Friday 28 September 2012

ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းအမေရိကန်နိုင်ငံရောက်မြန်မာမိသားစုများနှင့် တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် ကျင်းပမည်

နိုင်ငံတော်သမ္မတနှင့်အတူ အမေရိကန်နိုင်ငံ နယူးယောက်မြို့ တွင်ရောက်ရှိနေသည့် ပြည်ထောင်စုဝန်ကြီး    ဦးစိုးသိန်းသည် အမေရိကန်နိုင်ငံရောက်မြန်မာမိသားစုများနှင့် တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို စက်တင်ဘာ ၂၉ရက်တွင် ကွင်းစ်ကောလိပ်ရှိ Rosenthal စာကြည့်တိုက် တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးအကျိုးဆောင်တစ်ဦးထံမှ သိရသည်။

ဧရာဝတီတိုင်း ဒေသကြီး ကျုံပျော်မြို့နယ် ရှားခဲကြီးရှားခဲလေးတွင် ဒေသခံ အချို့နှင့် သမအဖွဲ့ဝင်အချို့ တို့ ပဋိပက္ခ ဖြစ်ပွား

စက်တင်ဘာလ ၂၇ ရက်နေ့ ည ၉နာရီအချိန်တွင် ဧရာဝတီတိုင်း ဒေသကြီး ကျုံပျော်မြို့နယ် ရှားခဲကြီးရှားခဲလေးတွင် ဒေသခံ အချို့နှင့် သမအဖွဲ့ဝင်အချို့ တို့ ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး ထိခိုက် ဒဏ်ရာရမှုများနှင့် အတူ သေဆုံးမှုအချို့ ရှိခဲ့ကြောင်း ဒေသခံများက ပြောကြားခဲ့ပါသည်။ လက်ရှိအချိန်တွင် ရဲတပ်ဖွဲ့များမှ ထိန်းသိမ်းလျက်ရှိနေပါသည်။

နာမည်ပျက်စေရန် ရည်ရွယ်၍ တရားစွဲသူကို ယင်းပုဒ်မအတိုင်း ဖိုးသောကြာက တရားပြန်စွဲ

 

အ.ထ.က(၆) ဗိုလ်တထောင်မှ အလယ်တန်းပြဆရာမ ဒေါ်အေးအေးညွန့်က ဆဲဆို၊ မတရား ခြိမ်းခြောက် မှုဖြင့် သင်္ဃန်းကျွန်း ရဲစခန်း၌ မိမိကို တရားစွဲဆိုထားမှုနှင့် ပတ်သက် ၍ သရုပ်ဆောင် ဖိုးသောကြာက   မြန်မာအင်ဒီပဲန်ဒင့် သို့ ရှင်းလင်း ပြောကြားခဲ့သည်။

အစိုးရနှင့် UNFC ဒီဇင်ဘာတွင် တွေ့ဆုံရန်ရှိ


Friday, September 28, 2012 

ညီညွတ်သောတိုင်းရင်းသားများလူမျိုးများကောင်စီ(UNFC) နှင့် အစိုးရ၏ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဦးအောင်မင်းတို့လာမည့်ဒီဇင်ဘာလတွင် ပထမဆုံးအကြိမ်တွေ့ဆုံရန်ရှိ သည် ဟု UNFC ကပြောသည်။

မြန်မာခေါင်းဆောင်တွေကို ဘန်ကီမွန်းချီးမွမ်း


Friday, September 28, 2012

မြန်မာနိုင်ငံက ခေါင်းဆောင်တွေဟာ ဒီမိုကရေစီထွန်းကားတဲ့လမ်းဆီကို ဦးတည်နေပြီးပြန် လည် စည်းလုံးရေးကိုကြိုးပမ်းနေတာတွေဟာ သတ္တိနဲ့ ဆုံးဖြတ်ချက်ခိုင်မာမှုရှိတာကိုပြတယ်လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီးမွန်းက ညီလာခံဖွင့်ပွဲမိန့်ခွန်းမှာ ပြောကြား
ခဲ့ပါတယ်။

