Sunday 31 May 2015

ဘင်္ဂါလီအရေးနှင့် နာဇီတို့၏ ဂျူးလူမျိုးများ မျိုးတုံးသတ်ဖြတ်မှုကို ခိုင်းနှိုင်းဝေဖန်မှုများ မြန်မာကန့်ကွက်


ဘင်္ဂါလီအရေးသည် နာ ဇီခေတ် ဂျူးများကို လူမျိုးတုံး သတ်ဖြတ်မှုနှင့်တူညီနေကြောင်း ခိုင်းနှိုင်းဝေဖန်မှုများ ပါဝင်ခဲ့သည့် နော်ဝေးညီလာခံ တစ်ခုမှ ပြော ကြားချက်များကို မြန်မာနိုင်ငံခြား ရေးဝန်ကြီးဌာနက ကန့်ကွက်ပယ် ချခဲ့ကြောင်း ကြေညာချက်ကို မေလ ၃၀ ရက်တွင် ထုတ်ပြန်သည်။
မေလ ၂၆ ရက်တွင်နော်ဝေးနိုင်ငံ အော်စလိုမြို့၌ ရိုဟင်ဂျာများ အား မြန်မာနိုင်ငံ၏ နှိပ်ကွပ်ညှဉ်း ပန်းမှုများ အဆုံးသတ်ရေးအော် စလို ညီလာခံခေါင်းစဉ်ဖြင့် ဆွေး နွေးပွဲပြုလုပ်ခဲ့သည်။ ယင်းဆွေး နွေးပွဲတွင် မစ္စတာဂျော့ခ်ျဆိုးရော့စ်၊ ဒေါက်တာ မဟာသီယာမိုဟာ မက်၊ ဒေါက်တာ ဆာအဒ်ဟာ မစ်ဒ်အယ်လ်ဘာနှင့် တောင်အာ ဖရိက အငြိမ်းစားခရစ်ယာန်ဂိုဏ်း ချုပ်ဆရာတော် ဒက်စ်မွန်တူးတူး တို့၏ ပြောကြားချက်များကို ကန့် ကွက်ကြောင်း မြန်မာက တုံ့ပြန် လိုက်ခြင်းဖြစ်သည်။

မြ၀တီ-ကော့ကရိတ်လမ်းပိုင်းတွင် ကရင်လက်နက်ကိုင်အဖွဲ့များ စုပေါင်း၍ ဂိတ်ကြေးကောက်မည်


အာရှလမ်းမကြီး မြ၀တီ -ကော့ကရိတ်လမ်းပိုင်းအသုံးပြုသည့်ယာဉ်များကိုကရင်တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များက တစ်ဖွဲ့ချင်းငွေကြေးမကောက်ခံတော့ဘဲ စုပေါင်းဂိတ်ဖွင့်၍စတင်ကောက်ခံမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၇) ဌာနချုပ် (လှိုင်းဘွဲ့ မြို့နယ်)တွင် မေလ ၂၈ နှင့် ၂၉ ရက်၌ ပြုလုပ်ခဲ့သည့် ကရင့် လက်နက်ကိုင်များညီညွတ်ရေး ကော်မတီ အရေးပေါ်အစည်း အ ဝေးတွင် အထက်ပါအတိုင်း ဆုံး ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း မြ၀တီမြို့ နယ် ကေအင်န်ယူ ဆက်ဆံရေးရုံးတာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာ ယူ-၂၀ အသင်းကို အမေရိကန်နည်းပြ ချီးကျူး

