Monday 27 October 2014

ဘရာဇီးလ်သမ္မတ ရွေးကောက်ပွဲ လက်ရှိသမ္မတ အနိုင်ရရှိ

Photo: ဘရာဇီးလ်သမ္မတ ရွေးကောက်ပွဲ လက်ရှိသမ္မတ အနိုင်ရရှိ
Monday, October 27, 2014 

လက်တင်အမေရိကမှ ဖွံ့ဖြိုးတိုးတက်မှုအမြန်ဆုံး နိုင်ငံတစ်ခုဖြစ်သည့် ဘရာဇီးလ်၏ သမ္မတ ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဒီလ်မာ ရူးဆက်ဖ်က အနိုင်ရရှိခဲ့သည်ဟု သိရသည်။

ရွေးကောက်ပွဲရလဒ်များကို ယနေ့တွင် ကြေညာခဲ့ရာ ရူးဆက်ဖ်မှာ မဲပေးမှု စုစုပေါင်း ၉၉.၆၆ ရာခိုင်နှုန်းတွင် ၅၁.၆၀ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ၎င်း၏ ပြိုင်ဘက်ဖြစ်သူ အဲစီယို နီဗက်စ်မှာ မဲအရေအတွက် ၄၈.၄၀ ရာခိုင်နှုန်းသာ ရရှိခဲ့သည်။

မဲရလဒ်များ ထွက်ပေါ်လာပြီးနောက် ပြောကြားခဲ့သော မိန့်ခွန်းတွင် ရူးဆက်ဖ်က ၎င်း၏ ဒုတိယ သက်တမ်းတွင် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားရန် မျှော်လင့်ထားပြီး ဘရာဇီးလ် ပြည်သူများက တောင်းဆိုသော ပြုပြင်ပြောင်းလဲမှုများကိုလည်း လုပ်ဆောင်သွားရန် ဆုံးဖြတ်ထားကြောင်း ပြောကြားခဲ့သည်။

အစောပိုင်းတွင် နီဗက်စ်မှာ ရူးဆက်ဖ်ထက် ၄ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းကြား အသာရခဲ့သော်လည်း နောက်ဆုံးအချိန်ကျမှ ရူးဆက်ဖ်က အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ နီဗက်စ်ကလည်း မိမိရှုံးနိမ့်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

ဘရာဇီးလ်သမ္မတ ရူးဆက်ဖ်မှာ နိုင်ငံ၏ စီးပွားရေးကျဆင်းမှု၊ ငွေကြေးဖောင်းပွမှု စသည့် စိန်ခေါ်မှုများဖြင့် ရင်ဆိုင်ရမည်ဖြစ်သည်။

ref_ Al Jazeera and agencies
M-Media
လက်တင်အမေရိကမှ ဖွံ့ဖြိုးတိုးတက်မှုအမြန်ဆုံး နိုင်ငံတစ်ခုဖြစ်သည့် ဘရာဇီးလ်၏ သမ္မတ ရွေးကောက်ပွဲ တွင် လက်ရှိသမ္မတ ဒီလ်မာ ရူးဆက်ဖ်က အနိုင်ရရှိခဲ့သည်ဟု သိရသည်။

ဒေသခံ လူထုရဲ့ အသံနားထောင်ဖို့ အရေးကြီး

Photo: ဒေသခံ လူထုရဲ့ အသံနားထောင်ဖို့ အရေးကြီး
Monday, October 27, 2014 

မိမိရဲ့ ကချင်ပြည်နယ်ခရီးစဉ်ဟာ ကချင်ပြည်နယ်က ဒေသခံတွေရဲ့ စိုးရိမ်မှုတွေ လိုလားချက်တွေနဲ့ မျှော်လင့်ချက်တွေကို သိရှိအောင် လာရောက် နားထောင်တာဖြစ်ကြောင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ သုံးရက်ကြာရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Derek Mitchell ကဒီနေ့ ပြောကြားပါတယ်။

သူ့ရဲ့မြစ်ကြီးနားမြို့ ခရီးစဉ်နဲ့ ပတ်သက်ပြီး RFA ကမေးမြန်းရာမှာ သံအမတ်ကြီး Mr. Mitchell က ကချင်ပြည်နယ်အစိုးရအပြင် ဘက်ပေါင်းစုံက အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့တာနဲ့ ပတ်သက်ပြီး ပြောလိုက်တာပါ။

“အဖွဲ့အစည်းပေါင်းစုံနဲ့ သုံးရက်ကြာတွေ့ဆုံခဲ့ပြီး မိမိခံစားမိတာက စစ်မှန်တဲ့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ဆိုရင် အောက်ခြေအဆင့်ဆင့်မှာ ဘက်ပေါင်းစုံက ယုံကြည်မှုတည်ဆောက်ဖို့ အများကြီး လိုအပ်နေပါသေးတယ်။ ရန်ကုန်လိုမြို့မှာ ကချင်ပြည်နယ်နဲ့ ပတ်သက်ပြီး အမျိုးမျိုးပြောတာ ကြားရပါတယ်။ အခုလို လာရောက်ပြီး အဖွဲ့အစည်းပေါင်းစုံနဲ့ တွေ့ဆုံပြီး နားထောင်ရတာကိုတော့ ဘာနဲ့မှ လဲလို့မရပါဘူး။ အဲ့ဒီမှာ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး ဒေသခံတွေ ဘာပြောနေကြသလဲ၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဒေသခံတွေ ဘာတွေပြောနေသလဲဆိုတာကို နားထောင်ဖို့ဟာ အရေးကြီးပါတယ်” လို့ အမေရိကန်သံအမတ်ကြီးက ပြောသွားပါတယ်။

ကချင်ပြည်နယ်အစိုးရ ဝန်ကြီးချုပ် လဂျွန်ငန်ဆိုင်းကလည်း သံအမတ်ကြီး ကချင်ပြည်နယ်ကို လာရောက်တာကို ကြိုဆိုကြောင်း ပြောပါတယ်။

"မြစ်ကြီးနားကို လာတဲ့အချိန်မှာပေါ့၊ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးကိစ္စတွေ လူသားချင်းစာနာတဲ့ အထောက်အထား ထောက်ပံ့မှုတွေ အကြောင်းတွေ ဒါတွေပဲဆွေးနွေးတာ ရှိပါတယ်၊ အမေရိကန်သံအမတ်ကြီးအနေနဲ့ ကချင်ပြည်နယ်ကို လာတယ်ဆိုတာဟာ ပြည်နယ်အစိုးရရဲ့ သဘောထားအမြင်တွေ၊ ကချင်ပြည်နယ်ရဲ့ အခြေအနေတွေကို မျက်မြင်ကိုယ်တွေ့ တွေ့ခွင့်ရတာပါ၊ အဲ့ဒီတော့ တခါတခါမှာ အပြင်မှာပြောတဲ့စကားတွေ၊ မီဒီယာမှာ ကြားရတဲ့ကိစ္စတွေ သူကိုယ်တိုင်တွေ့ဆုံတယ်၊ လေ့လာတယ်ဆိုရင်တော့ အရှိကို အရှိအတိုင်း သူမြင်သွားတာပေါ့"

သံအမတ်ကြီးဟာ မြစ်ကြီးနားမြို့နားက စစ်ပြေးဒုက္ခသည် စခန်းတွေကိုလည်း သွားရောက်ကြည့်ရှု့ခဲ့ပါတယ်။

RFA Burmese
မိမိရဲ့ ကချင်ပြည်နယ်ခရီးစဉ်ဟာ ကချင်ပြည်နယ်က ဒေသခံတွေရဲ့ စိုးရိမ်မှုတွေ လိုလားချက်တွေနဲ့ မျှော်လင့်ချက်တွေကို သိရှိအောင် လာရောက် နားထောင်တာဖြစ်ကြောင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မှာ သုံးရက်ကြာရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Derek Mitchell ကဒီနေ့ ပြောကြားပါတယ်။

“နိုင်ငံရေးအသုံးချခံဖြစ်သွားလေပြီလားကိုပါကြီး”

ယနေ့အွန်လိုင်းမီဒီယာပေါ်မှာ လူပြောအများဆုံးအကြောင်းပြောပါဆိုလျှင် သတင်းထောက် ကိုပါကြီး(ခေါ်) ကိုအောင်နိုင် ကျော် ကိစ္စလို့ပဲပြော ရမည်ဖြစ် ပါသည်။ ကိုပါကြီးသေဆုံးရခြင်း အကြောင်းနှင့်ပတ်သက်၍ လွတ်လပ်ပြီး ကျွမ်းကျင်သော ပညာရှင်များပါဝင်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ်ကို အမြန်ဆုံးဖွဲ့စည်းပြီး ကျူးလွန်သူများကို တရားဥပဒေနှင့် အညီ အရေးယူဆောင် ရွက်ပေးဖို့ ဒီမိုကရက်တစ်အဖွဲ့ အစည်းပေါင်း (၄၆)ဖွဲ့က အောက်တို ဘာ လ(၂၆)ရက်နေ့ ရက် စွဲဖြင့် ကြေငြာချက် ထုတ်ပြန်ခဲ့ကြသည့်အပြင် ကိုကိုကြီး၊ မင်းကိုနိုင်၊ နေမျိုးဇင်တို့ကိုယ်တိုင် ဦးဆောင်၍ မြို့တော်ခန်းမရှေ့တွင် စုဝေးကာတောင်းဆိုခဲ့ ကြပါသည်။

ထိုသို့ကြေငြာချက် ထုတ်ပြန်ခြင်း၊ စုဝေးတောင်းဆိုခြင်းများနှင့် ပတ်သက်၍ သတင်းထောက် တစ်ယောက်သေဆုံးခြင်းဟာ နိုင်ငံရေးအသုံးချခံအဖြစ် ဖြစ်လာနေပြီလားဟု မေးခွန်းထုတ်စရာဖြစ်လာပါသည်။

ဒီဇင်ဘာလ အတွင်း ကမ္ဘာကြီး ခြောက်ရက်ကြာ အမှောင်ကျ သွားမည်ဆိုခြင်း နာဆာငြင်း

Photo: ဒီဇင်ဘာလ အတွင်း ကမ္ဘာကြီး ခြောက်ရက်ကြာ အမှောင်ကျ သွားမည်ဆိုခြင်း နာဆာငြင်း
Monday, October 27, 2014 

နေမုန်တိုင်း ထန်ခြင်း ဖြစ်စဉ် တစ်ရပ်ကြောင့် လာမည့် ဒီဇင်ဘာလ အတွင်း ကမ္ဘာကြီးမှာ ခြောက်ရက်ကြာ အမှောင်ဖုံးလွှမ်း သွားလိမ့်မည် ဆိုသည့် အွန်လိုင်း ပေါ်တွင် ပျံ့ နှံ့ လျက် ရှိသည့် သတင်းတစ်ရပ်နှင့် ပတ်သက်ပြီး နာဆာက ငြင်းပယ် လိုက်သည်။

ဖျော်ဖြေရေး ဝက်ဘ်ဆိုက် Huzlers.com တွင် "၂၀၁၄ ဒီဇင်ဘာလ အတွင်း ကမ္ဘာတွင် ခြောက်ရက်ကြာ လုံးဝ အမှောင်အတိ ကျသွားမည် ဟု နာဆာ အတည်ပြု"ဟူ၍ သတင်း တစ်ပုဒ် ဖော်ပြခဲ့ရာ ယင်းသတင်း အွန်လိုင်းပေါ် ရောက်ချိန်မှ စပြီး သတင်းမှန် သတင်းစစ် အဖြစ် ယုံကြည် ပျံ့ နှံ့ မှုများ ကျယ်ပြန့် သွားခဲ့သည်။

"ဒီဇင်ဘာ ၁၆ ရက်ကနေ ၂၁ ရက် အထိ ကမ္ဘာမြေ ပေါ်မှာ ခြောက်ရက်ကြာ လုံးဝ မှောင်သွား လိမ့်မယ်။ နေမုန်တိုင်းထန် ဖြစ်စဉ် ပေါ်ပေါက် မှာ ဖြစ်လို့  ဖုန်နဲ့ စကြဝဠာ အမှိုက် သရိုက်တွေ ပြည့်သိပ်ဖုံးလွှမ်း သွားမှာ ဖြစ်တဲ့အတွက် ၉၀ ရာခိုင်နှုန်း နေအလင်းရောင် ပျောက် သွားမှာ ဖြစ်တယ်လို့  နာဆာက အတည်ပြု ထားပါတယ်"ဟု ယင်း Huzlers.com သတင်းတွင် ဖော်ပြသည်။

