Friday 3 August 2012

ထိုင်းနိုင်ငံမှ ထွက်ပြေးလာသည့် သြစတေးချနိုင်ငံသား တရားခံပြေးအား ပြန်လည်လွှဲပြောင်းပေး

ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် ကလေးငယ် ၂ ဦးကိုမုဒိန်းမှုကြူးလွန်ခဲ့ပြီးနောက် အာမခံရရှိစဉ်မြန်မာနိုင်ငံသို့ ထွက်ပြေးသွားသည့် အသက် ၉၃ နှစ်အရွယ် သြစတေးလျနိုင်ငံသား Mr Karl Joseph Kraus ကို မြန်မာရဲတပ်ဖွဲ့ ကဖမ်းဆီးပြီး ယနေ့ညနေပိုင်းတွင်မြ၀တီမှတဆင့် မဲဆောက်ဘက်ရှိထိုင်းရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးလိုက်သည်။

(၃.၈.၂၀၁၂ ) ညပိုင်း သတင်းများ

နိုင်ငံတော် သမ္မတကြီးနှင့် နိုင်ငံရေးပါတီ ၁၄ခု တွေ့ဆုံမည်

နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်သည် နိုင်ငံရေးပါတီ ၁၄ပါတီမှ ခေါင်းဆောင်များနှင့် သြဂုတ်လ ၄ ရက်နေ့တွင် နေပြည်တော်ရှိ လယ်တောရိပ်သာ ရှင်းလင်းဆောင်၌ တွေ့ဆုံမည် ဖြစ်ကြောင်း အစိုးရ အဖွဲ့နှင့် နီးစပ်သူများထံမှ သိရှိရသည်။

ရေလွှမ်းခံ ရန်ကုန် မော်လမြိုင် ရထားလမ်း ပြန်ဖွင့်

မြန်မာနိုင်ငံ အောက်ပိုင်း ဒေသများတွင် မိုးများ အဆက်မပြတ် ရွာသွန်းနေမှုကြောင့် ရေကျော်၍ ပိတ်ထားခဲ့ရသော ရန်ကုန်-မော်လမြိုင် မီးရထားလမ်းပိုင်းအားယနေ့နံနက် ၄နာရီ၃၅မိနစ် က  ပြန်ဖွင့်ပေးလိုက်ပြီ ဖြစ်ကြောင်း ပဲခူး တိုင်း မီးရထားရုံးမှ မီးရထား ကြီးကြပ်ရေးအုပ် ဦးကြည်ဝင်းက  ပြောကြားသည်။

နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးဌေးဦးအား မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အစီရင်ခံစာတင်သွင်းသူ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Mr.Tomas Ojea Quintana နှင့် အဖွဲ့ လာရောက်တွေ့ဆုံ



နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးဌေးဦးအား မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အစီရင်ခံစာတင်သွင်းသူ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Mr.Tomas Ojea Quintana နှင့် အဖွဲ့တို့သည် ယနေ့နံနက် ၁၀း၃၀ နာရီအချိန်တွင် နေပြည်တော် လွှတ်တော်ဝင်းအတွင်းရှိ ပြည်သူ့လွှတ်တော် ကော်မတီများရုံး I-1 (အိုင်ဝမ်း) အဆောင်တွင် လာရောက်တွေ့ ဆုံသည်။ 

ငပလီအနီးအပျော်တမ်းခရီးစဉ် သစ်တစ်ခုဖော်ထုတ်

ကမ္ဘာကျော်အီတလီနေပယ်ကမ်းခြေနှင့်ခပ်ဆင်ဆင်တူသည်ဟုပြောဆိုကြသည့်ရခိုင်ပြည်နယ် သံတွဲခရိုင်ရှိငပလီကမ်းခြေအနီးတွင်ပထမဦးဆုံးရေကြောင်းဆိုင်ရာ အပျော်တမ်းခရီးစဉ်ကို ယခုနှစ်  အောက်တိုဘာလမှစတင်ဖော်ထုတ်ရန်စီစဉ်မည်ဖြစ်ကြောင်းအဆိုပါခရီးစဉ်ကို စီစဉ်သည့် ASIAWAYTRAVELSANDTOUR Sခရီးသွားကုမ္ပဏီ၏မန်းနေဂျင်းဒါရိုက်တာ ဦးဇော်ဝင်းကိုထံ မှစုံစမ်းသိရသည်။

