Sunday 28 April 2013

သုံးဘီးဆိုင်ကယ်ဖြင့် မူးယစ်ဆေးဝါး၊ ဘိန်းဖြူ၊ စိတ်ကြွဆေးပြား သယ်ဆောင် လာသူများအား ဖမ်းဆီးအရေးယူ

၂၇-၄-၂၀၁၃ ရက်နေ့ ၁၆၀၅ အချိန် ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊ ဗလမင်းထင် ပူးပေါင်းစစ်ဆေးရေး ဂိတ် တာဝန်ကျ ပူးပေါင်းအဖွဲ့သည် သတင်းအရ ၀ိုင်းမော်မှ မြစ်ကြီးနားသို့ မောင်းနှင်သည့် ခရီးသည်တင် သုံးဘီးဆိုင်ကယ်အား ရှာဖွေစစ်ဆေးခဲ့သည်။ 

ရန်ကုန်မြစ်အတွင်း ဆီတင်ဘင်္ဘောနှင့် ကားသင်္ဘောတိုက်မိ

Photo: ရန်ကုန်မြစ်အတွင်း ဆီတင်ဘင်္ဘောနှင့် ကားသင်္ဘောတိုက်မိ
Sunday, April 28, 2013


ယနေ့ မွန်းလွဲ၃း၀၀ နာရီခန့်က MITT သီလ၀ါဆိပ်ကမ်းမှ ထွက်ခွါလာသောကားတင်သင်္ဘောနှင့် မြန်မာ့ရေနံဓါတုဗေဒလုပ်ငန်းပိုင်ဆီတင်သင်္ဘောဖြင့်တိုက်မိပြီး ဆီတင်သင်္ဘောနစ်မြုပ်ခဲ့သည်။

M.VMelacca Highway ကားတင်သင်္ဘောမှာ သီလ၀ါအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းမှ ထွက်ခွါလာချိန်တွင် ရန်ကုန်မြစ်ဝမှ ၀င်လာသော မြန်မာ့ရေနံဓါတုဗေဒလုပ်ငန်းပိုင်မြန်အောင် လောင်စာဆီတင်သင်္ဘောနှင့် တိုက်မိပြီး ရန်ကုန်မြစ်အတွင်း သီလ၀ါဆိပ်ကမ်းတောင်ဘက်တွင်မြန်အောင်သင်္ဘောနစ်မြုပ်ခဲ့သည်။


မြန်အောင်သင်္ဘောပေါ်တွင်ပါရှိသူများကိုမြန်မာ့ရေတပ်မတော်မှ ကယ်တင်ထားခဲ့ပြီး ကားတင်သင်္ဘောမှာ ရန်ကုန်မြစ်အတွင်း ကျောက်ချရပ်နားခဲ့ရသည်ဟုဆိပ်ကမ်းအာဏာပိုင်အဖွဲ့မှ ရေလမ်းကြောင်းစီစဉ်သူတစ်ဦး ကပြောသည်။

Yangon Press International
ယနေ့မွန်းလွဲ ၃း၀၀ နာရီခန့်က MITT သီလ၀ါဆိပ်ကမ်းမှ ထွက်ခွါလာသောကားတင် သင်္ဘော နှင့် မြန်မာ့ရေနံဓါတုဗေဒလုပ်ငန်းပိုင်ဆီတင်သင်္ဘောဖြင့်တိုက်မိပြီး ဆီတင်သင်္ဘောနစ်မြုပ်ခဲ့ သည်။

လိင်ကိစ္စကျန်းမာမှု အံ့ဖွယ်အကျိုး (၈)ပါး သိထားစရာ

Photo: ""လိင်ကိစ္စကျန်းမာမှု အံ့ဖွယ်အကျိုး (၈)ပါး သိထားစရာ""
Sunday, April 28, 2013

လူတစ်ဦး ကျန်းမာရေးကောင်းသူတစ် ယောက်ဖြစ်ရန်အတွက် အလွန်ပင်အရေးပါလှ သောအချက်မှာ ကောင်းမွန်စွာ လေ့ကျင့်ခန်းပြု လုပ်ခြင်းနှင့် နေ့စဉ်စားသောက်အစားအစာများ ပင်ဖြစ်သည်ဟု အများဆုံးသိကြသည်။ သို့ရာ တွင် အမှန်တကယ်ပင် အရွယ်ရောက် သူအိမ် ထောင်ရှင်များ၏ လိင်ဆက်ဆံခြင်းသည် ကျန်း မာရေးကောင်း လာခြင်းဖြင့် လူ့ဘဝအကျိုးကျေး ဇူးများကို ကောင်းစွာဖြစ်ပေါ်လာေ စနိုင်သည်။ လိင်ပညာပေးသုတေသီများက လိင်ဆက်ဆံ ခြင်းကြောင့် ကျန်းမာရေးကို တိုးတက်စေနိုင် ခြင်းနည်းကို အကြံပြုနေကြပေသည်။ ၄င်းတို့ ၏ အကြံပြုချက်များထဲမှ အောက်ပါ (၈) ချက်ကို သတိပြုရန်
လိုအပ်ပေသည်။

(၁) လိင်ဆက်ဆံခြင်းသည် သင့်ကိုယ်အလေး ချိန်ကို ကျဆင်းစေအောင် ရပ်ပေးနိုင်သည်။လိင်ဆက်ဆံခြင်းအချိန် နာရီဝက်ခန့်အ တွင်း ကယ်လိုရီ ၇၅ မှ ၁၅ဝ အထိကို လောင် ကျွမ်းကုန်ဆုံးစေနိုင်ကြောင်း သတိပြုရန်
လိုအပ်သည်။ နာရီဝက်လမ်းလျှောက်ခြင်းသည် (၁၅၃) ကယ်လိုရီ၊ ကခုန်ခြင်းသည် (၁၂၉) ကယ်လိုရီ ဖြင့် နှိုင်းယှဉ်လျှင်ကျန်းမာစေရန် 
အထောက် အကူတစ်ခုဖြစ်သည်။

(၂) နှလုံးသွေးလှည့်ပတ်မှုကို အားကောင်းစေ သည်။ ကျန်းမာသောအစာ
စားခြင်း၊ ကော်လက် စထရောများ စစ်ဆေးပေးခြင်းဖြင့် နှလုံးကို ထိန်းသိမ်းနိုင်သကဲ့သို့ လိင်ဆက်ဆံခြင်းသည် နှလုံးအတွင်း အကောင်းဆုံးသွေးလှည့်ပတ်စီး ဆင်းခြင်းများ ဖြစ်စေသည်ကို အထူးသတိပြု ရန်လိုသည်။

(၃) အိပ်ပျော်ခြင်းကို ပိုဖြစ်စေသည်။
တစ်ပတ်တွင် (+) ကြိမ် လိင်ဆက်ဆံခြင်း ဖြင့် ကိုယ်ခံအားစနစ် ၃ဝ ရာခိုင်နှုန်းအထိကို မြှင့်တင်စေပြီး အိပ်ပျော်မှုကို ပို၍ကောင်းစေ သည်။

(၄) ကိုယ်လက်ကိုက်ခဲမှုကို လျှော့ချစေနိုင် သည်။
လိင်ဆက်ဆံနေစဉ်အတွင်း စစ်ထုတ်လိုက် သော (Oxytocin) ဟိုမုန်းသည် ခေါင်းကိုက် ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းကို လျော့ကျစေ သော ဓာတ်ပစ္စည်းဖြစ်သည်။

(၅) ဆီးအိမ်ထိန်းသိမ်းမှုစွမ်းအားပိုကောင်း
ဆီးအိမ်၏ ကြွက်သားများ ကျုံ့ထားနိုင်စွမ်း ကို ပို၍ကောင်းအောင်ပြုလုပ်ပေးနိုင်စွမ်းကို ပို ဆောင်ရွက်ပေးသည်ဟု မှတ်ချက်ပြုထားကြ သည်။

(၆) စိတ်ကျန်းမာရေးကိုပါ တိုးတက်စေသည်။
စိုးရိမ်ပူပန်ခြင်းနှင့် စိတ်ဓာတ်ကျဆင်း နေ သူများအတွက် ကုသမှုမှာ လိင်ဆက်ဆံခြင်းဟု ပင် အကြံပြုထားသည်။

(၇) အရေပြားကျန်းမာရေးအတွက်အကောင်း ဆုံး
စစ်ထုတ်ပေးလိုက်သော ဟိုမုန်းကြောင့် ကိုယ်ခံအားစနစ်ပိုကောင်းလာပြီး ကိုယ်အရေ ပြား လှပစိုပြည်နိုင်သည်ဟု သုတေသီများဖော် ပြကြသည်။

(၈) ကိုယ်ခံအားစနစ်ပို၍ကောင်းလာ
ကိုယ်ခံအားစနစ်ကောင်းစေရန်နည်း လမ်းကို သင်၏ အိပ်ခန်းအတွင်း စွမ်းဆောင် နိုင်ပြီး အချိန်တိုအတွင်း ကိုယ်လက်ကြွက်သား များ လျှော့ချအနားပေးစေပြီး လွှတ်ထုတ်ပေး လိုက်သော (Testosterone) ဟိုမုန်းများမှာ အရိုးများကို ထောင့်ကန်ပေးထားသည့် ကြွက် သားများ ထိန်းထားနိုင်မှုကို ကောင်းမွန်စေသည်။

Mr. Magazine

လူတစ်ဦး ကျန်းမာရေးကောင်းသူတစ် ယောက်ဖြစ်ရန်အတွက် အလွန်ပင်အရေးပါလှသော အချက် မှာ ကောင်းမွန်စွာ လေ့ကျင့်ခန်းပြု လုပ်ခြင်းနှင့် နေ့စဉ်စားသောက်အစားအစာများ ပင်ဖြစ်သည်ဟု အများဆုံးသိကြသည်။ သို့ရာတွင် အမှန်တကယ်ပင် အရွယ်ရောက် သူအိမ် ထောင်ရှင်များ၏ လိင်ဆက်ဆံခြင်းသည် ကျန်းမာရေးကောင်းလာခြင်းဖြင့် လူ့ဘဝအကျိုးကျေး ဇူးများကို ကောင်း စွာဖြစ်ပေါ်လာေ စနိုင်သည်။ လိင်ပညာပေးသုတေသီများက လိင်ဆက်ဆံ ခြင်းကြောင့် ကျန်းမာရေးကို တိုးတက်စေနိုင် ခြင်းနည်းကို အကြံပြုနေကြပေသည်။ ၄င်းတို့ ၏ အကြံပြုချက်များထဲမှ အောက်ပါ (၈) ချက်ကို သတိပြုရန် လိုအပ်ပေသည်။