စစ်တွေတွင် အကျင့်ပျက် ဆက်သွယ်ရေးဝန်ထမ်းများ အင်တာနက်လျှောက်ခ ပိုတောင်းယူနေ


စစ်တွေမှာ အင်တာနက်လိုင်းလျှောက်ရင်  ငွေ ၁၂၀၀၀ ကျပ်ပေးရပြီး တစ်ချို့ ကို ၁၃၀၀၀ ကျပ်တောင်ယူတယ် လို့သိရပါတယ်။ တကယ်တော့ နိုင်ငံတော်က သတ်မှတ်ထားတာကတော့ ၁၀၀၀၀
ကျပ်ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ အကျင့်ပျက်ခြစားတဲ့ ၀န်ထမ်းေ တွက နောက်နေ့ကျ ရင် လိုင်းပွင့်အောင်လုပ်ပေး မယ် ဆိုပြီး တောင်း ယူထားတာပါ။ တစ်ချို့ကတော့ ဘာမှ မသိ ဘူး ပေးရမယ်ဆိုတာနဲ့ပေးလိုက်ရတာရှိပါတယ်။

နာမည်ပျက်စေရန် ရည်ရွယ်၍ တရားစွဲသူကို ယင်းပုဒ်မအတိုင်း ဖိုးသောကြာက တရားပြန်စွဲ


အနုပညာသတင်း — ရန်ကုန်


http://sphotos-f.ak.fbcdn.net/hphotos-ak-snc7/425859_351631368261736_959100177_n.jpg
အ.ထ.က(၆) ဗိုလ်တထောင်မှ အလယ်တန်းပြဆရာမ ဒေါ်အေးအေးညွန့်က ဆဲဆို၊ မတရား ခြိမ်းခြောက် မှုဖြင့် သင်္ဃန်းကျွန်း ရဲစခန်း၌ မိမိကို တရားစွဲဆိုထားမှုနှင့် ပတ်သက် ၍ သရုပ်ဆောင် ဖိုးသောကြာ က မြန်မာအင်ဒီပဲန်ဒင့် သို့ ရှင်းလင်း ပြောကြားခဲ့သည်။

မြောက်ဥက္ကလာပတွင် အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံး

Friday, 28 September 2012 
 မြောက်ဥက္ကလာပမြို့နယ် ၂ ရက်ကွက် သုဇိတာ လမ်းမရှိ တံတား တစ်ခုပေါ်တွင် ကြမ်းပြင်နှင့် ခြေထောက် ထိလျက် အမျိုးသားတစ်ဦး ကြိုးဆွဲချသည့် သဏ္ဍန်ဖြင့် စက်တင်ဘာလ ၂၆ ရက်နေ့ ညပိုင်းက သေဆုံး သွားကြောင်း မျက်မြင် တွေ့ရှိသူများထံမှ စုံစမ်း သိရှိရသည်။

အဆိုပါ သေဆုံးသူ၌ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမျှ မတွေ့ရဘဲ ဝဲယာလက်မ လက်ချောင်းများ ကွေးနေပြီး ၎င်းဝတ် ဆင်ထားသော ပုဆိုးအား လည်ပင်းတွင် ချည်နှောင်၍ တံတား သံဘောင်ကို ချိတ်ကာ သေဆုံးနေသည်ကို ယင်းနေ့ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် ပတ်ဝန်း ကျင်မှ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ယင်းအနီး၌ နေထိုင်သူများက ဆိုသည်။

"ညဦးပိုင်းထဲက တံတားနားမှာ ခုန်ချဖို့ လုပ်နေတာ ကလေးတွေက တစ်ဝုန်းဝုန်း ဆော့နေလို့ ပြန်ထွက် သွားတာ" ဟု ထိုတံတား အနီးတွင် နေထိုင်သူ အမျိုးသမီးက ဆိုသည်။ အဆို ပါ သေဆုံးမှုကို မြောက်ဥက္ကလာပ ဆေးရုံ၌ PR အမှတ် ၁၇ ဖြင့် စစ်ဆေးလျက် ရှိကြောင်း မြောက် ဥက္ကလာပ ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။
 
News from-The Voice Weekly
 

ထိုင်းမူဆလင်တွေ အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြ

Friday, 28 September 2012

အမေရိကန်ပြည်ထောင်စု အတွင်းမှာ ရိုက်ကူးထုတ်လုပ်ပြီး တမန်တော်မိုဟာမက်အပေါ် အရိုသေ တန်စေတဲ့ ဗွီဒီယို ရုပ်ရှင်ကားအပေါ် ဆန့်ကျင်တဲ့အနေနဲ့ ထိုင်းနိုင်ငံက အစ္စလာမ်ဘာသာဝင်တွေဟာ ဘန်ကောက်မြို့က အမေရိကန် သံရုံးရှေ့မှာ ကြာသာပတေးနေ့က ဆန္ဒပြနေကြပါတယ်။