(၃-၈-၂-၁၂ ) ရက်နေ့ သတင်းတိုများ

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ စာပေထုတ်ဝေခွင့် (နသ) အာမခံငွေအားနိုင်ငံတော်ဘဏ္ဍာအဖြစ်သိမ်းဆည်း

စာပေစီစစ်ရေးနှင့် ပုံနှိပ်ခွင့် ဥပဒေညွန်ကြားချက် ၄၂ချိုးဖောက်သည်ဟု ဆိုကာ မတူကွဲပြားခြင်း နှင့်  ငြိမ်းချမ်းရေးပါတီ၏ နိုင်ငံရေး စာပေထုတ်ဝေခွင့် (နသ) တွက်တင်ထားသော အာမခံငွေ ကျပ်ငါးသိန်းကို စာပေစီစစ် နှင့် မှတ်ပုံတင် ဌာနမှ နိုင်ငံတော် ဘဏ္ဍာအဖြစ် ယနေ့ သိမ်းဆည်းလိုက်ကြောင်း အဆိုပါတီ၏ ဒုတိယဥက္ကဌ ဦးတင်မောင်အေးက ပြောကြားသည်။

စက်တင်ဘာ ၁၁ရက်နေ့တွင် စင်ကာပူနှင့် မြန်မာအသင်း ခြေစမ်းမည်

ဆူဇူကီးဖလား ခြေစစ်ပွဲ ၀င်ရောက်ရန် အတွက် ပြင်ဆင်မှုများ ပြုလုပ်ရန် ရွေးချယ်ထားသည့် ပဏာမ လက်ရွေးစင် အသင်းသည် လာမည့် စက်တင်ဘာ ၁၁ရက်နေ့တွင် စင်ကာပူ လက်ရွေးစင် အသင်းနှင့် သုဝဏ္ဏကွင်း၌ ခြေစမ်းပွဲ ကစားမည် ဖြစ်ကြောင်း သိရသည်။

BarCampX Yangon 2012 ကို Myanmar ICT Park တွင် ယနေ့စတင်ဖွင့်လှစ်

BarCampX Yangon 2012 ကို Myanmar ICT Park တွင် ယနေ့ စတင်ဖွင့်လှစ် ကျင်းပသည်။ BarCampX Yangon ကို ယနေ့မှ သြဂုတ် ၅ ရက် (တနင်္ဂနွေနေ့)အထိ ကျင်းပသွားမည် ဖြစ်ရာ ယနေ့ (သြဂုတ် ၃ ရက်)တွင် DataCamp၊ သြဂုတ် ၄ ရက်တွင် EduCamp နှင့် သြဂုတ် ၅ ရက်တွင် HealthCamp ဟူ၍ သတ်မှတ်ထားကြောင်း သိရသည်။ BarCampX Yangon 2012 ကျင်းပသည့် နေ့စဉ်လှုပ်ရှားမှုများကို Barcamp Yangon တွင် ဝင်ရောက်ကြည့်နိုင်မည် ဖြစ်သည်။
 

“မိုးလေဝသခန့်မှန်းချက် (သြဂုတ် ၃ ရက်)”

ဘင်္ဂလားပင်လယ်အော်အခြေအနေ
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအလွန်ကောင်းနေပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်
 

