Wednesday 1 August 2012

"ကနောင်မင်းသားလိုစိတ်ဓါတ် ဆက်လက်မွေးမြူကြ"



၂-၈-၂၀၁၂ နေ့သည် ကနောင်မင်းသားကြီးလုပ်ကြံခံရသော ( ၁၄၆ )နှစ်မြောက်နေ့ဖြစ်သည်။အကယ်၍ ကနောင်မင်းသားကြီးသာ လုပ်ကြံ မခံရပါက မြန်မာ့သမိုင်းသည် တစ်ဆစ်ချိုးပြောင်းလဲ သွားနိုင် စရာကြောင်း ရှိသည်။

ရေကြောင်းပညာတက္ကသိုလ် ၀င်ခွင့်ရမှတ်တိုးမြှင့်



မြန်မာနိုင်ငံရေကြောင်းပညာ တက္ကသိုလ် ၂၀၁၂-၂၀၁၃ ပညာသင်နှစ် ၀င်ခွင့်အတွက် တက္ကသိုလ်ဝင်စာမေးပွဲ ရမှတ်များကို တိုးမြှင့်ခေါ်ယူမည်ဖြစ်ပြီး ၀င်ခွင့်ကျောင်းသားဦးရေကို လျှော့ချ လိုက်ကြောင်း မြန်မာနိုင်ငံရေကြောင်း ပညာတက္ကသိုလ်၏ တရားဝင်ထုတ်ပြန် ချက်အရ သိရသည်။

မီးသတ်ယာဉ်အစီး ၁၀၀ တင်သွင်းမည်



မြန်မာနိုင်ငံတစ်ဝန်းရှိ မီးသတ် စခန်းများ၌ လိုအပ်ချက်ရှိနေသော မီးသတ်ယာဉ်အသစ်အစီး ၁၀၀ကို မီးသတ်ဦးစီးဌာနက တင်သွင်းမည် ဖြစ်ရာ ပထမအသုတ်အနေဖြင့် အစီး ၂၀ ကို ၂၀၁၂ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား တင်ဒါတင်သွင်းရမည်ဖြစ် ကြောင်း မီးသတ်ဦးစီးဌာနရုံးချုပ်မှ ထုတ်ပြန်ကြေညာချက်များအရ သိရှိရသည်။

ရွှေသံလွင် ကုမ္ပဏီ ရုပ်သံလိုင်းသစ် ထပ်မံ ထုတ်လွှင့်မည်



ရန်ကုန်၊ သြဂုတ် ၁

အင်္ဂလိပ်ဘာသာ စကားဖြင့် နိုင်ငံတကာသို့ အခမဲ့ ထုတ်လွှင့်ပြသနေသည့် Myanmar International နှင့် Sky Net အခပေး ရုပ်သံလိုင်းများကို ထုတ်လွှင့်နေသည့် ရွှေသံလွင် ကုမ္ပဏီက အခမဲ့ရုပ်သံလိုင်းသစ် တစ်လိုင်း ထုတ်လွှင့်သွားရန် စီစဉ်လျက် ရှိကြောင်း အဆိုပါ ကုမ္ပဏီ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မြန်မာ့ လက်ရွေးစင် အသင်း နှင့် MNL All-Star အသင်း ရံပုံငွေ ပွဲအဖြစ် ကစားမည်

မြန်မာ့ လက်ရွေးစင် အသင်းနှင့် MNL All-Star အသင်းတို့သည် လာမည့် သြဂုတ်လ ၁၅ရက်နေ့တွင် ညနေပိုင်းတွင် အောင်ဆန်းကွင်း၌ မသန်စွမ်း အားကစား သမားများ အတွက်  ရံပုံငွေ ပွဲတစ်ပွဲ ယှဉ်ပြိုင် ကစားမည် ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ဘဏ်အုပ်စုတစ်ခုဖြစ်သော နိုင်ငံစုံ ရင်းနှီးမြှုပ်နှံအာမခံအဖွဲ့အစည်းသို့ မြန်မာနိုင်ငံမှအဖွဲ့ဝင်အဖြစ်ဝင်ရောက်ရေး ရင်းနှီးပွင့်လင်းစွာဆွေးနွေး



ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းနှင့် ကမ္ဘာ့ဘဏ် အရှေ့အာရှ-ပစိဖိတ်ဒေသ ဆိုင်ရာ ဒုတိယဥက္ကဋ္ဌ Ms. Pamela Cox နှင့်အဖွဲ့တို့သည် ယမန်နေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိ မြန်မာနိုင်ငံ တော်ဗဟိုဘဏ် အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးကြရာ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးသန်းညိန်းတို့ တက်ရောက် ခဲ့ကြသည်။

