မူလစာမျက်နှာ
ကြားဖြတ်အထူးသတင်းများ
ပြည်တွင်းသတင်းများ
ပြည်ပရေးရာ
နိုင်ငံရေး
နည်းပညာ
ဆောင်းပါးများ
အားကစား
ဆက်သွယ်ရန်
Monday, 25 May 2015
ကားများ အရှိန်လျှော့မောင်းရေး လမ်းမပေါ် အိပ်ရာ တစ်ခုချပြီး ဆန္ဒပြ
ဝေးလ်စ်နိုင်ငံ ကာဒစ်ဖ်မြို့မှ လူတစ်ဦးသည် အိပ်ရာ တစ်ခုကို အဝေးပြေး လမ်းမ၌ ကားရှုပ်ချိန်တွင် ဆွဲပြေး ကာ ယာဉ်စည်းကမ်း အားနည်းမှု များကြောင့် (၁၂) နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့ရခြင်းကို ကန့်ကွက် ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
ဆက်လက်ဖတ်ရှုပါရန် »
အသက် (၆၅)နှစ်အရွယ် အဘွားအို လေးမြွှာပူး မွေးဖွားခဲ့တာကြောင့် ကလေး (၁၇)ဦး ပိုင်ဆိုင်သူ ဖြစ်လာ
အသက် (၆၅)နှစ်ရှိပြီ ဖြစ်တဲ့ ဂျာမနီနိုင်ငံက အဘွားအိုတစ်ဦးဟာ လေးမြွှာပူးမွေးဖွားခဲ့တာကြောင့် ကလေး (၁၇)ဦး ပိုင်ဆိုင်သူ ဖြစ်လာကြောင်း သိရ ပါတယ်။ ဒါ့အပြင် လေးမြွှာပူးကို ကျန်းမာအသက်ရှင်စွာ မွေးနိုင် တဲ့ အသက်အကြီးဆုံး အမျိုးသမီး အဖြစ် စံချိန်တင်သွားခဲ့ ပါတယ်။ ဒါပေမဲ့ အန်နီဂရက်ဟာ လေးမြွှာပူးကို ရက်မစေ့ဘဲ သတ်မှတ်ထားတာထက်(၁၂)ပတ်လောက် စောပြီး(၂၆) ပတ်ကိုယ်ဝန်ဆောင်ပြီး မွေးဖွား ခဲ့တာ ဖြစ်ပါတယ်။လေးမြွာပူး မွေးဖွားရာမှာ ယောက်ျားလေး (၃)ဦး၊ အမျိုးသမီး (၁)ဦး ဖြစ်ကြောင်း ဂျာမနီသတင်းဌာနတွေက ရေးသားဖော်ပြခဲ့ပါတယ်။
ဆက်လက်ဖတ်ရှုပါရန် »
တမူးမြို့ အချုပ်ခန်းတွင် နိုင်ငံခြားသား တစ်ဦး သေဆုံး
တမူးမြို့မရဲစခန်း အချုပ်ခန်းအတွင်း၌ ချုပ်နှောင်ထားသည့် တစ်ဖက်နိုင်ငံမှ အိန်္ဒိယ နိုင်ငံသား တစ်ဦးသည် ယခုလ (၂၂) ရက်နေ့တွင် တမူးမြို့ပြည်သူ့ဆေးရုံကြီး အတွင်း၌ အသည်းကျွမ်းသည့် ရောဂါ ဖြင့် သေဆုံး သွားခဲ့ရကြောင်း တိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေး ၀န်ကြီး ဌာနထံမှ သိရသည်။
ဆက်လက်ဖတ်ရှုပါရန် »
အကြွေးမဆပ်ပါက ယူကရိန်းကို တင်းတင်းမာမာ ကိုင်တွယ်မည်ဟု ရုရှားဝန်ကြီးချုပ် ပြောကြား
ရုရှားနိုင်ငံသို့ ပေးဆပ်ရန်ရှိသည့် အကြွေးများကို မပေးရန် ယူကရိန်း အစိုးရက ဆုံးဖြတ်ပါက ယူကရိန်းကို တင်းတင်းမာမာ ကိုင်တွယ်သွားမည်ဟု ရုရှားဝန်ကြီးချုပ် ဒီမီထရီမတ်ဗီဒက်က ပြောကြားသွားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။ နိုင်ငံခြားကြွေးမြီများကို ဆိုင်းငံ့ပိုင်ခွင့် ရှိကြောင်း ဖော်ပြထားသည့် ဥပဒေသစ်တစ်ရပ်ကို ယူကရိန်းနိုင်ငံက အတည်ပြုလိုက်သဖြင့် ကီးယက်ထံမှ ဒေါ်လာသုံးဘီလီယံ ရစရာရှိသည့် ရုရှားနိုင်ငံက ခြိမ်းခြောက်လိုက်ခြင်း ဖြစ်သည်။
ဆက်လက်ဖတ်ရှုပါရန် »
ယခုနှစ် တက္ကသိုလ်ဝင်ခွင့်စနစ် ပြောင်းမည်မဟုတ်ဟု ပညာရေးအတွင်းဝန်ဆို
