Wednesday 20 May 2015

အဆင့်မမီ ကျောင်းဆောက်လုပ်တဲ့ ကုမ္ပဏီများကို အရေးယူ

ပညာရေးဝန်ကြီးဌာနအောက်က စာသင်ကျောင်းတွေ ဆောက်လုပ်ရာမှာ အရည် အသွေးပြည့်အောင် ဆောက်လုပ်ခြင်းမရှိတဲ့ ကုမ္ပဏီတွေကို တရားစွဲဆိုပြီး နာမည်ပျက်စာရင်းသွင်း အရေးယူနေကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးသန့်ရှင်းက ပြည်သူ့လွှတ်တော်မှာ ဒီကနေ့ တင်ပြခဲ့ပါတယ်။
တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက ပြည်သူ့ ဘဏ္ဍာငွေနဲ့ ဆောက်လုပ်တဲ့ကျောင်းတွေကို ကန်ထရိုက်ရရှိထားတဲ့ ကုမ္ပဏီတွေထဲက အရည်အသွေး မပြည့်မီတဲ့ ကုမ္ပဏီတွေကို အရေးယူမှုတွေ ရှိ မရှိ မေးမြန်းရာမှာ ဒုတိယ၀န်ကြီး ဦးသန့်ရှင်းက အခုလို ဖြေကြားခဲ့တာဖြစ်ပါတယ်။

လှေစီးဒုက္ခသည်တွေကို ဖိလစ်ပိုင်နဲ့ ဂမ္ဘီးယားနိုင်ငံ ခေါ်ယူမည်

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံက လှေနဲ့ထွက်ပြေးသွားတဲ့ လူပေါင်း ၃ ထောင်လောက်ကို ဖိလစ်ပိုင်နိုင်ငံက ကြိုဆိုဖို့အဆင့်သင့်ရှိနေတယ်လို့ မနေ့ကပြော လိုက်ပါတယ်။ ဒီကိစ္စအတွက် ဖိလစ်ပိုင်အစိုးရနဲ့ ခရစ်ယန်ကက်သလစ်ဘုရားကျောင်းက သဘောတူ ထားတယ်လို့လည်း သိရပါတယ်။
ကုလသမဂ္ဂရဲ့ ၁၉၅၁ ခုနှစ် ဒုက္ခသည်ဆိုင်ရာစာချုပ်ကို ဖိလစ်ပိုင်က သဘောတူထားတဲ့အတွက် ထွက်ပြေး လာတဲ့ အဲဒီ့လူတွေကိုကူညီမယ်လို့ ပြောဆိုတာဖြစ်တဲ့ အကြောင်း၊ ဖိလစ်ပိုင်တရားရေးဝန်ကြီး Leila Lima နဲ့ နိုင်ငံခြားရေးဌာနပြောခွင့်ရသူ Charles Jose တို့ က ပြောပါတယ်။

ဦးခင်အောင်မြင့်နဲ့အဖွဲ့ ဘယ်လာရုစ် သွားမည်

အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့် ဦးဆောင်တဲ့ မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့ဟာ ဘယ်လာရုစ်နိုင်ငံကို မကြာခင်ရက်ပိုင်းအတွင်း သွားရောက်ကြမယ်လို့ Belarusian News သတင်းက ဖေါ်ပြပါတယ်။ဘယ်လာရုစ် အမျိုးသားလွှတ်တော်ကောင်စီရဲ့ ဖိတ်ကြားချက်အရ မေလ ၂၁ရက်နေ ၂၄ ရက်နေ့အထိ သွားရောက်လည်ပတ်ကြမှာဖြစ်ကြောင်း သိရပါတယ်။ဦးခင်အောင်မြင့်နဲ့အဖွဲ့ဟာ ဘယ်လာရုစ်ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌတွေနဲ့ တွေ့ဆုံမှာဖြစ်ပြီး၊ အခမ်းအနားတချို့ကို တက်ရောက်ကြမယ့်အပြင်၊ သမိုင်းဝင်နေရာတွေ၊ ယဉ်ကျေးမှုဆိုင်ရာနေရာတွေကို လည်း သွားရောက်လေ့လာကြမယ်လို့ သတင်းမှာဖေါ်ပြ ပါတယ်။

လူဦးရေထိန်းညှိမှုဥပဒေ အမေရိကန် စိုးရိမ်

မြန်မာနိုင်ငံရဲ့ လူဦးရေထိန်းညှိမှုဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်းနဲ့ တခြားဥပဒေကြမ်း သုံးခုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲ အန္တရာယ်တွေနဲ့ ပတ်သက်ပြီး အထူးစိုးရိမ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက မနေ့က နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီဥပဒေကြမ်းတွေဟာ အန္တရာယ်ကြီးမားပြီး၊ လူနည်းစုတွေရဲ့ ဒီမိုကရေစီမျှော်လင့်ချက်တွေကို ပျက်ပြားသွားစေမှာဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။
အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Jeff Rathke က  ဒါဟာ ကလေးမွေးဖွားနှုန်းအပေါ် ညီမျှမှုမရှိဘဲ တစ်ဘက်စောင်းနင်း အတင်းအဓမ္မထိန်းချုပ်ပြီး၊ ခွဲခြားဆက်ဆံတာကို တရားဝင်ဖြစ်အောင် ဖန်တီးတာသာဖြစ်တယ်၊ မျိုးဆက်ပြန့်ပွားခွင့်၊ အမျိုးသမီးအခွင့်အရေးနဲ့ ဘာသာရေးလွတ်လပ်ခွင့်တွေအပေါ် လေးစားမှုရှိရေးကို ဖျက်ဆီးလိုက်တာဖြစ်တယ်လို့ ပြောဆိုပါတယ်။

