Wednesday 26 June 2013

"ပြည်တွင်းအထည်ချုပ်နှင့် အဲကွန်းစက်ရုံတို့ မလေးပြန်လုပ်သားတို့အား အလုပ်ပေးရန် လာရောက်ဆက်သွယ်"

မလေးပြန် အလုပ်သမားများ ကို အလုပ်ပေးရန် ပြည်တွင်းရှိ အထည်ချုပ်စက်ရုံ၊ အဲကွန်းစက်ရုံများမှ အလုပ် သမားညွှန်ကြားရေး ဦးစီးဌာနသို့ လာရောက်ဆက်သွယ် ထားကြောင်း သိရသည်။

ရခိုင်ပြည်နယ် အစိုးရသည် တိုင်းရင်း သားပြည် သူများ ၏ ဆန္ဒကို မျက် ကွယ် ပြုကြောင်း ဘူးသီးတောင် ဒေသခံ တို့ သမ္မတ ထံ ပေးပို့ စာတွင် ဖေါ်ပြ

Photo: ရခိုင်ပြည်နယ် အစိုးရသည် တိုင်းရင်းသားပြည်သူများ၏ ဆန္ဒကို မျက် ကွယ် ပြုကြောင်း ဘူးသီးတောင် ဒေသခံတို့ သမ္မတထံ ပေးပို့ စာတွင် ဖေါ်ပြ
Wednesday, June 26, 2013

ဘူးသီးတောင်မြို့နယ် အတွင်း စည်ပင် လေလံဆွဲယူမူနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရသည် ဒေသခံ တိုင်းရင်းသား ပြည်သူများ၏ ဆန္ဒကို မျက်ကွယ်ပြုပြီး တည်ဆဲ ဥပေဒေများကို ချိုးဖေါက်ကာ ပြုမူ ဆောင်ရွက် သွားခဲ့ကြောင်း ဘူးသီးတောင် ဒေသခံများက နိုင်ငံတော် သမ္မတထံ ပေး ပို့သော စာထဲတွင် ဖေါ်ပြထားသည်။

ဇွန်လ ၂၅ ရက်နေ့ နေ့စွဲဖြင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံသို့ ဘူးသီးတောင်မြို့နယ် ဒေသခံ တိုင်းရင်းသားများ ရေးသားပေးပို့သော စာပိုဒ် အမှတ်စဉ် (၅) တွင် ထိုသို့ ဖေါ်ပြထားသည်။

လူပေါင်း ၁၀၀ ကျော် လက်မှတ်ရေးထိုးပြီး နိုင်ငံတော် သမ္မတထံသို့ ရေး သားပေး ပို့သောစာထဲတွင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဘူးသီးတောင်မြို့ နယ် စည်ပင်သာယာရေး အဖွဲ့၏ အရပ်ရပ် အခွင့်အရေး လိုင်စင်ကို နိုင်ငံ သား မဟုတ်သူများက တိုက်ရိုက် လေလံဆွဲဝယ်ပိုင်ခွင့် ရရှိထားမူ အပေါ် ဘူးသီးတောင်မြို့နယ် ပြည်သူလူထုမှ ကန့်ကွက်ကြောင်း ဖေါ်ပြသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဘူးသီးတောင်မြို့နယ် စည်ပင်သယာရေး အဖွဲ့၏ အရပ်ရပ် အခွင့်အရေး လိုင်စင်ကို ၂၃-၅-၂၀၁၃ ဈေးပြိုင် စနစ်ဖြင့် ရောင်းချခဲ့ကြောင်း၊ လေလံ စည်းကမ်းချက်တွင် နိုင်ငံသား မဟုတ်သည့် အမျိုးသား မှတ်ပုံတင်ကဒ် (သို့) ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူများကိုလည်း ၀င်ရောက် ဆွဲဝယ်ခြင်း ပြုခဲ့ကြောင်း၊ သို့အတွက် လေလံ မဆွဲမီ ၁-၃-၂-၁၃ နေ့တွင် ကြော်ငြာတွင် ပါဝင်သည့် စည်းကမ်းချက် အပိုဒ် (၁)နှင့် အပိုဒ်(၄) အချက်များကို ကန့်ကွက်ပြီး ဥပဒေနှင့် အညီ ပြင်ဆင်ပေးရန် ရခိုင်ပြည်နယ် အစိုးရမှ တဆင့် တောင်းဆိုခဲ့ကြောင်း၊အဆိုပါ ကြေငြာချက်ပါ အချက် တချို့သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပုဒ်မ (၃၄၉) နှင့် (၃၇၀) တို့ကို လုံးဝ ဆန့်ကျင်နေပြီး နိုင်ငံတော်မှ ချမှတ်ထားသော စီးပွားရေး ဦးတည်ချက်များနှင့်လည်း ဆန့်ကျင်နေကြောင်း၊ သို့သော်လည်း ၂ လကျော် ကြာသည့် တိုင်အောင် တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မရှိခဲ့ကြောင်း၊ ပြည်သူလူထုမှ နည်းမျိုးစုံဖြင့် တောင်းဆိုခဲ့ပြီးနောက် နှစ်လကျော်ကြာမှ ၁၇-၅-၂၀၁၃ ခု နေ့တွင် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့မှ လယ်ယာနှင့် ဆည်မြောင်း ၀န်ကြီး ဦးကျော်သိန်းနှင့် အခွန်ဘဏ္ဍာဝန်ကြီး ဦးမောင်စန်ရွှေတို့ နှစ်ဦးကို စေလွှတ် လိုက်ကြောင်း၊ သို့သော်လည်း အထက်ပါ ၀န်ကြီးနှစ်ဦးသည် ပြည်သူ လူထုများ ၏ တောင်းဆိုချက်များကို မျက်ကွယ်ပြုကာ နိုင်ငံသား မဟုတ်သူများကို လေလံများဆွဲယူခွင့် ပြုပေးခဲ့ကြောင်း ဖေါ်ပြသည်။

ထိုသို့ ဆောင်ရွက်ခြင်းသည် နိုင်ငံတော်၏ ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေအား ပြောင်ပြောင်တင်းတင်း ချိုးဖေါက်ခြင်း ဖြစ်ပြီး ရခိုင်ပြည်နယ် အစိုးရ၏ ဆောင်ရွက်ချက်ကို သံသယ ဖြစ်မိကြောင်း ဖေါ်ပြသည်။

စာ၏ နိဂုံးချုပ်တွင် နိုင်ငံတော်က ချမှတ်ထားသော ဥပဒေများကို ချိုးဖေါက်ပြီး လေလံ ၀ယ်ယူခွင့် ရရှိထားသူ နိုင်ငံသား မဟုတ်သူများကို ပယ်ဖျက်ပြီး တိုင်းရင်းသားနှင့် နိုင်ငံသားများ လက်ဝယ်သို့ တိုက်ရိုက် ရောက်ရှိအောင် ဆောင်ရွက်ပေးရန် စာထဲတွင် သမ္မတကို တင်ပြတောင်းဆိုထားသည်။
narinjara
ဘူးသီးတောင်မြို့နယ်အတွင်း စည်ပင် လေလံဆွဲယူမူနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရသည် ဒေသခံ တိုင်းရင်းသား ပြည်သူများ၏ ဆန္ဒကို မျက်ကွယ်ပြုပြီး တည်ဆဲ ဥပေဒေများကို ချိုးဖေါက်ကာ ပြုမူ ဆောင် ရွက် သွားခဲ့ကြောင်း ဘူးသီးတောင် ဒေသခံများက နိုင်ငံတော် သမ္မတထံ ပေး ပို့သော စာထဲတွင် ဖေါ်ပြ ထားသည်။

မုံရွာဆေးရုံ တိုးချဲ့ရန် အိန္ဒိယ ဒေါ်လာနှစ်သန်း လှူမည်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ပြည်သူ့ဆေးရုံကြီးတွင်ဆေးရုံအဆောက်အအုံများတိုးချဲ့ရန်နှင့် ဆေး ပစ္စည်းအတွက် အိန္ဒိယနိုင်ငံအစိုးရက အမေရိကန်ဒေါ်လာနှစ်သန်း လှူဒါန်းသွားမည် ဖြစ်ကြောင်း အိန္ဒိယကောင်စစ်ဝန်ရုံးထံမှသိရသည်။

" စီးပွားရေးကဏ္ဍအလိုက် ရသုံးငွေနှင့်အခွန် ပြည်သူသိအောင် ထုတ်ပြန်တော့မည် "

နိုင်ငံ၏ စီးပွားရေး ကဏ္ဍအလိုက် ရသုံးငွေနှင့်အခွန်ကို ပြည်သူသိအောင် ချပြတော့မည်ဟု သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းက ပြောသည်။ထိုအတွက် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီး၎င်းကိုယ်တိုင် ဦးဆောင်

မိုင်းယုလေး စစ်ဘေးရှောင် စခန်းသို့ စစ်ဘေးရှောင် သူများ ပိုမိုရောက် ရှိလာ

Photo: မိုင်းယုလေး စစ်ဘေးရှောင်စခန်းသို့စစ်ဘေးရှောင်သူများ ပိုမိုရောက်ရှိလာ
Wednesday, June 26, 2013

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မိုင်းယုလေး ကျေးရွာ၌ ၂၀၁၃ခုနှစ်အတွင်း အသစ်တည်ဆောက်ထားသည့် စစ်ဘေးရှောင် စခန်းသို့
စစ်ဘေးရှောင်ဒေသခံများ ပိုမိုရောက်လာကြောင်း သိရသည်။

မိုင်းယုလေးရွာ စစ်ဘေးရှောင် ရွာသူ/သားများသည် ဇွန်လ ၂၂ရက်နေ့၌ အစိုးရနှင့် လက်နက်ကိုင် တပ်ပေါင်းစုတို့အကြား တိုက်ပွဲများ
ဖြစ်ပွားပြီးနောက် ရောက်ရှိလာကြခြင်း ဖြစ်ကြောင်း သိရသည်။

“အစကတော့ စခန်းအနေနဲ့ဖွင့်ဖို့ အစီအစဉ်မရှိဘူး။ ကနဦးက ရွာသားတွေဟာ တိုက်ပွဲဖြစ်လဲ ရွာမှာပဲ နေနေကြတာ။ နောက်ပိုင်း ရွာနားမှာဖြစ်လာတော့ဒီဘက်ကို ထွက်ပြေးလာကြရင်း တဖြည်းဖြည်း များလာတာ။ ဒါနဲ့ ကျွန်တော်ရယ်  ရပ်ကွက်စာရေးရယ် မူလတန်းကျောင်းအုပ် ဆရာမရယ် ၃ဦးတိုင်ပင်ပြီး၊ကော်မတီ နှစ်ခုခွဲပြီး ဆောင်ရွက်နေတာ၊ ဖွင့်တာကတော့ ဇန်န၀ါရီလထဲက ဖွင့်ထားတာ။ အခုမှ လူပို များလာတာ”ဟု စခန်းတာဝန်ခံ ဦးကျမ်ဆာက ဆိုသည်။

လက်ရှိစခန်းသို့ ရောက်လာသူများမှာ ပန်းပူး ကျေးရွာအုပ်စု၊ ပိန်ပွန်ကျေးရွာနှင့် မန်စိန်ရွာတို့မှ ပလောင်(၀်) တိုင်းရင်းသားများ
ဖြစ်ကြကြောင်း သိရသည်။

“မန်စိန်က အိမ်ထောင်စု လေးစုပါတယ် ၂၂ရက်နေ့က ရောက်လာတာ။ ကျန်တဲ့သူတွေကတော့ လုံကန် ဘုန်းတော်ကြီးကျောင်းမှာ ရှိနေတယ်။
အဲဒီကလူတွေ ထပ်ရောက်လာရင် ကျနော်တို့တော့ တော်တော် ခက်ခဲလိမ့်မယ် ဟု ဦးကျမ်ဆာမှ ဆက်လက် ပြောကြားသည်။

လက်ရှိတွင် အဆိုပါစခန်းရှိ စစ်ဘေးရှောင်ဦးရေမှာ ကျား/မပေါင်း (၃၇၈)ဦးရှိပြီး ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၉၂)ဦးရှိကြောင်း သိရှိရသည်။

စစ်ဘေးရှောင် ဒေသခံများ ပိုမိုများပြားလာသဖြင့် ၎င်းတို့နေထိုင်ရန် အမိုးအကာနှင့် ကလေးငယ်များ အတွက် ကျောင်းသုံး သင်ထောက်ကူပစ္စည်းများအရေးပေါ် လိုအပ်နေကြောင်း သိရသည်။

စိုင်းကံသာ (လားရှိုး)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မိုင်းယုလေး ကျေးရွာ၌ ၂၀၁၃ခုနှစ်အတွင်း အသစ် တည်ဆောက်ထားသည့် စစ်ဘေးရှောင်စခန်းသို့ စစ်ဘေးရှောင်ဒေသခံများ ပိုမိုရောက်လာကြောင်း သိရသည်။

ထိုင်း-မြန်မာ နယ်စပ် ဂိတ် အသစ် များ ထပ်မံ ဖွင့်လှစ် ရန် စီစဉ်

Photo: ထိုင်း-မြန်မာ နယ်စပ်ဂိတ် အသစ်များ ထပ်မံဖွင့်လှစ်ရန် စီစဉ်
Wednesday, June 26, 2013

မြန်မာနိုင်ငံနှင့် ထိစပ်နေသော နယ်စပ် ဒေသ ဂိတ် ၆ ခုကို ထပ်မံ ဖွင့်လှစ်ရန် ထိုင်းအစိုးရက စီစဉ်နေကြောင်း သိရှိရသည်။

ထို့အပြင် ထိုင်းနိုင်ငံနှင့် ထိစပ်နေသည့် ကမ္ဘောဒီးယား၊ မလေးရှား၊ လာအို နယ်စပ်တို့တွင်လည်း ဖွင့်လှစ်ရန် ရှိကြောင်း ထိုင်း ဒု ၀န်ကြီးချုပ် Surapong Tovichakchaikul က ဇွန်လ ၂၄ ရက်နေ့က သတင်းထောက်များကို ပြောကြားသည်။

ယခု တပတ် အစောပိုင်းက ထိုင်း ၀န်ကြီးချုပ် ယင့်လပ် ရှင်နာဝပ်က ခေါ်ယူသည့် ခရိုင်အုပ်ချုပ်ရေးမှူးများ အစည်းအဝေးတွင် နယ် စပ်ဂိတ်အသစ်များ ထပ်မံဖွင့်လှစ်ရန် ဆွေးနွေးမှုများ ပြုလုပ်ထားပြီး ဖြစ်သည်ဟု ၎င်းက ပြောဆိုကြောင်းလည်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

