Saturday 19 September 2015

မားစ်ကူးစက်မှုကြောင့် ဟာ့ဂ်ျဝတ်ပြု ခရီးသွား အရေအတွက် ကျဆင်းနိုင်ကြောင်း ဆော်ဒီအစိုးရ ကြေညာ


မားစ်ရောဂါပိုး ခြိမ်းခြောက်မှုကြောင့် ယခုနှစ် ဟာ့ဂ်ျဝတ်ပြုခရီးအတွက် လာရောက်သူ အရေအတွက် လျော့ပါးဖွယ်ရှိကြောင်း ဆော်ဒီအာရေဗျ အစိုးရက ကြေညာခဲ့သည်။
အစ္စလာမ် ဘာသာရေးအရ ဟာ့ဂ်ျကာလတွင် ဆော်ဒီနိုင်ငံရှိ မက္ကာမြို့သို့ ဝတ်ပြုခရီး သွားရောက်ခြင်းသည် အမြင့်ဆုံး လုပ်ဆောင်မှု တစ်ခုဖြစ်ရာ နှစ်စဉ် ကမ္ဘာအရပ်ရပ်မှ မွတ်ဆလင် သန်းပေါင်းများစွာ ဟာ့ဂ်ျခရီးစဉ် လာရောက်လေ့ ရှိသည်။ သို့သော်လည်း ယခုနှစ်တွင်မူ ဆော်ဒီ၏ မားစ်ရောဂါ ပြဿနာက ဟာ့ဂ်ျခရီးသွား အရေအတွက်ကို လျော့ပါးသွားစေနိုင်ကြောင်း ကျန်းမာရေးဝန်ကြီး ခါလက်ဒ် အယ်လ် ဖာလီဟ်က စက်တင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

ခမာနီများအကြောင်း ရိုက်ကူးမည့် ဂျိုလီ၏ ရုပ်ရှင်ကို ကမ္ဘောဒီးယား ဝန်ကြီးချုပ် ထောက်ခံ



ခမာနီတို့၏ ရက်စက်ကြမ်းကြုတ်မှုများကို ပုံဖော်မည့် အန်ဂျလီနာ ဂျိုလီ၏ ရုပ်ရှင်ကို ထောက်ခံကြောင်း ကမ္ဘောဒီးယား ဝန်ကြီးချုပ်က ပြောကြားလိုက်သည်။အော်စကာဆုရှင် ဟောလိဝုဒ် မင်းသမီးသည် စက်တင်ဘာ ၁၇ ရက်က ဖနွမ်ပင် မြို့တော်တွင် ဝန်ကြီးချုပ် ဟွန်ဆန်းနှင့် တွေ့ဆုံရာ၌ ဝန်ကြီးချုပ်က ယခုလို ပြောဆိုသွားခြင်း ဖြစ်သည်။ ဂျိုလီသည် တစ်ချိန်က ကမ္ဘောဒီးယားကို အုပ်စိုးခဲ့ပြီး လူပေါင်းများစွာကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့သည့် ခမာနီ အစိုးရနှင့် ပတ်သက်သော ရုပ်ရှင်တစ်ကားကို ဒါရိုက်တာအဖြစ် တာဝန်ယူ ရိုက်ကူးလျက် ရှိသည်။
First They Killed My Father: A Daughter of Cambodia Remembers အမည်ရှိ ဇာတ်ကားသည် အစွန်းရောက် ကွန်မြူနစ် ခမာနီတို့ လက်ထက်က ကမ္ဘောဒီးယားမှ လူ့အခွင့်အရေး လှုပ်ရှားသူ လောင်အန်း၏ ဘဝသရုပ်ကို အခြေခံ ပုံဖော်ထားခြင်း ဖြစ်သည်။ ခမာနီတို့ကို ကမ္ဘောဒီးယားကို ၁၉၇၅ မှ ၁၉၇၉ ခုနှစ်ထိ အုပ်စိုးခဲ့ပြီး ကြမ်းကြုတ်စွာ သုတ်သင်မှုများ၊ အစာငတ်မွတ်မှု၊ အလုပ်ဖိစီးမှုများကြောင့် လူ ၂ သန်းမျှ အသက်ဆုံးရှုံးခဲ့ကြောင်း သမိုင်းမှတ်တမ်း ကျန်ရှိနေခဲ့သည်။

