Saturday 26 April 2014

ဟံသာဝတီ ဦးဝင်းတင် အထိမ်းအမှတ် ကျောက်စာထားရှိဖို့ စီစဉ်

Photo: ဟံသာဝတီ ဦးဝင်းတင် အထိမ်းအမှတ် ကျောက်စာထားရှိဖို့ စီစဉ်
Saturday, April 26, 2014

ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့က ကွယ်လွန်သွားခဲ့တဲ့ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကို အောက်မေ့ဂုဏ်ပြုတဲ့အနေနဲ့ မန္တလေး မြို့တောင်လေးလုံးကျောင်းတိုက်မှာ အထိမ်းအမှတ် ကျောက်စာထားရှိဖို့ အတွက် မန္တလေး မြို့ခံစာပေအသိုင်းအဝိုင်းက စာရေးဆရာ၊ ကဗျာဆရာတွေ စီစဉ်နေကြပါတယ်။

ဆရာဦးဝင်းတင်ရဲ့ ဘဝဖြတ်သန်းမှုအတွေ့အကြုံတွေ၊ ဆရာရေးခဲ့တဲ့ အထင်ကရစာပေတွေကို အဲဒီကျောက်စာ မှာ ရေးသားထားဖို့ ပြင်ဆင်နေ တာဖြစ်တယ်လို့ မန္တလေးမြို့ခံ စာရေးဆရာညီပုလေးက ပြောပါတယ်။
"ဆရာကြီးဘဝဖြတ်သန်းမှုကို ထင်မှတ်တဲ့ဆက်ကြောင်းတွေဖြစ်မှာပါ ၊ဆရာကြီးကို တစ်ယောက်ယောက်က အကဲခတ်ဖြတ်တာလည်း ဖြေရှင်း မှာပေါ့၊ပြီးတော့ ဆရာရေးခဲ့တဲ့ စာတွေထဲက ဗမာပြည်နိုင်ငံရေးနဲ့ ပတ်သက် လို့ပဲဖြစ်ဖြစ်၊ယဉ်ကျေးမှုနဲ့ပဲဖြစ်ဖြစ်၊စာပေနဲ့ပဲဖြစ်ဖြစ် အဖိုးတန်တဲ့နောက် လူတွေ လက်ဆင့်ကမ်းပြီး ဆရာ့ကို ကိုယ်စားပြုတဲ့ကောက်နှုတ်ချက် တစ်ခုခုတော့ ဖြစ်မှာပေါ့ဗျ၊ ကျနော်တို့ ဥာဏ်ကြီးကြီး၊ခေါင်းကြီးကြီး နဲ့ ရွေးကြမှာပေါ့၊ဒါပေမဲ့ အချိန်ယူပြီး လုပ်ကြမှာပေါ့"
တောင်လေးလုံးကျောင်းတိုက်မှာ ကွယ်လွန်သွားကြပြီဖြစ်တဲ့ ဆရာမြသန်းတင့် ၊ ဆရာတင်မိုး၊ ဆရာဒေါက်တာ သန်းထွန်း စတဲ့ အထင်ကရ စာရေးဆရာကြီးတွေရဲ့ အထိမ်းအမှတ်ကျောက်စာတွေ ကို ရေးထိုးပြီး မှတ်တမ်းတင်ထားတယ်လို့သိရပါတယ်။

ဆရာဦးဝင်းတင်ဟာ ၁၉၆၈ ခုနှစ်ကစပြီး ၁၉၇၈ ခုနှစ်အထိ မန္တလေးမြို့မှာ ဟံသာဝတီသတင်းစာကို ဦးစီးထုတ်ဝေခဲ့ပြီး သတင်းစာပညာနဲ့ မန္တလေးမြို့ ခံတွေအပေါ် သြဇာကြီးခဲ့သူတစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။
ဒီနေ့မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာဇံမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးမှာ ဆရာဦးဝင်းတင် အတွက်ရည်စူးပြီး သံဃာ ၅ ပါးကို ဆွမ်းကပ်လှူဒါန်း ခဲ့တယ်လို့လည်း သိရပါတယ်။

