Tuesday 18 June 2013

ဆီးရီးယား အပေါ် ကန် - ရုရှား သဘော ထား ကွဲပေမဲ့ ငြိမ်း ချမ်းစွာ ဖြေရှင်း လို

Photo: ဆီးရီးယားအပေါ် ကန် - ရုရှား သဘောထားကွဲပေမဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းလို
Tuesday, June 18, 2013

ဆီးရီးယားအရေးနဲ့ပတ်သက်လို့ အမေရိကန်နဲ့ ရုရှား နှစ်နိုင်ငံကြား ကွဲလွဲမှုတွေရှိပေမဲ့ ဆီးရီးယားနိုင်ငံတွင်း အကြမ်းဖက်မှုတွေ ရပ်ဆိုင်းပြီး၊ ပါဝင်ပတ်သက်တဲ့ အဖွဲ့အစည်းတွေ အားလုံးအနေနဲ့ ပဋိပက္ခတွေကို စေ့စပ် ညှိနှိုင်း ဖြေရှင်းရမယ် ဆိုတဲ့အပေါ်မှာတော့ နှစ်နိုင်ငံစလုံးက သဘောတူတယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် (Vladimir Putin) က ပြောပါတယ်။

မစ္စတာ ပူတင်နဲ့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) တို့ဟာ အိုင်ယာလန်မြောက်ပိုင်းမှာ ကျင်းပနေတဲ့ G8 စက်မှုထိပ်သီး ၈ နိုင်ငံရဲ့ ထိပ်သီးဆွေးနွေးပွဲ ပြင်ပမှာ တနင်္လာနေ့က သီးခြားတွေ့ဆုံပြီး ဆီးရီးယားအရေးနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

အကျိုးရှိတဲ့ ဆွေးနွေးမှုတွေ ဖြစ်တယ်လို့ဆိုပြီး အဲဒီအတွက် ရုရှားသမ္မတကို ကျေးဇူးတင်တဲ့အကြောင်း မစ္စတာ အိုဘားမား က ပြောခဲ့ပါတယ်။ ဆီးရီးယားအရေးနဲ့ ပတ်သက်လို့ အရာတိုင်း တသဘောတည်း မရှိပေမဲ့လို့၊ ဆွေးနွေးမှုတွေ လုပ်ဖို့ လိုအပ်တယ်ဆိုတာနဲ့၊ ဆီးရီးယားမှာ ဓာတုလက်နက်ပစ္စည်း အသုံးပြုမှုတွေ မရှိအောင် ဆိုတဲ့အပေါ်မှာတော့ သူတို့နှစ်ဦး သဘောတူညီခဲ့ကြောင်း သမ္မတ အိုဘားမားကလည်း ပြောပါတယ်။

ဆီးရီးယားသမ္မတကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ သူပုန်အဖွဲ့တွေကို အမေရိကန်က စစ်လက်နက် ပစ္စည်းတွေ ထောက်ပံ့မယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်လို့တော့ သူတို့နှစ်ဦး ဆွေးနွေးခဲ့ခြင်း ရှိ မရှိကို ဘယ်သူကမှ ထုတ်ဖော်မပြောခဲ့ကြပါဘူး။

ဒီအတောအတွင်း ဆီးရီးယားသမ္မတ ဘက်ရှာအယ်လ်အာဆဒ် ကလည်း သူ့ကို အာဏာကနေ ဖြုတ်ချဖို့ တိုက်ခိုက်နေကြတဲ့ သူပုန်အဖွဲ့တွေကို လက်နက် အကူအညီ ပေးမယ်ဆိုရင် အဲဒီအတွက် ပြန်လည် ပေးဆပ်ရလိမ့် မယ်လို့ ဥရောပနိုင်ငံတွေကို ခြိမ်းခြောက်လိုက်ပါတယ်။

ဆီးရီးယားသူပုန်တွေကို လက်နက်တွေပေးတာဟာ ဥရောပကို အစွန်းရောက်တွေ ၀င်လာအောင် လုပ်ရာကျလိမ့်မယ်လို့ ဂျာမဏီသတင်းစာ တစ်စောင်ကို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဆီးရီးယားအစိုးရက ဓာတုလက်နက်ပစ္စည်းတွေ အသုံးပြု တိုက်ခိုက်နေတယ်ဆိုတဲ့ အမေရိကန် အစိုးရက စွပ်စွဲချက်နဲ့ပတ်သက်လို့လည်း ဆီးရီးယားသမ္မတက ငြင်းပယ်ထားပါ တယ်။
 

အမေရိကန်သမ္မတ အိုဘားမားနဲ့ ရုရှားသမ္မတ ပူတင်တို့ တွေ့ဆုံဆွေးနွေးနေ စဉ်
ဗွီအိုအေ (မြန်မာပိုင်း)
အမေရိကန်သမ္မတ အိုဘားမားနဲ့ ရုရှားသမ္မတ ပူတင်တို့ တွေ့ဆုံဆွေးနွေးနေစဉ်
ဆီးရီးယားအရေးနဲ့ပတ်သက်လို့ အမေရိကန်နဲ့ ရုရှား နှစ်နိုင်ငံကြား ကွဲလွဲမှုတွေရှိပေမဲ့ ဆီးရီးယားနိုင်ငံတွင်း အကြမ်းဖက်မှုတွေ ရပ်ဆိုင်းပြီး၊ ပါဝင်ပတ်သက်တဲ့ အဖွဲ့အစည်းတွေ အားလုံးအနေနဲ့ ပဋိပက္ခတွေကို စေ့စပ် ညှိနှိုင်း ဖြေရှင်းရမယ် ဆိုတဲ့အပေါ်မှာတော့ နှစ်နိုင်ငံစလုံးက သဘောတူတယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် (Vladimir Putin) က ပြောပါတယ်။

စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး တမျိုးသားလုံး ပါဝင်သည့် ညီလာခံ ကျင်းပမည်

DKBA ကလိုထူးဘော စစ်ဌာနချုပ်တွင်ကျင်းပသည့် ပြည်ထောင်စု တိုင်းရင်းသား ပေါင်းစုံ နှီးနှော ဖလှယ်ပွဲ မြင်ကွင်း (ဓာတ်ပုံ – မြတ်စုမွန်/ ဧရာဝတီ)

စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် တိုင်းရင်းသား လူမျိုးပေါင်းစုံနှင့် တမျိုးသားလုံး ပါဝင်သော ညီလာခံတရပ်ကို လာမည့် ၂၀၁၄ ဒီဇင်ဘာ နောက်ဆုံးထား၍ ခေါ်ယူကျင်းပ သွားမည်ဖြစ်ကြောင်း ထိုင်း – မြန်မာနယ်စပ် ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) ကလိုထူးဘော စစ်ဌာနချုပ်တွင် ကျင်းပသည့် ပြည်ထောင်စု တိုင်းရင်းသား ပေါင်းစုံ နှီးနှောဖလှယ်ပွဲက ထုတ်ပြန်ပြောကြား လိုက်သည်။

နော်ဝေနိုင်ငံ တွင် စစ်မှု မထမ်း မနေရ ဥပဒေ အရ အမျိုး သမီးများ စစ်မှု ထမ်းဆောင်တော့ မည်

https://fbcdn-sphotos-h-a.akamaihd.net/hphotos-ak-prn1/p480x480/1017048_431923433572160_1010738220_n.jpg
နော်ဝေနိုင်ငံတွင် စစ်မှုမထမ်းမနေရဥပဒေအရ အမျိုးသမီးများကို စစ်မှုထမ်းဆောင်စေရေးအတွက် ပါလီမန် တွင် မဲခွဲဆုံးဖြတ်ပြီး အတည် ပြုနိုင်ခဲ့ကြောင်း ဇွန် ၁၆ ရက်Reuters သတင်း တစ်ရပ်အရ သိရသည်။

အင်းစိန်မြို့နယ်တွင် လျှပ်စစ်မီးကြိုးခိုးယူသူများအား ဖမ်းဆီးရမိ

Photo: အင်းစိန်မြို့နယ်တွင် လျှပ်စစ်မီးကြိုးခိုးယူသူများအား ဖမ်းဆီးရမိ
Tuesday, June 18, 2013

၁၄.၆.၂၀၁၃ ရက်နေ့ ၀၄၂၀ အချိန် အင်းစိန်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် လှည့်ကင်းတာဝန် ဆောင်ရွက်နေစဉ်
အင်းစိန်မြို့နယ်၊ နံ့သာကုန်းရပ်ကွက်၊ တန်းမြင့်ကျောင်းလမ်းတွင် မသင်္ကာတွေ့ရှိသူ (၃)ဦးအား ခေါ်ယူစစ်ဆေးခဲ့ရာ ဇော်ဇော်အောင် (ခ)ကိုဇော်၊ (ဘ)ဦးမြင့်ဦး၊ အင်းစိန်မြို့နယ်၊ မောင်ဦး၊
(ဘ)ဦးလှရွှေ၊ တိုက်ကြီးမြို့နယ်နေသူနှင့် ဗညားဟိန်း
(ခ)ဗညားသူ၊ (ဘ) ဦးဝင်းတင်၊ အင်းစိန်မြို့နယ်
နေသူတို့ (၃)ဦးဖြစ်ပြီး ၎င်းတို့သည် ၀၂၀၀ အချိန်ခန့်က အင်းစိန်မြို့နယ်၊အထက(၁) ကျောင်းတွင်းသို့
သွယ်တန်းထားသည့် လျှပ်စစ်မီးကြိုးများအား
ဖြတ်တောက်ခိုးယူခဲ့ပြီး မင်းကြီးလမ်းဘေး ဈေးဆိုင်အနီးတွင် ၀ှက်သိမ်းထားကာ ထွက်လာစဉ် ဖမ်းဆီးခံရခြင်း
ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့်
သက်သေခံ လျှပ်စစ်မီးကြိုးများအား သိမ်းဆည်းပြီး
အင်းစိန်မြို့မရဲစခန်း (ပ)၆၄၁/၂၀၁၃၊ ပုဒ်မ ၃၈၀/၅၄ဖြင့်
အရေးယူထားရှိကာ အလားတူပြစ်မှုများနှင့်
ဆက်လက်တိုက်ဆိုင် စစ်ဆေးလျက်ရှိကြောင်း
သတင်းရရှိပါသည်။

Yangon Police
၁၄.၆.၂၀၁၃ ရက်နေ့ ၀၄၂၀ အချိန် အင်းစိန်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် လှည့်ကင်း တာဝန် ဆောင် ရွက်နေ စဉ် အင်းစိန်မြို့နယ်၊ နံ့သာကုန်းရပ်ကွက်၊ တန်းမြင့်ကျောင်းလမ်းတွင်

မန္တလေးတွင် ကားဝယ်ရောင်း အချင်းချင်း ကျပ်သိန်း ၈၀၀ ကျော် လိမ်လည်မှု ဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေ မြို့နယ်တွင် ကားဝယ်ရောင်း လုပ်ကိုင်သူ အချင်းချင်း ကား ဝယ်ယူရန်အတွက် ယုံကြည်စွာ ကြိုတင်ပေးထားသော ငွေကျပ် သိန်း ၈၄၀ ခန့် လိမ်လည်မှု ဖြစ်ပွား ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

မြန်မာ့ ရာဘာ ဥရောပ ကို ပထမ ဆုံး တင်ပို့

Photo: မြန်မာ့ ရာဘာ ဥရောပကို ပထမဆုံး တင်ပို့
Tuesday, June 18, 2013

မြန်မာ နိုင်ငံက ရာဘာ တန်ချိန် ၂ဝ ကို ပထမဆုံး အကြိမ် ဥရောပကို စတင် တင်ပို့ ခဲ့ပြီး ဖြစ်ပါတယ်။

ဥရောပက စီးပွားရေး ပိတ်ဆို့မှု ဖြေလျှော့ ပေးခဲ့ပြီးတဲ့နောက် တင်ပို့ လာနိုင်တာ ဖြစ်ပါတယ်။ ရာဘာ တွေကို ပြင်သစ် နိုင်ငံဆီ တင်ပို့ ခဲ့တာ ဖြစ်ပြီး အမေရိကန် ကိုလည်း နမူနာ ပေးပို့ ထားတာ ရှိပါတယ်။