ကမ္ဘာ့ဘဏ်၏ ဒေါ်လာ ၈၅သန်း အကူအညီ နှစ်လအတွင်း စတင်မည်



ရန်ကုန် ၊ သြဂုတ် ၁

မြန်မာနိုင်ငံပေါ် ကူညီပေးမည့် ကမ္ဘာ့ဘဏ်၏ ဒေါ်လာ ၈၅ သန်း စီမံကိန်းကို လာမည့်
 အောက်တိုဘာလတွင် စတင် လည်ပတ်တော့မည် ဖြစ်ကြောင်း အရှေ့အာရှနှင့် ပစိဖိတ် ဒေသဆိုင်ရာ ဒုဥက္ကဌ ပယ်မလာကော့စ် က သြဂုတ်လ ၊ ၁ ရက်နေ့က Chatrium Hotel တွင်ကျင်းပသော သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားသည်။

ယခုရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံမြို့များ၌ ဖြစ်ပေါ်ခဲ့သော မြစ်ရေကြီးမှု အခြေအနေ

သံလွင်မြစ်ရေမြင့်တက်မှုနှင့် ဘားအံ

ဇူလိုင်လ ၃၀ ရက်နေ့ နံနက် ၀၉း၃၀ နာရီတိုင်းထွာချက်အရ သံလွင်မြစ်ရေမှာ ဘားအံမြို့၏ စိုးရိမ်ရေအမှတ်ကို ကျော်လွန်၍ ၈၁၀ စင်တီမီတာသို့ ရောက်ရှိနေသည်အတွက် ဘာအံမြို့ပေါ် မြေနိမ့်ရပ်ဝန်း၊ ရပ်ကွက်များတွင် မြစ်ရေလွှမ်းမိုးမှု ဖြစ်ပေါ်ကာ  လူနေအိမ်များ အရေးပေါ်ပြောင်းရွှေ့နေရကြောင်း သတင်းရရှိသည်။

ဖိလစ်ပိုင်တွင် ရေကြီးမှုများကြောင့် သေဆုံးသူ ဦးရေ တိုးလာနေ

အင်္ဂါနေ့က ဖိလစ်ပိုင် နိုင်ငံတွင် Saola တိုင်ဖွန်း ဝင်ရောက် တိုက်ခတ်ခဲ့သဖြင့် လည်ပင်းခန့် နက်သည့်ရေများ တက်လာခဲ့ကာ မုန်တိုင်းကြောင့် သေဆုံးသူဦးရေမှာလည်း ၈ ဦးအထိ ရှိသွားပြီ ဖြစ်ပြီး
 လူထောင်ပေါင်းများစွာမှာလည်း ပြင်းထန်သည့် မိုးရွာသွန်းမှုများနှင့် ရေကြီးမှုများကို ရင်ဆိုင်နေရသည်။

Saola တိုင်ဖွန်း နီးကပ်လာသဖြင့် ထိုင်ဝမ်တွင် သတိပေးချက် ထုတ်ပြန်ထား

ထိုင်ဝမ်ကျွန်း တိုင်ပေမြို့တွင် ပြင်းထန်သည့် မိုးရွာသွန်းမှုများနှင့် လေကြမ်းများ တိုက်ခတ်နိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထားကာ ဗုဒ္ဓဟူး နေ့တွင် အရှိန်နှုန်းနှေးနှေးဖြင့် ဖြတ်သန်းနေသည့် 
Saola အမည်ရ တိုင်ဖွန်း မုန်တိုင်း ဝင်ရောက် လာနိုင်သဖြင့် စစ်တပ်မှာ မြေပြိုမှုများနှင့် ရေကြီးမှုများကို ကယ်ဆယ်နိုင်ရန် အသင့် အနေအထား ပြင်ထားရကြောင်းလည်း သိရသည်။

စာနယ်ဇင်းအချို့ အရေးယူခံနေရခြင်းများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ သတင်းစာဆရာအသင်းဖြစ်မြောက်ရေးကော်မတီ၏ သဘောထားကြေညာချက်(၄/၂၀၁၂)



၁။ ပြည်တွင်းထုတ် The Voice နှင့် Envoy ဂျာနယ်နှစ်စောင်အား စာပေစိစစ်ရေးနှင့်မှတ်ပုံတင်ဌာနက ချမှတ်ထားသည့် စည်းကမ်းအချို့ကို ဖောက်ဖျက်သည်ဆိုကာ ထုတ်ဝေခွင့် အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ကြောင်း သိရှိရပါသည်။

၂။ မကြာသေးမီကလည်း ပြည်တွင်းထုတ် လျှပ်တစ်ပြက်ဂျာနယ်အား စည်းကမ်းဖောက်ဖျက်မှုဖြင့်ပင် ထုတ်ဝေခွင့်ရပ်ဆိုင်းခဲ့သည်မှာ ယနေ့တိုင် ထုတ်ဝေခွင့်ပြန်လည်မရရှိသေးဘဲဖြစ်နေပါသည်။

စစ်သင်္ဘော ၅၁ စင်းနှင့် ရေငုပ်သင်္ဘော ၂၄ စင်း ၂ဝ၂ဝ နောက်ဆုံးထား ရုရှားတည်ဆောက် လျက်ရှိ



