Friday 17 February 2012

နိုင်ငံရေးပါတီများ ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှဟောပြော တင်ပြခွင့် ကြေငြာချက်


နိုင်ငံ့ဝန်ထမ်းများအတွက် လစာ၊လုပ်ခများ တိုးမြှင့်နိုင်ရန် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ပြီးမြောက်အောင် ဆောင်၇ွက်ပြီးနောက် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှသာ တိုးမြှင့်ဆောင်ရွက်သင့်



ဒေါ်အောင်ဆန်းစုကြည်ဆိုတာ ဂရုစိုက်စရာမဟုတ်ဘူး ခွပ်ဒေါင်းဆိုတာ ကြောက်စရာမဟုတ်ဘူး နိုင်ငံရေးမှာ ဘယ်သူကိုမှမကြောက်ဘူးဆိုတဲ့ရုပ်ရှင်သရုပ်ဆောင်မင်းအုပ်စိုး



      15/2/2012 နေ့က ဖိုးစိန်လမ်း Holly Day စားသောက်ဆိုင်ရှေ့တွင် ရုပ်ရှင်နှင့် ဗွီဒီယိုသရုပ်ဆောင် မင်းအုပ်စိုးမှ အရက်သေစာမူးယစ်သောက်စားပီး လမ်းပိတ်စို့မှု ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ထို့ကြောင့်တာမွေမြို့နယ် ဖိုးစိန်လမ်း Holly Day စားသောက်ဆိုင်ရှေ့လမ်းမတွင် ၁၅မိနစ်ခန့် ယာဉ်ကြောပိတ်ဆိုမှုဖြစ်ပွားခဲ့ ပြီးရုပ်ရှင်နှင့်ဗွီဒီယိုသရုပ်ဆောင် မင်းအုပ်စိုးမှ အရက်သေစာမူးယစ်သောက်စားပီး သစ်ပင်များအား မီးရှို့ခဲ့ သဖြင့် လာရောက်မီးငြိမ်းသတ်ခဲ့သော မီးသတ်တပ်ဖွဲ့ဝင်များအား အော်ဟစ် ဆဲဆိုခြင်း လုံခြုံရေးလုပ်ငန်း လာရောက်လုပ်ဆောင်သော တာမွေမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ ရဲကား ၇ခ။ ၁၇၂၄ ယာဉ်အား လက်သီးဖြင့်ထိုးသောကြောင့် ရဲတပ်ဖွဲ့ပိုင်ယာဉ် ပျက်စီးဆုံးရှုံးခဲ့သဖြင့် ပ-၇၆/၂၀၁၂ ပုဒ်မ ပပက ၆၁ ဖြင့် လည်းကောင်း ရရ/၂၀၁၂ ပုဒ်မ ၂၉၄/၃၅၃ ဖြင့် ဒုရဲအုပ် အောင်ကျော်ထွန်း တရားလိုပြုလုပ်ပြီး အမှုဖွင့်ထားကြောင်း သိရှိရပါတယ်။၎င်းအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိ ရဲစခန်းများတွင် အမှုပေါင်း ၁၁မှုကျူးလွန်ထားကြောင်း သိရှိရပါတယ်။  
သတင်း Facebook
လူတွေပြောနေကျ စကားတစ်ခွန်းရှိပါတယ်။ လူတစ်ယောက်ဟာ မူးလာရင် အမှန်တရားကိုသာ ဖော်ထုပ်ပြသတတ်တယ်။ ရုပ်ရှင်သရုပ်ဆောင် မင်းအုပ်စိုးဟာ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ ဂရုစိုက်စရာမဟုတ်ဘူး ခွပ်ဒေါင်းဆိုတာ ကြောက်စရာမဟုတ်ဘူး နိုင်ငံရေးမှာ ဘယ်သူကိုမှမကြောက်ဘူးဟု ပြောဆိုခဲ့ပါသေးတယ်။ ဒေါ်စုကြည်၏ လုပ်ရပ်များအား မကျေနပ်၍ အရင်ရက်ပိုင်းကမှ NLDပါတီဝင်တစ်ဦး နုတ်ထွက်သွားပြီး ယခု ရုပ်ရှင်သရုပ်ဆောင် မင်းအုပ်စိုးမှ ခုလိုပြောကြားခဲ့ရာတွင် ဒေါ်စုကြည်၏ လုပ်ရပ်များသည် ဟန်သာရှိပြီး အနှစ်မရှိကြောင်း၊ ပြည်သူတွေကိုညာနေကြောင်းဖြစ်သည်ဟု သိရပါတယ် တရားဥပဒေမရှိဘူးလို့ ပြောနေတဲ့ ဒေါ်စုကြည်သည် ပြည်သူတွေကို လိမ်ညာနေပါသည်။ ရုပ်ရှင်သရုပ်ဆာင်တစ်ယောက် ဖြစ်သော်လည်း မူးရစ်ယမ်းကား လူတွေကို အနှောင့်အယှက်ပေးသောကြောင့် အမှုဖွင့် အရေးယူလျက်ရှိတယ်လို့ပါ သိရပါတယ်။
                                                                                                                     သဘာဝမြေ