လက်ရှိ လိဂ် အနေအထား အရ အာရှအဆင့်သို့ ထိုးဖောက်ရန် မလွယ်ဟု ပတ်သုံးသပ်

လက်ရွေးစင် အသင်း နည်းပြချုပ် ပတ်ဆောင်ဟွာက လက်ရှိ မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲ၏ အနေအထား အရ အာရှအဆင့်သို့ ထိုးဖောက်ရန် မလွယ်ကူကြောင်း သုံးသပ် ပြောကြားခဲ့သည်။


BARCLAYS PREMIER LEAGUE ၂၀၁၂ - ၁၃ ဘောလုံးရာသီ ဘောလုံးပွဲစဉ်များအား MRTV-4 မှ မူပိုင်ရ

BARCLAYS PREMIER LEAGUE ၂၀၁၂ - ၁၃ ဘောလုံးရာသီ ဘောလုံးပွဲစဉ်များကို MRTV-4 နှင့် Channel7 ရုပ်သံလိုင်းများတွင် မြန်မာနိုင်ငံအတွက် တစ်ဦးတည်း မူပိုင်ပြသခွင့် (Exclusive Rights) ဖြင့် ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည် ။ 



ကရင်အမျိုးသားအစည်းအရုံး (KNU)နှင့် မြန်မာအစိုးရတို့ကြား ဆက်ဆံရေးရုံးအား မြ၀တီမြို့တွင် သြဂုတ်လ ၅ ရက်၌ ထပ်မံဖွင့်လှစ်မည်

ကရင်အမျိုးသားအစည်းအရုံး (KNU)နှင့် မြန်မာအစိုးရတို့ကြား ဆက်ဆံရေးရုံးအား မြ၀တီမြို့တွင် သြဂုတ်လ ၅ ရက်၌ ထပ်မံဖွင့်လှစ်မည်ဟု သတင်းရရှိသည်။

"နောက်ထပ်ဆွေးနွေးစရာတွေကို အကြိုညှိနှိုင်းဖို့ရှိတယ်" ဟု ကရင်အမျိုးသားအစည်းအရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။အဆိုပါ ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်သော ဦးအောင်မင်း၊ ဦးစိုးသိန်းနှင့် ဦးခင်ရီတို့ တက်ရောက်ကြမည်ဖြစ်သည်။

တိုင်ဖွန်းမုန်တိုင်း ဆာအိုလာ ကြောင့် သေဆုံးသူ ဦးရေ တိုးလာ

ဖိလစ်ပိုင်နိုင်ငံတွင် တိုင်ဖွန်းမုန်တိုင်း ဆာအိုလာ တိုက်ခတ်ခဲ့မှုကြောင့် သေဆုံးသူအရေအတွက်မှာ ၃၇ ဦးအထိရှိလာပြီး မိုးသည်းထန်စွာ ရွာသွန်းကာ ရေကြီးမှုများ ဆက်လက်ဖြစ်ပေါ်နေရာ
 သေဆုံးသူအရေအတွက်မှာ မြင့်တက်လာနိုင်ဖွယ်ရှိကြောင်း ဖီလစ်ပိုင်တာဝန်ရှိသူများက ယနေ့ ပြောကြားသည်။

ရခိုင်ဒေသတွင် ရဲစခန်း ၃ဝ ထပ်မံဖွင့်မည်

ရခိုင်ဒေသမှာ ရဲစခန်း အရေအတွက် ၃ဝ ထပ်မံ တိုးချဲ့ ဖွင့်လှစ်ဖို့ စီစဉ်နေတယ် လို့ ပြည်ထဲရေးဝန်ကြီးက အင်္ဂါနေ့မှာ ပြောလိုက်ပါတယ်။ လက်ရှိ စခန်းအရေအတွက်က ၇၅ ခု လို့ ဆိုပါတယ်။