Huzlers.com ၏ ဖော်ပြချက်ကို နာဆာက တုံ့ ပြန် ရှင်းလင်းမှု တစ်ရပ် ပြုလုပ်ခဲ့ပြီး အေဂျင်စီက မည့်သည့် တရားဝင်ပြောဆိုမှုမှ ထုတ်ပြန်ထားခြင်းမရှိကြောင်း ကိုယ်ပိုင် ဝက်ဘ်ဆိုက်တွင် ပြန်လည် ဖော်ပြလိုက်သည်။ ထို့ပြင် Huzlers.com ဝက်ဘ်ဆိုက်ကိုယ်တိုင် ကလည်း ၎င်းတို့ ဝက်ဘ်ဆိုက်သည် အပျော်ဖတ် သတင်းသာများ၍ အလေးအနက် မထားကြရန် ပွင့်ပွင့်လင်းလင်းပင် ဖော်ပြခဲ့သည်။

Ref: Zee News 
Mizzima - News in Burmese
နေမုန်တိုင်း ထန်ခြင်း ဖြစ်စဉ် တစ်ရပ်ကြောင့် လာမည့် ဒီဇင်ဘာလ အတွင်း ကမ္ဘာကြီးမှာ ခြောက်ရက်ကြာ အမှောင်ဖုံးလွှမ်း သွားလိမ့်မည် ဆိုသည့် အွန်လိုင်း ပေါ်တွင် ပျံ့ နှံ့ လျက် ရှိသည့် သတင်းတစ်ရပ်နှင့် ပတ်သက်ပြီး နာဆာက ငြင်းပယ် လိုက်သည်။

ကွယ်လွန်သွားပြီ ဖြစ်သော်လည်း ပရိသတ်များ အပေါ် လွှမ်းမိုးနိုင်မှု ရှိနေဆဲ ဂျွန်လင်နွန်

Photo: ကွယ်လွန်သွားပြီ ဖြစ်သော်လည်း ပရိသတ်များ အပေါ် လွှမ်းမိုးနိုင်မှု ရှိနေဆဲ ဂျွန်လင်နွန်
Monday, October 27, 2014

နယူးယော့ခ်၊ အောက်တိုဘာ ၂၇။ အင်္ဂလိပ် ရော့ခ်ဂီတ အဖွဲ့ “The Beatles” အဖွဲ့ဝင် တစ်ဦးဖြစ်သူ အဆိုတော် ဂျွန်လင်နွန် ရေးသား ခဲ့သည့် စာတစ်စောင်ကို အောက်တိုဘာလ ၂၃ ရက်က ပြုလုပ်ခဲ့ သည့် လေလံပွဲ တစ်ခုတွင် ဒေါ်လာ နှစ်သောင်း ရှစ်ထောင်ဖြင့် ရောင်းချ ခဲ့သည်။

၁၉၇၁ ခုနှစ်က ရေးသားခဲ့သည့် အဆိုပါ စာကို ဂျွန်လင်နွန်က အမေရိကန် ရုပ်သံ အစီအစဉ်မှူး ဂျိုးဖရန်ကလင်းဆီ ရေးသား ခဲ့ခြင်း ဖြစ်ပြီး စာထဲတွင် ဇနီးဖြစ်သူ ဂျပန်လူမျိုး အဆိုတော် ယိုကိုအိုနို၏ ဂီတ အရည်အသွေးကို ချီးမွန်းခန်း ဖွင့်ထားကာ ဇနီး ဖြစ်သူ၏ နောက်ဆုံးထွက် အယ်လ်ဘမ်ကို နားထောင်ရန် ဂျိုးကို ညွှန်းခဲ့သည်။

မန်ဆာချူးဆက် ပြည်နယ်၊ ဘော်စတွန် မြို့တွင် ပြုလုပ်ခဲ့သည့် လေလံပွဲတွင် အဆိုပါ စာကို ဒေါ်လာ နှစ်သောင်း ရှစ်ထောင်ဖြင့် ရောင်းချ နိုင်ခဲ့သည်။ အဆိုပါ လေလံပွဲတွင် ဂျွန်လင်နွန်၏ စာအပြင် အခြား အနုပညာရှင် များ၏ အမှတ်တရ ပစ္စည်းများ ကိုလည်း ရောင်းချခဲ့သည်။

Ref: Contact Music
Mizzima - News in Burmese
နယူးယော့ခ်၊ အောက်တိုဘာ ၂၇။ အင်္ဂလိပ် ရော့ခ်ဂီတ အဖွဲ့ “The Beatles” အဖွဲ့ဝင် တစ်ဦးဖြစ်သူ အဆိုတော် ဂျွန်လင်နွန် ရေးသား ခဲ့သည့် စာတစ်စောင်ကို အောက်တိုဘာလ ၂၃ ရက်က ပြုလုပ်ခဲ့သည့် လေလံပွဲ တစ်ခုတွင် ဒေါ်လာ နှစ်သောင်း ရှစ်ထောင်ဖြင့် ရောင်းချ ခဲ့သည်။

ပြူတင်းပေါက် မပါသည့် လေယာဉ်တစ်မျိုး တည်ဆောက်ရန် ကြံရွယ်နေ

Photo: ပြူတင်းပေါက် မပါသည့် လေယာဉ်တစ်မျိုး တည်ဆောက်ရန် ကြံရွယ်နေ
Monday, October 27, 2014

ပြူတင်းပေါက် မပါပဲ ဘေးပတ်ဝန်းကျင် မြင်ကွင်းများကို လွတ်လွတ်လပ်လပ် ကြည့်ရှုခံစား နိုင်မည့် ခရီးသည်တင် လေယာဉ် တီထွင်ရေး စိတ်ကူး စိတ်သန်း သည် ဆယ်စုနှစ်အတွင်းအကောင်အထည်ပေါ် ကာ မျက်ဝါး ထင်ထင် မြင်တွေ့ ရ တော့ မည် ဖြစ်သည်။

ယင်း လေယာဉ်ပျံကို စီးနိုင်မည့် ခရီးသည်များ အနေဖြင့် အင်တာနက်နှင့် အီမေးလ်များကို ဘေးအကာ အဖြစ် တည်ဆောက် ထားသည့် မှန်သား မျက်နှာပြင် မှပင် အသုံးပြုသွား နိုင်မည် ဖြစ် သလို လေ ယာဉ်စီး ခရီးစဉ် တစ်လျှောက် ကောင်းကင် မြင်ကွင်း ကိုလည်း တိုးလျှိုပေါက် ကြည့်ရှု ခံစားသွား နိုင်မည် ဖြစ်သည်။

ယင်းလေယာဉ်သည် ပြူတင်းမှန်များ အစား ဘေးအကာ အဖြစ် တို့ထိနိုင်သည့် မျက်နှာပြင် (Smart Screen) များကို အပြည့် ကာရံ တည်ဆောက် မည် ဖြစ်၍ယင်းစမတ်မှန်များမှပင်အင်တာနက်နှင့်မေးလ် များကို သုံးစွဲ သွားနိုင် မည် ဖြစ်သည်။ ဆန္ဒရှိ၍ အပြင် မြင်ကွင်း များကို ပိတ်ချင်သည့် အခါတွင်လည်း ယင်းစမတ် မျက်နှာပြင် များကို ပိတ်နိုင်အောင် ပြုလုပ်ပေး ထားမည် ဖြစ်သည်။ ယခု နည်းပညာ စိတ်ကူးကို နည်းပညာ ကုမ္ပဏီ Centre for Process Innovation (CPI)က စိတ်ကူး တီထွင်နေခြင်း ဖြစ်သည်။

လေယာဉ် ကိုယ်ထည်ကို ယင်းသို့ စမတ် မှန်သားဖြင့် တည်ဆောက်ခြင်း ဖြစ်ပြီး ကိုယ်ထည် အပြင်တွင် လိုသလို ရွေ့ နိုင်သော ကင်မရာ များ ပါရှိ၍ ပြင်ပ မြင် ကွင်း ပုံရိပ် ကို လေယာဉ်အတွင်း လိုက်ပါ စီးနင်းလာသည် ခရီးသည်များ ကြည့်ရှု မြင်တွေ့ နိုင်မည် ဖြစ်သည်။ ၎င်းပြင် ကုမ္မဏီက လေယာဉ်၏ အလေးချိန် ကိုလည်း လျော့ချ နိုင်အောင် စီမံမည် ဖြစ်သည်။  လေးချိန် လျော့ကျခြင်း ဖြ င့်လော င် စာ ကုန်နှုန်းကို လျော့ကျ စေမည် ဖြစ်ရာ လေယာဉ်စီး ခရီးသည်များ အတွက် လေယာဉ် နှုန်းထား များကိုလည်း သက်သာ စေမည်ဟု ကုမ္ပဏီက မျှော်လင့် ထားသည်။ တွက်ချက်မှုများ အရ လေယာဉ်တွင် အလေးချိန် ၁ ရာခိုင်နှုန်း လျော့ချနိုင်လျှင် လောင်စာ စားနှုန်း ၀.၇၅ရာခိုင်နှုန်း သက်သာကြောင်း သိရသည်။

လေယာဉ်၏ စမတ်မှန်သည် ပြင်ပ မြင်ကွင်းကို အတွင်းက ခရီးသည်များ မြင်အောင် ဖန်တီးရာ တွင်လည်း ကြည့်ရှု နေသည့် ခရီးသည်၏ မြင်လိုသည့် ပုံရိပ်ကို မျက်လုံးရွေ့ လျားမှုကို လိုက်၍ ပြောင်းလဲ ပြသ နိုင်အောင်လည်း စီမံထားသည်။ “ယုတ္တိကျကျ တွေးရရင် လေယာဉ် ပြူတင်းပေါက်တွေ မရှိပဲ ထားကြည့် ပါစို့ ။ ဒီကျရင် ခရီးသည်တွေ ဘာဖြစ်မလဲ။ စဉ်းစား ကြည့်ပါ။ ပြူတင်းပေါက်မဲ့ လေယာဉ်တွေ ပေါ်လာရင် ပြူတင်းပေါက်တွေ နားမှာ ထိုင်နေ ရတဲ့ ခုလေယာဉ် တွေက ခရီးသည်တွေ အတွက် အနှောက်အယှက် ဖြစ်နေ လိမ့်မယ်”ဟု CPI ကိုယ်စားလှယ် ဒေါက်တာ ဂျွန်ဟဲလ် လီဝဲလ်က ပြောခဲ့သည်။ “လေကြောင်း စက်မှု လုပ်ငန်းမှာ တိုးတက်ဖို့  ကျွန်တော်တို့ လက်ရှိ အချိန်မှာ စဉ်းစား နေပါပြီ”ဟုလည်း ၎င်းက ဖြည့်စွက် ပြောသွားသည်။

Ref: Mirror
Mizzima - News in Burmese
ပြူတင်းပေါက် မပါပဲ ဘေးပတ်ဝန်းကျင် မြင်ကွင်းများကို လွတ်လွတ်လပ်လပ် ကြည့်ရှုခံစား နိုင်မည့် ခရီးသည်တင် လေယာဉ် တီထွင်ရေး စိတ်ကူး စိတ်သန်း သည် ဆယ်စုနှစ်အတွင်းအကောင်အထည်ပေါ် ကာ မျက်ဝါး ထင်ထင် မြင်တွေ့ ရ တော့ မည် ဖြစ်သည်။

အင်ဒို သမ္မတသစ်၏ အစိုးရ အဖွဲ့အား ကြေညာ၊ ပထမဆုံး အမျိုးသမီး နိုင်ငံခြားရေး ၀န်ကြီးပါဝင်

Photo: အင်ဒို သမ္မတသစ်၏ အစိုးရ အဖွဲ့အား ကြေညာ၊ ပထမဆုံး အမျိုးသမီး နိုင်ငံခြားရေး ၀န်ကြီးပါဝင်
Monday, October 27, 2014