ဒါပေမဲ့ အရည် အသွေးမီတဲ့ ရာဘာတွေကို ရနိုင်ဖို့ ခက်နေ သေးတယ် လို့ မြန်မာ့ ရော်ဘာ စိုက်ပျိုး ထုတ်လုပ် တင်ပို့ ရောင်းချသူများ အသင်း အတွင်းရေးမှူး ဦးခိုင်မြင့်က ပြောပါတယ်။

အရည် အသွေး မီတဲ့ ရာဘာ ထုတ်လုပ် နိုင်အောင် အသင်း အနေနဲ့ ကူညီ ဆောင်ရွက်မှုတွေ စတင် လုပ်ဆောင် နေတယ်လို့ လည်း သူက ပြောပါတယ်။

တခြား နိုင်ငံတွေမှာ အရည် အသွေး ကောင်းမွန်တဲ့ ရာဘာတွေ ရနိုင်ပေမဲ့ မြန်မာ နိုင်ငံမှာ ဝယ်ယူဖို့ စိတ်ဝင်စား ရတဲ့ အကြောင်း ကတော့ လာမယ့် နှစ်တွေမှာ အမြောက် အမြား ထွက်မယ့် အလား အလာ ကောင်းလို့ ဖြစ်တယ်လို့ ဦးခိုင်မြင့်က ပြောပါတယ်။

အခု လောလောဆယ် တစ်နှစ်ကို ရာဘာ တန်ချိန် တစ်သိန်းခွဲပဲ ထုတ်နိုင် ပါတယ်။

မြန်မာ နိုင်ငံမှာ စုစုပေါင်း ရာဘာ စိုက်ဧက တစ်သန်း လေးသိန်း သုံးသောင်းကျော် ရှိပေမဲ့ ဧက ငါးသိန်းပဲ ထုတ်နိုင် သေးတာကြောင့် နောင် လာမယ့် လေးနှစ် ငါးနှစ် အတွင်း တန်ချိန် နှစ်ဆတိုး လာနိုင်တယ်လို့ ဦးခိုင်မြင့်က ပြောပါတယ်။

လက်ရှိ ပေါက်ဈေးက တစ်တန်ကို အမေရိကန် ဒေါ်လာ ၂၄၅၀ ဖြစ်ပါတယ်။

မြန်မာ့ ရာဘာကို တရုပ် နိုင်ငံဆီ အများဆုံး တင်ပို့ နေတာ ဖြစ်ပြီး စင်ကာပူ၊ တောင်ကိုရီးယားနဲ့ အိန္ဒိယ အပါအဝင် အာရှ နိုင်ငံတွေ ကိုပဲ တင်ပို့ နေတာဖြစ် ပါတယ်။

BBC Burmese
မြန်မာ နိုင်ငံက ရာဘာ တန်ချိန် ၂ဝ ကို ပထမဆုံး အကြိမ် ဥရောပကို စတင် တင်ပို့ ခဲ့ပြီး ဖြစ်ပါတယ်။

G-8 အစည်း အဝေး စတင်၊ ဆီးရီးယား ကိစ္စ ဆွေးနွေး ဖို့ရှိ

Photo: G-8 အစည်းအဝေး စတင်၊ ဆီးရီးယားကိစ္စ ဆွေးနွေးဖို့ရှိ 
Tuesday, June 18, 2013

စက်မှုထိပ်သီးနိုင်ငံများအသင်း G-8 အစည်းအဝေးကို တက်ရောက်ဖို့ ကမ္ဘာ့ထိပ်သီးနိုင်ငံက ခေါင်းဆောင်တွေ Nothern Ireland ကို ရောက်ရှိနေကြပြီး အစည်းအဝေးအတွင်း ဆီးရီးယားနိုင်ငံအကြောင်း အဓိကထား ဆွေးနွေးနိုင်တယ်လို့ မျော်လင့်နေကြပါတယ်။

G-8 အစည်းအဝေးအတွင်း ငြိမ်းချမ်းရေးရအောင် ဘယ် လို ဆောင်ရွက် သင့်သလဲဆိုတာကို ခေါင်းဆောင်တွေ စိတ် တူ ကိုယ် တူ ဆွေးနွေးကြဖို့ မျော်လင့်ကြောင်း ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်က ပြောပါတယ်။

နှစ်ရက်ကြား ကျင်းပမယ့် G-8 အစည်းအဝေးအတွင်း ကမ္ဘာ့စီးပွားရေး ကိစ္စအကြောင်း ဆွေးနွေးကြလိမ့်မယ်လို့လည်း ခန့်မှန်းနေကြပါတယ်။

အစည်းအဝေးမစတင်ခင် ဥရောပသမဂ္ဂနဲ့ အမေရိကန်နိုင်ငံတို့က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကြပြီး အမေရိကန်နဲ့ ဥရောပသမဂ္ဂအကြား အခွန်ကင်းလွှတ်တဲ့ ကုန်သွယ်ရေး သဘောတူညီချက်ရဖို့ ဆွေးနွေးမှု စတင်တော့မယ်လို့ ကြေညာခဲ့ကြပါတယ်။

၃၉ ကြိမ်မြောက် G-8 အစည်းအဝေးကို အဖွဲ့ဝင်နိုင်ငံတွေဖြစ်ကြတဲ့ ဗြိတိန်၊ အမေရိကန်၊ ရုရှား၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီနဲ့ ဂျပန်နိုင်ငံက ခေါင်းဆောင်တွေလည်း တက်ရောက်ကြမှာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ဆန္ဒပြသူတွေကလည်း အစည်းအဝေးရှိရာ နေရာကို သွားရောက်ပြီး ကမ္ဘာ့ဆာလောင်ငတ်မွတ်မှု ပြဿနာဖြေရှင်းဖို့၊ လိင်တူချစ်တူအခွင့်အရေး လေးစားမြှင့်တင်ပေးဖို့နဲ့ ရေနံထုတ်လုပ်ရာမှာ ရေဖိအားသုံးပြီး ကျောက်ခွဲတဲ့နည်းကို ပိတ်ပင်ဖို့ ဆန္ဒပြတောင်းဆိုနေကြကြောင်းလည်း သိရပါတယ်။

radioaustralia
၂၀၀၉ ခုနှစ်က ကျင်းပတဲ့ G 8 အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ထိပ်သီးခေါင်းဆောင်တချို့ (Credit: AFP)
၂၀၀၉ ခုနှစ်က ကျင်းပတဲ့ G 8 အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ထိပ်သီးခေါင်းဆောင်တချို့ (Credit: AFP)
စက်မှုထိပ်သီးနိုင်ငံများအသင်း G-8 အစည်းအဝေးကို တက်ရောက်ဖို့ ကမ္ဘာ့ထိပ်သီးနိုင်ငံက ခေါင်းဆောင်ေ တွ Nothern Ireland ကို ရောက်ရှိနေကြပြီး အစည်းအဝေးအတွင်း ဆီးရီးယားနိုင်ငံအကြောင်း အဓိက ထား ဆွေးနွေးနိုင်တယ်လို့ မျော်လင့်နေကြပါတယ်။

