Friday 16 January 2015

ကေအိုင်အေနှင့် တပ်မတော်တို့ ဇန်နဝါရီ ၁၆ရက်တွင် ပစ်ခတ်မှုမရှိသော်လည်း နှစ်ဖက်အသင့်အနေအထားရှိနေ

ဇန်နဝါရီ ၁၆ရက်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(ကေအိုင်အေ)နှင့် အစိုးရတပ်မတော်အကြား ကချင်ပြည်နယ် ဖားကန့်ဒေသ၌ တိုက်ပွဲများမရှိသော်လည်း နှစ်ဖက်တပ်များကမူ နီးနီးကပ်ကပ်ရှိနေ သည်ဟု ကေအိုင်အေတပ်ရင်း ၆ တပ်ရင်းမှူး ဗိုလ်မှူးတန်ဆိုင်က ပြာသည်။

တိုင်းရင်းသား အခွင့်အရေး ကာကွယ်သည့် ဥပဒေတွင် တာဝန်ယူမှု တာဝန်ခံမှု ပါရှိသင့်

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြဋ္ဌာန်းထားသော်လည်း ကျင့်သုံးခွင့် မရသေးသည့် ပြည်နယ်/ တိုင်း ဒေသ ကြီး အစိုးရအဖွဲ့၏ လုပ်ပိုင်ခွင့်များကို လုပ်ဆောင်ခွင့် ရလာစေရေးအတွက် အသက်သွင်းသည့် အနေဖြင့် ရေးဆွဲထားသည်ဆိုသော တိုင်းရင်းသား လူမျိုးများ၊ အခွင့်အရေး ကာကွယ်သည့် ဥပဒေတွင် တာဝန်ယူမှု၊ တာဝန်ခံမှုများ ထည့်သွင်းပြဌာန်း သင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဗဟန်း(၁) လွှတ်တော် အမတ် ဒေါက်တာ ညိုညိုသင်းက မဇ္ဈိမကို ပြောသည်။

ဖားကန့်မြို့နယ်တွင် KIA တပ်ဖွဲ့ဝင်တစ်ဦးအား လက်လုပ်မိုင်းများနှင့်အတူ ဖမ်းဆီးရမိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာ၊ အမှတ်(၃)ရပ်ကွက်ရှိ သံတံတားထိပ်နေရာ၌ ဇန်န၀ါရီ ၁၅ ရက် ည ၉ နာရီချိန်ခန့်တွင် ဆိပ်မူကျေးရွာမှ ယူမာကျေးရွာဘက်သို့ မောင်းနှင်လာသော ဆိုင်ကယ် အား အစိုးရတပ်နှင့် ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့မှ ရပ်တန့်စစ်ဆေးရာ လက်လုပ်မိုင်းများ သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

ပြည်တွင်းကျွမ်းကျင်လုပ်သားရှားပါးမှုကို ပြည်ပရောက် ကျွမ်းကျင် လုပ်သားများဖြင့် အသုံးပြုဖြေရှင်းရန်လို

Photo: ပြည်တွင်းကျွမ်းကျင်လုပ်သားရှားပါးမှုကို ပြည်ပရောက် ကျွမ်းကျင် လုပ်သားများဖြင့် အသုံးပြုဖြေရှင်းရန်လို
Friday, January 16, 2015 

ပြည်တွင်း လုပ်ငန်းရှင်များအနေဖြင့် အလုပ် သမားများကို ကျွမ်းကျင်လုပ်သားများ အဖြစ် လေ့ကျင့်သင်ကြားပေးရန် အသုံးစရိတ်သုံးစွဲမှုနည်းပါးနေပြီးကျွမ်း ကျင်လုပ်သားရှားပါးမှုကို ပြည်ပ ရောက်ကျွမ်းကျင်လုပ်သားများအသုံး ပြုဖြေရှင်းရန်လိုအပ်ကြောင်း စီးပွား ရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ (OECD) ၏မြန်မာနိုင်ငံအပေါ် ဘက်ပေါင်းစုံ ပြန် လည်သုံးသပ်ချက်တွင်ဖော်ပြထား သည်။

လက်ရှိလုပ်ငန်းရှင်များထက် ဝက်ကျော်သည် အလုပ်သမားများကို လေ့ကျင့်သင်ကြားပေးရန် အသုံးစရိတ် သုံးစွဲမှုမရှိဘဲ လူငယ်လူရွယ်များအ နေဖြင့် အခြေခံပညာရေးနှင့်တက္ကသိုလ် ပညာရေးပြီးဆုံးချိန်တွင် အလုပ်လုပ် ရန်အသင့်မဖြစ်သေးဘဲ လုပ်ငန်းခွင် ရောက်မှ ကျွမ်းကျင်မှုများကိုသင်ယူ လိုသည့် သဘောထားများရှိနေကြောင်း (OECD)မှ လေ့လာသုံးသပ်ထား သည်။

အလုပ်သမားများ၏ အသိဥာဏ် ပညာနှင့် ကျွမ်းကျင်မှုများကို ထိန်း သိမ်းခြင်း၊ ဖွံ့ဖြိုးတိုးတက်အောင်သို့ မဟုတ် တိုးမြှင့်ရန် တရားဝင်သင်တန်း များစီစဉ်ပေးရန်အတွက် အလုပ်ရှင် များ၏ ရင်းနှီးမြှုပ်နှံမှုသည် အလွန် နည်းပါးနေပြီး လုပ်သားများယှဉ်ပြိုင် ဘက်အခြားလုပ်ငန်းတစ်ခုသို့ ပြောင်း ရွှေ့သွားမည်ကိုစိုးရိမ်သဖြင့် သင်တန်း များ လုပ်ဆောင်မပေးလိုကြောင်း သိရ သည်။

လက်ရှိ ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်နေသည့်လုပ်သားများ ၅ဒသမ၅သန်းနီးပါးရှိနေပြီး အဆိုပါ လုပ်သားများသည် ကျွမ်းကျင်လုပ်သား များဖြစ်သဖြင့် မြန်မာ့စီးပွားရေးကို အကျိုးပြုနိုင်မည်ဟု OECD သုံး သပ်ထား သည်။

ယင်းလုပ်သားများ ပြည်တွင်း၌ နေထိုင်နိုင်ရန်အတွက် အလုပ်အကိုင် ဈေးကွက်အခြေအနေများကို တိုး တက်အောင်လုပ်ဆောင်ခြင်းအပါ အဝင် မက်လုံးများစီမံပေးရန် လိုအပ် ပြီး ကျေးလက်ဒေသများတွင် အလုပ် အကိုင်များ ဖန်တီးပေးရေးကို ဦးတည် လုပ်ဆောင်ပေးပါက ရွှေ့ပြောင်းအ လုပ်သမားများ မူလနေရာသို့ ပြန်လာ လိုကြမည်ဖြစ်ကြောင်း OECD မှ ဖော်ပြထားသည်။

စီးပွားရေးကျွမ်းကျင်သူခင်မောင် ညို (ဘောဂဗေဒ)က ''နိုင်ငံရဲ့ စီးပွား ရေးအရှိန်အဟုန်မြင့်လာတာနဲ့အမျှ ကျွမ်းကျင်လုပ်သားရှားပါးတဲ့ အခက် အခဲဖြစ်လာလိမ့်မယ်လို့ သူတို့တွက် ထားတယ်။ နောက်တစ်ခုကလူဦးရေ ရဲ့ ၁ဝ ရာခိုင်နှုန်းကအပြင်မှာ အ လုပ်သွားလုပ်နေတယ်။ သူတို့ကို ပြန် လာစေချင်တယ်။ ပြန်လာဖို့အတွက် ဆွဲဆောင်ဖို့လိုတယ်ပေါ့နော်။ ဒါပေမဲ့ ပြည်တွင်းမှာကိုက အလုပ်လက်မဲ့ တွေရှိသေးတယ်။ ဆွဲဆောင်မှုဆိုတာ လဲ ရေရှည်လုပ်ရမယ့် အလုပ်ကြီး ဖြစ်နေတယ်''ဟုဆိုသည်။

ပြည်ပသို့ ရောက်ရှိနေသည့် ကျွမ်းကျင်လုပ်သားများကို ပြည်တွင်း သို့ ပြန်လည်လာရောက်ရန်အတွက် နိုင်ငံတကာနည်းတူဝင်ငွေနှင့် လူနေ မှုပုံစံများဖန်တီးပေးရန်လိုအပ်ပြီး လတ်တလောအနေဖြင့် ပြည်တွင်း ရှိ အလုပ်လက်မဲ့ပြဿနာနှင့် ကျွမ်း ကျင်လုပ်သားများ ပြည်ပသို့ထပ်မံမ ထွက်ခွာစေရန် လုပ်ဆောင်ရမည်ဖြစ် ကြောင်း ခင်မောင်ညိုက သုံးသပ် သည်။

AK
Yangon Media Group  

ဓါတ်ပုံ - ရဲနောင်(ဖယ်ခုံ)၊
( ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှ လုပ်သားများကို တွေ့ရစဉ်။)
ဓါတ်ပုံ - ရဲနောင်(ဖယ်ခုံ)၊
( ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှ လုပ်သားများကို တွေ့ရစဉ်။) 
ပြည်တွင်း လုပ်ငန်းရှင်များအနေဖြင့် အလုပ် သမားများကို ကျွမ်းကျင်လုပ်သားများ အဖြစ် လေ့ကျင့် သင် ကြား ပေးရန် အသုံးစရိတ်သုံးစွဲမှုနည်းပါးနေပြီးကျွမ်း ကျင်လုပ်သားရှားပါးမှုကို ပြည်ပ ရောက် ကျွမ်းကျင် လုပ်သားများအသုံး ပြုဖြေရှင်းရန်လိုအပ်ကြောင်း စီးပွား ရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုး တိုးတက် ရေးအဖွဲ့ (OECD) ၏မြန်မာနိုင်ငံအပေါ် ဘက်ပေါင်းစုံ ပြန် လည်သုံးသပ်ချက်တွင်ဖော်ပြထား သည်။

တစ်ယူနစ် ၃၅ ကျပ်ဖြင့် လျှပ်စစ်ဓာတ်အား ရရှိရေး တနင်္သာရီတစ်တိုင်းလုံး ဆန္ဒပြမည်

လျှပ်စစ်တစ်ယူနစ် နှုန်းထား ကျပ်လေးရာကျော်မှ တစ်ထောင်ကျော်အထိ ပေးဆောင်နေရသည့် တနင်္သာရီ တိုင်းဒေသကြီးတွင် တစ်နိုင်ငံလုံးနှင့် တန်းတူနှုန်းထား ဖြစ်သည့် ဓာတ်အား တစ်ယူနစ် ၃၅ ကျပ်နှုန်း ရရှိရေး အတွက် တစ်တိုင်းလုံးတွင် ဆန္ဒဖော်ထုတ်သွားမည် ဖြစ်ကြောင်း တနင်္သာရီ သယံဇာတ အကျိုး ခံစားခွင့် ရရှိရေး ကော်မတီ (ထားဝယ်) ထံမှ သိရသည်။

