Sunday 28 June 2015

မရဲတရဲ ဈေးစနည်းနာနေသည့် ကျောက်ကုန်သည်များ

တန်ဖိုးအမြင့်ဆုံး  ယူရို ၁၂သန်းအထိ တန်ဖိုးရှိသောကျောက်စိမ်း တုံးကြီးတွေကြားမှာ   လက်နှိပ် ဓာတ်မီးများ၊ တိပ်များနှင့် ရေ ခွက်များကို ကိုင်ဆောင်ထားသည့် ကျောက်ကုန်သည်များက သူတို့၏ကံကြမ္မာကို ရှာဖွေ ကံစမ်းနေ ကြပါသည်။ သည်ကျောက်မျက် ရတနာပြပွဲသည် မြန်မာနိုင်ငံတွင် နှစ်စဉ်ဝင်ငွေအများဆုံးရသည့် ကျောက်မျက်ရောင်းချပွဲလည်း ဖြစ်ပါတယ်။
ပုံမှန်အားဖြင့် တိတ်ဆိတ် ငြိမ်သက်နေသော နေပြည်တော် သည် ယခုလို ကျောက်မျက်ပြပွဲ များရှိလျှင် လူစည်မြဲဖြစ်ပါသည်။ သည်နှစ်ကတော့ ခါတိုင်းလို စည် ကားမနေပါ။ အကျင့်ပျက်ခြစားမှု များနှင့် အကျိုးအမြတ်ရနေသည် ဟု နာမည်ကြီးနေသော ကျောက် လောက ဈေးကွက်အတွင်း အ မြတ်ကြီးစားမှုတွေကို   တရုတ်အစိုးရက  ပြင်းပြင်းထန်ထန် ရှင်းလင်းရေးလုပ်ပြီးသည့်နောက်ပိုင်းမို့ ဖြစ်ပါသည်။

အာဖဂန်တွင် ခွေး ၃ ကောင်က အမေရိကန် စစ်သားများကို ကယ်တင်

လမ်းဘေးက ခွေး ၃ ကောင်ကို အစာတွေကျွေးပြီး မွေးမြူခဲ့တဲ့ အာဖဂန်နစ္စတန်နိုင်ငံမှာ တာဝန်ကျတဲ့ အမေရိကန် စစ်သားကို ဒီခွေးတွေက ပြန်ကယ်ခဲ့ပါတယ်။
ခရစ္စဒေါ့နဲ့ အပေါင်းအပါ စစ်သားတွေ အာဖဂန်မှာ တာဝန်ကျစဉ်က လမ်းဘေးမှာ လေ့လွင်နေတဲ့ ဆာရှာ၊ တားဂက်နဲ့ ရှုးဖစ် ခွေး ၃ ကောင်ကို မွေးစားခဲ့ပါတယ်။
ဖေဖော်ဝါရီလက ညတည သန်းခေါင်းချိန်မှာတော့ ၂၅ ပေါင်ရှိတဲ့ ဖောက်ခွဲရေး ပစ္စည်းတွေနဲ့ အသေခံ ဗုံးခွဲသမားဟာ အမေရိကန် စစ်သား ၅၀ နီးပါး နေနေတဲ့ စစ်တန်းလျားကို ၀င်ဖို့ ကြိုးစားခဲ့ပါတယ်။

ကိုဘာနီမြို့ကို အိုင်အက်စ်အပြင်းအထန် ထိုးစစ်ဆင်၊ ကာ့ဒ်တပ်ဖွဲများ ပြန်လည်တိုက်ထုတ်

တူရကီနယ်စပ်က မဟာဗျူဟာကျတဲ့ ကိုဘာနီမြို့ကို အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ်တွေက ဒုတိယအကြိမ် အပြင်းအထန်ထိုးစစ် ဆင်ခဲ့ပေမယ့် ဆီးရီးယားကာဒ့်တွေက ပြန်လည်တိုက်ထုတ်နိုင်ခဲ့တယ်လို့ ဆီးရီးယားလူအခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ဇွန် ၂၇ ရက်နေ့ ပြောပါတယ်။ဒါပေမယ့် အိုင်အက်တို့ရဲ့ ထိုးစစ်အတွင်း အပြစ်မဲ့အရပ် သား ၂၀၀ ကျော် သေဆုံးတယ်လို့ ဆီးရီးယား လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

