Thursday 15 September 2011

အလုပ်ရုံ အစည်းအဝေးကိုတော့ ခဏနဲ့ ထ ပြန်ပြီး ဘောလုံးပွဲကိုတော့ အပြီးထိထိုင်ကြည့်သည့် ထူးဆန်းသော အင်တာနက်ပေါ်က လူထုခေါင်းဆောင်

ဒီကနေ့ ညနေ ရန်ကုန် သုဝဏ္ဏ ဘောလုံးကွင်းမှာ ကျင်းပတဲ့ ယူ ၁၉ ဘောလုံးပွဲကို အင်တာနက်ပေါ်က လူထုခေါင်းဆောင် ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ကြည့်ရှုခဲ့ပါတယ်။ အသက် ၆၇ နှစ်အရွယ် အဖွားကြီးရဲ့ ပထမ ဆုံး မြန်မာနိုင်ငံမှာ ဘောလုံးပွဲ သွား ကြည့်ခြင်းဖြစ်ပါတယ်။ ဘောလုံးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ထက် အသက်ကြီးတဲ့ အမျိုးသမီး ပရိတ်သက် တစ်ယောက်မှ မရှိခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘောလုံးပွဲကို အစ မှ အဆုံးထိ စိတ်ဝင်စားစွာနဲ့ စောင့်ဆိုင်း ကြည့်ရှုခဲ့ပါတယ်။

လူထု ခေါင်းဆောင်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ ဘောလုံးပွဲကိုသာ အစ မှ မဆုံး မကြီးမငယ် နဲ့ သွားရောက်ကြည့်ရှုခဲ့ပေမယ့် ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်နေ့က နေပြည်တော် မှာ ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံ၊ မြန်မာ တမျိုးသားလုံး၊ မြန်မာ လူထုတစ်ရပ်လုံး ရဲ့ အမျိုးသား အကျိုးစီးပွားအရေးကို ရှေးရှုပြီး နိုင်ငံတော် သမ္မတ ကိုယ်တိုင် ဦးဆောင် ကျင်းပခဲ့တဲ့ အလုပ်ရုံဆွေးနွေးပွဲကိုတော့ ပထမ ရက်မှ မတက်ခဲ့ပါဘူး။ ဒုတိယ ရက်မှာတော့ ပထမပိုင်း လောက်မှာ ခဏ ဝင်ထိုင်ပြီး ဆွေးနွေးပွဲ မပြီးခင်မှာပဲ သူနဲ့ မဆိုင်သလိုပဲ ထပြန်လာခဲ့ပါတယ်။


ဘောချစ်တဲ့ အန်တီစု မှ နိုင်ငံ့ စီးပွားရေး အကြောင်း ဆွေးနွေးတုန်းက ထပြန်ခဲ့ပေမယ့်
ဘော အကြောင်း ဆွေးနွေးချိန်မှာတော့ ထ မပြန်ပဲ အပြီးထိ စိတ်ဝင်စားစွာ နားထောင်နေစဉ်