မြန်မာတွေလျှော်ကြေးရဖို့ သံရုံးနဲ့ ကုမ္ပဏီညှိနိုင်း

အင်ဒိုနီးရှားနိုင်ငံက ငါးဖမ်းလုပ်ငန်းတွေ မှာ ကျေးကျွန်တွေသဖွယ် ခိုင်းစေခံခဲ့ရသူ မြန်မာနိုင်ငံ သားတွေ လျော်ကြေးရရှိရေးအတွက် မြန်မာသံရုံးနဲ့ သက်ဆိုင်ရာကုမ္ပဏီတို့ ညှိနှိုင်းပြောဆိုနေကြပါတယ်။
ဒီကိစ္စအတွက် အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဆန်းမြင့်ဦး အပါအ၀င် သံရုံးအရာ ရှိတွေဟာ အင်ဒိုနီးရှားရှေ့နေများအသင်းက ရှေ့နေနှစ် ဦး၊ မြန်မာအလုပ်သမားတွေကိုခိုင်းစေခဲ့တဲ့ အင်ဒိုနီးရှား ကုမ္ပဏီက တာဝန်ရှိသူတွေနဲ့ ဆွေးနွေးညှိနှိုင်းနေ ကြကြောင်း ထိုင်းနိုင်ငံထုတ်နေးရှင်းသတင်းက ဖေါ်ပြ ပါတယ်။

လူအများ၏ ရန်ပြု သတ်ဖြတ်မှုခံရသည့် အမျိုးသမီးကို အကာအကွယ်မပေးသည့် အာဖဂန်ရဲများ ထောင်ဒဏ်ချမှတ်ခံရ

အမျိုးသမီးတစ်ဦးကို လူအုပ်ကြီးက ဝိုင်းဝန်းသတ်ဖြတ်နေချိန်၌ လုံလောက်သော အကာအကွယ်ပေးမှု မရှိခဲ့ဘဲ ဝတ္တရားပျက်ကွက်ခဲ့သည့် အာဖဂန်နစ္စတန် ရဲတပ်ဖွဲ့ဝင် ၁၁ ဦးကို ကဘူးလ်မြို့ရှိ တရားရုံးတစ်ခုက ထောင်ဒဏ် ၁ နှစ်စီ ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

ဆော်ဒီတွင် အာဏာပါးကွက်သား အသစ်များ ခန့်အပ်ရန် လိုအပ်လာ

 သေဒဏ်ချမှတ်သည့် ပြစ်ဒဏ်စီရင်မှုများ တိုးပွားလာသည့်နောက် ဆော်ဒီအာရေဗျ အာဏာပိုင်များက အာဏာပါးကွက်သား အဖြစ် တာဝန်ထမ်းဆောင်ရန် အလုပ်ခေါ်သည့် ကြေညာချက်ကို ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။အဆိုပါ အလုပ်ခေါ်စာတွင် ပါးကွက်သား ရာထူးအတွက် ရှစ်နေရာ တိုးမြှင့် ခန့်အပ်သွားမည်ဖြစ်ပြီး လျှောက်ထားသူများသည် အထူးပြု ပညာရပ်တစ်ခုခု တတ်မြောက်ထားရန် မလိုသော်လည်း လူ့ခန္ဓာကိုယ် အစိတ်အပိုင်းများကို တိတိရိရိ ဖြတ်တောက်နိုင်ရမည်ဟု ဖော်ပြထားသည်။

ဒဂုံဆိပ်ကမ်းတွင် အကြွေးတောင်းရာမှ အုပ်စုဖွဲ့ ဓားခုတ်မှုဖြစ်

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် (၆၉) ရပ်ကွက်ရှိ ကျူးကျော်နေအိမ် တစ်လုံးတွင် မေလ ၁၈ ရက် ည ၈ နာရီခွဲက အုပ်စုဖွဲ့ကာ အကြွေးလာရောက်တောင်းသူများနှင့် အိမ်ရှင်မိသားစု စကားများရန်ဖြစ်ရာမှ အကြွေးလာရောက်တောင်းသူ အုပ်စုအဖွဲ့က အမျိုးသားနှစ်ဦးကို ဓားရှည်များဖြင့် ဝိုင်းခုတ်မှုဖြစ်ပွား ခဲ့ကြောင်း ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

ရခိုင်ကမ်းရိုးတန်းတွင် မိုးသက်လေပြင်း တိုက်ခတ်သဖြင့် ငါးဖမ်းလှေတစ်စီး နစ်မြုပ်

ရခိုင်ပြည်နယ်မြို့နယ် အချို့တွင် မေလ ၁၉ ရက် ညနေက မိုးသက်လေပြင်းများ ကျရောက်ခဲ့ရာ သံတွဲမြို့နယ်ကမ်းရိုးတန်း၌ငါးဖမ်းလှေတစ်စီးနစ်မြုပ်သွားကြောင်း သတင်းရရှိသည်။
သံတွဲမြို့နယ် ဂျိတ်တောရပ်ကွက်ရှိ ပင်လယ်ဝနှင့် ဆက်စပ်နေသောနေရာတွင် ရေလုပ်သားသုံး ဦးလိုက်ပါလာသည့် ငါးဖမ်းလှေ တစ်စီးနစ်မြုပ်သွားသဖြင့် ရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း သံတွဲမြို့နယ် ရခိုင်လူမှု ကွန်ရက်မှ ဦးကျော်ဌေးဝင်းက မေလ ၁၉ ရက် ညနေတွင် 7Day Daily အား ပြောသည်။‘‘လောလောဆယ်တော့ လူတွေ လိုက်ဆယ်နေကြတယ်။ နောက်ဆက်တွဲတော့ မသိရသေးဘူး။