အေအိုင်ဒီအက်စ်ကူးစက်ခံ မိဘမဲ့မြန်မာကလေးများဂေဟာ ဖွင့်လှစ်

အေအိုင်ဒီအက်စ်ကူးစက်ခံရတဲ့ မိဘမဲ့မြန်မာကလေးတွေအတွက် စောင့်ရှောက်ကူညီရေးဂေဟာတခုကို ဂျပန်နိုင်ငံ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတခုအကူအညီနဲ့ မြန်မာနိုင်ငံမှာ ကချင်ပြည်နယ်မှာ ဖွင့်လှစ်လိုက်ပါတယ်။ကချင်ပြည်နယ်၊ မိုးကောင်းမြို့မှာ ပြီးခဲ့တဲ့ ဇွန် ၂၇ ရက်နေ့က ဖွင့်လှစ်လိုက်တယ်လို့ ဂျပန်အခြေစိုက် အန်အိပ်ခ်ျကေသတင်းမှာ ဖော်ပြပါတယ်။
ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း၊ ကူမာမိုတိုခရိုင်ရှိ ၀ိုင်အမ်စီအေအုပ်စုက ဦးဆောင်ပြီး လှူဒါန်းငွေတွေနဲ့ အဲဒီအဆောက်အုံတည်ဆောက်ဖို့ ရန်ပုံငွေမြှင့်တင်ရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့တာပါ။

ကန့်ဘလူမြို့နယ်ကို ခရိုင်အဆင့်သတ်မှတ်ပေးရန် ဆန္ဒပြတောင်းဆို

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ကို ခရိုင်အဆင့် အမြန်ဆုံး တိုးချဲ့သတ်မှတ်ပေးဖို့ ဒေသခံတွေစုပေါင်းပြီး လမ်းလျှောက်ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။ကန့်ဘလူမြို့နယ်ကို ခရိုင်အဆင့်တိုးချဲ့သတ်မှတ်ဖို့ နိုင်ငံတော် ပြည်ထဲရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ မတ် ၃၀ ရက်နေ့က အမိန့်ကြေညာစာထုတ်ပြန်ထားတာပါ။
ဒါပေမယ့် ၃ လနီးပါးကြာလာတဲ့အထိ အစိုးရက တရားဝင် ခရိုင်အဖြစ် ဖွင့်ပွဲကျင်းပတာတွေ မရှိသေးတာကြောင့် ဇွန်လ ၂၇ ရက်နေ့က ဒေသခံတွေ စုပေါင်းပြီး ခရိုင်အဆင့်အဖြစ် အမြန်ဆုံးဖွင့်လှစ်သွားနိုင်ဖို့ ကန့်ဘလူးမြို့မှာ လမ်းလျှောက်ဆန္ဒပြ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

နီပေါငလျင်ဘေး ၂ လပြည့် အောက်မေ့ဖွယ်အခမ်းအနား ပြုလုပ်

နီပေါနိုင်ငံမှာ လူ ၈၈၀၀ ကျော် သေဆုံးခဲ့တဲ့ ငလျင်ဘေး ၂ လ ပြည့် အောက်မေ့ဖွယ် အခမ်းအနားတခုကို ကက်သမန်ဒူမြို့က ရင်ပြင်တခုမှာ ဇွန် ၂၇ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
ငလျင်ကြောင့် အိမ်ပေါင်း သန်းတ၀က်လောက်လည်း ပျက်စီးခဲ့ပါတယ်။ ကွယ်လွန်သွားသူတွေရဲ့ ၀ိညာဉ်တွေ ငြိမ်းချမ်းစေဖို့အတွက် ဆုတောင်းပွဲ ပြုလုပ်တာလို့ ဦးဆောင်သူ အန်နာပါနာ ပုံနှိပ်တိုက်ရဲ့ ကိုယ်စားလှယ် ရှီလူ အာဟီကရေးက ရှင်းပြပါတယ်။

သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ ၄၅ ဦးရှိပြီ

အခုနှစ်နှစ်ဆန်းပိုင်းကစပြီး ဇွန်လ ၂၆ ရက်အထိ တနိုင်ငံလုံးမှာ သွေးလွန်တုပ်ကွေးရော ဂါဖြစ်ပွားသူ ၁၀၀၀၀ ကျော်ရှိပြီး ၄၅ယောက် သေဆုံးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ဧရာဝတီိုင်းမှာ ရောဂါဖြစ်ပွားသူ ၂၀၀၀ ကျော်ရှိပြီး ပြည်နယ်တိုင်းအလိုက် ရောဂါဖြစ်ပွားမှုနှုန်း အများဆုံး ဖြစ်ပါတယ်။