ရုရှားစိတ်ကျန်းမာရေး ဆေးရုံမီးလောင်ကျွမ်းမှုကြောင့် လူ(၃၆)ဦးသေဆုံး…

ရုရှားနိုင်ငံ ၊မော်စကိုမြို့မြောက်ဘက်ရှိ စိတ်ကျန်းမာရေးဆေးရုံတစ်ခုတွင် ပြီးခဲ့သည့် ဧပြီလ(၂၆)ရက်နေ့ က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းကြောင့် လူ(၃၆)ဦးသေဆုံးခဲ့ကြောင်း မီဒီယာကထုတ်ပြန်ကြေညာသည်။

ကချင်ဒုက္ခသည်စခန်းသစ်သို့ တိမ်းရှောင်လာသူ တစ်ထောင်ကျော်ရှိ

Photo: ကချင်ဒုက္ခသည်စခန်းသစ်သို့ တိမ်းရှောင်လာသူ တစ်ထောင်ကျော်ရှိ
Sunday, April 28, 2013

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသော တပ်မတော်နှင့် ကေအိုင်အေ တို့၏ တိုက်ပွဲများကြောင့် မန်ဝိုင်ကြီးအနီး တွင် အသစ်ဖွင့်လိုက်သော ဒုက္ခသည်စခန်း သစ်တွင် နေရပ်စွန့်ခွာလာသူ တစ်ထောင် ကျော်လာပြီဖြစ်ကြောင်း သွားရောက်ကူညီ ပေးနေသည့် ဘာသာရေး အဖွဲ့အစည်းများ ထံမှ သိရသည်။

"တိုက်ပွဲက ဆက်ဖြစ်နေသေးတော့ ဒုက္ခသည်တွေ ဆက်ရောက်နေသေးတယ်" ဟု ဒုက္ခသည်များကို သွားရောက် ကူညီခဲ့သည့် ကက်သလစ်ဘာသာရေးအသင်း အဖွဲ့ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
မန်ဝိုင်းကြီးအနီးတွင် ဒုက္ခသည် စခန်းသစ်မှာ တည်ဆောက်နေဆဲ ဖြစ်သော်လည်း ဒုက္ခသည် လာရောက်ခိုလှုံသည့် အတွက် ယခုလဆန်းပိုင်းတွင် လက်ခံ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ၄င်းကရှင်းပြသည်။

တပ်မတော်နှင့် ကေအိုင်အေတို့၏ တိုက်ပွဲများကြောင့် တရုတ်နယ်စပ်တစ် လျှောက်တွင် ဒုက္ခသည်စခန်းပေါင်း ၃၀ နီးပါးရှိပြီး ဒုက္ခသည်ပေါင်း နှစ်သောင်း ကျော်ရှိကြောင်း ကေအိုင်အို၏ ကောက်ယူ ထားသော စာရင်းများအရ သိရသည်။

ကချင်ပြည်နယ်တွင် တိုက်ပွဲများ ရပ်ဆိုင်းထားပြီ ဖြစ်သော်လည်း ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲမှာ ကေအိုင်အေ တပ်မဟာ (၄) အောက်ရှိ တပ်ရင်း ၉ စခန်း နယ်မြေတွင်ဖြစ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်ရန် ပြင်ဆင်နေသည့် ကာလအတွင်းတွင် တိုက်ပွဲ ဖြစ်ပွားနေသည့် တစ်ခုတည်းသော ဒေသလည်းဖြစ်သည်။

ကေအိုင်အို၏ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်ကမူ "တပ်မတော်က စစ်ကြောင်း သုံးကြောင်းနဲ့ တိုက်ခိုက်နေတယ်" ဟု ပြောကြားသည်။

တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၂ နှစ်ပြည့်တော့မည် ဖြစ်ပြီး အပစ်ခတ်ရပ်စဲရေး အတွက် နှစ်ဦးနှစ်ဖက် ပြေလည်မှုမရသေးဘဲ ဆွေးနွေးရန် ညှိနှိုင်းနေဆဲဖြစ်သည်။

The Voice Weekly
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသော တပ်မတော်နှင့် ကေအိုင်အေ တို့၏ တိုက်ပွဲများကြောင့် မန်ဝိုင်ကြီးအနီးတွင် အသစ်ဖွင့်လိုက်သော ဒုက္ခသည်စခန်းသစ်တွင် နေရပ်စွန့်ခွာလာသူ တစ်ထောင် ကျော် လာပြီဖြစ်ကြောင်း သွားရောက်ကူညီ ပေးနေသည့် ဘာသာရေး အဖွဲ့အစည်းများ ထံမှ သိရသည်။

MAI လေကြောင်းလိုင်း ယခုနှစ်မကုန်မီ ဂျပန်နိုင်ငံသို့ တိုက်ရိုက်ပြေးဆွဲရန် စီစဉ်လျက်ရှိ

Photo: MAI လေကြောင်းလိုင်း ယခုနှစ်မကုန်မီ ဂျပန်နိုင်ငံသို့ တိုက်ရိုက်ပြေးဆွဲရန် စီစဉ်လျက်ရှိ
Sunday, April 28, 2013

MAI လေကြောင်းလိုင်းမှ ယခုနှစ်မကုန်မီ ဂျပန်နိုင်ငံသို့ တိုက်ရိုက်ပြေးဆွဲရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

``မန္တလေး-ဂျပန်၊ ရန်ကုန်-ဂျပန် ဘယ်ဟာကောင်းမလဲ စီစဉ်နေပါပြီ။
အစဉ်ပြေမယ့် လမ်းကြောင်းကို ပြေးဆွဲသွားဖို့ ရှိပါတယ်´´ဟု MAI လေကြောင်းလိုင်းမှ မန္တလေးဌာနခွဲ တာဝန်ခံ ဦးဇော်ဝင်းကပြောသည်။
ဂျပန်နိုင်ငံသို့ တိုက်ရိုက်မပြေးဆွဲမီ ဂျပန်နိုင်ငံမှ စီးလုံးငှား လာရောက်လည်ပတ်မှု နှစ်ကြိမ်ရှိကြောင်း ၎င်းကပြောသည်။

ယခုကဲ့သို့ ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံ တိုက်ရိုက်ပြေးဆွဲရန် စီစဉ်ရခြင်းမှာ ဂျပန်နိုင်ငံမှစိတ်ဝင်စားမှုများလာသော ကြောင့်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် အခြားစီးပွားရေးလုပ်ငန်းများ များလာ၍ စီစဉ်ပေးရခြင်းဖြစ်သည်ဟု ဦးဇော်ဝင်းက ပြောသည်။

``ဂျပန်နိုင်ငံအပြင် အခြား ကွမ်ကျိုး၊ကူမင်း၊ ဟောင်ကောင်၊ လာအိုနိုင်ငံတွေကို တိုက်ရိုက်ပြေးဆွဲနိုင်ရန်စီစဉ်လျက် ရှိပါတယ်။ လာအိုကတော့ ရန်ကုန်ကနေပဲ တိုက်ရိုက်ဆွဲဖို့ များတယ်´´ဟု ဦးဇော်ဝင်းက ထပ်မံဆိုသည်။နောက်ပိုင်း ပိုမိုပွင့်လင်းလာသည်နှင့်အမျှ ဥရောပနိုင်ငံများအထိပါ ထပ်မံပြေးဆွဲနိုင်ရန်
စီစဉ်နေကြောင်း ဦးဇော်ဝင်း၏ ပြောကြားချက်အရ သိရသည်။
လက်ရှိတွင် MAI လေကြောင်းလိုင်း Air bus လေယာဉ် ၈ စီးနှင့် ပြေးဆွဲလျက်ရှိပြီးရပ်နားထားသော မန္တလေး-ရန်ကုန် ခရီးစဉ်ကိုလည်း ပြန်လည်ပြေးဆွဲနိုင်ရန် စီစဉ်နေပြီဖြစ်ကြောင်း MAI လေကြောင်းလိုင်းမှ သိရသည်။

စိုင်းလမင်း 
Popular Myanmar News Journal
MAI လေကြောင်းလိုင်းမှ ယခုနှစ်မကုန်မီ ဂျပန်နိုင်ငံသို့တိုက်ရိုက်ပြေးဆွဲရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ပြုပြင်ပြောင်းလဲရေး ကန်ဒေါ်လာ သန်း ၁၅၀ UNDP ထောက်ပံ့မည်

Photo: ပြုပြင်ပြောင်းလဲရေး ကန်ဒေါ်လာ သန်း ၁၅၀ UNDP ထောက်ပံ့မည်

ဧပြီလ ၂၈ ရက် ၂၀၁၃

ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ထိရောက်စွာ ပေးဆောင်နိုင်ရန် ကြိုးပမ်း .နေသော အစိုးရ၏ အုပ်ချုပ်ရေးယန္တရား ကောင်းမွန်ရေးအတွက် ကန် .ဒေါ်လာ သန်း ၁၅၀ ထောက်ပံ့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလ သမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (United Nations Development Programme) မှ ပြန်ကြားရေးတာဝန်ခံ ဦးညီညီအောင်က The Voice သို့ ပြောကြားသည်။

ယင်းငွေများကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂနိုင်ငံများ ဖွံ့ဖြိုးရေး အစီအစဉ် ၏၂၀၁၃ -၂ဝ၁၅ ခုနှစ် သုံးနှစ်တာလုပ်ငန်းစဉ် အတွက် သုံးစွဲသွားမည်ဖြစ် .ကြောင်း ၄င်းက ဆိုသည်။

ကန်ဒေါ်လာ သန်း၁၅၀ အနက် ၄၅ သန်းကို အစိုးရအုပ်ချုပ်ရေး ယန္တရား ဒီမိုကရက်တစ် နည်းလမ်းတကျ အုပ်ချုပ်ရေး၊ ၅၉ သန်းကို ဒေသန္တရအစိုးရ အုပ်ချုပ်ရေး ကောင်းမွန်ရေးနှင့် ကျန် ၄၆ သန်းကိုမူ ရာသီဥတုပြောင်းလဲမှု၊ စွမ်းအင်၊ သဘာဝ ပတ်ဝန်းကျင်နှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေး တို့အတွက် သုံးစွဲရန် လျာထားကြောင်း ဦးညီညီအောင်က ပြောသည်။