“နယ်စပ်ဂိတ် ၂၈ ခုအထိ ဖွင့်ဖို့ စီစဉ်ထားတယ်၊ လောလောဆယ် ၃ ခုဖွင့်ထားပြီး ၂၅ ခု ထပ်ဖွင့်ဖို့ ကျန်သေးတယ်၊ ကမ္ဘောဒီးယား နဲ့ မလေးရှားနယ်စပ်မှာ ၄ ဂိတ်စီ၊ မြန်မာနယ်စပ်မှာ ၆ ဂိတ်၊ လာအိုနယ်စပ်မှာ ၁၁ ဂိတ် ထပ်ဖွင့်ဖို့ကျန်တယ်”ဟု ထိုင်း ဒုဝန်ကြီး ချုပ် Surapongက ပြောသည်။

ယင်း နယ်စပ်ဂိတ်များကို ကုန်သွယ်ရေး တိုးမြှင့်ရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း၊ ယခုနှစ်အတွင်း ဖွင့်လှစ် နိုင်ရန် ထိုင်း အစိုးရအနေနှင့် စီစဉ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ နယ်စပ် ဂိတ်များ ဖွင့်လှစ်ပြီးပါက ကုန်သွယ်ရေး ပမာဏ တိုးမြှင့်လာမည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောဆိုသည်။

ကရင်ပြည်နယ် မြ၀တီမြို့နယ် ကုန်သည်ကြီးများ အသင်း ဥက္ကဌ ဒေါ်သင်းသင်းမြတ်က ထိုင်းနှင့်မြန်မာ နယ်စပ်ဂိတ် ၆ ခု ထပ်မံ ဖွင့် လှစ်မည့်အကြောင်း မသိရှိရသော်လည်း ဘုရားသုံးဆူ နယ်စပ်ဂိတ်ကို ဖွင့်လှစ်နိုင်ရန် ထိုင်းအစိုးရက ကြိုးစားနေကြောင်း ဧရာဝတီ သို့ ပြောသည်။

“သူတို့ကတော့ ပြောနေတာပဲ၊ တရားဝင် ကုန်သွယ်မှု လုပ်ဖို့ပဲ လိုတယ်၊ တရားဝင် လမ်းကြောင်းနဲ့ လာမယ်ဆိုရင်တော့ ပိုကောင်း တယ်”ဟု ၎င်းက ဆိုသည်။

ထိုင်း ဘက်က ကုန်ပစ္စည်းအများစုကို တရားမ၀င်ဂိတ်များမှ တင်သွင်းနေပြီး မြန်မာဘက်က ကုန်ပစ္စည်းများကို ချစ်ကြည်ရေး တံတားပေါ်မှ တင်သွင်းကြောင်း သိရသည်။

ထိုင်းအစိုးရက နယ်စပ်ဂိတ်များ တိုးမြှင့်ဖွင့်လှစ်ရန် စီစဉ်ခြင်းသည် စီးပွားရေး ဈေးကွက် မပပျောက်ရေး အတွက် ကြိုးစားခြင်း ဖြစ်ကြောင်း ဒေါ်သင်းသင်းမြတ်က ဆိုသည်။

ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်း အဖြစ် လက်ရှိ အချိန်တွင် တာချီလိတ်၊ မြ၀တီ၊ မြိတ်၊ ကော့သောင်းနှင့် တနင်္သာရီမြို့နယ်ရှိ မော့တောင် နယ်စပ်ဂိတ်တို့ကို ဖွင့်လှစ်ထားသည်။

ထိုင်းနိုင်ငံရှိ နယ်စပ်ဂိတ်များ အနက် မဲဆောက်-မြ၀တီ ချစ်ကြည်ရေး တံတားဂိတ်သည် နှစ်နိုင်ငံ ကုန်ပစ္စည်းများ အပြန်အလှန် တင်ပို့နေသည့် ကုန်စည်စီးဆင်းမှု အများဆုံး နှင့် အဓိက ဂိတ်ဖြစ်သည်။

မြန်မာနိုင်ငံမှ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ထိုင်းသည် တရုတ်နိုင်ငံပြီးလျှင် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်ထားသည့်နိုင်ငံ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ထိုင်းသို့ တင်ပို့သည့် ကုန်ပစ္စည်းများမှာ သစ်၊ ဆန်၊ ငရုပ်၊ ကြက်သွန်နှင့် ကျွဲ၊ နွား၊ ဆိတ်၊ သိုး စသည့် တိရစ္ဆာန်များ အပါအဝင် ကျောက်စိမ်း အထိ တင်ပို့ကြသည်။

မဲဆောက်- မြ၀တီ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားမှ တဆင့် ကုန်စည်စီးဆင်းမှု တန်ဖိုးမှာ ယခုနှစ် ဇန်န၀ါရီလမှ စတင်၍ ဇွန်လ အထိ တလတွင် ဘတ်ငွေ သန်း ၃၅၀၀ ခန့် ရရှိပြီး ယခင်နှစ်ကထက် ၁၀ ရာခိုင်နှုန်း မြင့်တက်လာသည်ဟု တာခ့်ခရိုင် ကုန်သည်ကြီးများ အသင်း ဥက္ကဌက ပြောကြောင်း မန်နေဂျာ အွန်လိုင်း အင်တာနက် စာမျက်နှာတွင် ယမန်နေ့က ဖော်ပြထားသည်။

ယခုနှစ် ၆ လအတွင်း ဘတ် သန်းပေါင်း ၂၃၀၀၀ ခန့် ရရှိထားပြီး ပြီးခဲ့သည့်နှစ်က သန်းပေါင်း ၂၀၀၀၀ သာ ရရှိကြောင်းလည်း မန်နေဂျာ အွန်လိုင်း၌ ပါရှိသည်။

ဧရာဝတီ

ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေးတံတား ဂိတ်ကို ထိုင်းဘက်အခြမ်းမှ မြင်ရစဉ် (ဓာတ်ပုံ – ဧရာဝတီ)
ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေးတံတား ဂိတ်ကို ထိုင်းဘက်အခြမ်းမှ မြင်ရစဉ် (ဓာတ်ပုံ – ဧရာဝတီ)
မြန်မာနိုင်ငံနှင့် ထိစပ်နေသော နယ်စပ်ဒေသဂိတ် ၆ ခုကို ထပ်မံဖွင့်လှစ်ရန် ထိုင်းအစိုးရက စီစဉ်နေကြောင်း သိရှိရသည်။

အားနည်းချက်တွေ ရှိတဲ့ ရန်ကုန် – နေပြည်တော် – မန္တလေး လမ်းမကြီးကို ပြင်မယ်

Photo: အားနည်းချက်တွေ ရှိတဲ့ ရန်ကုန် – နေပြည်တော် – မန္တလေး လမ်းမကြီးကို ပြင်မယ်
Wednesday, June 26, 2013

ရန်ကုန် – နေပြည်တော် – မန္တလေး အမြန်လမ်းမကြီး ဖောက်လုပ်ခဲ့ရာမှာ အားနည်းချက်တွေကြောင့် ယာဉ်မတော်တဆမှုတွေ များပြားနေလို့ လမ်းဖောက်ခဲ့တဲ့ အင်ဂျင်နီယာတွေကို လမ်းပေါ်က လူသတ်သမားတွေ ဆိုပြီး ဝေဖန်သံတွေ ထွက်ပေါ်နေတာ ကြားရပါတယ်။

အမြန်လမ်းမကြီးကို ဖွင့်လှစ်ခဲ့တဲ့ ၅ နှစ်နီးပါး ကာလအတွင်းမှာ ယာဉ် မတော်တဆမှုက နေ့စဉ်နဲ့အမျှ ဖြစ်နေပြီး အများစုကတော့ အရှိန်လွန် ဘရိတ်ပေါက်တာ၊ လမ်းအနေအထား မမှန်ကန်တာနဲ့ ယာဉ်မောင်း အိပ်ငိုက်တာတွေကြောင့် လက်ရှိမှာတော့ သေဆုံးသူ ၁၇၀ ကျော် ရှိနေပြီလို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။

“အရင်အစိုးရရဲ့ လိုအပ်ချက်အရ နေပြည်တော်မြို့ ရွှေ့လာတော့ ရန်ကုန်နဲ့ နေပြည်တော် ကို ဆက်သွယ်ဖို့ လိုအပ်လာတယ်။ သွားလာလို့က အဆင်မပြေတော့ လမ်းမြန်မြန်ပြီးဖို့လိုတော့ လမ်းပိုင်းမှာ အားနည်းချက်တွေ ဖြစ်သွားရတာပါ။ အရေးပေါ် အနေအထားတွေကြောင့် လမ်းပိုင်းမှာ အားနည်းချက်တွေ ရှိသွားတာကို ဝန်ခံပါတယ်။ အက်ဆီးဒင့်တွေ မဖြစ်အောင်လုပ်ဖို့က ကျနော်တို့မှာ တာဝန်ရှိပါတယ်” လို့ ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးရဲ့ လမ်းတည်ဆောက်မှုပိုင်းကို တာဝန်ယူခဲ့သူ တဦးဖြစ်တဲ့ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့်က ဧရာဝတီ သတင်းဌာနက ကို ပြောပါတယ်။

အမြန်လမ်းမကြီး စတင် တည်ဆောက်ခဲ့စဉ်က အချိန် လိုအပ်ချက်၊ ငွေကြေး လိုအပ်ချက်တွေကြောင့် လမ်းပိုင်းဆိုင်ရာ အားနည်းချက်တွေ ရှိခဲ့တဲ့ အပေါ် ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြန်လည်သုံးသပ်ပြီး Master Plan တခု ရေးဆွဲ ဆောင်ရွက်နေကြောင်း၊ နိုင်ငံတကာ အကူအညီတွေ ကိုလည်း တောင်းခံထားကြောင်း သိရပါတယ်။

အဲဒီ Master Plan မှာတော့ အမြန်လမ်းမကြီးကို ရှစ်လမ်းသွား ဖောက် လုပ်မှာဖြစ်ပြီး ကုန်တင်ကားကြီးတွေလည်း ဖြတ်သန်းခွင့် ရနိုင်မယ်လို့ သိရပါတယ်။ ဒါ့အပြင် ခရီးသည် နားနေစခန်းတွေနဲ့ ရဲစခန်းတွေ၊ သန့်စင်ခန်းတွေကိုလည်း တိုးချဲ့ တည်ဆောက်မယ်လို့ သိရပါတယ်။

အမြန်လမ်းမကြီးမှာ အားနည်းချက်တွေ ရှိပေမယ့် နိုင်ငံတကာ အကူအညီမယူဘဲ နိုင်ငံတော် ဘတ်ဂျက်နဲ့ ပြည်တွင်းအင်ဂျင်နီယာတွေက လမ်းအရှည် ၃၆၆ မိုင်ကို ၆ နှစ်အတွင်း အပြီးတည်ဆောက်ခဲ့တဲ့ အပေါ် မြန်မာပညာရှင်တွေကို နိုင်ငံတကာက အံ့သြခဲ့ရကြောင်း၊ ဒါကြောင့် အမြန်လမ်းမကြီးဟာ မြန်မာနိုင်ငံရဲ့ ဂုဏ်ယူစရာလမ်းမကြီး တခု လည်း ဖြစ်ကြောင်း အင်ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့်က ပြောပါတယ်။

“နိုင်ငံတကာမှာ အနီးကပ်ဆုံးဖြစ်တဲ့ ထိုင်းနိုင်ငံက မြဝတီနဲ့ သင်္ဃန်း ညီနောင် လမ်း ကီလိုမီတာ ၂၀၊ ၃၀ ကို ၆ နှစ်ကျော် စိတ်ကြိုက် ဖောက်လုပ်ကြတယ်။ ကျနော်တို့က လမ်းအရှည် ၃၆၆ မိုင်ကျော်ကို ၆ နှစ်နဲ့ အပြီးဆောက်ခဲ့ ရတာကလည်း အနေအထားတွေကြောင့် အားနည်းချက်တွေ ရှိခဲ့ရတာ ဆိုတော့ အခု လမ်းကို ပြန်လုပ်မယ်ဆိုရင်တောင် လက်တန်း မလုပ်တော့ ဘူး၊ နိုင်ငံတကာ အကူအညီယူမယ်” လို့ ဦးကြည်ဇော်မြင့်က ဆက်ပြော ပါတယ်။

အစိုးရသစ် လက်ထက်အတွင်း အမြန်လမ်းမကြီး ပြုပြင်နိုင်ဖို့အတွက် ဘတ်ဂျက်ကို လွှတ်တော်မှာ တင်ပြခဲ့ပေမယ့် တခြား အရေးကြီး တဲ့ ပြည်ထောင်စု လမ်းတွေအတွက် ဦးစားပေးနေရတာကြောင့် လမ်းအတွက် ဌာနဆိုင်ရာ ဘတ်ဂျက် လုံးဝ မရသေးဘူးလို့လည်း သိရပါတယ်။ အမြန်လမ်းမကြီးကို ပြန်လည် ပြုပြင်ဖို့အတွက်က ကျပ် ဘီလီယံ ထောင်ချီ ကုန်ကျ မယ်လို့လည်း သိရပါတယ်။

လမ်းပိုင်းဆိုင်ရာ ကျွမ်းကျင်သူ အင်ဂျင်နီယာတွေကတော့ အမြန်လမ်း မကြီးပေါ်မှာ သစ်ပင်တွေ စိုက်တာ၊ ဆိုင်းဘုတ် လမ်းညွှန်ချက်တွေ အားနည်းတာ၊ လမ်းပိုင်းဆိုင်ရာ တည်ဆောက်မှုမှာ အားနည်းတာ၊ လမ်းပေါ် ရေဝပ်တာ၊ လမ်းဘေးခြံစည်းရိုး အကာအရံတွေ မရှိတာ၊ ခြံစည်းရိုးရှိတဲ့ နေရာကျပြန်တော့လည်း သေချာ မတပ်ထားတာ၊ လမ်းလယ်ခေါင်မှာ ချထားတဲ့ ဘလောက်တုံးတွေက တညီတညာတည်း မရှိတာတွေက ယာဉ်မတော်တဆ ထိခိုက်မှုတွေ ဖြစ်နိုင်တဲ့ အဓိက အချက်အလက်တွေ ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

