Monday 21 January 2013

ကချင်ပြည်နယ်အစိုးရကစေလွှတ်သောကုန်ကားများလမ်းခုလတ်တွင် ခရီးဆက်မရဖြစ်နေ

Photo: ကချင်ပြည်နယ်အစိုးရကစေလွှတ်သောကုန်ကားများလမ်းခုလတ်တွင် ခရီးဆက်မရဖြစ်နေ
Monday, 21 January 2013 

ဆန်ဈေးနှုန်းများ ပြန်လည်ကျဆင်းခဲ့သော်လည်းအခြေခံစားသောက် ကုန်ပစ္စည်းများအဆမတန်မြင့်တက်နေသောကြောင့် ဈေးနှုန်းများကျဆင်းစေရေးအတွက် ကချင် ပြည်နယ်အစိုးရအဖွဲ့ကစေလွှတ်သောကုန်ကားစီးရေ ၆ဝ ခန့်မှာလမ်းခုလတ်တွင် ခရီးဆက်မရဖြစ်နေကြောင်းပူတာအိုခရိုင်
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလီပေါ်ရက်ကပြောသည်။

''မနှစ်ကအခြေခံစားသောက်ကုန်တွေ ပို့ထားတာ ပြတ်လပ်သွားလို့ အခုလိုဈေးတွေ တက်ကုန်တာပါ။ ဒီနှစ်ကားလမ်းကအဆင်မပြေဘူး
ဖြစ်နေတယ်။ ကားလမ်းမှာတံတားတွေယာယီပြင်ပြီး ပြည်နယ်အစိုးရ
ကဈေးနှုန်းတွေကျဖို့၊ လွှတ်ထားတဲ့ ကုန်ကားတွေစီးရေ ၆ဝ၊ ၇ဝ လောက် လမ်းခုလတ်မှာခရီးဆက်မရဖြစ် နေပါတယ်။ တပ်ကလုံခြုံရေးအပြည့်အဝ
ပေးနိုင်မှ ဟိုကိုရောက်မှာပါ''ဟု ၄င်းကပြောသည်။

ယင်းသို့ ခရီးဆက်မရဖြစ်နေရခြင်းမှာKIAလက်နက်ကိုင်အဖွဲ့မှ ပိတ်ဆို့ထားခြင်းကြောင့် မဟုတ်ဘဲနယ်မြေဖြတ်သန်းသွားလာရန် လမ်းတံတားများပျက်စီးနေခြင်းကြောင့်ဖြစ်ကြောင်းသိရသည်။

လက်ရှိပူတာအိုခရိုင်တွင် အခြေခံစားသောက် ကုန်ပစ္စည်းများမှာ
ယခင်ထက်နှစ်ဆနီးပါးဈေးကြီးပေးဝယ်နေရကြောင်း၊ လေကြောင်း
ပို့ဆောင်ရေးဖြင့် သယ်ယူလျှင်လည်းကုန်ပစ္စည်းအများအပြားမသယ်နိုင် သလိုကုန်တန်ဆာခဈေးနှုန်းမှာလည်း မြင့်မား၍ တင်သွင်းသူမရှိကြောင်း
သိရသည်။

ပူတာအိုခရိုင်တွင် လူဦးရေ ၁ သိန်း ၂ သောင်းကျော် နေထိုင်ကြပြီး 
၂ဝ၁၂ ခုနှစ်အတွင်းဆန်ဈေးနှုန်းများကြီးမြင့်ခဲ့ရာဆန်နို့ဆီဘူး ၂၂ ဘူးလျှင်
ငွေကျပ် တစ်သောင်းခွဲအထိ မြင့်တက်ခဲ့သည်။

ထိုကဲ့သို့ ဈေးနှုန်းများ မြင့်တက်ရခြင်းသည် ဒေသတွင်းတိုက်ပွဲများ
ဖြစ်ပွားခြင်းနှင့် မိုင်းခွဲဖျက်ဆီးခံရခြင်းကြောင့် လမ်းတံတားများပျက်စီးကာ
သွားလာရေးခက်ခဲခြင်း၊ ဝေးလံခေါင်းသီခြင်းတို့ကြောင့်၊ ကုန်ပစ္စည်းများ
ရှားပါးပြတ်လတ်ကာဈေးနှုန်းမြင့်တက်ရခြင်းဖြစ်သည်။

Messenger News Journal
ဆန်ဈေးနှုန်းများ ပြန်လည်ကျဆင်းခဲ့သော်လည်းအခြေခံစားသောက် ကုန်ပစ္စည်းများအဆမတန်မြင့် တက်နေသောကြောင့် ဈေးနှုန်း များကျ ဆင်းစေရေးအတွက် ကချင် ပြည်နယ်အစိုးရ အဖွဲ့ကစေလွှတ်သော ကုန်ကား စီးရေ ၆ဝ ခန့်မှာလမ်းခုလတ်တွင် ခရီးဆက်မ ရဖြစ်နေကြောင်း ပူတာအို ခရိုင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလီပေါ်ရက်ကပြောသည်။

မြန်မာနိုင်ငံ ဖုန်းလောကသို့ Samsung မှ CDMA 800mhz ဟန်းဆက်အသစ်ကို စတင်ထိုးဖောက်

Photo: မြန်မာနိုင်ငံ ဖုန်းလောကသို့ Samsung မှ CDMA 800mhz ဟန်းဆက်အသစ်ကို စတင်ထိုးဖောက်
Monday, January 21, 2013

Samsung ကုမ္ပဏီမှ မြန်မာနိုင်ငံသို့ လက်ကိုင်ဖုန်း ဟန်းဆက်
များကို တင်သွင်းလျက်ရှိရာ ယခင်က GSMမိုဘိုင်းဟန်းဆက်များ
ကိုသာ တင် သွင်းခဲ့ပြီး ယခုအခါတွင် CDMA800mhz ဖုန်းဟန်း
ဆက်များကို တရားဝင်တင်သွင်းကာ ဈေးကွက်ကို စတင် ထိုးဖောက်လာပြီဖြစ်ကြောင်း သိရသည်။

“အရင်က GSM တွေပဲ သွင်းခဲ့တယ်။ အခု CDMA ဈေးကွက်ကို ထိုးဖောက်တဲ့အနေနဲ့ CDMA 800mhz အတွက် ဟန်းဆက်ကို
စတင်ပြီး သွင်းတာပါ။ ဒီဖုန်းကို မြန်မာနိုင်ငံက CDMA network နဲ့ကိုက်ညီအောင် လုပ်ထားပေးတဲ့အတွက် သုံးစွဲသူတွေအနေနဲ့ အဆင်ပြေပြီး ကြိုက်နှစ်သက်မှာပါ။ ပြီးတော့ internet သုံးရင် တခြားဖုန်းတွေဆို Network Setting ပြောင်းနေရတယ်။ ဒီဖုန်းကို
Network Setting ပြောင်းစရာမလိုပဲ အသုံးပြုနိုင်အောင်
ပြုလုပ်ပေးထားတယ်။” ဟု Samsung မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

Samusung မှ ယခုတရားဝင်တင်သွင်းလာသော Galaxy
Amazing မှာ Touch Screen အမျိုးအစားဖြစ်ပြီး ဖုန်းမျက်နှာ
ပြင်မှာ 3.5လက်မ ကျယ်ဝန်းသည်။ internal memory 3GB
ပါဝင်ပြီး Micro SD ဖြင့် 32GB အထိတိုးမြှင့်အသုံးပြုနိုင်သည်။ ဖုန်းကင်မရာတစ်လုံးပါဝင်ပြီး 3MP အမျိုးအစားဖြစ်သည်။

Android OS, v2.3 (Gingerbread) အမျိုးအစား Android ကို ထည့်သွင်းအသုံးပြုထားသည်။ Bluetooth ပါဝင်ပြီး အရောင်မှာ
အဖြူနှင့် အမည်းနှစ်မျိုး ထုတ်လုပ်ထားသည်။ Samsung brand ဖုန်းဟန်းဆက်ကိုကြိုက်နှစ်သက်သူများအတွက် CDMA 800mhz အမျိုးအစား အတွက် ယခုထုတ်လုပ်ဖြန့်ချီလိုက်သော Samsung
Galaxy Amazing တန်ဖိုးမှာ ငွေကျပ် ၁သိန်း၅သောင်းကျပ်
ဖြစ်ကြောင်း၊ ၀ယ်ယူ သူများအတွက် 2GB MicroSD ကတ်ကို လက်ဆောင်အဖြစ် ထည့်သွင်းပေးမည်ဖြစ်ပြီး အာမခံ ၁ နှစ်
ပေးထားကြောင်း သိရသည်။

ဆုဝေ
The Myanma Age
Samsung ကုမ္ပဏီမှ မြန်မာနိုင်ငံသို့ လက်ကိုင်ဖုန်း ဟန်းဆက်များကို တင်သွင်း လျက်ရှိရာ ယခင်က GSMမိုဘိုင်းဟန်းဆက်များကိုသာ တင်သွင်းခဲ့ပြီး ယခုအခါ တွင် CDMA800mhz ဖုန်းဟန်းဆက်များကို တရားဝင်တင်သွင်းကာ ဈေးကွက်ကို စတင် ထိုးဖောက်လာပြီဖြစ်ကြောင်း သိရသည်။
“အရင်က GSM တွေပဲ သွင်းခဲ့တယ်။ အခု CDMA ဈေးကွက်ကို ထိုးဖောက်တဲ့ အနေနဲ့ CDMA 800mhz အတွက် ဟန်းဆက်ကိုစတင်ပြီး သွင်းတာပါ။ ဒီဖုန်း