MERS ဗိုင်းရပ်စ်ကြောင့် ဆော်ဒီတွင် လူ ၄ ဦး ထပ်မံ သေဆုံး

Photo: MERS ဗိုင်းရပ်စ်ကြောင့် ဆော်ဒီတွင် လူ ၄ ဦး ထပ်မံ သေဆုံး 

တစ်ချိန်က ကမ္ဘာကို ခြိမ်းခြောက်ခဲ့သည့် SARSနှင့် ဆင်တူသည့် MERS ဗိုင်းရပ်စ်ပိုးကြောင့် ယခုအခါ အရှေ့အလယ်ပိုင်း ဒေသရှိ ဘုရင့်နိုင်ငံအတွင်း အသေအပျောက် ပမာဏသည် (၃၂)ဦးထိ ရှိလာပြီဖြစ် 

ဆော်ဒီအာရေဗျ အစိုးရက MERS ဗိုင်းရပ်စ်ကြောင့် နောက်ထပ် လူ(၄)ဦး ထပ်မံ သေဆုံးကြောင်း ကြေညာခဲ့သည်။ တစ်ချိန်က ကမ္ဘာကို ခြိမ်းခြောက်ခဲ့သည့် SARSနှင့် ဆင်တူသည့် MERS ဗိုင်းရပ်စ်ပိုးကြောင့် ယခုအခါ အရှေ့အလယ်ပိုင်း ဒေသရှိ ဘုရင့်နိုင်ငံအတွင်း အသေအပျောက် ပမာဏသည် (၃၂)ဦးထိ ရှိလာပြီ ဖြစ်သည်။ 

အခြေအနေသည် ဆော်ဒီတွင် ရောဂါပိုးမွှားသစ်နှင့် ပတ်သက်ပြီး ထိတ်လန့်မှုများ ဖြစ်ပေါ် စေခဲ့သည်။ စက်တင်ဘာလက စတင်၍ ထောက်လှမ်း ဖော်ထုတ်နိုင်ပြီးသည့်နောက် အဆိုပါ ဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်း သေဆုံးသူ အရေအတွက် (၄၀)နီးပါး ရှိလာပြီး အများစုသည် အရှေ့အလယ်ပိုင်းနှင့် ဥရောပတို့တွင် ဖြစ်ကြောင်း သိရှိရသည်။

ဆော်ဒီ ကျန်းမာရေး ဝန်ကြီးဌာနက နောက်ထပ် MERS ဗိုင်းရပ်စ် ကူးစက်ခံရသူ (၃)ဦးကို တွေ့ရှိထားကြောင်းလည်း တနင်္လာနေ့က အတည်ပြု ပြောကြားခဲ့သည်။ ယင်းကူးစက် ခံရသူများတွင် အသက်(၂)နှစ်အရွယ် ကလေးတစ်ဦးလည်း ပါဝင်နေသည်။ 

ကျန်းမာရေးဌာန တာဝန်ရှိသူများက ဗိုင်းရပ်စ်က မည်သည့်အတိုင်းအတာဖြင့် လူအများကြား လွယ်လွယ်ကူကူ ကူးစက်နိုင်သည်ကို လေ့လာနေဆဲ ဖြစ်သည်။ 

ယခုဗိုင်းရပ်စ်နှင့် ဆင်တူသော SARSသည် (၂၀၀၃)ခုနှစ်က ကမ္ဘာကို ကပ်ရောဂါ တစ်ခုသဖွယ် ခြိမ်းခြောက်ခဲ့ပြီး ထိုစဉ်က လူပေါင်း (၈၀၀)ဝန်းကျင်မျှ သေဆုံးခဲ့ဖူးသည်။

Planet News Journal 
ဆ်ာဒီအာရေဗျ အစိုးရက MERS ဗိုင်းရပ်စ်ကြောင့် နောက်ထပ်လူ(၄)ဦးထပ်မံသေဆုံးကြောင်း ကြေညာ ခဲ့သည်။ တစ်ချိန်က ကမ္ဘာကို ခြိမ်းခြောက်ခဲ့သည့် SARSနှင့် ဆင်တူသည့် MERS ဗိုင်းရပ်စ်ပိုးကြောင့် ယခုအခါ အရှေ့အလယ်ပိုင်း ဒေသရှိ ဘုရင့်နိုင်ငံအတွင်း အသေအပျောက် ပမာဏသည် (၃၂)ဦးထိ ရှိလာပြီ ဖြစ်သည်။

မြန် မာနိုင်ငံ တွင် လယ်ယာ လုပ်ငန်း အာ မခံပေါ်ပေါက် လာစေရန် ဂျပန်နိုင်ငံ မှ နည်း ပညာ အကူ အညီပေး မည်

6.17.1
မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းမှ ရှင်းလင်းပြောကြားနေသည်ကို ဇွန် ၁၇ ရက်က တွေ့ရစဉ် 
မြန်မာနိုင်ငံတွင် လယ်ယာလုပ်ငန်း အာမခံစနစ် ပေါ်ပေါက်လာစေရန် ဂျပန်နိုင်ငံ၏အာမခံကုမ္ပဏီဖြစ်သည့် Tokio Marine & Nichido Fire Insurance နှင့် ဂျပန်နိုင်ငံတို့မှ နည်းပညာအားဖြင့် အကူအညီ ပေးသွား မည်ဖြစ်ကြောင်း ဇွန် ၁၇ ရက်တွင် ပြုလုပ်သည့် လယ်ယာလုပ်ငန်း အာမခံဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲမှ သိရသည်။