အစိုးရအုပ်ချုပ်ရေး ယန္တရား ဒီမိုကရက်တစ် နည်းလမ်းကျရေး အတွက် နိုင်ငံ့ဝန်ထမ်း စွမ်းရည်မြှင့်သင်တန်းများ၊ ဝန်ထမ်းရွေးချယ်ရေး သင်တန်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းကာ ပြုလုပ် သွားမည်ဖြစ်ကြောင်း၊ ဒေသန္တရ အစိုးရ အုပ်ချုပ်ရေးကောင်းမွန်ရေး အတွက်မူ ဒေသခံ အရပ်ဘက်အဖွဲ့ အစည်းများနှင့် ပူးပေါင်း အကောင် အထည် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ၄င်းက ပြောကြားသည်။

ယခင်အစိုးရလက်ထက် ၁၉၉၃ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ဒေသန္တရ အစိုးရ အုပ်ချုပ်ရေး ကောင်းမွန်စေရန် မြို့နယ် ၄၉ မြို့နယ်၌ UNDP ရုံးခွဲများ ဖွင့် လှစ်ပြီး တိုက်ရိုက် ထောက်ပံ့ကူညီမှုများ လုပ်ဆောင်ခဲ့ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်သည်။

"အကောင်အထည်ဖော်တဲ့ အနေနဲ့ ဒီနှစ်ဆန်းပိုင်းမှာ လွှတ်တော် ကိုယ်စား လှယ် အရည်အချင်း မြှင့်တင်ရေးသင်တန်းတွေ လုပ်တယ်။ လွှတ်တော် စာကြည့်တိုက် အတွက် စာအုပ်လှူတယ်" ဟု ဦးညီညီအောင်က ဆိုသည်။

ယင်းသုံးနှစ်တာ လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်နိုင်ရေး အတွက် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့် ကုလသမဂ္ဂ လက်ထောက် အထွေထွေအတွင်းရေးမှူး ဒေါက်တာ Ajay Chhibber တို့ ဧပြီလ ၈ ရက်နေ့တွင် သဘောတူ လက်မှတ် ရေးထိုးထားပြီးဖြစ်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

The voice
ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ထိရောက်စွာ ပေးဆောင်နိုင်ရန် ကြိုးပမ်းနေသောအစိုးရ၏ အုပ်ချုပ်ရေး ယန္တရား ကောင်းမွန်ရေးအတွက် ကန်ဒေါ်လာ သန်း ၁၅၀ ထောက်ပံ့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (United Nations Development Programme) မှ ပြန်ကြားရေးတာဝန်ခံ ဦးညီညီအောင်က The Voice သို့ ပြောကြားသည်။

Facebook ပေါ်တွင် လူပျောက်ကြော်ငြာခဲ့သည့် မိန်းကလေးအား အလောင်းအဖြစ် ပြန်တွေ့သည့်ဖြစ်စဉ် အပြည့်အစုံ

Photo: Facebook ပေါ်တွင် လူပျောက်ကြော်ငြာခဲ့သည့် မိန်းကလေးအား အလောင်းအဖြစ် ပြန်တွေ့သည့်ဖြစ်စဉ် အပြည့်အစုံ

၂၂.၄.၂၀၁၃ ရက်နေ့က သူငယ်ချင်း တစ်ယောက်အကူအ ညီတောင်း၍လူပျောက်ကြော်ငြာPost တစ်ခုတင်ခဲ့ပါသည်ထို လူပျောက်ကြော်ငြာထဲကမိန်းကလေးပြန် လည်တွေ့ရှိပါသည် ။ 

သို့သော်အသက်ရှင်လျက်တော့ မဟုတ်ပါ ထို့ကြောင့်၎င်းသေဆုံးမှုသည် လူသေမှုဖြစ်နိုင်လား လူသတ် မှုဖြစ်နိုင်လားဆိုသည်ကိုဝိုင်းဝန်းစဉ်းစားစုံ စမ်းနိုင်ရန် ဒီစာကိုမေးမြန်းရေးသားပါသည် ။

ယနေ့အချိန်ခါတွင် facebookခေါ်လူ မှုကွန်ယက်အားအ လွှာအသီးသီး မှအသုံး ပြုနေသဖြင့် မိမိထက်သိမိမိထက်တက် တက်သိနားလည် သူများရှိပါကကာယကံ ရှင်များအားမိမိထက်ပိုမိုကူ ညီနိုင်ရန်၎င်းမိ မိတက်စွမ်းသ၍ကူညီချင်သူများရှိပါက ကူညီနိုင်ရန်အ သိပေးခြင်း သာဖြစ်ပါသည်။

သေဆုံးသူမှာရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ဝါးနက်ချောင်းကျေး ရွာအုပ် စု ရေတာရှည်ကျေးရွာမှအဖဦးဇော်ထွန်း အမိဒေါ်နော်မယ်စေး၏ သမီး ရန်ကုန်မြို့ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် တွင်ဒုတိယနှစ် တွင် တက်ရောက် ပညာသင်ကြားနေသောကျောင်း သူမနော်မေသူ သူ ဇော်ဖြစ်ပါသည် ၄င်း၏ချစ်သူမှာရန်ကုန် ဆေး၁ တွင်ပညာ သင်ကြားနေသော ဒုတိယနှစ်ကျောင်းသားမောင်ရဲမင်းဦးဖြစ်ပါသည်

အခင်းဖြစ်ပွားသည့်နေ့ ၁၉.၄.၂၀၁၃ေooနေအိမ်မှအပြင်ထွက် သွားခဲ့ပါသည် မောင်ရဲမင်းဦးမွေးနေ့သို့သွား၍ထိုမှတဆင့်မိဘများနေထိုင်
ရာရေတာရှည်ကျေးရွာသို့သွားမည်ဖြစ်ကြောင်းသိရပါသည် 

၁၉.၄.၂၀၁၃ရက်နေ့ ည၈း၀၀နာရီခန့် တွင် ဒေါ်နော်မယ်စေး ထံသို့ မောင်ရဲမင်း ဦးမှဖုန်းဆက်၍`အန်တီသမီးကိုည ၇း၃၀နာရီကမှော်ဘီကားပေါ်သို့ တင်ပေး လိုက်ကြောင်း သွားကြိုရန်ပြောကြားခဲ့သည်´

ထို အခါဒေါ်နော်မယ်စေးမှလူလွတ်၍အကြို ခိုင်းသော်လည်းပြန် လည်ရောက်ရှိလာခြင်းမရှိပေ ထို့ကြောင့်ဒေါ်နော်မယ်စေးမှ ည၁၀း၃၀ခန့်တွင်မောင်ရဲမင်းဦးထံဖုန်းဆက်၍၄င်၏သမီးအားကားပေါ်
တင်ပေးလိုက်တာသေချာလားဟုမေးသောအခါသေ ချာကြောင်း၎င်းကိုယ်တိုင်ကားထွက်မှပြန် လာကြောင်းပြောကြားခဲ့ပါသည်။

(မှတ်ချက် ယခင်က မောင်ရဲမင်းဦးသည်မနော် မေသူသူဇော်၏မိဘများထံသို့တစ်ခါမျှဖုန်း ဆက်သွယ်ဖူးခြင်း မရှိကြောင်းသိရသည်) 

၂၀.၄.၂၀၁၃ရက်နေ့တွင်ဒေါ်နော်မယ် စေးသည်သမီးနှင့်အတူနေထိုင်ရာ၎င်း၏ မောင်နေအိမ်သို့သို့သွားရောက်၍သမီး၏ သူငယ်ချင်းလိပ်စာ ဖုန်းနံပတ်များစုံစမ်း၍ ဆက်သွယ်မေးမြန်း ရာ၎င်းတို့ထံ သို့မလာ ကြောင်းသိရှိခဲ့ရပါသည်

ထို့နောက်မှော် ဘီသို့ပြန်လာ၍ မှော်ဘီရဲစခန်းသို့လူ ပျောက် အမှုဖွင့်သောအခါမှော် ဘီရဲစခန်း မှတာဝန်ရှိသူများအကြံပေးချက်ဖြင့်၎င်းသ မီးနေထိုင်ရာမရမ်းကုန်းမြို့နယ် ဘုရင့်နောင်ရဲစခန်းသို့အ မှုဖွင့်ရန်စီစဉ် ရပါသည် ။

ထိုနေ့မိုးချုပ်သွားသဖြင့နောက်တစ်နေ့တွင်မှသာအမှုဖွင့်နိုင်ပါသည် ၂၁.၄.၂၀၁၃ရက်နေ့တွင် ဦးဇော်ထွန်းဒေါ် နော်မယ်စေး တို့သည် မောင်ရဲမင်းအောင် နေအိမ်ကိုစုံစမ်းသွားရောက်၍မောင်ရဲမင်းဦးနေအိမ်ကိုစုံစမ်းသွားရောက်၍

၎င်း၏မိဘများနှင့်အတူ မရမ်းကုန်းမြို့နယ်ဘုရင့် နောင်ရဲစခန်းသို့ သွားရောက်၍နေ့လည် ၁၀း၀၀နာရီအချိန်ခန်တွင် ရဲတပ်ကြပ်ကြီး ကျော်ဆန်းဝင်းထံ လူပျောက်အမှုဖွင့်၍တိုင်ကြားခဲ့ပါသည် 

၎င်းရဲတပ်ကြပ်ကြီးကျော် ဆနးဝင်းမှ နှစ်နာရီအချိန်တွင်စခန်းအား လုံးဖြန့်ဝေပေးမည်ဟုပြောကြားခဲ့ပါသည်

ထိုနေ့ညနေ၀၆၀၀အချိန်ခန့်တွင်မောင်ရဲမင်းဦးမှဒေါ်နော်မယ်စေးထံ ဖုန်းဆက်၍ `၄င်းသည်မနော်မေသူသူဇော် ကိုင်သောဖုန်းအား ညနေ၄း၀၀နာရီခန့်ကဆက်၍ရ ကြောင်းသို့ရာတွင်ယောက်ျားတစယောက်ကိုင်ကြောင်းလှိုင်သာယာလို့ပြောသံ ကြားကြောင်းထို့နောက် ဖုန်းချသွားကြောင်း´ ပြောကြားခံ့ပါသည် ။

၂၂.၄.၂၀၁၃ရက်နေ့တွင်ဒေါ်နော်မယ် စေးထံသို့ဝါးနက်ချောင်းကျေးရွာ မှော်ဘီမြို့ နယ်ချင်းကျောင်းမှ မနော်မေသူသူအောင် ၏ပစ္စည်းများလှိုင် သာယာရဲစခန်းတွင်အပ်နှံထားကြောင်း၎င်းတို့ထံသို့လှိုင်သာယာခရစ်ယာန်
ဘုရားကျောင်းမှအကြောင်းကြားသောကြောင့်ပြောခြင်းဖြစ်ကြောင်းမှန်မ မှန်သွားကြည့်ရန်ပြောခဲ့ပါသည်။