ဖိလစ်ပိုင် နိုင်ငံ တောင်ပိုင်း၌ မိုးရွာသွန်း မှုကြောင့် ရေလွှမ်းမိုး မှုများ ဖြစ်ပွားခဲ့ပြီး ပြည်သူ ၁,ဝဝဝ ကျော်ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်

ဖိလစ်ပိုင် နိုင်ငံ တောင်ပိုင်း၌ မိုးရွာသွန်း မှုကြောင့် ရေလွှမ်းမိုး မှုများ ဖြစ်ပွားခဲ့ပြီး ပြည်သူ ၁,ဝဝဝ ကျော်ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်

ဖိလစ်ပိုင် နိုင်ငံ တောင်ပိုင်း၌ မိုးရွာသွန်း မှုကြောင့် ရေလွှမ်းမိုး မှုများ ဖြစ်ပွားခဲ့ပြီး ပြည်သူ ၁,ဝဝဝ ကျော်ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း အာဏာပိုင် များမှ ပြောကြား ခဲ့ပါသည်။

ဖိလစ်ပိုင် Davao del Norte ခရိုင်၌ ဇန်နဝါရီလ ၁၈ ရက်နေ့မှ စ၍ ဖြစ်ပွားခဲ့သော မိုးရွာသွန်းမှု များကြောင့် မြစ်ချောင်းများ၌ ရေကြီးမှုများ ဖြစ်ပွားခဲ့ပြီး ကျေးရွာများနှင့် မြို့များ၌ ရေလွှမ်းမိုး မှုများ ဖြစ်ပေါ် ခဲ့မှုကြောင့် ပြည်သူ ၈ဝဝ ကျော်ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း ခရိုင် သဘာဝဘေး အန္တရာယ် ကယ်ဆယ်ရေး အရာရှိ Davao del Norte က ပြောကြား ခဲ့ပါ သည်။ အလားတူပင် Compostela Valley ခရိုင် ၌လည်း ရေလွှမ်းမိုး မှုများ ဖြစ်ပေါ်ခဲ့ပြီး အိမ်ထောင်စု ၁၇၈ စု၊ သို့မဟုတ် ပြည်သူ ၈၉ဝ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ ရကြောင်း ခရိုင် သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေး အရာရှိ Raul Villocino က ဆင်ဟွာ သတင်း ဌာနသို့ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

http://www.myawady.net.mm/allnews/global/item/4929-2013-01-21-14-58-48#.UP1K8Z28B8E

ဖိလစ်ပိုင် နိုင်ငံ တောင်ပိုင်း၌မိုးရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှုများ ဖြစ် ပွားခဲ့ပြီး ပြည်သူ ၁,ဝဝဝ ကျော်ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း အာဏာ ပိုင်များမှ ပြောကြားခဲ့ပါသည်။
ဖိလစ်ပိုင် Davao del Norte ခရိုင်၌ ဇန်နဝါရီလ ၁၈ ရက်နေ့မှ

လန်ဒန် ဟိဿရိုးလေဆိပ်တွင် ရာသီဥတုကြောင့် ခရီးစဉ်များ ဖျက်သိမ်းရ

Photo: လန်ဒန် ဟိဿရိုးလေဆိပ်တွင် ရာသီဥတုကြောင့် ခရီးစဉ်များ 
ဖျက်သိမ်းရ
Monday, January 21, 2013

ဗြိတိန်နိုင်ငံ လန်ဒန်ရှိ ဟိဿရိုး လေဆိပ်တွင် ရာသီဥတု အခြေအနေကြောင့် တနင်္လာနေ့က လေယာဉ်ခရီးစဉ် (၁၀)ရာခိုင်နှုန်းမျှကို ဖျက်သိမ်းခဲ့ရကြောင်း သိရှိရသည်။ ကမ္ဘာပေါ်တွင် နေ့စဉ် ခရီးသည် အဝင်အထွက် အများပြားဆုံး စာရင်းဝင် နိုင်ငံတကာ လေဆိပ်သည် တနင်္ဂနွေနေ့ကလည်း ခရီးစဉ် စုစုပေါင်း၏ (၂၀)ရာခိုင်နှုန်းကို ရွှေ့ဆိုင်းခဲ့ရသေးသည်။

အဓိကအားဖြင့် ဗြိတိန်နိုင်ငံ တစ်ဝှမ်းလုံး ဆီးနှင်းများ ထူထပ်များပြားစွာ ကျရောက်နေခြင်းကြောင့် ယခုလို ခရီးစဉ်များ ဖျက်သိမ်းနေရခြင်း ဖြစ်သည်။
လေ့လာသူများက ရာသီဥတု ဆက်လက် ပြင်းထန်နေနိုင်သည့် အခြေအနေကြောင့် အလားတူ အခြေအနေမျိုး လာမည့် နေ့ရက်များတွင် ဆက်လက် ပေါ်ပေါက်နေနိုင်ဆဲဟု မှတ်ချက်ပြုထားသည်။

ဟိဿရိုးသည် ဥရောပတွင် အလုပ်အရှုပ်ဆုံး၊ ခရီးသည် အဝင်အထွက် အများဆုံး လေဆိပ်လည်း ဖြစ်သည်။ တနင်္လာနေ့တွင်မူ ခရီးစဉ် စုစုပေါင်း (၁၃၀)မျှကို ဖျက်သိမ်းခဲ့ရသည်။ ယင်းတို့အနက် အများဆုံးသည် ဗြိတိသျှ လေကြောင်းလိုင်းများ ဖြစ်ကြသည်။

Planet Myanmar Network

ဗြိတိန်နိုင်ငံ လန်ဒန်ရှိ ဟိဿရိုး လေဆိပ်တွင် ရာသီဥတု အခြေ အနေကြောင့် တနင်္လာနေ့က လေယာဉ်ခရီးစဉ် (၁၀)ရာခိုင်နှုန်းမျှကို ဖျက်သိမ်းခဲ့ရကြောင်း သိရှိရသည်။ ကမ္ဘာပေါ်တွင် နေ့စဉ် ခရီးသည် အဝင်အထွက် အများပြားဆုံး စာရင်းဝင် နိုင်ငံတကာ လေဆိပ်သည် တနင်္ဂနွေနေ့ကလည်း ခရီးစဉ် စုစုပေါင်း၏ (၂၀) ရာခိုင်နှုန်း ကို ရွှေ့ ဆိုင်းခဲ့ရသေးသည်။

ကံစမ်းမဲပေါက်သည်ဟုဆိုကာ ဘဏ်သို့ငွေလွှဲခိုင်းသည့် ငွေကြေးလိမ်လည်မှုများလာ

Photo: ကံစမ်းမဲပေါက်သည်ဟုဆိုကာ ဘဏ်သို့ငွေလွှဲခိုင်းသည့်
ငွေကြေးလိမ်လည်မှုများလာ
Monday, January 21, 2013

နေပြည်တော်ဇေယျသီရိမြို့နယ်ရှိ စည်ပင်ကြီးကျေးရွာတွင်နေထိုင်သူ
ဒေါ်တိုးတိုးလှိုင်အား ကံစမ်းမဲ သိန်းဆုပေါက်သည်ဟု ဆိုကာ အလှူငွေထည့်ရန်အတွက် ဘဏ်သို့ ကျပ် (၁၁) သိန်းခွဲအား လွှဲပို့ခိုင်း ပြီး လိမ်လည်မှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ ဒေါ်တိုးတိုးလှိုင်အား ဇန်န၀ါရီလ (၁၆) ရက်နေ့ နံနက် ၁၀ နာရီတွင် ကြေးနန်းရုံးမှဟု နာမည်အလွဲသုံးကာ သိန်း (၂၂၅၀) ဆုပေါက်သည့်အတွက်  အလှူငွေထည့်ရန် ရန်ကုန်ရှိ ရိုးမဘဏ် သို့ငွေလွှဲခိုင်းပြီး လိမ်လည်သွားခြင်းဖြစ်သည်။

“ကျွန်မကို (၁၆) ရက်နေ့က ရန်ကုန်ကြေးနန်းရုံးကဆိုပြီး ဖုန်းဆက်တယ်။ ဖုန်းနံပါတ် ၄၉ အတွဲတွေကိုကံစမ်းမဲ ဖောက်တယ်။ ကျွန်မတို့ကိုကံစမ်းမဲ
ထဲက သိန်း ၂၂၅၀ ကံစမ်းမဲပေါက်တယ်လို့ ပြောတယ်။ ကျွန်မတို့ကို
အလှူငွေ ထည့်ရမယ်လို့ပြောတယ်။ ကျွန်မတို့ကလည်း အဲပေါက်တဲ့ငွေ
ထဲကထည့်လို့ရမလားပြောတော့ သတ်သတ်လွှဲပေးရမယ်လို့ပြောတယ်။” 
ဟု လိမ်လည်ခြင်းခံရသူ ဒေါ်တိုးတိုးလှိုင်က ပြောသည်။

