Sunday 30 December 2012

ပြည်သူ့စစ် စခန်းကို ကေအိုင်အေ စီးနင်းတိုက်ခိုက်

ပြည်သူ့စစ် စခန်းကို ကေအိုင်အေ စီးနင်းတိုက်ခိုက်
Sunday, 30 December 2012

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် တောင်နီ ကျေးရွာ ပြည်သူ့ စစ်စခန်းကို
ကေအိုင်အေက ယနေ့ နံနက် ၂ နာရီ ဝန်းကျင် ခန့်တွင် စီးနင်း တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက The Voice Weekly သို့ ဆက်သွယ် ပြောကြားသည်။

ယင်း တိုက်ခိုက်မှုကို ကေအိုင်အေ တပ်မဟာ ၂ လက်အောက်ခံ 
တပ်ရင်း၅ မှ အထူး တိုက်ခိုက်ရေး အင်းအား ၇၀ ဝန်းကျင် ခန့်က 
အဖွဲ့နှစ်ဖွဲ့ ခွဲကာ တောာင်နီကျေးရွာ အရှေ့ဘက် ဇွတ်လျန် ကျေးရွာဘက်မှ ဝင်ရောက်လာပြီး ခရမ ၃၈၄ ဒုအရာခံဗိုလ် ဦးစီးသည့် ပြည်သူ့စစ် စခန်း နှင့် ခလရ ၁၀၅ တပ်ရင်းမှ ဗိုလ်ကြီး ဦးစီးသည့် မန္တလေး- မြစ်ကြီးနားလမ်း လုံခြုံရေး ယူထားသည့် ပြည်သူ့စစ် စခန်းများကို စီးနင်း တိုက်ခိုက်ခဲ့ခြင်း
ဖြစ်ကြောင်း မိုးညှင်းခရိုင် အုပ်ချုပ်ရေး အဖွဲ့က အတည်ပြု ပြောကြားသည်။

ယင်းတိုက်ခိုက်မှု များနှင့် ပတ်သက်၍ ကေအိုင်အေထံ အတည်ပြုချက်နှင့် သဘောထား မှတ်ချက် တို့ကို တောင်းခံ နေဆဲ ဖြစ်သည်။

The Voice Weekly
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် တောင်နီ ကျေးရွာ ပြည်သူ့ စစ်စခန်းကိုကေအိုင်အေက ယနေ့ နံနက် ၂ နာရီ ဝန်းကျင် ခန့်တွင် စီးနင်း တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက The Voice Weekly သို့

ထိုင်းအမျိုးသမီးတစ်ဦး အိုးဖာတိပ်ထဲတွင် စိတ်ကြွဆေးမှုန့်များ ထည့်သယ်ယူစဉ် စင်္ကာပူလေဆိပ်တွင် ဖမ်းမိ

ထိုင်းအမျိုးသမီးတစ်ဦး အိုးဖာတိပ်ထဲတွင် စိတ်ကြွဆေးမှုန့်များ ထည့်သယ်ယူစဉ် စင်္ကာပူလေဆိပ်တွင် ဖမ်းမိ
Saturday, December 29, 2012

စင်္ကာပူ Changi လေဆိပ်၊ တွင် ICA မှ ထိုင်းအမျိုးသမီး (၂၉နှစ်)
အား ပုံမှန်စစ်ဆေးနေကျအတိုင်း စစ်ဆေးရာ အဆိုပါအမျိုးသမီး၏ မိုးကာအိတ်အတွင်းရှာဖွေစဉ် အိတ်လက်ကိုင်အားမသင်္ကာ
သဖြင့် သေချာဖြတ်ထုတ်ဖွင့်စစ်ခဲ့ရာ လက်ကိုင်အမာသဏ္ဍန်လုပ်ပြီး ထည့်ထားသော အလူမီနီယမ်အလိပ်အား ရှာဖွေတွေ့ရှိခဲ့ပါသည်။

