
မကြာမီ ကျရောက်လာတော့မည့် မဟာသင်္ကြန်ပွဲတော်တွင် မြန်မာနိုင်ငံ အတွင်း၌ နေထိုင် ကြသော နိုင်ငံ သူ၊ နိုင်ငံသားများအားလုံး ပါဝင်ဆင်နွှဲ ကြတောမည် ဖြစ်သည်။ သင်္ကြန်ကာလတွင် ဗုဒ္ဓဘာသာဝင် အများစုမှာ သက်ကြီးရွယ်အိုများကို ခေါင်းလျှော်ပေးခြင်း၊ ရေမိုးချိုးပေးခြင်း၊ လက် သည်း ခြေသည်းများ ညှပ်ပေးခြင်း၊ ရဟန်းခံရှင်ပြု ဒုလ္လဘရဟန်း ၀တ်ခြင်း၊ ဥပုသ်သီလ စောင့် တည်ခြင်း၊ သင်္ကြန်ထမင်း၊ မုန့် လုံးရေပေါ် စသည့် အကျွေးအမွေး များဖြင့် ဧည့်ခံခြင်းဖြင့် ကုသိုလ်ယူကြသည်။





