စစ်ကိုင်း တိုင်းက ရဲ စခန်းတွေ ကို နေပြည်တော် ရဲဌာန ချုပ်က ဝင်ရောက် စီးနင်း

Photo: စစ်ကိုင်းတိုင်းက ရဲစခန်းတွေကို နေပြည်တော် ရဲဌာနချုပ်က ဝင်ရောက်စီးနင်း
Tuesday, June 18, 2013

စစ်ကိုင်းတိုင်းက ရဲစခန်းတွေကို နေပြည်တော် ရဲဌာနချုပ်က ဝင်ရောက် စီးနင်း ဇွန်လ ၁၆ ရက် မနေ့ညက စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ရဲတပ်ဖွဲ့စခန်းနဲ့ တမူးခရိုင် ရဲတပ်ဖွဲ့စခန်းတွေ ကို နေပြည်တော် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်က ဒုတိယရဲချုပ်ဦးစီးတဲ့ ရဲအင်အား ၁ဝဝ လောက်က ဝင်ရောက်စီးနင်းခဲ့တယ်လို့ RFA က စုံစမ်းသိရပါတယ်။

ကလေးခရိုင် ရဲတပ်ဖွဲ့စခန်းကို ဝင်ရောက်စီးနင်းပြီးချိန်မှာ ခရိုင်ရဲတပ်ဖွဲ့မှုး ဒုတိယရဲမှူးကြီး ဇော်နိုင်ထွန်းထံ က လိုင်စင်မဲ့ကားအစီးရေ ၂ဝ ကျော်ကို သိမ်းဆည်းရမိပြီး၊ တမူးခရိုင်ရဲတပ်ဖွဲ့မှူး ဦးလှဝင်းရဲ့ကားပေါ်က အိန္ဒိယနိုင်ငံ က တင်သွင်းတဲ့ တရားမဝင်ဆေးဝါးတချို့ကို သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။

ကလေးခရိုင် ရဲတပ်ဖွဲ့မှူးနဲ့ တမူးခရိုင်ရဲတပ်ဖွဲ့မှူးတို့အပြင် ရဲအရာရှိတချို့ ကို နေပြည်တော် ကို ခေါ်ဆောင် သွားတယ်လို့ သိရပါတယ်။

ကလေးနဲ့ တမူးဒေသတွေမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေ၊ လက်နက်မှောင်ခိုမှုတွေနဲ့ တရားမဝင် ကုန်ပစ္စည်းတင်သွင်းတာတွေ များပြားတယ်လို့ ရဲအရာရှိတစ်ဦး က ပြောပါတယ်။ ပြည်ထဲရေး ဝန်ကြီးဌာနနဲ့ နီးစပ်သူတွေကတော့ ဒီလိုဥပဒေမဲ့လုပ်ဆောင်နေတဲ့ ရဲစခန်းတွေကို ဆက်လက်အရေးယူဖို့ ရှိတယ်လို့ ဆိုပါတယ်။
RFA News
စစ်ကိုင်းတိုင်းက ရဲစခန်းတွေကို နေပြည်တော် ရဲဌာနချုပ်က ဝင်ရောက်စီးနင်း ဇွန်လ ၁၆ ရက် မနေ့ညက စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်ရဲတပ်ဖွဲ့စခန်းနဲ့ တမူးခရိုင်ရဲတပ်ဖွဲ့စခန်းတွေ ကို နေပြည်တော် မြန် မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်က ဒုတိယရဲချုပ်ဦးစီးတဲ့ ရဲအင်အား ၁ဝဝ လောက်က ဝင်ရောက်စီးနင်းခဲ့တယ်လို့ RFA က စုံစမ်းသိရပါတယ်။

ဆောက် လုပ်ရေး လုပ်ငန်း များအား ကုန်သွယ် လုပ်ငန်းခွန် ကင်းလွတ် ခွင့် ပေးထားခြင်း ကို ပြန်ပြင် သင့် ဆောက် လုပ်ရေး ကုမ္ပဏီ အများစု အခွန် ၁၀ ပုံ တစ်ပုံမှ အပုံ ၁၀၀ ပုံ တစ်ပုံကြား သာ အခွန်ဆောင်

Photo: ဆောက်လုပ်ရေး လုပ်ငန်းများအား ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် ပေးထားခြင်းကို ပြန်ပြင် သင့် ဆောက်လုပ်ရေး ကုမ္ပဏီ အများစု အခွန် ၁၀ ပုံ တစ်ပုံမှ အပုံ ၁၀၀ ပုံ တစ်ပုံကြားသာ အခွန်ဆောင်
Tuesday, June 18, 2013

အစိုးရသစ်လက်ထက် ရောက်ရှိသည့်တိုင် ဆောက်လုပ်ရေး ကုမ္ပဏီကြီး များမှာ ယနေ့အထိ နည်းမျိုးစုံဖြင့် နှစ်စဉ်အခွန်ငွေ ကျပ်သန်းပေါင်း များစွာ ကို ရှောင်တိမ်းလျက်ရှိပြီး ဆောက်လုပ်ရေး ကုမ္ပဏီအများစု မှာ ပေးဆောင် သင့်သည့် အခွန်ထက် ၁၀ ပုံ တစ်ပုံမှ အပုံ ၁၀၀ ပုံကြားသာ အခွန်ပေးဆောင်နေကြောင်း သိရသည်။

ယင်းအပြင် စားသောက်ကုန်၊ လူသုံးကုန်မှအစ သတင်းစာအဆုံး လုပ်ငန်းအားလုံးအား ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံသော် လည်း ဆောက်လုပ်ရေး လုပ်ငန်းများအား ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် ပြုထားခြင်းမှာလည်း သင့်လျော်ခြင်း မရှိပဲ ပြန် လည်ပြင်ဆင်သင့်ကြောင်း အခွန်ထမ်းဆောင်နေသည့် ကုမ္ပဏီများမှ ထောက်ပြခဲ့ကြသည်။

မြန်မာနိုင်ငံတွင် ဆောက်လုပ်ရေး ကုမ္ပဏီပေါင်း ၈၃၀ နှင့်အထက် ရှိနေသော်လည်း အမှန်တစ်ကယ် အခွန်ပေးဆောင်နေသည့် ကုမ္ပဏီမှာ မပြောပလောက်သည့် အရေအတွက်သာ ရှိကြောင်း သိရသည်။