နေရာအနှံ့ မိုးကြီးနိုင်ပြီး မုန်တိုင်းမှာ စောင့်ကြည့်ဆဲ အခြေအနေရှိ

ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေထုမငြိမ်သက်မှုကြောင့် မတ်လ ၁၈ ရက်မှ နောက်ထပ် ၄၈ နာရီအတွင်း မြန်မာနိုင်ငံ နေရာအနှံ့ မိုးကြီးနိုင်ပြီး မုန်တိုင်း အခြေအနေမှာ စောင့်ကြည့်နေ ဆဲ အခြေအနေရှိသည်ဟု  မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်း က မေ ၁၉ ရက်တွင် မဇ္ဈိမကို ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးညီလာခံ KNU နယ်မြေမှာ ကျင်းပမည်

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးညီလာခံကို ဇွန်လ ၂ ရက်နေ့မှာ ကရင်အမျိုးသား အစည်း အရုံး KNU ရဲ့ နယ်မြေမှာကျင်းပဖို့ ရှိနေပြီး ဒီညီလာခံမှာ တနိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ် NCA နဲ့ တနိုင်ငံလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်ချမှတ်ရေးတွေကို အဓိကထားဆွေးနွေးဖို့ရှိနေ ပါတယ်။

အမှတ်တရရုပ်ရှင်ပွဲတော်သို့ မီရှဲယိုး အပါအ၀င် နာမည်ကျော်အချို့ တက်ရောက်မည်


တတိယအကြိမ် ပြုလုပ် မည့် ‘‘အမှတ်တရ’’ နိုင်ငံတကာ ရုပ်ရှင်အမွေအနှစ်ပွဲတော် ဖွင့်ပွဲ အခမ်းအနားကို ကမ္ဘာကျော်မင်း သမီး မီရှဲယိုးအပါအ၀င် ဟောင် ကောင်၊ ပြင်သစ်နှင့် စင်ကာပူတို့ မှ နာမည်ကြီး သရုပ်ဆောင်မင်း သမီးများ လာရောက်မည်ဖြစ် ကြောင်း သတင်းရရှိသည်။

ရာမာဒီမှ အိုင်အက်စ်တပ်များကို တွန်းလှန်ရန် စေတနာ့ဝန်ထမ်း ပြည်သူ့စစ်များကို အီရတ်အစိုးရ ဖိတ်ခေါ်

ရာမာဒီမြို့ကို သိမ်းပိုက်ထားသည့် အစ္စလာမ်မစ်နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများကို တွန်းလှန် တိုက်ထုတ်ရန်အတွက် ပြည်သူ့စစ်များအနေဖြင့် မိမိတို့၏ စိတ်ဆန္ဒဖြင့် ပူးပေါင်းပါဝင်လာရန် ဖိတ်ခေါ်ကြောင်း အီရတ်အစိုးရက ကြေညာခဲ့သည်။

စတိတ် စင်ပေါ်ကနေ ပြုတ်ကျခဲ့တဲ့ U2 အဖွဲ့မှ ဂစ်တာသမား The Edge

ကမ္ဘာကျော် ရော့်အဖွဲ့တစ်ဖွဲ့ ဖြစ်တဲ့ U2 အဖွဲ့မှ ဂစ်တာသမား The Edge ဟာ ကနေဒါနိုင်ငံ Vancouver မြို့မှာ ပြုလုပ်ခဲ့တဲ့ ဖျော်ဖြေပွဲအတွင်း စတိတ်စင်ပေါ်ကနေ ပြုတ်ကျခဲ့ပါတယ်။

စွမ်းအင်က နိုင်ငံခြားကုမ္ပဏီနှင့် ပူးပေါင်းပြီး စက်သုံးဆီဈေးကွက် ပြန်ဝင်မည်

စွမ်းအင်ဝန်ကြီးဌာနသည် စက်သုံးဆီတင်သွင်းဖြန့်ဖြူး ရောင်းချခြင်းကို နိုင်ငံခြားကုမ္ပဏီနှင့် အကျိုးတူပူးပေါင်းကာ ဈေးကွက်အတွင်းသို့ ပြန်လည်ဝင်ရောက် လုပ်ကိုင်မည်ဟု သတင်းရရှိသည်။
စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ ရေနံထွက်ပစ္စည်းရောင်းဝယ်ရေး  လုပ်ငန်းသည် ၂၀၁၁ ခုနှစ်တွင် စက်သုံးဆီဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းကို ပုဂ္ဂလိကသို့ လွှဲပြောင်း ပေးခဲ့ပြီးနောက် ဈေးကွက်ယှဉ်ပြိုင်မှု အားကောင်းစေရန် တစ် ကျော့ပြန် ၀င်ရောက်လုပ်ကိုင်ရန် ပြင်ဆင်နေကြောင်း မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း ညွှန်ကြားရေးမှူးဦးမြင့်ဇော် က ပြောသည်။