အဆင့်မြင့်ပညာတက္ကသိုလ်များကို ဝင်ခွင့်စာမေးပွဲ ဖြေဆိုပြီးမှ တက်ရောက်ခွင့်ပြုရန် ပညာရေးဝန်ကြီး ဌာနက စီစဉ်နေသော်လည်း ယခု ၂၀၁၅-၂၀၁၆ တက္ကသိုလ်ပညာသင်နှစ်တွင်မူ အပြောင်းအလဲရှိဦးမည် မဟုတ်ကြောင်း ပညာရေး ဝန်ကြီးဌာန အတွင်းဝန် ဒေါက်တာစိုးဝင်းက ပြောကြားသည်။
ဆက်လက်ဖတ်ရှုပါရန် »
ရုရှနှင့် တင်းမာနေသည့်ကြား ဆွီဒင် စစ်ရေးလေ့ကျင့်မှုသို့ အမေရိကန်က နျူဗုံးကြဲလေယာဉ် စေလွှတ်
ယူကရိန်းအရေးနှင့်ပတ်သက်ကာ ရုရှနှင့် တင်းမာနေသည့်ကြားက လမည့်လအတွင်း ကျင်းပမည့် ဆွီဒင် နိုင်ငံက စစ်ရေးလေ့ကျင့်မှုအတွက် အမေရိကန်က နျူကလီးယား ဗုံးကြဲလေယာဉ်များ စေလွှတ်ရန် ပြင်ဆင် လျက်ရှိနေသည်။
ဆက်လက်ဖတ်ရှုပါရန် »
ကိုးကန့်လက်နက်ကိုင်များ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ရန် သူရဦးရွှေမန်း တောင်းဆို
၂၀၁၅ အထွေထွေရွေးကောက်ပွဲ နီးကပ်လာသောကြောင့် ကိုးကန့်ဒေသ တိုက်ပွဲများအတွင်း ပါဝင်နေ သော လက်နက်ကိုင်တပ်ဖွဲ့များ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ရန် တောင်းဆိုကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။
ဆက်လက်ဖတ်ရှုပါရန် »
သီပေါမြို့နယ်တွင် ကျေးရွာအုပ်ချုပ် ရေးမှူးတစ်ဦး သေနတ်ပစ်ခံရ
ရှမ်းပြည်နယ် သီပေါမြို့ နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးကို လက်နက်ကိုင်တစ်ဦး က သေနတ်ဖြင့် ပစ်ခတ်ထွက် ပြေးသွားသောကြောင့် ၎င်းမှာဒဏ်ရာ အပြင်းအထန်ရခဲ့ကြောင်း သတင်းရရှိသည်။
ဆက်လက်ဖတ်ရှုပါရန် »
မြန်မာနိုင်ငံတွင် လူကုန်ကူးမှုဖြင့် ထွက်ပြေးနေသူ တစ်ထောင်ကျော် ရှိဟုဆို
မြန်မာနိုင်ငံတွင် ၁၀ နှစ်အတွင်း လူကုန်ကူးမှုဖြင့် ထွက်ပြေးနေသည့် တရားခံပြေးပေါင်း ၁၀၂၁ ဦးရှိပြီး တရားခံပြေးအနက် အမျိုးသမီးဦးရေမှာ ပိုမိုများပြားကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင်ထွန်းက ပြောကြားသည်။
ဆက်လက်ဖတ်ရှုပါရန် »
ဖုန်းပြောခအခွန်နှင့်ပြည်သူ့အသံ
ဓာတ်ပုံ−ကျော်ဇင်သန်း
အခွန်ဥပဒေသစ်အရ ဆက်သွယ်ရေးအော်ပရေတာ သုံးခုစလုံးထံမှ မိုဘိုင်းဆင်းမ်ကတ်နှင့် ငွေဖြည့်ကတ်ဝယ်ယူသူများ ဇွန် လ ၁ ရက်မှစ၍ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းပေးဆောင် ရမည်ဖြစ် ကြောင်း အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါအခွန်ဥပဒေအရ မိုဘိုင်းဖုန်းသုံးစွဲသူများအနေဖြင့် ငွေဖြည့်ကတ်ဝယ်ယူဖြည့်တင်းလျှင် ငွေဖြည့်ကတ်တန်ဖိုး အပြည့်အ၀သုံးစွဲရမည်မဟုတ်ဘဲ ၅ ရာခိုင်နှုန်းကို အခွန်အဖြစ် အစိုးရသို့ ပေးဆောင်ရမည်ဖြစ်သည်။ ဖုန်းဘီလ်အပေါ် အခွန်ကောက်ခံမည့် အစိုးရ၏ အစီအစဉ်ကို ပြည်သူများကဝေဖန်ခဲ့ကြသဖြင့် ပြည်သူ့လွှတ်တော်တွင် တစ်နှစ်ကင်းလွတ်ခွင့်ပြုရန် အဆိုတင်သွင်းရသည်အထိဖြစ်ခဲ့၍ ဖုန်းဘီလ်အပေါ်အခွန်ကောက်ခံမှုနှင့် ပတ်သက်၍ ပြည်သူများကြား ဖြစ်ပေါ်နေသည့် အသံများကို စုစည်းတင်ပြလိုက်ပါသည်။