အင်ဒိုနီးရှား သမ္မတသစ် ဂျိုကိုဝီဒိုဒိုမှာ တတ်သိပညာရှင်များ အများစုပါဝင်သည့် ၎င်း၏ ကတ်ဘိနက် အဖွဲ့ကို ယမန်နေ့က ကြေညာခဲ့သည်ဟု သိရသည်။

ဝီဒိုဒို၏ အဆိုပါ ကတ်ဘိနက် အဖွဲ့တွင် ၀န်ကြီး ၃၄ ဦး ပါဝင်ပြီး ၁၅ ဦးမှာ ၎င်း အား ထောက်ခံသော နိုင်ငံရေးပါတီများမှဖြစ်ကာ ကျန် ၁၉ ဦးမှာ ယခင်အစိုးရ လက်ထက်တွင် ထမ်းဆောင်ခဲ့ဖူးသော ၀န်ကြီးများနှင့် တတ်သိပညာရှင်များ ဖြစ်ကြသည်။

ဘဏ္ဍာရေးဝန်ကြီး အဖြစ် ယခင် ဒုတိယ၀န်ကြီး  Bambang Brodjonegoro ကို ခန့်အပ်ခဲ့ပြီး၊ စီးပွားရေး စီမံခန့်ခွဲမှုဆိုင်ရာ ၀န်ကြီး အဖြစ် ယခင်အစိုးရ၏ သတင်း အချက်အလက် ၀န်ကြီးဟောင်း Sofyan Djalil အား ခန့်အပ်ခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးနေရာကိုမူ ယခင် နယ်သာလန်ဆိုင်ရာ အင်ဒိုနီးရှား သံ အမတ်ကြီး  Retno Lestary Priansari Marsudi ကို ခန့်အပ်ခဲ့ပြီး ၎င်းမှာ ထိုရာထူး ကို တာဝန်ယူသော ပထမဆုံး အမျိုးသမီး ၀န်ကြီး ဖြစ်လာမည်ဖြစ် သည်။ ၀ီဒိုဒိုကမူ

“ကျွန်တော်ဟာ ဒီကတ်ဘိနက် ကို အလုပ်လုပ်မယ့် ကတ်ဘိနက် အဖြစ် ကင်ပွန်းတပ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ဝီဒိုဒိုမှာ အင်ဒိုနီးရှား နိုင်ငံရေးနှင့် စီးပွားရေး ကျောထောက်နောက်ခံပြုထား သည့် အသိုင်း အ၀ိုင်း အပြင်ဘက် ပြည်သူများထဲမှ ပထမဆုံး သမ္မတဖြစ်လာ ခဲ့သူဖြစ်သည်။ ၀ီဒိုဒိုနှင့် ၎င်း၏ ကတ်ဘိနက် အဖွဲ့မှာ ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။

M-Media
အင်ဒိုနီးရှား သမ္မတသစ် ဂျိုကိုဝီဒိုဒိုမှာ တတ်သိပညာရှင်များ အများစုပါဝင်သည့် ၎င်း၏ ကတ်ဘိနက် အဖွဲ့ကို ယမန်နေ့က ကြေညာခဲ့သည်ဟု သိရသည်။

မြေဧက ငါးသိန်းကျော်ကို သစ်တောမြေအဖြစ်မှ ကျေးရွာမြေ သတ်မှတ်ပေးမည်

သစ်တောကြိုးဝိုင်းနှင့် ထိစပ်နေသော တစ်နိုင်ငံလုံးရှိ မြေဧက ငါးသိန်းကျော်ကို သစ်တောမြေများ အဖြစ်မှ ဖယ် ရှားပြီး မြို့ရွာ၊ ကျေးရွာအဖြစ် ပြန်ပေးတော့မည်ဟု သစ်တောဦးစီးဌာန၊ စီမံကိန်းဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးတင်မောင်သန်းက မဇ္ဈိမကိုပြောသည်။

မြန်မာနိုင်ငံသားတဦး မလေးရှားတွင် အသတ်ခံရ

Photo: မြန်မာနိုင်ငံသားတဦး မလေးရှားတွင် အသတ်ခံရ
Monday, October 27, 2014

မလေးရှားနိုင်ငံ ပီနန်းမြို့တဖက်ကမ်းရှိ ဘာတာဝပ်မြို့ (Butter worth) မှာ မြန်မာနိုင်ငံသားတဦးရဲ့ ရုတ်အလောင်းကို အောက်တိုဘာ ၂၆ ရက်နေ့က တွေ့ရှိခဲ့ကြောင်း  မလေးရှားသတင်းတွေမှာ ဖော်ပြထားပါတယ်။

သေဆုံးသူဟာ ခေါင်းနဲ့ လည်ပင်း ဒဏ်ရာတွေ ရပြီး သေဆုံးခဲ့တာ လို့ ဖော်ပြထားပါတယ်။

ထွန်းနိုင် (ခေါ်) မင်းမင်းလတ်ဆို သူရဲ့ သေဆုံးတဲ့အလောင်းကို သူနေတဲ့ အငှားအိမ်နဲ့ မီတာ ၅၀၀ လောက်မှာ တွေ့ရှိခဲ့တာလို့ မလေးရှားနိုင်ငံ ကပုန်း ခုနှစ်ရက်သားသမီး နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောပါတယ်။

“နာမည်အရင်းက ထွန်းနိုင် ယူအန်ကတ်မှာက မင်းမင်းလတ်ပါ။ သူဘယ်မှာနေလဲဆိုတာ သေချာမသိဘူး။ မနက်ဖြန်ကျမှ ရဲတွေနဲ့တွေ့ပြီး အတိအကျ သိရမယ်။”

သေဆုံးသူရဲ့ အလောင်းကို ဘာတာဝပ် ဆေးရုံမှာ ထားရှိတယ်လို့လည်း ပြောပါတယ်။

သေဆုံးသူဟာ အသတ်မခံရခင် သူငှားနေတဲ့ အိမ်ရဲ့အနားက ဆိုင်မှာ အချင်းများမှု ဖြစ်ပွားခဲ့တယ်လို့လည်း tha sun daily သတင်းမှာ ဖော်ပြထားပါတယ်။

မေလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသားတွေဟာ လစဉ်လိုလို အသတ်ခံနေရတယ်လို့လည်း ဦးစန်းဝင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃ ခု ရခိုင်ပြည်နယ်မှာအတွင်း အကြမ်းဖက်မှု ဖြစ်ပွားပြီးတဲ့နောက် မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသားတွေ အသတ်ခံရမှု စတင်ဖြစ်ပွားခဲ့တာလို့ ဦးစန်းဝင်းက ပြောပါတယ်။

“ပြီးခဲ့တဲ့ ၂၀၁၃ ခု ၅ လပိုင်းကစပြီး ၇ လပိုင်းကုန်လောက်အထိ ၉ ယောက်လောက် အသတ်ခံခဲ့ရတယ်။ အဲဒီနောက်ပိုင်းမှာ တလကို ၂ လောင်းလောက်ကတော့ အနည်းဆုံးပဲ။ နေရာတိုင်းမှာသေတယ်။  အသတ်ခံရတာပေါ့။”

အသတ်ခံရတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အမှုမှန်ပေါ်ပေါက်ရေးအတွက် မြန်မာနိုင်ငံက တာဝန်ရှိသူတွေကလည်း တစုံတရာ လုပ်ဆောင်ပေးတာ မရှိဘူးလို့ ဦးစန်းဝင်းက ပြောပါတယ်။

DVB
မလေးရှားနိုင်ငံ ပီနန်းမြို့တဖက်ကမ်းရှိ ဘာတာဝပ်မြို့ (Butter worth) မှာ မြန်မာနိုင်ငံသားတဦးရဲ့ ရုတ်အလောင်းကို အောက်တိုဘာ ၂၆ ရက်နေ့က တွေ့ရှိခဲ့ကြောင်း  မလေးရှားသတင်းတွေမှာ ဖော်ပြ ထားပါတယ်။

မန္တလေးမြို့သို့ ရေကြောင်းမှ ကုန်စည်စီးဆင်းမှု များပြားနေ၍ ဒီဇင်ဘာလတွင် Mobile Team များဖြင့် စစ်ဆေးအရေးယူမည်

စီး ပွားရေးလုပ်ငန်းများတွင် အချက်အ ချာကျသည့် မန္တလေးမြို့သို့ ကုန်စည် စီးဆင်းမှုသည် ကုန်းကြောင်းမှ ဝင် ရောက်မှုထက် ရေကြောင်းမှ ဝင် ရောက်မှု များပြားနေသောကြောင့် Mobile Team များဖြင့် နိုဝင်ဘာ တွင် ပညာပေးကာလအဖြစ် စတင် စစ်ဆေးအရေးယူမှုများ ဆောင်ရွက် တော့ မည်ဖြစ်ကြောင်း ကူး သန်းရောင်း ဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

ဘာဝဘေး ကြိုတင်သတိပေးစင်တာ ရန်ကုန်တွင် ဖွင့်မည်

ရုတ်တရက် ကျရောက်နိုင်သော သဘာဝဘေးအန္တရာယ်များနှင့် ကြိုတင် ကာကွယ်နိုင်သော ဘေးအန္တရာယ် များအတွက် သတိပေးကြေညာမည့် ဌာနကို ရန်ကုန်မြို့တော်ရှိ ကြက်ခြေနီ ရုံးခွဲတွင် ယခုနှစ်ကုန်၌ ဖွင့်လှစ်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ ဘေးဒုက္ခ စီမံခန့်ခွဲရေးဌာန ညှိနှိုင်းရေးမှူး ဦးကျော်ဆန်းဝင်း က ပြောကြားသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမတွင် အီလက်ထရွန်နစ် ငွေကြေးကောက် ခံမှု စနစ် လုပ်ဆောင်နိုင်ရန် လေ့လာဆန်းစစ်မှုများပြုလုပ်

Photo: ရန်ကုန်-မန္တလေးအမြန်လမ်းမတွင် အီလက်ထရွန်နစ် ငွေကြေးကောက် ခံမှု စနစ် လုပ်ဆောင်နိုင်ရန် လေ့လာဆန်းစစ်မှုများပြုလုပ်
Monday, October 27, 2014

ရန် ကုန်-မန္တလေးအမြန်လမ်းမပေါ်ရှိ တိုးဂိတ်များတွင် အီလက်ထရွန် နစ် ငွေ ကြေးကောက်ခံမှုစနစ် (Electronic Toll Collection) အတွက် ၂ဝ၁၄ ခုနှစ် နိုဝင်ဘာလမှစတင်၍ လေ့လာ ဆန်းစစ်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း ရန်ကုန်-မန္တလေးအမြန်လမ်းမပြုပြင် ထိန်းသိမ်းရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ လမ်း မများပေါ်တွင် လက်ရှိအသုံးပြုလျက် ရှိသည့် ကြိုတင်ငွေသွင်းစနစ် (Prepaid)ဖြင့် ငွေကောက်ခံလျက်ရှိပြီး ယခုနှစ် အောက် တိုဘာလကုန်တွင် ရန်ကုန်-မန္တလေးအမြန်လမ်းမပေါ် ရှိ ကြိုတင်ငွေသွင်းစနစ် တိုးဂိတ် များကို ရပ်နားမည်ဖြစ်သည်။

အီလက်ထရွန်နစ်ငွေကြေး ကောက်ခံမှုစနစ် (နူနခအမသညငခွှသူ ဃသူနခအငသည)ကို အသုံးပြုနိုင်ရန် အ ဆိုပါစနစ်ဖြင့် ချိတ်ဆက်ထားသည့် ဘဏ်များတွင် ငွေကြေးကြိုတင်ပေး သွင်းထားရမည်ဖြစ်ပြီး လမ်းကြေး ကောက် ခံမည့်ငွေကြေးများကို ဘဏ် မှတစ်ဆင့် ပေးသွင်းရမည်ဖြစ်၍ ဃမနိငအ ကတ်စနစ်ပုံစံ ဆောင်ရွက် သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ယင်းကဲ့သို့ ငွေကြေးကောက်ခံမှုစနစ်ကို လုပ် ဆောင်ရန် စိတ်ဝင်စားနေသည့် ပြည် တွင်း ပြည်ပကုမ္ပဏီအများအပြား ရှိနေပြီး အဆိုပါကုမ္မဏီများအနေ ဖြင့် ယခုနှစ် အောက်တိုဘာလကုန် အထိ လုပ်ငန်းဆောင်ရွက်နိုင်မည့် အချိန်ကာလ၊ ဆောင်ရွက်မည့် နည်း ပညာ၊ အသုံးပြုမည့်ပစ္စည်းများနှင့် ဆောင်ရွက်မည့်ပုံစံ၊ ကုမ္ပဏီမှတ်ပုံ တင်၊ ကုမ္ပဏီအကြောင်းနှင့် အတွေ့ အကြုံများကို အဆိုပြုတင်သွင်းရ မည်ဖြစ်သည်။