ထိုင်ဝမ် ရေကစားဥယျာဉ် ပေါက်ကွဲမှု ၅၀၀ ကျော် ဒဏ်ရာရ

ထိုင်ဝမ် တိုင်ပေမြို့တော် အပြင်ဘက်က အပန်းဖြေရေကစားဥယျာဉ်တခုမှာ ဇွန် ၂၇ ရက် ညဦးပိုင်းက မတော်တဆ ပေါက်ကွဲမှုကြောင့် လူ ၅၁၉ ဦး ဒဏ်ရာရရှိသွားပါတယ်။

ဖော်မိုစာ ရေကစားဥယျာဉ်ရဲ့ စတိတ်စင်ကြီးမှာ ပေါက်ကွဲမီးလောင်ခဲ့တာဖြစ်ပြီး ဒဏ်ရာရ သူတွေထဲက ၁၈၂ ဦးကိုတော့ အထူး ကြပ်မတ်ဆောင်မှာ ကုသပေးနေတယ်လို့ ထိုင်ဝမ် အာဏာပိုင်တွေကို ကိုးကားပြီး စီအန်အန်သတင်းမှာ ဖော်ပြပါတယ်။

လူကြမ်းတွေ လဲရင် ကြိုက်လား

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပုဒ်မ တချို့ကို ပြင်ဆင်နိုင်ရန် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်အမတ် ဦးသိန်းဇော်က ဥပဒေမူကြမ်း လွှတ်တော်သို့ တင်သွင်းပြီး နောက် လွှတ်တော်အမတ်နှင့် စစ်တပ်ကိုယ်စားလှယ်များ ဆွေးနွေးကြသည်။ ဆွေးနွေးပြီးနောက် ဇွန် ၂၅၊ ၂၀၁၅ က မဲခွဲကြရာ စစ်တပ်ကိုယ်စားလှယ်များက မထောက်ခံသောကြောင့် ပုဒ်မ တစ်ခု၏ စကားတစ်လုံးသာ ပြင်နိုင်ပြီး ကျန်ပုဒ်မများကို မပြင်နိုင်ခဲ့ပါ။ လွှတ်တော်သတင်းများကို စောင့်ကြည့်လေ့လာသူများ သို့မဟုတ် ဖေ့စ်ဘွတ်မှ သတင်းများကို ပုံမှန်ဖတ်ရှုသူများ သိပြီးဖြစ်ပါလိမ့်မည်။ ပြဿနာမှာ ဇာတ်သိမ်းသိပြီးသား ရုပ်ရှင်တစ်ကားကို တကယ်ကြည့်ရှုရချိန်တွင် ငိုလိုက်ရသည့် ရုပ်ရှင်ကြည့် ပရိသတ်များနှယ် ဖြစ်ပါသည်။ ဇာတ်ဆောင် များက သရုပ်ဆောင် ကောင်းကြသည်လား၊ သို့တည်းမဟုတ် ဇာတ်ပို့ တီးလုံးက ကောင်းသည်လား၊ သို့တည်းမဟုတ် ကာလရာသီက ငိုစရာ ကောင်းနေသည်လား၊ ပြည်သူ တချို့ကား ရုပ်ရှင်ကြည့် ပရိသတ်များကဲ့သို့ပင် ဝမ်းနည်းခဲ့ကြသည်။

ပဲခူးတိုင်း ဖြူးတွင် လယ်သမား ၁၅၀ ခန့် ထွန်တုံးတိုက်ပွဲ ပြုလုပ်

 ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ညောင်ပင်ကျေးရွာရှိ စိမ်ကြီးကွင်းတွင် မြတ်အိနြေ္ဒ ကုမ္ပဏီက သိမ်းဆည်းထားသည့် လယ်ဧကများကို ပြန်ပေးရာတွင် မပါဝင်သည့် လယ်သမားများက ဇွန် ၂၇ ရက်၌ ယင်းမြေများပေါ်တွင် ထွန်တုံးတိုက်ပွဲ ပြုလုပ်ခဲ့ကြသည်ဟု အလုပ်သမားသမဂ္ဂ လွတ်လပ်ရေး အဖွဲ့မှ အထွေထွေ တာဝန်ခံ ဦးမြင့်စိုးက မဇ္ဈိမကို ပြောသည်။