လူကုန်ကူးမှုက ကျေးလက်ကနေ မြို့ပြကို တက်လာပြီ

Photo: လူကုန်ကူးမှုက ကျေးလက်ကနေ မြို့ပြကို တက်လာပြီ
Friday, January 16, 2015

မြန်မာနိုင်ငံအတွင်း နေရာအနှံ့ ဖြစ်ပေါ်နေသည့် ပြဿနာများထဲတွင် လူကုန်ကူးမှုလည်း ပါဝင်သည်။
လူကုန်ကူးခံရသည့် ဖြစ်ရပ်များ မကြာခဏ ပေါ်ထွက်နေသော်လည်း ဤအကြောင်းအရာကို အလေးထား ဆွေးနွေးပြောဆိုမှုများ နည်းပါးနေသေးသည်။
အလေးထားဆောင်ရွက်နေသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများထဲတွင် အငြိမ်းစား ရဲမှူးကြီး ရာလျန်မုန်းလည်း ပါဝင်သည်။
လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး (ဗဟို) အဖွဲ့တွင် တာဝန်ယူလုပ်ကိုင်ခဲ့ဖူးသည့် အငြိမ်းစား ရဲမှူးကြီးက မြန်မာနိုင်ငံ လူကုန်ကူးမှု အခြေအနေ၊ ပစ်မှတ် ဖြစ်ခံနေရသူများ၊ အနာဂတ်တွင် ဖြစ်လာနိုင်သည့် အနေအထား စသည့် အကြောင်းအရာများကို The Yangon Globe သတင်းဌာနသို့ မကြာသေးမီက ပြောပြခဲ့သည်။
 သတင်းထောက် ရဲကိုကို  ဆက်သွယ်မေးမြန်းထားသည်များထဲမှ ကောက်နုတ် ဖော်ပြလိုက်ပါသည်။

 ~   လူကုန်ကူးမှုဆိုတာ ဘာလဲ၊ ဘယ်အရာတွေကို လုပ်ဆောင်ရင် လူကုန်ကူးမှုမြောက်သလဲ။   

  -  လူကုန်ကူးမှုမြောက်တဲ့ ပြစ်မှု အင်္ဂါရပ် ၃ ခု နဲ့ ငြိစွန်းရင် လူကုန်ကူးမှုမြောက်ပါတယ်။ ပြုလုပ်မှု၊ အသုံးပြုမှုနည်းလမ်းနဲ့ အဓိကအနေနဲ့ ခေါင်းပုံဖြတ်ဖို့  ရည်ရွယ်ချက်ဖြစ်ပါတယ်။
 အလုပ်အကိုင် ပေးမယ်ဆိုပြီး လိမ်လည်လှည့်ဖြားပြီး သွေးဆောင်ခေါ်ဆောင်မှု၊  ၎င်းအပေါ် အမြတ်ထုတ်ရင် ဒါက ပြစ်မှုမြောက်တာပဲ။
နောက်တစ်ခု ... အလုပ်သမားတစ်ယောက်ဆီက ခေါင်းပုံဖြတ်အမြတ်ထုတ်ဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ရင် ဒါကပြစ်မှုမြောက်တာပဲလေ။
ဒီအချက်တွေနဲ့ ကင်းလွတ်တယ်ဆိုရင် အလုပ်အကိုင်ရှာပေးတဲ့ အေဂျင်စီပဲ ဖြစ်ဖြစ်၊ တခြား အလုပ်သမားပွဲစားတွေပဲ ဖြစ်ဖြစ် လူကုန်ကူးမှု မမြောက်ပါဘူး။

 ~     လူကုန်ကူးမှု ဖြစ်စေတာက ဘယ်လိုအကြောင်းအရာမျိုးတွေက တွန်းအားပေးနေတာလဲ။

 -  ကျွန်တော်တို့နိုင်ငံမှာ လူကုန်ကူးမှုအများဆုံးဖြစ်စေတဲ့အကြောင်းအရင်းက အလုပ်အကိုင် အခွင့်အလမ်း နည်းတယ်၊ ဆင်းရဲတဲ့လူဦးရေက များတော့ အနီးဆုံးနိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံတို့၊ မလေးရှားနိုင်ငံတို့မှာ အလုပ်သမားအဖြစ်နဲ့ သွားရောက်လုပ်ကိုင်တယ်။  
ဒီလို သွားရောက်လုပ်ကိုင်တဲ့ အထဲက လူကုန်ကူးမှုခံရတဲ့ အကြောင်းအရင်း ၅၀ ရာခိုင်နှုန်းက တရားမ၀င် သွားရောက် လုပ်ကိုင်တဲ့လူတွေပဲ။  အဲဒီလူတွေက လူကုန်ကူးမှုခံရတာ အများဆုံးဖြစ်တာတွေ့ရတယ်။

 ~   ဒီလိုကိစ္စမျိုးတွေ မဖြစ်အောင်  အစိုးရပိုင်းက  ဘယ်လိုဆောင်ရွက်သင့်လဲ။

 -  လူကုန်ကူးမှုကိစ္စဟာ ပျောက်ကွယ်သွားဖို့ မလွယ်ဘူး။  အစိုးရပိုင်းက ဖြစ်ပွားစေတဲ့အကြောင်းအရင်းကို မှန်မှန်ကန်ရှာပြီး ဆောင်ရွက်ဖို့ လိုပါတယ်။  ဥပမာ ထိုင်းနိုင်ငံဆိုရင် စက်မှုထွန်းကားတဲ့နိုင်ငံဖြစ်တော့ သူတို့စီမှာ  အလုပ်သမား ခေါင်းပုံဖြတ်မှုတွေ၊ လူကုန်ကူးမှု ပြဿနာတွေ ကြီးထွားတယ်။  လိင်မှုဆိုင်ရာပိုင်းနဲ့ ပတ်သက်ပြီး နေရာရှိတော့ မိန်းကလေးတွေကို အရောင်းအ၀ယ် လုပ်တာတွေများတာ တွေ့ရတယ်။  နောက်ပြီး စိုက်ပျိုးရေးနဲ့ ငါးဖမ်းလုပ်ငန်းတွေ ထွန်းကားတော့ အလုပ်သမားတွေ အများကြီးသုံးရတယ်။  အဲဒါတွေကို ကြည့်ရင် တဘက် က အကျိုးရှိပေမယ့် တဘက်မှာတော့ လူကုန်ကူးမှုကို အမြောက်အများ ဖြစ်စေတယ်။  အဲဒီတော့ သူတို့နိုင်ငံကလည်း ဒီလို ကိစ္စမျိုးတွေကို ဘယ်လိုဆောင်ရွက်ရမလဲဆိုပြီး မဟာဗျူဟာ၊ နည်းဗျူဟာတွေ ထုတ်ပြီး ဆောင်ရွက်ရမယ်။  အဲဒါဆိုရင် လူကုန်ကူးမှုတွေ လျော့ကျသွားမယ်။
လူကုန်ကူးမှုဖြစ်တဲ့အကြောင်းအရင်းကို အခုဆို သိနေပြီ၊  ဘယ်ကစဖြစ်လဲ ဆိုတာပေါ့၊   ဒါကို အစိုးရက ဘယ်လို လုပ်မှာလည်း ကိုယ့်နိုင်ငံက လူတွေ ခိုးမသွားနိုင်အောင် တရားဝင် အလုပ်သွားလုပ်လို့ ရအောင် နည်းလမ်းတွေ ရှာရတော့မှာပေါ့။  အလုပ်သမားအများဆုံး သွားရောက်တဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့  အစိုးရခြင်း အလုပ်လုပ်လို့ရအောင် သဘောတူ စာချုပ်တွေ ချုပ်ဆိုပြီး တရားဝင် လုပ်ကိုင်ခွင့်ရအောင် လုပ်ပေးရမယ်။  ဒါမှ တရားမ၀င် အလုပ်သမားတွေ အနေနဲ့ အစိုးရရဲ့ လက်အောက်မှာ အေးအေးချမ်းချမ်းနဲ့ အလုပ်လုပ်ခွင့်ရရင် လူကုန်ကူးမှုတွေက လျော့နည်းသွားမယ်။

 ~   လက်ရှိ လူကုန်ကူးမှု အခြေအနေတွေကို ကြည့်မယ်ဆို နောက်ပိုင်း ပိုများလာဖို့ ရှိလား၊ ဒါမှ မဟုတ် လျော့နည်းသွားမှာလား။

  -  ဒီကိစ္စတွေကို ပြုလုပ်ပေးနိုင်တာက ဘယ်သူလဲ ဆိုတော့ ရဲလည်းမဟုတ်ဘူး။  ၀န်ကြီးဌာနကလည်း မဟုတ်ဘူး။   
နိုင်ငံတော်အစိုးရက ဦးဆောင်ပြီးတော့ တရားမ၀င် ခိုးသွားစရာ မလိုအောင် ဖန်တီးပေးပြီး လုပ်ဆောင်ပေးရမှာပါ။  
ဒါကို နိုင်ငံတော်အစိုးရက မျက်နှာလွဲထားမှာလား။  ချက်ချင်းလုပ်ပေးရမယ့် အလုပ်တစ်ခုပါ။
 ဒါကိုမလုပ်ပေးရင်တော့ ၂၀၁၆၊ ၂၀၁၇၊ ၂၀၁၈ ခုနှစ် နောက်ပိုင်းတွေမှာလည်း လူကုန်ကူးမှုဟာ ရှေ့လျှောက် ပိုများလာဖို့ပဲ ရှိတယ်။

 ~  ဒါဆို အစိုးရပိုင်းက ပေါ်လစီပိုင်းတွေအပြင် တခြား ဘယ်လိုအပိုင်းတွေနဲ့ရော လူကုန်ကူးမှု လျော့နည်းသွားအောင် လုပ်ပေးနိုင်မလဲ။

 နောက်တနည်းက ကိုယ့်နိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်း ပေါများလာအောင် လုပ်ပေးရမယ်။  နောက်ပြီး ပေးနေတဲ့ လုပ်အားခကိုလည်း အနီးစပ်ဆုံး နိုင်ငံတွေနဲ့ တန်းတူပေးနိုင်ရင် ကိုယ့်နိုင်ငံထဲက လူတွေကလည်း တခြားနိုင်ငံမှာ မလုပ်ကိုင်တော့ဘူး။
ဒီလိုမှ မလုပ်ပေးနိုင်ရင်လည်း တခြားနိုင်ငံမှာ တရားမ၀င်သွားလုပ်နေတဲ့ အလုပ်သမားတွေကို အစိုးရက တရားဝင် လုပ်ကိုင်ခွင့်ရအောင် အကာအကွယ်ပေးဖို့ လုပ်ဆောင်ပေးမယ်ဆိုရင် လူကုန်ကူးမှုက လျော့နည်းသွားလိမ့်မယ်။  ကျွန်တော်တို့ အဖွဲ့အစည်းတွေက လူကုန်ကူးမှု လျော့နည်းအောင် လုပ်ပေးနိုင်တာ ကိုင်းအဖျားလေးပဲ ပြုလုပ်ပေးနိုင်တယ်။  
တကယ် ပင်စည်ကြီးကို ခုတ်လှဲဖို့ဆိုရင် အစိုးရပိုင်းမှာ တာဝန်ရှိတယ်။

 ~  လူကုန်ကူးတဲ့ သူတွေက ဘယ်သူတွေကို အဓိက ပစ်မှတ်ထားပြီး ကျူးလွန်ကြတာလဲ။

 လူကုန်ကူးခံရတဲ့ သူတွေထဲမှာ အများဆုံး ပစ်မှတ်ထားခံရတာ ၁၀၀ ရာခိုင်နှုန်းမှာ မိန်းကလေးက ၈၀ ရာခိုင်နှုန်းလောက် ပါတယ်။  
လူကုန်ကူးတဲ့သူတွေက မိန်းကလေးတွေကို အဓိက ထားတာပဲ။  မိန်းကလေးဆိုရင် သူတို့အတွက် ပိုက်ဆံပိုရတယ်။  နောက်ပြီး လူကုန်ကူးခံရတဲ့ မိန်းကလေးတော်တော်များများက လိင်လုပ်သားကျေးကျွန်ဘ၀တွေ အများဆုံးရောက်သွားတယ်။  ယောင်္ကျားလေးတွေကျတော့ ငါးဖမ်းသဘောင်္တို့လို အလုပ်ကြမ်းနေရာတွေမှာဘဲ အသုံးပြုတာ တွေ့ရတယ်။