ရန်ကုန်-မန္တလေးအမြန်လမ်း မပေါ်တွင် တိုးဂိတ်အများအပြား ရှိနေခြင်းကြောင့် ခရီးကြန့်ကြာခြင်း နှင့် ငွေကြေးကွာဟစွာ ကောက်ခံ ခြင်းများကြောင့် ပြဿနာများဖြစ်ပေါ် ခြင်းများရှိနေပြီး အဆိုပါစနစ်သည် လမ်းကြေးကို တိကျသည့် အလိုအ လျောက် ငွေကြေးကောက်ခံပေး နိုင်ရန် စီစဉ်ထားသဖြင့် အမြန်ဆုံး အကောင်အထည်ဖော်နိုင်ပါက ကောင်းမွန်သည့်စနစ် ပြောင်းလဲမှု တစ်ခုကို လုပ်ဆောင်နိုင်မည်ဖြစ် ကြောင်း သိရသည်။

Yangon Media Group
ရန်ကုန်-မန္တလေးအမြန်လမ်းမပေါ်ရှိ တိုးဂိတ်များတွင် အီလက်ထရွန် နစ် ငွေ ကြေးကောက်ခံမှုစနစ် (Electronic Toll Collection) အတွက် ၂ဝ၁၄ ခုနှစ် နိုဝင်ဘာလမှစတင်၍ လေ့လာ ဆန်းစစ် မှုများ ပြုလုပ် မည်ဖြစ်ကြောင်း ရန်ကုန်-မန္တလေးအမြန်လမ်းမပြုပြင် ထိန်းသိမ်းရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်တဲ့ ပြည်တွင်း မိုးလေ၀သအခြေအနေ

Photo: မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်တဲ့ ပြည်တွင်း မိုးလေ၀သအခြေအနေ
Monday, October 27, 2014 

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါ တယ်။ဒီကနေ့ညနေအထိ ခန့်မှန်းချက်ကတော့
တနင်္သာရီ တိုင်းဒေသကြီးမှာ နေရာစိပ်စိပ်၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး၊ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းပါမယ်။ 
 
မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအနည်းအငယ်မှ အသင့်အတင့်ရှိပါမယ်။နောက်(၂)ရက်အတွက် ခန့်မှန်းချက်ကတော့ မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွေမှာ မိုးဆက်လက် ထစ်ချုန်းရွာနိုင်ပါတယ်။ နေပြည်တော်နဲ့ အနီးတစ်ဝိုက်အတွက်နဲ့ မန္တလေးမြို့နဲ့အနီးတစ်ဝိုက်တို့အတွက်  ဒီကနေ့ညနေ အထိ ခန့်မှန်းချက် ကတော့ တိမ်အသင့်အတင့် ဖြစ်ထွန်းပါမယ်။ ရန်ကုန်မြို့နဲ့အနီးတစ်ဝိုက် အတွက် ဒီကနေ့ညနေအထိ ခန့်မှန်းချက်ကတော့ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါတယ်။

MRTV-4
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါ တယ်။ဒီကနေ့ညနေအထိ ခန့်မှန်းချက်ကတော့ တနင်္သာရီ တိုင်းဒေသကြီးမှာ နေရာစိပ်စိပ်၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး၊ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းပါမယ်။ 

ခါကာဘိုရာဇီတောင်သို့ အောင်မြင်စွာ တက်ရောက်နိုင်သော အဖွဲ့ကို ဂုဏ်ပြုပွဲပြုလုပ်မည်

Photo: ခါကာဘိုရာဇီတောင်သို့ အောင်မြင်စွာ တက်ရောက်နိုင်သော အဖွဲ့ကို ဂုဏ်ပြုပွဲပြုလုပ်မည်
Monday, October 27, 2014

မြန်မာနိုင်ငံ၏ အမြင့်ဆုံး ခါကာဘိုရာဇီရေခဲတောင်ကို အောင်မြင်စွာ တက်ရောက်နိုင်ခဲ့သည့် တောင်တက် အဖွဲ့အား ဂုဏ်ပြုပွဲပြုလုပ်မည်ဟု သတင်းရရှိသည်။

ခါကာဘိုရာဇီရေခဲတောင်ထိပ်သို့ ဩဂုတ် ၃၁ ရက်တွင် မြန်မာနိုင်ငံအလံ ကို အောင်မြင်စွာ စိုက်ထူနိုင်ခဲ့ပြီးနောက် ပျောက်ဆုံးနေသည့် တက္ကသိုလ်ခြေ လျင် နှင့် တောင်တက်အသင်း (သဘာဝခေါ်သံဖောင်ဒေးရှင်း)မှ ၊ ကိုဝေယံမင်း သူ အပါအဝင် တောင်ခြေအထိ တက်ရောက်နိုင်ခဲ့သည့် တောင် တက်သမား များ နှင့် ခါကာဘိုရာဇီရေခဲတောင် တက်ရောက်နိုင်ရန် အကူ အညီ ပေးခဲ့သူများအား ဂုဏ်ပြုပွဲပြုလုပ်မည်ဖြစ်ကြောင်း ယင်းအသင်း ဥက္ကဋ္ဌ ဦးမျိုးသန့် က ပြောသည်။

ထို့အပြင် ပျောက်ဆုံးနေသည့် တောင်တက်သမားနှစ်ဦးကို ကူညီရှာဖွေပေး သည့် ထူးဖောင်ဒေးရှင်းနှင့် ရှာဖွေရေးပြုလုပ်နေစဉ် ရဟတ်ယာဉ်ပျက်ကျ ပြီး သေဆုံးသွားခဲ့သည့် ထူးဖောင်ဒေးရှင်းမှ ရဟတ်ယာဉ်မှူး ဦးအောင်မြတ် တိုး တို့ ကိုလည်း ချီးကျူးဂုဏ်ပြုပွဲပြုလုပ်မည်ဟု ၎င်းက ပြောသည်။
ခါကာဘိုရာဇီရေခဲတောင်ထိပ်သို့ အောင်မြင်စွာတက်ရောက်နိုင်ခဲ့သည့် တောင်တက်သမားနှစ်ဦး ပျောက်ဆုံးနေသည် မှာ နှစ်လနီးပါးကြာမြင့်လာပြီး လက်ရှိအချိန်ထိ တွေ့ရှိခြင်းမရှိသေးသည့်အတွက် ခါကာဘိုရာဇီ သူရဲကောင်းများ ဂုဏ်ပြုပွဲပြုလုပ်မည်ကို ဝေဖန်မှုများရှိနေသည်။

‘‘မလုပ်သင့်ဘူး ပြောတာတွေက ဒါသူတို့ရဲ့ ပုဂ္ဂိုလ်ရေး အရ ပြော တာ၊ ရေးတာတွေ ရှိပေမယ့် ဆရာတို့ကတော့ သူတို့ကို ဂုဏ်ပြုပွဲလုပ်ပေး သင့်တယ်ထင်လို့လုပ်တာ’’ဟု ဦးမျိုးသန့်က ပြောသည်။

ခါကာဘိုရာဇီသူရဲကောင်းများဂုဏ်ပြုပွဲကို နိုဝင်ဘာ ၂ ရက် နံနက် ၈ နာရီခွဲတွင် မင်းရဲကျော်စွာလမ်းရှိ UMFCCI ၌ ပြုလုပ်မည်ဖြစ်သည်။

ပျောက်ဆုံးနေဆဲဖြစ်သည့် တောင်တက်သမားနှစ်ဦးကို ရှာဖွေရန် ခါကာ ဘိုရာဇီရေခဲတောင်တက်ရောက်နေသည့် ဂျပန်တောင်တက်အဖွဲ့နှင့် အမေရိကန်တောင်တက်အဖွဲ့ဝင်များထံ အကူအညီ တောင်းထားကြောင်း ထူးဖောင်ဒေးရှင်းမှ သတင်းရရှိသည်။

7 Day Daily
မြန်မာနိုင်ငံ၏ အမြင့်ဆုံး ခါကာဘိုရာဇီရေခဲတောင်ကို အောင်မြင်စွာ တက်ရောက်နိုင်ခဲ့သည့် တောင်တက် အဖွဲ့အား ဂုဏ်ပြုပွဲပြုလုပ်မည်ဟု သတင်းရရှိသည်။

သဘောတူညီချက် မရသည့် တပ်ပိုင်းဆိုင်ရာ ကိစ္စများ ညှိနှိုင်းရန် အစိုးရကို SSPP/SSA စာပို့တောင်းဆို

ယခုလ ပထမပတ်အတွင်း တွေ့ဆုံ ဆွေးနွေးခဲ့သော်လည်း သဘောတူညီချက် မရသည့် တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို ထပ်မံဆွေးနွေးရန် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ဗဟိုကော်မတီက အစိုးရနှင့် ထပ်မံ ဆွေးနွေးရန်အတွက် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ (UPWC) ထံသို့ စာပေးပို့ တောင်းဆိုထားကြောင်း SSPP/SSA အထွေထွေ အတွင်းရေးမှူး ဦးစဝ်ခွန်စိုင်းက ပြောကြားသည်။

တရုတ်နိုင်ငံတွင်ပြစ်မှု ၉ ခုကို သေဒဏ်ချမှတ်နိုင်သည့် ပြစ်မှုစာရင်းမှ ပယ်ဖျက်ရန် စဉ်းစားနေ

Photo: တရုတ်နိုင်ငံတွင်ပြစ်မှု ၉ ခုကို သေဒဏ်ချမှတ်နိုင်သည့် ပြစ်မှုစာရင်းမှ ပယ်ဖျက်ရန် စဉ်းစားနေ
Monday, October 27, 2014

တရုတ်နိုင်ငံတွင် သေဒဏ်ချမှတ်နိုင်သော ပြစ်မှုများစာရင်းမှ ပြစ်မှု ၉ ခုကို ပယ်ဖျက်ပေးရန်အတွက် အာဏာရကွန်မြူနစ်ပါတီက စဉ်းစားနေကြောင်း နိုင်ငံပိုင်မီဒီယာ က ပြောသည်။

တရုတ်နိုင်ငံသည် သေဒဏ်အသုံးပြုမှုအများဆုံးနိုင်ငံဖြစ်ပြီး ပြစ်မှုပြစ်ဒဏ်မမျှတမှုများအပေါ် အများပြည်သူက စိုးရိမ်လျက်ရှိကြောင်း အခွင့်အရေးအဖွဲများက ပြောသည်။

တရုတ်နိုင်ငံ ရာဇ၀တ်မှုစီရင်ထုံး ပြင်ဆင်ရေးမူကြမ်းအား အမျိုးသားပြည်သူ့လွှတ်တော်သို့ ဆွေးနွေးအကြံပြုရန်တင်ပြထားပြီးဖြစ်ကြောင်း စင်ဟွာသတင်းဌာနမှ သိရသည်။

သေဒဏ်ပယ်ဖျက်ပေးရန်စဉ်းစားနေသော ပြစ်မှုများမှာ လက်နက်၊ ခဲယမ်း၊ နျူကလီးယားသတ္တိကြွပစ္စည်းများနှင့် ငွေစက္ကူအတုများ မှောင်ခိုတင်သွင်းခြင်း၊ ရန်ပုံငွေဗန်းပြ ငွေကြေးလိမ်လည်ရယူခြင်း၊ ပြည့်တန်ဆာလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ပေးခြင်း၊ အဓမ္မခိုင်းစေခြင်းတို့ ပါဝင်ကြောင်း စင်ဟွာက သတင်းဖော်ပြသည်။