အလူမီနီယမ်လိပ်အတွင်း စိတ်ကြွဆေးမှုန့်များအား ထည့်လိပ်ယူဆောင်
လာစဉ် ဖမ်းမိခြင်းဖြစ်ပြီး အဆိုပါအမျိုးသမီးနှင့် အတူပါလာသော အခြား
အိတ်လက်ကိုင်များအား စစ်ဆေးရာ အလားတူစိတ်ကြွဆေးမှုန့်များ
တွေ့ရှိပြီး စိတ်ကြွဆေးမှုန့် ၃.၁ KG ဖမ်းဆီးရမိခဲ့ပါသည်။

Thit Htoo Lwinစင်္ကာပူ Changi လေဆိပ်၊ တွင် ICA မှ ထိုင်းအမျိုးသမီး (၂၉နှစ်)အား ပုံမှန်စစ်ဆေးနေကျအတိုင်း စစ်ဆေးရာ အဆိုပါအမျိုးသမီး၏ မိုးကာ အိတ်အတွင်းရှာဖွေစဉ် အိတ်လက်ကိုင်အားမသင်္ကာ သဖြင့် သေ ချာဖြတ် ထုတ်ဖွင့် စစ်ခဲ့ရာ လက်ကိုင်အမာသဏ္ဍန်လုပ်ပြီး ထည့်

မြန်မာ့ပထမဆုံး သုံးမြွှာတာဝါ Junction မြို့တော်စီမံကိန်းကြီး ရန်ကုန်တွင် တည်ဆောက်ရန်ရှိ

မြန်မာ့ပထမဆုံး သုံးမြွှာတာဝါ Junction မြို့တော်စီမံကိန်းကြီး ရန်ကုန်တွင် တည်ဆောက်ရန်ရှိ မြန်မာနိုင်ငံ၏ ပထမဆုံးအဖြစ်မြေဧရိ ယာစတုရန်းပေ နှစ်သန်း   ကျော်ပေါ်တွင် သုံးမြွှာယှဉ်တွဲကာ ဆောက်လုပ် မည့် အထပ်

ဆောင်းရာသီတွင်ဆံပင်နှင့်အရေပြားထိန်းရန်လိုက်နာသင့်သော အခြေခံအချက်များ

Photo: ဆောင်းရာသီတွင်ဆံပင်နှင့်အရေပြားထိန်းရန်လိုက်နာသင့်သော အခြေခံအချက်များ
Saturday, December 29, 2012

ဒီဇင်ဘာ (ဒါမှမဟုတ်) မင်္ဂလာပွဲ များ၊ ပွဲတော်များ၊ ခရီးထွက်ခြင်းများသဖြင့် ပါတီပွဲကျင်းပရာ လရာသီဖြစ် သည့်အလျောက် လူတိုင်းသည် အကြောင်း
အမျိုးမျိုးကြောင့် ပျော်ရွှင် နေကြသည်။ 

သို့သော် ဤကဲ့သို့ ပျော်ရွှင် စရာကောင်းလှသောဆောင်း လရာသီ၌ အရေပြားခြောက်ခြင်း၊ ဆံပင်များခြောက်ခြင်းက သင့်ရဲ့လှပမှု ကို လုယူသွားနိုင်ပါသည်။ 

ထို့ကြောင့် ဤကဲ့သို့မဖြစ်ပွားရန် ဆောင်းရာသီ၌ အခြေခံလိုက်နာ
သင့်သည့်အချက်များကို ဖော်ပြလိုက်ပါသည်။

(၁) ရေခပ်နွေးနွေးနှင့်ချိုးပေးပါ။ ဆောင်းရာသီဆိုသည်မှာ အရေပြား နှင့်ဆံပင်အတွက် ဂရအစိုက်သင့်ဆုံး ရာသီဖြစ်ပါသည်။ ရေနွေးပူပူနှင့်ရေ ချိုးမည့်အစား ရေခပ်နွေးနွေးလေးဖြင့် ချိုး၍ခန္ဓာကိုယ်ကိုရေဓာတ်ပြန်လည် ဖြည့် တင်းပေးနိုင်သောဆပ်ပြာမျိုးကိုသုံးပါ။