ရုရှားနိုင်ငံသည် စစ်သင်္ဘော ၅၁ စင်းနှင့် ဘိုရီအမျိုးအစား ရေငုပ်သင်္ဘောရှစ်စင်းအပါအဝင် ရေငုပ်သင်္ဘော ၂၄ စင်းကို ၂ဝ၂ဝ ပြည့်နှစ် နောက်ဆုံးထား၍ ရေတပ်တွင်အသုံး ပြုနိုင်ရန် စီစဉ်လျက်ရှိသည်ဟု ရုရှား သမ္မတ ဗလာဒီမာပူတင် က ဇူလိုင် ၃ဝ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။

ဆဲလ်ဖုန်း ရှစ်သန်းမှ သတင်းအချက်အလက်များ ခိုးယူခဲ့သည့် တောင်ကိုရီးယားနိုင်ငံသားနှစ်ဦး ရဲတပ်ဖွဲ့ဖမ်းဆီး



တောင်ကိုရီးယားနိုင်ငံတွင် ဆဲလ်ဖုန်းကိုင်ဆောင်သူ ရှစ်သန်းခန့်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်း
အချက်အလက်များကို တရားမဝင်ခိုးယူခဲ့သည့် အမျိုးသားနှစ်ဦးအား ၎င်းနိုင်ငံရှိ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ဂျေလိဂ်နှင့် မြန်မာ နေရှင်နယ်လိဂ် အကျိုးတူ ပူးပေါင်းနိုင်ဖွယ် ရှိနေ

အာရှ၏ အအောင်မြင်ဆုံး လိဂ်ပြိုင်ပွဲများထဲမှ တစ်ခုဖြစ်သည့် ဂျပန်နိုင်ငံ၏ အဆင့်အမြင့်ဆုံး
ဘောလုံးပြိုင်ပွဲ ဂျေလိဂ်နှင့် မြန်မာ နေရှင်နယ်လိဂ်တို့ အနေဖြင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှုများ
ပြုလုပ်နိုင်ရန် နီးစပ်နေပြီ ဖြစ်ကြောင်း သိရသည်။

ဂျပန် ဘောလုံး အဖွဲ့ချုပ် (JFA) မှ တာဝန်ရှိ သူများနှင့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (MFF) မှ တာဝန်ရှိ သူများသည် ၎င်းတို့၏ လိဂ်များအား အပြန်အလှန် အကျိုးပြုနိုင်စေရန် အတွက် ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိရာ အကြမ်းအားဖြင့် သဘောတူညီမှု ရရှိထားပြီ ဖြစ်သည်။ အသေးစိတ် အချက်အလက် ဆိုင်ရာ ဆွေးနွေးမှုများအား လာမည့် ရက်ပိုင်းအတွင်း ပြုလုပ်သွားမည် ဖြစ်ကာ သြဂုတ် လကုန်ပိုင်းတွင် နှစ်ဘက် အဖွဲ့အစည်းမှ တာဝန်ရှိသူများ အနေဖြင့် တရားဝင် စာချုပ်ချုပ်ဆိုပွဲ တစ်ရပ်အား ပြုလုပ်သွားဖွယ် ရှိသည်။ အတည်မပြု နိုင်သေးသည့် သတင်းတစ်ရပ် အဆိုအရ ဂျပန်ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ တို့လည်း အဆိုပါ စာချုပ်ချုပ်ဆို ပွဲသို့ လာရောက်နိုင်ကြောင်း သိရသည်။



သီလ၀ါ အထူးစီးပွားဇုန် မြေနေရာတွင် နေရာလွတ်ကျန်ရှိသည့် မြေကွက် ၁၀ ကွက်အနက်မှ မြေကွက်ငါးကွက်ကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဆိပ်ကမ်းတိုးချဲ့တည်ဆောက်ရန် လျာထား

သီလ၀ါ အထူးစီးပွားဇုန် မြေနေရာတွင် နေရာလွတ်ကျန်ရှိသည့် မြေကွက် ၁၀ ကွက်အနက်မှ မြေကွက် ငါးကွက်အား မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဆိပ်ကမ်းတိုးချဲ့တည်ဆောက်ရန် လျာထားကြောင်း
 မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေး မှူးဦးချိုသန်းမောင်၏ ပြောကြားချက်အရ သိရှိရသည်။

သီလ၀ါအထူးစီးပွားဇုန် မြေနေရာတွင် လုပ်ငန်းဖော်ဆောင်ရန် မြေကွက် ၃၇ နေရာလျာထားရာမှ မြေကွက် ၁၀ ကွက်သာ နေရာလွတ်ကျန်ရှိတော့ခြင်း ဖြစ်ပါသည်။ သို့ဖြစ်၍ ယင်းမြေကွက် ၁၀ ကွက်အနက်မှ ငါးကွက်အား မြန်မာ့ဆိပ်ကမ်းအာဏာပိုင် မှ ဆိပ်ကမ်းတိုးချဲ့တည်ဆောက်ရန် လျာထားခြင်းဖြစ်ပြီး ကျန်မြေကွက်ငါးကွက်ကိုသာလျှင် ဆိပ်ကမ်းတည်ဆောက်မည့် အခြားအဖွဲ့အစည်းများအား လုပ်ငန်း လုပ်ကိုင်ခွင့်ပြုပေး သွားမည်ဖြစ်သည်။