အမျိုးသားလွှတ်တော်ရဲ့ ဇူလိုင် ၃၁ အစည်းအဝေးမှာ ဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကိုက အဲဒီ အစီအစဉ်ကို ချပြလိုက်တာဖြစ်ပြီး အမတ်တဦး မေးမြန်းတဲ့ ရခိုင်ဒေသ လုံခြုံရေးအခြေအနေအကြောင်းကိုလည်း အကျယ်တ၀င့် ပြန်လည် ဖြေကြားသွားပါတယ်။

X2O မဏ္ဍပ် ဗုံးကွဲမှုဖြင့် သေဒဏ်ချမှတ်ခံရသူ ကိုဖြိုးဝေအောင် လွတ်ပြီ

သြဂုတ် ၃၊ ၂၀၁၂၊

၂၀၁၀ ခုနှစ် သင်္ကြန် X2O မဏ္ဍပ်ဗုံးကွဲမှုဖြင့် စွပ်စွဲ ပြစ်ဒဏ်ချမှတ်ခံထားရသူ ကိုဖြိုးဝေအောင်ကို ယနေ့မွန်းတည့် ၁၂ နာရီဝန်းကျင်က ပုဒ်မ ၄၀၁ ဖြင့် လွတ်ငြိမ်းခွင့် ပြုလိုက်ကြောင်း ဇနီးဖြစ်သူ မဋ္ဌေးဋ္ဌေးက အတည်ပြုပြောဆိုသည်။

ဆီးရီးယားစစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများပြင်းထန်

ဆီးရီးယားနိုင်ငံတွင် အစိုးရနှင့် အတိုက်အခံ တော်လှန်ရေး အင်အားစုများကြား ပဋိပက္ခသည် ပြင်းထန်သော စစ်ပွဲတစ်ခုအသွင်သို့ တဖြည်းဖြည်း ဆိုးရွား ပီပြင်လာစေကြောင်း သိရှိရသည်။ သမ္မတ ဘာရှာ အယ်လ် အာဆက်ဒ်သည် အတိုက်အခံ တပ်ဖွဲ့များကို နှိမ်နင်းရန် အစိုးရ၏ အင်အားအကောင်းဆုံး၊ ခေတ်အမီဆုံး စစ်လက်နက်များကို အသုံးပြုလာခဲ့သည်။ အထူးသဖြင့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များ၊ တိုက်လေယာဉ်
များနှင့် တင့်ကားများသည် တော်လှန်ရေး တပ်ဖွဲ့များကို ချေမှုန်းရာတွင် အင်နှင့်အားနှင့် အသုံးပြုလာနေကြောင်း သတင်းများက ဆိုသည်။ 
 (တိုက်ပွဲများဖြစ်ပွားနေသည့် ဒမတ်စကက်မြို့မြင်ကွင်း)

UNHCR ရုံးရှေ့ ၌ နိုင်ငံတော် သမ္မတအား ထောက်ခံကြောင်း ဆန္ဒပြ

ယနေ့ မွန်းလွဲ ၁ နာရီ ခန့်က ရန်ကုန်မြို့၊ မြေနီကုန်းအနီး၊ ပြည်လမ်းပေါ်ရှိ UNHCR ရုံးရှေ့၌ "မြန်မာနိုင်ငံ ရိုဟင်ဂျာ အရေးအား ပြတ်သား ရဲရင့်စွာ ပြောပြခဲ့သော သမ္မတကြီး ဦးသိန်းစိန်၏ သဘောထားအား ထောက် ခံပါသည်" ဟု စာတန်းများ ကိုင်ဆောင်ပြီး ပြည်သူ ၁၀၀ ခန့်က ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ပြီး၊ နိုင်ငံတော် သမ္မတ၏ သဘောထားကို ထောက်ခံကြောင်း ကြွေးကြော်ခြင်း၊ ထောက်ခံကြောင်း စာတန်းများ ကိုင်ဆောင်ခြင်းများ ပြုလုပ်ခဲ့ပြီးနောက် နိုင်ငံတော် သီချင်းသီဆို၍ ဆန္ဒထုတ်ဖော်မှုကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သြဂုတ် ၃ရက်နေ့ မွန်းလွှဲ ၁နာရီခန့် အချိန်တွင် ရန်ကုန်မြို့  ပြည်လမ်းမပေါ်ရှိ UNHCR ရုံးရှေ့ ၌ ဆန္ဒပြနေသည့် မြင်ကွင်း။