 ~  လူကုန်ကူးမှု ပြဿနာက နှစ်စဉ်လိုလို မြှင့်တက်နေတာ တွေ့ရတယ်။  အဲဒါဘာကြောင့်လို့ထင်ပါသလဲ။

  -  ဟိုတုန်းက တပ်မတော်အစိုးရလက်ထက်က ဆိုတော့ ဘယ်ဟာမဆို တင်းတင်းကျပ်ကျပ် လုပ်တာတွေ့ရတယ်။  
လုပ်တာကိုင်တာက စည်းနဲ့ ကမ်းနဲ့ လုပ်တာပေါ့။  ဟိုတုန်းကဆိုရင် အလုပ်အကြောင်းအရာနဲ့ ပတ်သက်ပြီး အခုလို လာရင် ကျနော်တို့က ခေါ်ပြီး မေးမြန်းလိုက်တယ်။  
လူကုန်ကူးမယ့်သူတွေဘက်က လှုပ်ရှားမှု ခက်တာပေါ့။  အခုကျတော့ ပြောရေးဆိုခွင့်လည်း ရှိတယ်၊ သွားလာခွင့်လည်း ရှိတယ်ဆိုတော့ သူတို့အတွက် ၀င်၊ ထွက်ရတာ လွတ်လပ်လာပြီလေ။  ဒီမိုကရေစီဆိုတာ တဘက်က ကောင်းတယ်။  တဘက်က ဆိုးကျိုးတွေလည်း ရှိတာပဲ။
 
~ တဘက်နိုင်ငံတွေအထိ လူကုန်ကူးခံရပြီး လိင်လုပ်သားတွေအဖြစ် လုပ်ကိုင်ရာကနေ   ပြန်ရောက်လာတဲ့ သူတွေ    အတွက်   မြန်မာပြည်မှာ ဘယ်လိုဆောင်ရွက်ပေးမှုတွေ ရှိပါသလဲ။

 -  လူကုန်ကူးမှု ခံရပြီး ပြန်လည်လွတ်မြောက်လာတဲ့ သူတွေကို ရှေ့ဆက် ဘ၀ ရပ်တည်နိုင်ဖို့အတွက် ဥပဒေထဲမှာ ပြဋ္ဌာန်းထားတာ ရှိပါတယ်။  
လူကုန်ကူးမှု တိုက်ဖျက်ရေး ရန်ပုံငွေ ထူထောင်ခွင့် ပေးထားတယ်၊ နိုင်ငံတော်ကလည်း ထည့်ရမယ်၊  ပြည်တွင်း၊ ပြည်ပအလှူရှင်တွေနဲ့ လုပ်ရမယ်ဆိုပြီး
အဲဒီက ရတဲ့ငွေတွေနဲ့ လူကုန်ကူးခံထားရတဲ့ သူတွေရဲ့ ဘ၀ကို ပြည်လည် ထူထောင်ပေးရမယ်ဆိုပြီး ဥပဒေက ပြဌာန်းထားတယ်။  
၂၀၀၅ ခုနှစ်ကတည်းက ပြဋ္ဌာန်းထားတာ အခုဆို ၁၀ နှစ် ရှိသွားပြီ။  ဒီကိစ္စနဲ့ ပတ်သက်လို့ လုပ်ပေးတာ အရမ်း နည်းပါတယ်။  
အခု ဥပဒေကို ပြင်ဆင်  ရေးဆွဲဖို့ ကြိုးစားနေတယ်လို့ ပြောတယ်။  ဥပဒေတွေ ဘယ်လောက်ပဲ ကောင်းကောင်း ပြဋ္ဌာန်းချက်တွေကို အကောင်အထည်မဖော်ရင် ဒီဥပဒေက ဘာမှ ထူးလာမှာ မဟုတ်ဘူး။
လက်ရှိ ထောက်ပံ့ထားတဲ့ ငွေအနည်းငယ်နဲ့ သူတို့ဘ၀ ဘယ်လို ရပ်တည်ရမလဲ။  
အဲဒီအတွက် တချို့ဆို တဘက်နိုင်ငံကနေ လိင်လုပ်သားဘ၀က လွတ်မြောက်လာပေမယ့် ဒီနိုင်ငံထဲမှာ မိသားစုအတွက် လုံလောက်အောင် ထောက်ပံ့နိုင်တဲ့ အလုပ်ကောင်းကောင်း မရှိတာရယ်၊ နောက်ပြီး ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေကြောင့်လည်း သူတိုတွေရဲ့ဘ၀က ဒီလိင်လုပ်သားဘ၀တွေပဲ ပြန်ရောက်ရတာတွေ အများကြီးတွေ့ရတယ်။
တချို့ ဆိုရင် သူတို့ကိုယ်တိုင် ပိုက်ဆံရလွယ် (တယ် ဆိုပြီး) လူကုန်ကူးမှု ပြုလုပ်လာတာလည်း တွေ့ရတယ်။

 ~   လူကုန်ကူးတဲ့သူတွေဘက်က ဘယ်လို ဆောင်ရွက်လာတာ တွေ့ရသလဲ။

 -  အခုနောက်ပိုင်းဆို လူကုန်ကူးတဲ့သူတွေက ကျေးရွာတွေဘက်မှာ သိပ် မလှုပ်ရှားတော့ဘူး၊ မြို့ဘက်ကို အာရုံပြောင်းလာပြီ၊
ဘာလို့ဆို မြို့ပေါ်မှာက ရှာရတာ ပိုလွယ်လာလို့လို့ ပြောရမယ်။  ဟိုတုန်းကလို ကျေးရွာတွေမှာ ရှာမယ်ဆို နယ်ခံအသိတွေရှိမှ စည်းရုံးလို့ရတာလေ၊
 အခုဆိုရင် လူကုန်ကူးမှု တိုက်ဖျက်ရေး ဆောင်ပုဒ်တွေက နေရာအနှံ့မှာ ရှိနေတော့ သတိထားစရာတွေ ဖြစ်လာတယ်။  
  မြို့ပေါ်မှာက အလုပ်အကိုင်အခွင့်အလမ်းတွေ ပေးမယ်၊ တယောက်နဲ့တယောက် ချိတ်ဆက်တာကလည်း လွယ်ကူတော့ မြို့ပေါ်မှာ အဖြစ်များလာတာ တွေ့ရတယ်။

 ~  လူကုန်ကူးမှု တိုက်ဖျက်ရေး အောင်မြင်ဖို့ဆိုရင် ဘာတွေလုပ်သင့်သလဲ။   

 -   လူကုန်ကူးမှု တိုက်ဖျက်ရေး အောင်မြင်ဖို့ကို တိုင်းတာတဲ့အခါမှာ များများဖမ်းရင်လည်း အဓိပ္ပာယ်က လူကုန်ကူးမှု များများဖြစ်တယ်လို့ ယူဆလို့ရတယ်။  
တချို့ကတော့   များများဖမ်းပြီး ထောင်ချနိုင်ရင် လုပ်ငန်းအောင်မြင်တယ်လို့ ပြောလို့ရတယ်ပေါ့ဗျာ။
 တဘက်ကပြန်ကြည့်ရင် ဒီလို အမှုများများ ဖမ်းနိုင်တော့ လူကုန်ကူးမှု များများဖြစ်လို့ အမှုဖြစ်တယ်ဆိုတဲ့ လက္ခဏာအညွှန်းကိန်း ဖြစ်နေတယ်။
 ကျွန်တော်တို့ အနေနဲ့တော့ အများကြီး ဖမ်းပြီး ထောင်ချနိုင်တာကို အောင်မြင်တယ်လို့ မယူဆဘူး။  
ကျွန်တော်တို့နိုင်ငံမှာ လူကုန်ကူးမှု ဖြစ်တဲ့ အကြောင်းအရင်းတွေကို ရှာပြီးတော့ ဒီဟာကို ဖြေရှင်းနိုင်သလား၊  ဒီလိုဖြေရှင်းနည်းဟာ လျော့ပါးသွားတယ်ဆိုရင် အောင်မြင်တယ်လို့ ယူဆတယ်၊  မလျှော့ချနိုင်ဘူးဆိုရင် မအောင်မြင်သေးဘူး ဒီအတိုင်းပဲ ဖြစ်နေဦးမယ်လို့ ယူဆပါတယ်။

 ~  အငြိမ်းစားယူပြီးနောက်ပိုင်း လူကုန်ကူးမှုတိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက်နေတာများ ရှိပါသလား။  

 -  လူကုန်ကူးမှု တိုက်ဖျက်ရေး ဖောင်ဒေးရှင်း အသင်း တည်ထောင်ဖို နိုင်ငံတကာ အဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး
လုပ်ဖို့ စီစဉ်နေပါတယ်။   အခု ဖောင်ဒေးရှင်းကတော့ လောလောဆယ်မှာ မှတ်ပုံတင်ထားဆဲပဲ ရှိသေးတယ်။
 အခု ကျွန်တော်တို့အသင်း အနေနဲ့ ဆင်းရဲနွမ်းပါးတဲ့သူတွေကို အခြေခံလိုအပ်ချက်များ ကူညီပေးနေတာတွေ၊ စခန်းတွေ ကူညီထောက်ပံ့တာတွေ ပြုလုပ်ပေးနေပါတယ်။
 ရောဂါဖြစ်ပွားနေတဲ့သူတွေ၊ ဆေးရုံမတင်နိုင်ရင် ကျွန်တော်တို့က ကူညီပြီး ကုသပေးနိုင်အောင် လုပ်ပေးနေပါတယ်။
လူမှုဝန်ထမ်း ဦးစီးဌာနနဲ့ ပူးပေါင်းပြီး အမေရိကန်နိုင်ငံက လှူဒါန်းတဲ့ အဟာရ ဆန်များကို အာဟာရ ချို့တဲ့တဲ့ ကလေးများကို ကျွေးမွေးနေပါတယ်။     

The Yangon Globe 

ရန်ကုန်မြို့နေအိမ်တွင် မကြာသေးမီက တွေ့ရသော အငြိမ်းစား ရဲမှူးကြီး ရာလျန်မုန်း (ဓာတ်ပုံ  - ရဲကိုကို / The Yangon Globe)
ရန်ကုန်မြို့နေအိမ်တွင် မကြာသေးမီက တွေ့ရသော အငြိမ်းစား ရဲမှူးကြီး ရာလျန်မုန်း (ဓာတ်ပုံ  - ရဲကိုကို / The Yangon Globe)
မြန်မာနိုင်ငံအတွင်း နေရာအနှံ့ ဖြစ်ပေါ်နေသည့် ပြဿနာများထဲတွင် လူကုန်ကူးမှုလည်း ပါဝင်သည်။ လူကုန်ကူးခံရသည့် ဖြစ်ရပ်များ မကြာခဏ ပေါ်ထွက်နေသော်လည်း ဤအကြောင်းအရာကို အလေးထား ဆွေးနွေးပြောဆိုမှုများ နည်းပါးနေသေးသည်။

ခေတ်မမီတော့သည့် လယ်ယာစိုက်ပျိုးရေးနည်းလမ်းများကို သုတေသနနှင့် တီထွင်စမ်းသပ်မှုများ၊ တိုးချဲ့ဝန်ဆောင်မှုများ ပြုလုပ်ခြင်းဖြင့် ကျော်လွှားနိုင်မည်

Photo: ခေတ်မမီတော့သည့် လယ်ယာစိုက်ပျိုးရေးနည်းလမ်းများကို သုတေသနနှင့်
တီထွင်စမ်းသပ်မှုများ၊ တိုးချဲ့ဝန်ဆောင်မှုများ ပြုလုပ်ခြင်းဖြင့် ကျော်လွှားနိုင်မည်
Friday, January 16, 2015