(၂) ချေးချွတ်ပေးပါ။ ဆောင်း ရာသီတွင် အခန်းတွင်းနှင့်အခန်းပြင်ပ အပူချိန်ကွာခြားမှုကအရေပြားပေါ်တွင် သက်ရောက်မှုများစွာရှိပေသည်။ ထို့ ကြောင့်ရေချိုးတိုင်းတွင်ချေးတွန်းပစ္စည်း ဖြင့်ဆဲလ်သေများကိုခွာချခြင်းကဆဲလ် သစ်များဖြစ်ပေါ်စေရန်အားပေးသည်။

(၃) ရေဓာတ်ပြန်လည်ဖြည့်တင်း ပေးသောအလှကုန်များကို အသုံးပြုပါ။ တစ်ကိုယ်လုံးရှိအရေပြားများကို ရေဓာတ်ပြန်လည်ဖြည့်တင်းပေးဖို့ လိုအပ် ပါတယ်။ အထူးသဖြင့် လက်ဖဝါး၊ လက်သဲ၊ ခြေထောက်နှင့် နှုတ်ခမ်းတို့ကို အစဉ်သဖြင့် ရေဓာတ် ပြည့်ဝနေရန် လိုပေသည်။

(၄) နေရောင်ကာခရင်သုံးပါ။ နေရောင်ကာခရင်တွေကနွေရာသီမှာပဲ သုံးဖို့မဟုတ်ပါဘူး။ တစ်နှစ်ပတ်လုံး အပြင်ထွက်တာနဲ့အသုံးပြုသင့်တာပါ။

(၅) ချွေးနံပျောက်ဆေး အလွန် အကျွံသုံးခြင်း ရှောင်ပါ။ ဆောင်းရာ သီ မှာ ချွေးထွက်မများတဲ့အတွက် ချွေးနံပျောက်ဆေးသုံးမှုကို လျော့သင့် ပါသည်။ အကြောင်းမှာ ချွေးနံပျောက်ဆေးများတွင် alcohol ပါဝင်သည့် အတွက် ယင်းတို့က အရေပြားမှ ရေ ဓာတ်များကို ဆုံးရှုံးစေ၍ အရေပြား ကို ခြောက်သွေ့စေသည်။

(၆) ကွန်ဒီရှင်နာအသုံးပြုပါ။ ဆောင်းရာသီတွင်ချွေးထွက်မများသည့် အတွက် ခေါင်းခဏခဏ မလျှော်သင့် ပါဘူး။ ခေါင်းခဏခဏ လျှြော်ခင်းက ဦးရေပြားကိုခြောက် သွေ့စေပါသည်။ ထို့ကြောင့်ခေါင်းလျှော်ရည်အပျော့စား နှင့်ရေကြက်သီးနွေးဖြင့်ခေါင်းလျှော်ပေး ပြီးကွန်ဒီရှင်နာကို အသုံးပြုပေး သင့်ပါသည်။အုန်းနို့နှင့်ပြုလုပ်ထားသောကွန် ဒီရှင်နာမှာ ယခုရာသီ အတွက်အကောင်း ဆုံး ဖြစ်သည်။)

(၇) ခေါင်းကို ပုံမှန်ဆီထည့်ပါ။ အလုပ်မည်မျှပင်ရှုပ်နေပါစေ၊ခေါင်းကို ဆီထည့်ပေးဖို့ မမေ့ပါနှင့်၊ ခေါင်းကို ဆီထည့်ပေးခြင်းဖြင့် ဦးရေပြား သွေး လှည့်ပတ်မှုမှန်စေပြီး ရေဓာတ်ဆုံးရှုံး မှုမှကာကွယ်ပေးနိုင်ပါသည်။

