချမှတ်ခဲ့သည်ဟု နေထိုင်သူများ ပြသခဲ့သည့် တရားရုံး အမိန့်စာများအရ သိရသည်။

“အဖေနဲ့ အမေလည်း တရားဥပဒေနဲ့အညီ တရားရုံးတွေမှာ ရင်ဆိုင်ခဲ့ပြီးပါပြီ။ ကျွန်မတို့ အနိုင်ရရှိခဲ့ပါတယ်။ အခုတရားရုံးက ချမှတ်ထားတဲ့ အမိန့်က တရားမ၀င်ဘူးလို့ ဟိုတယ်နဲ့ ခရီးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦး ကဒီနေ့ ဖယ်ရှားဖို့လာတော့ ပြောတယ်။ အခု ကျွန်မတို့ကို ဘာကြောင့် ဖယ်ရှားခိုင်းရတယ် ဆိုတာကိုလည်း မပြောဘူး။ ကျွန်မကြားတာကတော့ ၀န်ကြီးနဲ့ပတ်သက်တဲ့သူ တစ်ဦးက လိုချင်တဲ့အတွက် ဖယ်ရှားခိုင်းတယ်လို့ သိရပါတယ်။ ကျွန်မတို့ကို ဒုဝန်ကြီးက မြေအစားပေးဖို့ စည်ပင်ကို လျှောက်ခိုင်းပေမယ့် မိသားစုအတွက် အဆင်မပြေတဲ့ နေရာဆိုရင်တော့ မယူနိုင်ပါဘူး။ ကျွန်မတို့ နေတဲ့နေရာက ၄၇ ပေ×ပေ ၈၀ ရှိပါတယ်” ဟု နေထိုင်သူ မဖြိုးမာလာက ဆိုသည်။

အငြင်းပွားမှုဖြစ်နေသည့် မြေနေရာမှာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ၀န်ထမ်းအိမ်ရာအပိုင်တွင် ပါဝင်ခြင်းကြောင့် ၁၉၅၅ ခုနှစ် အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေ၏ ပုဒ်မ ၃ အရ နှင်ထုတ်ခြင်းဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ နို့တစ်စာအရ သိရသည်။

Eleven Media Group

ပိုင်ဆိုင်မှု အငြင်းပွားဖွယ်ဖြစ်နေသည့် အိမ်ရှေ့တွင် သံဃာတော်များနှင့် ရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)
ပိုင်ဆိုင်မှု အငြင်းပွားဖွယ်ဖြစ်နေသည့် အိမ်ရှေ့တွင် သံဃာတော်များနှင့် ရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)

 ရန်ကင်းမြို့နယ် အမှတ်(၁၁)ရပ်ကွက် ကံဘဲ့ဘူတာရုံလမ်းတွင် နေထိုင်သည့် အိမ်အမှတ် (၁၁၅၃) အား ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနပိုင်မြေတွင် ပါဝင်သည်ဟုဆိုကာ သက်ဆိုင်ရာမှ မတ် ၂၅ ရက် နံနက် ၁၀ နာရီတွင် အင်အားသုံးဖယ်ရှားရန် စီစဉ်သဖြင့် မြို့နယ်နေ ကျောင်းတိုက်အသီးသီးမှ သံဃာတော် အပါး ၁၀၀ ကျော်က လာရောက်တားဆီးခဲ့ကြောင်း သိရသည်။