“အမြန်လမ်းပေါ်က လမ်းလယ်ခေါင်မှာ ချထားတဲ့ ဘယ်ရီယာတုံးတွေ ကြည့်လိုက်ရင် ရွဲ့ စောင်းနေတာပဲ၊ တချို့နေရာတွေမှာ လမ်းခင်း တာကျတော့လည်း တွေ့တဲ့ကျောက်သဲနဲ့ ဘိုင်ဘရိတ်တောင် မထည့်ဘဲ လုပ်တော့ ၆ လလောက်နေတော့ ပျက်စီးတာပဲ။ ဒါတွေက ငွေကြေးနဲ့ မဆိုင်ဘူးလေ၊ လူရဲ့အသိဥာဏ်၊ အင်ဂျင်နီယာတွေရဲ့ ကြီးကြပ်မှုနဲ့ ဆိုင်တယ်။ ခြံစည်းရိုး ခတ်တယ်၊ ဘယ်နေရာများ သပ်ရပ်သလဲ။ ပြောရ ရင်တော့ သိပ်ရှက်ဖို့ကောင်းတယ်” လို့ စက်မှုအင်ဂျင်နီယာတဦးက ဇွန်လ ၂၁ ရက်နေ့ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှာ လုပ်ခဲ့တဲ့ အမြန်လမ်းဆိုင်ရာ ဆွေးနွေးပွဲမှာ သုံးသပ် ပြောဆိုသွားပါတယ်။

လမ်းအင်ဂျင်နီယာ တဦးဖြစ်သူ ဦးမောင်မောင်က အမြန်လမ်းမကြီးမှာ လမ်းတွေက အကွေ့အကောက်တွေ များနေတဲ့အပြင် တချို့နေရာတွေမှာ ၄ လမ်းသွား ဖြစ်ရာကနေ ၂ လမ်းသွား ဖြစ်သွားပြီး အဲဒီလိုနေရာတွေမှာ လမ်းညွှန်ဆိုင်းဘုတ်တွေများလည်း မရှိကြောင်း၊ ထို့ကြောင့် လမ်းအနေ အထား မသိဘဲ အရှိန်ပြင်း မောင်းနေတဲ့ ယာဉ်တွေ မတော်တဆမှု ဖြစ် ရကြောင်း၊ လမ်းလယ်ခေါင်က ဘယ်ရီယာတုံးတွေက တဆက်တည်း ရှိမနေတာကြောင့်လည်း ယာဉ်ထိခိုက်မှုတွေ အများအပြား ဖြစ်စေကြောင်း သုံးသပ်ပါတယ်။

ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်လင်း က “အမြန်လမ်းဆိုတာ တဖြောင့်တည်း ဖြစ်နေရမယ်ဆိုတာ မဟုတ်ဘူး။ လမ်းဆိုတာ အကွေ့အကောက်တော့ ပါရမယ်။ အစအဆုံး ဖြောင့်နေ ရမယ်ဆိုတာ လမ်းရဲ့ စံချိန်စံညွှန်း မဟုတ်ဘူး။ အခု အမြန်လမ်းမှာ အကွေ့အကောက်တွေ ပါနေတယ်ဆိုတာကလည်း လမ်းဖောက်တုန်းက ဆည်တွေကို ရှောင်ပြီးဖောက်ခဲ့ရတာ လည်းပါတယ်။ ငွေကြေး အခြေအနေအရ ဘယ်ရီယာတုံးတွေကို သေချာ မလုပ်နိုင်ဘူး” လို့ ဧရာဝတီကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ ယာဉ်မတော်တဆ ထိခိုက်မှုကြောင့် လူ ၁ သိန်းမှာ သေဆုံးသူ ၁၅ ဦးနှုန်း ရှိနေပြီး အမြန်လမ်းမှာ သေဆုံးမှု အများဆုံးဖြစ်နိုင်ကြောင်း၊ အိမ်နီးချင်း ထိုင်းနိုင်ငံက ယာဉ်အစီးရေ ၁၀ ဆလောက် ပိုများပေမယ့် မြန်မာနိုင်ငံနဲ့ သေဆုံးနှုန်းက အတူတူနီးပါး ဖြစ်နေတယ်လို့လည်း ဦးကျော်လင်းက ဆိုပါတယ်။

လက်ရှိ အမြန်လမ်းမကြီးမှာ ဖြစ်နေတဲ့ ပြဿနာတွေကြောင့် ဖြတ်သန်းသွားလာနေတဲ့ ယာဉ်တွေကို အသိပညာပေး လုပ်ငန်းတွေ ဆောင်ရွက်မယ့်အပြင် ယာဉ်အို ယာဉ်ဟောင်းတွေကို မောင်းနှင်ခွင့် ပိတ်ပင်လိုက်တာ၊ အရက်သောက် ထားခြင်း ရှိ မရှိကို ကိရိယာတွေနဲ့ စစ်ဆေးတာတွေနဲ့ အမြန်လမ်းပေါ်မှာ လုပ်ကိုင်နေတဲ့ အင်ဂျင်နီယာတွေကို သင်တန်းပေးတာတွေ လုပ်ဖို့အပြင် အမြန်လမ်းမကြီး ဥပဒေကို ပြဌာန်းဖို့လည်း ရှိတယ်လို့ သိရပါတယ်။

“မြန်မာနိုင်ငံမှာက ကားမောင်းရင် (လုံခြုံရေး) ခါးပတ် မပတ်ကြဘူး။ အဲဒီ ဥပဒေ ကလည်း ဒီနိုင်ငံမှာ မရှိသေးဘူး၊ အန္တရာယ်ကင်းဖို့ ဆိုရင် ခါးပတ် ပတ်သင့်တယ်၊ အရက်သောက်ပြီး ကားမမောင်းသင့်ဘူး” လို့ ဦးဆောင် ညွှန်ကြားရေးမှူး ဦးကျော်လင်းက ဆိုပါတယ်။

အမြန်လမ်းမကြီးပေါ်မှာ အဖြစ်များနေတဲ့ ယာဉ်မတော်တဆ ထိခိုက်မှုတွေရဲ့ အဓိက အကြောင်းအရင်းတွေက ယာဉ်မောင်းသူ အိပ်ငိုက်တာ၊ အရက်သေ စာ သောက်စားပြီး မောင်းနှင်တာ၊ သတ်မှတ်ရှိန်ထက် ပိုမိုမောင်းနှင်တာနဲ့ လမ်းကြော အခြေအနေကို နားမလည်တာတွေကြောင့် အဖြစ်များနေတာ လို့လည်း ဦးကျော်လင်းက ဆက်ပြောပါတယ်။

ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှာ အမြန်လမ်း ပြုပြင် ထိန်းသိမ်းရေးကို တာဝန်ယူ ဆောင်ရွက်နေတဲ့ ဦးမျိုးမြင့်ကလည်း “များသောအားဖြင့်က အိပ်ငိုက်လို့ ဘီးချော်ရာကနေ ထိခိုက်မှုဖြစ်တာပါ။ လမ်းမှာ မှတ်သားပေးထားတဲ့ လိုင်းတွေရယ်၊ အရှိန်နှုန်းနဲ့ သွားမယ် ဆိုရင် ဖြစ်စရာအကြောင်းမရှိဘူး။ အဓိက အားနည်းချက်ဖြစ်နေတာက ယာဉ်မောင်းသူကြောင့်ပါ။ ကျနော်တို့ကလည်း တာဝန်ရှိပါတယ်” လို့ ဧရာဝတီကို ပြောပြပါတယ်။

လက်ရှိမှာတော့ လမ်းပေါ် ရေတင်တဲ့ကိစ္စအတွက် ရေဖောက်ထုတ်တာ လုပ်နေသလို ဘီးချော်မှုတွေ မဖြစ်အောင် Guard Rail တွေ တပ်နေကြောင်း၊ လမ်းဘေး တဖက်တချက်စီမှာ ရွာတွေထဲကနေ ဖြတ်တက်နေတဲ့ကားတွေ များတဲ့နေရာတွေနဲ့ ကျွဲ၊ နွားတွေ ဖြတ်သန်းမှုရှိနေတဲ့ နေရာတွေမှာ ခြံစည်းရိုးတွေ ကာနေကြောင်း သိရပါတယ်။

ရန်ကုန် – နေပြည်တော် အမြန်လမ်းပိုင်းကို ၂၀၀၅ ခုနှစ် အောက်တိုဘာ ၁၀ ရက်မှာ စတင်ဖောက်လုပ်ပြီး ၂၀၀၉ ခုနှစ် မတ်လ ၃ ရက်မှာ အပြီးသတ်ကာ ၂၀၀၉ ခုနှစ် မတ်လ ၂၅ ရက်မှာ စတင်ဖြတ်သန်းခွင့်ပေးခဲ့ ပါတယ်။ နေပြည်တော် – မန္တလေး အမြန်လမ်းပိုင်းကိုတော့ ၂၀၀၈ ခုနှစ် ဇူလိုင်လမှာ စတင်ဖောက်လုပ်ပြီး ၂၀၁၁ ဒီဇင်ဘာလမှာ အပြီးသတ်ကာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်မှာ စတင်ဖြတ်သန်းခွင့်ပြုခဲ့ပါတယ်။

လက်ရှိမှာတော့ ရန်ကုန်- နေပြည်တော်- မန္တလေး အမြန်လမ်းမကြီးမှာ တနေ့လျှင် ကားအစီးရေ ၅၀၀၀ ကျော် ဖြတ်သန်းသွား လာနေကြောင်း ဆောက် လုပ်ရေးဝန်ကြီးဌာနရဲ့ စာရင်းများအရ သိရပါတယ်။

နေပြည်တော်မြို့ အဝင် ၆ လမ်းသွား အမြန်လမ်းမကြီး လမ်းပိုင်းတနေရာ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ဧရာဝတီ
နေပြည်တော်မြို့ အဝင် ၆ လမ်းသွား အမြန်လမ်းမကြီး လမ်းပိုင်းတနေရာ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ရန်ကုန် – နေပြည်တော် – မန္တလေး အမြန်လမ်းမကြီး ဖောက်လုပ်ခဲ့ရာမှာ အားနည်းချက်တွေကြောင့် ယာဉ် မတော်တဆမှုတွေ များပြားနေလို့ လမ်းဖောက်ခဲ့တဲ့ အင်ဂျင်နီယာတွေကို လမ်းပေါ်က လူသတ် သမားတွေ ဆိုပြီး ဝေဖန်သံတွေ ထွက်ပေါ်နေတာ ကြားရပါတယ်။

ဆရာတော် ၀ီရသူအား Time Magazine မှ အခြေ အမြစ် မရှိ ပုတ် ခတ်စော် ကားမှု အပေါ် ကန့်ကွက်ခြင်း သဘော ထား ထုတ်ပြန်ကြေငြာ ချက် အမှတ် ၁/ ၂၀၁၃

 Photo: ဆရာတော်ဝီရသူအား Time Magazine မှ အခြေအမြစ်မရှိ ပုတ်ခတ်စော်ကားမှု အပေါ် ကန့်ကွက်ခြင်း
သဘောထားထုတ်ပြန်ကြေငြာချက်အမှတ် ၁/ ၂၀၁၃

Wednesday, June 26, 2013

၂၀၁၃ ခုနှစ် ဇူလိုင်လ(၁)ရက်နေ့စွဲဖြင့် ထုတ်ဝေဖြန့်ချိခဲ့သည့် Time Magazine ၏ မျက်နှာဖုံးတွင် ဆရာတော်ဝီရသူ၏ ဓာတ်ပုံကို The Face of Buddhist Terror ဟူသော ခေါင်းစီးစာတမ်းဖြင့် ယှဉ်တွဲဖော်ပြ ခဲ့ပြီး မြန်မာအတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများ၏ တာဝန်အရှိဆုံးသူအဖြစ် ဆောင်းပါးရှင် Hannah Beech မှ ပုံဖော်ရေးသားခဲ့ပါသည်။

ထိုသို့ ရေးသားဖော်ပြမှုသည် လက်ရှိကြိုးပမ်းဆောင်ရွက်နေသည့် ငြိမ်းချမ်းမှု၊ ညီညွတ်မှုကို ထိခိုက်စေသည့်အပြင် ဆရာတော်ဝီရသူ၏ အမျိုးသားရေးစွမ်းဆောင်မှုများအပါအ၀င် ကျွန်ုပ်တို့ ယုံကြည်ကိုးကွယ်သည့် ဘာသာတရားကိုပါ အခြေအမြစ်မရှိ စော်ကားခြင်းဖြစ်သည်ဟု ကျွန်ုပ်တို့ အစည်းအရုံးမှ ယူဆပါသည်။

၉၆၉ ၏ ခံယူချက်၊ သဘောထားနှင့် ဆရာတော်ဝီရသူ၏ အမျိုးသားရေး ဦးဆောင်မှုများကို ဂဃနဏသိနားလည်ခြင်းမရှိဘဲ လိုရာဆွဲရေးသားခြင်း သည် ကျွန်ုပ်တို့၏အမျိုးသားရေးစိတ်ဓာတ်ကိုသာမက ငြိမ်းချမ်းအေးမြ လှသည့် ဘာသာတရားအပေါ် နကန်းတလုံးမျှ နားမလည်ဘဲ စော် ကားခြင်းဖြစ်သည်။

သို့ဖြစ်ပါ၍ ဆောင်းပါးရှင် Hannah Beech ကိုယ်တိုင်သော်လည်းကောင်း၊ Time Magazine မှ တာဝန်ခံအယ်ဒီတာမှသော်လည်းကောင်း ကမ္ဘာသိ ပြန်လည်တောင်းပန်ရန် ကျွန်ုပ်တို့အစည်းအရုံးမှ တောင်းဆိုသည်။

ပြန်လည်တောင်းပန်ခြင်းမပြုပါက စတုတ္ထမဏ္ဍိုင်မပီသသော မီဒီယာဖြစ် သည့် Time Magazine အား နိုင်ငံတ၀ှမ်းလုံးမှ မဖတ်ရှုကြ ရန်နှင့် ဖြန့်ချိခြင်း မပြုနိုင်ရန် အကြမ်းမဖက်သောနည်းလမ်းများအားဖြင့် ဘက်စုံထောင့်စုံမှ တုံ့ပြန်သွားမည်ဖြစ်ကြောင်း အသိပေးအပ်သည်။