ဆက်လက်ဖတ်ရှုပါရန် »
အမျိုးသမီး ပါဝင်မှု မြင့်လာနိုင်တဲ့ ၂၀၁၅ ရွေးကောက်ပွဲ အခင်းအကျင်း
၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို လာမယ့် အောက်တိုဘာသို့ နိုဝင်ဘာလအတွင်းမှာ ကျင်းပ ပေးမယ် လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တရားဝင်ကြေညာထားပြီး ဖြစ်ပါတယ်။ ပြည်တွင်း အပြင် နိုင်ငံတကာကရော စိတ်ဝင်စားမှု မြင့်တက်နေတဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်နိုင်ဖို့ အတွက် အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ ပြင်ဆင်မှုတွေ စတင်ပြုလုပ်နေပြီ ဖြစ်သလို နိုင်ငံရေးပါတီတွေကလည်း အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေ ယခင်ရွေးကောက်ပွဲထက် အရေ အတွက် ပိုမိုပါဝင်ယှဉ်ပြိုင်နိုင်ဖို့ မူဝါဒတွေ ချမှတ်ဆောင်ရွက်နေကြပါတယ်။
ဆက်လက်ဖတ်ရှုပါရန် »
လှေစီးဒုက္ခသည်အများစုသည် ဘင်္ဂလားဒေ့ရှ်မှ တရားမဝင်လုပ်သားများဖြစ်ဟု သြစတြေးလျ ပြောကြား
ဓာတ်ပုံ − အေအက်ဖ်ပီ
ပင်လယ်တွင်းရှိ လှေပေါ်တွင်တွေ့ရသည့် ဒုက္ခသည်များ အနက် ၃၀ မှ ၄၀ ရာခိုင်နှုန်းသာ မြန်မာနိုင်ငံမှ လာသော ဘင်္ဂါလီများဖြစ်ပြီး ကျန်ဒုက္ခသည်များမှာ မလေးရှားနိုင်ငံသို့ အလုပ်လာရှာသည့် ဘင်္ဂလားဒေ့ရှ် အလုပ်သ မားများဖြစ်ကြောင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့က ပြောကြားလိုက်သည်။
ဆက်လက်ဖတ်ရှုပါရန် »
လှေစီးဒုက္ခသည်နှင့် ရခိုင်ပြည်နယ်အရေး တစ်ဖက်သတ်အမြင်ဖြင့် မဆုံး ဖြတ်ရန် ကုလကိုယ်စားလှယ်ကို အလိုတော်ပြည့်ဆရာတော် တိုက်တွန်း
အလိုတော်ပြည့်ဆရာတော်အား လာရောက်တွေ့ဆုံသည့် မစ္စတာနမ်ဘီးယားကို မေလ ၂၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-alodawpyei.org)
လှေစီးဒုက္ခသည်များ အပါအ၀င် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် အကြောင်းအရာများနှင့် ပတ်သက်၍ တစ်ဖက် သတ်အမြင်ဖြင့် ဆောင်ရွက်ခြင်း မပြုလုပ်ရန် ကုလအထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ် ဘီးယား ကို အလိုတော်ပြည့်ဆရာတော်က မိန့်ကြားခဲ့ကြောင်း သတင်းရရှိသည်။
ဆက်လက်ဖတ်ရှုပါရန် »
သမ္မတ၏ အနီးကပ်လုံခြုံရေး ခေါင်းဆောင်နေရာ အစားထိုးခန့်အပ်
နိုင်ငံတော်သမ္မတ၏ အနီးကပ်လုံခြုံရေး အထူးရဲတပ်ဖွဲ့မှူး ကွယ်လွန်သွားပြီးနောက် သမ္မတလုံခြုံရေး အတွက် အထူးတာဝန်ရဲတပ်ဖွဲ့မှ ရဲမှူးကြီးသန်းဝင်းအား အစားထိုးခန့်အပ်လိုက်ပြီဖြစ်ကြောင်း သတင်း ရရှိသည်။
ဆက်လက်ဖတ်ရှုပါရန် »