ငွေကြေး အလိမ်ခံရသည့် သူမသည် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဈေးရှိ ရိုးမဘဏ်သို့ ငွေ (၇) သိန်းအား လွှဲပို့ခဲ့ခြင်းဖြစ်သည်။ သို့သော် ကာယကံရှင်
မှာ ငွေလွှဲပေးပြီးနောက်မှ ကံစမ်းမဲငွေ မရရှိမှ အလိမ်ခံရမှန် သိကြောင်း ဆိုသည်။

“ကျွန်မကိုလွှဲရမယ့်သူရဲ့နံမည်က ဦးဝင်းသန်းထဋ်၊ မှတ်ပုံတင်နံပါတ်က ၁၄/မအပ(နိုင်)၂၇၁၃၅၉ ကို လွှဲပေးလိုက်တယ်။ ကျွန်မတို့ကလဲရှိတဲ့ ဟာလေး (၇)သိန်းခွဲလွှဲပေး လိုက်တယ်။ ကျန်တဲ့ဟာကို သူစိုက်ပေး
ထားမယ်လို့ပြောတယ်။ ကျွန်မကလည်းတကယ်ထင်ပြီးတော့
လွှဲပေး လိုက်တယ်။”ဟု ဒေါ်တိုးတိုးလှိုင်မှပြောသည်။

၎င်းငွေလိမ်လည်ခြင်းအား ရေဆင်း ရဲစခန်းသို့အကြောင်းကြား
ထားပြီး နောက်ထပ်ပိုက်ဆံ ကုန်မည်စိုးသည့်အတွက် အမှုဖွင့်ဆောင်ရွက်ထားခြင်း မရှိကြောင်း၎င်းက ဆိုသည်။

အထက်ပါလိမ်လည်မှုမျိုးအတွက် တရားရုံးတင်အမှုဖွင့်မည်ဆိုပါက 
ပုဒ်မ (၄၁၇)နှင့်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရဲဋ္ဌာနမှတာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ ဒါမျိုးကိစ္စကို တရားရုံးတင်ပြီး အမှုဖွင့်မယ်ဆိုရင် ပုဒ်မ (၄၁၇) လိမ်လည်မှုနဲ့ ဖွင့်မှာပါ။ ကျွန်တော်တို့ဆီမှာ အရင်တုန်းကလည်း ဒီလိုမျိုး အမှုမဖြစ်ဖူးဘူး။” ဟု ရေဆင်း ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ပြီးခဲ့သည့်နှစ်အတွင်းကလည်း မိမိကိုယ်ကို ဗိုလ်မှူးအဆင့်ရှိ အရာရှိ
တစ်ဦးက ကံစမ်းမဲ ပေါက်သည့် အတွက် စာရွက်စာတမ်းကြေး
ပေးသွင်းရန် ကျပ်(၅)သိန်းတောင်းကာ ၄င်း၏ ဘဏ်အကောင့်ထဲသို့
ငွေသွင်းခိုင်းသည့် လိမ်လည်မှုမျိုး ဖြစ်ပွားခဲ့ဘူးကြောင်းကိုလည်း အင်တာနက် ဖေ့ဘွတ် စာမျက်နှာ များကတဆင့် သိရှိရသည်။

ထက်အောင်ခန့် (မြစ်မခ)
Myit Makha Mediagroup
နေပြည်တော်ဇေယျသီရိမြို့နယ်ရှိ စည်ပင်ကြီးကျေးရွာတွင်နေထိုင် သူ  ဒေါ်တိုးတိုးလှိုင်အား ကံစမ်းမဲသိန်းဆုပေါက်သည်ဟုဆိုကာ အလှူငွေထည့်ရန်အတွက် ဘဏ်သို့ကျပ် (၁၁) သိန်းခွဲအား လွှဲပို့ ခိုင်းပြီး လိမ်လည်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အမေရိကန် နယူးမက္ကစီကိုပြည်နယ်တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွား Monday, January 21, 2013

အမေရိကန် နယူးမက္ကစီကိုပြည်နယ်တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွား
Monday, January 21, 2013

အမေရိကန်ပြည်ထောင်စု နယူးမက္ကစီကိုပြည်နယ်တွင် အသက် ၁၅ နှစ်အရွယ် ယောက်ျားလေးတစ်ဦးက လူကြီး ၂ ဦးနှင့် ကလေး
၃ ဦးအား သေနတ်ဖြင့် ပစ်သတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အမျိုးသားတစ်ဦး၊ အမျိုးသမီး ၂ ဦး၊ မိန်းကလေးငယ် ၂ ဦးနှင့်
ယောက်ျားလေး ၁ ဦးတို့အား စနေနေ့ညပိုင်းက နယူးမက္ကစီကိုပြည်နယ် Albuquerque မြို့ရှိ နေအိမ်တစ်အိမ်တွင် သေနတ် ဒဏ်ရာများဖြင့်
သေဆုံးနေသည်ကို တွေ့ခဲ့ရသည်။

သေဆုံးသူအားလုံးမှာ သေနတ်ဖြင့် အချက်ပေါင်း အများအပြား ပစ်ခတ်ခံထားရသည်။ ပစ်ခတ်မှုဖြစ်ပွားရာ နေရာတွင် ချေမှုန်းရေးရိုင်ဖယ် အပါအဝင် လက်နက်အများအပြားကိုလည်း တွေ့ရှိရကြောင်း ရဲတပ်ဖွဲ့က
ပြောကြားသည်။ ပစ်ခတ်မှု ကျူးလွန်ခဲ့သည့် ဆယ်ကျော်သက်အရွယ်
ယောက်ျားလေးကို ဖမ်းဆီးရမိခဲ့ပြီဖြစ်ပြီး ၎င်းအား လူသတ်မှုများဖြင့် စွဲချက်တင်ထားကြောင်း RT News တွင် ဖော်ပြသည်။

Planet Myanmar Network
(Photo: Brittany Randolph) 
A child at an unrelated gun show. 
morallowground.com အမေရိကန်ပြည်ထောင်စု နယူးမက္ကစီကိုပြည်နယ်တွင် အသက် ၁၅ နှစ် အရွယ် ယောက်ျားလေးတစ်ဦးက လူကြီး ၂ ဦးနှင့် ကလေး၃ ဦး အား သေနတ်ဖြင့် ပစ်သတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကိုရီးယားခရီးစဉ်တွင် တောင်ကိုရီးယား၏ ပထမဆုံးအမျိုးသမီးသမ္မတ ပက်ဂျွန်ဟေးနှင့် တွေ့မည်

ဒေါ်အောင်ဆန်းစုကြည်၏ ကိုရီးယားခရီးစဉ်တွင် တောင်ကိုရီးယား၏ ပထမဆုံးအမျိုးသမီးသမ္မတ ပက်ဂျွန်ဟေးနှင့် တွေ့မည်
Monday, January 21, 2013

မကြာမီက တောင်ကိုရီးယားသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရသော ပထမဆုံးအမျိုးသမီးသမ္မတ ပက်ဂျွန်ဟေးသည် လာမည့်အပတ်တွင်း၌ ဆိုးလ်မြို့တော်တွင် မြန်မာနိုင်ငံအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်း
စုကြည်နှင့်တွေ့ဆုံမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဇန်န၀ါရီ ၂၈ တွင် စတင်မည့် ကိုရီးယားသို့ ငါးရက်ကြာ အလည်အပတ် ခရီးစဉ်အတွင်း ပက်ဂျွန်ဟေးနှင့် တွေ့ဆုံရန် ရှိနေခြင်းဖြစ်သည်။ ပက်ဂျွန်ဟေးသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဇန်န၀ါရီ၂၉ရက်တွင် တွေ့ဆုံဖွယ်ရှိကြောင်း တောင်ကိုရီးယားအရာရှိ
တစ်ဦးကို ကိုးကား၍ယွန်ဟပ်သတင်းကဖော်ပြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် တောင်ကိုရီးယားတွင် ပြုံချန်းမြို့၌ ကျင်းပမည့် ဆောင်းရာသီအထူးအိုလံပစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မည်ဖြစ်ကာ ဆိုးလ်အမျိုးသားတက္ကသိုလ်မှ ချီးမြှင့်သော ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ကိုလည်း ဖေဖော်ဝါရီ ၁ ရက်တွင် လက်ခံရယူ
သွားမည်ဖြစ်သည်။

Ref: Yonhap
7Day News Journal
မကြာမီက တောင်ကိုရီးယားသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရသော ပထမဆုံးအမျိုးသမီးသမ္မတ ပက်ဂျွန်ဟေးသည် လာမည့်အပတ်တွင်း၌ ဆိုးလ် မြို့တော်တွင် မြန်မာနိုင်ငံအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့်တွေ့ဆုံမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြေမြှုပ်မိုင်းကြောင့် မသန်စွမ်းဖြစ်ခဲ့သူများ စားဝတ်နေရေး ခက်ခဲလျက်ရှိ

Photo: မြေမြှုပ်မိုင်းကြောင့် မသန်စွမ်းဖြစ်ခဲ့သူများ စားဝတ်နေရေး ခက်ခဲလျက်ရှိ
Monday, January 21, 2013

ပဲခူးတိုင်းအတွင်း ပြည်တွင်းစစ်လက်ကျန် မြေမြှုပ်မိုင်းများကြောင့်
ကိုယ်ခန္ဓာ မသန်စွမ်းဖြစ်ခဲ့သူများအနေဖြင့် စားဝတ်နေရေးအတွက်
အလုပ်အကိုင် ရရှိစေရန် လိုအပ်နေကြောင်း ကျောက်ကြီး မြို့နယ်တွင်း
ရှိ မသန်စွမ်းများအား အကူအညီပေးနေသူ တစ်ဦးက မြန်မာ့ခေတ်သို့
ပြောကြားသည်။