အစိုးရသစ် ပထမဆုံး လက်ထက် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်က လည်း မြန်မာနိုင်ငံ၏ ထိပ်ဆုံးအခွန်ထမ်း ၁၀၀ ဦးစာရင်း ထုတ်ပြန်ရာတွင် အဆိုပါ စာရင်း၌ ဆောက်လုပ်ရေး ကုမ္ပဏီ ၂၀ သာ ပါဝင်လာ ခဲ့ပြီး မြန်မာနိုင်ငံ၏ အိမ်ခြံမြေ ဈေးနှုန်းအမြင့်ဆုံး ရန်ကုန်မြို့တစ်ခွင် အဆောက်အအုံ အမြောက်အများ တည်ဆောက်သည့် ကုမ္ပဏီများ ပါဝင်မလာခဲ့ကြောင်း သိရသည်။

ရန်ကုန်က နာမည်ကြီး ဆောက်လုပ်ရေး ကုမ္ပဏီကြီး တချို့က တိုင်းဒေသကြီး အစိုးရ တာဝန်ရှိသူတွေ၊ စည်ပင်တာဝန်ရှိ သူတွေနဲ့ ရင်းနှီး နီးစပ်တယ်လို့ သိရတယ်။ တချို့ကုမ္ပဏီကြီး တွေဆိုရင် ထိပ်ပိုင်းတာဝန် ရှိသူတွေကို ဘယ်လောက်ထိ ပေးနေလဲတော့ မသိဘူး။ အောက်ခြေ ၀န်ထမ်းတွေကို i Phone, i Pad တွေ ပေးတယ်လို့တောင် သိရ...

အစိုးရသစ်လက်ထက် ဒုတိယနှစ်ဖြစ်သော ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်၏ ထိပ်ဆုံးအခွန်ထမ်း ၁၀၀ ဦးစာရင်းတွင်လည်း ယခင်ကကဲ့သို့ပင် နှစ်စဉ် ၀င်ငွေနှင့် သင့်တင့်စွာ အခွန်ပေးဆောင်နေသည့် ကုမ္ပဏီ အချို့သာ ထပ်မံပါဝင် လာခဲ့ကြောင်း စုံစမ်းသိရှိရသည်။

၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အထိ ထုတ်ပြန်ထားချက်များအရ ရန်ကုန်မြို့ရှိ အကြီးဆုံး ဆောက်လုပ်ရေး ကုမ္ပဏီများဖြစ်သည့် Naing Group, Father Land, Mother Land, နှင့် Shine တို့ကဲ့သို့ ကုမ္ပဏီကြီးများ အပါအ၀င် ဆောက်လုပ်ရေး ကုမ္ပဏီအချို့မှာ ထိပ်ဆုံး အခွန်ထမ်း စာရင်းတွင် ပါဝင်ခြင်း မရှိကြောင်း သိရသည်။

ထိပ်ဆုံးအခွန်ထမ်း ၁၀၀ ဦး ဆိုသည် မှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်က ၀င်ငွေခွန် ဆိုလျှင် ကျပ်သိန်း ၄၀၀၀၊ ၅၀၀၀ ပေးဆောင်ရုံဖြင့် အဆိုပါ စာရင်းတွင် ပါဝင်ခွင့်ရသည့် အနေအထား၌ပင် ပါဝင်မလာခြင်းမှာ ကျပ်သိန်း ၄၀၀၀၊ ၅၀၀၀ ပင်မဆောင်ပဲ သင့်တင့်သည့် အခွန်ပင် ပေးဆောင်ခြင်း မရှိသည်မှာ ထင်ရှားခဲ့သည်။

နည်းမျိုးစုံဖြင့် အခွန်တိမ်းရှောင် နေသော်လည်း တီဗီနှင့် နိုင်ငံပိုင် သတင်းစာများတွင်မူ ကြော်ငြာအများဆုံး ထည့်သွင်းနိုင်သည့် ကုမ္ပဏီ အမျိုးအစားများထဲ၌ ဆောက်လုပ်ရေး ကုမ္ပဏီများ ပါဝင်နေသည်။

ဆောက်လုပ်ရေး ကုမ္ပဏီများ အနေဖြင့် အခွန်ရှောင်တိမ်းရာတွင် အဓိကအားဖြင့် တိုက်ခန်း၊ ကွန်ဒို၊ မြေကွက်များအား ရာဖြတ်ရာတွင် အမှန်တစ်ကယ် အရောင်းအ၀ယ်ဖြစ်သည့် တန်ဖိုးထက် အဆပေါင်းများစွာ လျော့ချ၍ ရာဖြတ်ခြင်း၊ လုပ်ငန်း အရှုံးပြ၍ ၀င်ငွေခွန် မဆောင်ခြင်းတို့ ပြုလုပ်နေခြင်း ဖြစ်သည်။

ပြည်တွင်းအခွန်များ ဦးစီးဌာန အနေဖြင့် ဆောက်လုပ်ရေး ကုမ္ပဏီများအား သီးခြားအဖွဲ့ဖွဲ့ကာ တိကျစွာ စစ်ဆေးအခွန်ကောက်ရန် လိုအပ်နေပြီ ဖြစ် သည်။

ကွန်ဒိုတစ်ခန်းလျှင် လက်ရှိရန်ကုန်၌ ကျပ်သိန်း ၁၅၀၀ ၀န်းကျင်မှ ကျပ်သိန်း ၅၀၀၀ အထိ ဈေးသတ်မှတ် ရောင်းချလျက်ရှိပြီး ဆောက်လုပ်ရေး ကုမ္ပဏီများသည် အနည်းဆုံး ၁၀ ရာခိုင်နှုန်း အမြတ်မှ အများဆုံး ၅၀ ရာခိုင်နှုန်းအထိ အမြတ်ရရှိကြောင်း သိရသည်။

ထိုသို့ အမြတ်အစွန်း ရရှိသည့် လုပ်ငန်းအပေါ် ကုန်သွယ်လုပ်ငန်းခွန် မကောက်ပဲ ကင်းလွတ်ခွင့် ပြုထားခြင်းမှာ နိုင်ငံများစွာ နစ်နာသည့် အတွက် ပြည်တွင်းအခွန်များ ဦးစီးဌာန အနေဖြင့် ဆောက်လုပ်ရေး လုပ်ငန်းများအပေါ် ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံသင့်သည် ဟု ထောက်ပြကြခြင်း ဖြစ်သည်။

