Monday 30 November 2015

လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးစီ၏ မဲရလဒ်များကို မကြာမီ ထုတ်ပြန်မည်

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲနေ့က ဗဟန်းမြို့နယ်တွင် မဲလက်မှတ်များ ရေတွက်နေစဉ် (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))
ရွေးကောက်ပွဲဝင် ရောက်ယှဉ်ပြိုင်ကြသော လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးချင်းစီ ရရှိသည့် မဲရလဒ် အသေးစိတ်ကို မကြာမီထုတ်ပြန် ပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သတင်း ရရှိသည်။

ရွေးကောက်ပွဲတွင် အနိုင်ရထားသော လွှတ်တော်ကိုယ်စား လှယ်လောင်းများ၏ မဲရလဒ်ကိုထုတ်ပြန် ကြေညာပြီးဖြစ်သဖြင့် ၀င်ရောက် ယှဉ်ပြိုင်သူအားလုံး၏ မဲရလဒ်ကိုလည်း သိရှိနိုင်ရန် ထုတ်ပြန်ကြေညာ ပေးမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ရွေးကောက်ပွဲဌာနမှ သိရသည်။

လက်ရှိတွင် ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲဆိုင်ရာ အစီရင်ခံစာကို ရွေးကောက် ပွဲရလဒ် ကြေညာပြီး ၄၅ ရက်အ တွင်း နိုင်ငံတော်သမ္မတထံ တင်ပြနိုင်ရန် ပြုစုရေးသားနေပြီး နိုင်ငံ ရေးပါတီများ အလိုက် ရွေးကောက်တင်မြှောက်ခံရမှုကို ပြုစုရန်လည်းစီစဉ်လျက်ရှိသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် နိုင်ငံတော်သမ္မတထံအစီရင်ခံစာတင်ပြခြင်း၊ ရွေး ကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ကြ သူများ၏ မဲရလဒ်ကြေညာပေး ခြင်းတို့ကို ဆောင်ရွက်မည့်အပြင် ရွေးကောက်ပွဲ ဆိုင်ရာ လေ့လာတွေ့ရှိချက်၊ သုံးသပ်ချက်များကို နောင်လာမည့် ရွေးကောက်ပွဲ ကော်မရှင်အတွက် ပြုစုပေးမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးဝင်းကြည်က ပြောသည်။

လွှတ်တော်ကိုယ်စားလှယ် လောင်းတစ်ဦးချင်းစီရရှိသည့် မဲရ လဒ်များ ထုတ်ပြန်ကြေညာပေး ခြင်းအားဖြင့် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ကြသည့် နိုင်ငံရေးပါတီများသည် မိမိတို့ပါတီအပေါ် လူထု၏ ထောက်ခံမှု မည်မျှ ရှိသည်ကို သိရှိနိုင်သဖြင့် နောက် လာမည့် ရွေးကောက်ပွဲများ အောင်နိုင်ရေးအတွက် ပြင်ဆင် ဆောင် ရွက်နိုင်ကြောင်း ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင် ဦး အေးသာအောင်က ဆိုသည်။

‘‘မဲရလဒ်သိရတော့ ကိုယ့်ပါတီရဲ့ ကိုယ်စားလှယ်ကို ဒေသတစ်ခုမှာ ပြည်သူထောက်ခံမှု ဘယ်လောက် ရှိလဲ၊  ဘယ်နေရာတွေမှာ အားသာမှုရှိနိုင်လဲ သိနိုင်တယ်လေ။ အဲဒါက နိုင်ငံရေးပါတီတွေ အတွက် ပါတီပြုပြင်ပြောင်းလဲ ရေးလုပ်ဖို့ အခွင့်အရေးတစ်ရပ် ပါ’’ဟု ဦးအေးသာအောင်က ပြောကြားသည်။

နိုဝင်ဘာ ၈ ရက်က ကျင်းပ ခဲ့သည့် ၂၀၁၅ အထွေထွေရွေး ကောက်ပွဲကို နိုင်ငံရေးပါတီ ၉၀ ကျော်မှ လွှတ်တော်ကိုယ်စား လှယ်လောင်းများနှင့် တစ်သီးပုဂ္ဂ လလွှတ်တော်ကိုယ်စားလှယ် လောင်းများအပါအ၀င် လွှတ် တော်ကိုယ်စားလှယ်လောင်း ခြောက်ထောင်ကျော် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည်။

7Day Daily 

No comments:

Post a Comment