အဆိုပါ မြေမြှုပ်မိုင်းများကြောင့် ကျောက်ကြီးမြို့နယ်တွင်း ၁၉၈၁ ခုနှစ်မှ ၂၀၁၀ ခုနှစ်ထိ အသက်ရှင်ကျန်ရစ်ပြီး မသန်မစွမ်းဖြစ်လျက်ရှိသူဦးရေ ၆၀၀ ဝန်းကျင်ခန့်ရှိကြောင်းနှင့် မသန်စွမ်းများအနေဖြင့် ခန္ဓာကိုယ်ချို့ယွင်းမှု၊ စီးပွားရေးကျပ်တည်းမှုတို့ ကြောင့် အခြေခံလူတန်းစား ဘဝမှ တိုးတက်လာခြင်း မရှိကြောင်း သိရသည်။

မြေမြှုပ်မိုင်းများကြောင့် မသန်စွမ်းဘဝ ရောက်ရှိသူများနှင့် ပက်သက်၍
ကျောက်ကြီးမြို့သို့ ရောက်ရှိခဲ့သော ဒေါ်အောင်ဆန်းစုကြည်က "မြှေမုပ်မိုင်းကြောင့် မိမိတို့ ဘဝတွေ အင်မတန်မှ ခက်ခဲနေရတဲ့ ပြည်သူ
တွေအတွက် ဘယ်လိုကျွန်မတို့က ကူညီနိုင်မလဲဆိုတာကို လေ့လာတဲ့
သဘောနဲ့လာခဲ့တာပါ" ဟု ပြောကြားသည်။

၎င်းးက "ဒီလိုကူညီဖို့အတွက် အဖွဲ့တွေလဲအများကြီးရှိပါတယ်။ ရံပုံငွေ လှူဒါန်းထားတဲ့ နိုင်ငံတွေလည်း အများကြီးရှိပါတယ်။ လှူဒါန်းသမျှဟာ ထိရောက်ရဲ့လား။ ကူညီမှုတွေဟာ လုံလောက်ရဲ့လား။ ကျွန်မတို့
စောင့်ကြည့်ပေးဖို့လိုပါတယ်"ဟု ထပ်မံပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်မှ အဆိုပါ ဒေသများသို့ လာရောက်ခြင်းနှင့် ပက်သက်၍ အသက် ၄၄ နှစ်အရွယ်ရှိပြီ ဖြစ်သော ကိုမြင့်တင်က "အသက် ၁၆ နှစ်အရွယ်မှာ တောထဲ ပိုက်ပစ်ရင်းနဲ့ မိုင်းမှန်ခဲ့တယ်။ အစိုးရဘက်ကကောဘယ်သူဆီကမှ ဘာအကူအညီမှ မရဘူး။ အမေစု လာတဲ့အတွက် အလုပ်အကိုင်တွေ ရဖို့မျှော်လင့်တယ်။ ကျွန်တော်တို့ မသန်စွမ်းတွေကြောင့်မိသားစု စားဝတ်နေရေး ကျပ်တည်းတယ်လေ" ဟု ၎င်း၏မျှော်လင့်ချက်အား ပြောကြားသည်။

အဆိုပါ မိုင်းများကြောင့် မသန်စွမ်းဖြစ်နေသူများတွင် ချို့တဲ့ဆင်းရဲသော
အရပ်သားများ အများအပြားရှိပြီး တပ်မတော်သားများလည်း ရှိကြောင်း
သိရသည်။

"ကျွန်တော်တို့ဆီမှာ ညီအစ်ကို လေးယောက်ရှိတယ်။ အမေအပါအဝင်
ဆို ၅ ယောက်ကျွန်တော် မိုင်းထိတော့ လက်မောင်းတစ်ဖက်ပြုတ်သွား
သလိုပဲ၊ အိမ်ကစီးပွားရေး ကျပ်တည်းသွားတယ်" ဟု ၂၀၁၀ ခုနှစ်တွင်
မြေမြှုပ်မိုင်းကြောင့် ခြေထောက်တစ်ချောင်းဖြတ်လိုက်ရသူ အသက်
၁၈ နှစ်အရွယ်ဖြူလေးက ပြောကြားသည်။

ထို့အပြင် ၎င်းးတို့ မသန်စွမ်းများအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်
လာရောက်ခြင်းအပေါ် ၎င်းတို့၏ အလုပ်အကိုင်အခွင့်အရေးများအပြင်
ထောက်ပံ့ကြေးများပါ ရရှိနိုင်ဖွယ်ရှိသည်ဟု ကြားသိထားကြောင်း
ပြောကြားသည်။

ပဲခူးတိုင်းနှင့် ကရင်ပြည်နယ် နယ်စပ်အတွင်း ပြည်တွင်းစစ်များ ပြင်းထန်စွာ
ဖြစ်ပွားခဲ့သည့် အချိန်များတွင် စစ်ကြောင်းများအား တိုက်ခိုက်ရန်အတွက်
ထောင်ထားခဲ့သော မြေမြှုပ်မိုင်းများသည် ယနေ့ အချိန်ထိ ကောင်းမွန်စွာ
ရှင်းလင်းနိုင်ခြင်း မရှိသေးကြောင်း ကျောက်ကြီးမြို့နယ်တွင်းတွင်
နေထိုင်သူများ ထံမှသိရသည်။

စူးရှ
ဓါတ်ပုံ - စူးရှ
The Myanma Age
ပဲခူးတိုင်းအတွင်း ပြည်တွင်းစစ်လက်ကျန် မြေမြှုပ်မိုင်းများကြောင့် ကိုယ် ခန္ဓာ မသန်စွမ်းဖြစ်ခဲ့သူများအနေဖြင့် စားဝတ်နေရေးအတွက် အလုပ် အကိုင်ရရှိစေရန် လိုအပ်နေကြောင်း ကျောက်ကြီး မြို့နယ်တွင်းရှိ မသန်စွမ်းများအား အကူအညီပေးနေသူ တစ်ဦးက မြန်မာ့ခေတ် သို့ ပြောကြားသည်။

စစ်ရေး လေ့ကျင့်ခန်းများ ပိုမိုပြုလုပ် သွားရန် တရုတ်စီစဉ်


အမှန်တကယ် တိုက်ခိုက်ရေး ဆောင်ရွက် နေမှုနှင့် သဏ္ဍာန်တူသော စစ်ရေး လေ့ကျင့်ခန်းများ ပိုမိုပြုလုပ် သွားရန် တရုတ်စီစဉ်
Monday, January 21, 2013

အရှေ့တရုတ် ပင်လယ်ရှိ အငြင်းပွား နေသော ကျွန်းစုများအား တိုင်းတာရေး ဆောင်ရွက်သွားရန် စီစဉ်ထား ကြောင်းနှင့် တိုက်ပွဲဝင် အသင့်ရှိ နေစေရန် ၎င်း၏ စစ်ဘက်အား တောင်းဆိုထားကြောင်း တရုတ် နိုင်ငံက ထုတ်ပြန် ကြေညာ ခဲ့ပါသည်။ ရေပိုင်နက် အငြင်းပွားမှုနှင့် ပတ်သက်၍ ဂျပန်နိုင်ငံနှင့် တင်းမာမှုများ မြင့်တက် နေစဉ် အတွင်း တရုတ်နိုင်ငံ၏ အထက်ပါ ကြေညာချက် ထွက်ပေါ်လာ ပါသည်။

တရုတ် နိုင်ငံသည် ၎င်း၏ ကျွန်းစု နယ်မြေများနှင့် ကျောက်တန်း များဆိုင်ရာ မြေပုံ ရေးဆွဲရေး အစီအစဉ်၏ အစိတ်အပိုင်း အဖြစ် အရှေ့တရုတ် ပင်လယ်ရှိ Diaoyu ကျွန်းစုအား တိုင်းတာရေး
ဆောင်ရွက်သွားရန် ရှိကြောင်း တရားဝင် သတင်း ဌာန တစ်ခုက
ထုတ်ပြန်ခဲ့ ပါသည်။ 

တရုတ် နိုင်ငံသည် အမှန်တကယ် တိုက်ခိုက်ရေး ဆောင်ရွက် နေမှုနှင့် သဏ္ဍာန်တူသော စစ်ရေး လေ့ကျင့်ခန်းများ ပိုမိုပြုလုပ် သွားရန် စီစဉ်ထား ကြောင်းနှင့် ဖြစ်ပေါ် လာနိုင်သည့် စစ်ပွဲအတွက် အသင့်ပြင်ဆင် ထားရန် စစ်ဘက် အကြီးအကဲ များနှင့် တပ်ဖွဲ့ဝင် များအား တိုက်တွန်း ပြောကြားထားကြောင်း တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA) ဌာနချုပ်မှ စစ်ဦးစီးချုပ်က ပြောကြား ခဲ့သည်ဟု PLA ၏ နေ့စဉ် သတင်း ထုတ်ပြန်ရေး ဌာနက ရေးသား ဖော်ပြခဲ့ ပါသည်။