ယင်းအပြင် တာဝန်ဝတ္တရားနှောက်ယှက်မှုနှင့် စစ်ပွဲကာလအတွင်း ကောလဟလ လီဆယ်ထုတ်လွှင့်ခြင်း စသည့် ပြစ်မှုများအတွက်လည်း သေဒဏ်ပယ်ဖျက်ပေးရန် ပြန်လှန်စစ်ဆေးနေကြောင်း သိရသည်။

လက်ရှိ တရုတ်နိုင်ငံတွင် လိမ်လည်မှု၊ တရားမ၀င်ငွေချေးခြင်းအပါအ၀င် သေဒဏ်ချမှတ်နိုင်သော ရာဇ၀တ်ပြစ်မှုပေါင်း ၅၀ ရှိပြီး ကွပ်မျက်ခံရသူအရေအတွက်ကို နိုင်ငံတော်လျို့ဝှက်ချက်အဖြစ် ထားရှိသည်။

တရုတ်နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေးအရေးဆိုသည့် ဆန်ဖရန်စ္စကိုအခြေစိုက် ဒွီဟွာဖောင်ဒေရှင်း၏ ခန့်မှန်းချက်အရ တရုတ်နိုင်ငံ၌ ၂၀၁၃ခုနှစ်က ၂၄၀၀ ဦး ကွပ်မျက်ခဲ့သည်ဟု ဆိုသည်။ အမေရိကန်နိုင်ငံတွင် ၂၀၁၃ခုနှစ်က ၃၉ဦး ကွပ်မျက်ခဲ့သည်။

ကွန်မြူနစ်ပါတီက အဆိုပါတရားရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးကို လွန်ခဲ့သောရက်သတ္တပတ်က ပြုလုပ်ခဲ့သော အစည်းအဝေး၌ ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။ ယင်းသို့ပြုပြင်ပြောင်းလဲရေးပြုလုပ်ရန် စီစဉ်နေသော်လည်း တရားရေးမဏ္ဍိုင်တခုလုံးကို ပါတီ၏ ထိန်းချုပ်မှုအောက်တွင်ပင်ဆက်လက်ထားရှိသွားမည်ဖြစ်ကြောင်းကို အလေးအနက်ထား ပြောကြားခဲ့သဖြင့် သိသာထင်ရှားသော နိုင်ငံရေးအပြောင်းအလဲ ဖြစ်လာဖွယ်မရှိကြောင်း လေ့လာအကဲဖြတ်သူများက ပြောသည်။

ပုံ-၀ူဟန် အမှတ် ၁ အကျဉ်းစခန်း၌ သေဒဏ်ချမှတ်ခံအမျိုးသမီးတဦးအား ကွပ်မျက်ရန် ထောင်စောင့်များက ခေါ်ဆောင်သွားနေပုံ
Ref;Reuters

စောင့်ကြည့်သတင်းဂျာနယ်
ပုံ-၀ူဟန် အမှတ် ၁ အကျဉ်းစခန်း၌ သေဒဏ်ချမှတ်ခံအမျိုးသမီးတဦးအား ကွပ်မျက်ရန် ထောင်စောင့် များ က ခေါ်ဆောင်သွားနေပုံ
တရုတ်နိုင်ငံတွင် သေဒဏ်ချမှတ်နိုင်သော ပြစ်မှုများစာရင်းမှ ပြစ်မှု ၉ ခုကို ပယ်ဖျက်ပေးရန်အတွက် အာဏာရ ကွန်မြူနစ်ပါတီက စဉ်းစားနေကြောင်း နိုင်ငံပိုင်မီဒီယာ က ပြောသည်။

ရန်ကုန်မြို့အတွင်းရှိ စူပါမားကက်များနှင့် ဓာတ်ဆီဆိုင်များတွင် အီလက် ထရွန်နစ် စနစ်ဖြင့် ကုန်သွယ်လုပ်ငန်းခွန်ကောက်ခံနိုင်ရန်စီစဉ်

 Photo: ရန်ကုန်မြို့အတွင်းရှိ စူပါမားကက်များနှင့် ဓာတ်ဆီဆိုင်များတွင် အီလက် ထရွန်နစ် စနစ်ဖြင့် ကုန်သွယ်လုပ်ငန်းခွန်ကောက်ခံနိုင်ရန်စီစဉ်
Monday, October 27, 2014

ရန် ကုန်မြို့အတွင်းရှိ စူပါမားကက်များ နှင့် ဓာတ်ဆီဆိုင်များတွင် အီလက် ထရွန်နစ် စနစ်ဖြင့် ကုန်သွယ်လုပ် ငန်းခွန်ကောက်ခံနိုင်ရန် စီစဉ် ဆောင် ရွက်နေကြောင်း ပြည်တွင်း အခွန်များဦးစီးဌာနမှ ညွှန်ကြား ရေးမှူးဦးမင်းထွဋ် က ပြောသည်။

ယင်းကဲ့သို့ကောက်ခံနိုင်ရန် အတွက် အောက်တိုဘာ၂၄ရက်က ပြည်တွင်း အခွန်များ ဦးစီးဌာနရုံး တွင်ပြုလုပ်သည့် လုပ်ငန်းရှင်များ နှင့်တွေ့ဆုံပွဲတွင် ယင်းကဲ့သို့ပြောခြင်း ဖြစ်သည်။

ပြည်တွင်းအခွန်များဦးစီးဌာန မှညွှန်ကြားရေးမှူး ဦးမင်းထွဋ်က
''စူပါမတ်ကက်တွေ၊ ဓာတ်ဆီဆိုင် တွေကို အီလက်ရွန်နစ်စက်တွေနဲ့ ကုန်သွယ်ခွန်ကောက်ခံဖို့အတွက် လက်ရှိမှာ ပုဂ္ဂလိကကုမ္ပဏီများနဲ့ ဆွေးနွေးနေပါတယ်''ဟု ပြောသည်။

လက်ရှိတွင် ပြည်တွင်းအခွန် များဦးစီးဌာနအနေဖြင့် ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊အောင်ဘာ လေထီအခွန်၊ တံဆိပ်ခေါင်းအခွန် စသည်ဖြင့် လေးမျိုးကောက်ခံ လျက်ရှိပြီး၊ ယခုဘဏ္ဍာနှစ်လက်ရှိ အချိန်တွင် ကျပ်ငွေ ဘီလီယံ ၁၈ဝဝ ကျော် ကောက်ခံရရှိထားကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။

ဦးမင်းထွဋ်က ''လက်ရှိမှာက စားသောက်ဆိုင်တွေကို အရင် စလုပ် တာပါ၊ ဒီစနစ်က အောင်မြင်သွားရင်၊ လုပ်ကိုင်မယ့်သူတွေကို တင်ဒါခေါ်ယူ သွားမယ်၊ ပြီးရင် စက်တွေတပ်ဆင် သွားမယ်၊ စက်တွေက သိပ်ပြီး အ ဆင်မပြေနိုင်ဘူး ဆိုရင်၊ ဒီအခွန်တံ ဆိပ်နှိပ်ပြီး ကောက်ခံတာကို တခြား လုပ်ငန်းတွေကိုပါ ဆက်လုပ်သွားမှာ ပါ''ဟု ယင်းကပြောသည်။

လက်ရှိတွင် ရန်ကုန်မြို့ရှိ စား သောက်ဆိုင်များကို နိုဝင်ဘာ ၁ ရက်မှစတင်ကာ ကုန်သွယ်ခွန် ကောက်ခံသွားမည်ဖြစ်ကြောင်း ပြည် တွင်းအခွန်များဦးစီးဌာနမှ ပြော ကြားထားသည်။

လမ်းမတော်မြို့နယ်မိသားစု စူပါမတ်မှ တာဝန်ရှိသူတစ်ဦးက ''ဝင်ငွေခွန်ကတော့ နှစ်တိုင်းပေး ဆောင်နေရပါတယ်။ ကုန်သွယ်လုပ် ငန်းခွန်က လက်ရှိရောင်းချနေတဲ့ ပစ္စည်းအမျိုးအစားပေါ်မှာ ဘယ် လို ကောက်ခံမယ်ဆိုတာတော့မသိ သေးဘူး''ဟုပြောသည်။

ယခု ဘဏ္ဍာနှစ်အတွက် အ ခွန်ကောက်ခံမှုကို ကျပ်ဘီလီယံ လေး ထောင်ကျော်ရရှိမည်ဟု ဘဏ္ဍာ အခွန်ဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။

Yangon Media Group
ရန်ကုန်မြို့အတွင်းရှိ စူပါမားကက်များ နှင့် ဓာတ်ဆီဆိုင်များတွင် အီလက် ထရွန်နစ် စနစ်ဖြင့် ကုန်သွယ်လုပ် ငန်းခွန်ကောက်ခံနိုင်ရန် စီစဉ် ဆောင် ရွက်နေကြောင်း ပြည်တွင်း အခွန်များဦးစီးဌာနမှ ညွှန်ကြား ရေးမှူး ဦးမင်းထွဋ် က ပြောသည်။

မြန်မာ့ခရီးသွားဘဏ်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်ကို အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနက ကုမ္ပဏီမှတ်ပုံတင်ခွင့်ပြု

Photo: မြန်မာ့ခရီးသွားဘဏ်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်ကို အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနက ကုမ္ပဏီမှတ်ပုံတင်ခွင့်ပြု
Monday, October 27, 2014

မြန်မာ့ခရီးသွားဘဏ် ဖွင့်လှစ်နိုင်ရန်အ တွက် မြန်မာ့ခရီးသွားဘဏ် အများ နှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် ကို အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုး တက်မှုဝန်ကြီးဌာန၏ ကုမ္ပဏီ မှတ်ပုံတင်ခွင့်ပြုချက် ရရှိထားပြီဖြစ် ကြောင်း ခရီးသွားလုပ်ငန်းရှင်အသိုင်း အဝိုင်းမှ သိရသည်။

လက်ရှိတွင် အဆိုပါမြန်မာ့ခရီး သွားဘဏ်ကို ဖွင့်လှစ်နိုင်ရန်စီစဉ် ဆောင်ရွက် လျက်ရှိပြီး စတင်ဖွင့်လှစ် ချိန်တွင် နေပြည်တော်၊ ရန်ကုန်နှင့် မန္တ လေးမြို့များတွင် ဘဏ်ခွဲများတစ်ပြိုင် တည်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင် များအသင်း အတွင်းရေးမှူးဦးကြည် သိန်းကိုက ''လောလောဆယ်တော့ ဘဏ်ဖွင့်လှစ်နိုင်ဖို့ စီစဉ်နေတုန်းပါ။ အနည်းဆုံးတော့ ခြောက်လလောက် ကြာဦးမှာပါ''ဟု ဆိုသည်။

လက်ရှိရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည် တော်တွင် ဘဏ်ခွဲများဖွင့်လှစ်နိုင်ရန် အတွက် မြေနေရာရရှိရန်အတွက် စီစဉ်လျက်ရှိကြောင်း ခရီးသွားလုပ် ငန်းရှင်များအသင်းချုပ်မှ သိရသည်။

ယင်းက ''လက်ရှိတော့ကုမ္ပဏီ ရဲ့ ရှယ်ယာရောင်းဖို့နဲ့ပတ်သက်ပြီး တော့ အစီအစဉ်တော့မရှိသေးပါဘူး၊ ဘဏ်၊ ဘဏ်ခွဲတွေဖွင့်လှစ်မှပဲ ရှယ် ယာရောင်းချဖို့ စီစဉ်သွားမှာပါ''ဟု ယင်းက ဆိုသည်။

လက်ရှိမြန်မာနိုင်ငံတွင် ဘဏ် လုပ်ငန်းဆောင်ရွက်နေသည့် ပုဂ္ဂလိ ကဘဏ် ၂၄ခုရှိပြီး နိုင်ငံခြားဘဏ် လုပ်ငန်းကိုးခုကို ပြည်တွင်း၌ဘဏ် လုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် လုပ်ကိုင်ခွင့်ပြုထားကြောင်း သိရ သည်။