ခန္တီးလေဆိပ်တွင် တရားဝင် သယ်ဆောင်နိုင်သည့် ပစ္စည်းကို ငွေကြေးကောက်ခံသည့် ရဲများကို စုံစမ်း စစ်ဆေးနေ

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ခန္တီးလေဆိပ်တွင် နိုင်ငံတော်မှ တရားဝင် သယ်ဆောင်ခွင့် ပေးသည့် ပစ္စည်းများအား ရဲတပ်ဖွဲ့ဝင်များက ငွေကြေးကောက်ခံနေမှုကို စုံစမ်းစစ်ဆေးရေးခုံဖွဲ့၍ စစ်ဆေးနေကြောင်း ခန္တီးမြို့နယ် ရဲတပ်ဖွဲ့မှူးက မဇ္ဈိမကို ပြောသည်။
မေလ (၈) ရက်နေ့ နေ့လည် (၂) နာရီခန့်က ပိုက်ဆံသိန်း (၂၀၀) ကို လေယာဉ်ဖြင့် သယ်ဆောင်ခွင့်ရရန်အတွက် ရဲတပ်သားများက ငွေသုံးသောင်းတောင်းခဲ့ပြီး ယခုလို ငွေတောင်း ခံမှုများမှာ ယခင်ကတည်းက ရှိခဲ့သည်ဟုလည်း ဒေသခံများက ဆိုသည်။

ရွေးကောက်ပွဲ ကော်မရှင်၏ ဆောင်ရွက်မှုမှာ ဥပဒေနဲ့အညီ ဆောင်ရွက်ရ၍ တရားမျှတမည်ဟု ဆို


 မြန်မာနိုင်ငံ၏ လာမည့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ကော်မရှင်၏ ဆောင်ရွက်မှုများသည် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်၍ တရားမျှတမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးဝင်းကိုက ဇွန်၂၇ ရက်တွင် ဆိုသည်။

အမျိုးသမီးများ၏ အခက်အခဲကို မျှဝေခံစားမှုရှိကြောင်း ဖော်ပြသည့် အနေဖြင့် အမျိုးသားများက ဒေါက်ဖိနပ်စီး လှုပ်ရှားမှု ပြုလုပ်

 အမျိုးသမီးများ၏ အခက်အခဲနှင့် နာကျင်မှုများကို မျှဝေခံစားမှုရှိကြောင်း ဖော်ပြသည့် အနေဖြင့် အမျိုးသားများက ဒေါက်ဖိနပ်စီး ဝတ်ဆင်သွားလာသည့် လှုပ်ရှားမှု တစ်ခုကို ဇွန် ၂၇ ရက်က ရန်ကုန်မြို့၊ မြေနီကုန်း ဒဂုံစင်တာ -၂ ၊ ဒုတိယထပ်ရှိ ပရိုမိုးရှင်း ဧရိယာတွင် ပြုလုပ်ခဲ့သည်။

အဆိုပါလှုပ်ရှားမှုကို ကျား၊ မ ရေးရာ တန်းတူညီမျှရေး ကွန်ရက်၏ Research Working Group အဖွဲ့ဝင်များမှ ပူးပေါင်းကျင်းပသည့် “ရုန်းမထွက်သာ အစဉ်အလာ” Public Campaign ကျင်းပသည့် အစီအစဉ်တွင် ထည့်သွင်းကျင်းပခဲ့ခြင်း ဖြစ်သည်။

ငပုတောမြို့နယ် မြစ်တရာချောင်းရေလျံကာ အိမ်ခြေ ၁၂၈လုံရေနစ်မြုပ်၊ ဒေသခံ ၆၀၃ဦးကို အရေးပေါ် ကယ်ဆယ်

 ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်းရှိ သင်းကျောင်းကျေးရွာအုပ်စုနှင့် ၀က်ကော်ရွာရှိ အိမ်ခြေ ၁၂၈လုံး မြစ်တစ်ရာချောင်း ရေလျံကာ နစ်မြုပ်ခဲ့သဖြင့် ဒေသခံ ၆၀၃ဦးကို အရေးပေါ်ကယ်ဆယ်ခဲ့ရသည်ဟု တိုင်းဒေသကြီးအစိုးရ အတွင်းရေးမှူး ဦးအေးကျော်က ဇွန်လ ၂၈ရက်တွင် မဇ္ဈိမကိုပြောသည်။

