Wednesday 3 September 2014

စိတ်ဓာတ်က တန်ဖိုးမရှိတာလား၊ ဘွဲ့ဝတ်စုံက တန်ဖိုးမရှိတာလား

Photo: စိတ်ဓာတ်က တန်ဖိုးမရှိတာလား၊ ဘွဲ့ဝတ်စုံက တန်ဖိုးမရှိတာလား 
Wednesday, Setember 3, 2014

မကြာသေးခင်က ဂျာနယ်တစ်စောင်ရဲ့ ကာတွန်းမှာ ဘွဲ့ဝတ်စုံ ဝတ်ထားတဲ့ ဓာတ်ပုံကို ကလေးတစ်ယောက်က ကြည့်ပြီး တော့ သူ့ဖခင်ကို “ဒါဆန္ဒပြဝတ်စုံလား ဟင်” လို့ မေးလိုက်တာကို တွေ့ပြီး အတော်လေး စိတ်မကောင်း ဖြစ်သွားမိပါတယ်။ 

လူငယ်တွေ ဘွဲ့ဝတ်စုံနဲ့ ပတ်သက်ပြီး လုပ်ဆောင်နေချက်တွေကို သတိထား ဆင်ခြင်သင့်ပြီ ထင်ပါတယ်။ တက္ကသိုလ် ဆရာ၊ ဆရာမတွေလည်း ကိုယ့်တပည့်တွေ လုပ်ဆောင်နေမှုနဲ့ ပတ်သက်ပြီး သင့်မသင့် ပြောကြားကြစေချင်ပါတယ်။ ခုတစ်လော ကျောင်းသားတွေ ဆန္ဒပြနေကြတာ ဘွဲ့ဝတ်စုံဝတ်ပြီး ပဲပြုတ်တောင်း ခေါင်းရွက်၊ ရေစည်လှည်းတွန်း၊ ဆိုက်ကားနင်းပြတဲ့ Performance တွေ လုပ်နေတာတွေကို တွေ့ရပြီး စိတ်မချမ်းသာလွန်းတဲ့အတွက် ဒီစာကို ရေးမိပါ တယ်။

ဘွဲ့ဝတ်စုံဝတ်ပြီး အခမ်းအနား တက်တယ်ဆိုတာ ဘွဲ့ကို သို့မဟုတ် လက်မှတ်ကို လေးစားဂုဏ်ပြုပြီး အားလုံး ယူနီဖောင်း ဖြစ်အောင် ဝတ်ဆင်ကြရတာ ဖြစ်ပါတယ်။ ဘွဲ့ဝတ်စုံအောက်မှာ သိန်းချီ၊ သန်းချီပြီး ဝတ်စားထားလည်း သတ်မှတ်ထားတဲ့ ဘွဲ့ဝတ်စုံအောက်မှာ တစ်သွေးတည်း တစ်သားတည်း ဖြစ်ကြောင်း ပြဆိုဖို့ ဆင်တူ ဝတ်ဆင်ထားကြတာလည်း ဖြစ်ပါတယ်။
ကျွန်တော်တို့ တက္ကသိုလ် တက်တုန်းက နောက်ဆုံးနှစ် ဘွဲ့ယူခါနီးတော့ အဆောင်မှူးကို ကျောင်းသားတွေထဲက တစ်ဦးက “ဆရာကြီး ကျွန်တော်တို့ ဆိုက်ကားစီးပြီး ဘွဲ့လာယူလို့ မရဘူးလား” လို့ ထမေးလိုက်ပါတယ်။ မြန်မာစာ ပါမောက္ခဖြစ်တဲ့ ဆရာကြီးက ပြုံးရွှင်စွာပဲ “ရတာပေါ့ တပည့်တို့ရာ၊ ဒါပေမဲ့ တစ်ခုစဉ်းစားဖို့ သင့်တာပေါ့။ ဘွဲ့ဝတ်စုံဆိုတာ လူတိုင်း ဝတ်နိုင်တာမှ မဟုတ်တာ။ နေရာတိုင်း ဝတ်ရတာမှ မဟုတ်တာ။ တပည့်တို့ကို ဘွဲ့ပေးတယ် ဆိုတာကလည်း တတ်တာ၊ မတတ်တာ ထက်၊ တပည့်တို့ကို အဆင့်အတန်းတစ်ခု အနေနဲ့ သတ်မှတ်ပေးလိုက်တာ။ တပည့်တို့ လေးနှစ်တာကာလ ဤတက္ကသိုလ်ကြီးတွင် သင်ယူခဲ့ကြကြောင်း ဂုဏ်ပြုတဲ့အနေနဲ့ ပေးတာ။ ပေးတဲ့ တက္ကသိုလ်ကဘွဲ့ကို လမ်းဘေးကလူ လာမယူနိုင်ဘူး။ တက္ကသိုလ်ဘွဲ့ကို လမ်းဘေးက အဝတ်အစားနဲ့ တက်ယူလို့ မရဘူး။ အဲဒါ ဂုဏ်တစ်ခု၊ အဆင့်တစ်ရပ် အနေနဲ့ သတ်မှတ်ထားတာ။ အဲဒါကို တပည့်တို့က ဘွဲ့ဝတ်စုံ ဝတ်လာပြီး ဆိုက်ကားနဲ့လာမယ် ဆိုရင်လည်း ဘွဲ့ဝတ်စုံနဲ့ ဂုဏ်အပေါ် တပည့်တို့က ဘယ်လိုသတ်မှတ်သလဲ ဆိုတဲ့ စိတ်နဲ့ အဆင့်အတန်းကို ပြန်ပြတာပဲ။ တန်ဖိုးဆိုတာ တစ်ခါတလေ “သိ” မှ “ရှိ” တာပါ” ဆိုတဲ့ စကားကို တစ်သက်လုံး မှတ်သားခဲ့ရတဲ့ ကျွန်တော်တို့ အဖို့ကတော့ ကိုယ့်ခေတ်ကိုယ့်အခါက လမ်းညွှန်သင်ပြနိုင်ခဲ့တဲ့ ဆရာတွေနဲ့ ကြုံတွေ့ခဲ့ရတာကိုပဲ ကျေးဇူးကြီးလှပြီလို့ ယူဆနေမိပါတယ်။

ဘွဲ့က တန်ဖိုးမရှိဘူး။ အလကားဘွဲ့။ သုံးစားမရတဲ့ဘွဲ့လို့ အထပ်ထပ် အော်နေတာလည်း ကြားနေရပါတယ်။ ကျွန်တော် အထက်မှာ ပြောခဲ့သလို တန်ဖိုးဆိုတာ “သိ” မှ “ရှိ” တာဆိုတဲ့ စကားကိုပဲ ပြန်ညွှန်းပါရစေ။
ဘွဲ့ရခဲ့တဲ့ ပုဂ္ဂိုလ်တွေကို ကျွန်တော်တစ်ခု သတိပေးချင်ပါတယ်။ ခင်ဗျားတို့ ဘယ်နည်းနဲ့ပဲ ဘွဲ့ရလာသည် ဖြစ်စေ သတ်မှတ်ထားတဲ့ အရည်အချင်းစစ် စာမေးပွဲကို မအောင်မြင်ဘဲနဲ့ အဲဒီဘွဲ့ကို မရပါဘူး။ သတ်မှတ်ထားတဲ့ အခကြေးငွေများ အကျေ ပေးဆောင်ရတယ်။ ကျောင်းခေါ်ကြိမ် မှန်အောင် တက်ခဲ့ကြရတယ်။ ဒါမှလည်း စာမေးပွဲ ဖြေဆိုခွင့်ကို ဦးစွာရတယ်။ စာမေးပွဲ ဖြေခွင့်ရ၊ စာမေးပွဲအောင်မှ ဘွဲ့ရလာတဲ့သူတွေချည်းပါပဲ။ ဘယ်သူမှ ဘွဲ့တစ်ခုကို အလကား မရပါဘူး။ ဘွဲ့ရပြီး အလုပ်ရတာ၊ မရတာ၊လုပ်တာ၊မလုပ်တာက တစ်ပိုင်းလို့ထင်ပါတယ်။ အဲဒါကလည်း ဘွဲ့ဝတ်စုံ နဲ့ မဆိုင်ပါဘူး။
ဘွဲ့ယူရင် သတ်မှတ်ချက်မှာ ဘွဲ့ယူအခမ်းအနားသို့ တက်ရောက်သူများသည် ပညာရှင်များပီပီ မိမိတို့ ပညာရပ်ဆိုင်ရာ ဘွဲ့ဝတ်စုံများကို၊ ဂုဏ်အဆင့်အတန်းနှင့် ကိုက်ညီစွာ ဝတ်ဆင်ရမည်ဆိုတာ နိုင်ငံတကာစံပါ။ ကိုယ့်တစ်နိုင်ငံတည်းက တီထွင်ထားတာ မဟုတ်ပါဘူး။ ဘွဲ့ယူတဲ့ စနစ်ကလည်း မြန်မာ့နည်းမြန်မာ့ဟန် မဟုတ်ပါဘူး။ အနောက်တိုင်းစတိုင်၊ အလေ့အထတွေအတိုင်း ဘွဲ့ယူ၊ ဘွဲ့ပေးနေကြတာပါ။
လူတိုင်း သူ့နေရာနဲ့ သူ့အထာ ဆိုတာကို ဂရုစိုက်ကြရပါတယ်။ ဘာကြောင့်လဲဆိုတော့ လူ့ဘောင်အသိုင်းအဝိုင်းထဲမှာ လူတစ်ယောက်အနေနဲ့ နေထိုင်ကြရတာ ဆိုတော့ လူလိုကျင့်၊ လူလိုကြံ၊ လူလိုနေကြဖို့ အရေးကြီးပါတယ်။ ဘွဲ့ဝတ်စုံကြီး ဝတ်ပြီးတော့ အရက်မူးပြီး လမ်းဘေးမှာ လဲနေရင် အဲဒီဘွဲ့ဝတ်စုံ ဝတ်ထားတဲ့လူ သိက္ခာကျတာထက် “ဘွဲ့” ဆိုတဲ့ ဂုဏ်ကို ညှိုးမှိန်အောင်လုပ်ပြီး လူတိုင်း အထင်သေး မလေးစားအောင် လုပ်ရာကျပါတယ်။