ဒု သမ္မတနှင့် အဖွဲ့ ရခိုင်ပြည်နယ်ရောက်

ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် အစိုးရ ၀န်ကြီးတချို့ ပါဝင်သော အဖွဲ့သည် ယနေ့ နံနက် ၈ နာရီ ၄၅ မိနစ်ခန့် တွင် ရခိုင်ပြည်နယ် စစ်တွေမြို့ သို့ ရောက်ရှိလာခဲ့ပြီး ရဟတ်ယာဉ်ဖြင့် မောင်းတောမြို့သို့ ဆက်လက်ထွက်ခွာ သွားကြောင်း ပြည်နယ်အစိုးရ၏ ရခိုင်ပြည်နယ် ပဋိပက္ခများ ဆိုင်ရာ
 ပြောခွင့်ရ ဦးဝင်မြိုင်က ပြောပါတယ်။ဒု သမ္မတနှင့် အဖွဲ့ သည် ရခိုင်ပြည်နယ်တွင် ပဋိပက္ခဖြစ်မှုများကြောင့် ဒုက္ခရောက်သူများအား အကူအညီပေးရေး၊ ပြန်လည် ထူထောင်ရေးနှင့် ပျက်ဆီးသွားသည့် အိုးအိမ်များ ပြန်လည် တည်ဆောက်ပေးရေး ကိစ္စများအတွက် လေ့လာဖို့ လာရောက်တာလို့လည်း သိရပါတယ်။

မြန်မာ့ ပုဂ္ဂလိက ကဏ္ဍ ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး ကျင်းပမည်

မြန်မာနိုင်ငံတွင် ပထမဆုံး အဖြစ် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ထိပ်သီး အစည်းအဝေးပွဲ တစ်ရပ်ကို ရန်ကုန်မြို့တွင် လာမည့် နိုဝင်ဘာလ ၁ ရက်နေ့ မှ ၂ ရက်နေ့အထိ ကျင်းပသွားရန်ရှိကြောင်း ယင်းထိပ်သီး အစည်းအဝေး အဖွဲဖြစ်မြောက်ရေး စီစဉ်နေသည့် Advantique Group မှ The Voice Weekly သို့ပြောကြားသည်။
 
ref:thevoiceweekly

ပြည်တွင်းရှိ ဟိုတယ် များအား ဖုန်းဆက်ရုံဖြင့် Reservation ၀န်ဆောင်မှုအား Call Centerမှ ပြုလုပ်ပေး လျက်ရှိ

ပြည်တွင်း မှာရှိတဲ့ ဟိုတယ် များသို့ ကြိုတင်ပြီး Reservation ပြုလုပ်နိုင်ဖို့ Call Center မှ ၀န်ဆောင်မှု ပေးလျက် ရှိတယ်လို့ သိရပါတယ်။ အဆိုပါဝန်ဆောင်မှု အတွက် Call Center ရဲ့ နံပါတ်အသစ် ဖြစ်တဲ့
၁၈၇၅ကို ဆက်၍ Reservation ပြုလုပ်နိုင်တာ ဖြစ်ပါတယ်။ အဲ့ဒီ ၀န်ဆောင်မှုကို Call Center မှ ၂၄ နာရီ ပြုလုပ်ပေးပြီး ဘာသာစကား မျိုးစုံ အတွက် Tour Guide များ ငှားရမ်းဖို့ အတွက် ကိုလည်း
 ဆောင်ရွက် ပေးတယ်လို့ သိရပါတယ်။