Asia Society တွင် သမ္မတ ဦးသိန်းစိန် ပြောကြားခဲ့သည့် မိန့်ခွန်း

Friday, 28 September 2012

ရှေးဦးစွာ တက်ရောက်လာကြတဲ့ Asia Society မှ ပုဂ္ဂိုလ်များအားလုံးကို ကျွန်တော့်အနေနဲ့ မင်္ဂလာပါ လို့ နှုတ်ခွန်းအရင် ဆက်သ အပ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီပဲယင်းအကြောင်း ပါတဲ့ ယေးက ဟောပြောပွဲ

Friday, September 28, 2012 


အမေရိကန် ပြည်ထောင်စုကို ရောက်နေသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ယေး တက္ကသိုလ်မှာတရားဥပဒေ စိုးမိုးရေးအကြောင်း ယမန်နေ့ စက်တင်ဘာလ ၂၇ ရက်နေ့က ဟောပြောခဲ့ ပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်မှ ( ၆၇)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ပြောကြားသည့်မိန့်ခွန်း (အပြည်အစုံ)


Friday, 28 September 2012


အထွေထွေညီလာခံ သဘာပတိကြီး၊ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်နှင့်တကွ ကြွရောက် လာကြတဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်ကြီးများ ခင်ဗျား-

အဆွေတော်အား (၆၇)ကြိမ်မြောက် ကုလသမဂ္ဂ အ‌ထွေထွေ ညီလာခံကြီးရဲ့ သဘာပတိအဖြစ် ထိုက်ထိုက်တန်တန် ရွေးချယ်တင်မြောက်ခြင်း ခံရတဲ့အတွက် လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုပါကြောင်း ဦးစွာပြောကြားလိုပါတယ်။ ဆားဘီးယားနိုင်ငံနှင့် မြန်မာနိုင်ငံတို့ဟာ ကာလရှည်ကြာစွာကပင် ရင်းနှီးတဲ့ မိတ်ဆွေနိုင်ငံများ ဖြစ်ကြပါတယ်။ ယနေ့ကမ္ဘာကြီးက ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှု တွေကို ရင်ဆိုင်ဖြေရှင်းဖို့ အဆွေတော် ဦးစီးဦးရွက်ပြုတဲ့ အထွေထွေညီလာခံကြီးက

မြန်မာဖီလစ်ပိုင်လက်ဝှေ့စိန်ခေါ်ပွဲကြီးကျင်းပမည်

27 September 2012

 
ယှဉ်ပြိုင်ထိုးသတ်မည့်သူများ။ ။ တွေ့မရှောင် နှင့် Janito(Phil) ၊ သတ္တိအောင် နှင့် Rolando(Phil) ၊ ခိုင်လင်းဦး နှင့် Robert(Phil)
နေ့ရက်။ ။ 7.10.2012၊ တနင်္ဂနွေနေ့၊နေ့လည် ၂ နာရီ
နေရာ။ ။ သိမ်ဖြူအားကစားခန်းမ
ကြိုတင်လက်မှတ်များဝယ်ယူရန်။ ။ ဇော်ပစ်တိုင်းထောင်ဗီဒီယို
အမှတ်(၁၈၀)၊မြေညီထပ်၊(၃၅)လမ်း(အလယ်)၊ကျော်တံတားမြို့နယ်။
ဝင်ကြေး။ ။ ၁၅၀၀၀ ကျပ်၊ ၁၂၀၀၀ ကျပ်၊ ၁၈၀၀၀ ကျပ်

မီဒီယာအရွေ့အသစ်ရဲ့ အစမြင်ကြရပြီလား



ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြန်ကြားရေးဝန်ကြီးဌာနကထုတ်ဝေတဲ့ နိုင်ငံပိုင်သတင်းစာ၊ မြန်မာ့အလင်း ၂၁-၉-၂၀၁၂နေ့ထုတ်ကို ဖတ်ဖြစ်ပါတယ်။ မနက်ခင်းရဲ့ဂျာနယ်ဆိုင်ကလေးမှာ လူတချို့က ဂျာနယ်တွေ ၀ယ်ရင်း၊ လူတစ်ယောက်က““ဒီနေ့ထုတ်၊ ကြေးမုံနဲ့ မြန်မာ့အလင်းကတော့ ထူးခြားတယ်ဗျ””
 လို့ပြော တာနဲ့ ကျွန်တော်လည်း ဘာများထူးခြားလို့လဲဆိုတဲ့စိတ်နဲ့ သောကြာနေ့မှာ ၀ယ်နေကျ ဂျာနယ်တွေအပြင် မြန်မာ့အလင်းသတင်းစာတစ်စောင်ကိုလည်း ၀ယ်လိုက်ပါသည်။

မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ သွင်းကုန်ပိတ်ဆို့ အရေးယူမှုကို ရုပ်သိမ်းပေးလိုက်တာဟာ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေတဲ့ သမ္မတ ဦးသိန်းစိန် နဲ့ မြန်မာ့ဒီမိုရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ၂ ဦးစလုံးကြောင့်ဖြစ်

အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ သွင်းကုန်ပိတ်ဆို့ အရေးယူမှုကို ရုပ်သိမ်းပေး လိုက်တာဟာ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေတဲ့ သမ္မတ ဦးသိန်းစိန် နဲ့ မြန်မာ့ဒီမိုရေစီခေါင်းဆောင်   ဒေါ်အောင်ဆန်းစုကြည်တို့ ၂ ဦးစလုံးကြောင့်ဖြစ်တယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ကပြောဆိုလိုက် ပါတယ်။

မြန်မာနိုင်ငံအပေါ် အမြင်ပြောင်းလဲကြဖို့ နိုင်ငံတကာကို သမ္မတ ဦးသိန်းစိန်တိုက်တွန်း

ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်နေပြီဖြစ်တဲ့အတွက် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ အမြင်တွေပြုပြ င်ပြောင်းလဲဖို့ လိုအပ်ကြောင်း ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်နေတဲ့ သမ္မတ ဦးသိန်းစိန် က တိုက်တွန်းလိုက်ပါတယ်။

ဥပဒေနဲ့ နားလည်မှုနှစ်ခု အကြားကနေ အဖြေရှာရတော့မည့် ရှားတောမြေယာ ရှုပ်ထွေးမှု

ပြည်သူလူထုမှ သီးနှံ၊ စပါးစိုက်ပျိုး လုပ်ကိုင်လျက်ရှိတဲ့ လယ်ယာမြေတွေကို ဥပဒေသစ်အရ တရားဝင် ပိုင်ဆိုင်ခွင့်ဖြစ်လာ ဖို့အတွက် လက်ရှိရှားတောမြို့နယ်ရဲ့ မြောက်ပိုင်းကျေးရွာအုပ်စု   ဒေသဘက် မှ မြေယာတိုင်းတာတဲ့ကိစ္စနဲ့ ပတ်သက်လို့ ခက်ခဲရှုပ် ထွေးမှု ပြသာနာ တွေနဲ့ ကြုံတွေ့ နေရပါတယ်။

ပြီးခဲ့တဲ့ လအတွင်းမှာ မြေစာရင်းဦးစီးဌာနမှ ဝန်ထမ်းတွေကနေပြီး လယ်ယာမြေတိုင်းတာဖို့အတွက် ရှားတောမြို့နယ်ထဲက   တောင်ပိုင်း ကျေးရွာအုပ်စု၊ အလယ်ပိုင်းကျေးရွာအုပ်စုနဲ့ မြောက်ပိုင်းကျေးရွာ အုပ်စုတွေဘက်မှာ ဒေသခံတချို့နဲ့ သွားေ ရာက်တွေ့ဆုံ ခဲ့ကြတယ်။ဒီလိုမြေသွားတိုင်းတဲ့အချိန်မှာ   တောင်  ပိုင်းကျေးရွာအုပ်စုနဲ့ အလယ်ပိုင်းကျေးရွာအုပ်စုဘက်ကို မြေယာသွားတိုင်းတာတဲ့ အခြေအနေမှာဘာမှမသိရသေးပေမဲ့လို့ မြောက်ပိုင်းကျေးရွာအုပ်စုမှာ နေကြတဲ့ ဒေသခံတွေတချို့
ကတော့ မြေတိုင်းတာခွင့်မပေးဘူးလို့ မြေစာရင်းဌာနမှ ဝန်ထမ်းတဦးက ပြောပါတယ်။ 


ရှားတောမြို့နယ် မြင်ကွင်းတနေရာ (ဓါတ်ပုံ-ကေတီ)