မြန်မာ့ ဆန်အရည်အသွေး ညံ့ဖျင်းမှုကြောင့် တရုတ်နိုင်ငံက တင်ပို့ခွင့် ပိတ်ထားသဖြင့် နယ်စပ်ဂိတ်များ၌ တရုတ်နိုင်ငံသို့ တင်ပို့မည့်ဆန်များ စုပုံနေ

မြန်မာနိုင်ငံမှ တင်ပို့သည့်ဆန်အား အရည်အသွေး ကောင်းမွန်မှု မရှိသည့်အတွက် တရုတ်နိုင်ငံမှ လက်ခံမှု မရှိတော့သဖြင့် နယ်စပ်ဂိတ်များတွင် တရုတ်နိုင်ငံသို့ တင်ပို့မည့် မြန်မာဆန်များ စုပုံနေသဖြင့် မြန်မာ့ဆန် တင်ပို့မှုအား တရုတ်နိုင်ငံမှ ပြန်လည် လက်ခံရေးအတွက် တရုတ်-မြန်မာ နားလည်မှု စာချွန်လွှာရေး
ထိုးသွားရန် စီစဉ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့သည်။

သီပေါမင်းအရိုးအိုးပြန်လည်သယ်ယူရေး အမျိုးသားလွှတ်တော်တွင်အဆိုတင်သွင်း



မြန်မာဘုရင်နောက်ဆုံးမင်းဆက်ဖြစ်သောသီပေါမင်း၏အရိုးအိုးကိုမြန်မာနိုင်ငံသို့ပြန်လည်သယ်ဆောင်
ရေးအဆိုအားသမိုင်းစာရေးဆရာတစ်ဦးဖြစ်သည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးသန်းဆွေ
(ထားဝယ်)က လွှတ်တော်သို့အဆိုတင်သွင်းလိုက်ကြောင်းသတင်းရရှိသည်။တနသာင်္ရီတိုင်းဒေသ
ကြီးမဲဆန္ဒနယ်အမှတ် (၂)မှ ဦးသန်းဆွေက "အိန္ဒိယပြည် ရတနာဂီရိရှိနတ်ရွာစံသီပေါမင်းတရားနှင့် မိဖုရားတို့ရုပ်အလောင်းများမှအရိုးများကိုမြန်မာပြည်သို့ပြန်လည်သယ်ဆောင်ပေးပါရန် ပြည်ထောင်စု
အစိုးရအားတိုက်တွန်းကြောင်းအဆိုတင်သွင်းရာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး
ကထောက်ခံပြီး နောက်လွှတ်တော်အစည်းဝေးတွင်ဆွေးနွေးလိုသူများရှိပါကစာရင်းပေးသွင်းရန်ကြေငြာ
ထားသည်။

မြန်မာနိုင်ငံ၏ ရာသီဥတု အခြေအနေ အပေါ် မိုးလေ၀သ ပညာရှင် ဦးထွန်းလွင် ဆွေးနွေးမည်



မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပေါ်နေသည့် ရာသီဥတု အခြေအနေ များမှာ အရေးပေါ် အနေအထား  ဖြစ်နေပြီး မိုးလေ၀သ ပညာရှင် ဒေါက်တာ ဦးထွန်းလွင်က သြဂုတ်လ ၄ရက်နေ.တွင် မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်တွင် ဆွေးနွေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ထံမှ စုံစမ်း သိရှိ ရသည်။

နေ့စဉ်မိုးလေ၀သသတင်း (၂၀၁၂ ခုနှစ်၊ သြဂုတ်လ(၁)ရက်နေ့ နံနက်(၇း၀၀)နာရီအချိန် ထုတ်ပြန်ချက်)


ဘင်္ဂလားပင်လယ်အော်အခြေအနေ။

ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင်မုတ်သုံလေအား ကောင်းနေပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်။

မွေးဖွားနှုန်းများသော ဘင်္ဂါလီများကို အိမ်ထောင်ပြုခြင်း၊သားသမီးယူခြင်းများတွင် ဥပဒေဖြင့် ကန့်သတ်ရန်မရှိ

ရခိုင်ပြည်နယ်ရှိ လူဦးရေမွေးဖွားနှုန်းများသော ဘင်္ဂါလီလူမျိုးများ၏ အိမ်ထောင်ပြုခြင်း၊ သားသမီး
ယူခြင်းများတွင် ဥပဒေဖြင့်ကန့်သတ်ရန်မရှိသော်လည်း မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုနှင့်အညီ
 နေထိုင်ပြုမူသွားရန် ၀ိုင်းဝန်းပြောကြားရမည် ဖြစ်ကြောင်းလူဝင်မှုကြီးကြပ်ရေးနှင့်
 ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ပြောသည်။

ဂျာနယ် ထုတ်ဝေခွင့် အကန့်အသတ်မရှိ ရပ်ဆိုင်းခြင်းနှင့် ပတ်သက်၍ မီဒီယာ သမားများ တွေ့ဆုံကြမည်