RFA Burmese

ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့က ကွယ်လွန်သွားခဲ့တဲ့ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကို အောက်မေ့ဂုဏ်ပြုတဲ့ အနေနဲ့ မန္တလေး မြို့တောင်လေးလုံးကျောင်းတိုက်မှာ အထိမ်း အမှတ် ကျောက်စာထားရှိဖို့ အတွက် မန္တလေး မြို့ခံစာပေအသိုင်းအဝိုင်းက စာရေးဆရာ၊ ကဗျာဆရာတွေ စီစဉ်နေကြပါတယ်။

ဆရာဦးဝင်းတင်ရဲ့ ဘဝဖြတ်သန်းမှုအတွေ့အကြုံတွေ၊ ဆရာရေးခဲ့တဲ့ အထင်ကရစာပေတွေကို အဲဒီကျောက်စာ မှာ ရေးသားထားဖို့ ပြင်ဆင်နေ တာဖြစ်တယ်လို့ မန္တလေးမြို့ခံ စာရေးဆရာ ညီပုလေးက ပြောပါတယ်။

"ဆရာကြီးဘဝဖြတ်သန်းမှုကို ထင်မှတ်တဲ့ဆက်ကြောင်းတွေဖြစ်မှာပါ ၊ဆရာကြီးကို တစ်ယောက်ယောက်က အကဲခတ်ဖြတ်တာလည်း ဖြေရှင်း မှာပေါ့၊ပြီးတော့ ဆရာရေးခဲ့တဲ့ စာတွေထဲက ဗမာပြည်နိုင်ငံရေးနဲ့ ပတ်သက် လို့ပဲဖြစ်ဖြစ်၊ယဉ်ကျေးမှုနဲ့ပဲဖြစ်ဖြစ်၊စာပေနဲ့ပဲဖြစ်ဖြစ် အဖိုးတန်တဲ့နောက်

နိုင်ငံတကာ စစ်ရေးအကဲခတ်တွေကို ယူကရိန်းက ရုရှားလိုလားသူတွေ ဖမ်းဆီး

Photo: နိုင်ငံတကာ စစ်ရေးအကဲခတ်တွေကို ယူကရိန်းက ရုရှားလိုလားသူတွေ ဖမ်းဆီး
Saturday, April 26, 2014

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက ရုရှားလိုလားသူ ခွဲထွက်ရေး ၀ါဒီတွေဟာ နိုင်ငံတကာ စစ်ဘက် စောင့်ကြည့်လေ့လာရေး အဖွဲ့တဖွဲ့ကို ထိန်းသိမ်းလိုက်ပါတယ်။ ဗီယန်နာ အခြေစိုက် ဥရောပတိုက် လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OSCE အဖွဲ့ဝင် ၁၃ ဦးထက်မနည်း ပါလာတဲ့ ဘတ်စ် ကားတစင်းကို Slovyansk မြို့နားမှာ ခွဲထွက်ရေးဝါဒီတွေက ဖမ်းထားလိုက်တာပါ။

သူတို့နဲ့အတူ ယူကရိန်းစစ်ဘက် တာဝန်ရှိသူတဦး လိုက်ပါလာတဲ့အတွက် ဖမ်းဆီးလိုက်တာဖြစ်တယ်လို့ အဲဒီမြို့ရဲ့ မြို့တော်ဝန် အဖြစ် ကိုယ့်ကိုယ်ကို ကြေညာထားတဲ့ Vyacheslav Ponomarev က ပြောပါတယ်။

ဂျာမနီနိုင်ငံ ဦးဆောင်တဲ့ စောင့်ကြည့်လေ့လာရေးအဖွဲ့နဲ့ အဆက်အသွယ် ပြတ်သွားခဲ့တယ်လို့ OSCE အဖွဲ့က Twitter စာမျက်နှာ မှာ ရေးပါတယ်။

ဒီလုပ်ရပ်ဟာ ဆိုးရွားပြီး သူရဲဘောကြောင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ဆိုပြီး အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Jen Psaki က ပြစ်တင် ရှုတ်ချလိုက်ပါတယ်။