သင်္ဂဇာခရီးသွားလုပ်ငန်းမှ ဦးတင်ထွန်းအောင်က''ခရီးသွားလုပ် ငန်းနဲ့ပတ်သက်တဲ့ ဘဏ်တစ်ခုပေါ် လာတာတော့ကောင်းပါတယ်၊ ကိုယ့် လုပ်ငန်းနဲ့ကိုယ်စားပြုတဲ့ ဘဏ်တစ် ခုဖြစ်တဲ့အတွက် ငွေကြေးနဲ့ပတ်သက် ရင် အားကိုးရနိုင်တာပေါ့၊ ဘယ်လုပ် ငန်းမှ ငွေကြေးအရင်းအနှီးမရှိဘဲနဲ့ အဆင်မပြေဘူး၊ အခုလဲခရီးသွား လုပ်ငန်းနဲ့ပတ်သက်တဲ့ ဟိုတယ်ဇုန်လို လုပ်ငန်းတွေ အကောင်အထည်ဖော် တဲ့နေရာမှာဆိုရင်လဲ ပြီးတဲ့အထိ ရောက်နိုင်တာပေါ့''ဟု ဆိုသည်။

AS
Yangon Media Group
မြန်မာ့ခရီးသွားဘဏ် ဖွင့်လှစ်နိုင်ရန်အ တွက် မြန်မာ့ခရီးသွားဘဏ် အများ နှင့် သက်ဆိုင်သော ကုမ္ပဏီ လီမိတက် ကို အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုး တက်မှုဝန်ကြီးဌာန၏ ကုမ္ပဏီ မှတ်ပုံတင် ခွင့်ပြုချက် ရရှိထားပြီဖြစ် ကြောင်း ခရီးသွားလုပ်ငန်းရှင်အသိုင်း အဝိုင်းမှ သိရသည်။

အိုက်အက်စ်စစ်သွေးကြွများကို အမေရိကန် လေကြောင်းဖြင့် တိုက်ခိုက်

Photo: အိုက်အက်စ်စစ်သွေးကြွများကို အမေရိကန် လေကြောင်းဖြင့် တိုက်ခိုက်
Monday, October 27, 2014

ဆီးရီးယားနဲ့ တူရကီနယ်စပ်နားက ခိုဘာနီမြို့မှာရှိတဲ့ အစ္စလာမ်မစ်နိုင်ငံတော် အဖွဲ့ (အိုင်အက်စ်) စစ်သွေးကြွတွေကို အမေရိကန် ဦးဆောင်တပ်တွေ က လေကြောင်း တိုက်ခိုက် မှုတွေ အောက်တိုဘာ ၂၆ ရက်နေ့က ပြုလုပ်ခဲ့ ပါတယ်။

ကာဒစ်ရှ် ပြည်သူစစ်တွေဟာ တင့်ကားတွေ၊ အမြောက်တွေ၊ အသေခံ ကုန်ကားဗုံးတွေနဲ့ လက်နက်ပိုကောင်းကောင်း တပ်ဆင်ထားတဲ့ အိုင်အက်စ်စ်သွေးကြွတွေရန်ကနေ ခိုဘာနီမြို့ကို ခုခံဖို့ ရုန်းကန်နေခဲ့ရတာပါ။အိုင်အက်စ်အဖွဲ့က ဆီးရီးယားမြောက်ပိုင်း ပိုင်နက်တွေကို စုစည်းချင်ပေမယ့် အမေရိကန် ဦးဆောင်တပ်တွေက သူတို့ တပ်စခန်းတွေကို ဗုံးကြဲမှုစတည်းက ခံစစ်ပုံစံ ပြောင်းခဲ့ပါတယ်။

ဒီတိုက်ပွဲဟာ တူရကီအတွက်လည်း အကြီးစား နိုင်ငံရေးပါ။ တူရကီနိုင်ငံတွင်းက ကာဒစ်ရှ် သူပုန်တွေက အစိုးရဟာ ခိုဘာနီမြို့ကို ကူညီဖို့ ပျက်ကွက်ခဲ့တဲ့အပေါ် ဒေါသထွက်နေပါတယ်။

တူရကီက ကာ့ဒ်လူမျိုးတွေကတော့ တူရကီ၊ အီရတ်နဲ့ ဆီးရီးယားမှာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်နယ်မြေရရေး ကြိုးစားနေတဲ့ ကာ့ဒ်လူမျိုးတွေ အားကောင်းလာမှာကို တူရကီ သမ္မတက မလိုလားဘူးလို့ ယုံကြည်ကြပါတယ်။

ဒါပေမယ့် သူဟာ အီရတ်က ကာဒစ်ရှ်တပ်တွေ တူရကီကို ဖြတ်သန်းပြီး ဆီးရီးယား နိုင်ငံ ခိုဘာနီမြို့တွင်းက ကာ့ဒ်တွေကို ကူညီဖို့ ခွင့်ပြုရေး သဘောတူထားပါတယ်။ ခိုဘာနီမြို့အရေးဟာ အိုင်အက်စ်ရဲ့ ခြိမ်းခြောက်မှုအပေါ် နိုင်ငံတကာ ညွန့်ပေါင်းတပ်တွေရဲ့ တုံ့ပြန်မှု၊ စိတ်ချရမှု ရှိ၊ မရှိ စစ်ဆေးပွဲအပေါ် မူတည်လာနေပါတယ်။

DVB TV News
ဆီးရီးယားနဲ့ တူရကီနယ်စပ်နားက ခိုဘာနီမြို့မှာရှိတဲ့ အစ္စလာမ်မစ်နိုင်ငံတော် အဖွဲ့ (အိုင်အက်စ်) စစ်သွေြး ကွတွေကို အမေရိကန် ဦးဆောင်တပ်တွေက လေကြောင်း တိုက်ခိုက်မှုတွေ အောက်တိုဘာ ၂၆ ရက်နေ့ က ပြုလုပ်ခဲ့ ပါတယ်။

မဲခေါင်ဒေသ စီးပွားရေးပြိုင်ပွဲသို့ မြန်မာစီးပွားရေးအသင်းနှစ်သင်း ယှဉ်ပြိုင်ခွင့်ရ

ဗီယက်နမ်နိုင်ငံ ဟနွိုင်း မြို့တွင် ကျင်းပပြုလုပ်မည့် မဲခေါင်ဒေသစီးပွားရေး ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ စီးပွားရေး အသင်း နှစ်သင်း ၀င်ရောက်ယှဉ်ပြိုင်ရန် ရွေးချယ် လိုက်ကြောင်း ဆင်ဟွာ သတင်းဌာနက  ရေးသားထား သည်။

ဂျော်ဒန်နိုင်ငံသို့ တရားမဝင် အလုပ်သမားပို့ဆောင်သူ ပွဲစားအမျိုးသမီးပါ သုံးဦးကို ပြည်ပအလုပ်အကိုင် ဆိုင်ရာ ဥပဒေပုဒ်မ-၂၆ ဖြင့် မင်္ဂလာဒုံမြို့မ ရဲစခန်းတွင် အမှုဖွင့်

Photo: ဂျော်ဒန်နိုင်ငံသို့ တရားမဝင် အလုပ်သမားပို့ဆောင်သူ ပွဲစားအမျိုးသမီးပါ သုံးဦးကို ပြည်ပအလုပ်အကိုင် ဆိုင်ရာ ဥပဒေပုဒ်မ-၂၆ ဖြင့် မင်္ဂလာဒုံမြို့မ ရဲစခန်းတွင် အမှုဖွင့်
Monday, October 27, 2014

ပြည်ပ အလုပ်အကိုင် အေဂျင်စီလိုင်စင်မရှိ သည့်အပြင် တရားဝင်အလုပ်သမား စေလွှတ်ခွင့်မပြုထားသည့် နိုင်ငံများ ထဲတွင်ပါဝင်သည့် ဂျော်ဒန်နိုင်ငံသို့ တရားမဝင် အလုပ်သမားပို့ဆောင်သူ ပွဲစားအမျိုးသမီးပါသုံးဦးကို မင်္ဂလာ ဒုံမြို့မရဲစခန်းတွင် ပြည်ပအလုပ်အ ကိုင်ဆိုင်ရာ ဥပဒေပုဒ်မ-၂၆ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

အောက်တိုဘာ၂၅ရက်တွင်တရားမဝင်ပို့ဆောင်သူ နဒီရွှန်းလဲ့ ဝန် ဆောင်မှုကုမ္ပဏီမှ ပွဲစား ဒေါ်သင်း သင်းမိုးပါသုံးဦးကို အရေးယူပေးရန် ယင်းနေ့ညနေပိုင်းတွင် မင်္ဂလာဒုံမြို့မ ရဲစခန်း၌ အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနမှ တရားလိုပြုလုပ်ကာတိုင် ကြားခဲ့ခြင်းဖြစ်ကြောင်း လူကုန်ကူး မှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိ ရသည်။

လူကုန်ကူးမှု တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှဒုရဲမှူးမင်းနိုင်က ''ဒီအ မှုမှာ လူကုန်ကူးမှုမမြောက်တဲ့အတွက် လူကုန်ကူးမှုနဲ့တော့ စွဲထားတာမရှိ ပါဘူး။ လိုင်စင်မရှိဘဲ တရားမဝင်ပို့တာ ဖြစ်တဲ့အတွက် ပြည်ပအလုပ်အကိုင် ဆိုင်ရာ ဥပဒေနဲ့ငြိလို့ အလုပ်သမား ဝန်ကြီးဌာနက တရားလိုပြုလုပ်ပြီး တရားစွဲတာပါ''ဟု ပြောသည်။

အဆိုပါဖြစ်စဉ်သည် အောက် တိုဘာ ၂၅ရက် နံနက် ၇နာရီအချိန် ခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာမည့် ကာတာလေ ကြောင်းခရီးစဉ်အမှတ်(QR-919)ဖြင့် လိုက်ပါမည့် မြန်မာအလုပ်သမား အမျိုးသားတစ်ဦး၊ အမျိုးသမီးငယ် ၁၇ဦးကို နဒီရွှန်းလဲ့ဝန်ဆောင်မှုအေ ဂျင်စီမှ ဒေါ်သင်းသင်းမိုးနှင့် ရွှေပြည် သာမြို့နယ်ရှိ ပွဲစားများဖြစ်သည့် ဒေါ်စန္ဒာခိုင်နှင့် ဦးအေးထွန်းဆိုသူ တို့သည် ဂျော်ဒန်နိုင်ငံရှိ (Vega Textile) အထည်ချုပ်စက်ရုံတို့နှင့် အွန် လိုင်းဖြင့်ဆက်သွယ်ခဲ့ပြီး ဂျော်ဒန်နိုင် ငံဘက်မှ လေယာဉ်လက်မှတ်နှင့် အ လုပ်လုပ်ခွင့်ပါမစ်တို့ ပို့ဆောင်ပေးပြီး လေယာဉ်လက်မှတ်ဖိုး ဒေါ်လာ ၈ဝဝ နှင့် ဗီဇာအတွက် ဒေါ်လာ ၅၅ဝကို အကုန်ကျခံပေးခြင်းဖြစ်ကြောင်း၊ ပွဲ စားဒေါ်စန္ဒာခိုင်နှင့် ဦးအေးထွန်းဆို သူမှာ သွားရောက်လုပ်ကိုင်မည့်သူ များ၏ ဝန်ဆောင်ခအသီးသီးကို စု ဆောင်း၍ ဒေါ်သင်းသင်းမိုးထံပြန် လည်ပေးအပ်ရကြောင်းလည်း သိရ သည်။

ဂျော်ဒန်သို့ သွားရောက်အလုပ် လုပ်ကိုင်မည့် အလုပ်သမားများအနေ ဖြင့်လည်း နဒီရွှန်းလဲ့အေဂျင်စီသို့ မြန်မာနိုင်ငံမှမထွက်ခွာမီ တစ်ဦးလျှင် မြန်မာငွေကျပ် တစ်သိန်းခွဲနှုန်းပေး ရပြီး ဂျော်ဒန်နိုင်ငံသို့ရောက်ပါက တစ်ဦးလျှင်ဒေါ်လာ ၆၅ဝကို တစ်လ ဒေါ်လာတစ်ရာနှုန်းဖြင့် ခြောက်လ ပေးဆောင်ရမည်ဖြစ်ကြောင်း သွား ရောက်လုပ်ကိုင်မည့်အလုပ်သမားများ က ဆိုထားသည်။