သတင်းနှင့်ပြန်ကြားရေးအဖွဲ့
မျိုးချစ်မြန်မာလူငယ်များအစည်းအရုံး
၂၀၁၃ ခုနှစ် ဇူလိုင်လ(၁)ရက်နေ့စွဲဖြင့် ထုတ်ဝေဖြန့်ချိခဲ့သည့် Time Magazine ၏ မျက်နှာဖုံးတွင် ဆရာတော် ၀ီရသူ၏ ဓာတ်ပုံကို The Face of Buddhist Terror ဟူသော ခေါင်းစီးစာတမ်းဖြင့် ယှဉ်တွဲဖော်ပြခဲ့ပြီး မြန်မာအတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများ၏ တာဝန်အရှိဆုံးသူ အဖြစ် ဆောင်း ပါးရှင် Hannah Beech မှ ပုံဖော်ရေးသားခဲ့ပါသည်။

ခရီးသွား ဖွံ့ဖြိုးရေးအတွက် လေယာဉ် ကွင်း ၃ ကွင်း ထပ်မံတိုးချဲ့မည်

Photo: ခရီးသွား ဖွံ့ဖြိုးရေးအတွက် လေယာဉ် ကွင်း ၃ ကွင်း ထပ်မံတိုးချဲ့မည်
Wednesday, June 26, 2013

ခရီးသွား ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရည်ရွယ်၍ ၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ် အတွင်း လေယာဉ်ငယ်များ ဆင်းနိုင်သည့် လေယာဉ်ကွင်း ၃ ကွင်း တိုးချဲ့ ဆောက်လုပ် သွားရန် စီစဉ်ထားကြောင်း မြန်မာ့လေကြောင်း ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်း ထံမှ သိရသည်။

“လေယာဉ်ကွင်းတွေက အစိုးရဘတ်ဂျက်နဲ့ပဲ လုပ်သွားမှာပါ။ လက်ရှိကတော့ လေယာဉ်ငယ် ပိုင်းတွေပဲ စပြီးဆင်းသက်သွားဖို့ စီစဉ်ထား တယ်။ ၂ နှစ်အတွင်း အပြီး ဆောင်ရွက်ဖို့ လုပ်ဆောင် သွားမှာပါ” ဟု ၎င်းက ပြောသည်။

ဆောက်လုပ်မည့် လေယာဉ်ကွင်းအသစ် ၃ ခုအတွက် ယခုအခါ မြေနေရာ စမ်းခြင်း၊ တံတိုင်း ကာရံခြင်း၊ ပြေးလမ်း တည်ဆောက်ခြင်း စသည်တို့ကို စတင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။

“အဓိကကတော့ လမ်းပန်း ဆက်သွယ်ရေးကြောင့် ခရီးသွားတွေ လေ့လာချင်တဲ့ နေရာတွေ မရောက်နိုင်တဲ့ အဖြစ်မျိုး မဖြစ်ရအောင် တည်ဆောက်တာပါ။ အခုဆောက်တဲ့ နေရာတွေက ခရီးသွားတွေအတွက် အကောင်းဆုံး လေ့လာကြမယ့် နေရာတွေ ဖြစ်လို့ အဆင်ပြေအောင် ဆောင်ရွက်တာပါ” ဟု ဦးတင်နိုင်ထွန်းက ပြောသည်။

လေယာဉ်ကွင်း အသစ်ဆောက်မည့် နေရာများမှာ ကချင်ပြည်နယ် တွင် နောင်မွန်းမြို့၊ ရခိုင်ပြည်နယ်တွင် မာန်အောင်မြို့နှင့် ချင်းပြည်နယ် ဖလမ်းမြို့တို့တွင် ဖြစ်ပြီး လေယာဉ်ငယ် များသာ ဆင်းသက်စေ မည် ဖြစ်ကြောင်း၊ ပထမ အစတွင် ၁၈ ယောက်စီး လေယာဉ်သာ စတင် ပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။

“ဒီနေရာတွေက အရင်က ဒုတိယကမ္ဘာစစ် ကတည်းက သုံးခဲ့တဲ့ လေယာဉ် ကွင်းတွေ ဆိုတော့ လေကြောင်းဌာန အနေနဲ့ ထိန်းသိမ်းထားတာကို အခုအချိန်မှာ ပြန်လည်ပြုပြင် ထိန်းသိမ်း လုပ်ဆောင်သွားတာပါ” ဟု ဦးတင်နိုင်ထွန်းက ဆိုသည်။

ယခု ပြုပြင် ဆောက်လုပ်မည့် လေယာဉ်ကွင်းများမှာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန်၊ ခရီးသွား လုပ်ငန်း တိုးတက်စေရန် အတွက် ရည်ရွယ်ဖော်ထုတ်ခြင်း ဖြစ်ကြောင်း သိရသည်။

“ကချင်မျာဆိုလည်း ရေခဲတောင် တက်ဖို့အတွက်က ပူတာအိုကနေ သွားရ တယ်။ အခုနောက်ပိုင်းက သစ်ခွပန်းတွေ လာကြည့်တာ များတယ်။ ချင်းပြည် နယ် ဆို လည်း ရိဒ်ရေအိုင် သွားတာ များလာတယ်။ အခုလို လေယာဉ်ကွင်းတွေ ဆောက်ရင် ခရီးသွားတွေ များလာနိုင်တယ်။ စရိတ်စက သက်သာလာနိုင်တယ်” ဟု ခရီးသွား ဧည့်လမ်းညွှန် တဦးဖြစ်သည့် ကိုသောင်းထိုက်ဇော်က ပြောသည်။

လက်ရှိ လေယာဉ်ကွင်းများ အတွက် မြေနေရာ စမ်းသပ်ခြင်း၊ ပြေးလမ်း ဒီဇိုင်း ရေးဆွဲခြင်း တို့လည်း ပြီးစီးပြီ ဖြစ်ကြောင်း၊ ယခုနှစ် ဆောင်းရာသီ အစတွင် စတင် ဆောက်လုပ်သွားရန် စီစဉ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လက်ရှိ၌ အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်း ၃ ခု၊ ပြည်တွင်းဆင်း လေယာဉ်ကွင်း ၂၇ ခုခန့်ရှိကြောင်း မြန်မာ့လေကြောင်း ညွှန်ကြားမှု ဦးစီးဌာနက ဆိုသည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လေယာဉ်တစီး ရပ်နားထားစဉ် (ဓာတ်ပုံ – ထက်အောင်ကျော်)
ဧရာဝတီ
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လေယာဉ်တစီး ရပ်နားထားစဉ် (ဓာတ်ပုံ – ထက်အောင်ကျော်)
ခရီးသွား ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရည်ရွယ်၍ ၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ် အတွင်း လေယာဉ်ငယ်များ ဆင်းနိုင်သည့် လေယာဉ်ကွင်း ၃ ကွင်း တိုးချဲ့ ဆောက်လုပ် သွားရန် စီစဉ်ထားကြောင်း မြန်မာ့လေကြောင်း ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်း ထံမှ သိရသည်။

ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ် (အဝိုင်း) များ စိစစ်


တရားဝင်ယာဉ် မှန်/မမှန် စစ်ဆေးခြင်းများကို (၁၁-၆-၂ဝ၁၃) အင်္ဂါနေ့မှ စတင်၍ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့၌ ရှောင်တခင် စစ်ဆေးခဲ့ရာ ၂၃-၆-၂ဝ၁၃ နေ့အထိ Saloon သုံးစီး၊ Station Wagon လေးစီး၊ Light Truck တစ်စီး စုစုပေါင်း ရှစ်စီးကို တရားဝင်ယာဉ် မဟုတ်ကြောင်း စစ်ဆေးဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ပါသည်။ 

ပီအာစနစ် မြန်မာနိုင်ငံအတွက် စောနေသေးကြောင်း သမ္မတ မှတ်ချက်ပြု

ရွေးကောက်ပွဲစနစ် ပြောင်းလဲရန် လွှတ်တော်သို့ တင်ပြထားသော အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲ စနစ် (PR) သည် မြန်မာနိုင်ငံတွင် ကျင့်သုံးရန် အချိန်စောနေသေးသည် ဟု နိုင်ငံတော်သမ္မတက မှတ်ချက်ပြုကြောင်း သတင်းရရှိသည်။ “သမ္မတကြီးကိုယ်တိုင်ကတော့ ပီအာစနစ် ကျင့်သုံးဖို့ အချိန်စောသေးတယ် မှတ်ချက်ချတယ် လို့ သတင်းကြားတယ်။ ဒီသတင်းကို ကြိုက်တယ်” ဟု ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေဆိုင်ရာ ကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကိုက ဇွန် ၂၅ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။ 

မြန်မာ-တရုတ် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းမှ တစ်နှစ် လျှင် ရေနံစိမ်း တန်ချိန် နှစ်သန်းနှင့် သဘာဝ ဓာတ်ငွေ့ ကုဗမီတာ နှစ်ဘီလျံ မြန်မာနိုင်ငံ အတွက် ရရှိမည်

petroleumandnaturalgas-june26
ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်း၏ ပိုက်လိုင်းစခန်းကို တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်-နောင်ပိန်)
မြန်မာ-တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းမှ မြန်မာနိုင်ငံအတွက် တစ်နှစ်လျှင် ရေနံစိမ်း တန်ချိန် နှစ်သန်းနှင့် သဘာဝဓာတ်ငွေ့ ကုဗမီတာ နှစ်ဘီလျံ ရရှိမည်ဖြစ်ကြောင်း CNPC မှ ရရှိသော သတင်းများ အရ သိရှိရသည်။

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန အမည်ပြောင်းမည်

နိုင်ငံတကာနှင့် အာဆီယံနိုင်ငံများ တွင်ခေါ်ဝေါ်သည့် အမည်အတိုင်း ဖြစ်စေရန် ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာနကို ဘဏ္ဍာရေးဝန်ကြီးဌာန အဖြစ် အမည်ပြောင်းလဲရန် နိုင်ငံတော်သမ္မတက ဇွန်လ၂၅ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်သို့ သဝဏ်လွှာ ပေးပို့ထားကြောင်း ပြည်ထောင်စု လွှတ်တော်က ကြေညာသည်။

ဘာကြောင့်အမျိုးသမီးတွေ လည်စလုတ်မရှိရတာလဲ

Photo: ဘာကြောင့်အမျိုးသမီးတွေ လည်စလုတ်မရှိရတာလဲ
Wednesday, June 26, 2013

လည်စလုတ်ဆိုတာ လူ့ခန္ဓာကိုယ်ရှိ လည်ချောင်း အလယ်နေရာမှာ ဖောင်းနေတဲ့ အရာဖြစ်ပြီး အရိုးနုတွေနဲ့ ဖွဲ့စည်းထားပါတယ်။ ဒီနေရာကို သိုင်းရွိုက်အရိုးနုလို့ ခေါ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သိုင်းရွိုက်ဂလင်းရဲ့ ထိပ်တည့်တည့်မှာ ရှိနေတာကြောင့်ပါ။ လည်စလုတ်ကို ဆေးပညာ အခေါ်အရ Prominentia Laryngea လို့ ခေါ်နိုင်ပေမယ့် အရပ်အခေါ်အရတော့ Adam's Apple (အာဒမ်ရဲ့ ပန်းသီး)ပဲ ဖြစ်ပါတယ်။ ခရစ်ယာန်တို့ရဲ့ အယူအရ ကမ္ဘာ့လူသားအစ အာဒမ်နဲ့ ဧဝတို့ နှစ်ယောက်မှာ ယောက်ျားဖြစ်သူ အာဒမ်ဟာ မစားကောင်းတဲ့ အသီးဖြစ်တဲ့ ပန်းသီးကို စားခဲ့မိပြီး ကျိန်စာသင့်ခဲ့တဲ့ အဖြစ်အပျက်ကို ရည်ညွှန်းကာ အမျိုးသားတွေရဲ့ လည်ပင်းမှာ ဖုထွက်နေတဲ့ လည်စလုတ်ကို Adam's Apple လို့ ခေါ်ခဲ့ကြတာ ဖြစ်ပါတယ်။

တကယ်တော့ လည်စလုတ်ဟာ အမျိုးသားတွေမှာပဲ ရှိတာမဟုတ်ပါဘူး။ အမျိုးသမီးတွေမှာလည်း ရှိပါတယ်။ အမျိုးသမီးတွေမှာ မသိသာလို့ဘဲ ဖြစ်ပါတယ်။ လည်စလုတ် အရွယ်အစားဟာ လူပျိုဖော်၊ အပျိုဖော် မဝင်ခင် အချိန်အထိ ယောက်ျားလေးနဲ့ မိန်းကလေးတွေမှာ အတူတူပဲ ဖြစ်ပါတယ်။ လူပျိုဖော်ဝင်ချိန် ရောက်တဲ့အခါ တက်စတိုစတီရုန်း ဟော်မုန်းတွေ များလာတာကြောင့် ယောက်ျားလေးတွေမှာ သိသာထင်ရှားစွာ ကြီးထွားလာတာပဲ ဖြစ်ပါတယ်။

တချို့အမျိုးသမီးတွေမှာ လည်စလုတ်ကြီးတွေ ကြီးနေတာကို တွေ့ရမှာပါ။ ဒါပေမဲ့ နောက်ဆုံးပေါ် ဆေးပညာနည်းတွေ၊ ခေတ်ပေါ် ပလတ်စတစ် ဆာဂျရီနည်းတွေနဲ့ ပြုပြင်လို့ ရနေပြီမို့ ပူစရာ မလိုတော့ပါဘူး။ လည်စလုတ်အရွယ် သေးငယ်အောင် လေပြွန်ရိတ်နည်း (Trachea Shave) လို့ ခေါ်တဲ့ ခွဲစိတ်ပြုပြင်နည်းတွေ ရှိပါတယ်။ နာမည်က မုတ်ဆိတ်ရိတ်သလို လွယ်ကူပုံ ပေါက်နေပေမယ့် မုတ်ဆိတ်ရိတ်သလို လမ်းဘေး ဆံသဆိုင်မှာ လုပ်လို့တော့ မရပါဘူး။ ခွဲစိတ်ခန်းထဲမှာ သေချာလုပ်ရမှာပါ။ လည်ချောင်းမှာ အနည်းငယ် ခွဲပြီးတော့မှ ထင်ရှားနေတဲ့ အရိုးနုကို ဖြတ်ပစ်ရတာပဲ ဖြစ်ပါတယ်။ ဒီခွဲစိတ်နည်းဟာ အမျိုးသားကနေ အမျိုးသမီးဘဝ ပြောင်းချင်သူတွေ အကြား အလုပ်အများဆုံး ခွဲစိတ် ပြုပြင်နည်း တစ်ခုပဲ ဖြစ်ပါတယ်။

(ဗဟုသုတအနေဖြင့် ဝေမျှပေးလိုက်ပါသည်။)