သြဂုတ် ၁ ၊ ၂၀၁၂၊ YPI

အပတ်စဉ်ထုတ် ဂျာနယ် ၂ စောင်၏ ထုတ်ဝေခွင့် အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်သည့် စာပေစိစစ်ရေး၏ ယမန်နေ့က ဆုံးဖြတ်ချက်နှင့် မီဒီယာ လွတ်လပ်ခွင့် ကိစ္စဆွေးနွေးကြရန် ယနေ့ နေ့လည်(၃)နာရီ ရွေဂုံတိုင် ၊တော်ဝင်နှင်းဆီတွင် မီဒီယာသမားများနှင့် အခြားလူမှု အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များပါ တွေ့ဆုံကြမည်ဟု သတင်းရရှိသည်။


ref: YPI

ATM Card အသုံးပြုလိုလျှင် .......


၁။ ATM စာရင်းဖွင့်ခြင်း -
  • ATM Card အတွက်  ငွေစာရင်း တစ်ခု ဖွင့်လှစ်ရပါမည်။ ၄င်းငွေစာရင်းသည် (လက်ရှိ ညွှန်ကြားချက်အရ) Current A/C အမျိုးအစား ဖြစ်ပါသည်။
  • ငွေကျပ် တစ်သောင်းမှ စဖွင့်နိုင်ပြီး  မှတ်ပုံတင်မူရင်းနှင့် လူကိုယ်တိုင် လာရောက်ဖွင့်လှစ်ရပါမည်။

မြန်မာ့နွေဦး၊ စိန်ခေါ်မှုများနှင့် ဒုတိယလှိုင်း



မြန်မာ့နွေဦး နိဒါန်းအစ

နိုင်ငံတော်သမ္မတကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံအောက်မှ
 တွေ့ဆုံပွဲသည်ပင် မြန်မာ့နွေဦး နိဒါန်းဖြစ်ကြောင်း အချို့က ဆိုကြသည်။ အချို့ကလည်း နိုင်ငံတော်သမ္မတကြီး၏ ရာထူးလက်ခံ ကတိသစ္စာပြုပွဲသည်ပင် မြန်မာ့နွေဦးနိဒါန်းဟု ပြောကြသည်။ မည်သို့ပင် သတ်မှတ်ကြသည်ဖြစ်စေ မြန်မာ့နွေဦး သည်ကား ပုရစ်ဖူးတို့ တဝေဝေ ဖြစ်နေသည်မှာ နိုင်ငံတကာမှ လက်ခံထားသော အမှန်တရားဟုဆိုက မှားမည် မထင်ပေ။

အိန္ဒိယနိုင်ငံထက်ဝက် လျှပ်စစ်ပြတ်တောက်

အိန္ဒိယနိုင်ငံမှာ လျှပ်စစ်မီးလိုင်းတွေ ပျက်ရာက လူဦးရေရဲ့ ထက်ဝက်ကျော် သန်းပေါင်း ၆၀၀ ကျော်ဟာ မီးမရပဲ နေထိုင် နေကြရပါတယ်။ ရက်ပေါင်း အတော်ကြာ မီးပျက်နေတဲ့ အထဲမှာ ဒုတိယ အဆိုးဆုံး အဖြစ် နယူးဒေလီ မြို့တော်၊ Kolkata စတဲ့မြို့ကြီးတွေ အပါအ၀င် နိုင်ငံ မြောက်ပိုင်းနဲ့ အရှေ့ ပိုင်း ဒေသတွေ က ပြည်နယ် ၁၂ ခုမှာ ဒီကနေ့ လျှပ်စစ်မီးတွေ ပြတ်တောက်နေတာပါ။

တရုတ်စစ်တပ် လွှမ်းမိုးလာမှု ဂျပန်သတိပေး

အာဏာရ တရုတ်ကွန်မြူနစ်ပါတီနဲ့ စစ်တပ်ကြား ဆက်ဆံရေးတွေဟာ တဖြည်းဖြည်း နီးစပ်ရှုပ်ထွေး လာနေရာက တိုင်းပြည်ရဲ့  နိုင်ငံခြားရေးရာ မူဝါဒတွေမှာ စစ်တပ်က သြဇာလွှမ်းမိုး လာနေတယ်လို့ ဂျပန်နိုင်ငံက သတိပေးလိုက်ပါတယ်။ တရုတ်နိုင်ငံက ပြောင်းလဲလာတဲ့ ပုံစံဟာ အန္တရာယ်ရှိတဲ့ အခြေအနေမှာ ရှိနေတယ်လို့လည်း ဂျပန်နိုင်ငံရဲ့ ကာကွယ်ရေးဆိုင်ရာ နှစ်စဉ် ဆန်းစစ်ချက်အဖြစ် ဒီကနေ့ ထုတ်ပြန်ရာမှာ ဖော်ပြခဲ့တာပါ။