ဘွဲ့ဆိုတာကို အထင်မကြီးရင် အစကတည်းက တက်မယူကြနဲ့ပေါ့။ အဲဒီ ဘွဲ့ပေးတဲ့ တက္ကသိုလ်တွေကို ဝေးဝေးရှောင် နေပေါ့။ ဘွဲ့ရမှ အလုပ်ခန့်မယ် ဆိုတာ သတ်မှတ်ချက်တစ်ခုပါ။ ဘယ်သူမှ တတ်တယ်၊ မတတ်ဘူးလို့လည်း ဒီခေတ်မှာ စစ်ဆေးနေတာ မဟုတ်တော့ပါဘူး။ အလုပ်ခေါ်ရင် ဘွဲ့ရဖြစ်ရမယ် ဆိုတာ စံတစ်ခုပဲ။ ဘွဲ့ရရင် လာခဲ့၊ ဘွဲ့မရရင် မလာခဲ့နဲ့လို့ သတ်မှတ်ထားသလို ဖြစ်နေတဲ့အတွက် ဘွဲ့ဆိုတာ တန်ဖိုးမရှိဘူးလို့လည်း မပြောနိုင်ပါဘူး။
လူ့ဘောင်အသိုင်းအဝိုင်းက သူ့နေရာ၊ သူ့အဆင့်အတန်း ဆိုတာကို လက်ခံထားပါတယ်။ အသုဘ အခမ်းအနားကို မင်္ဂလာဆောင် သွားသလို မလာကြဘူး။ မင်္ဂလာဆောင် အခမ်းအနားကိုလည်း စွပ်ကျယ်ချိုင်းပြတ်နဲ့ ပုဆိုးခါးတောင်း ကျိုက်ပြီး လာလေ့ မရှိပါဘူး။ သူ့နေရာနဲ့သူ ဝတ်စားကြတယ်ဆိုတာ လူ့ဘောင်ရဲ့ ယဉ်ကျေးမှုတစ်ရပ်လို့ ဆိုနိုင်ပါတယ်။ လူ့ဘောင်က သတ်မှတ်ထားတဲ့ စံလွှဲပြီး လုပ်ဆောင်ချက် တစ်ရပ်ဟာ တစ်ခါတလေ စော်ကားမော်ကား လုပ်သလို ဖြစ်တတ်ပါတယ်။ ဘွဲ့ဝတ်စုံကို စော်ကားတာဟာ ကိုယ့်အဆင့်အတန်းနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး စော်ကားနေသလိုမျိုး ဖြစ်သွားတတ်တယ် ဆိုတာလည်း သတိပြုစေချင်ပါတယ်။
ခေတ်သစ် Performance အနေနဲ့ ကြိုက်တဲ့ဝတ်စုံ ဝတ်ပြီး ဆန္ဒပြနိုင်ပါတယ်။ မကျေနပ်ရင် ဘာမှမဝတ်ဘဲနဲ့လည်း ဆန္ဒပြ လို့ ရပါတယ်။ ဘွဲ့နဲ့ ရှာဖွေလုပ်ကိုင် စားသောက်နေကြတဲ့ ကိုယ့်ရဲ့မိဘ၊ ဆွေမျိုး၊ ညီအစ်ကို၊ မောင်နှမတွေကို စော်ကား သလိုမျိုး ဘွဲ့ဝတ်စုံကြီးတွေ ဝတ်ပြီး Performance လုပ်နေတာတွေကတော့ အမြင်မတော်လို့ ရပ်တန်းက ရပ်ကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။

(အငြိမ်းစားကျောင်းဆရာတစ်ဦး)
Photo-The Voice Weekly
HW
မကြာသေးခင်က ဂျာနယ်တစ်စောင်ရဲ့ ကာတွန်းမှာ ဘွဲ့ဝတ်စုံ ဝတ်ထားတဲ့ ဓာတ်ပုံကို ကလေးတစ်ယောက် က ကြည့်ပြီး တော့ သူ့ဖခင်ကို “ဒါဆန္ဒပြဝတ်စုံလား ဟင်” လို့ မေးလိုက်တာကို တွေ့ပြီး အတော်လေး စိတ် မကောင်း ဖြစ်သွားမိပါတယ်။ 

မြန်မာနိုင်ငံ သုတေသနအသင်း ပြန်လည်ဖွဲ့စည်းမည်

Photo: မြန်မာနိုင်ငံ သုတေသနအသင်း ပြန်လည်ဖွဲ့စည်းမည်
Wenesday, September 3, 2014

 နှစ်ပေါင်းသုံးဆယ်ကျော် ဖွဲ့စည်းခွင့်မရရှိခဲ့သော မြန်မာနိုင် ငံသုတေသနအသင်းကို ပြန်လည် ဖွဲ့စည်း၍ သုတေသနလုပ်ငန်း များဖွံ့ဖြိုးတိုးတက်စေရန် ဆောင် ရွက်မည်ကြောင်း ဒေါက်တာ အောင်ထွန်းသက်ကပြောသည်။

မြန်မာနိုင်ငံသုတေသနအ သင်းကို ၁၉၂၀ပြည့်နှစ်တွင် စတင် တည်ထောင်ခဲ့ပြီးနောက် ၁၉၈၀ ပြည့်နှစ်တွင် ဖျက်သိမ်းခံခဲ့ရကာ ပြည်တွင်းသုတေသနဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများ စုစည်း ဆောင်ရွက်မှုအားနည်းသွားခဲ့ သည်။

‘‘အသင်းကို ပြန်ဖွဲ့ခွင့်ရပါ ပြီ။ ဥက္ကဋ္ဌအနေနဲ့ ဆောင်ရွက် မယ်။ လူငယ်မျိုးဆက်သစ်သု တေသီတွေ မွေးထုတ်မယ်။ တက္က သိုလ်တွေကို အခြေခံပြီး ပြန်ဖွဲ့ မှာပါ’’ဟု ဒေါက်တာအောင် ထွန်း သက်ကပြောသည်။

 အသစ်ပြန်လည်ဖွဲ့စည်း မည့် မြန်မာနိုင်ငံသုတေသနအ သင်းသည် သုတေသနစာတမ်း ဖတ်ပွဲများ ကျင်းပပြုလုပ်မည်ဖြစ် ပြီး သုတေသနဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အကောင်အ ထည်ဖော်ဆောင်ရွက်မည်ဖြစ် ကြောင်း သိရသည်။

 စစ်အုပ်ချုပ်ရေးအောက် ရောက်ခဲ့သော တက္ကသိုလ်ပညာ ရေးသည် ဗဟိုချုပ်ကိုင်မှုများကြီး စိုးနေခဲ့ခြင်းကြောင့် သုတေသန ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ နိမ့်ကျသွားခဲ့ရပြီး  ပညာရေး အဆင့်အတန်းနိမ့်ကျသွားခဲ့ခြင်း ဖြစ်သည်။

လက်ရှိပြည်တွင်းတက္က သိုလ်ပညာရေးစနစ်သည် သုတေ သနဖွံ့ဖြိုးတိုးတက်စေရေး တက္ကသိုလ်ဆရာများနှင့် ကျောင်းသားများအတွက် သုတေသနပတ် ၀န်းကျင်ကောင်းများ ဖန်တီးပေး ရန် လိုအပ်နေကြောင်း သိရ သည်။