Ref: Good Health
todaymyanmar
လည်စလုတ်ဆိုတာ လူ့ခန္ဓာကိုယ်ရှိ လည်ချောင်း အလယ်နေရာမှာ ဖောင်းနေတဲ့ အရာဖြစ်ပြီး အရိုးနုတွေနဲ့ ဖွဲ့စည်းထားပါတယ်။ ဒီနေရာကို သိုင်းရွိုက်အရိုးနုလို့ ခေါ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သိုင်းရွိုက် ဂလင်းရဲ့ ထိပ်တည့်တည့်မှာ ရှိနေတာကြောင့်ပါ။ လည်စလုတ်ကို ဆေးပညာ အခေါ်အရ Prominentia Laryngea လို့ ခေါ်နိုင်ပေမယ့် အရပ်အခေါ်အရတော့ Adam's Apple (အာဒမ်ရဲ့ ပန်းသီး)ပဲ ဖြစ်ပါတယ်။ ခရစ်ယာန်တို့ရဲ့ အယူအရ ကမ္ဘာ့လူသားအစ အာဒမ်နဲ့ ဧဝတို့ နှစ်ယောက်မှာ ယောက်ျားဖြစ်သူ အာဒမ်ဟာ မစားကောင်းတဲ့အသီးဖြစ်တဲ့ ပန်းသီးကိုစားခဲ့မိပြီး ကျိန်စာသင့်ခဲ့တဲ့အဖြစ်အပျက်ကိုရည်ညွှန်းကာ အမျိုး သားတွေရဲ့လည်ပင်းမှာ ဖုထွက်နေတဲ့ လည်စလုတ်ကို Adam's Apple လို့ ခေါ်ခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာ ကို တိုက်ရိုက် ကူညီမှု ပေးဖို့ သြစီက စီစဉ်နေ

Photo: မြန်မာကို တိုက်ရိုက်ကူညီမှု ပေးဖို့ သြစီက စီစဉ်နေ
Wednesday, 26 June 2013

ထောက်ပံ့ကြေးတွေဟာ အရင်က ကုလသမဂ္ဂ ကနေ တဆင့် ပံ့ပိုးခဲ့
တာဖြစ်ပြီး အခု အခါမှာ မြန်မာ အစိုးရကို တိုက်ရိုက်ပံ့ပိုးဖို့ စီစဉ်နေပြီ ဆိုတဲ့အကြောင်း သြစတြေးလျနိုင်ငံ AusAid လို့ခေါ်တဲ့ ထောက်ပံ့ရေး
အေဂျင်စီက အထွေထွေဦးဆောင် ညွှန်ကြားရေးမှူး Peter Baxter က
ABC ကို ပြောပြခဲ့ပါတယ်။

ရှေ့လထဲမှာ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Bob Carr က မြန်မာ
နိုင်ငံကို လာရောက်ဖို့ရှိတဲ့ အတွက် မြန်မာနဲ့ သြစတြေးလျ ၂ နိုင်ငံ
အစိုးရ ကြားမှာ ဆွေးနွှေးမှုတွေ ပြုလုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကို အဓိက အားဖြင့် ပညာရေးမှာကဏ္ဍ ထောက်ပံ့သွားမှာ ဖြစ်ပြီး - ပြီးခဲ့ နှစ်က နိုင်ငံခြားရေးဝန်ကြီး Bob Carr က မြန်မာ နိုင်ငံကို လာရောက် ခဲ့စဉ်က ကျောင်းဆရာ ဆရာမတွေ အဖို့ သင်တန်းတွေ၊ ကျောင်းတက်
နှုန်းပိုပြီး ကောင်းလာအောင် ကျောင်းတွေမှာ နေ့လည်စာကျွေးတဲ့ အစီ အစဉ်တွေကို ကြေညာခဲ့တယ်လို့ ဆိုပါတယ်။

သြစတြေးလျ နိုင်ငံက ဒီလိုထောက်ပံ့ကြေးတွေကို အခု အချိန် အထိ NGO အဖွဲ့ တွေနဲ့သာ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

သြစတြေးလျကို ပညာတော်သင် ပိုမိုတိုးချဲ့ခေါ်ယူတဲ့ အစီအစဉ်ကို ပြီးခဲ့တဲ့ ၂နှစ်က စတင်ခဲ့ပါတယ်။

Peter Baxter က သြစတြေးလျ နိုင်ငံအနေနဲ့ ပံ့ပိုးပေး နေတာတွေဟာ လိုအပ်တဲ့ နေရာတွေ ကို ရောက်မရောက် ထိ ရောက်မှု ရှိ မရှိဆိုတာတွေ ကို လဲ ကွင်းဆင်းလေ့လာမှု တွေကို လိုက်လံကြည့်ရှုစစ်ဆေး ပြီး
ဆောင်ရွက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာ နိုင်ငံကိုထောက်ပံ့နေတဲ့ သြစတြေးလျ ထောက်ပံ့ကြေးဟာ ဒီ နှစ်မှာ ဒေါ်လာ သန်းပေါင်း ၆၄.၂ သန်း ဖြစ်ပြီး ၂၀၁၃-၁၄ခု နှစ်မှာ
ဒေါ်လာ ၈၂.၈ သန်း အထိ ရှိသွားမှာဖြစ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး Bob Carr ကတော့ မြန်မာ နိုင်ငံအဖို့ထောက်ပံ့ကြေး
တွေဟာ ပြည်တွင်း က တိုင်းရင်းသားလူမျိုးစုငယ်တွေ နဲ့ အစိုးရ ကြား
ဖြစ်နေတဲ့ပဋိပက္ခတွေ ကြောင့် ထိခိုက် နိုင်တယ်လို့လဲ ပြောသွားပါတယ်။
ABC Radio Australia
ထောက်ပံ့ကြေးတွေဟာ အရင်က ကုလသမဂ္ဂကနေတဆင့် ပံ့ပိုးခဲ့တာဖြစ်ပြီး အခု အခါမှာ မြန်မာအစိုးရကို တိုက်ရိုက်ပံ့ပိုးဖို့ စီစဉ်နေပြီ ဆိုတဲ့အကြောင်း သြစတြေးလျနိုင်ငံ AusAid လို့ခေါ်တဲ့ ထောက်ပံ့ရေး အေဂျင် စီ က အထွေထွေဦးဆောင် ညွှန်ကြားရေးမှူး Peter Baxter က ABC ကို ပြောပြခဲ့ပါတယ်။

ပါတီ အားလုံးနှင့် လက် တွဲနိုင်ကြောင်း ဒေါ်အောင်ဆန်း စုကြည်ပြော ကြား

Photo: ပါတီအားလုံးနှင့် လက်တွဲနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား
Wednesday, June 26, 2013

PR (အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲ) စနစ်ကို လက်မခံနိုင်ကြောင်း အကြိမ်ကြိမ် ပြောကြားထားသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အားလုံးပါဝင်သော နိုင်ငံရေး စနစ်တစ်ရပ် ထူထောင်ရန် ပါတီအားလုံးကို လက်တွဲနိုင်ကြောင်း ဇွန်လ ၂၅ ရက်နေ့က သတင်းထောက်များကို ပြော ကြားသည်။

ဇွန်လ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်း အဝေးအပြီး သတင်းထောက်များနှင့် တွေ့ဆုံစဉ် ၎င်းက အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

"နိုင်ငံရေးမှာ တံခါးပိတ်ထားတာထက် တံခါးဖွင့်ထားတာက ကောင်း တယ်" ဟု ၎င်းက ဆိုသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီးတွင် NLD ပါတီက အခြားပါတီများနှင့် ပူးပေါင်း၍ အစိုးရ မဖွဲ့စည်းနိုင်ကြောင်း၊ ပါတီထိပ်ပိုင်း ခေါင်းဆောင် အချို့ ပြောဆိုထားခြင်းမှာ ပါတီ၏ မူဝါဒမဟုတ်ကြောင်း၊ ပါတီအားလုံးနှင့် လက်တွဲနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ယခုအချိန်သည် အားလုံး ပါဝင်သော နိုင်ငံရေးတစ်ရပ် ထူထောင်ရန် အရေးကြီးသောကြောင့် မည်သူနှင့်မဆို ပူးပေါင်းရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထပ်လောင်းပြောကြားသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို နာယကအဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးဝင်းတင်က ၂၀၁၅ ရွေးကောက်ပွဲတွင် နေရာအများစု အနိုင်ရပါ က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ပူးပေါင်းကာ အစိုးရအဖွဲ့ ဖွဲ့စည်းမည်မဟုတ်ကြောင်း ဇွန်လ ၁၉ ရက်နေ့က ကျင်းပ ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အခမ်းအနားတွင် ပြောကြား ထားသည်။

ကြံ့ခိုင်ရေးပါတီနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသူ သူရဦးရွှေမန်းက ၎င်း၏ အမေရိကန်ပြည်ထောင်စု ခရီးစဉ်အတွင်း ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အပြီးတွင် သမ္မတအဖြစ် တာဝန် ထမ်းဆောင်လိုပြီး NLD ပါတီနှင့် ညွန့်ပေါင်း အစိုးရအဖွဲ့ ထူထောင်ရန်ရှိကြောင်း၊ လက်ရှိ တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်း ဆောင်ရွက်မှုများရှိကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၅ တွင် သမ္မတအဖြစ် တာဝန် ထမ်းဆောင်လိုကြောင်း၊ ၎င်းသမ္မတ အဖြစ် ရွေးချယ် တင်သွင်းခံရနိုင်ရန် အတွက်ဆိုလျှင် အခြေခံ ဥပဒေ ကို ပြင်ဆင်ရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က လွှတ်တော် တင်သွင်းထားသည့် PR စနစ်ကို လက်မခံကြောင်း အကြိမ်ကြိမ် ထုတ်ဖော် ပြောဆိုထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ တွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သော်လည်း တပ်မတော်ခေါင်းဆောင် များက အာဏာ လွှဲပြောင်းပေးခြင်း မရှိခဲ့ပေ။

NLD ပါတီသည် ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပသည့် ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပြီး ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ တွင် ပြည်ထောင်စု လွှတ်တော်က အခြေခံဥပဒေ၏ ကန့်သတ်ချက် အချို့ ကို ပြင်ဆင်ပေးခဲ့သောကြောင့် ကြားဖြတ် ရွေးကောက်ပွဲဝင်ကာ ၄၅ နေရာတွင် ၄၃ နေရာ အနိုင်ရခဲ့သည်။

PR စနစ် ပြောင်းလဲကျင့်သုံးရန် စီစဉ်နေမှုကြောင့် အင်အားကြီးနိုင်ငံရေး ပါတီများနှင့် ယှဉ်ပြိုင်နိုင်ရန် တိုင်းရင်းသားပါတီ ၁၃ ပါတီက ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရေးရှင်း ပါတီကို ထူထောင်ရန် စီစဉ်နေသည်။

The Voice Weekly
PR (အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲ) စနစ်ကို လက်မခံနိုင်ကြောင်း အကြိမ်ကြိမ် ပြောကြားထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က အမျိုးသားပြန်လည် သင့်မြတ်ရေး အတွက် အားလုံး ပါဝင်သော နိုင်ငံရေး စနစ်တစ်ရပ် ထူထောင်ရန် ပါတီအားလုံးကို လက်တွဲနိုင်ကြောင်း ဇွန်လ ၂၅ ရက်နေ့က သတင်းထောက်များကို ပြော ကြားသည်။

ဖခင်ဖြစ် သူကိုယ် တရား ရုံးမှ ဖမ်းဝရမ်း ထုတ်ဆင့် သည့် အတွက် ဟု ဆိုကာ မြို့နယ် အုပ်ချုပ်ရေး မှုး စီးနင်း လာသော ကားရှေ့တွင် အသေခံ မည်ဟုဆို

Photo: ဖခင်ဖြစ်သူကိုယ် တရားရုံးမှ ဖမ်းဝရမ်း ထုတ်ဆင့်သည့် အတွက်ဟု ဆိုကာ မြို့နယ်အုပ်ချုပ်ရေးမှုး စီးနင်းလာသော ကားရှေ့တွင် အသေခံမည်ဟုဆို
Wednesday, June 26, 2013

မုံရွာပြည်သူ့ဆေးရုံကြီးဝင်း၏ တောင်ဘက်တံခါးပေါက်တွင် ယခုလ ၂၅ ရက်နေ့ မွန်းလွှဲ ၂ နာရီ အချိန်ခန့်က မြို့နယ်အုပ်ချုပ်ရေးမှုး စီးနင်းလာသော ကားရှေ့၌ အမျိုးသမီးတစ်ဦးမှ အသက်အသေခံမည်ဟု ဆိုကာ ၀ပ်စဉ်းလျက် လမ်းပေါ်တွင်အိပ်နေခဲ့ကြောင်း ဆေးရုံဝန်ထမ်းတစ်ဦး၏ ဆက်သွယ်ပြောကြားချက်များအရ သိရသည်။

“ ဖခင်ဖြစ်သူကိုယ် တရားရုံးက ဖမ်းဝရမ်းထုတ်ဆင့်လိုက်တဲ့အခါ ကျန်းမာရေးထိခိုက်ပြီး မူးမေ့လဲသွား ရာကနေ ဆေးရုံကိုရောက်လာတာဖြစ်ပါတယ်။ သူ့ဖခင်နဲ့ပတ်သက်ပြီး အုပ်ချုပ်ရေးမှုးမှာ တာဝန်ရှိတယ်ဆိုပြီး ဖြေရှင်းပေးဖို့ ကားကိုရပ်ခိုင်းရာကနေ အခုလို ကားရှေ့မှာ သမီးဖြစ်သူက အိပ်နေတာဖြစ်ပါတယ်..” ဟု ၎င်း ဆေးရုံ ၀န်ထမ်းတစ်ဦးမှ မျက်မြင်အခြေအနေတစ်ရပ်အား ယင်းကဲသို့ ပြောပြသည်။

စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ရုံးတည်ဆောက်ရန် မြေယာရှင်းလင်းခြင်း ဆောင်ရွက်ရာတွင် လူနေအိမ်အချို့မှ ဖယ်ရှားပေးခြင်းမရှိသည့်အတွက် ဟုဆိုကာ မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်၊နေ ဦးရွှေရ ဆိုသူ အပေါ် မြို့နယ်တရားရုံးမှ ပြစ်မှုကြီးအမှုအမှတ် ၃၇၃၅/ ၂၀၁၃ ၊ အထက်မြန်မာပြည်မြေနှင့် အခွန်စည်းမျဉ်း နည်းဥပဒေ အရ ထုတ်ပြန်ထားသော နည်းဥပဒေ ၆၉(၂) ရုံးတော်သို့ ထုချေရှင်းလင်းရန် ပျက်ကွက်ခဲ့သည့် အတွက် ဖမ်းဝရမ်းထုတ်ဆင့်ခဲ့ခြင်းဖြစ်ကြောင်း ရဲဌာနပိုင် မှတ်တမ်းများအရ သိရသည်။