မြန်မာနိုင်ငံမှ ကယ်ဆယ်ထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများက နေရပ်အမြန်ဆုံးပြန်လိုကြောင်း ပြောကြားထားပြီး ရက်ပိုင်းအတွင်း နေရပ်ပြန်ပို့မည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ပြောကြား
မြန်မာနိုင်ငံမှ ကယ်ဆယ်ထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား လှေစီးဒုက္ခ သည် များအား ဘင်္ဂလားဒေ့ရှ် သံအမတ်က တွေ့ဆုံမေးမြန်းနေစဉ်
မြန်မာနိုင်ငံအစိုးရမှ ကူညီကယ်ဆယ်ထားသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများက မိမိတို့၏နေရပ်သို့ အမြန်ဆုံးပြန်လိုကြောင်း ပြောကြားထားပြီး ရက်ပိုင်းအတွင်း အမြန်ဆုံးနေရပ်ပြန်ပို့မည်ဟု ရခိုင်ပြည်နယ် ၀န်ကြီးချုပ်က ပြောကြားသည်။
ဆက်လက်ဖတ်ရှုပါရန် »
နိုင်ငံအမြင်မှားအောင်လုပ်နေသူတွေလို့ လှေစီးပြေးတွေကို ဘင်္ဂလားဒေ့ရှ်အပြစ်တင်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆင်းရဲနွမ်းပါးမှုကနေ ထွက်ပြေးသွားကြတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေဟာ ဘင်္ဂလား ဒေ့ရှ်နိုင်ငံကို အမြင်မှားအောင် လုပ်နေသူတွေ၊ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေကြသူတွေဖြစ်တယ်လို့ ဝန်ကြီး ချုပ် Sheikh Hasina က တနင်္ဂနွေနေ့မှာ ပြောလိုက်ပါတယ်။
ဆက်လက်ဖတ်ရှုပါရန် »
ပြည်သူလူထုနှင့် နိုင်ငံ၏အကျိုးစီးပွားကို ထိခိုက်စေမည့် အဖွဲ့ချုပ်ဝင်များ ရှိပါက ထုတ်ပစ်မည်ဖြစ်ပြီး အဖွဲ့ချုပ်တွင် အခွင့်အရေးသမားများရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
ဒေါ်အောင်ဆန်းစုကြည် ပူတာအိုမြို့ ပန်းလှိုင်ရပ်ကွက် ခမ်းတီလုန် ၀ိပဿနာ အောင်မင်္ဂလာ ကျောင်းတိုက်သို့ သွားရောက်ရာတွင် ဒေသခံကလေးငယ်များက ကြိုဆိုနေကြစဉ်
ပြည်သူလူထုနှင့် နိုင်ငံ၏အကျိုးစီးပွားကို ထိခိုက်စေမည့် အဖွဲ့ချုပ်ဝင်များရှိပါက ထုတ်ပစ်မည်ဖြစ်ပြီး အဖွဲ့ ချုပ်တွင် အခွင့်အရေး သမားများရှိကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဆက်လက်ဖတ်ရှုပါရန် »
တောင်သမန်အင်းအား သဘာဝအတိုင်း သုံးပန်လှအင်းတစ်ခု ပြန်လည် ဖြစ်တည်ရေးအတွက် လွှတ်တော်၌ ဆွေးနွေးနိုင်ရန် တင်ပြထား
မန္တလေးမြို့အနီးရှိ တောင်သမန်အင်းနှင့် ဦးပိန်တံတားတို့အား ဝေဟင်မှတွေ့ရစဉ် (ဓာတ်ပုံ-အောင်သူ)
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ တောင်သမန်အင်းအား ယခင်လို သဘာဝအတိုင်း သုံးပန်လှ အင်းတစ်ခု ပြန်လည်ဖြစ်တည်ရေးအတွက် လွှတ်တော်၌ ဆွေးနွေးနိုင်ရန် မန္တလေးမြို့ခံ သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးအဖွဲ့တစ်ခုက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆက်လက်ဖတ်ရှုပါရန် »
Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)