အဆိုပါပွဲစားများ၏ တရားမ ဝင်ပို့ဆောင်ခြင်းခံရမည့်သူ ၁၈ဦးကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲ တပ်ဖွဲ့၊ အလုပ်သမားညွှန်ကြားမှုဦးစီး ဌာန၊ လေကြောင်းရဲတပ်ဖွဲ့ခွဲ(ရန်ကုန်) တို့မှ ပူးပေါင်းတားဆီးနိုင်ခဲ့ခြင်းဖြစ် ပြီး အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထင်အောင်နှင့် အလုပ်သမားညွှန် ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်ဦးမျိုးအောင်တို့ကလည်း အလုပ် သမားများကို တရားမဝင်သွားရောက် ၍မရရှိကြောင်းနှင့် ဂျော်ဒန်ကိုခွင့်မ ပြုထားကြောင်းတို့ကို အသိပညာပေး ခဲ့သည်။

ယင်းနှင့်ပတ်သက်၍ မင်္ဂလာ ဒုံမြို့မရဲစခန်းမှ အမှုစစ် ဒုရဲအုပ် ရာ အောင်က ''မနေ့ညနေ ၄း၃ဝ အချိန် လောက်က အလုပ်သမားဝန်ကြီးဌာ နဦးစီးအရာရှိက တရားလိုပြုလုပ်ပြီး မင်္ဂလာဒုံရဲစခန်းမှာ အမှုဖွင့်ခဲ့တာပါ''ဟု ဒီမိုကရေစီတူဒေးသို့ ပြောကြား သည်။

အဆိုပါအမှုကို အလုပ်သမား ဝန်ကြီးဌာနမှ ဦးစီးအရာရှိ ဒေါ်ညိုညို စိုးမှ တရားလိုပြုလုပ်ပြီး မင်္ဂလာဒုံမြို့မ ရဲစခန်းမှ ပ ၄၇၂/၁၄ ပြည်ပအလုပ် အကိုင်ရှာဖွေရေးဆိုင်ရာ ဥပဒေပုဒ် မ -၂၆ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

အဆိုပါမြန်မာအမျိုးသမီးငယ် များတွင် ရခိုင်ပြည်နယ်မှ ခြောက်ဦး၊ ပဲခူးတိုင်းဒေသကြီးမှ သုံးဦး၊ မကွေး တိုင်းဒေသကြီးမှ တစ်ဦး၊ ရန်ကုန်တိုင်း ဒေသကြီးမှ ခုနစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲစားသည် ဂျော်ဒန် နိုင်ငံသို့ တရားမဝင်အလုပ်သမား ပို့ဆောင်နေသည်မှာ သုံးကြိမ်မြောက် ရှိပြီဖြစ်ကြောင်းသိရသည်။

ZCH
Yangon Media Group
ပြည်ပ အလုပ်အကိုင် အေဂျင်စီလိုင်စင်မရှိ သည့်အပြင် တရားဝင်အလုပ်သမား စေလွှတ်ခွင့် မပြုထား သည့် နိုင်ငံများ ထဲတွင်ပါဝင်သည့် ဂျော်ဒန်နိုင်ငံသို့ တရားမဝင် အလုပ်သမားပို့ဆောင်သူ ပွဲစား အမျိုးသမီးပါသုံးဦးကို မင်္ဂလာ ဒုံမြို့မရဲစခန်းတွင် ပြည်ပအလုပ်အ ကိုင်ဆိုင်ရာ ဥပဒေပုဒ်မ-၂၆ဖြင့် အမှုဖွင့် ထားကြောင်း သိရသည်။

စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ စတင်ဖွဲ့စည်း

အငြင်းပွားမှု စေ့စပ်ညှိ နှိုင်းပေးခြင်းနှင့် အသိပညာဗဟု သုတများ ဖြည့်တင်းပေးနိုင်ရန် ရန်ကုန် တိုင်းဒေ သကြီး စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ကို အောက်တိုဘာ ၂၀ ရက်တွင် စတင်ဖွဲ့စည်း လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတင်းရရှိသည်။

မြန်မာ-တရုတ်မူးယစ်ဆေးဥပဒေကွာဟချက်ပေါ် မူးယစ်ရောင်းဝယ်သူအချို့ အခွင့်အရေးယူလုပ်ကိုင်နေ

တရုတ်နှင့် မြန်မာနယ် စပ်မြို့များတွင် မူးယစ်ဆေးနှင့် ပတ်သက်၍ နှစ်နိုင်ငံ ဥပဒေချင်း ကွာဟ ချက်များ ရှိသည့်အပေါ် အခွင့်ကောင်းယူကာ မူးယစ်ဆေး ရောင်းသူများက တရုတ်နိုင်ငံတွင် အခြေချ၍ မြန်မာ ဘက်သို့ စိတ်ကြွဆေးရောင်းဝယ်မှု များရှိနေကြောင်း သတင်းရရှိသည်။

တံတားဦးမြို့နယ်ရှိ လယ်ယာမြေများ တစ်ဧကကျပ်သိန်းရာချီဈေးပေါက်ပြီး အရောင်းသွက်

Photo: တံတားဦးမြို့နယ်ရှိ လယ်ယာမြေများ တစ်ဧကကျပ်သိန်းရာချီဈေးပေါက်ပြီး အရောင်းသွက်
Monday, October 27, 2014

 ဟိုတယ်ဇုန်စီမံကိန်း နှင့် မြေကွက်ဝယ်ယူစုဆောင်းမှု များကြောင့် တံတားဦးမြို့နယ်ရှိ လယ်ယာမြေများ တစ်ဧကကျပ် သိန်းရာချီ ဈေးပေါက်ကာ အ ရောင်းအ၀ယ်သွက်နေကြောင်း ဒေသခံ အိမ်ခြံမြေအကျိုးဆောင် များက ပြောသည်။

တံတားဦးဟိုတယ်ဇုန်စီမံ ကိန်းအနီးရှိ လယ်ယာမြေများမှာ မြေတစ်ဧကလျှင် ကျပ်သိန်း ၁၀၀နှင့် ကျပ်သိန်း ၅၀၀ ကြား ဈေးပေါက်ကာ အရောင်းအ၀ယ်သွက်နေသ လို ဈေးနှုန်းများမှာလည်း လွန်ခဲ့ သည့် ခြောက်လခန့်ကထက် နှစ် ဆနီးပါး   မြင့်တက်လာသည်ဟု တံတားဦးမြို့မှ အိမ်ခြံမြေအကျိုး ဆောင်တစ်ဦးက ပြောသည်။

‘‘ဟိုတယ်ဇုန်က မကြာခင် ဆောက်တော့မှာဆိုတော့ မြို့က လူတွေ လာဝယ်ကြတယ်။ ဗမာ တွေရော၊ တရုတ်တွေရော လာ ၀ယ်ကြတာ။ အခုဆိုရင် မြေယာ ၀ယ်ချင်တဲ့သူကများပြီး ရောင်းသူ မရှိဘူးဖြစ်နေတယ်’’ဟု တံတား ဦးမြို့မှ အိမ်ခြံမြေအကျိုးဆောင် တစ်ဦးက ပြောသည်။

လွန်ခဲ့သည့် သုံးနှစ်ခန့်မှစ တင်ကာ တံတားဦးမြို့နယ်အ တွင်းရှိ လယ်ယာမြေများ အ ရောင်းအ၀ယ်သွက်နေခြင်း ဖြစ်ပြီးရန်ကုန်-မန္တလေးအမြန်လမ်းမ ဘေးနှင့် ဟိုတယ်ဇုန်စီမံကိန်းအနီး ၀န်းကျင်ရှိ  လယ်ယာမြေများကို မန္တလေးမြို့မှ ငွေကြေးတတ်နိုင် သူများက ၀ယ်ယူထားကြသည်ဟု ဒေသခံများက ပြောသည်။

လမ်းမကြီးများနှင့် အနီးအ ဝေး၊ မြေနေရာအကွက်အကွင်း ကောင်းမှုအပေါ် မူတည်ကာ လယ်ယာမြေဈေးနှုန်းများကွာခြားပြီး တံတားဦးမြို့နယ်အတွင်းရှိ လယ် ယာမြေများတွင် မြေတစ်ဧကအ နိမ့်ဆုံးဈေး ကျပ်သိန်း ၁၀၀ ခန့် ဈေးပေါက်သည်ဟု ဒေသခံများ က ပြောသည်။

‘‘ရန်ကုန်-မန္တလေးအမြန် လမ်းမဘေးနဲ့ ကျောက်စိမ်းဈေး သစ်အနီးက လယ်ယာမြေတွေဆို ရင် တစ်ဧကသိန်းတစ်သောင်း ကျော် ပေါက်ဈေးရှိတယ်။ စစ် ကိုင်း-မြစ်ငယ်လမ်းဘေးက မြေ တွေလည်း တစ်ဧကသောင်းချီ ဈေးပေါက်တယ်။ သူဌေးတွေက ၀ယ်ထားပြီး ပြန်မရောင်းတော့ ဘူး။ အခုလည်း တရုတ်တွေက ဧရာဝတီမြစ်ဘေး   တံတားဦး မြို့နယ်ထဲက လယ်ယာမြေတွေ ကို ဈေးကောင်းပေးလိုက်ဝယ်နေ တယ်’’ဟု ဒေသခံအိမ်ခြံမြေအ ကျိုးဆောင်တစ်ဦးက ပြောသည်။

တံတားဦးမြို့နယ်အတွင်း ဧရာဝတီမြစ်ကမ်းနဖူးရှိ လယ်ယာမြေများမှာ တစ်ဧကလျှင်ကျပ်သိန်း တစ်ထောင်ခန့်အထိ ဈေးပေါက် နေသည်ဟု ဆိုသည်။ လယ်ယာ မြေများအရောင်းအ၀ယ်ပြုလုပ် ရာတွင် ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေအရ ပိုင်ဆိုင်မှုအထောက် အထားအဖြစ် ထုတ်ပေးသည့် ပုံစံ (၇)၊ ပုံစံ (၁၀၅)တို့ဖြင့် အရောင်းအ၀ယ်ပြုလုပ်ကြခြင်းဖြစ်သည် ဟု ဆိုသည်။တံတားဦးမြို့ပေါ်နှင့် အနီးဝန်းကျင်ရှိ ကျေးရွာများတွင်အိမ်ခြံမြေ ပွဲစားဝိုင်းများရှိပြီး နေ့စဉ်အရောင်းအ၀ယ်ပြုလုပ်နေသူ များရှိကြောင်း  ဒေသခံအိမ်ခြံမြေအကျိုးဆောင်များကပြောသည်။

တံတားဦးမြို့နှင့် ဆက်စပ် နေသည့် ငါန်းဇွန်မြို့နယ် မြို့သာ စီမံကိန်းအနီးရှိ မြေကွက်များမှာ လည်း ဈေးနှုန်းမြင့်တက်ကာ အ ရောင်းအ၀ယ်သွက်နေကြောင်း သတင်းရရှိသည်။

မြန်မာခရီးသွားလုပ်ငန်း ဖွံ့ ဖြိုးတိုးတက်မှု အများပိုင်ကုမ္ပဏီ သည် တံတားဦးဟိုတယ်ဇုန်စီမံ ကိန်းကို တံတားဦးမြို့အနီးရှိ မြေ ဧက ၅၀၀၀ခန့်ပေါ်တွင် အကောင်အထည်ဖော်တည်ဆောက်ရန် စီ စဉ်နေသည်။ 

7Day DAILY 

တံတားဦးလေဆိပ်အနီးရှိလယ်ယာမြေအချို့ကိုဝေဟင်မှတွေ့ရစဉ် (ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
တံတားဦးလေဆိပ်အနီးရှိလယ်ယာမြေအချို့ကိုဝေဟင်မှတွေ့ရစဉ် (ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
ဟိုတယ်ဇုန်စီမံကိန်း နှင့် မြေကွက်ဝယ်ယူစုဆောင်းမှု များကြောင့် တံတားဦးမြို့နယ်ရှိ လယ်ယာမြေများ တစ်ဧကကျပ် သိန်းရာချီ ဈေးပေါက်ကာ အ ရောင်းအ၀ယ်သွက်နေကြောင်း ဒေသခံ အိမ်ခြံမြေအကျိုးဆောင် များက ပြောသည်။