7Day DAILY 

ပြည်ပတက္ကသိုလ်တစ်ခုတွင် သုတေသနလုပ်နေသူတစ်ဦးကိုတွေ့ရစဉ်
ပြည်ပတက္ကသိုလ်တစ်ခုတွင် သုတေသနလုပ်နေသူတစ်ဦးကိုတွေ့ရစဉ်
 နှစ်ပေါင်းသုံးဆယ်ကျော် ဖွဲ့စည်းခွင့်မရရှိခဲ့သော မြန်မာနိုင် ငံသုတေသနအသင်းကို ပြန်လည် ဖွဲ့စည်း၍ သုတေသနလုပ်ငန်း များဖွံ့ဖြိုးတိုးတက်စေရန် ဆောင် ရွက်မည်ကြောင်း ဒေါက်တာ အောင်ထွန်းသက် ကပြောသည်။

မြို့သစ်စီမံကိန်းနောက်ကွယ်မှ ပဟေဠိများ


အတွဲ (၁၃)၊ အမှတ်(၂၆)
လှိုင်သာယာ−တွံတေး ကားလမ်းနံဘေးရှိ မြေကွက်များကို ရန်ကုန်မြို့သစ်စီမံကိန်းအတွင်း ပါဝင်မည်ဟု တွက်ချက်ကာ လိုက်လံဝယ်ယူရန် လေ့လာနေသော လုပ်ငန်းရှင်အချို့၏ ကားများကို တွေ့ရစဉ် [ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)]

ယနေ့နံနက် ပျဉ်းမနားဈေးရှေ့နေအိမ်ဆိုင်ခန်းခြောက်ခန်း တနာရီကြာမီးလောင် ခဲ့ရာငွေကျပ်၁၂၅သိန်းခန့်ဆုံးရုံး


ပျဉ်းမနားဈေးရှေ့ကနေအိမ်ဆိုင်ခန်းခြောက်ခန်း ယနေ့နံနက်နှစ်နာရီခန့်ကစတင်ပြီးတနာရီကြာမီးလောင်ခဲ့ ရာငွေကျပ် ၁၂၅သိန်းခန့်ဆုံးရှူံးခဲ့ပြီး စတင်လောင်ကျွမ်းခဲ့ရခြင်း အကြောင်းအရင်းကိုတော့ စစ်ဆေးဆဲဖြစ် တယ်လို့ပျဉ်းမနားရဲတပ်ဖွဲ့မှသိရပါတယ်။

Telenor ဆင်းကတ် ပြည်ပသို့ သယ်ဆောင်အသုံးပြုနိုင်

ဆင်းကတ်များ စတင်ရောင်းချိန်တွင် ပြည်ပသို့သယ်ဆောင်အသုံးပြုနိုင် မည့်ဝန်ဆောင်မှု ပါဝင်မည်ဖြစ် ပြီး ခေါ်ဆိုခနှုန်းထားများကိုပါ ကြေညာပေးသွားမည်ဟု Telenor မြန်မာမှ သိရသည်။

ပြန်လည်ပြင်ဆင်နေသည့် အိမ်ခြံမြေစံနှုန်းသတ်မှတ်ချက်များ ထွက်ရှိလာပါက ရန်ကုန်အိမ်ခြံမြေဈေးနှုန်း များ လျော့ကျနိုင်ဟုဆို

ရန်ကုန် တိုင်းဒေသကြီးအတွင်း ပြန်လည်ပြင် ဆင်နေသည့်အိမ်ခြံမြေစံနှုန်း သတ်မှတ်ချက်များ ထွက်ရှိလာ ပါက လက် ရှိတွင်ဖြစ်ပေါ်နေသည့် အိမ်ခြံမြေ ဈေးနှုန်းမြင့်မားမှုများ လျော့ကျသွား နိုင်ကြောင်း အိမ်ခြံမြေ အကျိုးဆောင် အသိုင်းအဝိုင်းက ဆိုသည်။

ဘင်္ဂလားဒေ့ရှ်ရောက် ဘင်္ဂါလီ နှစ်ထောင်ကျော်ကို နှစ်နိုင်ငံပူးပေါင်းအဖွဲ့ ဖွဲ့၍ မြန်မာ စိစစ်လက်ခံမည်

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည် စခန်းများတွင်ရှိသည့် ဘင်္ဂါလီ ၂၄၁၅ ဦး ကို နှစ်နိုင်ငံ ပူးတွဲလုပ်ငန်း အဖွဲ့ ဖွဲ့ကာစိစစ်ပြီး မြန်မာနိုင်ငံက လက်ခံသွားမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ကျော် ပြောဆိုချ က်ကို သမ္မတရုံးက တစ်ဆင့် စက်တင်ဘာလ ၂ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ရင်ခုန်စိတ်လှုပ်ရှား ပျော်ရွှင်စရာတွေ ကြုံပါပြီလား

Photo: ရင်ခုန်စိတ်လှုပ်ရှား ပျော်ရွှင်စရာတွေ ကြုံပါပြီလား
Wenesday, September 3, 2014

ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေကတော့ ပျော်ပျော်ပါပဲ။ စက်တင်ဘာ ၁ ရက်မှာ မြန်မာ့ဆက်သွယ်ရေးကနေ 3G ဂျီအက်စ်အမ် ဆင်းကတ်တွေကို တစ်ကတ် ကျပ် ၁,၅၀၀ နှုန်း သူနဲ့ အကျိုးတူလုပ်ဖော်ကိုင်ဖက် ကုမ္ပဏီအရောင်းဆိုင်တွေကနေ တစ်ဆင့်စပြီး ရောင်းချတော့ ပြည်သူတွေ တိုးတိုးဝှေ့ဝှေ့နဲ့ ၀ယ်ယူကြတာပါပဲ။ အူရီးဒူး ဆင်းကတ်ရောင်းစဉ်ကလည်း အဲဒီဆင်းကတ်ဝယ်သုံးရင်ပဲ အမျိုးဘာသာသာသနာ ညှိုးနွမ်းတော့မတတ် အဖြစ်သည်းနေသူတွေ တိတ်ဆိတ်နေကြသလို၊ ဆက်သွယ်ရေးက ဆင်းကတ်ရောင်းတော့လည်း ဖုန်းပြောဆိုခ ဈေးကြီးတယ်၊ လူကြီးမင်းနဲ့ပဲ ညားနေရတယ်၊ အင်တာနက် သုံးရင်လည်း အ၀ိုင်းလေးပဲ လည်နေတယ်စသဖြင့် ပြောဆိုနေသူတွေကလည်း ဝေဖန်ချက် မပြောနိုင်ကြတော့ပါဘူး။ မိုဘိုင်းဖုန်း အသုံးပြုတာနဲ့ ပတ်သက်ပြီး ရင်ခုန်စိတ်လှုပ်ရှားစရာတွေ ကြုံနေရပြီလားဆိုတာ ဒီကနေ့ ဆွေးနွေး ကြည့်ရအောင်ပါ။

မြန်မာ့ဆက်သွယ်ရေးရဲ့ အခုနောက်ဆုံး အစီအစဉ်ဟာ အခြားသော မိုဘိုင်းဖုန်း အော်ပရေတာတွေလို ဆင်းကတ်တွေကို ဈေးကွက်ထဲမှာ ပုံမှန်အတိုင်း ရောင်းချလိုက်တာပါ။ မြန်မာ့ဆက်သွယ်ရေးရဲ့ အားနည်းချက်တွေ ဘယ်လိုပဲရှိရှိ ကွန်ရက်ကို မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖြန့်ကျက်ထားနိုင်တဲ့ အခြေအနေအောက်မှာ ၀ယ်သူများမှာ ဓမ္မတာပါပဲ။ မြန်မာ့ဆက်သွယ်ရေး ဂျီအက်စ်အမ် ဆင်းကတ်ဆိုတာ ဟိုးအရင်က ပြင်ပမှောင်ခိုဈေးကွက်မှာ တစ်ကတ် ကျပ်သိန်း ၄၀ အထက် ဈေးနှုန်း ဖြစ်ပေါ်ခဲ့ဖူးပါတယ်။ အစိုးရ တရားဝင် သတ်မှတ်တဲ့ ဈေးနှုန်း ကျပ် ၁၀ သိန်း၊ ငါးသိန်း၊ နှစ်သိန်းကနေ ကျပ် ၁,၅၀၀ တန်ကို ခွဲတမ်းနဲ့ ရောင်းတဲ့ အခြေအနေကနေ ခုလို ကျပ် ၁,၅၀၀ နဲ့ လွတ်လွတ်လပ်လပ် ရောင်းတဲ့အထိ အဆင့်ဆင့် ဈေးကျခဲ့တာပါ။ စက်တင်ဘာ ၁ ရက်ဟာ မြန်မာ့ဆက်သွယ်ရေးရဲ့ သမိုင်းမှတ်တိုင်လို့လည်း သတ်မှတ်နိုင်ပါတယ်။