ရုရှားလိုလားသူများ Slovyansk မြို့ကို လုံခြုံရေးယူထား။ (ဧပြီ ၂၅၊၂၀၁၄)
VOA
ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက ရုရှားလိုလားသူ ခွဲထွက်ရေး ၀ါဒီတွေဟာ နိုင်ငံတကာ စစ်ဘက် စောင့်ကြည့်လေ့လာရေး အဖွဲ့တဖွဲ့ကို ထိန်းသိမ်းလိုက်ပါတယ်။ ဗီယန်နာ အခြေစိုက် ဥရောပ တိုက် လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OSCE အဖွဲ့ဝင် ၁၃ ဦးထက်မနည်း ပါလာတဲ့ ဘတ်စ် ကားတစင်းကို Slovyansk မြို့နားမှာ ခွဲထွက်ရေးဝါဒီတွေက ဖမ်းထားလိုက်တာပါ။

မြန်မာ့အရေး လုပ်ဖေါ်ကိုင်ဘက်များအဖွဲ့ ပထမဆုံး အစည်းအဝေး

Photo: မြန်မာ့အရေး လုပ်ဖေါ်ကိုင်ဘက်များအဖွဲ့ ပထမဆုံး အစည်းအဝေး
Saturday, April 26, 2014

မြန်မာ့ မိတ်ဆွေနိုင်ငံများကို ပြန်လည်ဖွဲ့စည်းထားတဲ့ Partnership Group on Myanmar မြန်မာ့အရေးလုပ်ဖော်ကိုင်ဖက်များအဖွဲ့ရဲ့ ပထမဦးဆုံး အကြိမ် အစည်းအဝေးကို သောကြာနေ့မှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် က ခေါ်ယူကျင်းပခဲ့ပါတယ်။ လူဝင်မှုကြီးကြပ်ရေး နဲ့ လူဦးရေ ဆိုင်ရာ ဝန်ကြီး ဦးခင်ရီ ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ လည်း တက်ရောက်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံ ပွင့်လင်းပြောင်းလဲလာမှုကို ထင်ဟပ်တာဖြစ်တယ် လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီလုပ်ဖော်ကိုင်ဖက်များအုပ်စု အနေနဲ့ မြန်မာနိုင်ငံရဲ့  ပြောင်းလဲဖြစ်ထွန်းမှုတွေကို ဆက်လက် ထောက်ခံအားပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ရခိုင်ပြည် အခြေအနေနဲ့ ပါတ်သက်ပြီး အကြမ်းဖက်မှုလှုံ့ဆော်သူ အမုန်း တရားဟောပြော သူတွေကို အစိုးရက ပြတ်ပြတ်သားသား အရေးယူဖို့ လိုတယ်လို့ ဖော်ပြ ထားပါတယ်။ နိုင်ငံသားဖြစ်မှုကိစ္စကိုလည်း ဖြေရှင်းရမယ်လို့ ဆိုပါတယ်။

ရခိုင်ဒေသမှာ နိုင်ငံတကာက ဝင်ရောက်နိုင်ရေးအတွက် ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့  ဖိအားပေးမှုကိုလည်း အဖွဲ့ဝင်တွေက ကြိုဆိုကြပါတယ်။ သန်းခေါင်စာရင်းကောက်ယူရာမှာ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေ ကိုလည်း ဆွေးနွေးကြပြီး အသွင်ကူးပြောင်းရေးကို ကူညီသွားဖို့ အတွင်းရေးမှုးချုပ်က ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း။
VOA
မြန်မာ့ မိတ်ဆွေနိုင်ငံများကို ပြန်လည်ဖွဲ့စည်းထားတဲ့ Partnership Group on Myanmar မြန်မာ့ အရေးလုပ်ဖော်ကိုင်ဖက်များအဖွဲ့ရဲ့ ပထမဦးဆုံး အကြိမ် အစည်းအဝေး ကို သောကြာနေ့မှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် က ခေါ်ယူကျင်းပခဲ့ပါတယ်။ လူဝင်မှုကြီးကြပ်ရေး နဲ့ လူဦးရေ ဆိုင်ရာ ဝန်ကြီး ဦးခင်ရီ ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ လည်း တက်ရောက်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံ ပွင့်လင်းပြောင်းလဲလာမှုကို ထင်ဟပ်တာဖြစ်တယ် လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကဲ...ကဲ...သင်္ကြန်းးးပီတော....ပြောစရာလေးးတွေ....ဗျာ...