မဲရုံတာဝန်ကို အစိုးရဝန်ထမ်းများမဟုတ်ဘဲ အရပ်ဘက် အဖွဲ့အစည်းများကိုပါ အချိုးကျကျ တာဝန်ပေးအပ်မည်ဆိုပါက တရားမျှတ၍ လွတ်လပ်မှုရှိသော ရွေးကောက်ပွဲဖြစ်ရန် အထောက်အကူဖြစ်လာနိုင်ဟု နိုင်ငံရေး ပါတီများပြောကြား

Photo: မဲရုံတာဝန်ကို အစိုးရဝန်ထမ်းများမဟုတ်ဘဲ အရပ်ဘက် အဖွဲ့အစည်းများကိုပါ
အချိုးကျကျ တာဝန်ပေးအပ်မည်ဆိုပါက တရားမျှတ၍ လွတ်လပ်မှုရှိသော
ရွေးကောက်ပွဲဖြစ်ရန် အထောက်အကူဖြစ်လာနိုင်ဟု နိုင်ငံရေး ပါတီများပြောကြား
Monday, October 27, 2014

၂ဝ၁၅ ရွေးကောက်ပွဲတွင် အစိုးရဝန်ထမ်း များကိုသာ မဲရုံတာဝန်များအားလုံးပေးအပ်မထားဘဲ အစိုးရမဟုတ်သော အရပ်ဘက်အဖွဲ့အစည်းများ၊ အများယုံကြည်လေးစားမှုရရှိထားသူများကိုပါ အချိုးကျကျတာဝန်ပေးအပ်မည်ဆိုပါက ရွေးကောက်ပွဲသည် တရားမျှတ၍ လွတ်လပ်မှုရှိသော ရွေးကောက်ပွဲဖြစ်ရန် အထောက်အကူဖြစ်လာနိုင်ဟုနိုင်ငံ ရေးပါတီများ အထူးသဖြင့် တိုင်းရင်းသားပါတီများက ပြောကြားလိုက်သည်။

၂ဝ၁၅ခုနှစ် နိုဝင်ဘာနောက်ဆုံးပတ်(သို့မဟုတ်) ဒီဇင်ဘာပထမပတ် တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကြီးတွင် မဲရုံအဖွဲ့များကို အစိုးရ ဝန်ထမ်းဆရာ၊ ဆရာမများကိုသာ တာဝန်အားလုံးမပေးအပ်ဘဲ ပြည်သူ့ လွှတ်တော်ရွေးကောက်ပွဲဥပဒေအတိုင်းလုပ်ဆောင်ရန် နိုင်ငံရေးပါတီများက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)သို့ အကြံပြုတင်ပြခဲ့ကြသည်။

တိုင်းရင်းသားလူမျိုးစုများတိုးတက်ရေးပါတီမှ ဦးဆန်လှေးမန်က
''မြို့နယ်အုပ်ချုပ်ရေးမှူးတို့၊ ပညာရေးမှူးတို့ရဲ့ဆရာ၊ ဆရာမတွေအပေါ်မှာ သြဇာလွှမ်းမိုးမှုဟာ တော်တော်ကိုကြီးမားတယ်။ ပြီးခဲ့တဲ့ရွေးကောက်ပွဲ တွေတုန်းက မဲရုံစောင့်တဲ့ပညာရေးဝန်ထမ်းတွေရဲ့အပြုအမူတချို့ကိုတွေ့ခဲ့ ရတယ်။ သက်ဆိုင်ရာကိုတိုင်ဖို့လုပ်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မတိုင်ဖြစ်ခဲ့ဘူး။ ဒါတွေဟာ သူတို့အပေါ် အဖွဲ့အစည်းရဲ့သြဇာကြောင့်ဖြစ်လာ ရတာတွေပဲ။

ဒါကြောင့် မဲရုံမှာ သမာသမတ်ရှိသူ တွေ ပါဝင်ဖို့ ကျွန်တော်တို့ တောင်း ဆိုရတာဖြစ်တယ်''ဟုပြောသည်။

ပြည်သူ့လွှတ်တော်ရွေးကောက် ပွဲဥပဒေအပိုဒ် ၃၉ တွင် နိုင်ငံ့ဝန်ထမ်း များထဲမှ သင့်တော်သူများကို မဲရုံ မှူးများအဖြစ် ခန့်အပ်ရမည်ဟုဖော်ပြ ထားသည်။

ထို့ပြင် မဲရုံအဖွဲ့များကို ဖြစ်နိုင် သရွေ့ နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသ ခံအများပြည်သူတို့၏ ယုံကြည်လေး စားခြင်းခံရပြီး မဲစာရင်းတစ်ခုခုတွင် ပါရှိသော နိုင်ငံသား၊ ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူများ နှင့် သတ်မှတ်ထားသည့်အတိုင်း ဖွဲ့ စည်းတာဝန်ပေးအပ်ရမည်ဟု ပါရှိ သည်။

မဲရုံတွင် third party ဟု ခေါ် သော အရပ်ဘက်အဖွဲ့အစည်း များ၊ ရပ်မိရပ်ဖများ၊ အများယုံကြည် လေး စားခံရသူများပါဝင်ဖို့ လိုသည်ဆို သော်လည်း ထိုသူများအနေဖြင့် မဲရုံ နှင့်ပတ်သက်၍ နားလည်တတ်ကျွမ်း သော ပညာတတ်များ ဖြစ်သင့် ကြောင်း နိုင်ငံရေးပါတီများနှင့် အ ရပ်ဘက် အဖွဲ့အစည်းများက အကြံ ပြုထားသည်။

ဦးဆန်လှေးမန်က ''အစိုးရဝန် ထမ်းမဟုတ်တော့တဲ့ ပင်စင်စားမျိုး၊ ဒါမှမဟုတ်ရင်လဲ ရပ်ရွာထဲမှာအများ ယုံကြည်မှုရှိပြီးသား ခေါင်းဆောင်လို လူမျိုးတွေ ပါသင့်တယ်''ဟုဆိုသည်။

ရွေးကောက်ပွဲလေ့လာစောင့် ကြည့်ရေးနှင့် မဲဆန္ဒရှင် ပညာပေး လုပ်ငန်းများ ဆောင်ရွက်နေသော New Myanmar Foundation မှ မမြနန္ဒာက ''အရပ်ဘက်အဖွဲ့အစည်း တွေပါဝင်လာရင်၊ အများယုံကြည်မှု ရထားသူတွေပါဝင်လာရင် ပြဿနာ တွေဟာ ပြေလည်သွားနိုင်တဲ့သဘော မှာရှိတယ်''ဟုပြောသည်။

UEC ၏ရှေ့ပြေးမဲဆန္ဒရှင်စာ ရင်းဖြည့်သွင်းပြုစုခြင်းလုပ်ငန်းတွင် ပါဝင်ခဲ့သော New Myanmar Foundation အနေဖြင့်လည်း မဲရုံ များတွင် အရပ်ဘက်အဖွဲ့အစည်း များနှင့် သမာသမတ်ရှိပြီး ဘက်မ လိုက်သူများ ထည့်သွင်းဆောင်ရွက် ရန် အကြံပြုချက်များကို ၂ဝ၁၃ခုနှစ် က UEC သို့ တင်ပြခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ''မဲ ရုံမှူးများကို ဝန်ထမ်းများကိုခန့်အပ် ရမယ်လို့ ဒါက ဥပဒေရှိနေတယ်။ဥပဒေဖြစ်တဲ့အတွက်ကြောင့် ဘဘ တို့က ဥပဒေကို ဘယ်လိုမှလုပ်လို့မရ ဘူး။ ဥပဒေမှာရှိပြီးသားမို့လို့ ဘဘ တို့က ဥပဒေကိုကျော်လွန်ပြီး လုပ် လို့မရပါဘူး''ဟု ပြောသည်။

မဲရုံတာဝန်များကို ရယူထား သည့် ဆရာ၊ ဆရာမများအနေဖြင့် လည်း မဲရုံနှင့်သက်ဆိုင်သည့် ဥပဒေ များကို နားလည်သိရှိရန်လိုအပ်ပြီး ဥပဒေအတိုင်း လိုက်နာကျင့်သုံးရန် လိုအပ်သည်ဟု New Myanmar Foundation က ထောက်ပြပြောဆို သည်။

''သက်ဆိုင်ရာမဲရုံအလိုက် ဆန္ဒ မဲပေးခြင်းပြီးပြတ်ပါက မဲရုံမှူးကိုယ် တိုင်ဖြစ်စေ၊ မဲရုံမှူးကတာဝန်ပေးအပ် ထားသော မဲရုံအဖွဲ့ဝင်ကဖြစ်စေ မဲ ရုံတွင်ပင် မဲရုံအဖွဲ့ဝင်များ၊ မဲရုံကိုယ် စားလှယ်များနှင့် အများပြည်သူတို့၏ ရှေ့မှောက်၌ ဆန္ဒမဲလက်မှတ်များကို ရေတွက်ရမည်''ဟု ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေအခန်း(၁ဝ)တွင် ဖော်ပြထားသည်။

''ကျွန်မတို့ လေ့လာစောင့်ကြည့် ခဲ့တဲ့၂ဝ၁ဝနဲ့ ၂ဝ၁၂ခုနှစ်ရွေးကောက် ပွဲအတွေ့အကြုံအရဆိုရင် မဲရုံမှူး တွေဟာ ရွေးကောက်ပွဲဥပဒေကိုမသိ တာမျိုးတွေ တွေ့ရတယ်။ ဥပမာ- မဲရေတဲ့အခါမှာ အများပြည်သူတွေ အနေနဲ့ ကြည့်ခွင့်ရှိတယ်ဆိုတာကို မသိတော့ ရပ်ကွက်ထဲကလူတွေလာ ကြည့်တဲ့အခါမျိုးမှာ မောင်းထုတ်တာ မျိုး၊ အထက်က ညွှန်ကြားထားလို့ဆို တာမျိုးတွေ တွေ့ရတယ်။ ဆရာ၊ ဆရာမတွေအနေနဲ့လဲ ဖိအားပေးမှု မရှိဘဲ မှန်ကန်တဲ့ဆုံးဖြတ်ချက်မျိုးဖြစ် သင့်တယ်''ဟုမမြနန္ဒာကပြောသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုက ရေစီအဖွဲ့ချုပ်ပါတီမှ ဦးစိုင်းညွန့် လွင်က ''ဆရာ၊ ဆရာမတွေကျတော့ ရေတာတွက်တာ ပိုကောင်းတယ်။မမှားနိုင်ဘူးပေါ့။ ဒါပေမဲ့ အရပ်ဘက် က သမာသမတ်ရှိသူတွေပါတဲ့အခါ ကျတော့ ပိုပြီးမျှတတာပေါ့။ အဲဒီသူ ကလဲ စေ့စပ်သေချာသူဖြစ်ဖို့တော့လို တယ်''ဟု ပြောသည်။

အောက်တိုဘာ ၂၁ရက်က ရန်ကုန်မြို့ရှိ ပန်ဒါဟိုတယ်တွင် နိုင်ငံ ရေးပါတီများနှင့် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်တို့ ရွေးကောက် ပွဲဆိုင်ရာ ပူးပေါင်းညှိနှိုင်းဆောင်ရွက် မှုအစည်းအဝေးတွင် တိုင်းရင်းသား ပါတီအများစုက အစိုးရဝန်ထမ်းများ မဲရုံအဖွဲ့များနှင့်ပတ်သက်၍ တင်ပြ ခဲ့ကြခြင်းဖြစ်သည်။ 

Yangon Media Group
၂ဝ၁၅ ရွေးကောက်ပွဲတွင် အစိုးရဝန်ထမ်း များကိုသာ မဲရုံတာဝန်များအားလုံးပေးအပ်မထားဘဲ အစိုးရ မဟုတ်သော အရပ်ဘက်အဖွဲ့အစည်းများ၊ အများယုံကြည်လေးစားမှုရရှိထားသူများကိုပါ အချိုးကျကျ တာဝန်ပေးအပ်မည်ဆိုပါက ရွေးကောက်ပွဲသည် တရားမျှတ၍ လွတ်လပ်မှုရှိသော ရွေးကောက်ပွဲဖြစ်ရန် အထောက်အကူဖြစ်လာနိုင်ဟုနိုင်ငံ ရေးပါတီများ အထူးသဖြင့် တိုင်းရင်းသားပါတီ များက ပြောကြား လိုက်သည်။