အိုလံပစ် ပွဲတော်တွင် ဆန္ဒပြ

ကြသပတေးနေ့က လန်ဒန်မြို့တော်ခန်းမရှေ့တွင် ယူကရိန်းအခွင့်အရေးလှုပ်ရှားမှုအဖွဲ့မှ အမျိုးသမီးတစ်ဦး ဝတ်လစ်စလစ်ဖြင့် သွေးစွန်းနေသောအစ္စလာမ်မစ်အစိုးရရဲ့ အမျိုးသမီးများအပေါ်ဖိနှိပ်မှု၊ရှက်ဖွယ် အိုလံပစ်အားကစားပွဲတော်နှင့် ဆီးရီးယား အလိုမရှိ ဟုကြွေးကြော်ဆန္ဒပြရာ ရဲတပ်ဖွဲ့မှဖမ်းဆီးကြောင်း သိရှိရသည်။


ယနေ့ ငွေလဲနှုန်း

3rd August (10:00 am) Exchange Rate

FEC >> Buy 868 ~ Sell 875
USD >> Buy 868 ~ Sell 875
SGD >> Buy 693 ~ Sell 703
EURO >> Buy 1058 ~ Sell 1067

အမေရိကန် ကွန်ဂရက်စ်က မြန်မာ့သွင်းကုန် ကန့်သတ်သည့် ဥပဒေအား ၁ နှစ် သက်တမ်းတိုး



မြန်မာ့နိုင်ငံမှ သွင်းကုန်များကို ကန့်သတ်တားမြစ်ထားသည့် "မြန်မာ့ လွတ်လပ်ရေးနှင့် ဒီမိုကရေစီ ဥပဒေ" အား ကွန်ဂရက်စ်၌ ယနေ့တွင် မဲခွဲဆုံးဖြတ်ကာ လွှတ်တော် ၂ ရပ်လုံး၏ ထောက်ခံမှုဖြင့် ၁ နှစ်သက်တမ်း တိုးမြှင့်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။


မြစ်ရေကြီးမှု အခြေအနေသတင်း



(၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၂)ရက် (၁၃း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဧရာဝတီမြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀)နာရီအချိန် တိုင်းထွာချက်အရ ဟင်္သာတမြို့တွင် (၁၃၄၉)စင်တီမီတာသို့ရောက်ရှိနေပြီး၊ စိုးရိမ်ရေမှတ်အထက် (၇)စင်တီမီတာ (၀.၂-ပေခန့်)
 ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေသည် ယနေ့မွန်းတည့်မှ နောက် (၄၈)နာရီအတွင်း (၁၅)စင်တီမီတာ (ပေ၀က်ခန့်) ဆက်လက်တက်လာနိုင်ပြီး၊ ယင်းမြို့၏ စိုးရိမ်ရေမှတ် (၁၃၄၂)စင်တီ မီတာ အထက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။

တရုတ်နိုင်ငံအနောက်တောင်ပိုင်းတွင် ပေါက်ကွဲမှုဖြစ်ပွား ၁ ဦးသေဆုံး ၂၅ ဦး ဒဏ်ရာ ရရှိချန်ဒူး



တရုတ်နိုင်ငံအနောက်တောင်ပိုင်း စီချွမ်ပြည်နယ်ရှိ အဆောက်အအုံ တစ်ခုတွင် သြဂုတ် ၂ ရက် ဒေသ စံတော်ချိန် မွန်းလွဲ ၂ နာရီ မိနစ် ၄၀ တွင် ရုံးတစ်ရုံး၏ မြေအောက်ခန်းတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
 ပေါက်ကွဲမှုကြောင့် ပထမဆုံးထပ်မှာ ဆိုးရွားစွာပျက်စီးခဲ့ပြီး လေးထပ်မှ ရှစ်ထပ်အထိ ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။
 
 

ပြည်တွင်း/ပြည်ပကုမ္ပဏီများ ကုန်းပိုင်းနှင့်ကမ်းလွန်လုပ်ကွက်များ အား စိတ်ဝင်စားလျက်ရှိနြေ

ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်ခြင်းလုပ်ငန်းများအတွက် အာရှနိုင်ငံများအပါအဝင်
ကမ္ဘာ့နိုင်ငံအသီးသီး မှကုမ္ပဏီအမြောက်အများ လာရောက်ဆွေးနွေးလျက်ရှိပါသည်။ ပြည်ပကုမ္ပဏီများနှင့် ကုန်းပိုင်း လုပ်ကွက်များတွင်ပူးပေါင်းဆောင်ရွက်ရန်အတွက် ပြည်တွင်းကုမ္ပဏီ(၆၀) ကျော်မှ စွမ်းအင်
ဝန်ကြီးဌာနသို့လာ ရောက်ကမ်းလှမ်းထားပါသည်။

အကျဉ်းကျ ထိုင်း ၉ ဦး လက်နက်တွေ ပိုင်ဆိုင်တယ်လို့ ၀န်ခံ

မြန်မာနိုင်ငံထဲမှာ ဖမ်းဆီးမိထားတဲ့ ထိုင်း ၉၂ ယောက်အနက် ၉ ယောက်က လက်နက်တွေ ပိုင်ဆိုင်တယ်လို့ ၀န်ခံတဲ့အကြောင်း စစ်ဘက် သတင်းရပ်ကွက်က ပြောကြားခဲ့ကြောင်း ထိုင်းနိုင်ငံထုတ် Tha Nation သတင်းစာမှာ ဖော်ပြထားပါတယ်။

အန္တာတိကတိုက် ကမ်းလွန်ရေအောက်ကြမ်းပြင်တွင် ရှေးဟောင်းမိုးသစ်တောတစ်ခု ရှာဖွေတွေ့ရှိ

အန္တာတိကတိုက် ကမ်းလွန်ရေအောက်ကြမ်းပြင်တွင် ရှေးနှစ်သန်း ပေါင်း ၅၂ သန်းခန့်က တည်ရှိခဲ့သည့် အပူပိုင်းမိုးသစ်တောတစ်ခုအား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ အဆိုပါမိုးသစ်တောသည် ဆယ်စုနှစ်များ အတွင်း ရေခဲနေခြင်းမှ လွတ်ကင်း၍ တစ်ဖန်ပြန်ပေါ်လာဖွယ်ရှိသည်ဟု သိပ္ပံပညာရှင်များက သြဂုတ် ၂ ရက်တွင် ပြောကြားထားသည်။

မြေဈေးကျအောင်လုပ်နည်း

ရေးသားသူ- မြင့်မိုရ်ဆွေ
မြေဈေးနှုန်းကို မော်တော်ကားဈေးကွက်ကဲ့သို့ ဖြစ်သွားရန်ပြုလုပ်မည့် အစီအစဉ်တစ်ခုရှိကြောင်း
 ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောကြားကြောင်းဇူလိုင် ၅ ရက်ထုတ်   7Day News
 ဂျာနယ်တွင် ဖတ်ရှုခဲ့ရပါသည်။ မိတ်ဆွေတစ်ဦးက မြို့ပြလူမှုဘ၀တွင် မြေသည်ဖိုးသူတော်နှင့်တူ၍
 မော်တော်ကားသည် တောင်ဝှေးနှင့်တူကြောင်း၊ တောင်ဝှေးလဲလျှင် ဖိုးသူတော်က ထူ၍ရကြောင်း၊ အချိန်တိုအတွင်းတောင်ဝှေးလဲပြီးနောက် ဖိုးသူတော်ပါ အလဲထိုးခံရလျှင် အကုန်တုံးလုံးပက်လက်လန်၍ အချို့မှာ လက်ထဲကခွက်ပင် လွင့်ပျောက်သွားနိုင်ကြောင်း ဝေဖန်ပြောကြားလာပါသည်။