ဒါပေမဲ့ အားနည်းချက်တွေ ပြည်သူတွေ စိုးရိမ်ရမှာတွေကလည်း ရှိနေပါသေးတယ်။ အားနည်းချက်တွေကတော့ ဆင်းကတ်တွေကို ပြည်သူတွေ လိုသလောက် လွယ်လွယ်ကူကူ ရောင်းချမပေးနိုင်မယ့် ပြဿနာပါ။ လက်ရှိ နှစ်ကုန်သည်အထိ ဆင်းကတ် စုစုပေါင်း ငါးသန်းလောက် ရောင်းပေးမယ်ဆိုပေမယ့် တကယ်ပဲ ရောင်းနိုင်မလား၊ ပြည်သူတွေရဲ့ ဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မလားဆိုတာကလည်း ဘယ်သူမှ မသိနိုင်သေးပါဘူး။ တာဝါတိုင်ဆောက်တာ၊ ကွန်ရက်ဖြန့်ကျက်တာ လုံလုံလောက်လောက် လုပ်မထားဘဲ ရောင်းရင် လူကြီးမင်းတွေနဲ့ချည်း တိုးရတဲ့အခြေအနေ ဖြစ်လာနိုင်ပါတယ်။

နောက်တစ်ချက်ကတော့ မြန်မာ့ဆက်သွယ်ရေးဟာ ဖုန်းပြောဆိုခတွေကို လက်ရှိ တစ်မိနစ် ကျပ် ၅၀ နှုန်းကနေ လျှော့ချထားတာ မရှိသေးပါဘူး။ ဈေးကြီးနေပါသေးတယ်။ အင်တာနက် လျှောက်မယ်ဆိုရင် ကျပ်ငွေ တစ်သောင်းသွင်းပြီးမှ လျှောက်ရတာတွေ၊ ကတ်ပျောက်သွားရင် ကတ်အစားပြန်ရဖို့ ကျပ်ငွေ သောင်းနဲ့ချီ ကုန်ကျရမယ့် ပြသနာတွေကလည်း ရှိနေပါသေးတယ်။ အင်တာနက်အသုံးပြုခ ဈေးသက်သာတယ်ဆိုပေမယ့် အ၀ိုင်းလေးချည်းပဲ လည်နေတတ်တာမို့ သုံးစွဲသူတွေ မေတ္တာပို့တဲ့ အခြေအနေကနေလည်း မလွတ်မြောက်သေးပါဘူး။

ဒီထက်အရေးကြီးတဲ့ ပြဿနာတစ်ခုက မြန်မာ့ဆက်သွယ်ရေးဟာ နိုင်ငံတကာ ဆက်သွယ်ရေး အော်ပရေတာတွေကို ပြိုင်ဆိုင်နိုင်ဖို့၊ သူ့လုပ်ငန်းတိုးချဲ့နိုင်ဖို့ ဂျပန်ကုမ္ပဏီတွေဆီကနေ ဒေါ်လာ နှစ်ဘီလီယံလောက် ချေးယူလုပ်ကိုင်နေတဲ့ ကိစ္စပါ။ လက်ရှိအချိန်ထိ မြန်မာ့ဆက်သွယ်ရေးဟာ အစိုးရပိုင် စီးပွားရေးလုပ်ငန်း ဖြစ်နေပါသေးတယ်။ နောင်အနာဂတ်မှာ မြန်မာ့ဆက်သွယ်ရေးကော်ပိုရေးရှင်းအဖြစ် အစိုးရနဲ့ မဆိုင်တဲ့၊ အစိုးရ ထောက်ပံ့မှုမပါတဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ပြောင်းလဲရပ်တည်ဖို့ စီမံကိန်းချမှတ်ထားပေမယ့် ဒီနေ့ထက်ထိ အကောင်အထည်ဖော်တာ မတွေ့ရသေးပါဘူး။ ဒီအတွက် ဂျပန်က ဒေါ်လာ နှစ်ဘီလီယံချေးတာဟာ အစိုးရအနေနဲ့ ချေးတဲ့သဘောဖြစ်နေပြီး ဒီဝန်ထုပ်ဝန်ပိုး ပြည်သူတွေ ခေါင်းပေါ်မှာ ရှိနေတာပါ။ ဒီကိစ္စ ကောင်းကောင်းမွန်မွန် ကိုင်တွယ်ဖြေရှင်းဖို့လိုနေပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် သိပ်မကြာခင် နော်ဝေအခြေစိုက် တယ်လီနောကုမ္ပဏီကလည်း တာဝါတိုင် ၈၀၀ လောက် ထမ်းလာပြီး ရန်ကုန်၊ နေပြည်တော်၊ မန္တလေးမြို့ကြီး သုံးမြို့မှာ ဆင်းကတ်တွေ စရောင်းပါဦးမယ်။ ဆင်းကတ်ကို ကျပ် ၁,၅၀၀ နဲ့ ရောင်းမယ်၊  2G နဲ့ 3G စနစ်နှစ်မျိုးစလုံး သုံးမှာမို့ ဘယ်ဟန်းဆက်နဲ့ မဆိုသုံးနိုင်မယ်။ စစချင်း ဆင်းကတ် ၁၀ သန်းလောက်အထိ ရောင်းချဖို့ ပြင်ဆင်ထားတယ် ပြောဆိုနေပါတယ်။ ဖုန်းဆက် စကားပြောဆိုခကိုလည်း တစ်မိနစ် ၂၅ ကျပ်လောက်ပဲ ကောက်မယ် ကတိပေးထားပေမယ့် တကယ့်လက်တွေ့ ဘယ်လိုဖြစ်လာမယ် မသိနိုင်သေးပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် မိုဘိုင်းဖုန်း အသုံးပြုမှုနဲ့ ပတ်သက်ရင် မြန်မာနိုင်ငံသားတွေမှာ ရွေးချယ်စရာ သုံးခု လောက်ရှိလာမယ် ဖြစ်ပါတယ်။ ဒါပေမဲ့ အခုနှစ်အတွင်းမှာတော့ ဆင်းကတ် တစ်ခုခုထည့်ထားတဲ့ ဟန်းဆက် တစ်လုံးကိုင်ပြီး မြန်မာနိုင်ငံအနှံ့ သွားနိုင်ဦးမှာတော့ မဟုတ်သေးပါဘူး။ ဒီဖုန်း ဟိုမှာ သုံးမရ၊ ဟိုဖုန်း ဒီမှာ သုံးမရ ပြဿနာကြီးကတော့ ရှိဦးမှာဖြစ်ပါတယ်။ နိုင်ငံအနှံ့ သွားချင်ရင်  GSM, CDMA-800, CDMA-450 ဖုန်းအားလုံး သယ်သွားမှပဲ ဖြစ်နိုင်ဦးမှာပါ။ ၂၀၁၅ နှစ်ကုန်လောက်အချိန် အူရီးဒူးနဲ့ တယ်လီနော ကွန်ရက်တွေ မြန်မာနိုင်ငံအနှံ့ ဖြန့်ကျက်မိချိန်၊ မြန်မာ့ဆက်သွယ်ရေး ဂျီအက်စ်အမ် ကွန်ရက်တွေလည်း ဖြန့်ကျက်မိချိန်မှ အဲဒီပြဿနာ ပြေလည်ပါလိမ့်မယ်။

အဲဒီလို ကွန်ရက်ဖြန့်ကျက်နိုင်ရေး ဆက်သွယ်ရေးအော်ပရေတာတွေ တာဝါတိုင် ဆောက်လုပ်ရေး အဆင်ပြေဖို့ လိုပါတယ်။ လောလောဆယ် အစိုးရလည်းဖြစ်တဲ့ မြန်မာ့ဆက်သွယ်ရေးဟာ ဒီပြဿနာ လွယ်လွယ်ကူကူ ကျော်လွှားနိုင်ပေမယ့် အူရီးဒူးလို၊ တယ်လီနောလို ကုမ္ပဏီတွေကတော့ ဒီပြဿနာ အခက်အခဲ အများကြီး တွေ့နေပါတယ်။