နယူးဇီလန်− မြန်မာယူ-၂၀ အသင်းသည် အလွန်စိတ်ဓာတ်တက်ကြွပြီး မိမိတို့အသင်း၏ ကစားကွက် ဆိုးရွားသွားအောင် ကစားနိုင်ခဲ့ကြောင်း အမေရိကန် အသင်းနည်းပြက ချီးကျူးပြော ကြားသည်။
နယူးဇီလန်တွင် ကျင်းပနေ သည့် ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲ မေလ ၃၀ ရက်တွင် မြန်မာယူ-၂၀ အသင်းကို အမေရိကန် ယူ-၂၀ အသင်းက နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သော်လည်း ပွဲအပြီး၌ အမေရိကန်နည်းပြ တက်ဘ်ရာမို့စ်က ‘‘ကျွန်တော်တို့ ကစားချင်တဲ့ပုံစံအတိုင်း မကစားနိုင်ခဲ့ပါ ဘူး။ ဒါကတော့သေချာပါတယ်။ ကျွန်တော်တို့ အရှေ့မှာ အလွန် စိတ်ဓာတ်တက်ကြွနေတဲ့ အသင်း တစ်သင်းနဲ့ ကစားနေရတာကို တွေ့ခဲ့တယ်။ ကမ္ဘာ့ဖလားကို ၀င် လာတဲ့ မျက်နှာသစ်အသင်း တစ် သင်းပေါ့။ သူတို့အပြင်းအထန် ကြိုးစားခဲ့ကြတယ်။ သူတို့က ကျွန်တော်တို့ကို ပုံပျက်ပန်းပျက် ကစားရစေအောင်၊ ခက်ခဲအောင် လုပ်ခဲ့တယ်။ ကျွန်တော်တို့အ တွက် ခက်ခဲခဲ့ပါတယ်’’ ဟု ပြောသည်။အမေရိကန် လူငယ်အသင်းသည် ယခုပြိုင်ပွဲသို့ (၁၃) ကြိမ် မြောက် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ပြီး မြန်မာလူငယ် အသင်းပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

ရေသောက်နေစဉ် ဂိုးသွင်းခံလိုက်ရတဲ့ ဂိုးသမား ၈ဝ၆၄ဒေါ်လာ ဒဏ်ရိုက်ခံရ

တရုတ်နိုင်ငံမှာ ရေသောက်လို့ တစ်ဂိုးပေးလိုက်ရတဲ့ဂိုးသမားက သူ့ရဲ့အသင်း ကို ပြန်တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါဂိုးသမားကတော့ Sui Weijie လို့ အမည်ရပြီး Chongqing Lifan အသင်း မှာ ကစားနေတာဖြစ်ပါတယ်။

ဒေသခံရှမ်းတိုင်းရင်းသားတို့၏ လူနေမှုဘ၀ကို ခြိမ်းခြောက်လာသော KIA ရဲ့ မြေမြှုပ်မိုင်းအန္တရာယ်


ကချင်ပြည်နယ်အတွင်းမှာ နေထိုင်ကြတဲ့ ဒေသခံတိုင်းရင်းသားတွေဟာ မြေမြှုပ်မိုင်းအန္တရာယ်ကို ထိတ်လန့် တုန်လှုပ် ကြောက်လန့်နေကြပါတယ်။ မိုင်းနင်းမိမှုကြောင့် သေကြေ၊ဒဏ်ရာရသူတွေဟာ နေ့စဉ်လိုလို ဖြစ်နေတာကြောင့် သွေးပျက် နေကြတာ အမှန်ပါပဲ။ အထူးသဖြင့် KIA စခန်းနဲ့နီးတဲ့ ကျေးရွာတွေ၊ KIA တပ်ဖွဲ့ဝင်တွေ လှုပ်ရှားသွားလာတဲ့ နယ်မြေထဲက ကျေးရွာတွေဟာ မြေမြှုပ်မိုင်းဒဏ်ကို ပိုပြီးခံစားကြရပါတယ်။ 

ပအို့ဝ်တိုင်းရင်းသားကျေးရွာများအား RCSS/SSA အဖွဲ့မှ လူသစ်စုဆောင်းမှုကြောင့် PNO အဖွဲ့ မကျေနပ်


ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ ပိန်းဆည်ကျေးရွာအုပ်စု၊ နောင်ဗိုကျေးရွာသို့ မေလ ၁၉ ရက်နေ့တွင် RCSS/SSA အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး လူသစ်စုဆောင်းမှုများပြုလုပ်သွားခဲ့ကြောင်း ယင်းဒေသခံ ရွာသားများ ထံမှ သိရသည်။