ထို့ကြောင့်နေ့လည်၁၁း၀၀နာရီခန့်တွင် မောင်ရဲမင်း ဦးထံနှင့် ဘုရင့်ရဲစခန်းမှရဲတပ်ကြပ်ကြီးကျော်ဆန်းဝင်း ထံသို့ ဖုန်းဆက်အကြောင်း ကြားပြီးလှိုင်သာယာရဲစခန်းသို့ လိုက်သွားရာနေ့လည်၂း၁၅အချိန် ခန့်တွင်ရောက်ရှိ၍ ပစ္စည်းများစစ်ကြည့်ရာ မှန်ကန်ကြောင်းတွေ့ရပါသည် ။

၎င်းပစ္စည်းများကို၁၉.၄.၂၀၁၃ရက်နေ့တွင် ည၈း၁၅အချိန်ခန့် တွင်အောင်ဇေယျတံတား(လှိုင်သာယာဘက်ကမ်း)တွင်လုံခြုံရေး တာဝန်ထမ်းဆောင်နေသောတာဝန်ကျရဲ ထံသို့ အမည်မသိအမျိုး သမီး၃ဦးမှလာ၍အပ်နှံ သွားကြောင်းသိရသည် 

ပစ္စည်းများမှာ မေ န်ာမေသူသူဇော်ကိုင်ဆောင်သော လက် ကိုင်အိတ် ကျောင်း သားကဒ် အမေရိကန် သံရုံးစာကြည့်တိုက် အသင်းဝင် ကဒ်ဒေါက်ဖိနပ်တစ်ရံ စုစုပေါင်းပစ္စည်း၁၁မျိုး တို့ ဖြစ်သည် ထို့နောက်ဘု ရင့်နောင် ရဲစခန်းသို့ လိုက်သွားပြီး ထွက်ဆိုချက်များပေးခဲ့ရပါသည်


၂၃.၄.၂၀၁၃ရက်နေ့တွင်မနက်၀၉း၀၀ အချိန်ခန့်တွင် ဘုရင့်နောင်ရဲစခန်းသို့ ဒေါ် နော်မယ်ဆေးနှင့်အတူ ၄င်း၏မောင်နှင့် တူမတို့ထွက်ဆိုချက်များသွားပေးခဲ့ပါသည်ထိုအချိန်တွင် အမှုစစ်ဒုရဲအုပ်ကျော်ဝင်း နိုင်သည်ပစ္စည်းများ စတင်သိမ်းဆည်းခဲ့သော ရဲတပ်ကြပ်ကြီးဟာတူးမောင်အားစစ် ဆေးရန်လှိုင်သာယာရဲစခန်းသို့သွားမည် ဖြစ်သဖြင့်၎င်းနှင့်အတူလိုက်သွားခဲ့ပါသည်

ထိုသို့စစ်ဆေးနေစဉ်ဒုရဲအုပ်ကျော် ဝင်းနိုင်ထံသို့ ပိုင်ရှင်မဲ့ အလောင်း တစ် လောင်းအင်းစိန်ဆေးရုံကြီး သို့ရောက် ရှိနေကြောင်းဖုန်း သတင်းဝင်လာပါသည်


ထိုအကြောင့်အမှုစစ်ဒုရဲအုပ်ကျော်ဝင်းနိုင်နှင့်အတူ အင်းစိန်ရဲစခန်းသို့သွားရောက်ခဲ့ရပါသည် ထို့နောက် အင်းစိန်စခန်းမှူး ဓါတ်ပုံများထုတ်ပြ၍မနော်မေသူသူဇော် ဟုတ်မဟုတ်ကြည့်ခိုင်းပါ သည်

ဒေါ်နော်မယ်စေး၏ ဆွေမျိုးများ မှအင်းစိန်ဆေးရုံကြီးသို့ ဖုန်းဆက်၍ အလောင်းရှိမရှိမေးမြန်း၍ ရှိသည်ဟု ပြော သဖြင့်၀၄း၀၀နာရီ အချိန်ခန့်တွင်အင်း စိန်ဆေးရုံကြီးသို့လိုက်သွားခဲ့သည်

ထိုနေ့ ကအလောင်းသယ်ယူသော ကားမအား၍ နောက်ကျခြင်းကြောင့်သာ အလောင်းကို ပြန်ရခြင်းဖြစ်သည် အကယ်၍ကားနောက် မကျပါက မိခင်မှာသမီးကိုမြင်တွေ့ ခွင့်ရ မည်မဟုတ်ပေ ထိုအလောင်း ကို၂၀.၄.၂၀၁၃ရက်နေ့ နံနက်၉း၀၀နာရီအချိန်ခန့်တွင် အင်းစိန်ရွာမအနောက်၆ရပ်ကွက် ငါးဒိုင်အနီးရှိမြစ် ကမ်းမှ၅ပေအကွာ တွင်တွေ့ရှိဆယ်ယူပြီး အင်းစိန်ရဲစခန်းသို့အကြောင်းကြားခဲ့ကြ သည် 

စခန်းမှလာရောက်၍ နေ့လည်၁နာ ရီခန့်တွင်အင်းစိန်ဆေးရုံကြီး သို့ပို့ဆောင် ခဲ့သည် ၂၄.၄.၂၀၁၃ရက်နေ့ တွင်ထိန်ပင်သို့ ပို့ဆောင်ဂူသွင်းသည်

အထက်ပါဖြစ်စဉ်များကိုသေချာဖတ် ၍အကြံပြုပေးကြပါ ဖြန့်ဝေပေးပါ ၁ စော်ဘွားကြီးကုန်းမှအောင်ဇေယျ တံတား ညနေ၀၇း၃၀ တွင်သွားပါက၄၅ မိနစ်ဖြင့်ရောက်နိုင်ပါသလား ၂ ဘုရင့်နောင်ရဲစခန်းမှ လူပျောက်အ မှုဖွင့်ထားပြီး 

၂နာရီအတွင်းရန်ကုန်တိုင်းရှိ စခန်းအားလုံးဖြန့်မည်ဆိုသော်လည်းအ ဘယ့်ကြောင့် လှိုင်သာယာရဲစခန်းမှပစ္စ ည်းများလက်ခံထိန်း သိမ်းပြီးလူပျောက်အ မှုကိုမသိရှိသလဲ ၃ ၄င်းပစ္စည့်းများထဲတွင် ကျောင်းသား ကဒ် မှတ်ပုံတင်များပါရှိပြီး

၎င်းကဒ်များတွ င်နေရပ်လိပ်စာများ ပါရှိသော်လည်းအဘယ့်ကြောင့် ကာယကံရှင်များအားအကြောင်း မကြားသနည်း (သိ့မဟုတ်)ကာယကံရှင် များနေထိုင်ရာမြို့ နယ်ရဲစခန်းသို့အ ကြောင်းမကြားသလဲ ၄ လူသေမှုဖြစ်နိုင် သလား(သို့မဟုတ်) လူသတ်မှုဖြစ်နိုင်သလားစာ ဖတ်သူများလည်းသေ ချာဖတ်၍စဉ်း စားပေးပါ အမှားအယွင်းပါပါကတောင်း ပန်ပါသည် အမှန်တရား တန်ဖိုးထားနိုင်ကြပါစေ။

Kothein Htike

Posted From လူထု မောင်ကာဠု

၂၂.၄.၂၀၁၃ ရက်နေ့က သူငယ်ချင်းတစ်ယောက်အကူအညီတောင်း၍ လူပျောက်ကြော်ငြာPost တစ်ခု တင်ခဲ့ပါသည် ထို လူပျောက်ကြော်ငြာထဲကမိန်းကလေးပြန် လည်တွေ့ရှိပါသည်

ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ကြက်ငှက်တုပ်ကွေးရောဂါနှင့်ပတ်သက်၍ တပ်လှန့်ထား

Photo: ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ကြက်ငှက်တုပ်ကွေးရောဂါနှင့်ပတ်သက်၍ တပ်လှန့်ထား
Sunday, April 28, 2013

ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက H7N9 ကြက်ငှက် တုပ်ကွေးရောဂါ ဖြစ်ပွါးနိုင်ဖွယ်ရာများနှင့်ပတ်သက်၍ နှိုးဆော်သတိပေးမှုများဆောင်ရွက်လျက်ရှိသည်။

ဧပြီလ ၂၄ရက်နေ့က ထိုင်ဝမ်ရှိ အမျိုးသားတစ်ဦးတွင် ကြက်ငှက်တုပ်ကွေးရောဂါ တွေ့ရှိခဲ့ပြီးနောက် ထိုင်းနိုင်ငံ က ယခုကဲ့သို့ဆောင်ရွက်လာခြင်းဖြစ်သည်။

ထိုင်ဝမ်၌ ကြက်ငှက်တုပ်ကွေးရောဂါတွေ့ရှိခြင်းမှာ တရုတ်နိုင်ငံပြင်ပတွင် ပထမဆုံးတွေ့ရှိခြင်းပင်ဖြစ်သည်။ တရုတ်နိုင်ငံတွင် ဧပြီလ ၂၅ရက်နေ့အထိ လူပေါင်း ၁၀၉ဦး ကြက်ငှက်တုပ်ကွေးရောဂါတွေ့ရှိရပြီး ၂၂ဦးမှာ အဆိုပါရောဂါဖြင့် သေဆုံးခဲ့သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကိန်းဂဏန်းများအရ သိရသည်။

ထိုင်းနိုင်ငံတွင် ယခုအချိန်အထိ ကြက်ငှက်တုပ်ကွေးရောဂါရှိသူ မတွေ့ရှိသေးသော်လည်း ကြိုတင်ကာကွယ် နိုင်ရေး အတွက် ပြင်ဆင်ဆောင်ရွက်ထားသည်ဟု ထိုင်းကျန်းမာရေးဝန်ကြီးဌာန ၀န်ကြီး Pradit Sintawanarong က ဧပြီလ ၂၇ရက်နေ့တွင် ပြောကြားသည်။

အာရှနိုင်ငံများကလည်း ကြက်ငှက်တုပ်ကွေးရောဂါနှင့်ပတ်သက်၍ နိုးကြား လျက်ရှိကာ ပြန့်နှံ့မှုမရှိ စေရေးအတွက် ကြိုတင်သတိပေးမှုများ ဆောင်ရွက် ထားကြသည်ဟုလည်း ၎င်းက ဆိုသည်။