"လူအသေအပျောက်မရှိပါဘူး။ ဒီရေကလည်း တက်တယ်၊ တောင်ကျရေရယ်ပေါင်းပြီး ရေကြီးတာ၊ အားလုံးကို ရွှေ့ပြောင်းကယ်ဆယ်ပြီး၊ မရမ်းကုန်းရွာက စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေမှာ ထားထားပါတယ်။ ကားလမ်းပေါ်ကို ၃ပေလောက်တက်တာ အခုတော့ ၁ပေလောက်ပြန်ကျနေပြီ" ဟု ၎င်းကဆိုသည်။

ပဲတီစိမ်းစိုက်ပျိုးသူများအတွက် ပညာပေးလုပ်ငန်းများ ဆောင်ရွက်မည်

ပဲတီစိမ်းများ ထုတ် လုပ်မှုအရည်အသွေး မကျဆင်း စေရန် တောင်သူပညာပေးလုပ် ငန်းများကို စက်တင်ဘာအတွင်း ပြုလုပ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း(ကုန်စည်ဒိုင်)မှ သတင်းရရှိသည်။
ပဲပင်ပေါက်ပြုလုပ်ရန် မြန်မာနိုင်ငံမှ ပဲတီစိမ်းများကို အင်္ဂလန်၊ ဂျာမနီ၊ ဟော်လန်၊ ပြင်သစ် နိုင်ငံများက ၂၀၁၂ မှစ၍ လက်ရှိ အချိန်ထိ ဝယ်ယူနေကြောင်း အဆိုပါအသင်းမှ သိရသည်။
‘‘ပညာပေး  လုပ်ငန်းကို ဥရောပနိုင်ငံ တချို့က ပညာရှင် တွေကိုယ်တိုင် ပဲတီစိမ်းစိုက်မယ့် ဒေသတွေကို သွားပြီး တောင်သူ တွေကို ပညာပေးလုပ်ငန်းတွေ လုပ်သွားမယ်။ ဘာတွေကို ပညာ ပေးလုပ်သွားမှာလဲဆိုတော့ ဥရောပနိုင်ငံတွေက သတ်မှတ်ထားတဲ့ စားသုံးသူ အန္တရာယ်ကင်းရှင်းဖို့ စံချိန်စံညွှန်းတွေကို ရှင်းပြသွား မှာဖြစ်ပါတယ်’’ဟု ရန်ကုန်တိုင်း ဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(ကုန်စည်ဒိုင်) ဥက္ကဋ္ဌ ဦးအုန်းဆိုင်က ပြောသည်။

အပူလှိုင်းကြောင့် ပါကစ္စတန်တွင် သေဆုံးသူ ၁၁၀၀ ကျော်ပြီ

ပါကစ္စတန်မှာ အပူလှိုင်းကြောင့် သေဆုံးသူ ၁၁၀၀ ကျော်သွားပြီး အပူဆုံး ရက်တွေမှာ ကြုံရတဲ့ ၄၄ ဒီဂရီ ဆဲလ်စီးယပ်စ်ဟာ ၁၉၈၁ နောက်ပိုင်းမှာ အမြင့်ဆုံး ဖြစ်ပါတယ်။
အပူဒဏ်အဆိုးဆုံးခံနေရတဲ့ ကရာချီမြို့မှာ ဇွန် ၂၆ ရက်နေ့ကစလို့ ပင်လယ်ဘက်ကနေ လေပြေလေညင်းတွေ စတင်ဝင်ရောက်နေတာကြောင့် အရင်နေ့တွေကထက် အပူဒဏ်သက်သာလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သံတွဲလေဆိပ်ဟိုတယ် ဒီဇင်ဘာတွင် ဖွင့်လှစ်မည်

