
ပန်းတောင်းမြို့နယ်မှ ကျွန်းစိုက်ခင်းတစ်ခု
မြန်မာနိုင်ငံ၏ သစ်တောပြုန်းတီးမှုမှာ နှစ်စဉ်ဧက ကိုးသိန်းကျော်အထိ ရှိနေသည်ဟု ပတ်ဝန်းကျင် ထိန်း သိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအေးမြင့်မောင်က အမျိုးသားလွှတ်တော် န၀မ ပုံမှန် အစည်းအဝေးတွင် ပြောကြားခဲ့ပြီး သစ်တောများ ပြန်လည်စိုက်ပျိုးနိုင်မှုမှာ ရှစ်နှစ်အတွင်း ပုဂ္ဂလိက ကျွန်းစိုက် ခင်းနှင့် သစ်မာစိုက်ခင်းဧက တစ်သိန်းခွဲကျော်သာ ပြန်လည်စိုက်ပျိုးနိုင်ခဲ့ပြီး သစ်ထုတ်လုပ်ခွင့်ရ ကုမ္ပဏီ ၁၈ ခုမှ လေးနှစ်တာကာလအတွင်း ကျွန်းစိုက်ခင်းဧက ၁၀၃၀၀ သာ ပြန်လည်စိုက် ပျိုး နိုင် ခဲ့ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ သိရသည်။