Source: ဗန်ကောက်ပို့စ်
ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက H7N9 ကြက်ငှက် တုပ်ကွေးရောဂါ ဖြစ်ပွါးနိုင်ဖွယ်ရာများနှင့် ပတ်သက်၍ နှိုးဆော်သတိပေးမှုများဆောင်ရွက်လျက်ရှိသည်။

တန့်ယန်းလမ်းခွဲအနီးတွင် ကားတိမ်းမှောက် လူ ၆ ဦးသေ

ဧပြီလ ၂၇ရက်နေ့ ညနေသုံးနာရီခွဲအချိန်ခန့်တွင် လားရှိုး-မန္တလေး အဝေးပြေးလမ်းမကြီး မိုင်တိုင်အမှတ် (၁၆၅/၄)ရှိ တန့်ယန်းလမ်းခွဲအနီး ခေးနင်းကျေးရွာ၊ ရေကျော်ခုံးတံတားအဆင်း တွင် နေပြည်တော် မှ လောက်ကိုင်မြို့သို့သွားသော ကားတစ်စီးတိမ်းမှောင့်ရာ ခရီးသည် ၆ဦး သေဆုံးကာ ၂၃ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာ့ခေတ်မှ စုံစမ်းသိရရှိသည်။

အ၀လွန်သူများ အတွက် ရှောက်ရွက်၏ အစွမ်း


အ၀လွန်သူများ အတွက် ရှောက်ရွက်၏ အစွမ်း
28.4.2013

အ၀လွန်သူများ၊ ဗိုက်ခေါက်ထူပြီး လာသော အမျိုးသမီးများအတွက် ပထမဦးစွာ ရှောက်ရွက်ကြမ်းများကို ရှာထားပါ။
ပုလင်း တစ်လုံးစီတွင် ရိုးရိုးသကြားသုံးဇွန်း (ဟင်းစားဇွန်း) စီထည့် ရပါမည်။ ပုလင်းများတစ်လုံး စီတွင် ရှောက်၉ရွက် စီထည့်ပေးပါ။ေ၇ကျက်အေးများ ပုလင်းထဲသို့ အပြည့်ထည့်ပြီး အဆို့ ပိတ် လျက် နေပူတွင် ကိုးရက်လှန်းပေးပါ။ ကိုးရက်စေ့လျှင် ဆေးဝါးအဖြစ် သုံးနိုင်ပြီ။ နံနက် တစ်ကြိမ်၊ ည တစ်ကြိမ် အဆိုပါေ၇ှာက်၇ွက် ဆေးရည်ပုလင်းကို လှုပ်ပြီး လက်ဖက်ရည် အကြမ်းပန်းကန် တစ်ဝက် ခန့် ကို မှန်မှန် သောက်သုံးသွားပေးပါ။

တစ်လနှစ်လ ရှိသောအခါ အမျိုးသမီးများ ခါးသေးရင်ချီပြီး အဆီပို ဗိုက်ရွှဲမှုများ ကျသွား၍ အသားအရေ စစ်သွားပါမည်။ အဆီကျ ဓာတ်စာဆေးများ စားခြင်းထက် စိတ်ချရသော ရိုးရာ ဆေးနည်း ဖြစ်ပါသည်။ မှန်မှန် သောက်သုံးခြင်းဖြင့် အသည်း အဆီဖုံးခြင်းနှင့် နှလုံးအဆီ ပိတ်ခြင်း တို့မှလည်း သက်သာ ပျောက် ကင်း စေပါသည်။

မြ၀တီ
အ၀လွန်သူများ၊ ဗိုက်ခေါက်ထူပြီးလာသော အမျိုးသမီးများအတွက် ပထမဦးစွာ ရှောက်ရွက်ကြမ်းများကို ရှာထားပါ။
ပုလင်းတစ်လုံးစီတွင် ရိုးရိုးသကြားသုံးဇွန်း (ဟင်းစားဇွန်း) စီထည့် ရပါမည်။ ပုလင်းများတစ်လုံး စီတွင် ရှောက်၉ရွက် စီထည့်ပေးပါ။ေ၇ကျက်အေးများ ပုလင်းထဲသို့ အပြည့်ထည့်ပြီး အဆို့ ပိတ် လျက် နေပူတွင် ကိုးရက်လှန်းပေးပါ။

သင့် ခန္ဓာကိုယ် ကျန်းမာလှပနေစေရန် ဗီတာမင် ငါးမျိုး၏ အကျိုးပြုချက်များ

Photo: သင့် ခန္ဓာကိုယ် ကျန်းမာလှပနေစေရန် ဗီတာမင် ငါးမျိုး၏ အကျိုးပြုချက်များ
Sunday, April 28, 2013

ဗီတာမင်ဆိုတာနဲ့ ခန္ဓာကိုယ်ကို အာဟာရဖြစ်စေပြီး ကောင်းကျိုးဖြစ်စေတယ်လို့ လူတိုင်း သိကြပါတယ်။ ဗီတာမင်အေ၊ ဘီ၊ စီ၊ အီး၊ ကေ စတာတွေကတော့ လူသိလည်းများသလို၊ ခန္ဓာကိုယ်အတွက် တကယ် လိုအပ်တာတွေလည်း ဖြစ်ပါတယ်။ အဲဒီဗီတာမင်တွေက သင့်ခန္ဓာကိုယ် ဘယ်လို အစိတ်အပိုင်းတွေကို ဘယ်လို အကျိုးပြုသလဲ ဆိုတာကို သိရှိနိုင်စေဖို့ ဖော်ပြလိုက်ပါတယ်။

ဗီတာမင် အီး၏ စွမ်းဆောင်ချက်

ဗီတာမင်အီးဟာ အရေပြားနဲ့ ခန္ဓာကိုယ်က အမွေးအမှင်တွေကို ခြောက်သွေ့မှု ကင်းစေတဲ့ အကျိုးအာနိသင် ရှိတယ်လို့ ဆိုပါတယ်။ ဗီတာမင်အီးဟာ အဆီတွေကို ပျော်ဝင်စေတဲ့ အင်တီအောက်ဆီဒင့် တစ်ခုအဖြစ် စွမ်းဆောင်နိုင်ပြီး အရေပြားအတွက် လိုအပ်တဲ့ သဘာဝ ရေဓာတ်တစ်မျိုး အဖြစ်လည်း အကျိုးပြုပါတယ်။ ဒါကြောင့် အလှကုန်ပစ္စည်း အတော်များများမှာ ဗီတာမင်အီးကို ပုံစံအမျိုးမျိုးနဲ့ ထုတ်လုပ် အသုံးပြုနေကြတာပါ။ အောက်စီဂျင် မရတာကြောင့် အရေပြား ပျက်စီးတာမျိုး မဖြစ်အောင် ဗီတာမင်အီးက ကာကွယ်ပေးနိုင်ပြီး အရေပြား ဆဲလ်အသစ်တွေ ဖြစ်ပေါ်မှုကိုလည်း အားပေးပါတယ်။ ဒါပေမဲ့ ဗီတာမင်အီးကို ဖြည့်စွက်မှု အနေနဲ့ သောက်သုံးပေးတာမျိုးက တစ်ခါတလေ မလိုအပ်ဘဲ လွန်ကဲမှု ဖြစ်စေတတ်တာကြောင့် သင်စားနေတဲ့ အစားအစာထဲမှာ ဗီတာမင်အီးပါဝင်မှု နည်းတယ်ထင်ရင် ဗီတာမင်မျိုးစုံ ပါဝင်တဲ့ အားဆေး တစ်မျိုးကိုသာ မှီဝဲပါ။

ဗီတာမင် အေ၏ စွမ်းဆောင်ချက်

ဗီတာမင်အေမှာ သဘာဝ ရတီနောတွေ ပါဝင်ပြီး ပါးရေတွန့်တာနဲ့ အရေးကြောင်းတွေကို သက်သာစေတဲ့ အာနိသင်ရှိပါတယ်။ ဝက်ခြံ၊ အမည်းစက်၊ အမာရွတ်နဲ့ အရေးကြောင်းတွေကို သက်သာစေနိုင်ပါတယ်။ ဗီတာမင်အေမှာ အရေပြားအတွက် လိုအပ်တဲ့ ကော်လာဂျင်တွေလည်း ပါဝင်ပါတယ်။ ဗီတာမင်အေဟာ အမြင်စွမ်းအင်နဲ့ အရိုးဖွံ့ဖြိုးမှုကိုလည်း အထောက်အကူ ပြုတာကြောင့် ဗီတာမင်အေ ချို့တဲ့ရင် ကလေးငယ်တွေမှာ မျက်စိ အမြင်အာရုံကို ချို့တဲ့စေပါတယ်။ အရေပြားထဲက အဆီဂလင်းတွေကို ဖယ်ရှားပေးနိုင်တာကြောင့် ဝက်ခြံပျောက်ဆေး အတော်များများမှာ ဗီတာမင်အေ ပါဝင်တတ်ပါတယ်။

ဗီတာမင် စီ၏ စွမ်းဆောင်ချက်

တော်ရုံ အအေးမိ ဖျားနာတာလောက်ကတော့ ဗီတာမင်စီ ကြွယ်ဝသူ အနေနဲ့ သိပ်မဖြစ်တတ်ပါဘူး။ သဘာဝ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေပါဝင်ပြီး လိုအပ်တဲ့ တစ်သျှူးတွေကိုလည်း ဖွံ့ဖြိုးစေပါတယ်။ အရိုးကို သန်မာစေပြီး သွားတွေကို ခိုင်မာစေကာ ခံတွင်းရောဂါတွေကိုလည်း ကင်းစေပါတယ်။ မျက်နှာပေါ်က အစက်အပြောက်တွေကိုလည်း ကင်းစေပါတယ်။ အရေပြားအတွက် လိုအပ်တဲ့ အောက်ဆီဂျင်ကို ရရှိစေပြီး၊ အရေပြား ကြည်လင်စေတဲ့ အာနိသင်ရှိတာကြောင့် ခန္ဓာကိုယ် အကျိုးပြု ဖရီးရယ်ဒီကယ် တစ်မျိုးလို့ ခေါ်ကြပါတယ်။