လူ့အခွင့်အရေးကိုယ်စားလှယ် Tomas Ojea Quintana ဘူးသီးတောင်မြို့  သို့ရောက်ရှိ



ရခိုင်ပြည်နယ်တွင် ရောက်ရှိနေသော မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် Tomas Ojea Quintana သည် ယနေ့ သြဂုတ်လ ၁ ရက်နေ့ နံနက်ပိုင်းတွင် ဘူးသီးတောင်မြို့သို့ ရောက်ရှိနေပြီး ဘူးသီးတောင် အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားသော ရွာများကို မီးရှို့ရာတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သည့် ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများနှင့် အိုင်အင်န်ဂျီတို့မှ ၀န်ထမ်းများအား ယခုအခါ တွေ့ဆုံမေးမြန်းလျက်ရှိနေကြောင်း သတင်းရရှိပါသည်။

သြဂုတ်လ ၁ ရက်နေ့အတွက် ရည်ညွှန်းနိုင်ငံခြား ငွေလဲလှယ်နှုန်း



ယနေ့ သြဂုတ်လ ၁ ရက်နေ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်သော ရည်ညွှန်းနိုင်ငံခြား
 ငွေလဲလှယ်နှုန်း Reference Foreign Exchange Rate မှာ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၈၇၅ ကျပ်သတ်မှတ်ကြောင်း သိရသည်။

ထို့အပြင် Cross Exchange Rate အရ
တစ်ယူရို - ၁၀၇၅.၁ ကျပ်၊
စင်္ကာပူ တစ်ဒေါ်လာ - ၇၀၂.၃၉ ကျပ်၊
စတာလင်ပေါင် တစ်ပေါင် - ၁၃၇၀.၅ ကျပ်၊
ဂျပန်ယန်း တစ်ရာ - ၁၁၂၂ ကျပ်၊
သြစတြေးလျဒေါ်လာ တစ်ဒေါ်လာ - ၉၁၆.၉၀ ကျပ်၊
တရုတ်ယွမ် တစ်ယွမ် - ၁၃၇.၄၈ ကျပ်၊
အိနိ္ဒယရူပီး တစ်ရူပီး - ၁၅.၇၃၅ ကျပ်၊
ကိုရီးယားဝမ် တစ်ရာ - ၇၇.၅၆၄ ကျပ်၊
မလေးရှား ရင်းဂစ် တစ်ရင်းဂစ် - ၂၈၀.၁၈ ကျပ်
ထိုင်းဘတ် တစ်ဘတ် - ၂၇.၇၆၀ ကျပ် သတ်မှတ်သည်။



ပြည်သူ့ရှေ့မှောက် အရောက်လာတော့ မည့် MPU ကတ်များ
မောင်မောင်ဝင်း
ကြေးမုံသတင်းစာ - ဇူလိုင် ၃၀

လူသားတို့၏ နေ့စဉ်နှင့်အမျှ ကျင်လည် လှုပ်ရှားနေရသော လူမှုစီးပွားရေး ဘဝများတွင် ငွေကြေးသုံးစွဲမှုနှင့် မကင်းနိုင်ကြပေ။လူသားတို့အတွက် အခြေခံစားဝတ်နေရေးအတွက်ဖြစ်စေ၊ ကုန်ထုတ်လုပ်မှု၊ 

ကုန်သွယ်မှု၊ ဝန်ဆောင်မှု၊ စားသုံးမှုများအတွက်ဖြစ်စေ၊ ခရီးသွားလာရေး၊ အပန်းဖြေရေး၊ ပျော်ရွှင်ရေး၊ ကျန်းမာရေး၊သာရေးနာရေး၊ ဘာသာရေး စသည်တို့အတွက်ဖြစ်စေ  ငွေကြေးသုံးစွဲဆောင်ရွက်
ကြရပေသည်။

ယနေ့ (သြဂုတ်လ ၁ရက်နေ့) တွင် ကျင်းပမည့် အမျိုးသားလွှတ်တော် အစည်းအဝေး၌ လာဘ်ပေး လာဘ်ယူမှု ဥပဒေကြမ်းအား ဆွေးနွေးကြမည်



ယနေ့ (သြဂုတ်လ ၁ရက်နေ့) တွင် ကျင်းပမည့် အမျိုးသားလွှတ်တော် အစည်းအဝေး၌ အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီ၏ ဥက္ကဋ္ဌ (သို့မဟုတ်) ယင်းက တာဝန်ပေးအပ်သည့် ပုဂ္ဂိုလ်က လာဘ်ပေး လာဘ်ယူမှု ပပျောက်ရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည် ဖတ်ကြားရှင်းလင်းခြင်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ဥပဒေမူကြမ်းပါ အကြောင်းအရာများအား တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုရန် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း၊ ဘဏ္ဍာရေးနှင့် ဥပဒေရေးရာ ကော်မရှင်က လာဘ်ပေး လာဘ်ယူမှု ပပျောက်ရေး ဥပဒေကြမ်းကို အတည်ပြုရန် အဆိုတင်သွင်းခြင်းနှင့် လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ထောက်ခံခြင်း စသည်တို့ကို ပြုလုပ်မည် ဖြစ်ပါသည်။

ref:EMG

အစိုးရ အဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုများ သမ္မတထံ တင်ပြရမည်