မြ၀တီ အရှေ့တရုတ်ပင်လယ်ရှိ အငြင်းပွား နေသော ကျွန်းစုများအား တိုင်း တာရေး ဆောင်ရွက်သွားရန်စီစဉ်ထား ကြောင်းနှင့် တိုက်ပွဲဝင်အသင့် ရှိ နေစေရန် ၎င်း၏စစ်ဘက်အား တောင်းဆိုထားကြောင်း တရုတ် နိုင်ငံ က ထုတ်ပြန် ကြေညာခဲ့ပါသည်။ ရေပိုင်နက် အငြင်းပွားမှုနှင့် ပတ်သက် ၍ ဂျပန်နိုင်ငံနှင့် တင်းမာမှုများ မြင့်တက် နေစဉ်အတွင်း တရုတ်နိုင်ငံ၏ အထက်ပါ ကြေညာချက် ထွက်ပေါ်လာပါ သည်။

မြန်မာ နိုင်ငံသို့ လာအို ပြည်သူ့ ဒီမို ကရက်တစ် သမ္မတ နိုင်ငံ၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ Madam Pany YATHOTOU ချစ်ကြည်ရေး ခရီး လာရောက်မည်

မြန်မာ နိုင်ငံသို့ လာအို ပြည်သူ့ ဒီမို ကရက်တစ် သမ္မတ နိုင်ငံ၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ Madam Pany YATHOTOU ချစ်ကြည်ရေး ခရီး လာရောက်မည်
Monday, January 21, 2013

လာအို ပြည်သူ့ ဒီမို ကရက်တစ် သမ္မတ နိုင်ငံ၊ အမျိုးသား လွှတ်တော် 
ဥက္ကဋ္ဌ Madam Pany YATHOTOU အား ၁၉၅၁ ခုနှစ်၊ ဖေဖော်ဝါ ရီလ ၁၈ ရက်နေ့တွင် လာအို နိုင်ငံရှိ ဆင်ခွမ် ပြည်နယ်၌ မွေးဖွား ခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် ဗီယက်နမ် နိုင်ငံ၊ ဟနွိုင်းမြို့မှ B.A (Banking) ဘွဲ့ရရှိခဲ့သည်။

၁၉၇၈ ခုနှစ်မှ ၁၉၇၉ ခုနှစ်ထိ Bank of Lao PDR တွင် နိုင်ငံခြား
ငွေကြေးဌာန ညွှန်ကြား ရေးမှူးချုပ်၊ ၁၉၈၂ ခုနှစ်မှ ၁၉၈၃ ခုနှစ်ထိ Bank of Lao PDR တွင် စီးပွားရေးနှင့် စီမံကိန်း ဌာန ညွှန်ကြား ရေးမှူးချုပ်၊ ၁၉၈၃ ခုနှစ်မှ ၁၉၈၅ ခုနှစ်ထိ Bank of Lao PDR တွင် ရင်းနှီး မြှုပ်နှံမှု ဌာန ညွှန်ကြားရေး မှူးချုပ်နှင့် ၁၉၈၆ ခုနှစ်မှ ၁၉၉၇ ခုနှစ်ထိ Central Bank of Lao PDR တွင် အုပ်ချုပ်ရေးမှူး တာဝန်များကို ထမ်းဆောင် ခဲ့ပါသည်။ ၁၉၉၈ ခုနှစ်မှ ၂ဝဝ၂ ခုနှစ်ထိ (၄)ကြိမ်မြောက် လာအို အမျိုးသား လွှတ်တော် ကိုယ်စားလှယ်၊ လာအို အမျိုးသား လွှတ်တော် အမြဲတမ်း ကော်မတီ အဖွဲ့ဝင်နှင့် လာအို အမျိုးသား လွှတ်တော် တိုင်းရင်းသား ရေးရာ ကော်မတီ ဥက္ကဋ္ဌ အဖြစ် လည်းကောင်း၊ ၂ဝဝ၂ ခုနှစ်မှ ၂ဝဝ၅ ခုနှစ်ထိ (၅)ကြိမ်မြောက် လာအို အမျိုးသား လွှတ်တော် ကိုယ်စားလှယ်၊ လာအို အမျိုးသား လွှတ်တော် အမြဲတမ်း ကော်မတီ အဖွဲ့ဝင်၊ လာအို အမျိုးသား လွှတ်တော် အမြဲတမ်း ကော်မတီ၏ အမြဲတမ်း အဖွဲ့ဝင်နှင့် လာအို အမျိုးသား လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင် ခဲ့သည်။

၂ဝဝ၆ ခုနှစ်မှ ၂၂- ၁၂- ၂ဝ၁ဝ ရက်နေ့ထိ (၆)ကြိမ်မြောက် လာအို အမျိုးသား လွှတ်တော် ကိုယ်စားလှယ်၊ လာအို အမျိုးသား လွှတ်တော် အမြဲတမ်း ကော်မတီ အဖွဲ့ဝင်နှင့် လာအို အမျိုးသား လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ တာဝန်များကို ထမ်းဆောင် ခဲ့သည်။ ၂၃- ၁၂- ၂ဝ၁ဝ ရက်နေ့မှ ၁၄- ၆- ၂ဝ၁၁ ရက်နေ့ထိ (၆) ကြိမ်မြောက် လာအို အမျိုးသား လွှတ်တော် ကိုယ်စားလှယ်၊ လာအို အမျိုးသား လွှတ်တော် အမြဲတမ်း ကော်မတီ ဥက္ကဋ္ဌနှင့် လာအို အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၅ - ၆- ၂ဝ၁၁ ရက် နေ့မှစ၍ (၇)ကြိမ်မြောက် လာအို အမျိုးသား လွှတ်တော် ကိုယ်စားလှယ်၊ လာအို အမျိုးသား လွှတ်တော် အမြဲတမ်း
ကော်မတီ ဥက္ကဋ္ဌနှင့် လာအို အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင်လျက် ရှိသည်။

Madam Pany YATHOTOU သည် အိမ်ထောင်ရှင် ဖြစ်ပြီး သမီး တစ်ဦး ရှိပါသည်။ Madam Pany YATHOTOU နှင့် လာအို အမျိုးသား လွှတ်တော် ကိုယ်စားလှယ် အဖွဲ့သည် ပြည်ထောင်စု လွှတ်တော် နာယက၏ ဖိတ်ကြားချက် အရ မကြာမီ ရက်အတွင်း ပြည်ထောင်စု သမ္မတ
မြန်မာနိုင်ငံ တော်သို့ ချစ်ကြည်ရေး အလည်အပတ် ခရီး လာရောက်မည်
ဖြစ်ပါသည်။

မြ၀တီ

လာအို ပြည်သူ့ ဒီမို ကရက်တစ် သမ္မတ နိုင်ငံ၊ အမျိုးသား လွှတ်တော်
ဥက္ကဋ္ဌ Madam Pany YATHOTOU အား ၁၉၅၁ ခုနှစ်၊ ဖေဖော်ဝါ ရီလ ၁၈ ရက်နေ့တွင် လာအို နိုင်ငံရှိ ဆင်ခွမ် ပြည်နယ်၌ မွေးဖွား ခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် ဗီယက်နမ် နိုင်ငံ၊ ဟနွိုင်းမြို့မှ B.A (Banking) ဘွဲ့ရ ရှိခဲ့သည်။

ပန်းခူးသွားစဉ် ကလေးငယ်သုံးဦးမိုင်းနင်းမိမှုဖြစ်ပွား

Photo: ပန်းခူးသွားစဉ် ကလေးငယ်သုံးဦးမိုင်းနင်းမိမှုဖြစ်ပွား
Monday, January 21, 2013

ဗန်းမော်- မန်ဝိုင်းကြီးကားလမ်းမဘေး မန်းဝိန်းကြီး စိန့်ပထရစ်ချပ်က် ဒုက္ခသည်စခန်းနှင့် ၅ မိုင်ခန့်အကွာ ကားလမ်းမဘေးတွင် ဇန်န၀ါရီလ ၂၀ ရက်ကလေးငယ်သုံးဦး ပန်းခူးသွားစဉ် မိုင်းနင်းမိမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

မိုင်းနင်းမိမှုကြောင့် တစ်ဦးမှာ နေရာ၌ပင်သေဆုံးခဲ့ပြီး တစ်ဦးမှာ ဒဏ်ရာရရှိ၍ နမ့်ခမ်းပြည်သူ့ဆေးရုံသို့တက်ရောက်ကုသမှုခံယူခဲ့ရကြောင်း တစ်ဦးမှာ ထိခိုက်ဒဏ်ရာအနည်းငယ်သာရရှိခဲ့ကြောင်းသိရသည်။

အဆိုပါကလေးငယ်များမှာ ကျောင်းပိတ်ရက် ပန်းရောင်းရန် ပန်းခူးသွားစဉ် ယခုကဲ့သို့ မိုင်းနင်းမိမှုဖြစ်ပွားခဲ့ကြောင်း၊ မိုင်းနင်းမိသည့် ကလေးငယ် သုံးဦးစလုံး အသက် ၁၄ နှစ်အရွယ် ၇ တန်းကျောင်းသားကလေးများ
ဖြစ်ကြောင်းသိရသည်။