(၈) သင့်လျော်သောအလှပြင် ပစ္စည်းသုံးပါ။ ဆံပင်အခြောက်ခံစက်တွေ၊ ဆံပင်ကောက်စက်တွေ၊ ဖြောင့် စက်တွေ အသုံးမပြုပါနှင့်။ ဤဆံပင် အလှပြင်ပစ္စည်းများသည် အများအား ဖြင့် အပူကို အခြေခံပြီးပြုပြင်
ကြခြင်း ဖြစ်သည်။အကယ်၍ အလှပြင်ပစ္စည်း များကို ဆောင်းရာသီ
တွင် အသုံးပြု ပါက အရေပြားကို ဆိုးဝါးစွာ ထိခိုက် စေသည်။ ပလတ်စတစ်နှင့်လုပ်ထား သောဘီးများကိုသုံးမည့်အစားသစ်သား ဘီးကို အသုံးပြုသင့်ပါတယ်။ အထက် ကအချက်တွေပြုလုပ်ပြီးပြီဆိုလျှင်အချိန် လည်း ရ ဘဏ္ဍာရေးလည်းလုံလောက်ပါ ကအလှပြင်ဆိုင် ကောင်းကောင်းသို့
သွား၍ဦးရေပြားအတွက်လိုအပ်သော ပရိုတင်းဓာတ် ကိုဖြည့်တင်းသင့် ပါတယ်။

(၉) သိုးမွေးဦးထုပ်တွေ၊လည်စည်းတွေ၊ ခြေအိတ်တွေက စတိုင်ကျကောင်း
ကျပါလိမ့်မည်။သို့သော်ယင်းတို့ကအမွှေး အမျှင်များပြတ်ထွက်ခြင်း
ကိုဖြစ်ပေါ်စေ သည်။ အထူးသဖြင့်ဂုတ်ပိုးနှင့်နဖူးတို့၌ ဖြစ်သည်။ 
ထို့ကြောင့် ၎င်း တို့အား ဝတ်ဆင်ရာတွင်ကျပ်တည်းစွာ မဝတ်ဆင် ဘဲဦးရေပြားအတွက်လုံလောက်သော လေရရှိရန်ခပ်လျော့လျော့
ဝတ်ဆင်သင့် ပါသည်။

မိုင်ကိ
Ref:MNT
Health Updates Journal ဒီဇင်ဘာ (ဒါမှမဟုတ်) မင်္ဂလာပွဲ များ၊ ပွဲတော်များ၊ ခရီးထွက်ခြင်း များသဖြင့် ပါတီပွဲကျင်းပရာ လရာသီဖြစ် သည့်အလျောက် လူတိုင်း

ဝိုင်းမော်တွင် ဒုက္ခသည်စခန်းများ၌ လူဦးရေ နှစ်ဆတိုးလာ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း  စစ်ဘေးရှောင် ဒုက္ခသည် စခန်းများတွင်  ဒုက္ခသည်ဦးရေ နှစ်ဆနီးပါး များလာကြောင်း

ပါကစ္စတန် ပြန်ပေးဆွဲ သတ်ဖြတ်မှု ၂၁ ဦးသေ

ပါကစ္စတန်နိုင်ငံ ပက်ရှ်ဝါမြို့နားမှာ  ကြာသပတေးနေ့က စစ်သွေးကြွ ရဲ့
 ပြန်ပေးဆွဲခြင်းကို ခံလိုက်ရတဲ့ လူမျိုးစုတွေရဲ့ ပြည်သူ့စစ် ၂၁ ယောက်

ရခိုင်စက်လှေ အလုပ်သမားရှစ်ဦး ပျောက်ဆုံးနေမှု စက်လှေပိုင်ရှင်က ဖုံးကွယ်ထား

စစ်တွေသား ခြောက်ဦး နှင့် ကျောက်ဖြူသားနှစ်ဦးတို့ သည် ပြီးခဲ့သည့် ဒီဇင်ဘာ  (၂၁) ရက်နေ့တွင် စက်လှေလုပ်သားများအဖြစ် ကုန်သွယ်