ဆိုင်ကယ်စီး လက်နက်ကိုင် နှစ်ဦး၏ လိုက်လံပစ်ခတ်မှုကြောင့် မိုင်းတင်း ကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင် သေဆုံး


Myanmar Online News's photo. ရှမ်းပြည်နယ် ကျောက်မဲမြို့နယ်တောင်နောက်ကျေးရွာ ငြိမ်းချမ်းရေးကုန်း ဘုရား၊ နတ်စင်အနီးတွင် ဧပြီ ၂၅ ရက် နံနက်ပိုင်းက မိုင်းတင်းကျေးရွာမှ ပြည်သူ့စစ်ခေါင်း ဆောင်နှင့်အဖွဲ့ စီးနင်းလာသော မော်တော် ယာဉ်ငယ်အား ဆိုင်ကယ်စီး လက်နက်ကိုင် နှစ်ဦးက လိုက်လံပစ်ခတ်မှု တစ်ခု ဖြစ်ပွား ခဲ့ရာ ပြည်သူ့စစ်ခေါင်းဆောင်နှင့် ဆိုင်ကယ်စီး လက်နက်ကိုင်တစ်ဦးသေဆုံးပြီး ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး လက်နက်ငယ်ထိမှန် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ဆိုင်ကယ်စီးလက်နက်ကိုင်သူနှစ်ဦးအား မည်သည့်အဖွဲ့မှ ဖြစ် သည်ကို စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း သိရှိရသည်။

အကယ်ဒမီလူမင်း ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌတာဝန်မှ အနားယူမည်

အကယ်ဒမီလူမင်း ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌတာဝန်မှ အနားယူမည်
===========================================
၂၀၁၄-၂၀၂၅ ခုနှစ်အတွက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ပြန်လည်ရွေးချယ်မယ့် အမှုဆောင်နေရာမှာ ၀င်ရောက် အရွေးချယ်ခံတော့မှာ မဟုတ်ဘူးလို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်းက ဒီဗွီဘီကို ပြောဆိုပါတယ်။

အခုလို ပြန်လည်အရွေးချယ်မခံချင်တာဟာ တခြားဝေဖန်မှုတွေ၊ တိုက်ခိုက်မှုတွေကြောင့် မဟုတ်ဘဲ သရုပ်ဆောင်အလုပ်ကိုပဲ အချိန်ပေးပြီး လုပ်ချင်လို့ဖြစ်ကြောင်း ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဦးလူမင်းက ပြောပါတယ်။

lu minjရုပ်ရှင်အစည်းအရုံး အမှုဆောင်နေ ရာ ရွေးချယ်ပွဲကိုတော့ ဘယ်အချိန်မှာ စမယ်ဆိုတာ မသိရသေးပါဘူး။

ဒါရိုက်တာကြည်စိုးထွန်း ကတော့ ရုပ်ရှင်လောက အလွှာအသီးသီး က ကော်မရှင် အဖွဲ့တွေ ခေါ်ထားတဲ့ အဆင့်ပဲရှိသေးပြီး နာယကတွေ နဲ့ ရွေးချယ်တာမျိုးမဟုတ်ဘဲ အများဆန္ဒပဲ သွားမယ်လို့ ပြောပါတယ်။

မဲပေးမယ့် လူစာရင်းတွေ၊ အရွေးချယ်ခံပိုင်ခွင့် ရှိတဲ့လူစာရင်းကိုလည်း အများသဘောတူ ရွေးချယ်ဖို့အတွက် ညှိနှိုင်းမှုတွေ လုပ်ရဦးမှာဖြစ်သလို အဲ့ဒီစာရင်းတွေကိုလည်း အသိးပေးကြေညာသွားမယ်လို့ ဆိုပါတယ်။
ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ နေရာအတွက် အချိန်ပေးနိုင်တဲ့၊ တက်ကြွတဲ့ လူတွေ ဖြစ်နိုင်ရင်တော့ ကောင်းတယ်လို့ ဦးကြည်စိုးထွန်းက ပြောပါတယ်။