နှစ်သိန်းတန် GSM ဖုန်းများ မတ်လပထမပတ်အတွင်း အတိအကျ ချထားပေးမည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပြည်တွင်းကုမ္ပဏီ (၂၃)ခုမှ ပူးပေါင်း၍ တန်ဖိုးနည်း ဂျီအက်စ်အမ်ဖုန်း သန်း ၄၀ စီမံကိန်းမှ ပထမအရစ်ဖုန်းအလုံးပါ တစ်သန်းခွဲကို မတ်လ ပထမပတ်အတွင်း ချထားပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ “မတ်လအတွင်းတော့ ဖြစ်အောင်ချထားပေးမှာပါ။ တန်ဖိုးကတော့ ကျပ်နှစ်သိန်းဖြစ်မှာပါ။ ရန်ကုန်မြို့အတွက် ဖုန်းအလုံးပါ တစ်သိန်းခွဲ သတ်မှတ်ထားပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာအတွက် တစ်သန်းခွဲလောက် သတ်မှတ်ထားပါတယ်ခင်ဗျာ” ဟု မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်များအရ သိရသည်။ “တန်ဖိုးနည်း ဖုန်းတွေက နောက်လပထမပတ်အတွင်းမှာ ထွက်မယ်လို့ ကြားထားပါတယ်။ ရက်အတိအကျတော့ ကျွန်တော်တို့ဆိုင်တွေကို ဘာသတင်းမှ ရောက်မလာသေးဘူး။ တန်ဖိုးဘာညာကိုလည်း အတိအကျ မသိရသေးပါဘူး။ အကယ်၍ တန်ဖိုးနည်းဖုန်းထွက်လာရင် ကျွန်တော်တို့ဆိုင်တွေက အရစ်ကျရောင်းပေးမယ့် အစီအစဉ်ကို စီစဉ်ထားပါတယ်။ ဒီတစ်ခေါက်တော့ဘဏ်နဲ့ မချိတ်တော့ဘူး။ အရစ်ကျ ဝယ်ချင်တဲ့သူတွေကို ဆိုင်ကပဲ စီစဉ်ပေးမှာပါ” ဟု ရွှေဂုံတိုင် Mr.Fone ဆိုင်မှ မန်နေဂျာကိုမင်းမင်းက ပြောကြားခဲ့သည်။ “မတ် ၂၇ ရက်လို့ ကြားတယ်။ ဖုန်းတန်ဖိုးကတော့ အမျိုးမျိုးကြားနေတာပဲ။ ငါးထောင်တန်ဖုန်းမရတော့ အခုလာမယ့် တန်ဖိုးနည်းဂျီဖုန်းပဲ စောင့်ရတော့မယ်ပေါ့” ဟု ရွှေဂုံတိုင်တွင် နေထိုင်သူတစ်ဦးက ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။ 
                                                                                                                                              ခေတ်လူငယ်

နိုင်ငံရေးပါတီများ ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှဟောပြော တင်ပြခွင့်