လူကုန်ကူးခံရသူများ အရေး မြန်မာနိုင်ငံ၌ တာဝန်ရှိဟု မလေး ဒုဝန်ကြီးချုပ်ပြော

ဒေသတွင်း နိုင်ငံများ ကြုံတွေ့နေ ရသည့် လူကုန်ကူးခံရသူများ အရေးတွင် မြန်မာနိုင်ငံ၌ တာဝန်ရှိကြောင်း မလေးရှား ဒုတိယ ၀န်ကြီးချုပ် Tan Sri Muhyiddin Yassin က မေလ (၁၈) ရက်နေ့က သတင်းထောက် များကို ပြောကြား လိုက်ကြောင်း Asiaone သတင်းဌာနက ဖော်ပြထားသည်။

၂၀၁၅ ရွေးကောက်ပွဲ လွတ်လပ်၍ တရားမျှတမည်ဟု ဦးတင်အေးဆို

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် အဓိကကျသော အချက်သုံးချက်ကို ဥပဒေနှင့်အညီ လုပ်ဆောင်မည် ဖြစ်သောကြောင့် လွတ်လပ်၍ တရား မျှတမည်ဟု ယုံကြည်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက The Messenger Media သို့ ပြောကြားသည်။ အချက် သုံးချက်မှာ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ငန်း လမ်းညွှန်ချက်များ အတိုင်း မှန်ကန်မှု ရှိစေရေး၊ ပြည်တွင်း၊ ပြည်ပ စောင့်ကြည့် လ့လာသူများ ခေါ်ယူ ထားခြင်း၊ မဲရုံမှူးများ၊ ကော်မရှင် အဖွဲ့ဝင် အဆင့်ဆင့်က ဥပဒေနှင့် အညီ မလုပ်ဆောင် ပါက အရေးယူခြင်းများ ဖြစ်ကြောင်း ၎င်း ကရှင်းပြသည်။ လေ့လာသူတွေ ဖိတ်ထားတယ်။ လေ့လာ သူတွေက စောင့်ကြည့်တဲ့ အခါကျတော့၊ မတရား မလုပ်ရဲဘူးပေါ့။ သူတို့ ကတော့ ၀င်ပြောလို့ မရဘူး။ ဒါပေမဲ့ ရီပို့ရေးလို့ ရတယ်။ ပါတီတွေ၊ ကော်မရှင်တွေ ဥပဒေ မလိုက်နာဘူး။ ဘက်လိုက်တယ် ဆိုရင် ရီပို့ ရေးမယ်ပေါ့။ နောက် အရေးယူမယ့် ဥပဒေတွေရှိတယ် ဟု ဦးတင်အေးက ပြောသည်။

ဘင်္ဂါလီဆိုတိုင်း မြန်မာနိုင်ငံက ဖြစ်ရမှာလား


ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်မှာ နေတဲ့ ဦးသာထွန်း ရေးသား ပေးပို့လိုက်တဲ့ စာကို မဇ္ဈိမစာဖတ်သူကဏ္ဍက လက်ခံရရှိခဲ့ပါတယ်။ ပေးပို့နေကျစာတွေက မိမိတို့ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ အဆင်မပြေမှုတွေကို ရေးသားပေးပို့ကြတာ ဖြစ်ပေမယ့် အခုရေးပို့လိုက်တဲ့ စာရဲ့ ထူးခြား ချက်ကတော့ နိုင်ငံအတွက် လူမျိုးအတွက် ရည်ရွယ်ပြီး ရေးခဲ့တဲ့ စာပါလို့ ဆိုပါတယ်။

ခြောက်ပွင့်ဆိုင် ထပ်တွေ့ဖို့ အစိုးရ လေးဖင့်နေဟု ဒေါ် အောင်ဆန်းစုကြည် ဝေဖန်

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအပါအဝင် မြန်မာ့နိုင်ငံရေး ပြဿနာများကို ဖြေရှင်းရန် ရည်ရွယ်သည့် ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲနှင့် ပတ်သက်၍ အစိုးရအနေနှင့် စိတ်ပါဝင်စားမှုမရှိကြောင်း အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်လိုက်သည်။

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရန် မခက်ခဲဟု သမ္မတ၏ ပြောဆိုမှု လက်တွေ့မဆန် ဟု ပါတီများ သုံးသပ်

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် အခက်အခဲမရှိနိုင်ဟု သမ္မတ ဦးသိန်းစိန်က မေ ၁၈ ရက်က နိုင်ငံရေးပါတီများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ရာ ထိုသို့ ပြောကြားချက်မှာ  လက်တွေ့ မဆန်ဟု နိုင်ငံရေး ပါတီများက ဝေဖန်လိုက်သည်။

လှေပေါ်က ရွှေ့ပြောင်းအခြေချသူများ ပြဿနာ မလေးရှား၊ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့ တွေ့ဆုံမည်

အရှေ့တောင်အာရှပင်လယ်အတွင်း လှေများဖြင့် နိုင်ငံရွှေ့ပြောင်းအခြေချသူများ ပြဿနာကို မလေးရှား နိုင်ငံခြားရေး ဝန်ကြီးက အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးများကို ဖိတ်ကြားကာ ဆွေးနွေးသွားမည် ဖြစ်သည်။

အစိုးရသစ် လှိုင်းသုံးလှိုင်း ဆောင်ရွက်မှု အားရကျေနပ်စရာ နည်းပါးဟု လွှတ်တော်ကိုယ်စားလှယ် အချို့ပြော