အလားတူ ဒါရိုက်တာကြည်ဖြူသျှင်ကလည်း အမှုဆောင်သစ် ဘယ်သူတွေ ဖြစ်လာမလဲဆိုတာ မပြောနိုင်သေးပေမယ့် ရုပ်ရှင်လောကအတွက် အကျိုးရှိတဲ့ အလုပ်တွေ လုပ်နိုင်တဲ့ လူမျိုး ဖြစ်စေချင်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး အမှုဆောင်အဖွဲ့ကို ရုပ်ရှင်လောကသား အများစုရဲ့ ဆန္ဒနဲ့ ၂၀၁၂ ဧပြီလ ၁၀ ရက်နေ့က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဥက္ကဋ္ဌရာထူးကို ဦးလူမင်းမတိုင်ခင် ဦးဇင်ဝိုင်းက တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။       

အသံဖိုင်နာစဉ်ရန်

DVB

https://soundcloud.com/dvbradio
၂၀၁၄-၂၀၂၅ ခုနှစ်အတွက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ပြန်လည်ရွေးချယ်မယ့် အမှုဆောင်နေရာမှာ ၀င်ရောက် အရွေးချယ်ခံတော့မှာ မဟုတ်ဘူးလို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်းက ဒီဗွီဘီကို ပြောဆိုပါတယ်။
အခုလို ပြန်လည်အရွေးချယ်မခံချင်တာဟာ တခြားဝေဖန်မှုတွေ၊ တိုက်ခိုက်မှုတွေကြောင့် မဟုတ်ဘဲ သရုပ်ဆောင်အလုပ်ကိုပဲ အချိန်ပေးပြီး လုပ်ချင်လို့ဖြစ်ကြောင်း ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဦးလူမင်းက ပြောပါတယ်။

နာက်ဆုံးပေါ် ကင်ဆာဆေး တစ်မျိုး၏ ကျေးဇူးကြောင့် ၁၂ ပတ်အတွင်း ကင်ဆာကျိတ်များ လုံးလုံး ပျောက်ကင်းသွား

နာက်ဆုံးပေါ် ကင်ဆာဆေး တစ်မျိုး၏ ကျေးဇူးကြောင့် ၁၂ ပတ်အတွင်း ကင်ဆာကျိတ်များ လုံးလုံး ပျောက်ကင်းသွား

အလွန်ပြင်းထန်သည့် ရှားပါးကင်ဆာ တစ်မျိုး ခံစားခဲ့ရသော အသက် ၄၇ နှစ်အရွယ် အီယန်ဘရုစ်သည် နောက်ဆုံးပေါ် ကင်ဆာဆေး တစ်မျိုးဖြင့် ကုသမှု ခံယူ ခဲ့ပြီးနောက် အမေရိကန် ပြင်ပတွင် ကင်ဆာရောဂါ လုံးလုံး ပျောက်ကင်း သွားခဲ့သော ပထမဆုံး လူပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။
အောက်ပါ ဓာတ်ပုံများ အရ မစ္စတာဘရုစ်၏ ခန္ဓာကိုယ် အနှံ့၌ Non-Hodgkin’s Lymphoma ခေါ် ကင်ဆာ အကျိတ်များ ပျံ့နှံ့နေပုံကို
တွေ့မြင်နိုင်ပြီး အမေရိကန်ထုတ် Brentuximab Vedotin ဖြင့် သီတင်းပတ် အနည်းငယ်ကြာ ကုသ ခဲ့ပြီးနောက် ဒုတိယ အကြိမ် Scan ရိုက်ကြည့် ခဲ့ရာ၌မူ ထိုအကျိတ် အားလုံး ကင်းစင်သွားပုံကို တွေ့မြင်ရမည် ဖြစ်သည်။