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီများ ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခွင့် ကြေညာချက်အမှတ် (၁၂/၂၀၁၂) ကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။ အဆိုပါ ကြေညာချက်တွင် လွှတ်တော်အသီးသီးတွင် လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေသည့် မဲဆန္ဒနယ် (၄၈) နယ်၌ ကြားဖြတ်ရွေးကောက်ပွဲများကို ၁.၄.၂၀၁၂ ရက် (တနင်္ဂနွေ)နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာချက်အမှတ် (၆၁/၂၀၁၁) ဖြင့် ထုတ်ပြန်ကြေညာထားပြီးဖြစ်ပါသည်။ လစ်လပ်မဲဆန္ဒနယ် အသီးသီးတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းသွင်းထားသည့် နိုင်ငံရေးပါတီ (၁၇) ပါတီအား ကြားဖြတ်ရွေးကောက်ပွဲအတွက် စည်းရုံးမဲဆွယ်ရန် မိမိတို့ပါတီ၏ မူဝါဒသဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောတင်ပြခွင့်ပြုမည် ဖြစ်ပါသည်။ ထို့ကြောင့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများသည် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြလိုလျှင် သက်ဆိုင်ရာ ပါတီဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူးက မိမိတို့ပါတီအတွက် အချိန်ဇယားဖြင့် သတ်မှတ်ပေးသည့်ရက်မတိုင်မီ အနည်းဆုံး (၇) ရက် ကြိုတင်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ ဟောပြောတင်ပြလိုသည့် စာမူနှင့်အတူ ခွင့်ပြုမိန့် လျှောက်ထားရမည်။ (ခွင့်ပြုမိန့်လျှောက်ထားသည့် စာမူသည် (A4) အရွယ်အစားစက္ကူ (၇) မျက်နှာထက်မပိုစေရပါ။) ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်မှ ဟောပြောခွင့်ပြုရန် လျှောက်ထားကြသည့် နိုင်ငံရေးပါတီများအား အဆင်ပြေစွာ အလှည့်ကျ ဟောပြောတင်ပြနိုင်စေရန်အတွက် နိုင်ငံရေးပါတီတစ်ခုချင်းအလိုက် ဟောပြောတင်ပြခွင့် ရရှိသည့် နေ့ရက်နှင့် အချိန်ဇယားကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနှင့် ညှိနှိုင်းသတ်မှတ်ပေးပါမည်။ နိုင်ငံရေးပါတီများသည် ကြေညာချက်ပါ တားမြစ်ချက်တစ်ရပ်ကိုဖြစ်စေ၊ ခွင့်ပြုမိန့်ပါ သတ်မှတ်ချက် သို့မဟုတ် စည်းကမ်းချက်တစ်ရပ်ရပ်ကိုဖြစ်စေ လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည့်အပြင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရလည်း အရေးယူခြင်း ခံရမည်ဖြစ်သည်။ သို့ဖြစ်၍ ၁.၄.၂၀၁၂ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်စေရေးအတွက် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများသည် စည်းရုံးမဲဆွယ်ရန် ကိစ္စအလို့ငှာ မိမိတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောတင်ပြမှုများ ပြုလုပ်ကြရာတွင် ဤကြေညာချက်နှင့်အညီ ဆောင်ရွက်ကြရန် ဖြစ်ပါသည်ဟု ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။ 
                                                                                                                                       ခေတ်လူငယ်

အဲကမ္ဘောဇလေကြောင်းလိုင်းမှ ဖေါ်ကာလေယာဉ်တစ်စီး ပြေးလမ်းချော်မှုဖြစ်ပွား

အဲကမ္ဘောဇလေကြောင်းလိုင်းမှ ခရီးစဉ်အမှတ် KBZ 243 ဖြစ်သော ATR 72 လေယာဉ်တစ်စင်းသည် ဖေဖေါ်ဝါရီလ ၁၇ရက်နေ့ နံနက် ၁၀နာရီ ၅၃ မိနစ်ခန့်က သံတွဲလေဆိပ်သို့ ဆင်းသက်စဉ် ပြေးလမ်းချော်မှုဖြစ်ပွား ခဲ့ကြောင်း သတင်းရရှိပါသည်။ လေယာဉ်သည် ပြေးလမ်းအရှိန်လွန်ပြီးနောက် ပင်လယ်ထဲ မကျအောင် လေယာဉ်ပြေးလမ်းအလွန်  လက်ဝဲဘက်ရှိ သဲပုံသို့ဝင်တိုးပြီး ရပ်တန့်သွားခဲ့သည်။ အဆိုပါမတော်တဆမှုကြောင့် ခရီးသည်တစ်ဦးမှ ထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိကြောင်းလည်း  သိရပါသည်။