တာဝါတိုင် ဆောက်ရတာ မြေနေရာ အသုံးပြုခွင့်ရဖို့ ခက်၊ ပြဿနာတွေ တက်၊ ဒီအတွက် ကွန်ရက်ကို မြန်မြန်ဆန်ဆန် မဖြန့်ကျက်နိုင်၊ ကွန်ရက်ကောင်းကောင်း မဖြန့်ကျက်နိုင်တော့ လိုင်းကောင်းကောင်း မမိ၊ လိုင်းကောင်းကောင်း မမိတော့ သုံးစွဲသူတွေရဲ့ ဝေဖန်ခံရဆိုတာမျိုး အူရီးဒူးကုမ္ပဏီ ပြဿနာကြုံနေရပါတယ်။ ဒီလို ပြဿနာ အစိုးရအဖွဲ့ဘက်က ကောင်းကောင်းမွန်မွန် ကူညီဖြေရှင်းပေးသင့်ပါတယ်။ ကူညီဖြေရှင်းပေးမှသာ ညီမျှတဲ့ စီးပွားရေးပြိုင်ပွဲ ပုံသဏ္ဌာန် ပေါ်ပေါက်လာမှာ ဖြစ်ပြီး မိုဘိုင်းဖုန်း အသုံးပြုခွင့်နဲ့ ပတ်သက်လို့ မြန်မာပြည်သူတွေရဲ့ ရင်ခုန် စိတ်လှုပ်ရှား ပျော်ရွှင်စရာ အခြေအနေ အမှန်တကယ်ရောက်လာမှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

Mizzima - News in Burmese 

MPT ဆင်းကဒ်များကို စက်တင်ဘာလ ၁ရက်မှ စတင်ကာ နိုင်ငံတစ်ဝှမ်းရှိ ဖုန်းအရောင်းဆိုင်များတွင် ကျပ် ၁၅၀၀ကျပ်ဖြင့် ရောင်းချနေပြီဖြစ်ပြီး ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်အတွင်းရှိ E-Lite IT Services Co., Ltd ၏ အရောင်းဆိုင်ခွဲတစ်ခုတွင် ဆင်းကတ်ဝယ်ယူသူများကို တွေ့ရစဉ်။ (ဓာတ်ပုံ-ငြိမ်သစ်ညီ၊ မဇ္ဈိမ)
MPT ဆင်းကဒ်များကို စက်တင်ဘာလ ၁ရက်မှ စတင်ကာ နိုင်ငံတစ်ဝှမ်းရှိ ဖုန်းအရောင်းဆိုင်များတွင် ကျပ် ၁၅၀၀ကျပ်ဖြင့် ရောင်းချနေပြီဖြစ်ပြီး ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်အတွင်းရှိ E-Lite IT Services Co., Ltd ၏ အရောင်းဆိုင်ခွဲတစ်ခုတွင် ဆင်းကတ်ဝယ်ယူသူများကို တွေ့ရစဉ်။ (ဓာတ်ပုံ-ငြိမ်သစ်ညီ၊ မဇ္ဈိမ)

ခွဲထွက်ရေးတပ်နှင့် တိုက်ပွဲအတွင်း ယူကရိန်းတပ်သား ၁၅ ဦး ကျဆုံး

ရုရှားတပ်တွေက ကျောထောက်နောက်ခံပေးထားတဲ့ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေနဲ့ တိုက်ပွဲ အတွင်း ယူကရိန်းစစ်သား ယူကရိန်းစစ်သား ၁၅ ဦး ကျဆုံးပြီး ၄၉ ဦး ဒဏ်ရာရသွားတယ်လို့ ယူကရိန်း စစ်တပ် ပြောခွင့်ရက စက်တင်ဘာ ၂ ရက်နေ့ မြို့တော် ကိယက်ဗ်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား လိုက်ပါတယ်။

ဆိုမာလီစစ်သွေးကြွခေါင်းဆောင် သေဆုံးမှု အတည်ပြုဖို့ ကြိုးစားဆဲ

Photo: ဆိုမာလီစစ်သွေးကြွခေါင်းဆောင် သေဆုံးမှု အတည်ပြုဖို့ ကြိုးစားဆဲ
Wenesday, September 3, 2014

ဆိုမာလီနိုင်ငံထဲမှာ အမေရိကန်တို့ရဲ့ Drone ယာဉ်နဲ့ တိုက်ခိုက်မှု တခုအတွင်း al-Shabab စစ်သွေးကြွ အဖွဲ့ ခေါင်းဆောင် Ahmed Abdi Godane သေဆုံးခြင်း ရှိ မရှိ အတိအကျ သိရအောင် Pentagon စစ်ဌာနချုပ် တာဝန်ရှိ သူတွေ ကြိုးစား နေကြပါတယ်။

Lower Shabelle ဒေသမှာလုပ်တဲ့ ဆွေးနွေးပွဲတခုမှာ al-Shabab အဖွဲ့ ထိပ်တန်း ခေါင်းဆောင်တွေကို ပစ်မှတ်ထားပြီး တနင်္လာနေ့တုန်းက လူမောင်းနှင်ပျံသန်းတဲ့ လေယာဉ်တွေ ရော မောင်းသူမဲ့ လေယာဉ် တွေပါ သုံးပြီး တိုက်ခိုက်ခဲ့တယ်လို့ Pentagon သတင်းစာရှင်းပွဲမှာ ရေတပ်ဗိုလ်ချုပ်ကြီး John Kirby က ပြောကြားခဲ့ပါတယ်။

Ahmed Abdi Aw Muhammad လို့လည်းသိကြတဲ့ Ahmed Godane ကို အထူး ပစ်မှတ်ထား တိုက်ခိုက်တာဖြစ်တယ်လို့ ပြောပါတယ်။ တိုက်ခိုက်မှုတွေရဲ့ ရလဒ်တွေကိုပြောဖို့ သိပ်စောနေသေးပေမဲ့ တကယ်လို့ Godane သေဆုံးခဲ့မယ်ဆိုရင် စစ်သွေးကြွကွန်ယက်နဲ့ အဖွဲ့အစည်းအတွက်အပြင် သူတို့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆက်လုပ်နိုင်ဖို့မှာ အင်မတန် ကြီးမားတဲ့ ထိခိုက်မှုဖြစ်လိမ့်မယ်လို့ ဗိုလ်ချုပ်ကြီး Kirby က ပြောပါတယ်။

မျက်မြင်တွေရဲ့ အပြောအရ လမ်းမှာသွားနေတဲ့ ယာဉ် ၃ စီးအပေါ် Drone ယာဉ်တွေပေါ်ကနေ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ၂ စီးက ဒုံးလက်နက်တခုမက ထိမှန်ခဲ့ပြီး တစီးကတော့ လွတ်သွားနိုင်တယ်လို့ မျက်မြင်တွေက ပြောပါတယ်။ al-Shabab တို့ အခိုင်အမာ ခြေကုပ်ယူထားတဲ့ Barawe မြို့ရဲ့ မြောက်ဘက် မိုင် ၄၀ ကျော်လောက်မှာ တိုက်ခိုက်မှုဖြစ်ခဲ့တာလို့ Lower Shabelle ဒေသအုပ်ချုပ်ရေးမှူးက ဗွီအိုအေ ဆိုမာလီဌာနကို ပြောကြားခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
ဆိုမာလီနိုင်ငံထဲမှာ အမေရိကန်တို့ရဲ့ Drone ယာဉ်နဲ့ တိုက်ခိုက်မှု တခုအတွင်း al-Shabab စစ်သွေးကြွ အဖွဲ့ ခေါင်းဆောင် Ahmed Abdi Godane သေဆုံးခြင်းရှိ မရှိ အတိအကျ သိရအောင် Pentagon စစ်ဌာနချုပ် တာဝန်ရှိ သူတွေ ကြိုးစား နေကြပါတယ်။

ISIS များ ထိန်းချုပ်ထားသည့်နယ်မြေ အေမာလီမြို့ အတွင်းသို့ အီရတ်လုံခြုံရေး တပ်ဖွဲ့များ ထိုးဖောက် ဝင်ရောက်

Photo: ISIS များ ထိန်းချုပ်ထားသည့်နယ်မြေ အေမာလီမြို့ အတွင်းသို့ အီရတ်လုံခြုံရေး တပ်ဖွဲ့များ ထိုးဖောက် ဝင်ရောက်
Wenesday, September 3, 2014

အီရတ်လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ရှီယိုက်ပြည်သူ့စစ် အဖွဲ့၏ အကူအညီဖြင့် ISIS သူပုန်အဖွဲ့များက နှစ်လကြာ ထိန်းချုပ်ထားသော အေမာလီမြို့ အတွင်းသို့ သြဂုတ် ၃၁ ရက်က ထိုးဖောက် ဝင်ရောက်နိုင် ခဲ့ကြောင်း ဒေသတွင်း အရာရှိများက ပြောကြားသည်။

အီရတ လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် ISIS သူပုန် အဖွဲ့ဝင်များကို အေမာလီမြို့၏ အရှေ့ပိုင်းအထိ တိုက်ထုတ်နိုင်ခဲ့ကြောင်း၊ လက်ရှိအချိန်တွင် ရှီယိုက် ပြည်သူ့စစ်အဖွဲ့နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် အဆိုပါမြို့ အတွင်း၌ နေရာယူ ထားခြင်းကြောင့် ဒေသခံများ စိတ်သက်သာရာ ရလျက် ရှိကြောင်း၊ အေမာလီမြို့ မြောက် ပိုင်းရှိ ကျေးရွာများ၌လည်း တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားလျက် ရှိကြောင်း ၎င်းမြို့၏ မြို့တော်ဝန်ဖြစ်သူ အဗ္ဗဒဲလ်အယ်လ်ဘာရာတီက ပြောကြားသည်။