သံတွဲမြို့တွင် ဆောက် လုပ်လျက်ရှိသည့် လေဆိပ်ဟို တယ်ကို ယခုနှစ်ဒီဇင်ဘာ၌ စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။
မြန်မာနိုင်ငံ၏ ထင်ရှားသော ငပလီကမ်းခြေ၌ ခရီးသွားဦးရေ များပြားချိန်တွင် ဟိုတယ်အခန်းမလုံလောက်မှုများရှိသဖြင့် ခရီးသွားလုပ်ငန်းကို အထောက်အကူပြုစေရန် လေဆိပ်ဟိုတယ်လုပ်ငန်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ လေဆိပ်ဟိုတယ် အတွက် ဂိုးလ်ဒင်း ဟံသာဝတီ ကုမ္ပဏီအား မြေနေရာငှားရမ်း၍ လုပ်ကိုင်ခွင့်ပြုလိုက်ခြင်းဖြစ်ပြီး ကြယ်သုံးပွင့်အဆင့် ဆောက်လုပ်မည်ဖြစ်သည်။ လက်ရှိတွင် တည် ဆောက်နေဆဲဖြစ်ပြီး လေဆိပ် ဟိုတယ်လုပ်ငန်းဆောင်ရွက်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မ ရှင်၏ ခွင့်ပြုချက်ရထားကြောင်း ယင်းဦးစီးဌာနမှ သိရသည်။

ရခိုင်ပြည်နယ်တွင် ရေလွှမ်းမိုးပြီး အိမ်ခြေထောင်ချီ နစ်မြုပ်

ရေလွှမ်းမိုးမှုအန္တရာယ် ရင်ဆိုင်နေရသော ဒေသများအ နက် ရခိုင်ပြည်နယ်သည် အဆိုးရွားဆုံး ကြုံတွေ့နေရပြီး ရေနစ်မြုပ်သော အိမ်ခြေထောင်ချီရှိနေကြောင်း သတင်းရရှိသည်။
ရခိုင်ပြည်နယ်တွင် အမ်း၊ သံတွဲ၊ ကျောက်တော်၊ တောင် ကုတ်နှင့် ဘူးသီးတောင်မြို့တို့ ၌  ရေလွှမ်းမိုးမှု ရင်ဆိုင်ခဲ့ရပြီး ဇွန်လ ၂၇ ရက် ညနေတွင် ရေ အနည်းငယ် ပြန်ကျနေသော် လည်း ဘေးလွတ်ရာ၌ နေထိုင်ကြရန် အသံချဲ့စက်များဖြင့် သတိပေးထားသည်ဟု ရခိုင်ပြည်နယ် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ညွန်ကြားရေးမှူး ဦးမြင့်စိုးက ပြောသည်။

အကျဉ်းသားကျန်းမာရေး

အကျဉ်းသားတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးရတဲ့ဆရာဝန်တွေနဲ့ အကျဉ်းထာင် တာဝန်ရှိသူတွေ ကြားမှာ အပြန်အလှန် လွန်ဆွဲနေရမှုဆိုတာ တိုင်းပြည်တိုင်းမှာ ရှိတယ်။ အဆုံးမသတ်နိုင်တဲ့ အငြင်းပွားမှု တခုလည်း ဖြစ်တယ်။ ဒါ့ပြင် တရားစီရင်ရေးနဲ့ သမားကျင့်ဝတ်ကြားမှာ ဝိရောဓိ ဖြစ်နေတယ်။
ဆရာဝန်တွေဟာ ပညာပိုင်းဆိုင်ရာကျင့်ဝတ်ကို လိုက်နာကြရတယ်။ ဆုံးဖြတ်ချက်ချရာမှာ လူနာစောင့်တွေ ဖိအားနဲ့ ဆွဲအားတွေကို ပမာမထားပဲ ချမှတ်မှသာ မှန်ကန်တယ်။ စာနာစိတ်နဲ့ သနားစိတ်ကို မျှမျှတတ ထားကြရတယ်။ ရောဂါအမည်တပ်ဖို့ရာ စမ်းသပ်မှုနဲ့ စစ်ဆေးမှုတွေ လိုတယ်။
ထောင်ကို သွားကြည့်ရတဲ့ဆရာတွေမှာ စစ်ဆေးမှုတွေလုပ်ဖို့ မဖြစ်နိုင်ကြဘူး။ ဆရာဝန်တွေအပေါ်မှာ အကျဉ်းထောင် အရာရှိတွေက တတ်စွမ်းသလောက် ဖိအားပေးကြတယ်။ လူနာနဲ့ ဆရာဝန်ဆက်ဆံရေးအပြင် အကျဉ်းထောင်နဲ့ ဆရာဝန်ဆက်ဆံရေးဆိုတာပါ ရှိလာတယ်။