ယခုခရီးစဉ်မှာ ရန်ကုန်- ညောင်ဦး-ဟဲဟိုး-သံတွဲ ခရီးစဉ် ဖြစ်ရာ ဟဲဟိုးမှ သံတွဲသို့ဆိုက်ရောက်အလာတွင် ဖြစ်ပွားခြင်းဖြစ်သည်။
လေယာဉ်ပေါ်တွင် ခရီးသည် ၅၂ ဦးပါရှိကာ ၃၀ ကျော်မှာ နိုင်ငံခြားသားခရီးသည်များ ဖြစ်သည်ဟု သိရသည်။ လေယာဉ်အား ယခုကဲ့သို့ ထိန်းသိမ်းလိုက်နိုင်သည့်အတွက် အဖြစ်အပျက်ဖြစ်ပြီးပြီးချင်း နိုင်ငံခြားသား ခရီးသည်များက လေယာဉ်မှူးအား လက်ဆွဲနှုတ်ဆက်ကာ ချီးကျူးခဲ့သည်ဟု ယင်းတာဝန်ခံက ပြောသည်။

လေဆိပ်အနီးနေထိုင်သူ ဒေသခံတဦးကမူ  “လေယာဉ်ဆင်းလာပြီးတော့ ဖောင်းဖောင်းဖောင်း ဆိုတဲ့ အသံ ၃၊ ၄ ချက်လောက်ကြားလိုက်ရတယ် ၊ နောက်တော့မှ လေယာဉ်ပြေးလမ်းချော်သွားတာလို့ သိလိုက်ရတာ” ဟုပြောသည်။
သံတွဲလေယာဉ်ကွင်းမှာ ပေအရှည် ၈၀၀၀ ရှိပြီး ဆင်းသက်သည့် လေယာဉ်များအနေဖြင့် ပြေးလမ်း အစအဆုံးအသုံးပြုပါက လုံလောက်သည့် ပြေးလမ်းအရှည်ဟု လေဆိပ်ဝန်ထမ်း တဦးကပြောသည်။

အဖြစ်အပျက်ဖြစ်ဖြစ်ချင်း လေဆိပ်ရှိ အရေးပေါ် မီးသတ်ကား၊ လေဆိပ် ဆောက်လုပ်ရေး စီမံကိန်း မှ ရေသယ်ကားများ အသင့်အနေအထားဖြင့် လေယာဉ်အနီးတွင် အသင့်စောင့်ဆိုင်းနေကြသည်ဟု လုံခြုံရေး တာဝန်ရှိသူက ပြောသည်။
ယခုလေယာဉ် အရှိန်သတ်လိုက်သည့် သဲပုံမှာ မကြာသေးမီရက်အနည်းငယ်ကမှ ပုံထားခြင်းဖြစ်၍ ယခုသဲပုံရှိနေခြင်းကြောင့် အန္တရာယ် လျော့နည်း သွားရသည်ဟုလည်း လုံခြုံရေး တာဝန်ရှိတို့က သုံးသပ်ကြသည်။

လေယာဉ်ပြေးလမ်းချော်ခြင်းကြောင့် လေဆိပ် ပုံမှန်လုပ်ငန်းများ ထိခိုက်ခြင်းမရှိပဲ သံတွဲလေဆိပ်သို့ ယနေ့ဆင်းသက်လာရန်ရှိသည့် ခရီးစဉ်များ ပုံမှန်အတိုင်း ဆင်းသက်နိုင်မည်ဟု သိရှိရသည်။      ။

ဝန်ထမ်းများလစာတိုးပေးဖို့ ငွေစက္ကူ ရိုက်မှရမည်ဟု ဘဏ္ဍာအခွန်ဝန်ကြီးဆို

ဖေဖေါ်ဝါရီ ၁၆၊ ၂၀၁၂ (YPI)

ဝန်ထမ်းများအားလစာတိုးပေးရန်အတွက် ယခု ဘဏ္ဍာရေးအခြေအနေအရငွေစက္ကူအသစ် ရိုက်နှိပ်ထုတ်ဝေရမည် ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ယနေ့ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော်
အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း ပြည်ထောင်စု လွှတ်တော်သို့တက်ရောက်ခဲ့သည့်
လွှတ်တော် ကိုယ်စားလှယ်များ ကဆိုသည်။