မြန်မာ နိုင်ငံစိုက်ပျိုးရေးတွင် ခေတ်နောက် ပြန်ဆွဲပြီး ခေတ်မမီတော့သည့် လယ် ယာစိုက်ပျိုးရေး နည်းလမ်းများကို ကျော်လွှားနိုင်စေရန် သုတေသနနှင့် တီထွင်စမ်းသပ်မှုများ၊ တိုးချဲ့ဝန်ဆောင် မှုများ ပြုလုပ်ခြင်းဖြင့် ကျော်လွှားနိုင် မည်ဖြစ်ကြောင်း စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့က အကြံပြုထားသည်။

ဇန်နဝါရီ ၁၄ရက်က ကုန်သည် စက်မှုအသင်းချုပ်တွင် Organization for Economic Co-Operation And Development (OECD), UNESCAP နှင့် Hanna Seidel Foundation တို့ ပူးပေါင်းပြုလုပ် သည့် 'OECD Muti-dimensional Review of Myanmar" ပွဲကို ကျင်း ပပြုလုပ်ခဲ့ပြီး စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ (OECD)၏ မြန်မာနိုင်ငံအပေါ် ဘက်ပေါင်းစုံမှ အသေးစိတ်လေ့လာ သုံးသပ်မှုနှင့် အကြံပြုချက်များကို ထုတ်ပြန်ခဲ့သည်။

OECD ၏ အကြံပြုချက်များ သည် တိုင်းပြည်ရဲ့ မူဝါဒချမှတ်ရေး ဆိုင်ရာကဏ္ဍအတွက် အထောက် အကူပြုစေနိုင်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံကော်မရှင်မှ အတွင်းရေး မှူး ဦးအောင်နိုင်ဦးက သုံးသပ်သည်။

ဦးအောင်နိုင်ဦးက ''သူတို့ ပေးတာက လက်တွေ့ကျတဲ့ ပေါ်လ စီ ဖြစ်ပါတယ်။ အစိုးရက သက်ဆိုင် ရာကဏ္ဍတွေမှာ သူတို့ရဲ့အကြံပြု ချက်တွေ သုံးပါတယ်။ ရည်ရွယ်ချက် ကတော့ တိုင်းပြည်ရဲ့ကဏ္ဍစုံကို သုံးသပ်ပြီးတော့မှ မူဝါဒတွေ ဘယ်လိုချမှတ်သင့်တယ်၊ ဘယ်လို ဆက်လက်ပြီးတော့ ပြုပြင်ပြောင်း လဲသင့်တယ်ဆိုတာကို ဖော်ထုတ် တင်ပြတဲ့ အစီရင်ခံစာ ဖြစ်ပါတယ်'' ဟု ဆိုသည်။

လက်ရှိ စိုက်ပျိုးရေးကဏ္ဍတွင် ကုန်ထုတ်လုပ်မှု တိုးတက်အောင်နှင့် ခေတ်မီအောင် လုပ်ဆောင်နိုင်ပါက ဒေသတွင်း အဓိကစိုက်ပျိုးရေး စား သောက်ကုန် ထုတ်လုပ်သည့် ကုန် သွယ်ရေးဗဟိုချက် ဖြစ်လာမည့် အ လားအလာရှိနေပြီး စိုက်ပျိုးရေး လုပ်ငန်းမဟုတ်သော ဝန်ဆောင်မှု လုပ်ငန်းများနှင့် အခြားလုပ်ငန်းများ နှင့် လိုက်ဖက်အောင် လုပ်ဆောင်စေ မည့် အချိတ် အဆက်များကို ဖန်တီး ပေးမည့် စိုက်ပျိုးရေးထုတ်ကုန် ပစ္စည်းကွင်းဆက်များ ဖြစ်ကြသည့် ပေးသွင်း၊ ကုန်ထုတ်လုပ်သူ၊ စားသုံး သူ အစရှိသော ဆက်စပ်လုပ်ငန်း အဆင့်တိုင်းတွင် အားပေးလုပ်ဆောင် သွားပါက စိုက်ပျိုးရေး ကဏ္ဍကို ခေတ်မီတိုးတက်စေရေးအတွက် တွန်း အားဖြစ်စေနိုင်ကြောင်း ဖော်ပြထား သည်။

စိုက်ပျိုးရေးဆိုင်ရာ နည်းပညာ နှင့် ကျွမ်းကျင်မှုများ တိုးချဲ့အသိ ပညာပေးမှုများကို ကြီးမားကျယ်ပြန့် အောင် လုပ်ဆောင်ခြင်းနှင့်တောင်သူ လယ်သမားများအား စိုက်ပျိုးရေး အသိပညာများပေးခြင်းတို့သည် ခေတ်မီလယ်ယာစိုက်ပျိုးရေး အလေ့ အကျင့်များအတွက် အထောက်အ ကူဖြစ်စေနိုင်ပြီး ကုန်ထုတ်လုပ်မှုကို တိုးတက်စေနိုင်သည်ဟု ဆိုသည်။

တိုးချဲ့အသိပညာပေးလုပ်ငန်း ကျွမ်းကျင်သူများ ရရှိရေးအတွက် သင်တန်းများအစဉ်မပြတ် ဖွင့်လှစ် သင်ကြားပေးခြင်း၊ ရာသီဥတုသတိ ပေးခြင်းများ၊ ဈေးကွက်တွင် ဖြစ် ပေါ်နေသည့် ဈေးနှုန်းအချက်အလက် များကို အင်တာနက်၊ ရေဒီယိုနှင့် စမတ်ဖုန်းများမှ ဖြန့်ဖြူးပေးပို့ခြင်း များကို တိုးချဲ့လုပ်ဆောင်ပေးခြင်း၊ အသိပညာပေး ဗဟုသုတနှင့် ကျွမ်း ကျင်မှုများကို လွှဲပြောင်းပေးရာတွင် တောင်သူတစ်ဦးမှ တစ်ဦးသို့ လက် ဆင့်ကမ်း နည်းလမ်းများ အသုံးပြုမှု ကို တိုးချဲ့လုပ်ဆောင်ပေးခြင်း၊ အခ ကြေးငွေပေးရန် လိုအပ်သည့် နည်း ပညာအကူအညီ အမျိုးအစားများ အတွက် ပူးပေါင်းပေးချေသည့် စနစ် ကို အသုံးပြုခြင်း၊ တိုးချဲ့အသိပညာပေး ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ဆောင် ပေးရာတွင် အစိုးရ၏ကြီးကြပ်ကွပ်ကဲ မှုဖြင့် ပြည်သူနှင့် ပုဂ္ဂလိကတို့ ပါဝင် လုပ်ဆောင်သည့် နည်းလမ်းများဖြင့် ချမှတ်လုပ်ဆောင်ခြင်းများ ပါဝင် ကြောင်း ဖော်ပြထားသည်။

Yangon Media Group
မြန်မာနိုင်ငံစိုက်ပျိုးရေးတွင် ခေတ်နောက် ပြန်ဆွဲပြီး ခေတ်မမီတော့သည့် လယ် ယာစိုက်ပျိုးရေး နည်းလမ်း များ ကို ကျော်လွှားနိုင်စေရန် သုတေသနနှင့် တီထွင်စမ်းသပ်မှုများ၊ တိုးချဲ့ဝန်ဆောင် မှုများ ပြုလုပ်ခြင်းဖြင့် ကျော်လွှားနိုင် မည်ဖြစ်ကြောင်း စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့က အကြံပြု ထားသည်။

လေ့လာတွေ့ရှိချက်အရ ဆဲဆိုခြင်းဟာ စိတ်တွေ မွန်းကျပ်လာတဲ့ အခါ ကောင်းတဲ့ ဖြေလျှော့ခြင်း တစ်ရပ်အဖြစ် သိရ

Photo: လေ့လာတွေ့ရှိချက်အရ ဆဲဆိုခြင်းဟာ စိတ်တွေ မွန်းကျပ်လာတဲ့ အခါ ကောင်းတဲ့ ဖြေလျှော့ခြင်း တစ်ရပ်အဖြစ် သိရ
Friday, January 16, 2015

တစ်ခါတစ်လေ ဒေါသအကြီးအကျယ် ထွက်လာတဲ့အခါ၊ စိတ်ထဲကြိတ်နိုင်ခဲမရဖြစ်တဲ့အခါ ပါးစပ်က ဆဲဆိုမိသွားတာမျိုးတွေ ကြုံဖူးမှာပါ။ ထိန်းထားရက်နဲ့ ပါးစပ်က လွှတ်ခနဲထွက်သွားတာမျိုးတွေ ဖြစ်တဲ့အခါ ငါ့ကို ဘေးပတ်ဝန်းကျင်က ဘယ်လိုထင်တော့မလဲ၊ အမေကြားသွားလို့ ဆူခံရတော့မလား၊ ဒါမှမဟုတ် ငါ့ကိုဘေးကလူတွေက ပညာတတ်မဟုတ်ဘူး၊ အဆင့်မရှိဘူးလို့ ထင်မလားဆိုပြီး တွေးစရာရှိပါတယ်။ ဒါပမေယ့် လေ့လာတွေ့ရှိချက်တွေအရတော့ ခုလို ဆဲဆိုလိုက်ခြင်းဟာ သင့်စိတ်ထဲမှာ မွန်းကျပ်နေတဲ့အရာတွေကို အားလုံးမဟုတ်တောင် သုံးပုံနှစ်ပုံလောက် ပြေလျော့သွားစေသလို ဒီ့ထက်ပိုဆိုးတဲ့ အကျိုးဆက်တစ်ခုခု ဖြစ်လာဖို့ကိုလည်း လျှော့ချလိုက်တယ်လို့ ဆိုပါတယ်။

ဒါကို တရားဝင်ပြောဆိုလိုက်တာကတော့ Keele တက္ကသိုလ်က လေ့လာစမ်းသပ်သူတွေဖြစ်ပြီး ဆဲဆိုလိုက်ခြင်းအားဖြင့် သင့်ရဲ့စိတ်နဲ့ကိုယ် နှစ်ခုစလုံးမှာ ခံစားနေရတဲ့ နာကျင်မှုကိုတောင် လျော့ကျသွားစေပါတယ်တဲ့။ ဒါကိုလေ့လာတဲ့အခါ ရေခဲတမျှကို အေးစက်နေတဲ့ ရေဗုံးထဲကို လက်တွေစိမ်ခိုင်းပြီး စမ်းသပ်ခဲ့တာပါ။ အဲ့ဒီမှာ တစ်ဝက်လောက်နီးပါးက အေးစက်နေတဲ့ရေကို မခံနိုင်တာကြောင့် ပါးစပ်က ဆဲဆိုလိုက်တာကို ကြားရပါတယ်။ တစ်ချို့ကတော့ ဘာသံမှမထွက်ပဲ ကြိတ်မှိတ်ခံနေကြပါတယ်။ အဲ့ဒီနောက်သိလိုက်ရတာက  ဆဲဆိုလိုက်တဲ့ အဖွဲ့ဟာ ဒီဒုက္ခကို ပိုကြာရှည်စွာ သည်းခံနေနိုင်ကြပါတယ်။ ဒါပေမယ့် ခုနငြိမ်ပြီး ဘာသံမှမထွက်တဲ့အဖွဲ့ကတော့ သူတို့လက်တွေကို ရေထဲက ထုတ်ပြီး မခံနိုင်တော့ကြောင်း ပြောလာတာကို တွေ့ရတာပါပဲ။

