Monday 15 February 2016

သဲကုန်းသပိတ်စခန်း ဖြိုခွဲခံရမှု ၂ နှစ်ပြည့် အထိမ်းအမှတ်ပြုလုပ်

ပြည်ခရိုင် သဲကုန်းမြို့နယ် ဒေသခံ တောင်သူလယ်သမား များ၏ သိမ်းဆည်းခံလယ်ယာမြေ များ ပြန်လည်ရရှိရေးသပိတ်စခန်း ဖြိုခွဲခံရခြင်း ၂ နှစ်ပြည့် အထိမ်း အမှတ်ပွဲ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ယင်းအခမ်းအနားကိုသဲကုန်း မြို့နယ် အုပ်ဖိုကျေးရွာအုပ်စုအောင်ကုန်းကျေးရွာရှိ နေအိမ်တစ်အိမ်တွင် ဖေဖော်ဝါရီ ၁၄ ရက် နေ့လယ်၌ ကျင်းပခဲ့ခြင်းဖြစ်သည်။‘‘ကျွန်မတို့ပိုင်တဲ့ လယ်မြေ တွေကို စစ်တပ်က အရင်သိမ်းခဲ့ တာ။ နောက်ပိုင်း စစ်တပ်ကနေ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို ပြန်ရောင်းလိုက်တယ်။ အဲဒီမြေ တွေကို ပြန်ရဖို့ ဆန္ဒပြ၊ သပိတ် စခန်းဖွင့် တောင်းဆိုတဲ့ အခါ အကြမ်းဖက်ဖြိုခွဲခံရသလို တရားစွဲထောင်ချခံရတယ်။ ၂၀၁၄ ဖေဖော်ဝါရီ ၁၄ ရက်က သပိတ်စခန်းကို ရဲတပ်ဖွဲ့က ဖြိုခွဲခဲ့တာ ၂ နှစ်ပြည့်ပါပြီ’’ဟု အောင်ကုန်း ကျေးရွာဒေသခံ တောင်သူအမျိုးသမီး ဒေါ်ညိုက ပြောသည်။

နောက်ထပ် ဂြိုဟ်တုများ ထပ်လွှတ်တင်ရေး ကြိုးစားရန် ပညာရှင်များကို ကင်မ်ဂျုံအန်း တိုက်တွန်း

ကမ္ဘာပတ်လမ်း အတွင်းသို့ နောက်ထပ် ဂြိုဟ်တုများ အောင်အောင်မြင်မြင် လွှတ်တင်နိုင်ရေး ကြိုးစားကြရန် နိုင်ငံ၏ သိပ္ပံပညာရှင်များကို မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက ဆော်ဩ တောင်းဆိုလိုက်သည်။

လာမည့်လွှတ်တော်တွင် ပြည်သူအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေသည့် ဥပဒေများကိုဖျက်သိမ်းရန် ကြိုးစားသင့်ဟု ဦးကိုကိုကြီးဆို

လာမည့်လွှတ်တော်များတွင် တာဝန်ထမ်းဆောင်ကြမည့် လွှတ်တော် ကိုယ်စားလှယ်များအနေနှင့် ပြည်သူအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေသည့်
ဥပဒေများကို ဖျက်သိမ်းနိုင်ရန် ကြိုးပမ်းသင့်သည်ဟု ၈၈မျိုးဆက်
ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့စည်း ခေါင်းဆောင် ဦးကိုကိုကြီးက တိုက်တွန်းပြောကြားသည်။
ရန်ကုန်မြို့၊နတ်မောက်လမ်းရှိ ချက်ထရီယံ ဟိုတယ်တွင် ဖေဖော်ဝါရီလ ၁၄ရက်က ပြုလုပ်သည့် ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်များ အားပေးမြှင့်တင်ရေးအဖွဲ့(MCERP) လုပ်ငန်းစဉ်များ မိတ်ဆက်ပွဲတွင် ၄င်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာ-တရုတ် နယ်စပ်ဒေသ ကချင်ပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးသည့် ကျေးရွာ ၃၃ ရွာ အိမ်ထောင်စု ၁၃၀၀ ကျော် ရှိနေ