အစိုးရသစ်သက်တမ်းတွင် ဆောင်ရွက်လျက်ရှိသည့် တတိယလှိုင်း စီမံချက်လုပ်ဆောင်မှုများ ကြီးကျယ် သော အောင်မြင်မှု ရရှိခဲ့သည်ဟု သမ္မတရုံး ဒုတိယဝန်ကြီးက အမျိုးသားလွှတ်တော်တွင် ဖြေကြားခဲ့ သော် လည်း လွှတ်တော်ကိုယ်စားလှယ်များကမူ ထိုဆောင်ရွက်မှုကို အားရမှုမရှိဘူးဟု ပြန်လည်တုန့်ပြန် လိုက်သည်။

မြို့ပြ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေး ဥပဒေ လွှတ်တော်တင်မည်

ရွှေတိဂုံစေတီတော် အပါအဝင် မြန်မာနိုင်ငံအတွင်းမှ မြို့ပြယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်း စောင့်ရှောက် နိုင်ရေးအတွက် မြို့ပြယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးဥပဒေ ( Urban Heritage Trust Law) ကို ရေးဆွဲလျက်ရှိပြီး ယင်းဥပဒေ အတည်ပြုနိုင်ရေးအတွက် ယခုလွှတ်တော် သက်တမ်း မကုန်မီ တင်သွင်းသွားမည်ဟု အိုးအိမ်ဦးစီးဌာနမှ အကြီးတန်းအကြံပေး ဦးသံမိုးက ဆိုသည်။

ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲ ထပ်မံပြုလုပ်ရန် တက်တက်ကြွကြွ ဆောင်ရွက်သည်ကို မတွေ့ရကြောင်းနှင့် ဘင်္ဂါလီရွှေ့ပြောင်း ဒုက္ခသည်များကိစ္စသည် အစိုးရဖြေရှင်းရမည့်ကိစ္စဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

မေ ၁၉ ရက်က ပြုလုပ်သော လွှတ်တော်အစည်းအဝေးသို့ တက်ရောက် လာသော ဒေါ်အောင်ဆန်းစုကြည် အား သတင်းထောက်များက မေးမြန်းစဉ် (ဓာတ်ပုံ-မျိုးမင်းထက်)
ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲ ထပ်မံပြုလုပ်ရန် တက်တက်ကြွကြွ ဆောင်ရွက်သည်ကို မတွေ့ရကြောင်းနှင့် ဘင်္ဂါလီရွှေ့ပြောင်း ဒုက္ခသည်များကိစ္စသည် အစိုးရဖြေရှင်းရမည့် ကိစ္စဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မေ ၁၉ ရက်တွင် သတင်းထောက်များအား ပြောကြားသည်။

အကင်တွေက ကင်ဆာရောဂါဖြစ်စေသလား

အကင်တိုင်းကတော့ ကင်ဆာရောဂါမဖြစ်စေပါဘူး။
သို့သော် အသားတွေကို ကင်လိုက်တဲ့အခါ ထွက်လာတဲ့ Heterocyclic Amines လို့ခေါ်တဲ့ ဓာတ်ပေါင်း ပစ္စည်းတစ်မျိုးဟာ ကင်ဆာရောဂါကို ဖြစ်စေနိုင်တဲ့ Carcinogen ဓာတ်တစ်မျိုးပဲ ဖြစ်ပါတယ်။

သင် ၀တ်ဆင်နေတဲ့ ဘရာစီယာကို ဘယ်နှစ်ကြိမ်တစ်ခါ လျှော်ပေးသင့် သလဲဆိုတာ

အမျိုးသမီးတွေအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတဲ့ ဘရာစီယာကို ဘယ်နှစ်ရက်တစ်ကြိမ် လျှော်ပေးသင့်သလဲဆိုတာ အရေးကြီးတဲ့ မေးခွန်းတစ်ခုပါ။ တစ်ကိုယ်ရေ သန့်ရှင်းမှုဆိုတာကို ထည့် မတွက်လို့ မရသလို ဘရာစီယာ ကောင်းတစ်ထည်ကို သေချာထိန်းထိန်းသိမ်းသိမ်းလေး ၀တ်နိုင်ဖို့ကလည်း အရေးကြီးနေပြန်ပါတယ်။ ဒီတော့ အဲ့ဒီအချက်လေးနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Kaesong စက်မှုဇုန်သွားမည်

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကြာသပတေးနေ့ကျရင် တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံကြား စစ်မဲ့ဇုန်အဖြစ် သတ်မှတ်ထားတဲ့ နေရာရဲ့ မြောက်ဘက်အနီးမှာရှိတဲ့ စက်မှုဇုန်ကို သွားရောက်လည်ပတ်ဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။

တရုတ်နိုင်ငံဘက်ခြမ်းကို လက်နက်ကြီးကျည်ကျတာဟာ MNDAA ရဲ့ လက်ချက်ပါ

ကိုးကန့်ဒေသကို MNDAA အဖွဲ့ တိုက်ခိုက်လာမှုကြောင့် အစိုးရတပ်များအနေနဲ့ လိုက်လံရှင်းလင်းရင်း တရုတ်နိုင်ငံဘက်ခြမ်းကို လက်နက်ကြီး ကျခဲ့ဖူးပါတယ်။ အဲဒီအကြိမ်မှာတုန်းက အစိုးရတပ်တွေ ပစ် လိုက်တဲ့ကျည်ဆိုပြီး တရုတ်ကိုတောင်းပန်တယ်၊ ပြီးတော့လျော်ကြေးပေးခဲ့ရပါတယ်။ ဒါဟာ အစိုးရတပ် ဘက်က ကိုယ်လုပ်ရင် ကိုယ်ခံရဲတယ်ဆိုတဲ့ သတ္တိကို ပြသလိုက်တာပါ။ ဒါပေမယ့် မေလ ၁၄ ရက်နေ့နဲ့ ၁၅ ရက်နေ့တွေမှာ တရုတ်နိုင်ငံဘက်ခြမ်းကို ကျခဲ့တဲ့လက်နက်ကျည်တွေကတော့ အစိုးရတပ်တွေရဲ့ လက်ချက်မဟုတ်ဘူးလို့ ကာချုပ်ကိုယ်တိုင် တရုတ်သံအမတ်ကြီးကို ရှင်းပြခဲ့တာ တွေ့ရပါတယ်။

တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် ဇွန်လအတွင်း လက်မှတ်ရေးထိုးနိုင်ရန် ကြိုးစားနေဟု ၀န်ကြီးဦးအောင်မင်း ပြောကြား

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) ကို ဇွန်လအတွင်း လက်မှတ်ရေးထိုးနိုင်ရန် ကြိုးစားနေကြောင်း ၀န်ကြီးဦးအောင်မင်းက မေ ၁၈ ရက်တွင် ပြောကြားသည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင်ပြုလုပ်သော နိုင်ငံတော်သမ္မတနှင့်နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် အစိုးရ၏ ပြည် ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း က နိုင်ငံရေးပါတီများအား ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

လှေစီးဒုက္ခသည်များနှင့် ပတ်သက်၍ မြန်မာအစိုးရ ကြေညာချက်ထုတ်

လှေစီးဒုက္ခသည်များနှင့် ပတ်သက်၍ မြန်မာအစိုးရ အနေဖြင့် နိုင်ငံတကာ နည်းတူ စိုးရိမ်ကြောင်း၊ လူမှောင်ခိုကူးမှုနှင့် တရားမ၀င်ရွေ့ပြောင်းမှုများ မိမိရေပိုင်နက်အတွင်း ဖြတ်သန်းမှုမရှိစေရေး၊ ပင်လယ် အတွင်း ဒုက္ခ ရောက် သူများကို တွေ့ရှိပါက ကူညီကယ်ဆယ်နိုင်ရန် မြန်မာ့တပ်မတော် (လေ)နှင့် (ရေ)

တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးညီလာခံ၌ မဟာမိတ် ၃ ဖွဲ့အရေး ဆွေးနွေးမည်

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ လောခီးလာတွင် ကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး ခေါင်းဆောင်များ ထိပ်သီးညီလာခံ၌် အစိုးရတပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွား နေသည့် မဟာမိတ် ၃ ဖွဲ့အရေး ထည့်သွင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နေပြီး ၂၄ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်ပြောင်းလဲနိုင်ကာ ရခိုင်ကမ်းရိုးတန်းဒေသများသို့ ဦးတည်နေ

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နေပြီး ၂၄ နာရီ အတွင်း ပိုမိုအားကောင်းကာ မုန်တိုင်းငယ်အဆင့်သို့ ပြောင်းလဲနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတိပေးချက်ထုတ်ပြန်ထားသည်။

သမ္မတအိုဘားမား တွစ်တာ စသုံးပြီ

အမေရိကန်သမ္မတ ဘားရက်အိုဘားမားဟာ လူမှုကွန်ယက်စာမျက်နှာ တွစ်တာကို ၂၀၁၅ခုနှစ်၊ မေ ၁၉ ရက် မှာ စတင် အသုံးပြုလိုက်ပါပြီ။

အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်လာမည်

ကန်လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး အန်ထော်နီဘလင်ကင်း 
အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီဘလင်ကင်း သည် လာမည့်မေလ ၂၁ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်သည်။

၂၀၁၄ အကယ်ဒမီစာရင်းတွင် ဇာတ်ကား ၁၇ ကား စာရင်းဝင်

၂၀၁၄ အကယ်ဒမီစာ ရင်းဝင် ရုပ်ရှင် ၁၇ ကားရှိပြီး သက်ဆိုင်ရာ ထုတ်လုပ်ရေးတိုက်များမှ လိုအပ်သည့် စာရွက်စာတမ်းများ မေလကုန် နောက်ဆုံးထား၍ တောင်းခံထားကြောင်း မြန်မာ နိုင်ငံရုပ်ရှင်အစည်းအရုံး နာယက ဦးနှင်းမိုးကပြောသည်။

ကချင်ပြည်နယ်ရှိ မဲဆန္ဒနယ်အားလုံးတွင် ရွေးကောက်ပွဲကျင်းပပေးရန် ဒေါက်တာတူးဂျာတောင်းဆို

လာမည့် ၂၀၁၅အထွေ ထွေရွေးကောက်ပွဲတွင်  ကချင် ပြည်နယ်ရှိ မဲဆန္ဒနယ်များအားလုံး၌  ကျင်းပ ပေးရန်  ကချင်ပြည်နယ်ဒီမိုကရေစီ ပါတီဥက္ကဋ္ဌ  ဒေါက်တာတူးဂျာက ပြည်ထောင်စုရွေးကောက်ပွဲ ကော် မရှင် သို့  တင်ပြလိုက်ကြောင်းသတင်းရရှိသည်။

ဒေသခံတိုင်းရင်းသား ၃၀ ဦးအား UWSA အဖွဲ့မှ လူသစ်အဖြစ် အတင်းအကြပ်စုဆောင်း

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းကာမြို့နယ်သို့ မေလ ၁၇ ရက်နေ့တွင် UWSA အဖွဲ့ ရောက်ရှိလာပြီး ကျေးရွာတစ်ရွာလျှင်လူသစ် ၃ ဦးနှုန်းပေးရန် ပြောကြားသွားကြောင်း ယင်းဒေသခံရွာသားများထံမှ သိရ သည်။