ပြည်ထောင်စု ဝန်ကြီးများ အပါအဝင်၊ သမ္မတက ခန့်အပ်ထားသော ပုဂ္ဂိုလ် ၇ မျိုး၏ ပိုင်ဆိုင်မှုများကို တန်ဖိုးနှင့်အတူ စာရင်းပြုစု၍ ဗုဒ္ဓဟူးနေ့တွင် သမ္မတထံ ပေးပို့ကြရန် နိုင်ငံတော်သမ္မတရုံးက ဇူလိုင်လ ၂၆ ရက်နေ့တွင် ညွှန်ကြားချက်တရပ် ထုတ်ပြန်လိုက်သည်ဟု သမ္မတရုံး အကြီးတန်း အရာရှိတဦးက မဇ္ဈိမကို ပြော သည်။

“ဟုတ်ပါတယ်။ ပြည်ထောင်စု အစိုးရအဖွဲ့ဥပဒေ ၁၀၁ အရ စာရင်းပြုစုပြီး ပေးပို့ပေးဖို့ ညွှန်ကြားတာပါ” ဟု အဆိုပါ အရာရှိက ပြောသည်။

ဧရာဝတီမြစ်ရေမြင့်တက်နေမှုကြောင့် စစ်ကိုင်း-မင်းကွန်းကားလမ်း မြစ်ရေနှင့် တစ်ပြေးညီဖြစ်နေ


ဧရာဝတီမြစ်ရေမြင့်တက်နေမှုကြောင့် စစ်ကိုင်း-မင်းကွန်းကားလမ်းဘေးတွင် မြစ်ရေအခြေအနေမှာ တစ်ပြေးညီဖြစ်နေသည်ကို ပြီးခဲ့သည့် ဇူလိုင် ၂၉ ရက် က မြင်တွေ့ခဲ့ရသည်ဟု ဝါးချက်ကျေး ရွာမှ ရွာခံများထံက သိရသည်။


ပြုပြင်ပြောင်းလဲမှုမဟာဗျူဟာ နိုင်ငံတကာအခြေအနေနှင့်အညီ ရေးဆွဲ၊ တရုတ်၊ ပိုလန်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်တို့၏ ပြုပြင်ပြောင်းလဲမှု ရှင်းလင်း



ပြုပြင်ပြောင်းလဲမှု မဟာဗျူဟာဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲတစ်ရပ်ကို ဇူလိုင် ၂၇ ရက် နံနက် ၁ဝ နာရီက အမျိုး သားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုဝန်ကြီးဌာန စီမံကိန်းရေးဆွဲရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အမျိုးသားစီးပွားရေးနှင့်လူမှုရေး အကြံပေးကောင်စီအဖွဲ့ဝင်
 ဒေါက်တာ ဇော်ဦးက ပြုပြင်ပြောင်းလဲမှုကို ရေးဆွဲချမှတ်ရာတွင် ရှေးဦးစွာ ပြုပြင်ပြောင်းလဲမှု မူဘောင် Reform Framework ကို ဌာနများမှ တင်ပြချက်အပေါ် မူတည်၍ နိုင်ငံတကာ ဆောင်ရွက်မှု အခြေအနေနှင့်အညီ ရေးဆွဲလျက်ရှိ ကြောင်း၊ မူဘောင်မှ မဟာဗျူဟာ၊ မဟာဗျူဟာမှ စီမံကိန်းနှင့် စီမံကိန်းပေါ် မူတည်၍ လုပ်ငန်းစဉ်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဆောင်ရွက်ဆဲလုပ်ငန်းများ ကိုလည်း ဆက်လက်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဆွေးနွေးညှိနှိုင်းခြင်း၊ လူထုပါဝင်ရေးဆွဲခြင်း၊ မဟာဗျူဟာ ပူးပေါင်းရေးဆွဲခြင်းတို့ကို ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ အချိန်တစ်ခုတွင် တစ်စုတည်းဖြစ်သွားပါက အော
င်မြင် မည်ဖြစ်ပါကြောင်းဖြင့် ဆွေးနွေးပြော ကြားသည်။

"မန်း မြို့ပေါ်(၇)မြို့နယ်အတွင်း ယာဉ်တိုက်မှု နှိုင်းယှဉ် ပိုစတာ လူစည်ကားရာနေရာများတွင် စိုက်ထူသတိပေး"

မန်း မြို့ပေါ်(၇)မြို့နယ်အတွင်း နှစ်အလိုက်ဖြစ်ပွားသော ယာဉ်တိုက်မှုနှိုင်းယှဉ် ပိုစတာကို လူစည်ကားရာနေရာများတွင် စိုက်ထူသတိပေးထားကြောင်း သိရသည်။


၂၀၁၂ဇွန်လအထိ ယာဉ်တိုက်မှုကြောင့် သေဆုံးသူ၉၇ဦးနှင့် ဒဏ်ရာရသူ၃၃၇ဦးရှိကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် အီရန်သံရုံးဖွင့်လှစ်ရန် စီစဉ်