ISIS သူပုန်အဖွဲ့က နှစ်လကြာ ထိန်းချုပ် ထားသည့် အေမာလီမြို့ အတွင်း ထိုးဖောက် ဝင်ရောက် နိုင်ခဲ့ခြင်းနှင့် သူပုန်အဖွဲ့များကို မြို့အရှေ့ပိုင်းအထိ တိုက်ထုတ် နိုင်ခဲ့ခြင်းသည် ရှီယိုက်ပြည်သူ့စစ် အဖွဲ့နှင့် အီရတ် လုံခြုံရေး တပ်ဖွဲ့တို့ ပူးပေါင်းပြီးနောက် နှစ်ဖွဲ့ စလုံး အတွက် အလွန်ကြီးမားသော အောင်မြင်မှု တစ်ရပ်ဖြစ်ကြောင်း အဗ္ဗဒဲလ်အယ်လ်ဘာ ရာတီက ထပ်လောင်း ပြောကြား သည်။

မြ၀တီ
အီရတ်လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ရှီယိုက်ပြည်သူ့စစ် အဖွဲ့၏ အကူအညီဖြင့် ISIS သူပုန်အဖွဲ့များက နှစ် လ ကြာ ထိန်းချုပ်ထားသော အေမာလီမြို့ အတွင်းသို့ သြဂုတ် ၃၁ ရက်က ထိုးဖောက် ဝင်ရောက်နိုင် ခဲ့ကြောင်း ဒေသတွင်း အရာရှိများက ပြောကြားသည်။

သန္တိသုခကျောင်းအတွင်း မဟနစေလွှတ်သံဃာများ ၇ရက်အတွင်းဖယ်ရှားပေးရန် ပီနန်ဆရာတော်၏ စာကို သက်သေအဖြစ် တရားရုံးလက်ခံ

ပီနန်ဆရာတော်ကြီးက မဟာသန္တိသုခနဲ့ စပ်နွယ်ပြီး တရားရင်ဆိုင်နေရသည့် သံဃာငါးပါး အမှုနှင့် စပ် လျဉ်း၍ ဆရာတော်က ကျောင်းပိုင်ဆိုင်ကြောင်း အထောက်အထားကို ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးက သက်သေစာအဖြစ် စက်တင်ဘာ ၁ရက်က လက်ခံခဲ့သည်။

IS ဟု ကြေညာသောအဖွဲ့က နောက်ထပ် အမေရိကန်ဂျာနယ်လစ် တစ်ဦးကို ခေါင်းဖြတ်


IS စစ်သွေးကြွများဟု ကြေညာထားသည့် အဖွဲ့က နောက်ထပ် အမေရိကန် ဂျာနယ် လစ်တစ်ဦး ခေါင်းဖြတ် သတ်လိုက်သည့် ဗီဒီယိုသည် စက် တင်ဘာ ၂ ရက်က အွန်လိုင်းတွင် ထွက်ပေါ်လာခဲ့ သည်။

လူဦးရေစစ်ဆေးသော တာဝန်ရှိသူများကို ဘင်္ဂါလီသုံးရာက ရန်ရှာသဖြင့် သေနတ်ပစ်ဖောက်လူစုခွဲခဲ့ရ

မောင်တောမြို့နယ် လောင်းဒုံကျေးရွာအုပ်စု ကျွန်း ဂေါင်းကျေးရွာတွင် အိမ်ထောင်စု လူဦးရေ စာရင်း ၀င်ရောက် စစ်ဆေးသော တာဝန်ရှိသူများကို ဘင်္ဂါလီလူမျိုးသုံးရာခန့်က ၀ိုင်းဝန်းရန်ရှာမှုကြောင့် လုံခြုံရေး တပ်ဖွဲ့က သေနတ် ၁၃ ချက် မိုးပေါ်ထောင်ပစ် ဖောက်လူစုခွဲခဲ့ရကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သတင်း ရရှိသည်။

တောင်ငူခရိုင်အတွင်း ကျေးရွာအုပ်စုကြီး (၄)ခုကို မြို့နယ် အဆင့်တိုးမြှင့်

တောင်ငူခရိုင်အတွင်းရှိ ကျေးရွာအုပ်စုကြီး (၄)ခုကို ပြည်ထဲဝန်ကြီးဌာန၏ ညွှန်ကြားချက် ဖြင့် မြို့နယ် အဆင့် တိုးမြှင့်သတ် မှတ်လိုက်ကြောင်း တောင်ငူမြို့ နယ် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးမှ သတင်းရရှိသည်။

အခြေခံအဆောက်အအုံများ ဖြည့်ဆည်းပေးရန် မွေးရေ/ကျေးလက်ဝန်ကြီးဌာနအား လုပ်ငန်းရှင်များ တိုက်တွန်း

Photo: အခြေခံအဆောက်အအုံများ ဖြည့်ဆည်းပေးရန် မွေးရေ/ကျေးလက်ဝန်ကြီးဌာနအား လုပ်ငန်းရှင်များ တိုက်တွန်း
Wenesday, September 3, 2014

 ရေထွက်ပို့ကုန်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရေး အခြေခံ အဆောက်အအုံ များ ဖြည့်ဆည်း ပေးရန် မွေးရေ/ကျေးလက် ၀န်ကြီးဌာနအား မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ လုပ်ငန်းရှင်များက တိုက်တွန်းထားသည်။

နိုင်ငံတော်က ရေထွက်ပို့ ကုန်တင်ပို့သူများထံမှ ၀င်ငွေ ၁၀ ရာခိုင်နှုန်း အခွန်ကောက် ခံခြင်းကို ရပ်တန့်လိုက်ကာ နိုင်ငံတကာက လည်း တားဆီး ပိတ်ဆို့မှု တချို့ လျှော့ချပေးနေသည့် အပြင် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတချို့ ကလည်း အထူးအခွန်သက်သာ ခွင့်ပေးနေ၍ ၀န်ကြီးဌာနအနေဖြင့်လည်း အခြေခံ အဆောက်အအုံများ ဖြည့်ဆည်းပေးစေလိုကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောကြားသည်။

‘‘သဘာဝက ဖမ်းဆီးမှု ကျ လာတာလည်း မှန်တယ်။ မွေးမြူ ထုတ်လုပ်မှု ကျလာတာ လည်း မှန်တယ်။ ငွေလဲနှုန်းတွေ ကျလာ လို့ ငွေကြေး ကျုံ့သွားတာလည်း မှန်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ ၀န်ကြီးဌာနက လုပ်ငန်းဆောင် ရွက်မှု စီမံကိန်းတွေ ဆွဲပေးတာနဲ့ ၀န်ကြီးကဦးဆောင်ပြီး လုပ်ငန်း ရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက် တာ မရှိဘူး။ ကျွန်တ်ာတို့ ရေလုပ် ငန်းကဏ္ဍ တိုးတက်လာဖို့ ပိုက်ဆံ ချေးပေးနေရုံနဲ့ မရဘူး။ အရင်း အားနည်းလို့ အရင်းမရှိတာနဲ့ နည်းပညာအားနည်းတာက ငွေ ရှင်နဲ့ ပညာရှင်တွေ ၀ိုင်းပံ့ပိုးပေး လို့ ရပေမယ့် အခြေခံအဆောက် အအုံတွေကတော့ နိုင်ငံတော်နဲ့ ၀န်ကြီးဌာနက လုပ်ပေးစေချင် တယ်’’ဟု လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ရေထွက်ပို့ကုန်လုပ်ငန်းမှ ၀င်ငွေတိုးလာရန် လုပ်ငန်းရှင် များက ကြိုးစားနေချိန် ၀န် ကြီးအပြောင်းအလဲဖြစ်၍ ၀န် ကြီးဌာနလည်း တိုးချဲ့လိုက်ပြီးမြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ ချုပ်နှင့် ပူးပေါင်းဆောင်ရွက်မှု အားနည်းကာ အခြေခံအဆောက် အအုံများ လိုအပ်နေ၍ ၀န်ကြီး ဌာန၏ ဦးဆောင်မှု မရသကဲ့သို့ ခံစားကြရကြောင်း ရေထွက်ပို့ ကုန်လုပ်ငန်းရှင်တစ်ဦးက ပြော ကြားသည်။

