Wednesday 12 November 2014

အစိုးရမှတောင်းခံမည့် ဘတ်ဂျက်ပမာဏကို ဘဏ္ဍာရေးဆိုင်ရာကော်မရှင်သို့ မတင်ပြမီ လွှတ်တော်ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီနှင့် ဦးစွာညှိနှိုင်းရန် ပြည်သူ့လွှတ်တော် ဆုံးဖြတ်

အစိုးရမှတောင်းခံမည့် ဘတ်ဂျက်ပမာဏကို ဘဏ္ဍာရေးဆိုင်ရာကော်မရှင်သို့ မတင်ပြမီ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီနှင့် ဦးစွာညှိနှိုင်းရန် ပြည်သူ့လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။

နိုဝင်ဘာ ၁၁ ရက်တွင်ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက တင်သွင်းသည့် “ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ရေးဆွဲတင်ပြခြင်းဆိုင်ရာ ဥပဒေကြမ်း” နှင့် ပတ်သက်၍ ဥပဒေတစ်ပိုဒ်ခြင်းစီအလိုက် အတည်ပြုရာတွင် ယခုအချက်အလက်အား ထည့်သွင်းအတည်ပြုခဲ့ခြင်း ဖြစ်သည်။

MPT သုံးစွဲသူများအား ၀န်ဆောင်မှုအသစ်များ ချပေးမည်ဟု ဆို

Photo: MPT သုံးစွဲသူများအား ၀န်ဆောင်မှုအသစ်များ ချပေးမည်ဟု ဆို
Wednesday, November 12, 2014

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက မိုဘိုင်းဖုန်းအသုံးပြုသူ များ ရွေးချယ်ခွင့်ရရှိစေမည့် ၀န်ဆောင်မှုပုံစံသစ်များကို မကြာမီချထားပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘လူတော်တော်များများက တော့ ဈေးလျှော့ပေးမယ်ဆိုတာ ပဲ ပြောနေကြတယ်။ ဈေးလျှော့ပေးတာထက် သုံးစွဲသူတွေကို ရွေးချယ်ခွင့်ရစေမယ့် Plan အသစ် တွေ ချပေးသွားမယ်ဆိုရင် ပိုမှန်မယ်။ မကြာခင်မှာ စပြီးပေးသွား မှာပါ’’ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးမြင့်သိန်းထွန်းက ပြောကြား သည်။

လက်ရှိတွင် မိုဘိုင်းအသုံးပြု သူများကြား၌ မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းသည် ဒီဇင်ဘာမှစ ၍ ဖုန်းခေါ်ဆိုခနှုန်းထားများ လျှော့ချပေးသွားမည်ဟု သတင်း များထွက်ပေါ်နေသော်လည်း မြန် မာ့ဆက်သွယ်ရေးလုပ်ငန်းက အ တည်ပြုခြင်းမရှိဘဲ ရွေးချယ်စရာPlan အသစ်များကိုသာ ချပေး သွားမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

‘‘လက်ရှိ တခြားအော်ပရေ တာတွေ ပေးနေသလိုမျိုး Plan တွေနဲ့ ၀န်ဆောင်မှုပုံစံတွေ ချပေးသွားမှာပါ။ အရင်ကလို ၀န်ဆောင်မှုက ပုံသေကြီးမဟုတ်တော့ပါဘူး။ Plan တွေအများကြီးစီစဉ်ထားပါတယ်။ ဘာတွေပါမလဲဆိုတာကိုတော့ တရားဝင်ထုတ်ပြန်ပေးသွားမှာပါ’’ဟု ဦးမြင့်သိန်းထွန်းက ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းအနေဖြင့် လက်ရှိတွင် ဖုန်း ခေါ်ဆိုခမှာ တစ်မိနစ်လျှင် ၅၀ ကျပ်နှင့် SMS တစ်စောင်လျှင်၁၅ ကျပ်နှုန်းဖြင့် ကောက်ခံလျက် ရှိပြီး အသစ်ချပေးသွားမည့် Planအသစ်များတွင် အဆိုပါဝန် ဆောင်မှုပုံစံမှာ ပြောင်းလဲသွားနိုင် သည်။

မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းသည် လက်ရှိအချိန်အထိ ဆင်းမ်ကတ်ပေါင်း ၁၁ သန်းကျော်ရောင်းချပေးထားသည်

ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
7Day Daily
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက မိုဘိုင်းဖုန်းအသုံးပြုသူ များ ရွေးချယ်ခွင့်ရရှိစေမည့် ၀န်ဆောင်မှုပုံစံသစ်များကို မကြာမီချထားပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘လူတော်တော်များများက တော့ ဈေးလျှော့ပေးမယ်ဆိုတာ ပဲ ပြောနေကြတယ်။ ဈေးလျှော့ပေးတာထက် သုံးစွဲသူတွေကို ရွေးချယ်ခွင့်ရစေမယ့် Plan အသစ် တွေ ချပေးသွားမယ်ဆိုရင် ပိုမှန်မယ်။ မကြာခင်မှာ စပြီးပေးသွား မှာပါ’’ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးမြင့်သိန်းထွန်းက ပြောကြား သည်။

ပြည်တွင်းသို့ RSO ဖောက်ခွဲရေးသမားလေးဦး ရောက်ရှိနေဟု သတင်းထွက်ပေါ်မှုမှာ စိုးရိမ်စရာမရှိကြောင်း ရဲဌာနချုပ်ပြောကြား

မြန်မာနိုင်ငံအတွင်းသို့ RSO အဖွဲ့ဝင် ဖောက်ခွဲရေးသမားလေးဦး ရောက်ရှိ နေသည့် သတင်းထွက်ပေါ်နေမှုမှာ စိုးရိမ်စရာမရှိကြောင်းနှင့် တစ်နိုင်ငံလုံးတွင် လုံခြုံရေးကို ရာနှုန်းပြည့်ဆောင်ရွက် ထားပြီး ဖြစ်သည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်ရုံးမှ ရဲမှူးကြီးဇော်ခင်အောင်က နိုဝင်ဘာ ၁၁ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

ထို့အပြင် ယင်းကဲ့သို့ သတင်းထွက်ပေါ်နေသော RSO အဖွဲ့မှ ဖောက်ခွဲရေး သမားလေးဦးကို အမြန်ဆုံးဖမ်းဆီးရမိရန် တိုင်းဒေသကြီးများနှင့် ပြည်နယ်များ အားလုံး ချိတ်ဆက်ဆောင်ရွက်နေကြောင်း သိရသည်။

နေပြည်တော် အာဆီယံထိပ်သီးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန် အစောဆုံးရောက်ရှိခဲ့ပြီး အမေရိကန်သမ္မတ အိုဘားမား နိုဝင်ဘာ ၁၂ ရက် ညဥ့်ဦးပိုင်းတွင် ရောက်ရှိမည်

(၂၅) ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်ရန် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်သည် နိုဝင်ဘာ ၁၁ ရက်တွင် နေပြည်တော်သို့ အစောဆုံးရောက်ရှိ လာခဲ့ သည်။

ဝန်ကြီးချုပ်ဟွန်ဆန်ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၁၁ ရက် နံနက် ၉ နာရီ ၃၅ မိနစ်က နေပြည်တော်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။