ပယ်လ်မိုင်ရာရှိ အိုင်အက်စ်တို့ကို ဆီးရီးယားလေတပ် အပြင်းအထန် တိုက်ခိုက်


စစ်သွေးကြွများ ထိန်းချုပ်ထားသည့် ပယ်လ်မိုင်ရာမြို့ကို အပြင်းထန်ဆုံး ဗုံးကြဲစစ်ဆင်ရေးတစ်ရပ် ဆင်နွှဲခဲ့ကြောင်း သိရသည်။
ယခုသီတင်းပတ်အတွင်း လေတပ်၏ စစ်ဆင်ရေးတွင် အနည်းဆုံး လေကြောင်းတိုက်ခိုက်မှု ၂၅ ကြိမ်မျှ ပြုလုပ်ခဲ့ပြီး ၂၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဗြိတိန် အခြေစိုက် ဆီးရီးယားအရေး စောင့်ကြည့်အဖွဲ့က ပြောကြားခဲ့သည်။ ယင်းသေဆုံးသူများတွင် စစ်သွေးကြွ ၁၂ ဦးလည်း ပါဝင်ကြောင်း ၎င်းအဖွဲ့၏ ဖော်ပြချက်တွင် ပါရှိသည်။

ကျေးရွာမီးလင်းရေး ကုန်ကျငွေစာရင်း အတိအကျထုတ်ပြန်ပေးရန် ပြောဆိုသူ ရွာသားနှစ်ဦး အသရေဖျက်မှုဖြင့် တရားစွဲခံရ


 ကျောက်တန်းမြို့နယ်၊ ကုလားတန်းကျေးရွာ လျှပ်စစ်မီးလင်းရေးကော်မတီဝင်က ငွေစရင်းရှင်းတမ်း အတိအကျထုတ်ပြန်ပေးရန် ပြောဆိုသဖြင့် အသရေဖျက်မှုဖြင့် တရားစွဲခံရကြောင်း ကာယကံရှင်များ က မြန်မာနိုင်ငံသတင်းစာဆရာအသင်း ရန်ကုန်ရုံးခန်း၌ သတင်းစာရှင်းပွဲပြုလုပ်ပြောဆိုသည်။

တရားစွဲခံရသူတစ်ဦးဖြစ်သည့် ဒေါ်တင်မာလွင်က ''သြဂုတ်လ ၇ ရက်နေ့ကပြုလုပ်တဲ့ မီးလင်းရေး ကော်မတီအစည်းအဝေးမှာ ကျွန်မနဲ့အတူ ကျေးရွာသား ၄ ဦးက ငွေစာရင်းကိစ္စမေးမြန်းတာ မရှင်းလင်းဘဲ တိုင်ချင်ရာတိုင်လို့ပြောပြီး အစည်းအဝေး ရပ်နားခဲ့တယ်။ နောက်ပြီး ပုဒ်မ ၅၀၀ နဲ့ တရားစွဲခံရတယ်။'' ဟု စက်တင်ဘာ ၁၈ ရက် သတင်းစာရှင်းပွဲတွင်ပြောသည်။

တစ်ညတည်းဆံပင်ပုံစံနှစ်မျိုးပြောင်းခဲ့တဲ့ ကေတီပယ်ရီ


အမေရိကန်ပေါ့ပ် စတားကေတီပယ်ရီသည် တစ်ည တည်းတွင် ဆံပင်ပုံစံနှစ်မျိုးပြောင်း၍ ပွဲတက်ခဲ့သည်ဟုသိရသည်။ကေတီပယ်ရီသည် စက်တင်ဘာ ၁၆ ရက်တွင် နယူး ယောက်မြို့ The Plaza ဟိုတယ်၌ ကျင်းပပြုလုပ်သော Harper's Bazaar Icons ပွဲသို့တက်ရောက်ခဲ့သည်။ ကေတီပယ် ရီသည် တလက်လက်တောက်ပ နေသော ဂါဝန်နှင့်လိုက်ဖက်သည့် နီညိုရောင်ဆံပင်ပုံစံနှင့် အနီ ရောင်ကော်ဇောထက်၌ ပထမ ဦးစွာလျှောက်လှမ်းခဲ့သည်။

ဆန္ဒမဲပေးမှု တပ်မတော်က အမြင်လေးမြင် မူဝါဒဖြင့် ရပ်တည်၊ NCA ထိုးရန် အဆင်သင့်ရှိနေ


 တပ်မတော်အနေဖြင့် ဆန္ဒမဲပေးရွေးချယ်ရာတွင် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေး စသည့် အမြင်လေးမြင်ရှိ သူနှင့် တပ်မတော်အပေါ် နားလည်မှုရှိသူများကို ဖြစ်စေလိုသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးက စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက် ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားလိုက်သည်။
ဆန္ဒမဲပေးမှုနှင့်ပတ်သက်၍ တပ်မတော်၏ ရပ်တည်ချက်မူဝါဒအား ပြောကြားအသိပေးရာတွင် မိမိဒေသအတွက် ကောင်းမွန်စေရန် ဆောင်ရွက်နိုင်သူ၊ ဒို့တာဝန်အရေးသုံးပါးအား သိရှိ နားလည် စောင့်ထိန်းနိုင်သူများလည်း ဖြစ်စေလိုကြောင်းဆိုသည်။