‘‘၀န်ကြီးအသစ်တက်လာ ပြီး ၀န်ကြီးဌာနလည်း တိုးချဲ့လိုက် တယ်။ ဒါကြောင့် ဌာနသုံးခုအ တွက် ဒုဝန်ကြီးသုံးပါးနဲ့ အလုပ် တွေပိုလာချိန်မှာ ကျေးလက် ဒေသဖွံ့ဖြိုးရေးကိုပဲ ဦးစားပေး လုပ်နေတော့၊ ကျွန်တော်တို့ အ သားနဲ့ ငါးကဏ္ဍမှာ အားနည်းလာ တယ်။ ကျွန်တော်တို့ရုံးကို မလာ သလောက်ကို ဖြစ်သွားတာ၊ အ ရင်ဝန်ကြီးတွေတုန်းက နှစ်ပတ် လည်ပွဲတိုင်း ရောက်လာကြပေ မယ့် ၀န်ကြီးအသစ်က မလာဘူး။ ဒုဝန်ကြီးတစ်ပါးကတော့ ပုံမှန် လာပေးနေပါတယ်’’ ဟု အဆိုပါ လုပ်ငန်းရှင်က ပြောသည်။

၂၀၁၃ သြဂုတ်တွင် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး၏ သဘောတူညီချက်ဖြင့် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနကို မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ၀န်ကြီးဌာနအဖြစ် တိုးချဲ့ဆောင်ရွက်နေကြောင်း ၀န်ကြီးဌာန၏ ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

‘‘ဒီအတိုင်း ဆက်သွားနေ ရင် ကျွန်တော်တို့တော့ နာလန်ထူမှာ မဟုတ်ဘူး’’ ဟု အစည်းအဝေး တက်ရောက်သူ တစ်ဦးက ပြောသည်။

ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးတစ်ဦးကမူ ရေလုပ် ငန်း ဖွံ့ဖြိုးတိုးတက် လာစေရန် အလုပ်ရုံဆွေးနွေးပွဲများ ပုံမှန်လုပ် ပေးနေကြောင်း ပြောသည်။

7Day DAILY

မြန်မာနိုင်ငံမှ ရေထွက်ကုန်ပြည်ပသို့ တင်ပို့မှုမှာ ယခုနှစ်ပိုင်းအတွင်း ဆက်တိုက် ကျဆင်း ခဲ့သည် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
မြန်မာနိုင်ငံမှ ရေထွက်ကုန်ပြည်ပသို့ တင်ပို့မှုမှာ ယခုနှစ်ပိုင်းအတွင်း ဆက်တိုက်ကျဆင်းခဲ့သည် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
 ရေထွက်ပို့ကုန်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရေး အခြေခံအဆောက်အအုံများ ဖြည့်ဆည်း ပေး ရန် မွေးရေ /ကျေး လက် ၀န်ကြီးဌာနအား မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ လုပ်ငန်းရှင်များက တိုက်တွန်း ထားသည်။

အီဘိုလာကို ခြောက်လမှ ကိုးလအတွင်း ထိန်းချုပ်မည်ဟု WHO ထုတ်ပြန်

ကမ္ဘာကိုစိန်ခေါ်လျက် ရှိသည့် အီဘိုလာကူးစက်မြန် ရောဂါအား ခြောက်လမှ ကိုးလ အတွင်း ထိန်းချုပ်နိုင် ရန် စီစဉ် လျက်ရှိကြောင်း ကမ္ဘာ့ကျန်းမာ ရေး အဖွဲ့(WHO)က သတင်းထုတ်ပြန်သည်။

အမျိုးသမီးသီးသန့်ယာဉ်များ ပြန်လည်ပြေးဆွဲလိုပါက အမြန်ဆုံးဆောင်ရွက်ပေး မည် ဟု ၀န်ကြီးပြော

Photo: အမျိုးသမီးသီးသန့်ယာဉ်များ ပြန်လည်ပြေးဆွဲလိုပါက အမြန်ဆုံးဆောင်ရွက်ပေး မည် ဟု ၀န်ကြီးပြော
Wenesday, September 3, 2014

စီးနင်းသူနည်းပါးသဖြင့်ရပ်နားထားသည့် အမျိုးသမီးသီး သန့်ယာဉ်များ ပြန် လည်ပြေးဆွဲလို ကြောင်း ယာဉ်ပိုင်ရှင်များတင်ပြ လာပါက အစိုးရက အမြန်ဆုံးပြေး ဆွဲနိုင်ရန် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဦးအောင်ခင်က ပြောသည်။

စက်တင်ဘာ ၂ ရက်တွင် ပြု လုပ်သည့် ရန်ကုန်တိုင်းလွှတ် တော်၌ ယာဉ်ပိုင်ရှင် များက အမျိုးသမီးသီးသန့်ယာဉ်များကို ရုံးချိန်အတွင်း ပြေးဆွဲလိုကြောင်း တင်ပြ လာမှုများရှိသဖြင့် တိုင်းဒေ သကြီး အစိုးရအဖွဲ့က ကန့်ကွက်ရန် ရှိ၊ မရှိ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ညိုညိုသင်းက မေးမြန်းရာ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်က ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့တွင် ဘတ်စ်ကား များကို အသုံးပြုပြီး သွားလာနေရ သည့် ခရီးသည်နေ့ စဉ်နှစ်သန်း ကျော်ရှိပြီး ထက်ဝက်ခန့်မှာ အမျိုး သမီးများဖြစ်သည့်အတွက် အမျိုး သမီးများ၏ ကာယိနြေ္ဒကို စောင့် ရှောက်ရန် အခြားသော နိုင်ငံများကဲ့သို့ အမျိုးသမီးသီးသန့်ဘတ်စ်ကားများ စီစဉ်ပေးရန် ဒေါက်တာ ဒေါ်ညိုညိုသင်းက လွှတ်တော်သို့ တင်ပြခဲ့သည်။

ထို့ပြင် ယာဉ်ပိုင်ရှင်အချို့နှင့် အမျိုးသမီးသီးသန့် ယာဉ်များပြေး ဆွဲပေးရန် ဆွေးနွေးရာတွင် ယာဉ် ပိုင်ရှင်အချို့က ပြေးဆွဲလိုကြောင်း တင်ပြထားသည်ဟုလည်း ၎င်းဆိုသည်။

အမျိုးသမီးသီးသန့်ယာဉ် များသည် မိသားစုများအတူတကွ ခရီးသွားရာတွင် အခက် အခဲတွေ့ ရကြောင်း၊ အမျိုးသမီးများအနေ ဖြင့်လည်း သီးသန့်ကား စီးရာတွင် အချိန်စောင့်ဆိုင်းစီးနင်းရသည့် အဖြစ်များရှိသည့်အပြင် စီးနင်း သူနည်းပါးသဖြင့် ယာဉ်လိုင်းများ အနေဖြင့် ၀င်ငွေနည်းပါးမှုကြောင့် ခြောက် လခန့်ပြေးဆွဲပြီး နောက် ပြေးဆွဲခြင်းကို ရပ်နားခဲ့သည်ဟု ၀န်ကြီး ဦးအောင်ခင်က လွှတ်တော်သို့ ပြောသည်။

  ပြီးခဲ့သည့် ၂၀၁၂ နှစ် ဆန်းပိုင်းမှစတင်ကာ ရန်ကုန်မြို့ တွင် မဟာဗန္ဓုလ သယ်ယူ ပို့ ဆောင် ရေး ပါရမီယာဉ်လိုင်းမှ အထူးယာဉ်လိုင်း ငါးလိုင်းကို ရုံးဆင်းရုံးတက်ချိန်များ၌ အမျိုး သမီးသီးသန့်ယာဉ်များအဖြစ် ပြေးဆွဲခဲ့သည်။

7Day DAILY 

ရန်ကုန်မြို့တွင်း ခရီးသည်တင်ယာဉ်တစ်စီးပေါ်မှ ခရီးသွားများကိုတွေ့ရစဉ်၊ ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
ရန်ကုန်မြို့တွင်း ခရီးသည်တင်ယာဉ်တစ်စီးပေါ်မှ ခရီးသွားများကိုတွေ့ရစဉ် 
စီးနင်းသူနည်းပါးသဖြင့်ရပ်နားထားသည့် အမျိုးသမီးသီး သန့်ယာဉ်များ ပြန်လည်ပြေးဆွဲလို ကြောင်း ယာဉ် ပိုင်ရှင်များတင်ပြလာပါက အစိုးရက အမြန်ဆုံးပြေးဆွဲနိုင်ရန် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဦးအောင်ခင်က ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မောင်တောနယ်စပ်သို့ ၀င်ရောက်လာသူများကို အီဘိုလာစစ်ဆေးမှုများ ပြုလုပ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မှ မောင်တောနယ်စပ်သို့ ၀င် ရောက်လာသူများကို  သြဂုတ် ၂၂ ရက်မှ စတင် ကာ မောင်တောမြို့ အမှတ်(၁) ၀င်၊ ထွက်စခန်းတွင် မြို့ နယ်ဆရာဝန်များနှင့် သူနာပြု ဆရာမများက အီဘို လာရော ဂါ ရှိ၊ မရှိ စစ်ဆေးနေကြောင်း သတင်းရရှိသည်။