ဗီတာမင် ကေ၏ စွမ်းဆောင်ချက်

ဗီတာမင်ကေကတော့ ကျောက်ကပ် လုပ်ငန်းဆောင်တာနဲ့ အရိုးအဆစ်တွေ ဖွံ့ဖြိုးစေဖို့ အထောက်အကူပြုတဲ့ ဗီတာမင်တစ်မျိုးပဲ ဖြစ်ပါတယ်။ အာရုံကြောဆိုင်ရာ ပြဿနာတွေကို ကောင်းမွန်စေတဲ့ ဖြည့်စွက် ဗီတာမင် တစ်မျိုးထဲမှာ ဗီတာမင်ကေလည်း ပါဝင်နေပါတယ်။ အရေပြားပေါ်မှာ ဖြစ်တတ်တဲ့ သွေးခဲကွက်တွေကို သက်သာစေပါတယ်။ ဒါ့အပြင် အရေပြားပေါ်က သွေးကြောမျှင် ပေါ်တာတွေ၊ မျက်ကွင်းညိုတာတွေနဲ့ သွေးကြောပြတ်ရာတွေကိုလည်း ပျောက်ကင်းစေတဲ့ အာနိသင်ရှိပါတယ်။ ဒါကြောင့် အမည်းစက် ပျောက်စေတဲ့ ဆေးအတော်များများနဲ့ အလှကုန်တွေမှာ ဗီတာမင်ကေ ပါဝင်ပါတယ်။

ဗီတာမင် B3 ၏ စွမ်းဆောင်ချက်

ဗီတာမင် B3 ဟာ အရေပြားမှာ ရေဓာတ်ရရှိစေတဲ့ ဗီတာမင်အဖြစ် အစွမ်းထက်ပါတယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပရိုတင်းကို ရရှိစေပြီး အစာခြေစနစ်ရဲ့ လုပ်ငန်းဆောင်တာကိုလည်း ကောင်းမွန်စေပြီး ဇီဝရုပ် ဖြစ်ပျက်မှုကိုလည်း အထောက်အကူ ပြုပါတယ်။ အရေပြားမှာ လိုအပ်တဲ့ ရေဓာတ်ကို ရရှိစေပြီး အရေပြား ခြောက်သွေ့မှုကို ပြန်လည် ပြုပြင်ပေးနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် အရေပြား ကြေးချွတ်ပစ္စည်းတွေထဲမှာ ဗီတာမင် B3 ကို ပါဝင်အောင် အသုံးပြုတတ်ကြပါတယ်။

သဲသဲ
Good Health
ဗီတာမင်ဆိုတာနဲ့ ခန္ဓာကိုယ်ကို အာဟာရဖြစ်စေပြီး ကောင်းကျိုးဖြစ်စေတယ်လို့ လူတိုင်း သိကြပါတယ်။ ဗီတာမင်အေ၊ ဘီ၊ စီ၊ အီး၊ ကေ စတာတွေကတော့ လူသိလည်းများသလို၊ ခန္ဓာကိုယ်အတွက် တကယ် လိုအပ်တာတွေလည်း ဖြစ်ပါတယ်။ အဲဒီဗီတာမင်တွေက သင့်ခန္ဓာကိုယ် ဘယ်လို အစိတ်အပိုင်းတွေကို ဘယ်လို အကျိုးပြုသလဲ ဆိုတာကို သိရှိနိုင်စေဖို့ ဖော်ပြလိုက်ပါတယ်။

ထိုင်း-မြန်မာနယ်စပ်ငှက်ဖျားထိန်းချုပ်ကာကွယ်ရေးအတွက် USAID ကကူညီပေးမည်..

Photo: ထိုင်း-မြန်မာနယ်စပ်ငှက်ဖျားထိန်းချုပ်ကာကွယ်ရေးအတွက် USAID
ကကူညီပေးမည်..
Sunday, April 28, 2013

ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တာချီလိတ်-မယ်ဆိုင်ကစပြီးကော့သောင်း
-ရနောင်းအထိငှက်ဖျားရောဂါတိုက်ဖျက်ရေးနှင့် ထိန်းချုပ်ရေး အတွက်
USAID ကငွေကြေးထောက်ပံ့ကူညီပေးမည် ဖြစ်ပြီးထိုင်းနှင့် မြန်မာနိုင်ငံမှ
ကျန်းမာရေးတာဝန်ရှိသူများကအကောင်အထည်ဖော် ဆောင်ရွက်မည်
ဖြစ်ကြောင်း သိရသည်။ 

၎င်းထိုင်း-မြန်မာနိုင်ငံနယ်စပ်တွင် ငှက်ဖျား
ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးအစီအစဉ်ဖြစ်သည့် Malaria
Prevention and Control in Myanmar-Thailand Border ကိုထိုင်း-မြန်မာ
နှင့် အမေရိကန် USAID တို့ဗန်ကောက်နိုင်ငံခြားရေးဝန်ကြီးဌာနတွင်
လက်မှတ်ရေးထိုးမည် ဖြစ်ပြီးကျန်းမာရေးဝန်ကြီးဌာန ကိုယ်စားဗန်ကောက်
အခြေစိုက်သံအမတ်ကြီးဦးတင်ဝင်းက လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း
သိရသည်။

အဆိုပါ ငှက်ဖျားရောဂါတိုက်ဖျက်ရေး(၂)နှစ်စီမံကိန်းလုပ်ဆောင်
ရန်အတွက် အမေရိကန်ဒေါ်လာတစ်သန်းကို USAID က ထောက်ပံ့ပေး
မည် ဖြစ်ပြီး နယ်စပ်ရှိမြို့၊ရွာများတွင် ကျန်းမာရေးနှင့် ပတ်သက်သည့်
ကာကွယ်စောင့်ရှောက်မှုများကိုအဓိက ထားဆောင်ရွက်သွားမည် ဖြစ်ပါ
သည်။ထို့အပြင်(၂)နိုင်ငံနယ်စပ်မြို့များတွင် ရုံးဖွင့်ပြီးပူးတွဲလုပ်ဆောင်
သွားမည် ဖြစ်ကာ မြန်မာနိုင်ငံဘက်တွင် လည်းငှက်ဖျားရောဂါကုသရေး
ဆေးခန်းများ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ
သိရသည်။

SkyNet TV Browser

ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တာချီလိတ်-မယ်ဆိုင်ကစပြီးကော့သောင်း-ရနောင်းအထိ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးနှင့် ထိန်းချုပ်ရေး အတွက် USAID ကငွေကြေးထောက်ပံ့ ကူညီပေးမည် ဖြစ်ပြီး ထိုင်းနှင့် မြန်မာနိုင်ငံမှ ကျန်းမာရေးတာဝန်ရှိသူများကအကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

သောက်သုံးရေ ရှားပါးသည့် ဘုန်းတော်ကြီး ကျောင်းများ၊ သီလရှင် ကျောင်းများနှင့်ေ ကျးရွာများသို့ သောက်သုံးရေများ ဖြန့်ဝေ လှူဒါန်းလျက်ရှိ

Photo: သောက်သုံးရေ ရှားပါးသည့် ဘုန်းတော်ကြီး ကျောင်းများ၊ သီလရှင် ကျောင်းများနှင့်ေ ကျးရွာများသို့ သောက်သုံးရေများ ဖြန့်ဝေ လှူဒါန်းလျက်ရှိ
Sunday, April 28, 2013

မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ သောက်သုံးရေ ရှားပါးသည့် ဘုန်းတော်ကြီး ကျောင်းများ၊ သီလရှင် ကျောင်းများနှင့် ကျေးရွာ ဒေသများသို့ နယ်မြေခံ တပ်မတော် သားများက တပ်ပိုင်ရေ သယ်ယာဉ်များဖြင့် သောက်သုံးရေများ ဆက်လက် ဖြန့်ဝေ လှူဒါန်းလျက်ရှိရာ ဧပြီ ၂၇ ရက်တွင် ရမည်းသင်း မြို့နယ်ရှိ ရွှေမြင်တင်တောင် ဘုရားတွင် ရေကန် ဆယ်တင်ခြင်းအား ဆောင်ရွက် ခဲ့သည့် အပြင် ညောင်ပင်အိုင် ကျေးရွာရှိ အိမ်ထောင်စု ၅၂ဝ စုအတွက် သောက်သုံး ရေဂါလန် ၄၈ဝဝ အား လည်းကောင်း၊ မန္တလေး တပ်နယ်ရှိ ပုသိမ်ကြီး မြို့နယ် အတွင်း ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင် ကျောင်းများသို့ ရေသန့်ဘူးကြီး ၁ဝဝ ဘူးနှင့် သောက်သုံးရေ ဂါလန် ၉၂ဝဝ အား လည်းကောင်း၊ ကျောက်ပန်းတောင်း မြို့နယ် ပေါက်သစ် ကျေးရွာရှိ အိမ်ထောင်စု ၂၅ဝ စု အတွက် သောက်သုံးရေ ဂါလန် ၃၂ဝဝ နှင့် ချောင်းဖျား ကျေးရွာ အတွင်းရှိ အိမ်ထောင်စု ၉ဝ စု အတွက် သောက်သုံးရေ ဂါလန် ၁၆ဝဝ အား လည်းကောင်း၊ ညောင်ဦးမြို့နယ် မင်းနန်သူ ကျေးရွာ အတွင်းရှိ အိမ်ထောင်စု ၁၁၈ စုအတွက် သောက်သုံး ရေဂါလန် ၃ဝဝဝ အား လည်းကောင်း အသီးသီး ဖြန့်ဝေ လှူဒါန်းသည်..