ဒ့ါအပြင် စိတ်ခံစားချက်အပိုင်းမှာလည်း ဒီလိုပါပဲ။ တစ်ခါတစ်လေ စိတ်ထဲတင်းကျပ်လာတဲ့အခါ ဆဲဆိုလိုက်တာမျိုးက စိတ်ထွက်ပေါက်ဖြစ်တတ်ပါတယ်လို့ ယူကေလေ့လာတွေ့ရှိချက်အရသိရပါတယ်။ ဒါပေမယ့် အလွန်အကျူးတော့ မဖြစ်စေဖို့လည်း သတိပေးထားပါသေးတယ်။

နောက်ထပ်တွေ့ရှိချက်တစ်ရပ်ကတော့ လူတွေရဲ့စိတ်ခံစားချက်ကို နှိုးဆွပေးလိုက်တဲ့အခါ သူတို့ပါးစပ်က ထွက်လာတဲ့အရာတွေဟာ ပြောနေကျပုံစံစကားလုံးတွေနဲ့ ကွဲထွက်သွားပြီး နောက်ထပ်ဝေါဟာရအသစ်တွေ ထွက်လာတာပါတဲ့။ ဆဲတယ်ဆိုရင်တောင် အရင်နဲ့မတူတဲ့ ပုံစံအသစ်၊ စကားလုံးအသစ်တွေနဲ့ ဆဲဆိုလာကြပါတယ်။ ဒီတော့ ခုလိုပြောဆိုလာတဲ့စကားလုံး၊ ဆဲဆိုလာတဲ့စကားလုံးအသစ်တွေကို ကြည့်ခြင်းအားဖြင့် ဒါဟာ စိတ်ခံစားချက်ကိုလိုက်တဲ့ ဘာသာရပ်လို့ ခေါ်ဆိုနိုင်ပါသေးတယ်။ ဒါတင်မကသေးပါဘူး။ တစ်ခါတစ်လေ နာကျင်မှုကနေ ရုန်းထွက်ဖို့ ကိုယ့်ဘက်က ပြောဆိုလိုက်တဲ့အခါ၊ ပြောရမယ့်အချိန်အခါနဲ့ကွက်တိ အော်လိုက်တာ၊ ဆဲမိလိုက်တာတွေကလည်း ကိုယ့်ရဲ့ယုံကြည်မှု၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးပွားအောင် လုပ်ပေးနိုင်သေးတယ်လို့ သိရပါတယ်။

Ref:cosmopolitan.com
Trend Myanmar
တစ်ခါတစ်လေ ဒေါသအကြီးအကျယ် ထွက်လာတဲ့အခါ၊ စိတ်ထဲကြိတ်နိုင်ခဲမရဖြစ်တဲ့အခါ ပါးစပ်က ဆဲဆိုမိ သွားတာမျိုးတွေ ကြုံဖူးမှာပါ။ ထိန်းထားရက်နဲ့ ပါးစပ်က လွှတ်ခနဲထွက်သွားတာမျိုးတွေ ဖြစ်တဲ့အခါ ငါ့ကို ဘေးပတ်ဝန်းကျင်က ဘယ်လိုထင်တော့မလဲ၊ အမေကြားသွားလို့ ဆူခံရတော့မလား၊ ဒါမှမဟုတ် ငါ့ကို ဘေးကလူတွေက ပညာတတ်မဟုတ်ဘူး၊ အဆင့်မရှိဘူးလို့ ထင်မလားဆိုပြီး တွေးစရာရှိပါတယ်။ ဒါပမေယ့် လေ့လာတွေ့ရှိချက်တွေအရတော့ ခုလို ဆဲဆိုလိုက်ခြင်းဟာ သင့်စိတ်ထဲမှာ မွန်းကျပ်နေတဲ့ အရာတွေကို အားလုံးမဟုတ်တောင် သုံးပုံနှစ်ပုံလောက် ပြေလျော့သွားစေသလို ဒီ့ထက်ပိုဆိုးတဲ့ အကျိုးဆက်တစ်ခုခု ဖြစ်လာဖို့ကိုလည်း လျှော့ချလိုက်တယ်လို့ ဆိုပါတယ်။

ပညာရေး ဘတ်ဂျက် တိုးမြှင့်ရေးနှင့် ကျောင်းထုတ်ခံ ကျောင်းသားများ ပြန်လည် တက်ရောက်ခွင့် တောင်းဆို

ပညာရေး အသုံးစရိတ်ကို တစ်နိုင်ငံလုံး အသုံး စရိတ်၏ (၂၀) ရာခိုင်နှုန်း သတ်မှတ်ရေးနှင့် အရေးအခင်း ကြောင့် ကျောင်းထုတ်ခံရသည့် ကျောင်းသားများ ပြန်လည်တက်ရောက်ခွင့်အပါအ၀င် အချက် (၁၁) ချက် ကို ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ယမန်နေ့ကထုတ်ပြန်တောင်းဆိုခဲ့သည်။

အိန္ဒိယဝန်ကြီးချုပ်မိုဒီအား တရားစွဲဆိုထားမှု အမေရိကန်တရားရုံးပယ်ဖျက်

Photo: အိန္ဒိယဝန်ကြီးချုပ်မိုဒီအား တရားစွဲဆိုထားမှု အမေရိကန်တရားရုံးပယ်ဖျက်
Friday, January 16, 2015

၂ဝဝ၂ခုနှစ် ဂူဂျာရက် အဓိက ရုဏ်းဖြစ်ပွားစဉ်က လူသားချင်းစာ နာထောက်ထားမှု မရှိသော ရာဇဝတ် မှုများကြောင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီ အား တရားစွဲဆိုမှုကို အမေရိကန် တ ရားသူကြီးက ပယ်ဖျက်လိုက်ကြောင်း BBC သတင်းများအရ သိရသည်။

နယူးယောက်အခြေစိုက်တရား ရုံးသည် မစ္စတာမိုဒီအား လွတ်ငြိမ်း ခွင့်ပေးရေး အတည်ပြုပေးလိုက်သည်။ ဂူဂျာရက်တွင် ဘာသာရေးအဓိက ရုဏ်းဖြစ်ပွားမှုကြောင့် မူဆလင်အ များအပြား အဆိုပါအဓိကရုဏ်းသည် ဂူ ဂျာရက်တွင် ဟိန္ဒူဘုရားဖူး ၅၉ဦး သေဆုံးခဲ့သော ရထားတစ်စင်း မီး လောင်ကျွမ်းရာမှ စတင်ခဲ့ခြင်းဖြစ် သည်။

ထိုအချိန်က မိုဒီသည် ဂူဂျာ ရက်၏ ဝန်ကြီးချုပ်အဖြစ် တာဝန် ထမ်းဆောင်နေသည်။ ၄င်းသည် အဓိကရုဏ်းဖြစ်ပွားမှုနှင့် ပတ်သက် ၍ အရေးယူရန် ပျက်ကွက်ကြောင်း လူ့အခွင့်အရေးအဖွဲ့က ပြောသည်။

မစ္စတာမိုဒီသည် ၄င်းအပေါ် တရား စွဲဆိုမှုများကို ငြင်းဆိုခဲ့ပြီး အိန္ဒိယ တရားရုံးကလည်း ပြစ်မှုအားလုံးကို ပယ်ချခဲ့သည်။

Ref: BBC
Democracytoday
၂ဝဝ၂ခုနှစ် ဂူဂျာရက် အဓိက ရုဏ်းဖြစ်ပွားစဉ်က လူသားချင်းစာ နာထောက်ထားမှု မရှိသော ရာဇဝတ် မှုများကြောင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီအား တရားစွဲဆိုမှုကို အမေရိကန် တရားသူကြီးက ပယ်ဖျက်လိုက် ကြောင်း BBC သတင်းများအရ သိရသည်။

Apple Pay စနစ်ကို အမေရိကန်ဘဏ်(Bank of America) တစ်ခုတည်းမှာပင် 1.1 မီလီယံအထိ အသုံးပြုနေ

Photo: Apple Pay စနစ်ကို အမေရိကန်ဘဏ်(Bank of America) တစ်ခုတည်းမှာပင် 1.1 မီလီယံအထိ အသုံးပြုနေ
Friday, January 16, 2015

အမေရိကန်ဘဏ်(Bank of America) ဟာ Apple Pay ရဲ့ အဓိက ပါတနာဘဏ် တစ်ခု ဖြစ်ပြီး အဆိုပါဘဏ်တစ်ခုတည်းကနေ Apple ရဲ့ Apple Pay ငွေပေးချေမှုစနစ်ကို အသုံးပြုသူပေါင်း ၈ သိန်းကျော်ရှိပြီး အဆိုပါ ရလဒ်များ အရ အမေရိကန်ဘဏ် (Bank of America) တစ်ခုတည်းမှာပင် Apple Pay ငွေပေးချေမှု စနစ်ကို အသုံးပြုသည့် ကဒ်အရေအတွက် ၁.၁ မိလီယံကျော်ရှိ တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

အဆိုပါ Apple Pay ငွေပေးချေမှုနစ်ဟာ တစ်ဖြည်းဖြည်းနှင့် အသုံးပြုသူ အရေအတွက် တိုးပွားလာနေပြီး အခြားငွေပေးချေမှုစနစ်ကို အသုံးပြုတဲ့ စတိုးတွေနဲ့ပါ ချိတ်ဆက်လာပါပြီ။ ကယ်လီဖိုးနီး ယားပြည် နယ် မြောက် ဘက်ပိုင်း နှင့် နီဗားဒါးပြည်နယ်တို့မှာ ရှိတဲ့ အမေရိကန်ရဲ့ Super Market တွေဖြစ်သော Lucky , Save Mart နှင့် FoodMaxx တို့လို ဆိုင်တွေ မှာတောင် Apple Pay ငွေပေးချေမှုကို စတင်လက်ခံနေပြီလို့ဆိုပါတယ်။

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းမှာ L & N Federal Credit Union, UW Credit Union နှင့် M & T Bank တို့အပါအ၀င် အခြားသော ဘဏ် ၂၃ ခုထက်မနည်း မှာလဲ အဆိုပါ Apple Pay ငွေပေးချေမှုစနစ်ကို စတင်လက်ခံ အသုံးပြုနေပြီဖြစ် ပါတယ်။

Ref : GSM ARENA
Yangon Media Group
အမေရိကန်ဘဏ်(Bank of America) ဟာ Apple Pay ရဲ့ အဓိက ပါတနာဘဏ် တစ်ခုဖြစ်ပြီး အဆိုပါ ဘဏ်တစ်ခုတည်းကနေ Apple ရဲ့ Apple Pay ငွေပေးချေမှုစနစ်ကို အသုံးပြုသူပေါင်း ၈ သိန်းကျော်ရှိပြီး အဆိုပါရလဒ်များအရ အမေရိကန်ဘဏ် (Bank of America) တစ်ခုတည်းမှာပင် Apple Pay ငွေပေးချေမှု စနစ်ကို အသုံးပြုသည့် ကဒ်အရေအတွက် ၁.၁ မိလီယံကျော်ရှိ တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

လူကုန်ကူးခံရသူများ၏ အခွင့်အရေးပိုမိုရရှိရေး အလုပ်ရုံဆွေးနွေး

Photo: လူကုန်ကူးခံရသူများ၏ အခွင့်အရေးပိုမိုရရှိရေး အလုပ်ရုံဆွေးနွေး
Friday, January 16, 2015

လူကုန်ကူး ခံရသူများ၏အခွင့်အရေးများ ပိုမိုရ ရှိရေး၊ တရားစီရင်ရေးကဏ္ဍတွင် သက်သေအဖြစ် ပိုမိုပူးပေါင်းပါဝင် လာနိုင်ရေးတို့ကိုရည်ရွယ်ကာ ပထမ အကြိမ်မြောက်လူကုန်ကူးခံရသူများ ၏အခွင့်အရေးနှင့်တရားရုံးလုပ်ငန်း စဉ်များအသိပေးရေးဆိုင်ရာအလုပ် ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့သည်။