“ NLD နှင့် ကြံ့ခိုင်ရေးပါတီများအပါအ၀င် နိုင်ငံရေးနှင့် လူမှုရေးအဖွဲ့များပထမဆုံးအကြိမ်သန်လျင်တွင် ၀ါဆိုသင်္ကန်း စုပေါင်းကပ်လှူ”

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ၊ NLD နှင့် အခြားနိုင်ငံရေး လူမှုရေးအဖွဲ့အစည်းများ
စုပေါင်းပါဝင်သည့် ပထမဆုံးအကြိမ် ၀ါဆိုသင်္ကန်းကပ်လှူပွဲကို သန်လျင်မြို့၌၀ါဆိုလပြည့်နေ့ဖြစ်သော သြဂုတ်လ ၂ ရက်နေ့ နေ့လည်တွင် ပြုလုပ်ခဲ့သည်။



ပြည်ပရင်းနှီးမြှုပ်နှံမှုများက ပြည်တွင်းအိုင်စီတီလောကကို ပြန်လည်ရှင်သန်လာစေမည်ဟုဆို

၂၀၀၀ ပြည့်နှစ်မတိုင်မီအချိန် ကာလမှစတင်၍ လုပ်ကိုင်ဆောင်ရွက်လာခဲ့ကြသော ပြည်တွင်း
အိုင်စီတီလောကသည် စတင်ခဲ့ချိန် ၅ နှစ်တာကာလအတွင်း၌သာ ဖွံ့ဖြိုးတိုးတက်မှုများကို မြင်တွေ့ခဲ့ရပြီး ၂၀၀၃ ခုနှစ်နောက်ပိုင်း ၁၀ နှစ်တာကာလအတိုင်းအတာ၌ ဖွံ့ဖြိုးတိုးတက်မှုများကို အားရဖွယ်ရာ
မြင်တွေ့ခဲ့ရခြင်းမရှိကြောင်း၊ လက်ရှိအချိန်ကာလ၌ ပြည်တွင်းအိုင်စီတီလောကသို့ ပြည်ပရင်းနှီး
မြှုပ်နှံမှုများဝင်ရောက်လာမှသာလျှင် ပြောင်းလဲမှုများနှင့် ပြန်လည်ကြုံတွေ့လာကြရမည်ဖြစ်ကြောင်း
 ပြည်တွင်းရှိအိုင်စီတီစီးပွားရေးလုပ်ငန်းရှင်တချို့ကပြော သည်။


ဆီးရီးယား အရေးဆိုင်ရာ ကုလ နှင့် အာရပ်လိဂ် အထူးသံတမန် ကိုဖီအနန် နှုတ်ထွက်

ကိုဖီအနန်သည် ဆီးရီးယားအရေး ကုလသမဂ္ဂနှင့် အာရပ်လိဂ် အထူးသံတမန်အဖြစ် ဆောင်ရွက်နေခြင်းမှ ရပ်ဆိုင်းနုတ်ထွက်လိုက်ပြီဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ထုတ်ပြန်ကြေညာသည်။

သတင်းတိုလေးများ

ဘင်္ဂလားဒေ့ရှ်တွင် အင်န်ဂျီအိုများကို အစိုးရ တားဆီး

ဝါဆိုလပြည့် တရားဟောစဉ် သဲချောင်းကို ၀ိုင်းဝန်း တိုက်ခိုက်ရန် ဆူပူသူများကြိုးပမ်း

သမ္မတ ဦးသိန်းစိန် စစ်တွေ သွားမည်

နိုင်ငံတော် သမ္မတ နှင့် ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦး တွေ့ဆုံမည်

တိုက်ပွဲများ ရပ်တန့်ပေးရန် သမ္မတ ထံ RCSS စာပေးပို့

ကရင်နီပြည်နယ်အတွင်းရှိ အစိုးရ စစ်ဆင်ရေးတပ်များ ဆုတ်ခွာပေးရန် တောင်းဆို