မြန်မာမိသားစု တစု အီတလီကမ်းခြေသို့ တရားမဝင် ဆိုက်ရောက်လာ

အီတလီနိုင်ငံ Crotone ကမ်းခြေသို့ လူဦးရေ ၄ဝ ပါ ရွက်သင်္ဘောတစင်း တရားမဝင် ဆိုက်ကပ်ရောက် ရှိလာပြီး ထိုအထဲတွင် မြန်မာမိသားစု တစု ပါဝင်သည်ဟု အီတလီ အခြေစိုက် AGI သတင်းတရပ် တွင် ရေးသားထားသည်။

“အာဏာဆန်တဲ့ တရားစီရင်ရေး မဖြစ်ဖို့ အရမ်း အရေးကြီး လာပြီ”


စစ်အာဏာရှင် စနစ်အောက်တွင် နှစ်ပေါင်းများစွာ ယိုယွင်းပျက်စီးခဲ့သော တရားစီရင်ရေး စနစ်ကို ပြုပြင်ပြောင်းလဲနိုင်ရေး အတွက် ရန်ကုန်တိုင်း ကော့မှူး မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ လည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်လျက်ရှိသော ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်း ရေး ကော်မတီက ရန်ကုန်မြို့ရှိ တရားရုံးများနှင့် အချုပ်ခန်းများအား လိုက်လံစစ်ဆေးခြင်းဖြင့် တရားဥပဒေစိုးမိုးရေး အတွက် လက် တွေ့ ကျသော လုပ်ဆောင်ချက် တချို့ကို ဆောင်ရွက်လာပြီ ဖြစ်သည်။
ကော်မတီဝင် တဦးဖြစ်သော သင်္ဃန်းကျွန်း မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်ကို ကော်မတီ ၏ လုပ်ဆောင် ချက်နှင့်

သမ္မတရုံးဝန်ကြီးဦးစိုးသိန်းနဲ့ အမေရိကန်သူဌေးကြီး ဂျော့ ဆိုးရော့


သမ္မတဦးသိန်းစိန်အမေရိကန်ခရီးစဉ် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းနဲ့ VOA မေးမြန်းခန်း



မြန်မာသမ္မတ ဦးသိန်းစိန်အနေနဲ့ ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးမှာ စက်တင် ဘာလ ၂၇ ရက် ကြာသာပတေးနေ့ကျရင် မိန့်ခွန်းပြောကြားဖို့ရှိပါတယ်။ သမ္မတဦးသိန်းစိန်ဟာ အမေ ရိကန်ပြည်ထောင်စု နယူးယောက်မြို့ကို ရောက်ရှိလာတဲ့ မနေ့ အင်္ဂါနေ့မှာပဲ မြန်မာ့ ဒီမိုကရေ စီခေါင်းေ ဆာင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့သလို ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာတော့ အမေရိကန်   နိုင်ငံခြားရေး ဝန်ကြီး ကလင်တန်နဲ့ တခြား သြဇာကြီးတဲ့ အမေရိကန်ထိပ်တန်း အရာရှိ ဟောင်းတွေနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။ အသေးစိတ်ကိုတော့ သမ္မတဦးသိန်းစိန်နဲ့အတူ လိုက်ပါလာတဲ့ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း ကို မေးမြန်းပြီး ကိုဝင်းမင်း က တင်ပြထားပါတယ်။

သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေးပွဲတွေရဲ့ ရလဒ်အရ အမေရိကန်သမ္မတ အိုဘားမားဟာ သူ့သမ္မတ ပထမသက်တမ်း မကုန်ခင်မှာပဲ မြန်မာနိုင်ငံကို သွားရောက်လည်ပတ်ဖို့ ရှိ



စက်တင်ဘာ ၂၆ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေးပွဲတွေရဲ့ ရလဒ်အရ အမေရိကန်သမ္မတ အိုဘားမားဟာ သူ့သမ္မတ ပထမသက်တမ်း မကုန်ခင်မှာပဲ မြန်မာနိုင်ငံကို သွားရောက်လည်ပတ်ဖို့ ရှိတယ်လို့ သမ္မတဦးသိန်းစိန်နဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းက ဘီဘီစီကို ပြောပါတယ်။ အလားတူပါပဲ သမ္မတ အိုဘားမားအစိုးရကလည်း သမ္မတဦးသိန်းစိန်ကို နိုင်ငံတော်ခရီးစဉ်အဖြစ် အမေရိကကို နောက်တခေါက် လာရောက်လည်ပတ်ဖို့ ဖိတ်ကြားခဲ့ကြောင်း သိရပါတယ်။