ထိုကဲ့သို့ပြောကြားရာတွင် ၀န်ထမ်းများလစာတိုးပေးရန် အတွက်လက်ရှိ ဘဏ္ဍာရေး အခြေအနေအရ ငွေစက္ကူအသစ် ရိုက်နှိပ်ထုတ်ဝေမှသာဖြစ်နိုင်ကြောင်း၊ ထိုသို့ပြုလုပ်ပါက ငွေကြေးဖောင်းပွမှုစသော  နောက်ဆက်တွဲ အကျိုးများ ကိုလည်းစဉ်းစားသင့်ကြောင်း၊ ထို့ကြောင့် ၀န်ထမ်းများလစာ တိုးမြှင့်ပေးခြင်းကို ၂၀၁၂-၁၃ ဘဏ္ဍာနှစ်အစား ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင်မှ  တိုးမြှင့်ပေးသင့်ကြောင်းပြောကြားခဲ့သည်ဟုလွှတ်တော် ကိုယ်စားလှယ်များက ဆိုသည်။

ယခုလ ၇ ရက်နေ့ကပြည်သူ့လွှတ်တော်ဥက္ကဌသူရဦးရွှေမန်းတင်သွင်းသော လာမည့်ဘဏ္ဍာနှစ်မှစပြီး ၀န်ထမ်းများအား လစာတိုးမြှင့်ပေးရေးအဆိုကို ပြည်ထောင်စုဝန်ကြီးမှ ယခုကဲ့သို့  ပြန်လည် ပြောကြားခြင်းဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သတ်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဦးဖုန်းမြင့်အောင်က '' ပြောရရင် ဒီကိစ္စက ဆုပ်လည်းစူး၊စားလည်းရူးဗျ။ ၀န်ထမ်းတွေ အခြေအနေကလည်း ထိန်းရခက်နေပြီ။ လစာတိုးမပေးရင် ပြဿနာက ပြီးမှာမဟုတ်ဘူး။ တိုးပေးပြန်ရင်လည်း တစ်ဖက်မှာ ပြဿနာတွေရှိနေသေးတယ် '' ဟု သူ၏ အမြင်ကို ပြောကြားသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်ကမူ '' ကျွန်တော်တို့က ပြည်သူ့ကိုယ်စားလှယ်။ ပြည်သူကိုကြည့်ရမှာပဲ။ ခုရနေတဲ့လစာနဲ့ကုန်ဈေးနှုန်းနဲ့က လုံးဝကိုသဘာဝမကျဘူး။ သဘာဝကျအောင် ပြုပြင်ပေးကြရမှာပဲ '' ဟု ပြောကြားသည်။

ထို့ပြင် ၎င်းကလက်ရှိ ဘဏ္ဍာရေးအကျပ်အတည်းဖြစ်ရခြင်းမှာ အခွန်ကြပ်မတ် ကောက်ခံမှုအားနည်း၍ဖြစ်ကြောင်း၊ လက်ရှိအခွန်ဆောင်နေသည့် စာရင်းကု
ိကြည့်ပါက အလယ်အလတ်ကုမ္ပဏီများမှ ပေးဆောင်သည့် အခွန်ငွေမှာများပြားပြီး ထူးကဲ့သို့ ကုမ္ပဏီကြီးများ၏
အခွန်ငွေပေးဆောင်မှုမှာ ၎င်းတို့လုပ်ကိုင်နေသည့် လုပ်ငန်းများနှင့်နှိုင်းယှဉ်ပါက များစွာနည်းပါကြောင်း ပြောကြားသည်။


ကမ္ဘာ့စီးပွားရေး နိုဘယ်ဆုရှင် စတစ်ဂလစ်ဇ် ယခင်သီတင်းပတ်က UMFCCI တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံအနေဖြင့် သယံဇာတမှ ရရှိသည့် ဘဏ္ဍာငွေများကိုသာအားပြုခြင်းထက် ရသင့်ရထိုက်သည့် အခွန်ကောက်ခံမှုများကို ကောက်ခံသုံးစွဲရန်လည်း အကြံပေးပြောဆိုသွားသည်။


ဝန်ထမ်းများအား လစာတိုးမြှင့်ပေးရန်နှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်တွင် ယနေ့ဆွေးနွေးခြင်းမှာ မပြီးပြတ်သေးဘဲ အဆိုတင်သွင်းသူ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းမှ ပြန်လည်ဆွေးနွေးရန် ကျန်ရှိနေပြီး လွှတ်တော်တွင်မဲခွဲရန်ဆုံးဖြတ်
ရန်လည်းကျန်ရှိနေသေးကြောင်း
လွှတ်တော်ကိုယ်စားလှယ်များကဆိုသည်။       ။
                                                                                                                            Yangon Press International