“ ပြီးခဲ့တဲ့သောကြာနေ့က တရားရုံးသမ္မာန်စာရောက်လာတယ်။ တနင်္လာနေ့ရုံးချိန်တဲ့။ မနေ့က အဖေက ရုံး ကိုမသွားဖြစ်ခဲ့ဘူး။ အဲ့ဒါကြောင့် ဒီနေ့ကို ဖမ်းဝရမ်းထုတ်ဆင့်လိုက်တဲ့အကြောင်း ရဲတွေကအိမ်ကိုလာပြီး ၀ရမ်း ဖတ်ပြနေတဲ့အချိန်မှာ အဖေကမေ့လဲသွားတာကြောင့် အခုလို ဆေးရုံကိုရောက်လာရတာဖြစ်ပါတယ်..” ဟု ကားရှေ့၌ ၀ပ်စဉ်းအိပ်ခဲ့သူ မညိုမမှ mizzima သတင်းဌာနသို့ ပြောပြသည်။

ကိုတိုးကြီး

Mizzima News
မုံရွာပြည်သူ့ဆေးရုံကြီးဝင်း၏ တောင်ဘက်တံခါးပေါက်တွင် ယခုလ ၂၅ ရက်နေ့ မွန်းလွှဲ ၂ နာရီ အချိန်ခန့် က မြို့နယ်အုပ်ချုပ်ရေးမှုး စီးနင်းလာသော ကားရှေ့၌ အမျိုးသမီးတစ်ဦးမှ အသက်အသေခံမည်ဟု ဆိုကာ ၀ပ်စဉ်းလျက် လမ်းပေါ်တွင်အိပ်နေခဲ့ကြောင်း ဆေးရုံဝန်ထမ်းတစ်ဦး၏ ဆက်သွယ်ပြောကြားချက်များအရ သိရသည်။

PC ကနေ အလွယ် ကူဆုံး WiFi ပြန်လွှင့် မယ်

Photo: PC ကနေ အလွယ်ကူဆုံး WiFi ပြန်လွှင့်မယ်
Wednesday, June 26, 2013

မင်္ဂလာပါ.. မိမိ ကွန်ပျူတာကနေ အလွယ်ကူဆုံး WiFi ပြန်လွှင့်ချင်သူ များအတွက် ဖိုင်ဆိုက်အသေးဆုံး (116KB) နဲ့ လိုင်စင်အတွက် စိတ်မညစ်ရပဲ အမြဲအသုံးပြုနိုင်မယ့် VirtualRouterPlus 2.3.0 ကို မျှဝေပေးလိုက်ပါတယ်... Download မှရလာတဲ့ VirtualRouterPlus 2.3.0 Folder လေးကို Local Disk C အောက်မှာ ထည့်ထားပြီး Folder ထဲမှ VirtualRouterPlus Icon လေးကို Right Click >>> Send To >>> Desktop လုပ်ပြီး ဖွင့် မိမိအသုံးပြုလိုတဲ့ Password ထည့်ပြီး WiFi ပြန်လွှင့်ပေးနိုင်ပါတယ်...
အသုံးပြုမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ်

http://www.bluenavyblog.blogspot.com/2013/06/pc-wifi.html
မင်္ဂလာပါ.. မိမိ ကွန်ပျူတာကနေ အလွယ်ကူဆုံး WiFi ပြန်လွှင့်ချင်သူ များအတွက် ဖိုင်ဆိုက်အသေးဆုံး (116KB) နဲ့ လိုင်စင်အတွက် စိတ်မညစ်ရပဲ အမြဲအသုံးပြုနိုင်မယ့် VirtualRouterPlus 2.3.0 ကို

အိန္ဒိယ ဝန်ကြီးချုပ် မန်မို ဟန်ဆင်း အမေရိကန် သို့ သွားမည်

Photo: အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်း အမေရိကန်သို့ သွားမည် 
Wednesday, June 26, 2013

အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းသည် စက်တင်ဘာလတွင် အမေရိကန် နိုင်ငံသို့ အလည်အပတ် ခရီးသွားရောက်၍ အမေရိကန် သမ္မတ ဘားရက် အိုဘားမားနှင့် တွေ့ဆုံကာ  နှစ်နိုင်ငံ ဆက်ဆံရေးတိုးမြှင့်ရေး ဆိုင်ရာများဆွေး နွေးသွားမည် ဖြစ်ကြောင်း  ဒေသတွင်း မီဒီယာ တစ်ခုက ဇွန် ၂၅ ရက်တွင် ပြောကြားခဲ့သည်။

ဆင်း၏ ခရီးစဉ်သည် ဇူလိုင်လတွင် လာရောက်မည့် အမေရိကန် ဒုတိယ သမ္မတ ဂျိုးဘီဒင်၏ အိန္ဒိယနိုင်ငံ ခရီးစဉ် ပြီးနောက် သွားရောက်မည် ဖြစ်ကြောင်း သိရသည်။

ဆင်းအား အမေရိကန် နိုင်ငံသို့ လာရောက် လည်ပတ်ရန် အတွက် အမေရိကန် သမ္မတက   အမေရိကန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဝီလျံဘန်းမှ တစ်ဆင့် ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။

မြ၀တီ
အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်းသည် စက်တင်ဘာလတွင် အမေရိကန်နိုင်ငံသို့ အလည်အပတ်ခရီး သွားရောက်၍ အမေရိကန်သမ္မတ ဘားရက်အိုဘားမားနှင့် တွေ့ဆုံကာ နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရေး ဆိုင်ရာများဆွေး နွေသွားမည် ဖြစ်ကြောင်း ဒေသတွင်းမီဒီယာတစ်ခုက ဇွန် ၂၅ ရက်တွင် ပြောကြားခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံ ပြင် ဆင်ရေး လေ့လာ စီစစ် တဲ့ ကော်မတီ ဖွဲ့ဖို့ရှိ

Photo: ၂၀၀၈ဖွဲ့စည်းပုံ ပြင်ဆင်ရေး လေ့လာ စီစစ်တဲ့ ကော်မတီဖွဲ့ဖို့ရှိ
Wednesday, 26 June 2013

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လေ့လာ
စီစစ်သုံးသပ်ရေးကော်မတီ အဖွဲ့ဖွဲ့ဖို့အတွက် ရှေ့လာမယ့်တပတ် လွှတ်တော် အစည်းအဝေးအတွင်းမှာ ဆွေးနွေးသွားဖို့ရှိတယ်လို့ သိရပါတယ်။

နေပြည်တော်က လွှတ်တော်အစည်းအဝေးတွေကို ပြီးခဲ့တဲ့မတ်လကနေစပြီး ၃လကြာ ရပ်နားထားတဲ့ခဲ့တာ ဖြစ်ပြီးတော့ မနေ့က ပြန်လည်စတင်ကျင်းပ
ခဲ့တာဖြစ်ပါတယ်။ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ လေ့လာစီစစ်သုံးသပ်ရေး ကော်မတီ
ကို ပြည်ထောင်စုလွတ်တော်အစည်းအဝေးမှာ ဖွဲ့စည်းဖို့ရှိနေတယ်လို့ ပြည် သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က အခုလိုပြောပါတယ်။

“ပြည်ထောင်စုလွှတ်တော်ကနေ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး လေ့လာစီစစ်သုံးသပ်ရေး ကော်မတီဆိုတာကို အရင်ဖွဲ့မှာပါ၊ အဲဒီကော်မတီက ဖွဲ့ပြီးမှ အဲဒီကော်မတီရဲ့ လုပ်ငန်းဆောင်
တာတွေကို သတ်မှတ်မှာပါ၊ ဇူလိုင် ၁ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော် ကျင်းပမှာ လေ၊ အဲဒီအချိန်ကျမှ လေ့လာစီစစ်သုံး သပ်ရေးကော်မတီကို ဘယ်လိုဖွဲ့မယ်ဆိုတာ သိရမှာပါ။”

ဒီကနေ့စတင်တဲ့ ပြည်သူ့လွှတ်တော်အစည်းဝေးမှာ အဆိုတခုတင်သွင်းခဲ့ပြီး ဥပဒေကြမ်းတခု ဆွေးနွေးခဲ့တယ်လို့ သင်္ကန်းကျွန်းမြို့နယ် ပြည်သူ့
လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က အခုလိုဆက်ပြောပါတယ်။

“ဒီနေ့ကတော့ အဆိုတခုတင်တယ်၊ ပြီးတော့ဥပဒေကြမ်းတခုဆွေးနွေး
တာပေါ့၊ အထူးဇုံဒေသ စီးပွားရေးနဲ့ ပတ်သက်ပြီးတော့ အရင်တပတ်က မပြတ်ပဲကျန်နေတဲ့ကိစ္စကို ဒီနေ့လွှတ်တော်မှာ ပြန်ပြီး တော့ အတည်ပြုချက်
ယူတာပါ၊ ပြီးတော့ ဥပဒေကြမ်းပြင်တာပါ၊ ဖျာပုံမြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးစိုးလွင်က တင်ပြခဲ့တာပါ၊ သူ့အဆိုကို ပြည်သူ့လွတ်တော်
က လက်ခံဆွေးနွေးဖို့ သဘောတူပြီးပါပြီ။”

အဲ့ဒါအပြင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးစိုးလွင်တင်ပြခဲ့တဲ့ တောင်သူလယ်သမား အကျိုးစီးပွား မြင့်တင်ရေး ဥပဒေကြမ်းကို ဆွေးနွေးသွားဖို့ လက်ခံဆုံးဖြတ်ခဲ့ပြီးတော့ ဒီအဆိုကို ဥပဒေကြမ်းကော်မတီကိုပို့ပြီး ဥပဒေကြမ်းကော်မတီရဲ့ သုံးသပ်ချက်နဲ့ လွှတ်တော်ကို တင်ပြသွားမှာ ဖြစ်
တယ်လို့ ရေဒီယိုသြစတြေးလျသတင်းထောက် မြတ်မိုးက သတင်းပေးပို့
ထားပါတယ်။

ABC Radio Australia
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လေ့လာ စီစစ်သုံးသပ်ရေးကော်မတီ အဖွဲ့ဖွဲ့ဖို့ အတွက် ရှေ့လာမယ့်တပတ် လွှတ်တော် အစည်းအဝေးအတွင်းမှာ ဆွေးနွေးသွားဖို့ရှိတယ်လို့ သိရပါတယ်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စား လှယ် အဖွဲ့ ရုရှား ဖက်ဒရေး ရှင်း နိုင်ငံသို့ ရောက်ရှိ

Photo: တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ ရုရှား ဖက်ဒရေးရှင်း နိုင်ငံသို့ ရောက်ရှိ
Wednesday, June 26, 2013

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ရုရှားဖက်ဒရေးရှင်း နိုင်ငံ ကာကွယ်ရေး ဝန်ကြီး General Of The Army Sergey K.SHOIGU ၏ ဖိတ်ကြားချက် အရ ရုရှားဖက်ဒရေးရှင်း နိုင်ငံသို့ ဇွန် ၂၃ ရက်တွင် ထွက်ခွာခဲ့ရာ ဒေသ စံတော်ချိန် ညနေ ၄ နာရီ ၅ဝ မိနစ်တွင် ရုရှားဖက် ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ရှိ Shere-metovo လေဆိပ်သို့ ရောက်ရှိသည်။

လေဆိပ်တွင် ရုရှား ဖက်ဒရေးရှင်း နိုင်ငံ တပ်မတော်မှ Deputy Chief of General Staff, General Postnikov (AM)၊ ရုရှား ဖက်ဒရေးရှင်း နိုင်ငံ ဆိုင်ရာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ သံအမတ် ကြီး ဦးတင်ယု၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးကြီး နေဝင်းနှင့် တာဝန် ရှိသူများ၊ သံရုံး မိသားစုများက ကြိုဆို နှုတ်ဆက်ကြပြီး သံရုံး မိသားစုဝင် အမျိုးသမီးငယ် တစ်ဦးက ပန်းစည်းဆက် ကြိုဆိုသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ခေတ္တ တည်းခိုမည့် မော်စကိုမြို့၊ Metropol ဟိုတယ်သို့ မော်တော်ယာဉ် များဖြင့် ဆက်လက် ထွက်ခွာခဲ့ကြရာ ဒေသစံတော်ချိန် ညနေ ၆ နာရီ ၄၅ မိနစ်တွင် ရောက်ရှိ ကြပြီး ညအိပ် ရပ်နားခဲ့ကြောင်း သတင်း ရရှိသည်။

မြ၀တီ
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ရုရှားဖက်ဒရေးရှင်း နိုင်ငံ ကာကွယ်ရေး ဝန်ကြီး General Of The Army Sergey K.SHOIGU ၏ ဖိတ်ကြားချက် အရ ရုရှားဖက်ဒရေးရှင်း နိုင်ငံသို့ ဇွန် ၂၃ ရက်တွင် ထွက်ခွာခဲ့ရာ ဒေသ စံတော်ချိန် ညနေ ၄ နာရီ ၅ဝ မိနစ်တွင် ရုရှားဖက် ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ရှိ Shere-metovo လေဆိပ်သို့ ရောက်ရှိသည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန် အကောင် အထည်ဖော်ရေး တရုတ် တိုက်တွန်း

Photo: ကျောက်ဖြူအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေးတရုတ်တိုက်တွန်း
Wednesday, June 26, 2013

ရခိုင်ပြည်နယ် ကျောက်ဖြူဒေသတွင် တည်ဆောက်မည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းအား အမြန်ဆုံး အကောင် အထည်ဖော် လိုကြောင်း တရုတ် အစိုးရက ပြောဆိုလိုက်သည်။