ဇန်နဝါရီ ၁၅ရက်တွင် ရန်ကုန် မြို့ရှိ မီကာဆာဟိုတယ်တွင် လူကုန် ကူးမှုတားဆီးကာကွယ်ရေးဗဟိုအ ဖွဲ့ဦးဆောင်မှုဖြင့် သြစတြေးလျ- အာရှ လူကုန်ကူးမှုတိုက်ဖျက်ရေး စီမံကိန်း AAPTIP မှ ကျင်းပပြုလုပ် ခဲ့ခြင်းဖြစ်ပြီး လူကုန်ကူးမှု တိုက်ဖျက် ရေးလုပ်ငန်းများကို အမျိုးသားအ ဆင့်ငါးနှစ် စီမံကိန်းရေးဆွဲအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိ ကြောင်း ရန်ကုန်တိုင်းဒေသကြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေး အဖွဲ့မှသိရသည်။

ရန်ကုန်တိုင်းလူကုန်ကူးမှုတား ဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ် ကျော်ကျော်က''လူကုန်ကူးမှုတိုက် ဖျက်ရေးလုပ်ငန်းကို ၂ဝဝ၇ခုနှစ်က တည်းကစပြီး အမျိုးသားရေးတာ ဝန်တစ်ရပ်အဖြစ်သတ်မှတ်ပြီး အမျိုး သားအဆင့်ငါးနှစ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ တာပါ။ အခုဒုတိယငါးနှစ်စီမံကိန်း ရဲ့စတုတ္ထနှစ်ကိုရောက်ရှိပါပြီ၊ အားလုံး ပူးပေါင်း ပါဝင်ဆောင်ရွက်မှုကြောင့် မြန်မာနိုင်ငံရဲ့လူကုန်ကူးမှုတိုက်ဖျက် ရေးလုပ်ငန်းစဉ်က မဲခေါင်မြစ်ဝှမ်း ဒေသအတွင်းနိုင်ငံတွေနဲ့အာဆီယံ ဒေသအတွင်းနိုင်ငံတွေမှာ စံနမူ နာတစ်ရပ်အဖြစ်ရပ်တည်နိုင် တာပါ''ဟု ပြောသည်။

ယခုလုပ်ဆောင်လျက်ရှိသည့် ငါးနှစ်စီမံကိန်း၏မူဝါဒနှင့်ပူးပေါင်း ဆောင်ရွက်ရေး၊ ကြိုတင်ကာကွယ် တာဆီးရေး၊ တရားစွဲဆိုရေး၊ လူကုန် ကူးခံရသူများအား ကာကွယ်စောင့် ရှောက်ရေးနှင့်စွမ်းရည်မြှင့်တင်ရေး၊ ဆိုသည့်ကဏ္ဍကြီးငါးရပ်ကို လူကုန် ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ကြီး ကြပ်ကွပ်ကဲမှုအောက်ရှိ လုပ်ငန်းကော် မတီများ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များရှိ လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့များ၊ (NGOs)၊ (INGOs)များ၊ ကုလ သမဂ္ဂအဖွဲ့စည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများဖြင့်ပူးပေါင်းကာ အ ကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိကြောင်း ဦးမြတ်ကျော်ကျော်က ဆိုသည်။

အဆိုပါဆွေးနွေးပွဲတွင် လူကုန် ကူးခံရသူများ၏အခွင့်အရေးများပို မိုရရှိနိုင်ရန်၊ တရားရေးကဏ္ဍများ တွင်ပိုမိုပူးပေါင်းပါဝင်နိုင်ရန်နှင့်ဥပဒေ ကိုနားလည်နိုင်ရန် စသည့် လူကုန်ကူး ခံရသူများအတွက် တိုးမြှင့်လုပ်ဆောင် ပေးနိုင်မည့် လုပ်ငန်းစဉ်များကို ဆွေး နွေးသွားမည်ဖြစ်သည်။

Yangon Media Group
လူကုန်ကူး ခံရသူများ၏အခွင့်အရေးများ ပိုမိုရရှိရေး၊ တရားစီရင်ရေးကဏ္ဍတွင် သက်သေအဖြစ် ပိုမို ပူးပေါင်း ပါဝင်လာနိုင်ရေးတို့ကိုရည်ရွယ်ကာ ပထမအကြိမ်မြောက်လူကုန်ကူးခံရသူများ ၏အခွင့်အရေးနှင့် တရားရုံးလုပ်ငန်း စဉ်များအသိပေးရေးဆိုင်ရာအလုပ် ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့သည်။

ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ပြန်လည်ဖွဲ့စည်း ကျောင်းတွင်း ဖြစ်ပေါ်နေသည့် ကိစ္စများ သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးပေးစေလို

Photo: ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ပြန်လည်ဖွဲ့စည်း ကျောင်းတွင်း ဖြစ်ပေါ်နေသည့် ကိစ္စများ သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးပေးစေလို
Friday, January 16, 2015

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ များအဖွဲ့ချုပ် ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂပြန်လည် ဖွဲ့စည်းခြင်းကို ဇန်နဝါရီ ၁၅ရက် နံနက် ၁၁နာရီက မန္တလေးမြို့ ရတနာပုံတက္ကသိုလ်စာကြည့်တိုက်ရှေ့ မျက်နှာစာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရတနာပုံ ဗ.က.သအဖွဲ့တွင် အဖွဲ့ဝင် ၃၀ဝကျော်ရှိပြီး အလုပ်အမှုဆောင် သစ်ပြန်လည်ရွေးကောက် တင်မြှောက်မှုကိုပြုလုပ်ခဲ့သည်။ ရတနာ ပုံကျောင်းတွင် မိန်းတံခါးဖွင့်ပေး ရန်၊ ကျောင်းသို့လာရောက်သည့်ကားများ ရပ်နားသည့်နေရာစီစဉ်ပေးရန်၊ သင်ထောက်ကူပစ္စည်းများ ပြန်လည်ဖြည့် ဆည်းပေးရန်၊ ကျောင်း တွင်းပညာရေးဆိုင်ရာဟောပြောခြင်း၊ ဆွေးနွေးခြင်း များ ပြုလုပ်ခွင့်ရရှိ ရန်နှင့်ကျောင်းသားအခွင့်အရေးအပြည့်အဝ ရရှိရန်အတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

''ကျောင်းတွင် ဓမ္မာရုံဆောက်ရန် နှစ်စဉ်ကျောင်းသားတစ်ဦးကို ကျပ် ၄၀၀ဝကောက်တယ်၊ ယခုနှစ် က ကျပ် ၂၀၀ဝကောက်တယ်၊ ယခု နှစ်ထိစုစုပေါင်းရရှိငွေသွားမေးတာ ကျပ်သိန်း ၇၀ဝကနေမတက်တော့ ဘူး၊ ကျောင်းတွင် သင်ထောက်ကူ ပစ္စည်းမပြည့်စုံတာတွေက နိုင်ငံ တော်ကချထားမပေးတာလား၊ ကြား ထဲကပျောက်နေတာလားမသိပါဘူး၊ ဘီးစတန့်/ကန်တင်းကရတဲ့ရန်ပုံ ငွေတွေ ဘယ်နေရာမှာအသုံးချနေ လဲမသိတော့ပါဘူး၊ ကျောင်းတွင်း ခြစားမှုတွေရှိနေတယ်၊ သက်ဆိုင် ရာက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ် ပြီးအရေးယူမှုတွေ ဆောင်ရွက်ပေးစေ ချင်ပါတယ်''ဟု ရတနာပုံကျောင်း သားသမဂ္ဂမှဥက္ကဋ္ဌက ပြောကြားသည်။

ရတနာပုံ ဗ.က.သအဖွဲ့မှ တောင်းဆိုထားသည့် အချက်အလက်များအား လက်ရှိအချိန်ထိ အကောင် အထည်ဖော်ပေးနိုင်ခြင်းမရှိသည့်အတွက် အချိန်အတိုင်းအတာတစ်ခုထိ လုပ်ဆောင်ပေးမှုရှိ၊ မရှိ လိုက်လျောပေးမှု အပေါ်မူတည်၍ ကျောင်းတွင်း အရှိန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်သည်။

AXE
Democracytoday
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂများအဖွဲ့ချုပ် ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ပြန်လည်ဖွဲ့စည်းခြင်းကို ဇန်နဝါရီ ၁၅ရက် နံနက် ၁၁နာရီက မန္တလေးမြို့ ရတနာပုံတက္ကသိုလ် စာကြည့် တိုက်ရှေ့ မျက်နှာစာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အမေရိကန်လွှတ်တော် အဆောက်အအုံကို တိုက်ခိုက်ရန် စီစဉ်သူကို FBI ဖမ်းဆီး

Photo: အမေရိကန်လွှတ်တော် အဆောက်အအုံကို တိုက်ခိုက်ရန် စီစဉ်သူကို FBI ဖမ်းဆီး
Friday, January 16, 2015

အမေရိကန်ပြည်ထောင်စု ကက်ပီတော် လွှတ်တော်ကို အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်ခဲ့သည်ဟု သံသယရှိခြင်းခံရသူ တစ်ဦးကို အမေရိကန် အက်ဖ်ဘီအိုင်က အိုဟိုင်းယိုးမြို့တွင် ဖမ်းဆီး ထိန်းသိမ်းလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။

ကက်ပီတော်လွှတ်တော်ကို အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်သည်ဟု သံသယဖြစ်ခြင်း ခံရသူမှာ ခရစ္စတိုဖာကောနယ်လ် (၂၀ နှစ်) ဖြစ်ပြီး ၎င်းသည် အစ္စလာမ္မစ်နိုင်ငံတော် (IS) အုပ်စုကို ထောက်ခံသူတစ်ဦး ဖြစ်သည်။

ခရစ္စတိုဖာကောနယ်လ်သည် IS အုပ်စုကို ထောက်ခံသည့် စာများကို Tweeter စာမျက်နှာတွင် ရေးသားဖော်ပြခဲ့ပြီးနောက် အမေရိကန် အက်ဖ်ဘီအိုင်၏ မျက်စိဒေါက်ထောက်ကြည့်ခြင်း ခံခဲ့ရသည်။

၎င်းကို ဖမ်းဆီးရန် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်စဉ် ကာလအတွင်း အမေရိကန် ပြည်သူများအကြား အန္တရာယ် တစ်စုံတစ်ရာ ကျရောက်ခဲ့ခြင်း မရှိကြောင်း အထူးအေးဂျင့်တစ်ဦး ဖြစ်သော ဂျွန်ဘာရစ်က ပြောကြားသည်။

ခရစ္စတိုဖာကောနယ်လ်၏ ဖခင်ဖြစ်သူက ၎င်း၏သား အနေနှင့် ဂျီဟတ်စစ်ပွဲနှင့် ပတ်သက်၍ အများပြည်သူများ ဒေါသဖြစ်စေမည့် စားသာများ ရေးသားကောင်း ရေးသားခဲ့နိုင်သော်လည်း ကက်ပီတော်ကို တိုက်ခိုက်ရန်အထိ စွမ်းဆောင်နိုင်သူတစ်ဦး မဟုတ်ကြောင်း ပြောကြားသည်။

ခရစ္စတိုဖာကောနယ်လ်သည် အထက်တန်းကျောင်းမှ အထုတ်ခံလိုက်ရပြီးနောက် အစ္စလာမ်ဘာသာသို့ ကူးပြောင်းသွားမှုသာ လုပ်ဆောင်ခဲ့ကြောင်း ဖခင်ဖြစ်သူ ဂျွန်ကောနယ်လ်က ပြောကြားသည်။