“ပန်း သွားခူးကြတာ အနွေးထည်မရှိလို့ ၀ယ်ဖို့ဆိုပြီး၊ အခု လက်နဲ့
ပေါင်နဲ့လှုပ်လို့မရဘူး”” ဟု မိုင်းနင်းမိ၍ နမ့်ခမ်းဆေးရုံသို့ တက်ရောက်
ဆေးကုသမှုခံယူရသူ ကလေးငယ် ဆန်မိုင်ကပြောသည်။
မိုင်းနင်းမိမှုကြောင့် ၄င်းသည် ဦးခေါင်း ၊ လက်၊ ၀မ်းဗိုက်နှင့် တင်ပါး
တို့တွင် ဒဏ်ရာများရရှိခဲ့ပြီး ဗုံးဆံစ ၂၀ ခုကျော် ထုတ်ယူခဲ့ရကြောင်း နမ့်ခမ်းပြည်သူ့ဆေးရုံ တာဝန်ကျ သူနာပြု ဆရာမတစ်ဦးကပြောသည်။

အဆိုပါအရပ်ဒေသ၌ မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး
တပ်မတော်နှစ်ခုစလုံးရှိသဖြင့် မိုင်းမှာ မည်သည့်ဖက်က ထောင်သည့်မိုင်းမှန်း မပြောတတ်သော်လည်း ယခုကဲ့သို့ မိမိကလေးငယ်မိုင်းနင်းမိသည့်
ဖြစ်စဉ်အပေါ် များစွာဝမ်းနည်းမိကြောင်း အဆိုပါ ကလေးငယ်၏ဖခင် ဦးဂွန်မိုင်ကဆိုသည်။

“ အခုဒီလိုဖြစ်လာ( တိုက်ပွဲများဖြစ်နေခြင်းကို ဆိုလိုခြင်းဖြစ်) တော့ အရင်ကလိုတောင်ယာလည်းကောင်းကောင်းမလုပ်နိုင်တော့ စီးပွားရေးအဆင်မပြေတော့ဘူး။ စီးပွားရေးကျပ်တည်းချိန် ဒီလိုကလေးတွေက ပန်းခူးရောင်းရတော့ အခုလိုဖြစ်လာတာ ဘယ်လိုပြောရမှန်းတောင်မသိတော့ဘူး။ အရမ်းဝမ်းနည်းတာပဲ”” ဟု ၄င်းကပြောသည်။

အဆိုပါ နေရာသို့ လူကြီးမိဘများမှ ကလေးငယ်များအား သွားစေခိုင်းခြင်း
မရှိသော်လည်း ကလေးငယ်များမှာ တရုတ်ပြည်သို့ရောင်းချရာတွင်
ဈေးကောင်းရသည့်အတွက် ပန်းခူးရန် အဆိုပါနေရာသို့သွားလေ့
ရှိကြခြင်းဖြစ်ကြောင်း ၊ ပန်းမှာ သစ်ခွအနွယ်ဝင်ပန်းတစ်မျိုးဖြစ်ပြီး တစ်ပိဿလျှင် တရုတ်ငွေ ၅ ထောင် ( မြန်မာငွေ ၇ သောင်းခန့်) ရရှိကြောင်းသိရသည်။

ဥာဏ်လင်းအောင်
(နမ့်ခမ်းမှ ပေးပို့သည်)
Popular Myanmar News Journal
ဗန်းမော်- မန်ဝိုင်းကြီးကားလမ်းမဘေး မန်းဝိန်းကြီး စိန့်ပထရစ်ချပ်က် ဒုက္ခသည်စခန်းနှင့် ၅ မိုင်ခန့်အကွာ ကားလမ်းမဘေးတွင် ဇန်န၀ါရီလ ၂၀ ရက်ကလေးငယ်သုံးဦး ပန်းခူးသွားစဉ် မိုင်းနင်းမိမှုဖြစ် ပွားခဲ့ကြောင်း သိရသည်။
မိုင်းနင်းမိမှုကြောင့် တစ်ဦးမှာ နေရာ၌ပင်သေဆုံးခဲ့ပြီး တစ်ဦးမှာ ဒဏ်ရာရရှိ၍ နမ့်ခမ်းပြည်သူ့ဆေးရုံသို့ တက်ရောက်ကုသမှုခံယူခဲ့ ရကြောင်း တစ်ဦးမှာထိခိုက်ဒဏ်ရာအနည်းငယ်သာရရှိခဲ့ကြောင်းသိရ သည်။

ငြိမ်းချမ်းရေးအလံသယ်ဆောင်သူတို့စတင်ထွက်ခွာ

Photo: ငြိမ်းချမ်းရေးအလံသယ်ဆောင်သူတို့စတင်ထွက်ခွာ
Monday, January 21, 2013

ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် မိုင် ရှစ်ရာကျော် ဝေးကွားသည့် ကချင်ပြည်နယ် လိုင်ဇာမြို့သို့ ရန်ကုန်မှ ငြိမ်းချမ်းရေး အလံ
သယ်ဆောင်သည့် လမ်းလျောက်အဖွဲ့ ယနေ့နံနက် ၇ နာရီ အချိန်တွင် ဆူးလေဘုရားမှ စတင်ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိရသည်။ 

ကချင်ပြည်နယ်တွင် ငြိမ်းချမ်းရေးမရရှိဘဲ ယနေ့ချိန်ထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ငြိမ်းချမ်းရေး ရရှိစေရန်ရည်ရွယ်၍ ငြိမ်းချမ်းရေးအလံကို ကချင်ပြည်နယ် လိုင်ဇာမြို့အရောက် သယ်ယူရန် စိတ်ကူးခဲ့ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ လမ်းလျောက်ခြင်းဖြင့် ငြိမ်းချမ်းရေးရရှိမည်ဟု အတိအကျ မပြောရဲကြောင်း အဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။ 

"ကျွန်တော်လိုချင်တာကိုပြောရရင် ပြည်တွင်းစစ်ကြီးကို ရပ်စဲစေချင်တယ်၊ အဲကတစ်ဆင့် နိုင်ငံရေးအင်အားစုတွေရယ်၊ သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရအဖွဲ့တွေ ပူးပေါင်းပြီး ပြည်ထောင်စု အကျိုးစီးပွားအတွက် ခိုင်မာတဲ့ငြိမ်းချမ်းရေးတစ်ခု ဖော်ဆောင်သွားစေချင်တယ်၊ ဒါပေမယ့် ကျွန်တော်တို့ခုသွားတဲ့ ပုံစံ ဒါတွေရလာမှာလား ဆိုတော့ ကျွန်တော်တို့မပြောရဲဘူးဗျ"ဟု ဦးဆောင်သူ လူငယ်တစ်ဦးဖြစ်သူ ကိုရန်နိုင်မျိုး ကပြောကြားသည်။ 

ပထမစီစဉ်ခဲ့စဉ်က ဆယ်ဦးလမ်းလျောက်ရန် စီစဉ်ခဲ့သော်လည်း ယနေ့လမ်းလျောက်ရာတွင် သံဃာတော် ၁၂ ပါးမှ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။ "ဒီစိတ်ဓာတ်ရှိတဲ့ လူငယ်တွေရှိနေတာကို ကျွန်တော် အလွန်အံ့သြဝမ်းသာဖြစ်လှပါတယ်၊ တစ်ဖက်နဲ့တစ်ဖက် လက်နက်နဲ့ဖြေရှင်းတဲ့နည်းလမ်းဟာ လမ်းစဉ်ဟောင်းကြီး
ဖြစ်ပြီး အောင်မြင်တာမရှိဘူး၊ ကချင်ပြည်နယ်က ပြည်သူတွေ အအေးဒဏ်နဲ့ စစ်ပြေးနေရတာကြားရတော့ စိတ်မကောင်းဖြစ်မိပါတယ်။''ဟု ဆိုသော ဆရာဒဂုံတာရာ၏ သဝဏ်လွှာကိုလည်း ဖတ်ကြားပြခဲ့ကြသည်။ 

ထို့နောက် လမ်းလျောက်အဖွဲ့မှ လူငယ်များက ကချင်ပြည်နယ်သို့ ငြိမ်းချမ်းရေးအတွက် လမ်းလျောက်ရာတွင် ပူပေါင်းပါဝင်ကြသူများကို ကြိုဆိုကြောင်း၊ တရာဥပဒေ စိုးမိုးရေးနှင့် ငြိမ်းချမ်းရေးကို မထိခိုက်စေဘဲ ပူးပေါင်းကြရန်၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ကြွေးကြော်သံများ ဟစ်ကြွေးခြင်းများ မပြုလုပ်ကြရန်လည်း မေတ္တာရပ်ခံကြောင်း
ပြောကြားသွားခဲ့သည်။ 

ကချင်ပြည်နယ်သို့ ငြိမ်းချမ်းရေး သဝန်လွှာမျာ ၊အလှူငွေများကိုလည်း ၄င်းတို့မှ တစ်ဆင့်ပေးအပ် လှူဒါန်းနိုင်ကြောင်းလည်း ပြောကြသည်။ မိုင်ရှစ်ရာကျော် ကွာဝေးသည့် ခရီးစဉ်တွင် အခက်အခဲ အမျိုးမျိုနှင့်
ကြုံတွေ့နိုင်ကြောင်း ခရီးစဉ်မှာ လေးဆယ့်ငါးရက်ခန့် ကြာမြင့်နိုင်ပြီး ခရီးစဉ်အောင်မြင်မှု ရမည်ဟု ယုံကြည်ကြောင်း၊ ထွက်ခွာသည့် လမ်းတလျောက်တွင် အာဏာပိုင်များက မေးမြန်းစုံစမ်းမှုများရှိကြောင်း၊ ခွင့်ပြုချက်တောင်းဆိုထားခြင်း မရှိသော်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ အကြောင်းကြားစာများ ပေးပို့ထားကြောင်းလည်း သိရသည်။