အလားတူ မကွေးတိုင်း ဒေသကြီး မလွန်မြို့နယ် ဥယျာဉ်ကျေးရွာရှိ အိမ်ထောင်စု ၄၂၁ စုအတွက် သောက်သုံး ရေဂါလန် ၃၂ဝဝ အား လည်းကောင်း၊ ကုန်းကြီး ကျေးရွာရှိ အိမ်ထောင်စု ၈၆၈ စုအတွက် သောက်သုံးရေ ဂါလန် ၁ဝဝဝဝ အားလည်းကောင်း၊ ပဒါန်း တပ်နယ်ရှိ ငဖဲမြို့နယ် မရိုးကန်ကျေးရွာ၊ မာန်အောင်ကျေးရွာ၊ စည်သာ ကျေးရွာနှင့် ဆူးပဒေါင်း ကျေးရွာများမှ အိမ်ထောင်စု ၂၄ဝ စုစီအတွက် သောက်သုံးရေ ဂါလန် ၁၂ဝဝ စီအား လည်းကောင်း၊ ချောက်မြို့နယ် ရေလယ် (မြောက်) ကျေးရွာအတွင်းရှိ အိမ်ထောင်စု ၆ဝ စု အတွက် သောက်သုံး ရေဂါလန် ၁၆ဝဝ အား လည်းကောင်း နယ်မြေခံ တပ်မတော်သား များက တပ်ပိုင် ရေသယ်ယာဉ် များဖြင့် အသီးသီး ဖြန့်ဝေ လှူဒါန်း ပေးသည့် အပြင် တိုင်းဒေသကြီး အတွင်းရှိ သောက်သုံးရေ ရှားပါးသည့် ဒေသများသို့ ရေများ ပေးပို့ လှူဒါန်းခြင်း၊ ရေတွင်း၊ ရေကန်များ တူးဖော် ဆယ်ယူခြင်းများ ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

မြ၀တီ

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သောက်သုံးရေရှားပါးသည့် ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင် ကျောင်းများနှင့် ကျေးရွာ ဒေသများသို့ နယ်မြေခံ တပ်မတော် သားများက တပ်ပိုင်ရေ သယ်ယာဉ်များဖြင့် သောက်သုံးရေများ ဆက်လက် ဖြန့်ဝေ လှူဒါန်းလျက်ရှိရာ ဧပြီ ၂၇ ရက်တွင်

ခုခံအားစနစ်ကို မြင့်တင် ပေးနိုင်သော အစားအစာ(၅)မျိုး

Photo: “ ခုခံအားစနစ်ကို မြင့်တင် ပေးနိုင်သော အစားအစာ(၅)မျိုး ”
Sunday, April 28, 2013

၁။ ဒိန်ချဉ်

ဒိန်ချဉ်တွင် အူလမ်းကြောင်း အတွင်းရှိ ကောင်းမွန်သော ပိုးမွှားများကို အထောက်အပံ့ ပေးနိုင်သော အစွမ်းရှိပြီး သင့်ခန္ဓာကိုယ်က အာဟာရများကို ပိုမို စုပ်ယူနိုင်ရန် ကူညီ ပေးနိုင်ပါတယ်။
သင့်ကိုလည်း ဖျားနာခြင်းမှ ကင်းဝေး စေနိုင်ပါတယ်။ လေ့လာမှု တစ်ခုတွင် ဒိန်ချဉ် သောက်ခြင်းက အအေးမိဖျားနာခြင်း၊ ရောဂါပိုးကူး စက်ခံရခြင်းတို့အား ၁၉%ပိုမိုသက် သာစေနိုင်ကြောင်း သိရပါတယ်။

၂။ နို့ဖျော်ရည်

ယင်းKefir)နို့ကို အချဉ်ဖောက် ထားသော နို့ဖျော်ရည် များတွင်လည်း အူလမ်းကြောင်း အတွင်းရှိ ပိုးမွှားများ ကိုအထောက်အပံ့ ပေးနိုင်ပြီး ခုခံအား စနစ်ကို အထောက်အပံ့ ပေးနိုင်ပါ တယ်။

၃။ အခွံမာသီးများ

အခွံမာသီးများဟာ Omega 3 fatty အက်စစ်များစွာ ပါဝင်ပြီး ယင်းက ဖျားနာခြင်းကို သက်သာစေကာ၊ လေ့လာမှု တစ်ခုအရ Omega 3 fatty အက်စစ်က လေပြွန်တွင်း ပိုးဝင်ခြင်းကို သက်သာ စေကြောင်း သိရပါတယ်။

၎။ အသီးအရွက်နှင့် သစ်သီးများ

၎င်းတို့က သင့်ရဲ့ ခုခံအားစနစ်ကို မြှင့်တင် ပေးနိုင်ပြီး အထူးသဖြင့် ဗီတာမင်စီ ကြွယ်ဝစေတဲ့ အသီး များဖြစ်တဲ့ စတော်ဘယ်ရီ၊ ပန်ဂေါ်ဖီ စိမ်း၊ မုန်လာဥနီစတဲ့ အသီးတွေက ပိုပြီးမြှင့်တင် ပေးနိုင်ပါတယ်။

၅။ အသား

အသားများတွင် ပရိုတင်းဓာတ် များစွာ ပါဝင်ပြီး ယင်းက ခုခံအား စနစ်အား ပိုမိုကြံ့ခိုင် စေပါတယ်။ ထို့ပြင် အသားထဲတွင် ပါဝင်သော ဇင့်ဓာတ်ကလည်း၊ သွေးဖြူဥ များကို ကူညီပြီး ရောဂါပိုးများ တိုက်ထုတ် ပေးနိုင်ကြောင်းသိရတယ်။

အပိန်လေး
Health Updates Journal

၁။ ဒိန်ချဉ်
ဒိန်ချဉ်တွင် အူလမ်းကြောင်း အတွင်းရှိ ကောင်းမွန်သော ပိုးမွှားများကို အထောက်အပံ့ ပေးနိုင်သော အစွမ်းရှိပြီး သင့်ခန္ဓာကိုယ်က အာဟာရများကို ပိုမို စုပ်ယူနိုင်ရန် ကူညီ ပေးနိုင်ပါတယ်။ သင့်ကိုလည်း ဖျားနာခြင်းမှ ကင်းဝေး စေနိုင်ပါတယ်။ လေ့လာမှု တစ်ခုတွင် ဒိန်ချဉ် သောက်ခြင်းက အအေးမိဖျားနာခြင်း၊ ရောဂါပိုးကူး စက်ခံရခြင်းတို့အား ၁၉%ပိုမိုသက် သာစေနိုင်ကြောင်း သိရပါတယ်။

ကလေးမြို့တွင် ILO အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်


Photo: ကလေးမြိုတွင် ILO အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်
Sunday, April 28, 2013

ကမ္ဘာ့အလုပ်သမားများအဖွဲ့ (ILO) သည် ဧပြီ (၂၇-၂၈) ရက်နေ့များတွင်
ကလေးမြို့ မင်္ဂလာဥယျာဉ်ရပ်ကွက်ရှိ မင်္ဂလာဥယျာဉ် စာသင်တိုက်တွင် ILO
workshop သင်တန်းငယ်တစ်ခုကို ပြုလုပ်ခဲ့သည်။

အဆိုပါ ILO workshop အားယခင်က နယ်များမှတဆင့် ရန်ကုန်သို့ သွားရောက် သင်တန်းတက်ကြရပြီး ယခုအခါ
ရန်ကုန်တွင် သင်ကြားပေးခြင်း မလုပ်တော့ပဲ ရန်ကုန်မှ
နယ်မြို့များသို့ဆင်းကာ ပြုလုပ်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

သင်တန်းချိန်ကို နံနက် (၈)နာရီမှ ညနေ (၅)နာရီထိ သင်ကြားပြီး
အဓိကအကြောင်းအရာများအဖြစ် ကလေးစစ်သားနှင့် အဓမ္မလုပ်အားပေး
ခိုင်းစေမှုများအကြောင်းကို ဆွေးနွေးကြသည်။

ILO ၏ ကလေးမြို့ ခရီးစဉ်သင်တန်းတွင် ဒေါ်အောင်ဆုရည်၊ ဒေါ်ဆိုက်ဥာဏ်နှင့် ဦးဖြိုးစည်သူတို့ကိုယ်တိုင် သင်ကြားဆွေးနွေးပေးခဲ့ကြသည်။ ၄င်း သင်တန်းသို့ ကလေးမြို့မှ
လူဦးရေ (၉၀) ကျော် တက်ရောက်ခဲ့ကြသည်။ ILO သည် မြန်မာနိုင်ငံရှိ
နယ်မြို့များသို့ လှည်လည် သင်တန်းများ ပို့ချပေးခဲ့ပြီး ကလေးမြို့တွင်
ယခုပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲသည် အချိန် အနည်းငယ်
နောက်ကျနေပြီဖြစ်ကြောင်း ကိုဖြိုးစည်သူမှ ပြောသည်။

ချစ်သူမောင်
Popular Myanmar News Journal
ကမ္ဘာ့အလုပ်သမားများအဖွဲ့ (ILO) သည် ဧပြီ (၂၇-၂၈) ရက်နေ့များတွင် ကလေးမြို့ မင်္ဂလာဥယျာဉ် ရပ်ကွက်ရှိ မင်္ဂလာဥယျာဉ် စာသင်တိုက်တွင် ILO workshop သင်တန်းငယ်တစ်ခုကို ပြုလုပ်ခဲ့သည်။

ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ကိုရီးယား သမ္မတ နိုင်ငံမှ ပြန်လည် ရောက်ရှိ

Photo: ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ကိုရီးယား သမ္မတ နိုင်ငံမှ ပြန်လည် ရောက်ရှိ 
Sunday, April 28, 2013

ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ခေါင်းဆောင်သော မြန်မာ ကိုယ်စားလှယ် အဖွဲ့သည်  ကိုရီးယား သမ္မတနိုင်ငံ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ Hon. Mr. KANG Chang- hee ၏ ဖိတ်ကြား ချက် အရ ကိုရီးယား သမ္မတ နိုင်ငံသို့ ချစ်ကြည်ရေး ခရီး သွားရောက်ခဲ့ပြီး ယမန်နေ့ည ၁ဝ နာရီ ၄၅ မိနစ်က လေကြောင်း ခရီးဖြင့် ရန်ကုန်မြို့သို့  ပြန်လည် ရောက်ရှိ လာသည်။

မြန်မာ လွှတ်တော် ကိုယ်စားလှယ် အဖွဲ့အား ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးစိန်တင်ဝင်း၊ ဒုတိယ ဥက္ကဋ္ဌ ဦးတင်အောင်၊  လွှတ်တော် ကိုယ်စား လှယ်များ၊ မြန်မာ နိုင်ငံဆိုင်ရာ ကိုရီးယား သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Kim Hae-Yong နှင့် ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိ သူများက ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်၌  ကြို ဆို နှုတ်ဆက် ကြသည်။

 မြ၀တီ

ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ခေါင်းဆောင်သော မြန်မာ ကိုယ်စားလှယ် အဖွဲ့သည် ကိုရီးယား သမ္မတနိုင်ငံ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ Hon. Mr. KANG Chang- hee ၏ ဖိတ်ကြား ချက် အရ ကိုရီးယား သမ္မတ နိုင်ငံသို့ ချစ်ကြည်ရေး ခရီး သွားရောက်ခဲ့ပြီး ယမန်နေ့ည ၁ဝ နာရီ ၄၅ မိနစ်က လေကြောင်း ခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိ လာသည်။

ရုရှားနို င်ငံ၏ တာတိုပစ် လေကြော င်းရန် ကာကွယ်ရေး စနစ်သစ် ၂ဝ၁၅ ခုနှစ်တွင် တပ်ဆင် သွားမည်