၂၀၁၆ ခုနှစ်တွင် ကချင်ပြည်နယ်အတွင်း မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ဒေသ၌ ဘိန်းစိုက်ပျိုးသည့် ကျေးရွာပေါင်း ၃၃ ရွာ၊ အိမ်ထောင်စု ၁၃၀၀ ကျော် ရှိနေကြောင်း အစိုးရ မှတ်တမ်းများအရ သိရသည်။
ကချင်ပြည်နယ် မြစ်ကြီးနား ခရိုင်အတွင်းရှိ ကန်ပိုက်တည်၊ ဆဒုံး၊ ချီဖွေဒေသများတွင် ကျေးရွာပေါင်း ၃၃ ရွာ၊ အိမ်ထောင်စုပေါင်း ၁၃၇၉ စု၊ လူဦးရေ ၅၉၅၄ ဦးမှာ ဘိန်းစိုက်ပျိုးသည့် ကျေးရွာများဖြစ်သည်။

ဆယ်လအတွင်း မြန်မာ−တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏ ကိုးဘီလီယံကျော်ရှိ

၂၀၁၅-၁၆ ဘဏ္ဍာနှစ် အစ ဧပြီမှ ဇန်နဝါရီအထိ ဆယ်လအတွင်း မြန်မာ-တရုတ်ကုန်သွယ် မှုသည် အမေရိကန်ဒေါ်လာ ၉ဒသမ ၄ ဘီလီယံကျော်ရှိပြီး ယခင် ဘဏ္ဍာနှစ်ထက် ပိုများနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
‘‘တရုတ်ကို သဘာဝဓာတ်ငွေ့ပါဝင်တဲ့ စက်မှုကုန်ချောပစ္စည်းအများဆုံးတင်ပို့တယ်။ လယ်ယာထွက်ကုန်ပစ္စည်းက ဒုတိယအများဆုံးတင်ပို့တယ်။ တရုတ်နဲ့ ကုန်သွယ်မှုက မြင့်တက်လာပါတယ်’’ဟု ကုန်သွယ်မှု မြှင့်တင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းမြင့်က ပြောသည်။

ရှင်သာမဏေ ကျန်းမာရေးဝန်ဆောင်မှု အထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်ရန် အဟံမုံရွာဖွဲ့စည်း

မုံရွာမြို့ ဗုဒ္ဓသာသနာအ ကျိုးဆောင်အဖွဲ့က ဦးဆောင်၍ အနောက်မြောက်ဒေသ ရှင်သာမဏေ ကျန်းမာရေးဝန်ဆောင်မှု အထောက်အကူပြု လုပ်ငန်းများ ဆောင်ရွက်ရန် အဟံမုံရွာအဖွဲ့ကို ဖေဖော်ဝါရီ ၁၄ ရက်တွင် စတင်ဖွဲ့စည်းခဲ့သည်။
အဟံမုံရွာ ရှင်သာမဏေ ကျန်းမာရေး ၀န်ဆောင်မှု အ ထောက်အကူပြုအဖွဲ့ စတင်ဖွဲ့ စည်းချိန်တွင် အသင်းဝင် ၅၀ ခန့် ပါဝင်သည်။ မုံရွာမြို့ ဗုဒ္ဓသာသ နာအကျိုးဆောင်အဖွဲ့က မတည် အလှူငွေ ကျပ်နှစ်သိန်းဖြင့် ရှင် သာမဏေကျန်းမာရေးဝန်ဆောင် မှု အထောက်အကူပြုလုပ်ငန်းများ စတင်ဆောင်ရွက်မည် ဖြစ်သည်။