“အခုလို အကြမ်းဖက်မယ့် လုပ်ရပ်မျိုး လုပ်ဆောင်နိုင်မယ့် အခြေအနေမျိုး သူ့မှာ မရှိပါဘူး။ အဲဒီလို အကြမ်းဖက်မယ်လို့ ကျွန်တော့်ကိုရော၊ သူ့အမေကိုပါ တစ်ခါမှ မပြောဖူးပါဘူး။ သူက အမေချစ်တဲ့ သားတစ်ယောက်ပါ၊ ဘာမဆို သူ့အမေကို ပြောလေ့ရှိတယ်” ဟု ၎င်းက ပြောကြားသည်။

ခရစ္စတိုဖာကောနယ်လ်သည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က လက်နက်ခဲယမ်းများ ဝယ်ယူခဲ့ပြီးနောက် ဖမ်းဆီးထိန်းသိမ်း ခံလိုက်ရခြင်း ဖြစ်ကြောင်း၊ ၎င်း၏နောက်ကို ထောက်လှမ်းရေးအေးဂျင့် တစ်ဦးက အမြဲပင်တစေ နောက်ယောင်ခံ လိုက်နေခဲ့ခြင်း ဖြစ်ကြောင်း အက်ဖ်ဘီအိုင်မှ တာဝန်ရှိသူများက ဆိုသည်။

၎င်းသည် Tweeter စာမျက်နှာတွင် ရာဟီးမာရစ်အူဘာဒါ ဟူသည့် အမည်ဖြင့် အကောင့်တစ်ခု ဖွင့်ခဲ့ပြီးနောက် အက်ဖ်ဘီအိုင်၏ အာရုံစိုက်ခြင်း ခံခဲ့ရသည်။

Tweeter စာမျက်နှာတွင် လျှို့ဝှက်စွာ ပြောဆိုခဲ့သော စကားများအရ ၎င်းသည် အစ္စလာမ္မစ်နိုင်ငံတော် (IS) ခေါင်းဆောင်များထံမှ အကြမ်းဖက်တိုက်ခိုက်ရန် ညွှန်ကြားချက် မရရှိခဲ့သော်လည်း ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ဂျီဟတ်စစ်ပွဲ ဆင်နွှဲမည် ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ စကားကို အက်ဖ်ဘီအိုင်၏ သတင်းပေးတစ်ဦးကို ပြောဆိုမိခဲ့ခြင်း ဖြစ်သည်ဟု စွဲချက်မှတ်တမ်းများအရ သိရသည်။

The Voice Weekly
အမေရိကန်ပြည်ထောင်စု ကက်ပီတော် လွှတ်တော်ကို အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်ခဲ့သည်ဟု သံသယ ရှိခြင်းခံရသူ တစ်ဦးကို အမေရိကန် အက်ဖ်ဘီအိုင်က အိုဟိုင်းယိုးမြို့တွင် ဖမ်းဆီး ထိန်းသိမ်းလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။

စိုက်ပျိုးရေး ကဏ္ဍမှ အလုပ်အကိုင် ၆၀ ရာခိုင်နှုန်းရရှိသော်လည်း လုပ်အားခ၀င်ငွေမှာ အိမ်နီးချင်း နိုင်ငံများတွင် အနိမ့်ဆုံးဖြစ်နေ

Photo: စိုက်ပျိုးရေး ကဏ္ဍမှ အလုပ်အကိုင် ၆၀ ရာခိုင်နှုန်းရရှိသော်လည်း လုပ်အားခ  ၀င်ငွေမှာ အိမ်နီးချင်း နိုင်ငံများတွင် အနိမ့်ဆုံးဖြစ်နေ
Friday, January 16, 2015

မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးကဏ္ဍမှ အလုပ်အကိုင်ရရှိမှုသည် ၆၀ ရာခိုင်နှုန်း အထိရှိသော်လည်း စိုက်ပျိုး ရေးကဏ္ဍများမှ လုပ်သားများ ရရှိသောဝင်ငွေသည် အိမ်နီးချင်း အာရှနိုင်ငံများအနက် အနိမ့်ဆုံးဝင်ငွေ ဖြစ်နေသည်ဟု အိုအီးစီဒီ၏ မြန်မာနိုင်ငံအပေါ် ဘက်ပေါင်းစုံမှ ပြန်လည်သုံးသပ် ချက်အစီရင်ခံစာ၌ သုံးသပ်ဖော်ပြထားသည်။

စိုက်ပျိုးရေးကဏ္ဍသည် နိုင်ငံ၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ) ၏ ၃၂ ရာခိုင်နှုန်း အထိရှိပြီး ပြည်ပပို့ကုန် ဝင်ငွေ၏ ၂၀ ရာခိုင်နှုန်းအထိ ရရှိနေသည့် ကဏ္ဍဖြစ်သည်။ သို့သော် စိုက်ပျိုးရေးကဏ္ဍ တွင် အလုပ်အကိုင်ရရှိမှုနှင့် ကုန်ထုတ်လုပ် မှုပမာဏအကြား ကွာဟမှုသည် အလုပ်သမားတို့၏ ကုန် ထုတ်စွမ်းအားနိမ့်ကျမှုကို ဖြစ်စေသည်။

ထိုသို့သော အကြောင်းများကြောင့် စိုက်ပျိုးရေးကဏ္ဍမှ ရရှိသောဝင်ငွေများ နိမ့်ကျနေမှုကို ထင်ဟပ်စေပြီး စိုက်ပျိုးရေးကဏ္ဍမှ ရရှိသောဝင်ငွေသည် ပျမ်းမျှအားဖြင့် တစ်ဦးလျှင် တစ်နှစ်ဝင်ငွေ ကန်ဒေါ်လာ ၂၀၀ ခန့်သာရှိနေသည်ဟု အိုအီးစီဒီက ဆိုသည်။

လယ်ယာအများစုကို ဝမ်းစာဖူလုံရုံမျှသာ စိုက်ပျိုးနေကြရပြီး လယ်လုပ်သူ လယ်ယာပိုင်ဆိုင်မှုမှာလည်း နိမ့်ကျလျက် ရှိသည်။ ကျေးလက်ဒေသများအတွက် ဝင်ငွေမြှင့် တင်ပေးရေးအတွက် စိုက်ပျိုးရေး ကုန်ထုတ်လုပ်မှုကို တိုးမြှင့်ထုတ်လုပ်ရန် လိုအပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ အဓိကသီးနှံဖြစ်သော ဆန်စပါးထုတ်လုပ်မှု နိမ့်ကျလျက်ရှိနေသည်ဟု အိုအီးစီဒီက မြန်မာ့စိုက်ပျိုးရေး ကဏ္ဍကို သုံးသပ်ထားသည်။

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန်သီးနှံအများအပြားကို ပြည်ပသို့ တင်ပို့နိုင်မည့် အလားအလာများ ရှိနိုင်သော်လည်း အခြေခံ အဆောက်အအုံ မလုံလောက်မှုက တိုးတက်မှုကို အဟန့်အတားဖြစ်စေလျက် ရှိသည်။

လျှပ်စစ်နှင့် ဆက်သွယ်ရေးစနစ်များ၊ လမ်းပန်းဆက်သွယ်ရေး စသည့် သယ်ယူ ပို့ဆောင်ရေးဆိုင်ရာကဏ္ဍ များကို အဆင့်မြှင့်တင်ရန် လိုအပ်နေပြီး တိုးတက်မှုအတွက် အကန့်အသတ်ဖြစ်စေသည့်အချက်များသည် စိုက်ပျိုးရေးထုတ်ကုန်များကို အဓိကလုပ်ကိုင်နေသည့် ကျေးလက်ဒေသများတွင် ပိုမိုဆိုးရွားလျက်ရှိ နေသည်။

အစိုးရက ပေးဝေနေသည့် လျှပ်စစ်ဓာတ်အားအစား ပုဂ္ဂလိကပိုင်းက လောင်စာသုံး လျှပ်စစ်ဓာတ်အားများကို အစားထိုး အသုံးပြုနေ ရခြင်းများသည် ရင်းနှီးမြှုပ်နှံမှုများကို အားနည်းစေပြီး ကျေးလက်ဒေသ စီးပွားရေးအတွက် ခိုင်မာသည့် ဘဏ်လုပ်ငန်း၊ အသေး စားငွေချေးလုပ်ငန်းနှင့် အာမခံလုပ်ငန်းများ ပါဝင် သည့် ဘဏ္ဍာရေးစနစ် လိုအပ်လျက်ရှိသည်ဟု သုံးသပ်ထားသည်။

အစိုးရသည် စိုက်ပျိုးရေးကဏ္ဍအတွက် ကုန်သွယ်ရေးလုပ်ငန်းများ လွယ်ကူစေရေးအတွက် တင်သွင်းသည့်နိုင်ငံ၏ အစားအစာ ဘေးအန္တရာယ်ဆိုင်ရာ စည်းကမ်းအချက် အလက်များကို ဖြန့်ဖြူးပေးနိုင်ရေး အတွက် စိုက်ပျိုးထုတ်ကုန်များဆိုင်ရာ အထူးဌာနတစ်ခု ထူထောင်ရေးကို စဉ်းစားသင့်သည်ဟု အကြံပြုထားသည်။

Mizzima - News in Burmese 

နေပြည်တော်အနီးရှိ လယ်ယာမြေတစ်နေရာကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) စိုက်ပျိုးရေးကဏ္ဍသည် နိုင်ငံ့ဂျီဒီပီ၏ ၃၂ ရာခိုင်နှုန်းရှိသော် လည်း တောင်သူတစ်ဦး၏ ဝင်ငွေသည် ပျမ်းမျှအားဖြင့် တစ်နှစ်ဝင်ငွေ ကန်ဒေါ်လာ ၂၀ဝ ခန့်သာ ရှိနေသည်။
နေပြည်တော်အနီးရှိ လယ်ယာမြေတစ်နေရာကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) 
စိုက်ပျိုးရေးကဏ္ဍသည် နိုင်ငံ့ဂျီဒီပီ၏ ၃၂ ရာခိုင်နှုန်းရှိသော်လည်း တောင်သူတစ်ဦး၏ ဝင်ငွေသည် ပျမ်းမျှ အားဖြင့် တစ်နှစ်ဝင်ငွေ ကန်ဒေါ်လာ ၂၀ဝ ခန့်သာ ရှိနေသည်။
မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးကဏ္ဍမှ အလုပ်အကိုင်ရရှိမှုသည် ၆၀ ရာခိုင်နှုန်း အထိရှိသော်လည်း စိုက်ပျိုး ရေးကဏ္ဍများမှ လုပ်သားများ ရရှိသောဝင်ငွေသည် အိမ်နီးချင်း အာရှနိုင်ငံများအနက် အနိမ့်ဆုံးဝင်ငွေ ဖြစ်နေသည်ဟု အိုအီးစီဒီ၏ မြန်မာနိုင်ငံအပေါ် ဘက်ပေါင်းစုံမှ ပြန်လည်သုံးသပ် ချက်အစီရင်ခံစာ၌ သုံးသပ်ဖော်ပြထားသည်။

MPTမှ ပြည်ပ ခေါ်ဆိုခများ လျှော့ချ ပေးမည်

MPTဆင်းကတ်များ၏ ပြည်ပဖုန်း ခေါ်ဆိုခများနှင့် ပြည်ပသို့ ဖုန်းသယ်ဆောင် အသုံးပြုခ စသည့် နှုန်းထား များကို ယခုနှစ်အတွင်း လျှော့ချပေးသွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှသိရသည်။ ပြည်သူတွေအတွက် သင့်တင့်မျှတတဲ့ ဈေးနှုန်းတစ်ခုအနေနဲ့ လျှော့ချပေးမယ်။ အတိအကျတော့ ပြောလို့ မရသေးဘူး။ ဒါပေမဲ့ ပြည်ပ ခေါ်ဆိုခတွေကို လျှော့ချမှာတော့ သေချာတယ်။ ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း မှ အင်ဂျင်နီယာ ဦးငွေစိုးက ပြောသည်။