ဝေယံ
The Myanma Age
ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် မိုင် ရှစ်ရာကျော် ဝေးကွားသည့် ကချင်ပြည်နယ် လိုင်ဇာမြို့သို့ ရန်ကုန်မှ ငြိမ်းချမ်းရေးအလံ သယ်ဆောင်သည့် လမ်းလျောက်အဖွဲ့ ယနေ့နံနက် ၇ နာရီ အချိန်တွင် ဆူးလေဘုရားမှ စတင်ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ်တွင် ငြိမ်းချမ်းရေးမရရှိဘဲ ယနေ့ချိန်ထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ငြိမ်းချမ်းရေး ရရှိစေရန်ရည်ရွယ်၍ ငြိမ်းချမ်းရေးအလံကို ကချင်ပြည်နယ် လိုင်ဇာမြို့အရောက် သယ်ယူရန်

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ငြိမ်းချမ်းရေးကမ်းလှမ်းချက် KIO လက်မခံ

Photo: ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ငြိမ်းချမ်းရေးကမ်းလှမ်းချက် KIO လက်မခံ
Monday, January 21, 2013

မြန်မာနိုင်ငံအစိုးရမှ အပစ်အခတ်ရပ်စဲရန်ကြေငြာချက်ထုတ်ပြန်ခဲ့ပြီး (၁၉-၁-၂၀၁၃) ရက်နေ့တွင် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး
လုပ်ငန်းကော်မတီမှ KIO အား ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်ရန် အတွက် ကမ်းလှမ်းခဲ့ရာ KIA က လက်မခံဘဲ ပယ်ချခဲ့ကြောင်း သိရှိရသည်။ 

KIA မှ ပြန်ကြားသော အကြောင်းပြန်စာတွင် ကချင်ပြည်နယ်အတွင်း စစ်ဆင်ရေးများ ရပ်ဆိုင်းထားမည်ဟု အစိုးရမှ ကြေငြာ ထားသော်လည်း ဇန်န၀ါရီလ ၂၀ ရက်နေ့ထိ မြန်မာစစ်တပ်မှ ဆက်လက် တိုက်ခိုက်ဆဲ
ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး
လုပ်ငန်းကော်မတီနှင့် KIO အဖွဲ့တို့သာ သီးခြား တွေ့ဆုံဆွေးနွေးမှု
မပြုလုပ်ဘဲ UNFC နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ ဆွေးနွေးလျင် ပိုမိုသင့်လျော်မည်ဖြစ်ကြောင်း
ပြန်ကြားခဲ့သည်။ 

အစိုးရမှ ထိုးစစ်များရပ်ဆိုင်းရန် ကြေငြာပြီး နောက်ပိုင်းတွင် အစိုးရတပ်နှင့် KIA ကြား အပြန်အလှန်စွပ်စွဲမှုများ ပြုလုပ်ခဲ့ကြသည်။ သို့သော် ဇန်န၀ါရီလ ၁၈ ရက်နေ့နောက်ပိုင်းတွင် အစိုးရတပ်အနေဖြင့် လေကြောင်းမှ တိုက်ခိုက်ခြင်းမရှိတော့ကြောင်း KIA အရာရှိ တစ်ဦးမှပြောကြားသည်။ 

အစိုးရမှ ထိုးစစ်ဆင်ရန်ကြေငြာပြီး နောက်တစ်နေ့ဇန်န၀ါရီလ ၁၉ ရက်
နေ့တွင် ကာမိုင်းရဲစခန်းအား KIA တပ်ဖွဲ့ဝင်အများအပြားမှ ၀င်ရောက်
စီးနင်းတိုက်ခိုက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး အဆောက်အဦများ မီးရှို့ခံရကြောင်း ၎င်းနေ့မှာပင် လွယ်ဂျယ်မှ ဗန်းမော်သို့ ထွက်ခွာ
လာသော ခရီးသည်တင်ကား ၂ စီးအား KIA မှ မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သား (၁၇)ဦး ဒဏ်ရာရသွားကြောင်း နှင့် ၎င်းနေ့ ည (၈) နာရီ
ခန့်ကပင် ရှေ့တန်းမှ မန်စီမြို့သို့ ပြန်လည်ဝင်ရောက် လာသည့် 
စစ်ကြောင်းအား မန်စီမြို့အ၀င်တွင် KIA မှ မိုင်းခွဲတိုက်ခိုက်ခဲ့သောကြောင့်
အစိုးရတပ်ဖွဲ့ဝင် (၃) ဦး ကျဆုံးခဲ့ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအစိုးရမှ အပစ်အခတ်ရပ်စဲရန်ကြေငြာချက်ထုတ်ပြန်ခဲ့ပြီး (၁၉-၁-၂၀၁၃) ရက်နေ့တွင် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး
လုပ်ငန်းကော်မတီမှ KIO အား ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်ရန် အတွက် ကမ်းလှမ်းခဲ့ရာ KIA က လက်မခံဘဲပယ်ချခဲ့ကြောင်း သိရှိရ သည်။

သမ္မတအိုဘားမား ဒုတိယသက်တမ်း ကျမ်းသစ္စာဆို

Photo: သမ္မတအိုဘားမား ဒုတိယသက်တမ်း ကျမ်းသစ္စာဆို
Monday, January 21, 2013 

အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ဒုတိယအကြိမ် အနိုင်ရခဲ့တဲ့ အမေရိကန်သမ္မတ ဘရက်အိုဘားမား ဟာ အိမ်ဖြူတော်မှာ တနင်္ဂနွေနေ့က တရားဝင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။ သမ္မတကတော် မစ်ရှဲလ်အိုဘားမား ရဲ့ မိသားစုပိုင် သမ္မာကျမ်းစာအုပ်ပေါ် လက်တင်ပြီး ဒုတိယသမ္မတ သက်တမ်း တာဝန်အတွက် ကျမ်းသစ္စာ ကျိန်ဆိုခဲ့တာဖြစ်ပါတယ်။ ဒုတိယသမ္မတ ဂျိုးဘိုင်ဒန် ဟာလည်း တနင်္ဂနွေနေ့မှာပဲ ကျမ်းကျိန်းခဲ့ပါတယ်။
 
အစောပိုင်းကတော့ သမ္မတ အိုဘားမား ဟာ အစဉ်အလာအတိုင်း အာလင်တန် (Arlington) အမျိုးသား စစ်သင်္ချိုင်းမှာ လူမသိ သူမသိ ကျဆုံးခဲ့တဲ့ စစ်သည်တွေအတွက် အုတ်ဂူမှာ သွားရောက် ပန်းခွေချ
ခဲ့ပါတယ်။ အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတတာဝန် ယူမယ့်သူတွေ အနေနဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုရတာဖြစ်ပါတယ်။
 
ဒီနှစ် ဇန်နဝါရီ ၂၀ ရက်နေ့ဟာ တနင်္ဂနွေ ရုံးပိတ်ရက်ဖြစ်နေတဲ့အတွက် အမျိုးသား ရင်ပြင်ကို မျက်နှာမူထားတဲ့ Capitol Hill လွှတ်တော် အဆောက်အဦးရှေ့ အများပြည်သူရှေ့မှောက် ကျမ်းသစ္စာကျိန်ဆိုပွဲကို တနင်္လာနေ့မှာ လုပ်မှာဖြစ်ပါတယ်။ ၀ါရှင်တန်ဒီစီ မြို့တော်က သမ္မတကျမ်းကျိန်ပွဲကို ပြည်သူပေါင်း ၈ သိန်းလောက် လာရောက်ကြမယ်လို့ ခန့်မှန်းထားပါတယ်။

ဗွီအိုအေ
အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ဒုတိယအကြိမ် အနိုင်ရခဲ့တဲ့ အမေရိကန်သမ္မတ ဘရက်အိုဘားမား ဟာ အိမ်ဖြူတော်မှာ တနင်္ဂနွေနေ့က တရားဝင် ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။ သမ္မတ ကတော် မစ်ရှဲလ်အိုဘားမားရဲ့ မိသားစုပိုင် သမ္မာကျမ်းစာအုပ်ပေါ် လက်တင်ပြီး ဒုတိယသမ္မတ သက်တမ်းတာဝန်အတွက် ကျမ်းသစ္စာ ကျိန်ဆိုခဲ့တာဖြစ်ပါတယ်။ ဒုတိယသမ္မတ ဂျိုးဘိုင်ဒန် ဟာလည်း တနင်္ဂနွေနေ့မှာပဲ ကျမ်းကျိန်းခဲ့ပါတယ်။

ဇန်န၀ါရီလ ၂၁ ရက်နေ့အတွက် ရည်ညွှန်းနိုင်ငံခြား ငွေလဲလှယ်နှုန်း

Photo: ဇန်န၀ါရီလ ၂၁ ရက်နေ့အတွက် ရည်ညွှန်းနိုင်ငံခြား ငွေလဲလှယ်နှုန်း
Monday, January 21, 2013 

ယနေ့ ဇန်န၀ါရီ ၂၁ ရက်နေ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်သော ရည်ညွှန်းနိုင်ငံခြား ငွေလဲလှယ်နှုန်း Reference Foreign Exchange Rate မှာ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၈၅၈ ကျပ် သတ်မှတ်ကြောင်း သိရသည်။

