Sunday 23 March 2014

ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြု မခံခဲ့ရသော ၁၉၉၀ ရွေးကောက်ပွဲနိုင် လွှတ်တော်ကိုယ်စားလှယ်များ ပထမဆုံးအကြိမ် အများဆုံးစုဝေး

၁၉၉၀ ပြည့်နှစ်၊ မေ ၂၇ ရက်က ကျင်းပခဲ့သည့် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲ တွင် အနိုင်ရခဲ့သည့် လွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံသည့် အခမ်းအနားကို မတ် ၂၂ ရက်က ရန်ကုန် တိုင်းဒေသကြီး ဗဟန်းမြို့နယ်အတွင်းရှိ တော်ဝင်နှင်းဆီခန်းမ၌ ကျင်းပခဲ့ရာ ၁၉၉၀ ရွေးကောက်ပွဲနိုင် လွှတ်တော်ကိုယ်စားလှယ်များ ပထမဆုံးအကြိမ်အဖြစ် အများဆုံး စုဝေးတွေ့ဆုံ ခဲ့ကြသည်။

အိန္ဒိယသမုဒ္ဒရာ တောင်ဘက်တွင် အပျက်အစီးအပိုင်းအစကြီး တစ်ခုကို တရုတ်ဂြိုဟ်တုက တွေ့ရှိခဲ့ပြီးနောက် မလေးရှားလေယာဉ် ပျောက်ရှာဖွေမှု မျှော်လင့်ချက် မြင့်တက်လာ

တရုတ်က မတ် ၂၂ ရက်တွင် ထုတ်ပြန်ပေးခဲ့သော အပျက်အစီးအပိုင်းအစ ဂြိုဟ်တုဓာတ်ပုံ
ပျောက်ဆုံးနေသော မလေးရှားလေကြောင်းလိုင်းလေယာဉ်နှင့် ဆက်နွှယ်နေဖွယ်ရှိသော အပျက်အစီးအပိုင်းအစမျောကြီး တစ်ခုကို ရိုက်ကူးထားသည့် ဂြိုဟ်တုဓာတ်ပုံအား တရုတ်က မတ် ၂၂ ရက်တွင် ထုတ်ပြန်ပေးခဲ့ပြီးနောက် လေယာဉ်ပျောက်ရှာဖွေရေးအတွက် မျှော်လင့် ချက် မြင့် တက်လာခဲ့သည်။