တရုတ်နိုင်ငံတော် ကောင်စီဝင် မစ္စတာ ရန်ကျဲချိသည် မြန်မာသမ္မတ ဦးသိန်းစိန်နှင့် ယမန်နေ့က တွေ့ဆုံ စဉ် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းအား အမြန်အကောင်အထည်ဖော်ရန် မျှော် လင့်ကြောင်း ၊ မြန် မာနိုင်ငံ၏ အနောက်တောင်ပိုင်း ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် လိုကြောင်း ဆွေးနွေး သွားသည်ဟု ယနေ့ထုတ် အစိုးရသတင်းစာ များက ရေးသားထားသည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းနှင့်ပတ်သက်၍ သမ္မတဦးသိန်းစိန် ၏ ပြောဆိုမှုကို အသေး စိတ် ဖော်ပြ ထားခြင်း မရှိ ဘဲ ကျောက်ဖြူ အထူး စီးပွားရေးဇုန် တည်ထောင်ခြင်းဖြင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်လာမည်ဟုသာ သတင်းစာများက ဖော်ပြ ထားသည်။ မြန်မာ အစိုးရသည် ကျောက်ဖြူ အထူးစီးပွားရေးဇုန်၌ လာရောက်ရင်းနှီးမြှုပ်နှံကြရန် နိုင်ငံတကာ စီးပွားရေး လုပ်ငန်းရှင် များကိုလည်း ဖိတ်ခေါ် ခဲ့ ဖူးသည်။

ထိုသို့ ဖိတ်ခေါ်ထားသော်လည်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှု၊ လျှပ်စစ်မီး ၂၄ နာရီသုံးစွဲနိုင်မှု၊ ကုန်ထုတ် ပစ္စည်းများ အတင်အချပြုလုပ်မည့် ဆိပ်ကမ်းများ စသည့် အခြေခံ အဆောက်အအုံများကို ကနဦး တည်ဆောက်ထားမှု မရှိသေးပေ။

“ကျောက်ဖြူဇုန်က တရုတ်အကျိုးစီးပွားအတွက် အရေးပါနေတော့ သူတို့က မြန်မြန် ဖြစ်စေချင်မှာပဲ၊ ဒါပေမယ့် စီမံကိန်းနဲ့ ပတ်သက်ပြီး အစိုးရအာဏာပိုင်တွေဘက်က ဘာမှရှင်းလင်းပြောဆိုတာ မရှိသေး ပါဘူး”ဟု ကျောက်ဖြူ အထူး စီးပွားရေး ဇုန် စီမံကိန်း များ လေ့လာစောင့်ကြည့်ရေး ကော်မတီ အတွင်းရေးမှူး ဦးအေးဇံ က ဧရာဝတီ ကို ပြောသည်။

စီမံကိန်း တည်ဆောက်မည်ဆိုပါက လမ်းပန်းဆက်သွယ်ရေးနှင့်လျှပ်စစ်မီး ရရှိရေးကို ကနဦးဆောင်ရွက် ထားမှ သာ နိုင်ငံတ ကာ စီးပွားရေးလုပ်ငန်းရှင်များက စိတ်ဝင်စားမည်ဖြစ်ကြောင်းလည်း ကျောက်ဖြူ အထူးဇုန် စီမံကိန်းတည်ဆောက်မည့် မြေနေရာများကို လာရောက်လေ့လာခဲ့သည့် ဂျပန်ပညာရှင်များ က မြန်မာအစိုးရကို တိုက်တွန်းထားသည်။

ရခိုင်ပြည်၌ တည်ဆောက်နေသည့် ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း အပါအ၀င် တရုတ်စီမံကိန်း များသည် ပွင့်လင်း မြင်သာမှု အားနည်းသည့် အတွက် တရုတ် ဦးဆောင်မည့် စီမံကိန်းများကို ဒေသခံ များက လိုလားမှု မရှိပေ။

ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းနှင့် ပတ်သက်သည့် လုပ်ငန်းများ တွင်မူ တရုတ်နိုင်ငံ ပါဝင်မှု အခန်းကဏ္ဍ လျှော့ချသွားမည်ဟု စီမံကိန်း ဖြစ်မြောက်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ အလုပ်သမား ၀န်ကြီးဌာန ဒု ၀န်ကြီး ဦးမြင့်သိန်း က ပြော ဆိုထားသည်။ သို့သော် ထိုစီမံကိန်း၌ တရုတ်နိုင်ငံက အဓိက ပါဝင်ဆောင်ရွက်လာနိုင်ဖွယ် ရှိသည်ဟု ခန့်မှန်းမှုများရှိနေ သည်။

စတုရန်း ကီလိုမီတာ ၁၂၀ ကျယ်ဝန်းမည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို တရုတ်နိုင်ငံပိုင် CITIC Group ကုမ္ပဏီက အဓိက တာဝန်ယူ တည်ဆောက် ရန် လျာထားကြောင်း သိရသည်။ ထိုဇုန်တွင် ဂျပန် အင်ဂျင်နီယာ ကုမ္ပဏီ Nippon Koei Co.,Ltd က ပါဝင်မည်ဟု ဒုဝန်ကြီး ဦးမြင့်သိန်းက ပြောဆိုခဲ့ ဖူးသော်လည်း အသေးစိတ် ပြောဆိုခြင်း မရှိသေးပေ။

CITIC တရုတ်ကုမ္ပဏီ၏ ကြိုတင်လေ့လာချက်အရ ထိုအထူးစီးပွားရေးဇုန်၌ ကနဦးရင်းနှီးမြှုပ်နှံမှုငွေ ပမာဏမှာ အမေရိကန် ဒေါ်လာ ၈ ဒသမ ၃ ဘီလီယံ လိုမည်ဖြစ်ကြောင်း၊ နှစ်ပေါင်း ၃၅ နှစ်အတွက် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ဒေါ်လာ ၈၉ ဒသမ ၂ ဘီလီယံ ရှိကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာ တွင် ထုတ်ပြန်ခဲ့သည့် ရခိုင့် ရေနံစောင့်ကြည့်ရေး အဖွဲ့အစီရင်ခံ စာက ဆို သည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ဒေသထွက်ကုန် ပစ္စည်းများအား ကုန်ချောထုတ်လုပ်မည့် စက်မှုဇုန်များ၊ အထူး ဇုန်များ၊ ဆိပ်ကမ်းများ၊ ဟိုတယ်ဇုန်များ ပါဝင်မည်ဖြစ်ကြောင်း အကြမ်းအားဖြင့် လျာထားသည်။

ထိုဇုန်မှ ထွက်ကုန်ပစ္စည်း များကို မကြာခင် တည်ဆောက်မည့် ကျောက်ဖြူ-ကူမင်း အမြန်ရထားလမ်းမှ တဆင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ ပို့ဆောင်မည်ဖြစ်ပြီး ယူနန် မှ တဆင့် ကမ္ဘာအရပ်ရပ်သို့ တင်ပို့နိုင်ရန် လည်း တရုတ်အစိုးရ က စီစဉ်ထားကြောင်း သိရသည်။
ဧရာဝတီ
ရခိုင်ပြည်နယ် ကျောက်ဖြူဒေသတွင် တည်ဆောက်မည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းအား အမြန်ဆုံး အကောင် အထည်ဖော်လိုကြောင်း တရုတ် အစိုးရက ပြောဆိုလိုက်သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှား ဖက်ဒရေးရှင်း နိုင်ငံ ကာကွယ်ရေး ဝန်ကြီး General Of The Army Sergey K.SHOIGU နှင့် တွေ့ဆုံ ဆွေးနွေး

Photo: တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှား ဖက်ဒရေးရှင်း နိုင်ငံ ကာကွယ်ရေး ဝန်ကြီး General Of The Army Sergey K.SHOIGU နှင့် တွေ့ဆုံ ဆွေးနွေး 
Wednesday, June 26, 2013

နှစ်နိုင်ငံ သံတမန်ဆက်ဆံမှု ၆၅ နှစ်နှင့် နှစ်နိုင်ငံ စစ်သံ ထားရှိမှု ၄ဝ နှစ်ပြည့် ကာလတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အနေဖြင့် လာရောက်ခဲ့သည့် အတွက် သမိုင်း မှတ်တမ်းတစ် ခုဖြစ်၊ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံစွာ ရှင်သန် နေထိုင်ရေး အတွက် မြန်မာ့ တပ်မတော်ကို ခေတ်မီ တပ်မတော်အဖြစ် တည်ဆောက်ရန် ကြိုးပမ်း ဆောင်ရွက် သွားမည် . . .

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

ရုရှား ဖက်ဒရေးရှင်း နိုင်ငံနှင့် မြန်မာနိုင်ငံတို့ အကြား စက်မှုနှင့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုအား အလေးထား ဆက်ဆံမှုကြောင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် မြန် မာနိုင်ငံ ခေါင်းဆောင်များအား ကျေးဇူးတင်ရှိ၊ ယခုထက် ပိုမိုမြင့်မားစွာ ပူးပေါင်း ဆောင်ရွက်နိုင်မည်ဟု ယုံကြည်၊ မြန်မာနိုင်ငံနှင့် မြန်မာ ပြည်သူများ ပိုမို တိုးတက်ကြီး ပွား စေရန် ဆန္ဒပြု  . . .

ရုရှား ဖက်ဒရေးရှင်း နိုင်ငံ ကာကွယ်ရေး ဝန်ကြီး General Of The Army Sergey K.SHOIGU

နေပြည်တော် ဇွန် ၂၅

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇွန်၂၄ ရက် နေ့လယ်ပိုင်းတွင် ရုရှားဖက်ဒရေး ရှင်း နိုင်ငံ ကာကွယ်ရေး ဝန်ကြီးရုံးသို့ ရောက်ရှိလာရာ ကာကွယ်ရေး ဝန်ကြီး ဌာနမှ ဒုတိယ ဝန်ကြီး Mr.Anatoly I. ANTONOV နှင့် တာဝန် ရှိသူများက ခရီးဦး ကြိုဆို နှုတ်ဆက်ကြသည်။ ဆက်လက်၍ ကာကွယ်ရေး ဝန်ကြီး General Of The Army Sergey K.SHOIGU နှင့်တွေ့ဆုံကာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် ကာကွယ်ရေး ဝန်ကြီး ဌာန အစည်းအဝေး ခန်းမ၌ ဝန်ကြီးနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီး များ နှင့်အတူ နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား  ပူးပေါင်း ဆောင်ရွက်မှု ကိစ္စရပ်များအား အသေးစိတ် ဆွေးနွေးသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့်အတူ တပ်မတော် အရာရှိကြီးများ၊ ရုရှား ဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးတင် ယု၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးကြီး နေဝင်းတို့ တက်ရောက်ကြပြီး ရုရှား ဖက်ဒရေးရှင်း နိုင်ငံ ကာကွယ်ရေး ဝန်ကြီး နှင့်အတူ ဒုတိယ ဝန်ကြီး Mr.Anatoly I. ANTONOV ၊ ရုရှား တပ်မတော်မှ တာဝန် ရှိသူများ တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် ရုရှား ဖက်ဒရေးရှင်း နိုင်ငံ ကာကွယ်ရေး ဝန်ကြီးမှ ရုရှား ဖက်ဒရေးရှင်း နိုင်ငံနှင့် မြန်မာနိုင်ငံ တို့အကြား စက်မှုနှင့် ကာကွယ်ရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုအား အလေးထား ဆက်ဆံမှုကြောင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် မြန်မာနိုင်ငံ ခေါင်းဆောင်များအား ကျေးဇူးတင် ရှိပါကြောင်း ပြောကြားပြီး ဆက်လက်၍ နှစ်နိုင်ငံ (ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့များ အပြန်အလှန် လည်ပတ်မှု တိုးမြှင့်ဆောင်ရွက်ရေး၊ မြန်မာ့ တပ်မတော်မှ ပညာတော်သင် သင်တန်းသားများ အဆင်ပြေစွာ သင်ကြားနိုင်ရေး၊ ရုရှားဘာသာ စကား နှင့်ပတ်သက်၍ နည်းပြ ဆရာများ အား ဖြည့်သင်ကြား ပေးရေး၊ ရုရှား တပ်မတော်အနေဖြင့် ပထမ ဦးဆုံးသော နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား အားကစား အဖွဲ့နှင့် အားကစားနည်းပြ အဖွဲ့များ စေလွှတ်နိုင်ရေး ကိစ္စရပ် များ ဆွေးနွေး ပြောကြားပြီး နှစ်နိုင်ငံ စက်မှုနှင့် စစ်ဘက် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုသည် ရုရှား တပ်မတော်အား ပိုမို ခေတ်မီတိုးတက်အောင် ဆောင်ရွက်နေသည့် အချိန်နှင့် တိုက်ဆိုင် နေ ပါကြောင်း၊ ထို့ကြောင့် ယခုထက် ပိုမိုမြင့်မားစွာ ပူးပေါင်း ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများ ပိုမိုတိုးတက် ကြီးပွားစေရန် ဆန္ဒပြု ပါကြောင်း ဆွေးနွေး ခဲ့သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ ပြောကြားရာတွင် မြန်မာနိုင်ငံနှင့် ရုရှား ဖက်ဒရေးရှင်း နိုင်ငံတို့ နှစ်နိုင်ငံ သံတမန် ဆက်ဆံမှု ၆၅ နှစ်နှင့် နှစ်နိုင်ငံ စစ်သံထားရှိမှု ၄ဝ နှစ်ပြည့် ကာလတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အနေဖြင့် လာရောက် ခဲ့သည့်အတွက် သမိုင်းမှတ်တမ်း တစ်ခုဖြစ်ကြောင်း၊ ယခု မိမိခရီးစဉ်သည် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် ဆက်ဆံရေး၊ နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှု မြင့်မားစေရေး အတွက် ခြေလှမ်းသစ် တစ်ရပ်ပင် ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် မတ်လအတွင်း ရုရှား ကာကွယ်ရေး ဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ချစ်ကြည်ရေး ခရီးစဉ်နှင့် မိမိ၏ ယခု ခရီးစဉ်ကဲ့သို့ နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ အကြီးအကဲများ အပြန်အလှန် ချစ်ကြည်ရေး ခရီးစဉ်များ သွားရောက် လည်ပတ် ခြင်းများသည် တပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု ရှိသော ဆက်ဆံရေးကို ပိုမို တိုးတက်အောင် ဆောင်ရွက် နိုင် မည်ဖြစ်ပါကြောင်း၊ ''မြန်မာနိုင်ငံသည် လွတ်လပ်၍ တက်ကြွသော ဘက်မလိုက်သော နိုင်ငံခြားရေး မူဝါဒကို  ကျင့်သုံးသည်။

ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက် ဆက်ဆံရေးကို ရှေးရှုသည်။ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူများကို စောင့်ထိန်းသည်'' ဟူသော မူဝါဒ ထားရှိပြီး မြန်မာနိုင်ငံ မူဝါဒသည် ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို အထောက်အကူပြု နိုင်မည်မှာ ခိုင်မာသော အချက် ဖြစ်ပါကြောင်း၊ နိုင်ငံတော် ကာကွယ ရေးနှင့် လုံခြုံစွာ ရှင်သန်နေထိုင်ရေး အတွက် မြန်မာ့ တပ်မတော်ကို ခေတ်မီ တပ်မတော်အဖြစ် တည်ဆောက် ရန် ကြိုးပမ်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် အိမ်နီးချင်း အင်အားကြီး နိုင်ငံနှစ်ခု အကြားတွင်တည်ရှိပြီး ပထဝီ အနေအထားအရ အရှေ့တောင် အာရှနှင့် အာရှဒေသ အကြား Land bridge ကုန်းတွင်း တံတား အဖြစ်တည် ရှိနေကြောင်း၊ မိမိတို့ နိုင်ငံ ဒီမိုကရေစီ အသွင် ကူးပြောင်းမှု အပေါ်တွင် စိန်ခေါ် မှုများစွာ ရှိကြောင်း၊ တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေးတွင် အဓိက တာဝန် ရှိသကဲ့သို့ ယင်းဒီမိုကရေစီ စိန်ခေါ်မှုကို ကျော်လွှားရန်လည်း လိုအပ်ကြောင်း၊ စိန်ခေါ်မှု ကို ကျော်လွှားနိုင်ရန် အတွက် ရုရှားနိုင်ငံမှ အတွေ့အကြုံများကို ရရှိနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း၊ ရုရှားနိုင်ငံမှ ပေးအပ်လျက်ရှိသော အကူအညီ များနှင့် ပူးပေါင်း ဆောင်ရွက်မှု များသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုး တိုးတက် ရေးနှင့် တည်ငြိမ် အေးချမ်းရေးကို များစွာ အထောက်အကူ ပြုပါကြောင်း၊ နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေး၊ နှစ်နိုင်င တပ်မတော် ချစ်ကြည်ရင်းနှီးမှု ခိုင်မာစေရေး ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြားပြီး တွေ့ဆုံ ဆွေးနွေးပွဲကို ရုပ်သိမ်းသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များအား ရုရှား ဖက်ဒရေး ရှင်းနိုင်ငံ ကာကွယ်ရေး ဝန်ကြီး General Of The Army Sergey K.SHOIGU က ဧည့်ခန်းဆောင်၌ ဂုဏ်ပြု နေ့လယ်စာ ဖြင့် တည်ခင်း ဧည့်ခံရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ရုရှား ဖက်ဒရေးရှင်း နိုင်ငံ ကာကွယ်ရေး ဝန်ကြီးတို့သည် နေ့လယ်စာကို ရင်းနှီးစွာ အတူတကွ သုံးဆောင်ကြသည်။ နေ့လယ်စာ သုံးဆောင်နေစဉ် ရုရှား ဖက်ဒရေးရှင်း နိုင်ငံ တပ်မတော် ခေတ်ပေါ် တေးဂီတ အဖွဲ့မှ သီဆို ဖျော်ဖြေသည်။

ဂုဏ်ပြု နေ့လယ်စာ သုံးဆောင် အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံ ကာကွယ်ရေး ဝန်ကြီးတို့သည် အမှတ်တရ လက်ဆောင် ပစ္စည်းများ အပြန် အလှန် ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

မြ၀တီ
နှစ်နိုင်ငံ သံတမန်ဆက်ဆံမှု ၆၅ နှစ်နှင့် နှစ်နိုင်ငံ စစ်သံ ထားရှိမှု ၄ဝ နှစ်ပြည့် ကာလတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အနေဖြင့် လာရောက်ခဲ့သည့် အတွက် သမိုင်း မှတ်တမ်းတစ် ခုဖြစ်၊ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံစွာ ရှင်သန် နေထိုင်ရေး အတွက် မြန်မာ့ တပ်မတော်ကို ခေတ်မီ တပ်မတော်အဖြစ် တည်ဆောက်ရန် ကြိုးပမ်း ဆောင်ရွက် သွားမည်။

အရှည် ၁၁ ပေခန့် ရှိ မိကျောင်း အား ပုဇွန်တောင် ချောင်း အတွင်း ဖမ်းဆီး ရမိ

Photo: အရှည် ၁၁ ပေခန့်ရှိ မိကျောင်းအား ပုဇွန်တောင် ချောင်းအတွင်း ဖမ်းဆီးရမိ

ပုဇွန်တောင် ချောင်းအတွင်းရှိ ရေတပ်အမှတ် ၃၆၊ တန် ၄၀၀ လွန်ကျင်း အနီးတွင် အရှည် ၁၀ ပေ ၅ လက်မနှင့် လုံးပတ် ၄ ပေ ၃ လက်မရှိ မိကျောင်းတစ်ကောင်အား ရေလုပ်သားများက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇွန် ၂၅ ရက် နံနက် ၉ နာရီတွင် ရေလုပ်သားဖြစ်သည့် မျိုးအောင်မှ မိကျောင်းအား စတင်တွေ့ရှိခဲ့ပြီးနောက် အနီးရှိ သမ္ဗာန်မောင်းနှင် သူများနှင့် စုစုပေါင်း အယောက် ၃၀ ခန့်က တစ်နာရီခန့်အကြာ ၀ိုင်းဝန်းဖမ်း ဆီးမှု ပြုလုပ်ခဲ့ရကြောင်း သိရသည်။

မိကျောင်းအား စတင်တွေ့ရှိသူဖြစ်သည့် ကိုမျိုးအောင်က "ကျွန်တော်တို့ သားအဖနှစ်ဦး ငါးဖမ်းဖို့ လုပ်နေတဲ့ အချိန်မှာ အဲဒီမိကျောင်းကို တွေ့ခဲ့မိတယ်။ အဲဒါနဲ့ အနီးမှာရှိတဲ့ ရေလုပ်သားတွေရယ်၊ သမ္ဗာန်သမားတွေ စုပေါင်းပြီး ဖမ်းဆီးခဲ့ရတယ်" ဟု ပြောကြားခဲ့သည်။

မိကျောင်းက အကောင်ကြီးတော့ တော်တော်ဖမ်းယူ ခဲ့ရတယ်။ မိကျောင်းအမြီးကို လူလေးယောက်လောက် ၀ိုင်းချုပ်တာတောင် မရခဲ့ဘူး။ အဲဒါနဲ့ ပါးစပ်ကို ကြိုးချည်နိုင်တဲ့ အချိန်မှသာ ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ် . . . .
ယင်းမိကျောင်းအား ပိုက်များတားဆီးခြင်းနှင့် ၀ါးခြံစည်းရိုးများခတ်ကာ ချောင်းလက်တက်အတွင်း မောင်းသွင်းပြီး ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
"မိကျောင်းက အကောင်ကြီးတော့ တော်တော်ဖမ်းယူ ခဲ့ရတယ်။ 

မိကျောင်းအမြီးကို လူလေးယောက်လောက် ၀ိုင်းချုပ်တာတောင် မရခဲ့ဘူး။ အဲဒါနဲ့ ပါးစပ်ကို ကြိုးချည်နိုင်တဲ့ အချိန်မှသာ ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်" ဟု ငမိုးရိပ်မိကျောင်းအား ဖမ်းဆီးခဲ့မှုတွင် ပါဝင်သူ ကိုဇော်က ပြောကြား ခဲ့သည်။

ဖမ်းမိစဉ် မိကျောင်းကျောပေါ်တွင် ဒဏ်ရာအချို့နှင့် ညာလက်တို့တွင် ဒဏ်ရာတချို့ ရှိသည်ကို တွေ့ရှိခဲ့ရကြောင်း ဖမ်းဆီးသူများ ၏ ပြောကြားချက်အရ သိရသည်။

လက်ရှိတွင် ဖမ်းမိခဲ့သည့် မိကျောင်းအား သာကေတ မိကျောင်းမွေးမြူရေး စခန်းသို့ ပို့ဆောင်ခဲ့ပြီး မိကျောင်းကန်အမှတ် ၂ တွင် ထားရှိထားကြောင်း သိရသည်။

သာကေတ မိကျောင်းမွေးမြူရေးစခန်း ဦးစီးအရာရှိ ဦးမျိုးနိုင်က "ဒီမိကျောင်းက သဘာဝအရ ရွှေ့ပြောင်းလာတယ်လို့ ယူဆရတယ်။ အခုလောလောဆယ်တော့ လူတွေနဲ့ ယဉ်အောင်လေ့ကျင်ပေးဖို့ သတ်သတ်အခန်း စီစဉ်ထားပေးပါတယ်" ဟု ပြောကြားခဲ့သည်။

ဖမ်းမိသောမိကျောင်းနှင့် ရေလုပ်သားများအား ဒေါပုံမြို့နယ်၌ တွေ့ရစဉ် (ဓာတ်ပုံ - အောင်ရဲကို)
Eleven Media Group
ဖမ်းမိသောမိကျောင်းနှင့် ရေလုပ်သားများအား ဒေါပုံမြို့နယ်၌ တွေ့ရစဉ် (ဓာတ်ပုံ - အောင်ရဲကို)
ပုဇွန်တောင် ချောင်းအတွင်းရှိ ရေတပ်အမှတ် ၃၆၊ တန် ၄၀၀ လွန်ကျင်း အနီးတွင် အရှည် ၁၀ ပေ ၅ လက်မနှင့် လုံးပတ် ၄ ပေ ၃ လက်မရှိ မိကျောင်းတစ်ကောင်အား ရေလုပ်သားများက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

လွှတ်တော် အစည်း အဝေး များ ပထမနေ့တွင် မေးခွန်း ၁၅ ခု မေးမြန်းခြင်း၊ အဆို သုံးခုနှင့် ဥပဒေကြမ်း အသစ်လေးခု တင်သွင်းခြင်း များ ပြုလုပ်

Photo: လွှတ်တော် အစည်းအဝေးများ ပထမနေ့တွင် မေးခွန်း ၁၅ ခု မေးမြန်းခြင်း၊ အဆိုသုံးခုနှင့် ဥပဒေကြမ်း အသစ်လေးခု တင်သွင်းခြင်းများ ပြုလုပ်
Wednesday, 26 June 201

26-6-2013

လွှတ်တော်အစည်းအဝေးများ ပထမနေ့တွင် မေးခွန်း ၁၅ ခု မေးမြန်းခြင်း၊ အဆိုသုံးခုနှင့် ဥပဒေကြမ်း အသစ်လေးခု တင်သွင်းခြင်းများ ပြုလုပ်ခဲ့သည်။

ပြည်သူ့လွှတ်တော်မှ မေးခွန်း ၁၀ ခု မေးမြန်းခဲ့ပြီး အမျိုးသားလွှတ်တော် မှမေးခွန်း ငါးခု မေးမြန်းခဲ့ခြင်း ဖြစ် သည်။ ပြည်သူ့ လွှတ်တော် မှ မေးမြန်း ခဲ့သည့် မေးခွန်းများတွင် နိုင်ငံတော်မှ ချပေးသည့် ရန် ပုံငွေဖြင့် ကျေး လက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ကိုင်ဆောင်ရွက်ခွင့်ရှိသော ကုမ္ပဏီများ ကဆောင် ရွက်သော လုပ်ငန်းများနှင့် ပတ်သက်ပြီး မည်ကဲ့သို့ ကြီးကြပ်ဆောင်ရွက်သည်နှင့် စပ်လျဉ်းသည့် မေးခွန်းကို မေးမြန်းခဲ့ရာ အစိုးရအဖွဲ့မှတာဝန်ရှိသူက ကုမ္ပဏီများမလုပ်နိုင်သည့် ကိစ္စများကို ၀န်ကြီးဌာနမှ ပေါင်းစပ်လုပ်ကိုင် ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

ထို့ပြင် လယ်ယာမြေများတွင် အမှန်တကယ် လိုအပ်၍ သုံးစွဲရန်နှင့် သုံးစွဲလျက် ရှိသော မြေများအား အသုံးပြုရန် (လန-၃၉) လျှောက်ထား ရရှိနိုင်မှုနှင့် စပ်လျဉ်းသည့် မေးခွန်းနှင့် ပတ်သက်၍ အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက လယ်ယာမြေများကို အခြားမြေအဖြစ် အသုံးပြုနိုင်ရန်ပြဋ္ဌာန်း ဥပဒေများနှင့် အညီ လျှောက်ထားနိုင်ကြောင်း ပြန်လည်ဖြေကြားသည်။

ထို့နောက် ဥပဒေကြမ်း အသစ်လေးခုအနက် တစ်ခုဖြစ်သည့် တောင်သူ လယ်သမား၏ အကျိုးစီးပွား မြှင့် တင်ရေး ဥပဒေ ကြမ်းကို စိုက် ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက တင်သွင်းခဲ့သည်။

အမျိုးသား လွှတ်တော်တွင် မေးခွန်းငါးခု မေးမြန်းခဲ့ပြီး "ဆေးလိပ်နှင့် ဆေး ရွက် ကြီး ထွက် ပစ္စည်းကောက် သုံးမှုထိန်းချုပ်ရေးဥပဒေကို တိကျ စွာလိုက် နာကျင့်သုံးရေးအတွက် လိုအပ်သောအစီအမံများနှင့် အရေးယူ
ဆောင်ရွက် သွားရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆို၊ တစ်ခုတည်းသော အမျိုးသား စီးပွားရေး ၀င်ပေါက် (National Single Window) တည်ထောင်ထားရန် ပြည်ထောင်စုအစိုးရအား တိုက် တွန်းကြောင်းအဆိုနှင့် ဆည်ရေပေးဝေနိုင် သည့် မြေဧရိယာများ လျော့နည်း သတ်မှတ် ဖော်ပြချက်များအပေါ် လယ်ယာ ကိန်းဂဏန်း များ မှန်ကန်စေရေး ပြန် လည်စိစစ်ရန်နှင့် ပြည်ထောင်စု အစိုးရအဖွဲ့၏ ခွင့်ပြုသဘော တူညီ ချက် ရယူထုတ်ပြန်သွားရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုများကို တင်သွင်းခဲ့သည်။

EMG
လွှတ်တော်အစည်းအဝေးများ ပထမနေ့တွင် မေးခွန်း ၁၅ ခု မေးမြန်းခြင်း၊ အဆိုသုံးခုနှင့် ဥပဒေကြမ်း အသစ်လေးခု တင်သွင်းခြင်းများ ပြုလုပ်ခဲ့သည်။