 ရုရှားနိုင်ငံ၏ တာတိုပစ် လေကြောင်းရန် ကာကွယ်ရေး စနစ်သစ် ၂ဝ၁၅ ခုနှစ်တွင် တပ်ဆင် သွားမည်

ရုရှားစစ်ဘက် အနေဖြင့် Morfey တာတိုပစ် လေကြောင်းရန် ကာကွယ်ရေး စနစ်သစ်အား ၂ဝ၁၅ ခုနှစ် တွင် စတင် တပ်ဆင်သွားမည် ဖြစ်ကြောင်း
ရုရှား ဒုတိယ ကာကွယ်ရေး ဝန်ကြီး ဝါရင့် ဗိုလ်ချုပ်ကြီး အိုလဂ်အိုစတာပန်ကိုက ထုတ်ဖော် ပြောကြားခဲ့သည်။ ရုရှား နိုင်ငံ အနေဖြင့် အကွာအဝေး ၅ ကီလိုမီတာ (၃)မိုင်အထိ ပစ်ခတ်နိုင်သော ရွေ့လျား လေကြောင်းရန် ကာကွယ်ရေး စနစ်အား ၂ဝဝ၇ ခုနှစ်တွင် စတင် အသုံးပြုခဲ့ခြင်း ဖြစ်ပြီး ရုရှား စစ်ဘက်တွင် အဆိုပါ လေကြောင်းရန် ကာကွယ်ရေး စနစ်သစ်၏ ပထမဆုံး စနစ်ကို ၂ဝ၁၅ ခုနှစ်အတွင်း တပ်ဆင် အသုံးပြုဖွယ် ရှိကြောင်း ရုရှား လေကြောင်းနှင့်  အာကာသ နည်းပညာ တပ်ဖွဲ့ တပ်မှူးဟောင်း ဖြစ်သူ အိုစတာပန်ကိုက ပြောကြားခဲ့သည်။

အကွာအဝေး ၅ ကီလိုမီတာမှ ၄ဝဝ ကီလိုမီတာအထိ ဝေဟင် ပိုင်နက်အား ကာကွယ်နိုင်ရန် အတွက် Morfey  လေကြောင်းရန် ကာကွယ်ရေး စနစ်အား it-yaz S-400 နှင့် S-500 လေကြောင်းရန် ကာကွယ်ရေး စနစ်တို့နှင့် အတူ ပူးတွဲ အသုံးပြု သွားမည် ဖြစ်ပြီး S-300PS လေကြောင်းရန် ကာကွယ်ရေး စနစ်နေရာတွင် အစားထိုး အသုံးပြုသွားမည့် Vit-yaz  တာလတ်ပစ် လေကြောင်းရန် ကာကွယ်ရေး စနစ်အား တိုးတက် ထုတ်လုပ်လျက် ရှိကြောင်း ၎င်းကထပ်လောင်း ပြောကြားခဲ့သည်။

http://www.myawady.com.mm/allnews/global/item/12321-2013-04-27-09-48-36
ရုရှားစစ်ဘက် အနေဖြင့် Morfey တာတိုပစ် လေကြောင်းရန် ကာကွယ်ရေး စနစ်သစ်အား ၂ဝ၁၅ ခုနှစ် တွင် စတင် တပ်ဆင်သွားမည် ဖြစ်ကြောင်းရုရှား ဒုတိယ ကာကွယ်ရေး ဝန်ကြီး ဝါရင့် ဗိုလ်ချုပ်ကြီး အိုလဂ်အိုစတာပန်ကိုက ထုတ်ဖော် ပြောကြားခဲ့သည်။ 

အဆ ငါးဆယ် ဝန်းကျင် ဈေးတက်နေတဲ့ တန်ဘိုးနည်းဖုန်းကတ်

Photo: အဆ ငါးဆယ် ဝန်းကျင် ဈေးတက်နေတဲ့ တန်ဘိုးနည်းဖုန်းကတ်

28.4.2013

ယခု ခေတ်စားနေသည့် ကျပ် ၁,၅၀၀ တန် ဖုန်းကတ်သည် တောင်ကြီးမြို့ ဖုန်းဈေးကွက်အတွင်းသို့ ထုတ်ဈေးထက် အဆ ငါးဆယ်ခန့် ဈေးတက်ပြီး
ရောက်လာသည်။

ကြားဖြတ်ရွေးကောက်ပွဲမဟုတ်ပါ၊ ဖုန်းကတ် ကံထူးရှင်ရွေးချယ်ပွဲကြီး
ဖြစ်လေ၏။ မဲပေါက်သူတချို့ထံမှ လာသည်ဟု ယူဆရသည့် ကတ်တချို့က ဖုန်းအရောင်းဆိုင်တွင် တကတ် ကျပ် ၇၀,၀၀၀ အထိ ပေါက်ဈေး ဖြစ်နေ
သည်။

"ကျွန်မတို့ကို ဖုန်းကတ်မဲပေါက်သူတွေကလာရောင်းပေးတယ်...
သူတို့ခေါ်ဈေးက ကျပ် ၈၀,၀၀၀ အထိရှိတယ်...၊ ကျွန်မတို့လည်း ဆိုင်မှာပြန်ရောင်းရအောင်လို့ ကျပ် ၆၅,၀၀၀ နှင့်ကောက်လိုက်တယ်၊
ပြီးတော့ ဆိုင်မှာ ကျပ် ၇၀,၀၀၀ နှင့်ပြန်လည်ရောင်း ချပေးပါတယ်" ဟု ဖုန်းနှင့် ဆက်စပ်ပစ္စည်းအရောင်းအ၀ယ်လုပ်သူတဦးက ပြောဆိုသည်။

ဖုန်းကတ် ဈေးကစားရန်ရည်ရွယ်ချက်မရှိကြောင်း၊ လိုအပ်သူက ၇၀,၀၀၀ ပေးပြီး လာဝယ်လျှင် မိမိတို့ရောင်းပေးလိုက်ကြောင်း၊ နောက်ပိုင်း
လများတွင် ဈေးကျလာနိုင်ကြောင်း ဖုန်းအရောင်းဆိုင်တို့က ပြောဆိုသည်။
မဲနှိုက်သည့်နေ့က ရောက်လာသူတချို့မှာတန်ဘိုးကြီးမားသည့် မော်တော်
ယာဉ်များဖြင့် ရောက်လာကြသည်ကို တွေ့ရကြောင်း၊တတ်နိုင်သူတို့က
ဝင်ငွေနည်းပါးသူတို့နှင့် ယှဉ်ပြီး မဲနှိုက်ခြင်းမှာ သူ၏အခွင့်အရေးဖြစ်သော်
လည်း ထိုလုပ်ရပ်ကို အံ့အားသင့်မိကြောင်း ယူဆသူလည်း ရှိနေသည်။
ဖုန်းကတ် အဆ လေးငါးဆယ်ခန့် ဈေးတက်ပြီး ပြင်ပတွင် အရောင်း
အ၀ယ်ဖြစ်နေကြောင်းကို သတင်းဂျာနယ်များ၊ နေ့စဉ်ထုတ်သတင်းစာ
များတွင်လည်း ဖော်ပြထားကြသည်။

irrawaddy

ယခု ခေတ်စားနေသည့် ကျပ် ၁,၅၀၀ တန် ဖုန်းကတ်သည် တောင်ကြီးမြို့ ဖုန်းဈေးကွက်အတွင်းသို့ ထုတ်ဈေးထက် အဆ ငါးဆယ်ခန့် ဈေးတက်ပြီး ရောက်လာသည်။

တောင်ဒဂုံစက်မှုဇုန် (၂) အတွင်းရှိ သံရည်ကျို အလုပ်ရုံ တစ်ရုံတွင် မီးလောင်ကျွမ်းမှုဖြစ်ပွား

Photo: တောင်ဒဂုံစက်မှုဇုန် (၂) အတွင်းရှိ သံရည်ကျို အလုပ်ရုံ တစ်ရုံတွင် မီးလောင်ကျွမ်းမှုဖြစ်ပွား

ဧပြီလ ၂၈ရက်၊ ၂၀၁၃ခုနှစ်

ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ် စက်မှုဇုန် အပိုင်း(၂) ၆၄ ရပ်ကွက် မိုးမခလမ်းရှိ စူပါသောင်းမြင့် သံရည်ကျိုအလုပ်ရုံတွင် ဧပြီလ ၂၈ ရက် နံနက် ၁ နာရီဝန်းကျင်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

အဆိုပါ မီးလောင်ကျွမ်းမှုမှာ တစ်နာရီကျော် ကြာမြင့်ခဲ့ပြီး နံနက် ၂ နာရီ ၀န်းကျင်တွင် ငြှိမ်းသတ်နိုင်ခဲ့ပြီး ယင်းသံရည်ကျို အလုပ်ရုံတစ်ခုသာ မီးလောင်ကျွမ်းခဲ့ကြောင်းနှင့် အခြားနေရာများသို့ ကူးစက်ခြင်း မရှိကြောင်း သိရသည်။

"မီးလောင်တဲ့ အကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေပါတယ်။ လူထိခိုက် ဒဏ်ရာရမှုတော့ မရှိပါဘူး" ဟု မီးလောင်မှုဖြစ်စဉ်တွင် မီးငြှိမ်းသတ်နေသည့် မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

"ည ၁၂ နာရီ ခွဲလောက်မှာ သံရည်ကြို စက်ရုံဘေးက ထမင်းဆိုင်က အမျိုးသမီးက မီးလောင်နေတယ်လို့ အော်လို့ သိရတာပါ။ မီးသတ်ကို သူပဲ ဖုန်းဆက်တယ် ထင်တယ်။

 ကျွန်တော်တို့ ဆီမှာက ညနေ ငါးနာရီ လောက်ကတည်းက လျှပ်စစ်မီး ပျက်နေတာ။ ဘယ်က စလောင်တယ်ဆိုတာတော့ မသိဘူး။ အဲဒီမှာက ညအစောင့် မရှိဘူး။

 ပိုင်ရှင်တွေက အခြားနေရာမှာနေတာ" ဟု အဆိုပါ မီးလောင်မှုဖြစ်စဉ် အနီးတွင် နေထိုင်သည့် အမျိုးသားတစ်ဦးက ပြောသည်။

EMG
ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ် စက်မှုဇုန် အပိုင်း(၂) ၆၄ ရပ်ကွက် မိုးမခလမ်းရှိ စူပါသောင်းမြင့် သံရည်ကျိုအလုပ်ရုံတွင် ဧပြီလ ၂၈ ရက် နံနက် ၁ နာရီဝန်းကျင်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။