ကင်ဆာ အကျိတ်များ ကင်းစင် သွားပုံ၌ အနက်ရောင် အစက်အပြောက် တချို့မှာ ကျောက်ကပ် နှစ်လုံးနှင့် ဆီးအိမ်သာ ဖြစ်သည်။ အဆိုပါဆေးအား မန်ချက်စတာမြို့ The Christie ဆေးရုံ၌ တခြား ကင်ဆာ ဝေဒနာရှင် များနှင့် စမ်းသပ် ကုသလျက် ရှိပြီး အလွန် အောင်မြင်နေကြောင်း သိရသည်။ အမျိုးသား ကျန်းမာရေး ဝန်ဆောင်မှု ဌာန NHS ရှိ Non-Hodgkin’s Lymphoma ရှားပါးကင်ဆာ ခံစားနေရသူ ၁၅ဝဝ ခန့်ကို အဆိုပါဆေးဖြင့်
နှစ်စဉ် ကုသပေးနေပြီ ဖြစ်သည်။ “ဒီဆေးနဲ့သာ မကုခဲ့ရင် ကျွန်တော့်ကို ဒီနေ့ တွေ့မြင်ရဖို့ မဖြစ်နိုင်ဘူး။ ကျွန်တော့် ခန္ဓာကိုယ်ထဲမှာ ကင်ဆာ အကျိတ် ၆ဝ-၇ဝ လောက် ပျံ့နေတာ။ ကုသမှု ရလဒ်ကိုကြည့်ပြီး ကျွန်တော့်ရဲ့ အထူးကု ဆရာဝန်တောင် အံ့သြသွားတယ်” ဟု ဘော်လ်တန်မြို့မှ စက်ပြင်ဆရာ မစ္စတာဘရုစ်က ပြောကြားခဲ့သည်။

Search Myanmar
အလွန်ပြင်းထန်သည့် ရှားပါးကင်ဆာ တစ်မျိုး ခံစားခဲ့ရသော အသက် ၄၇ နှစ်အရွယ် အီယန်ဘရုစ်သည် နောက်ဆုံးပေါ် ကင်ဆာဆေး တစ်မျိုးဖြင့် ကုသမှု ခံယူ ခဲ့ပြီးနောက် အမေရိကန် ပြင်ပ တွင် ကင်ဆာရောဂါ လုံးလုံး ပျောက်ကင်း သွားခဲ့သော ပထမဆုံး လူပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။
အောက်ပါ ဓာတ်ပုံများ အရ မစ္စတာဘရုစ်၏ ခန္ဓာကိုယ် အနှံ့၌ Non-Hodgkin’s Lymphoma ခေါ် ကင်ဆာ အကျိတ်များ ပျံ့နှံ့နေပုံကို တွေ့မြင်နိုင်ပြီး အမေရိကန်ထုတ် Brentuximab Vedotin ဖြင့် သီတင်းပတ် အနည်းငယ်ကြာ ကုသ ခဲ့ပြီးနောက် ဒုတိယ အကြိမ် Scan ရိုက်ကြည့် ခဲ့ရာ၌မူ ထိုအကျိတ် အားလုံး ကင်းစင်သွား ပုံကို တွေ့မြင် ရမည် ဖြစ်သည်။

အပူချိန်မြင့်မားလာမှုကြောင့် မြစ်သာမြစ်ရေတစ်နှစ်ထက်တစ်နှစ်ခန်းခြောက်လာ

ချင်းပြည်နယ် မတူပီမြို့နယ်မှ စတင်မြစ်ဖျားခံ စီးဆင်း လာသော မြစ်သာမြစ် သည် အပူချိန်မြင့်မား လာမှုကြောင့် တစ်နှစ် ထက်တစ်နှစ် ခန်းခြောက် လာမှုနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
“မြစ်သာမြစ်ဆိုတာ ချင်းတွင်းမြစ်ရဲ့ အဓိကမြစ်လက်တက်ကြီးတစ်ခုပါ။ ချင်းတွင်းမြစ်ထဲကို ကလေးဝ မြို့ ရွှေမုဋ္ဌောစေတီ အနီးမှာ ပေါင်းဆုံသွား တာပါ။ မြစ်ရေကတော့ တစ်နှစ်ထက် တစ်နှစ်ဆိုသလို နည်းနည်း လာပါ တယ်။
တောတွေက လည်းပြုန်း၊ ရေဝေရေလဲတွေကလည်း ပျက်စီးလာတာေ ကြာင့် မြစ်တွေချောင်းတွေ ခန်း ခြောက်လာပါတယ်”ဟု ကလေး ဒေသခံ ပြည်သူတစ်ဦးက ပြောသည်။