ထိပ်ဆုံးအခွန်ထမ်း ၁၀ ဦးစာရင်းတွင် ပါဝင်သည့် ဆောက်လုပ်ရေး ကုမ္ပဏီလုပ်ငန်းရှင် တစ်ဦးက''ကျွန်တော့်အနေနဲ့ ကျပ်သန်း ၁၀၀၀၊ ၂၀၀၀ ကျော်လောက်ပဲ အခွန်ဆောင်တာတောင် ထိပ်ဆုံး အခွန်ထမ်း ၁၀ ဦးထဲပါတယ်။ အနည်းဆုံး ကျပ်သိန်း ၄၀၀၀၊ ၅၀၀၀ ဆောင်ရင်တောင်မှ ထိပ်ဆုံး အခွန်ထမ်း ၁၀၀ ဦး စာရင်းဝင်ပါတယ်။ ဒါက ၂၀၁၁-၂၀၁၂ အခွန်ထမ်း ၁၀၀ စာရင်းအရ ပြောတာ။ ကျပ်သိန်း ၄၀၀၀၊ ၅၀၀၀ ဆိုတာ နေရာကောင်းက ကွန်ဒိုအခန်း တစ်ခန်းစာပဲ ရှိပါတယ်။ ဒီတော့ သူတို့တွေ ပေးဆောင်သင့်တဲ့ အခွန်ရဲ့ ၁၀ ပုံ တစ်ပုံကနေ အပုံ ၁၀၀ ပုံ တစ်ပုံပဲ ဆောင်နေတာ ထင်ရှားနေတာပဲ။ ဒါက ပြည်တွင်းအခွန် အနေနဲ့ လုပ်ရမယ့် ကိစ္စပါ'' ဟု သုံးသပ် ပြောကြားခဲ့သည်။

''ရန်ကုန်က နာမည်ကြီး ဆောက်လုပ်ရေး ကုမ္ပဏီကြီး တချို့က တိုင်းဒေသကြီး အစိုးရ တာဝန်ရှိသူတွေ၊ စည်ပင်တာဝန်ရှိ သူတွေနဲ့ ရင်းနှီး နီးစပ်တယ်လို့ သိရတယ်။ တချို့ကုမ္ပဏီကြီး တွေဆိုရင် ထိပ်ပိုင်းတာဝန် ရှိသူတွေကို ဘယ်လောက်ထိ ပေးနေလဲတော့ မသိဘူး။ အောက်ခြေ ၀န်ထမ်းတွေကို i Phone, i Pad တွေ ပေးတယ်လို့တောင် သိရပါတယ်'' ဟု လုပ်ငန်းရှင်တစ်ဦးက ပြောပါသည်။

ဆောက်လုပ်ရေး ကုမ္ပဏီ ၈၃၀ နှင့် အထက်တွင် ကုမ္ပဏီ ၂၀ သာ ကျပ်သိန်း ၄၀၀၀၊ ၅၀၀၀ နှင့်အထက် ပေးဆောင်သည်ဆို လျှင် နိုင်ငံအတွက် နှစ်စဉ် အခွန်ငွေ မည်မျှနစ်နာသည်ကို တွက်ချက်နိုင်မည် ဖြစ်သည်။

ထိုသို့ နိုင်ငံနစ်နာ စေသည်အထိ အခွန်တိမ်းရှောင်နေသည့် ဆောက်လုပ်ရေး ကုမ္ပဏီများအပေါ် အခွန်တိကျစွာ စိစစ်ကောက်ခံရန်နှင့် ကုန်သွယ် လုပ်ငန်းခွန်ကိုပါ ထည့်သွင်းကောက်ခံရန် ပြည်တွင်းအခွန်များ ဦးစီးဌာနမှ စီစဉ်ရမည့်အစား ပို့ကုန် သွင်းကုန် ကုမ္ပဏီများအပေါ် ကြိုတင်ခွန် ကောက်ခံနေသည်မှာလည်း မေးခွန်းထုတ်စရာအဖြစ် ရှိနေသည်ဟု ဆိုကြသည်။

ပို့ကုန် သွင်းကုန် လုပ်ငန်းရှင် တစ်ဦးက ''ပို့ကုန်သွင်းကုန် လုပ်ငန်းတွေကို အခွန် နှစ်ရာခိုင်နှုန်း ကြိုကောက်တယ်။ ဒီလောက် ၁၀ ပုံ ၁ ပုံပဲပေးပြီး အခွန်ရှောင်နေတဲ့ ကုမ္ပဏီကြီးကျတော့ ကုန်သွယ်ခွန်ပါ လွှတ်ပေး ထားတာ ပြင်သင့်လား မသင့်လား။ ကုန်သွယ်ခွန်ပါ ကောက်သင့်လား မသင့်လား ပြည်တွင်းအခွန် သိပါတယ်'' ဟု ပြောပြခဲ့သည်။

ရန်ကုန်မြို့ရှိ အကြီးဆုံး ဆောက်လုပ်ရေး ကုမ္ပဏီ တစ်ခုဖြစ်သည့် Naing Group ဆောက်လုပ်ရေး ကုမ္ပဏီမှ တည်ဆောက်လျက်ရှိသော စမ်းချောင်းမြို့နယ် အတွင်းမှ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခု (ဓာတ်ပုံ- ၀င်းမြင့်ကျော်)
EMG
ရန်ကုန်မြို့ရှိ အကြီးဆုံး ဆောက်လုပ်ရေး ကုမ္ပဏီ တစ်ခုဖြစ်သည့် Naing Group ဆောက်လုပ်ရေး ကုမ္ပဏီမှ တည်ဆောက်လျက်ရှိသော စမ်းချောင်းမြို့နယ် အတွင်းမှ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခု (ဓာတ်ပုံ- ၀င်းမြင့်ကျော်)
အစိုးရသစ်လက်ထက် ရောက်ရှိသည့်တိုင် ဆောက်လုပ်ရေး ကုမ္ပဏီကြီးများမှာ ယနေ့အထိ နည်းမျိုး စုံဖြင့် နှစ်စဉ်အခွန်ငွေ ကျပ်သန်းပေါင်းများစွာကို ရှောင်တိမ်းလျက်ရှိပြီး ဆောက်လုပ်ရေး ကုမ္ပဏီအများ စုမှာ ပေးဆောင်သင့်သည့် အခွန်ထက် ၁၀ ပုံ တစ်ပုံမှ အပုံ ၁၀၀ ပုံကြားသာ အခွန်ပေးဆောင်နေကြောင်း သိရသည်။