ရခိုင်ကမ်းရိုးတန်းတွင် မိုးသက်လေပြင်း တိုက်ခတ်သဖြင့် ငါးဖမ်းလှေတစ်စီး နစ်မြုပ်

မိုးသက်လေပြင်းကျရောက်သဖြင့် ငါးဖမ်းစက်လှေတစ်စီးကို ကမ်းပေါ်သို့ ဆွဲတင်နေကြစဉ် (ဓာတ်ပုံ − ကျော်ဌေးဝင်း)
ရခိုင်ပြည်နယ်မြို့နယ် အချို့တွင် မေလ ၁၉ ရက် ညနေက မိုးသက်လေပြင်းများ ကျရောက်ခဲ့ရာ သံတွဲ မြို့နယ် ကမ်းရိုးတန်း၌ငါးဖမ်းလှေတစ်စီး နစ်မြုပ်သွားကြောင်း သတင်းရရှိသည်။

ဂျပန် မင်းသားကပြောတာ ငါတို့က ရှားပါးပန်ဒါတွေ ဖြစ်ကုန်ပါပြီတဲ့

အသက် ၃၅ နှစ်ပဲ ရှိသေးတဲ့ အပြာကား(Adult Video) တွေ ရိုက်တဲ့ နံမည်ကြီး ဂျပန်မင်းသား “Shimiken” (Ken Shimizu) က မကြာသေးခင်က AFP သတင်းဌာနကို ရင်ဖွင့်ခဲ့တာကတော့“ ငါတို့ဟာ မျိုးတုံးတော့မယ့် မျိုးစိတ်တွေ ဖြစ်နေပြီ”လို့ ဆိုခဲ့တာပဲ ဖြစ်ပါတယ်။

နန့်လင်းပါ ဒုက္ခသည်စခန်းမှ ဒုက္ခသည်များအား KIA အဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီးနေ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်အတွင်း အစိုးရတပ်များနှင့် KIA အဖွဲ့တို့ တိုက်ပွဲများ ပြန် လည်ဖြစ် ပွားလာနေပြီး မန်စီမြို့နယ်ရှိ နန့်လင်းပါကျေးရွာ ဒုက္ခသည်စခန်းတွင် လာရောက်ခိုလှုံ နေသူ များအား KIA အဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းများ ပြုလုပ်နေကြောင်း ယင်းဒေသခံများထံမှ သိရသည်။

ကြက်မှတစ်ဆင့် လူသို့ကူးစက်သော H7N9 တုပ်ကွေးရောဂါကြိုတင် ကာကွယ်ရေး လုပ်ငန်းများတောင်ကြီးမြို့တွင် စတင်

မြန်မာ-တရုတ်နယ်စပ် ယူနန်ပြည်နယ်အပါအဝင် တရုတ်နိုင်ငံနေရာ အချို့တွင် ကြက်မှတစ်ဆင့် လူသို့ ကူးစက်စေသော တုပ်ကွေးရောဂါ(H7N9)များ ဖြစ်ပွားနေသောကြောင့် တရုတ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ရှမ်းပြည်နယ်အတွင်း ရောဂါမဖြစ်ပွားစေရန် တုပ်ကွေးကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ စတင်နေကြောင်း   သတင်းရရှိသည်။

ပြည်တွင်းကားဈေး ကျပ်သုံးသိန်းမှ ငါးသိန်းအထိ ဈေးမြင့်တက်

ကားတင်သွင်းခွင့် မူဝါဒပြောင်းလဲချိန်မှစ၍ ကားများပြားလာရာ ရန်ကုန်မြို့တွင် ယာဉ်ကြောကျပ်တည်း မှုများဖြစ်ပေါ်နေသည်။(ဓာတ်ပုံ - နစ်ကီ)
စလစ်ဈေးမြင့်ပြီး ရှားပါးလာခြင်းနှင့်အတူ ငွေလဲနှုန်းမြင့်လာခြင်း၊ ကားပါကင်ထောက်ခံချက် ပြင်ပဈေးနှုန်း မြင့်တက်လာခြင်းတို့ကြောင့် ပြည်တွင်း ကားဈေးကွက်တွင် ရက်ပိုင်းအတွင်း ဈေးမြင့်တက်နေကြောင်း သတင်းရရှိသည်။

တောင်ကြီးမြို့တွင် လူငယ်တစ်စုက တုတ်ဓားများဖြင့် စတိုးဆိုင်အတွင်းသို့ ၀င်ရောက်ရမ်းကား

တောင်ကြီးမြို့ ရေ အေးကွင်းရပ်ကွက် အရှေ့မြို့ ပတ်လမ်းရှိ လက်ဆောင်ပစ္စည်း အရောင်းဆိုင်တစ်ဆိုင် ကို မေလ ၁၈ ရက် ည ၇ နာရီခန့်တွင်လူငယ်တစ်စုက ဆိုင်ကယ်များဖြင့် ရောက်လာကာ တုတ်၊ ဓားများ ဖြင့် ၀င်ရောက်ရိုက်ခုတ်မှု ဖြစ်ပွား ခဲ့ကြောင်း သတင်းရရှိသည်။