တာချီလိတ်တွင် အနုကြမ်းစီးပြီး အိမ်ရှင်အမျိုးသမီးကို သတ်ဖြတ်မှုဖြစ်ပေါ်

တာချီလိတ်မြို့ရှိ အိမ်တစ်အိမ်ကို လူတစ်စုက အနုကြမ်းစီးခဲ့ပြီး အိမ်ပိုင်ရှင်အမျိုး သမီးကို သတ်ဖြတ် သွားကြောင်း သတင်းရရှိသည်။

ဓမ္မစေတီခေါင်းလောင်းရှာဖွေမှု ၄၊၅ရက်ကြာလျှင် ထူးမည်ဟုဆိုပြန် ( ရေငုပ်သမားများစမ်းမိသောအရာမှာ သံစည်ပိုင်းမဟုတ်ဘဲခေါင်းလောင်းဟု ယူဆရပြီး ခေါင်းလောင်းရှာတွေ့ကြောင်း သတင်းထုတ်ပြန်ပြီးနှစ်ရက် အကြာတွင်ပြော)

ဓမ္မစေတီခေါင်းလောင်း ရှာဖွေရေးအဖွဲ့မှ ဆလုံလူမျိုးများ ရေငုပ်ရှာဖွေမိသောအရာမှာ သံ စည်ပိုင်းတစ်ခု မဟုတ်ဘဲ ဓမ္မစေ တီခေါင်းလောင်းကြီးဟု ယူဆရပြီး၎၊၅ရက်ကြာလျှင်ထူးခြားနိုင်မည်ဟု ခန့် မှန်းကြောင်း ပြန် ကြားေ ရး အဖွဲ့ဝင်ဦးကြည်ဝင်းက ပြောကြားသည်။

သတင်းထောက် Sotloff ခေါင်းဖြတ်သတ်ခံရဗွီဒီယို ISIS အစွန်းရောက်ထုတ်ပြန်

Photo: သတင်းထောက် Sotloff ခေါင်းဖြတ်သတ်ခံရဗွီဒီယို ISIS အစွန်းရောက်ထုတ်ပြန်
Wednesday, Setember 3, 2014

ဖမ်းဆီးထားတဲ့ အမေရိကန်သတင်းထောက် Steven Sotloff ဖြစ်ပုံရသူကို ခေါင်းဖြတ်သတ်တဲ့ ဗွီဒီယိုကို Islamic State အစ္စလာမ်စစ်သွေးကြွတွေက ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ ဗွီဒီယိုရဲ့ စစ်မှန်မှုကို စစ်ဆေးနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Jen Psaki က ပြောကြားခဲ့ပါတယ်။

တကယ်သာဖြစ်ခဲ့မယ်ဆိုရင် အော်ဂလီဆန်စရာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဗွီဒီယိုထဲမှာ မျက်နှာကို အဝတ်အမဲရောင်နဲ့ ဖုံးအုပ်ထားသူက Sotloff ကို သတ်ရတာဟာ အီရတ်မှာရှိနေတဲ့ Islamic State အဖွဲ့ဝင်တွေအပေါ် အမေရိကန်က လေကြောင်းကနေ တိုက်ခိုက်မှုအတွက် လက်တုံ့ပြန်တာ ဖြစ်တယ်ဆိုပြီး ဗြိတိန်မှာပြောကြတဲ့ အင်္ဂလိပ်အသံထွက်မျိုးနဲ့ သမ္မတ Barack Obama ကို တိုက်ရိုက် ပြောထားပါတယ်။

“ခင်ဗျားရဲ့ Missile လက်နက်တွေနဲ့ ကျုပ်တို့ရဲ့လူတွေအပေါ် ဆက်ပြီး တိုက်နေမယ်ဆိုရင် ကျုပ်တို့ရဲ့ ဓားနဲ့ ခင်ဗျားတို့လူတွေရဲ့ လည်တွေကို ဆက်လှီးသွားမှာ ဖြစ်တယ်” - လို့ အဲဒီစစ်သွေးကြွက ပြောပါတယ်။ သူတို့ဖမ်းဆီးထားတဲ့ ဗြိတိန်လူမျိုး ဓားစာခံ David Cawthorne Haines ကိုလည်း သတ်ပစ်မယ်လို့ ဗွီဒီယိုထဲမှာ ခြိမ်းခြောက်ထားပါတယ်။

သတင်းထောက် Sotloff ကို သတ်ဖြတ်သူတွေဟာ ရွံမုန်းစရာ၊ စက်ဆုပ်စရာ ကောင်းတယ်လို့ ဗြိတိန်ဝန်ကြီးချုပ် David Cameron က ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့လကပဲ နောက်ထပ် အမေရိကန် သတင်းထောက် James Foley ကို Islamic State စစ်သွေးကြွတွေက ခေါင်းဖြတ်သတ်ခဲ့ပြီး အဲဒီသတ်ဖြတ်တဲ့ ဗွီဒီယိုကိုလည်း Online မှာ တင်ခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
ဖမ်းဆီးထားတဲ့ အမေရိကန်သတင်းထောက် Steven Sotloff ဖြစ်ပုံရသူကို ခေါင်းဖြတ်သတ်တဲ့ ဗွီဒီယိုကို Islamic State အစ္စလာမ်စစ်သွေးကြွတွေက ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ ဗွီဒီယိုရဲ့ စစ်မှန်မှုကို စစ်ဆေးနေ တယ် လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Jen Psaki က ပြောကြားခဲ့ပါတယ်။

တစ်ကိုယ်လုံးကို ပလတ်စတစ်ဆာဂျရီလုပ်ကာ စပွန်ဆာရှာခြင်း၊ စပွန်ဆာများ အား ဧည့်ခံပေးခြင်းနှင့် အဖော်လုပ်ပေးခြင်းတို့ စေခိုင်းမှုများကြောင့် ကိုရီး ယားနိုင်ငံ မှ ပြန်လာခဲ့ခြင်းဖြစ်ကြောင်းနှင့် ၎င်းအဖွဲ့အစည်းမှ တောင်းပန်ရ မည် ဖြစ်ကြောင်း မူရင်းအသက် ၁၅ နှစ်သာ ရှိသေးသော မေမြတ်နိုး ရှင်းလင်း


တစ်ကိုယ်လုံးကို ပလတ်စတစ်ဆာဂျရီလုပ်ကာ စပွန်ဆာရှာခြင်း၊ စပွန်ဆာများကို ဧည့်ခံပေးခြင်းနှင့် အဖော် လုပ်ပေးခြင်းတို့ကို စေခိုင်းမှုများကြောင့် ကိုရီးယားနိုင်ငံ မှ ပြန်လာခဲ့ခြင်းဖြစ်ကြောင်းနှင့် ၎င်းအဖွဲ့အစည်း မှ တောင်းပန် ရမည်ဖြစ်ကြော င်း မူ ရင်း အသက် ၁၅ နှစ်သာရှိသေးသော မေမြတ်နိုးက ရှင်းလင်းခဲ့သည်။ Miss Asia Pacific World Organization အနေဖြင့် မေမြတ်နိုးနှင့် မြန်မာနိုင်ငံ ကို တောင်းပန်စာ တရားဝင်ပေးပို့မှသာ Miss Asia Pacific World Organization ထံသို့ သရဖူကို ပြန်လည်ပေးအပ် သွား မည်ဖြစ်ကာ ယင်းသို့ တောင်းပန်ခြင်းမပြုခဲ့ပါက တရားစွဲဆိုသွား မည်ဖြစ်ကြောင်း စက်တင်ဘာ ၂ ရက် တွင် ပြု လုပ်ခဲ့သည့် မီဒီယာ များ နှင့်တွေ့ဆုံ ပွဲတွင် မေမြတ်နိုးက ရှင်းလင်းပြောကြားခဲ့သည်။

သာကေတ ၁၀/တောင် ရပ်ကွက်၌ အုပ်စုနှစ်စု မင်းမဲ့စရိုက်ဆန်စွာ ခိုက်ရန်ဖြစ်ပွားမှုမှ ဦးဆောင်သူများအား ဖမ်းဆီးထား

သာကေတမြို့နယ် ၁ဝ/တောင် ရပ်ကွက်၌ အုပ်စုနှစ်စု မင်းမဲ့စရိုက်ဆန်စွာ အပြန်အလှန် ခိုက်ရန်ဖြစ်ပွား မှုဖြစ်စဉ်မှ ဦးဆောင်သူများဖြစ်သည့် နေမျိုးအောင်နှင့် မြင့်အောင်တို့အား ဖမ်းဆီးအမှုဖွင့်ထားပြီး အင်း စိန်ထောင် ၌ ချုပ်နှောင်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။