အပ်ငွေနှင့် ချေးငွေအကြား ကွာဟချက် ငါးရာခိုင်နှုန်းအထိ ရှိနေခြင်းအပေါ် ဝေဖန်နေကြ

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဘဏ်တိုးနှုန်းအား ၁၀ ရာခိုင်နှုန်းသာ သတ်မှတ်ထားသော်လည်း ပုဂ္ဂလိက ဘဏ်များအချင်းချင်း ညှိနှိုင်း၍ အပ်ငွေနှင့် ချေးငွေအကြား ၅ ရာခိုင်နှုန်းအထိ ကွာဟနေခြင်း ဝေဖန် မှုများ ရှိနေကြောင်း သိရှိရပါသည်။

၂၀၁၅-၂၀၁၆ တွင် မို ဘိုင်း ဖုန်း လိုင်း အင်အား ၁၄ သန်း ထိ တိုးချဲ့မည်

6.17.6
သင်္ဃန်းကျွန်းမြို့နယ် ဇ တောင်ရပ်ကွက်တွင် ကျပ် ၁၅၀၀ ဖုန်းများ မဲနှိုက်နေသည်ကို တွေ့ရစဉ်(ဓာတ်ပုံ-စောရည်နန္ဒာ)
ကုမ္ပဏီများဖွဲ့စည်းပြီး ပြုပြင်ပြောင်းလဲ မှုများကြောင့် မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း ကိုင်ဆောင်မည့် လူဦးရေ မှာ ၂၀၁၅-၂၀၁၆တွင် ၈၅ ရာခိုင်နှုန်းအထိ တိုးမြင့်လာမည်ဟု ခန့်မှန်းထားပြီး ၂၀၁၅-၂၀၁၆ ခုနှစ် တွင် လည်း မိုဘိုင်းဖုန်းလိုင်း အင်အားကို ၁၄ သန်းအထိ တိုးချဲ့လုပ်ကိုင် သွားမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ် ငန်း၏ ထုတ်ပြန်ချက်များအရ သိရသည်။

ပွင့်လင်းမြင် သာ မှု အတွက် ဘာသာရေး ဓလေ့ စရိုက်များ လေ့ လာခြင်း အစီ အစဉ်နှင့် ငြိမ်း ချမ်းရေး နှီးနှော ဖလှယ်ပွဲ အား အာရ် ကတ်တီ ဗလီတွင် ပြုလုပ်

religious-june17
ဗလီများအတွင်း မည်သည့်တိုက်ခိုက်ရေး ပစ္စည်းမျှ သိုဝှက်မထားကြောင်း ရှင်းလင်းသည့် သတင်းစာ ရှင်းလင်းပွဲကို ဇွန် ၁၆ ရက်က ပြုလုပ်နေစဉ်
အစ္စလာမ် ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များအကြား ယုံကြည်မှု ပြန်လည်ပေါ်ပေါက်ရန်နှင့် ဗလီများ အတွင်း မည်သည့်တိုက်ခိုက်ရေး ပစ္စည်းမျှ သိုဝှက်မထားကြောင်း ရှင်းလင်းသည့် ပွင့်လင်းမြင်သာမှု အတွက် ဘာသာရေး ဓလေ့စရိုက်များအား လေ့လာခြင်း အစီအစဉ်နှင့် ငြိမ်းချမ်းရေး နှီးနှောဖလှယ်ပွဲအား ဇွန် ၁၆ ရက်က ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော်လမ်းရှိ အာရ်ကတ်တီဗလီတွင် နံနက် ၉ နာရီမှ ၁၂ နာရီ အထိ ကျင်းပခဲ့ကြောင်း သိရသည်။

သိမ်ဖြူယာဉ်မောင်းသင် ကွင်းကို စည်ပင်မှ ရွှေတောင်ကုမ္ပဏီသို့ ဈေးဝယ်စင်တာ အပါအ၀င် အဆောက် အအုံ များ ဆောက်လုပ်ရန် လွှဲပြောင်းခြင်း ရပ်ဆိုင်းရန် တောင်းဆို

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူကွင်းအတွင်းရှိ အငှားယာဉ်မောင်းသင်တန်းကွင်းအား ဈေး ၀ယ်စင်တာ၊ ရုံးခန်းနှင့် အဆောက်အအုံများ ဆောက်လုပ်ရန် ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော် မတီမှ ရွှေတောင်ကုမ္ပဏီသို့ လွှဲပြောင်းပေးခဲ့မှုအပေါ် ယခင် အားကစားကွင်းအတိုင်း ပြန်လည်ပေးအပ်ရန် မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူများက ဇွန် ၁၇ ရက်က မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်းတွင် ကျင်းပ ခဲ့သည့် သတင်းစာရှင်းလင်းပွဲ တွင် ပြောကြား သည်။

တည်ဆောက် ဆဲ ကြယ် ငါးပွင့် အဆင့်ရှိ ဟိုတယ် အချို့ ယခုနှစ် အတွင်း ပြီးစီးမည်

6.17.13
ကန်တော်ကြီး ကန်ရိပ်သာလမ်းတွင် တည်ဆောက်လျက်ရှိသော Shangri-La စီမံကိန်း လုပ်ငန်းခွင် (ဓာတ်ပုံ-အောင်မြတ်ကို)

ရန်ကုန်မြို့၌ တည်ဆောက်လျက်ရှိသော ကြယ်ငါးပွင့် အဆင့်ရှိ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု ဟိုတယ်နှင့် စီးပွားရေး အဆောက်အအုံ စီမံကိန်း အချို့အား ၂၀၁၃ ခုနှစ်အတွင်း၌ ပြီးစီးဖွင့်လှစ် နိုင်တော့ မည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။