အခွန်တံဆိပ်ခေါင်းမကပ်၍ ဗဟန်းမြို့နယ်ရှိ Lotteria ဆိုင် အရေးယူခံရ

ဂျန်းရှင်းစကွဲ Lotteria ဆိုင်ခွဲတွင်မူ ပြေစာ၌ အခွန်တံဆိပ်ခေါင်း ကပ်ပေးထားသည်ကို မေလ၁၉ရက်က တွေ့ရစဉ်(ဓာတ်ပုံ−နစ်ကီ) 
၂၀၁၅ ပြည်ထောင်စုအ ခွန်အကောက်ဥပဒေအရ စားသောက်ဆိုင်အခွန်တံဆိပ်ခေါင်းမကပ်သည့် ဗဟန်း မြို့နယ်ရှိ Lott−eria ဟမ်ဘာကာနှင့် ကြက်ကြော်ဆိုင်ကို ပထမဦးဆုံးအကြိမ် ဒဏ်ငွေရိုက်ခဲ့ကြောင်း   သတင်းရရှိသည်။

စာရေးဆရာထင်လင်းဦးအမှု ဇွန်လ ၂ရက်တွင် အမိန့်ချမည်

စာရေးဆရာထင်လင်းဦးကို ရုံးထုတ်လာစဉ် (ဓာတ်ပုံ − မျိုးမင်းဦး) 
မုံရွာခရိုင် ချောင်းဦးမြို့နယ် သုံးပန်လှစံပြကျေးရွာတွင် ပြီးခဲ့သည့် ၂၀၁၄ ဒီဇင်ဘာ ၂၃ရက်က ကျင်းပသော ဆရာတော်ဦးဝိစာရ နေ့အထိမ်းအမှတ်စာပေဟော ပြောပွဲ၌ အမျိုးဘာသာသာသနာအား စော်ကားပြောဆို သည်ဟု  စွပ်စွဲခံရသော စာရေးဆရာထင်လင်းဦးကို လာမည့်ဇွန်လ ၂ရက် တွင် ချောင်းဦးမြို့နယ် တရားရုံးက အမိန့်ချမည်ဖြစ်ကြောင်း သတင်းရရှိသည်။

လက်နက်ကိုင်ဆောင်မှုစစ်ဆေးရာမှ ဆိုင်ကယ်ခိုးမှုများ ပေါ်ပေါက်

နေပြည်တော်တွင်တရားမ၀င်လက်နက်ကိုင်ဆောင်မှုအတွက် လူငယ်သုံးဦးကို စစ်ဆေးမေးမြန်းရာမှ ဆိုင်ကယ်ခိုးယူမှုများ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း နေပြည်တော်ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

စတုတ္ထနှင့်အဋ္ဌမတန်းဘာသာစုံကျရှုံးသူများ ကုစားပြန်ဖြေသော်လည်း အောင်မြင်နိုင်ခြေနည်းပါး

အခြေခံပညာအောင်စာရင်း ထုတ်ပြန်ခဲ့စဉ်က ကြည့်ရှုနေသူများ (ဓာတ်ပုံ − နစ်ကီ) 
စတုတ္ထတန်းနှင့်အဋ္ဌမ တန်းအစိုးရစစ် ကုစားစာမေးပွဲ တွင်ကျရှုံးဘာသာရပ်အနည်းငယ်ကို ပြန်လည်ဖြေဆို ရသူများအောင် မြင်နိုင်မှုများပြီး ဘာသာစုံပြန်လည်ဖြေဆိုရသူများမှာ အောင်နိုင်ခြေနည်းပါးနိုင်ကြောင်း အခြေ ခံပညာဦးစီးဌာနမှ သတင်းရရှိသည်။

အကြွေးလာတောင်းသည့် လူ ၁၅ ဦးခန့် ရပ်ကွက်အတွင်း ဓားဖြင့် ၀င်ရမ်းသည့်ကိစ္စ သက်ဆိုင်ရာရဲစခန်း မသိရှိခဲ့ဟုဆို

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် အုန်းပင်စုအပိုင်တွင် မေလ ၁၅ ရက် ညနေက မြို့ခံသူဌေး တစ်ဦးထံ အကြွေးတောင်းရန် လူ၁၅ ဦးခန့်က ဓားများဖြင့် ရပ်ကွက်တွင်း ၀င်ရောက်ရမ်းကားခဲ့ပြီး ယင်း ဖြစ်စဉ်နှင့် ပတ်သက်၍ တွံတေး ရဲစခန်းက မသိရှိခဲ့ကြောင်း တာဝန်ကျရဲ အရာရှိက ပြောသည်။

တိုင်းရင်းသားများကြား စိတ်ဝမ်းမကွဲစေရန် တီးတိန်စာပေဖြင့် သတင်းစာထုတ်ဝေခွင့်မပြုဟု ဆို

တိုင်းရင်းသားမျိုးနွယ်စုများကြား စိတ်ဝမ်းကွဲမှု ဖြစ်ပေါ်လာနိုင်သဖြင့် ချင်းပြည်နယ်အတွင်း၌ တီးတိန် မျိုးနွယ်စု Zolai စာပေဖြင့် သတင်းစာထုတ်ဝေခွင့်မပြုကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးပိုက်ထွေးက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် ပူတာအိုမြို့တွင် လူထုဟောပြောပွဲပြုလုပ်မည်

ဓာတ်ပုံ −နစ်ကီ
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်း စုကြည်သည် ကချင်ပြည်နယ် ပူ တာအိုမြို့သို့ မေလ ၂၃ ရက်တွင် သွားရောက်ကာ လူထုဟောပြော ပွဲပြုလုပ်မည်ဖြစ်ကြောင်းသတင်း ရရှိသည်။