ထို့အပြင် Cross Exchange Rate အရ
တစ်ယူရို - ၁၁၄၁.၉ ကျပ်၊
စင်္ကာပူ တစ်ဒေါ်လာ - ၆၉၈.၉၀ ကျပ်၊
စတာလင်ပေါင် တစ်ပေါင် - ၁၃၆၀.၃ ကျပ်၊
ဂျပန်ယန်း တစ်ရာ - ၉၅၅.၂၄ ကျပ်၊
သြစတြေးလျဒေါ်လာ တစ်ဒေါ်လာ - ၉၀၀.၈၃ ကျပ်၊
တရုတ်ယွမ် တစ်ယွမ် - ၁၃၈.၀၄ ကျပ်၊
အိနိ္ဒယရူပီး တစ်ရူပီး - ၁၅.၉၉၀ ကျပ်၊
ကိုရီးယားဝမ် တစ်ရာ -၈၁.၀၅၈ ကျပ်၊
မလေးရှား ရင်းဂစ် တစ်ရင်းဂစ် - ၂၈၄.၅၃ ကျပ်
ထိုင်းဘတ် တစ်ဘတ် - ၂၈.၈၆၀ ကျပ် သတ်မှတ်သည်။

Mrtv-4

ယနေ့ ဇန်န၀ါရီ ၂၁ ရက်နေ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်သော ရည်ညွှန်းနိုင်ငံခြား ငွေလဲ လှယ်နှုန်း Reference Foreign Exchange Rate မှာ အမေရိကန် တစ်ဒေါ်လာ ကို မြန်မာငွေ ၈၅၈ ကျပ် သတ်မှတ်ကြောင်း သိရသည်။
ထို့အပြင် Cross Exchange Rate အရ

ဇောတိက စီမံကိန်းမှ သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းရန် လုပ်ဆောင်နေသော သင်္ဘောတစ်စီး နစ်မြုပ်မှုဖြစ်ပွား

မုတ္တမ ကမ်းလွန်ဒေသမှ ရှာဖွေတွေ့ရှိထားသည့် ဇောတိက သဘာဝဓာတ်ငွေ့ စီမံကိန်းအတွက် ပင်လယ်တွင်း ပိုက်လိုင်း သွယ်တန်းနေသည့် PTTEP ကုမ္ပဏီပိုင် PANRITH သင်္ဘောသည် ဇန်န၀ါရီလ ၁၇ ရက်နေ့က ပိုက်လိုင်း သွယ်တန်းမှု ပြုလုပ်နေစဉ် ရေအောက် ကျောက်ဆောင်နှင့် တိုက်မိသဖြင့် နစ်မြုပ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ သို့ KIO မှ အကြောင်းပြန်ကြားချက်


Hmuu Zaw

ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းများ ရေရှည် ဖွံ့ဖြိုးရေး

ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းများ ရေရှည် ဖွံ့ဖြိုးရေး

ယနေ့ နိုင်ငံတော်တွင် နိုင်ငံရေး၊ စီးပွားရေးနှင့် အုပ်ချုပ်ရေးတို့ ပြုပြင် ပြောင်းလဲလျက် ရှိရာ မြန်မာ့ အရေးကို ကမ္ဘာ့ နိုင်ငံများက အထူး စိတ်ဝင်စားလျက် ရှိပြီး ကမ္ဘာလှည့် ခရီးသွားများ လာရောက်မှု မှာလည်း တစ်နေ့ထက် တစ်နေ့ ပို၍ပို၍ တိုးလာကြောင်း တွေ့ရသည်။ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် တစ်ခုတည်း ကပင် နေ့စဉ် ကမ္ဘာလှည့် ခရီးသွားများ ဝင်ရောက် မှုမှာ ၂၃ဝဝ ကျော်ရှိသဖြင့် ယခင်နှစ်များကထက် ပိုမိုများပြားလာပြီဖြစ်သည်။ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ အထိ မြန်မာ နိုင်ငံသို့ ကမ္ဘာလှည့် ခရီးသွား တစ်သန်းကျော် လာရောက် လည်ပတ်ခဲ့ကြောင်း သိရသည်။ ကမ္ဘာလှည့် ခရီးသွား များသည် မြန်မာနိုင်ငံ အစိုးရ၏ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများတွင် နိုင်ငံတကာ အဖွဲ့အစည်း များနှင့် နွေးထွေးစွာ ဆက်ဆံမှုနှင့်   ပွင့်လင်း မြင်သာမှု တို့ကြောင့် မြန်မာ့ အရေးကို စိတ်ဝင်စားလျက် ရှိရာမှ မြန်မာ နိုင်ငံသို့ လာရောက် လည်ပတ်ရန် ရွေးချယ် ခဲ့ကြခြင်း ဖြစ်သည်။

၂ဝ၁၂ ခုနှစ်အတွက် သွားရောက် လည်ပတ်ရန် အကောင်းဆုံး နေရာများအား ရွေးချယ်၍ ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် CNN သတင်း ဌာနက ထုတ်ပြန်ခဲ့ရာ အင်္ဂလန်၊ မက္ကဆီကို နိုင်ငံ အတွင်းရှိ မာယာ လူမျိုးများ နေထိုင် သည့် နေရာ၊ မြန်မာနိုင်ငံ၊ အမေရိကန် နိုင်ငံ ချီကာ ဂိုမြို့၊ ကာရစ်ဘီယန် ကျွန်းစုတွင် ပါဝင်သော စိန့်ဗင်ဆင့်ကျွန်း၊ နယ်သာလန် နိုင်ငံ၊ ကနေဒါ နိုင်ငံ နယ်နိမိတ် အတွင်းရှိ အတ္တလန္တိတ် သမုဒ္ဒရာ အတွင်း တိုက်တန်းနစ် သင်္ဘော နစ်မြုပ်သည့် နေရာ၊ ဥရုဂွေး နိုင်ငံနှင့် အမေရိကန် ပြည်ထောင်စုမှ အော်လန်ဒို မြို့တို့ ဖြစ်သည်။

ကမ္ဘာလှည့် ခရီးသွားများသည် သဘာဝ ရှုခင်းများနှင့် ရှေးဟောင်း ယဉ်ကျေးမှု များကို ကြည့်ရှု လေ့လာလိုစိတ် ထက်သန်ကြသည်။ နိုင်ငံတော်တွင် ထိန်းသိမ်းထားသော ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် များနှင့် သဘာဝ ရှုခင်းများ အဖြစ် ဇီဝမျိုးစုံ မျိုးကွဲများ ထိန်းသိမ်း စောင့်ရှောက်ထားသည့် ဘေးမဲ့တောများ၊ အမျိုးသား ဥယျာဉ်များ တည်ဆောက်ထားသည်။

ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းသည် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးမှု အတွက် သဘာဝ သယံဇာတ အပေါ် မှီခိုမှု လျော့ပါးစေသော လုပ်ငန်းဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးမှု ကိုပါ ဖြည့်ဆည်း ပေးနိုင်သည်။ သို့ဖြစ်၍ နိုင် ငံတော် အစိုးရက ဆက်လက် အကောင်အထည် ဖော်မည့် ၂ဝ၁၁-၂ဝ၁၂ မှ ၂ဝ၁၅-၂ဝ၁၆ ခုနှစ်အထိ ပဉ္စမ ကာလတို ငါးနှစ် စီမံကိန်းတွင် ပါဝင်သော ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးသည် နိုင်ငံတော် အစိုးရ၊ ပုဂ္ဂလိက လုပ်ငန်းရှင် များနှင့် ကမ္ဘာလှည့် ခရီးသွား ဇုန်များရှိ ဒေသခံ ပြည်သူတို့ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက် ကြရမည် ဖြစ်ကြောင်း တိုက်တွန်းနှိုးဆော် လိုက်ရပေသည်။

http://www.myawady.com.mm/allnews/editorial/item/4775-2013-01-19-07-30-03#.UPyfx528B8E
ယနေ့ နိုင်ငံတော်တွင် နိုင်ငံရေး၊ စီးပွားရေးနှင့် အုပ်ချုပ်ရေး တို့ ပြုပြင် ပြောင်းလဲလျက်ရှိရာ မြန်မာ့အရေးကို ကမ္ဘာ့ နိုင်ငံများက အထူးစိတ်ဝင်စားလျက်ရှိပြီး ကမ္ဘာလှည့်ခရီးသွားများ လာရောက်မှုမှာ လည်းတစ်နေ့ထက် တစ်နေ့ပို၍ပို၍တိုးလာကြောင်း တွေ့ရသည်။ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တစ်ခုတည်းကပင် နေ့စဉ် ကမ္ဘာ

ကေအိုင်အိုက အစိုးရထံ အကြောင်းပြန်


ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီက ဇန်နဝါရီလ ၁၉ ရက်နေ့ မနေ့က KIO အဖွဲ့ကိုပေးပို့တဲ့ တွေ့ဆုံညှိနှိုင်းဆွေးနွေးရေးအတွက် ကမ်းလှမ်းချက်စာကို လက်ခံရရှိပါကြောင်း KIO အဖွဲ့က ဒီကနေ့အကြောင်းပြန်ကြားစာတစောင်ကို ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ထံ ပေးပို့ခဲ့တယ်လို့ KIO က ပြောပါတယ်။