တီဟီရန်- ဇူလိုင် ၃၁

အီရန်နိုင်ငံက မြန်မာနိုင်ငံတွင် သံရုံးဖွင့်လှစ်ရန် စီစဉ်ထားကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အလီအက်ခ်ဘာ တာလီစီကို ကိုးကား၍ အီရန် မေဟာသတင်းဌာနက သတင်းပေးပို့သည်။

“ကျွန်တော်တို့မြန်မာနိုင်ငံက တာဝန်ရှိသူတွေနဲ့ ပြောဆိုဆွေးနွေး နေပြီး သံရုံးဖွင့်ဖို့စီစဉ်ထားပါတယ်” 
ု အီရန်နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။ ယင်းသို့သံရုံးဖွင့်လှစ်လိုက်ခြင်းဖြင့် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုခိုင် မာလာစေကြောင်း အီရန်နိုင်ငံခြားရေး ၀န်ကြီးက ဆက်လက်ပြော ကြားသည်။

ဘင်္ဂါလီလူမျိုးများ၏ တရားမ၀င်စိမ့်ဝင်လာမှုများကြောင့် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များတွင် ဘင်္ဂါလီလူမျိုး ၉၄ ရာခိုင်နှုန်း၊ တိုင်းရင်းသား ၆ ရာခိုင်နှုန်းသာ နေထိုင်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပြောကြား

ဘင်္ဂါလီလူမျိုးများ၏ တရားမ၀င် စိမ့်ဝင်လာမှုများကြောင့် မောင်တောနှင့် ဘူးသီးတောင်မြို့နယ် များတွင်ဘင်္ဂါလီလူမျိုး ၉၄ ရာခိုင်နှုန်းရှိပြီး တိုင်းရင်းသား ၆ ရာခိုင်နှုန်းသာ နေထိုင်
လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို က အမျိုးသားလွှတ်တော်တွင် ဇူလိုင်လ ၃၁ ရက်နေ့ ကပြောကြားခဲ့သည်။


ငြိမ်းချမ်းရေးခိုင်မာဖို့ တပ်ရင်း ၂၀ ကျော်မှ ၇ ရင်းဆုတ်ပေးရန်လို ဟုဆို

ကရင်နီပြည်ငြိမ်းချမ်းရေးအတွက် ညှိနိုင်းဆွေးနွေးဖို့ ခက်ခဲနေတဲ့ တပ်ကိစ္စမှာ ကရင်နီပြည်တွင်းမှာ ရှိနေတဲ့ တပ်တွေအားလုံးကိုဆုတ်ခိုင်းဖို့ တောင်းဆိုနေတာမဟုတ်ဘူးလို့ ကရင်နီတပ်မတော် ဒု - စစ်ဦးစီးချုပ် ဗိုလ်ချုပ်အောင်မြတ်က ပြောပါတယ်။


ပြည်နယ် ဒေသကွပ်ကဲရေးစစ်ဌာနချုပ် လက်အောက်ခံတပ်ရင်းကလွဲလို့ ကျန်တဲ့ တပ်မ ၅၅ ခြေမြန်တပ်မ တပ်ရင်းတွေကို ကရင်နီပြည်နယ်ထဲကနေ ဆုတ်ပေးဖို့သာဖြစ်တယ်လို့ ပြောပါတယ်။

Microsoft က Hotmail ပုံစံအသစ်အား မိတ်ဆက်

Microsoft သည် ၎င်း၏ Hotmail ကို ပြင်ဆင်မွမ်းမံပြီးနောက် ပုံစံသစ်အား ယနေ့ စတင်ပြောင်းလဲ မိတ်ဆက်လိုက်သည်။ Hotmail ၏ ဒီဇိုင်းပုံစံသစ်မှာ Facebook ကဲ့သို့ လူမှုဆက်သွယ်ရေးကွန်ရက် ဝက်ဘ်ဆိုက်ဆန်ဆန် ဖြစ်ကြောင်း Reuters က သုံးသပ်သည်။ အင်တာနက်အသုံးပြုသူများကြား GoogleGmail သုံးစွဲမှု အလျင်အမြန် တိုးမြင့်လာခြင်းကို တုံ့ပြန်၍ ဈေးကွက်ဝေစု ပိုမိုရရှိနိုင်ရန် Microsoft က ကြိုးပမ်းလာခြင်လည်း ဖြစ်သည်။

ref:planet

တိုင်ဖွန်းမုန်တိုင်း ဆာအိုလာ ထိုင်ဝမ် နိုင်ငံသို့ ဦးတည်

ထိုင်ဝမ်နိုင်ငံသို့ တိုင်ဖွန်းမုန်တိုင်း ဆာအိုလာ ဦးတည်ရွေ့လျားလာနေပြီး မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှု၊ မြေပြိုမှုများ ဖြစ်ပေါ်နိုင်ကြောင်း ထိုင်ဝမ်အာဏာပိုင်များက ယနေ့ သတိပေးချက် ထုတ်ပြန်ထားသည်။