ဗိုလ်ချုပ်ပုံတူ ကိုယ်ပွား ကြေးရုပ် ထပ်မံ ပြုလုပ်

ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် အထိမ်းအမှတ် အနေဖြင့် အင်းစိန် မြို့နယ် အောင်ဆန်းမြို့၊ အောင်ဆန်း စက်မှု လက်မှု အထက်တန်း ကျောင်းဝင်း အနောက်ဘက် ဗိုလ်ချုပ် ပန်းခြံရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တု ရှေ့တွင် ဗိုလ်ချုပ် ပုံတူ ကိုယ်ပွား ကြေးရုပ် အသစ်အား ပြုလုပ်လျက် ရှိကြောင်း ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်နှင့် ဗိုလ်ချုပ် ပန်းခြံ ဘက်စုံ ပြုပြင် မွမ်းမံရေး ကွန်ရက် ထံမှ သိရသည်။ အဆိုပါ ကွန်ရက်နှင့် အတူ အင်းစိန်မြို့ နယ်ရှိ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် များက ဦးဆောင် ပါဝင်ပြီး ဗိုလ်ချုပ် ပုံတူ ကိုယ်ပွား ကြေးရုပ်အား ဇန်န၀ါရီလ (၁၈) ရက်နေ့တွင် ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ် မေခမြစ်အတွင်း တရားမဝင် ရွှေတူးဖော်နေသော ယာဉ်များ ဖမ်းမိ

Photo: ကချင်ပြည်နယ် မေခမြစ်အတွင်း တရားမဝင် ရွှေတူးဖော်နေသော ယာဉ်များ ဖမ်းမိ
Friday, January 16, 2015

ကချင်ပြည်နယ် မေခမြစ်အတွင်းရှိ ဂလုံကျွန်းတွင် တမံများ မြေဖို့၍ တရားမဝင် ရွှေတူးဖော်ရေးလုပ်ငန်းများ ဆောင်ရွက်နေသော အဖွဲ့က အသုံးပြုသည့် စက်ယန္တရားများကို ဇန်နဝါရီလ ဒုတိယပတ်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တာဝန်ရှိသူများက ပြောကြားသည်။

ဇန်နဝါရီလ ဒုတိယပတ် အတွင်းတွင် တပ်မတော် နယ်မြေခံ တပ်မတော်တပ်ရင်းမှ ဝင်ရောက်ဖမ်းဆီးရာတွင် ဘက်ဟိုးယာဉ် နှစ်စီး၊ လုပ်ဒါနှစ်စီး၊ မြေသယ်ယာဉ် ၁၀ ဘီးကား ခြောက်စီး၊ သံဖောင်ဇက် ရေယာဉ်တစ်စီး၊ ရွှေတူးဖော်သည့် စက်ဖောင်တစ်ခု၊ ဆီပီပါ အလုံး ၂၀ တို့ကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ထပ်လောင်းပြောကြားသည်။

“သတင်းရရချင်း လိုက်လံဖမ်းဆီးတယ်။ ဒါပေမဲ့ လူတွေကို မမိလိုက်ဘူး။ ပစ္စည်းတွေကို သိမ်းဆည်းရမိတယ်” ဟု မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တပ်မတော် အရာရှိတစ်ဦးက ပြောသည်။

သိမ်းဆည်းရမိသော စက်ယန္တရားများအား ကချင်ပြည်နယ် အစိုးရ အဖွဲ့အစည်းသို့ လွှဲပြောင်းပေးအပ်ရန် အတွက် ရွှေ့ပြောင်းနေစဉ် တိုက်ပွဲအချို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ထံမှ သိရှိရသည်။

ကချင်ပြည်နယ်တွင်း ဇန်နဝါရီလ ၂ ရက်နေ့မှ ၁၀ ရက်နေ့အထိ တရားမဝင် သစ်ခိုးထုတ်ရာတွင် အသုံးပြုသည့် ယာဉ်ယန္တရား ၄၈၃ စီး၊ သစ်လုံးရေ ၁၆၄၉ လုံး၊ တစ်ဖက်နိုင်ငံသား ကျား/မ စုစုပေါင်း ၁၅၁ စီး၊ စိတ်ကြွဆေးပြား (၈၆၈၀) ပြား၊ ဘိန်းမည်းခြောက်ထုတ်နှင့် ဘိန်းစိမ်း ၂၀ ကျပ်သားအား ဖမ်းဆီးရမိခဲ့သည်။

The Voice Weekly
ကချင်ပြည်နယ် မေခမြစ်အတွင်းရှိ ဂလုံကျွန်းတွင် တမံများ မြေဖို့၍ တရားမဝင် ရွှေတူးဖော်ရေးလုပ်ငန်းများ ဆောင်ရွက်နေသောအဖွဲ့က အသုံးပြုသည့် စက်ယန္တရားများကို ဇန်နဝါရီလ ဒုတိယပတ်အတွင်း ဖမ်းဆီးရမိ ခဲ့ကြောင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တာဝန်ရှိသူများက ပြောကြားသည်။

ကလေးငယ်တွေရဲ့ တီဗွီအစီအစဉ်မှာ ပြသခဲ့တဲ့ လိင်ပညာပေး အစီအစဉ် ဝေဖန်ခံရ

Photo: ကလေးငယ်တွေရဲ့ တီဗွီအစီအစဉ်မှာ ပြသခဲ့တဲ့ လိင်ပညာပေး အစီအစဉ် ဝေဖန်ခံရ
Friday, January 16, 2015

ဆွီဒင်နိုင်ငံမှာ အမျိုးသားလိင်အင်္ဂါနဲ့ အမျိုးသမီးလိင် အင်္ဂါတို့ကို ကာတွန်းပုံစံ ပြုလုပ်ပြီး လိင်ပညာပေးအစီအစဉ်အဖြစ် ကလေးငယ်တွေရဲ့ တီဗွီအစီအစဉ်မှာ  ပြသခဲ့တဲ့အတွက် မိဘတွေက အလွန်အမင်း ဒေါသထွက်နေကြပါတယ်။

ဒါပေမယ့်လည်း ထိုအစီအစဉ်ဟာ YouTube မှာ အရွယ်ရောက်ပြီးသူများသာ ကြည့်ရှုနိုင်တဲ့ အစီအစဉ်နဲ့ တစ်ကမ္ဘာလုံးက ကြည့်ရှုပြီးဖြစ်ပါတယ်။

မိနစ်ပိုင်းသာ ရှည်ကြာတဲ့ ထို Animation ဗီဒီယိုဟာဆွီဒင် နိုင်ငံရဲ့ ကလေးအစီအစဉ် တစ်ခုဖြစ်တဲ့ Bacillakutenမှာ ပြီးခဲ့တဲ့ အပတ်က ပြသခဲ့တာဖြစ်ပါတယ်။

ထိုဗီဒီယိုထဲမှာတော့ ကလေးငယ်တွေအတွက် ပိုမိုရင်းနှီးမှုရရှိစေရန် အမျိုးသားလိင် အင်္ဂါရဲ့ ကာတွန်းဇာတ်ကောင်အမည်ကို Snippလို့ အမည်ပေးထားပြီး အမျိုးသမီးလိင်အင်္ဂါရဲ့ ကာတွန်းဇာတ်ကောင်အမည်ကို Snoppလို့ အမည်ပေးထားတယ်လို့ သိရပါတယ်။

ထိုဗီဒီယိုနဲ့ ပတ်သက်ပြီးတော့လည်း Facebook နဲ့ YouTube တို့မှာ ဝေဖန်မှုတွေ ကြုံတွေ့နေရပြီး Bacillakuten အစီအစဉ်ရဲ့ မန်နေဂျာ ဖြစ်တဲ့ Kajsa Peters ကတော့ ဒါဟာ ကလေးတွေကို လူတစ်ယောက်ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေနဲ့  လုပ်ဆောင်ချက်တွေကို နားလည်စေဖို့ သင်ကြားပေးခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

Ref:mirror.co.uk
Trend Myanmar
ဆွီဒင်နိုင်ငံမှာ အမျိုးသားလိင်အင်္ဂါနဲ့ အမျိုးသမီးလိင် အင်္ဂါတို့ကို ကာတွန်းပုံစံ ပြုလုပ်ပြီး လိင်ပညာပေး အစီ အစဉ်အဖြစ် ကလေးငယ်တွေရဲ့ တီဗွီအစီအစဉ်မှာ  ပြသခဲ့တဲ့အတွက် မိဘတွေက အလွန်အမင်း ဒေါသ ထွက်နေ ကြပါတယ်။

ကျွန်တော့် စာအုပ်တွေကို မီးသာတင်ရှို့ပစ်ပါ

Photo: ကျွန်တော့် စာအုပ်တွေကို မီးသာတင်ရှို့ပစ်ပါ
Friday, January 16, 2015

  ပေရုမယ် မူရူဂန်ရဲ့ စာရေး ဆရာဘ၀ သေဆုံးသွား ပါပြီ၊ သူက ဘုရားလည်း မဟုတ်တော့ ပြန်လည် ရှင်သန်ထမြောက် တော့မှာ မဟုတ်ပါဘူး၊ ဒါ့အပြင် လည်း သူက နောင်ဘ၀ ဆိုတာကို မယုံကြည်သူပါ၊ သာမန် ကျောင်းဆရာ တစ်ဦး အဖြစ်သာ ပီမူရူဂန်ဟာ ဆက်လက် ရှင်သန်တော့ မှာပါ၊ သူ့ကို မနှောင့်ယှက်ကြပါ နဲ့တော့ အထက်ပါ စာသား များတွင် ပါဝင်သော ပေရူမယ် မူရူဂန် ဆိုသည်မှာ တမီလ်ဘာသာ စကားဖြင့် ရေးသားသော နာမည်ကျော် စာရေးဆရာ တစ်ဦး ဖြစ်သည်။ စာရေးသားခြင်းကို ထာဝရ စွန့်လွှတ် တော့မည် ဖြစ်ကြောင်း စာရေး ဆရာက ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ရေးသားပြီး ကြေညာ လိုက်ခြင်း ဖြစ်သည်။ မာဓိုရူဗာဂန် အမည်ရှိ သူရေးသားခဲ့သည့် ၀တ္ထုအား ဒေသခံ ဟိန္ဒူနှင့် ဇာတ် အခြေခံ အဖွဲ့အစည်း များက ပြင်းပြင်း ထန်ထန် ဝေဖန်ခဲ့ ပြီးနောက် စာရေးသားခြင်းကို စွန့်လွှတ်ရန် ဆုံးဖြတ် လိုက်ခြင်း ဖြစ်သည်။

     မူရူဂန်က သူ၏ စာအုပ်ကို ပုံနှိပ်ခြင်းနှင့် ရောင်းချခြင်း မပြုရန် ထုတ်ဝေသူ များအား တောင်းဆိုခဲ့သည်။ မရောင်းရ သေးသည့် စာအုပ်များ အတွက် လည်း နစ်နာကြေး ပြန်ပေးမည်ဟု သူက ကတိပြု ခဲ့သည်။ သူ့စာအုပ်များကို ၀ယ်ယူ ထားသည့် စာဖတ်သူများ အားလည်း စာအုပ် များကို မီးရှို့ပစ်ရန် စာရေးသူက တိုက်တွန်းခဲ့သည်။ ထို့ပြင် စာပေပွဲတော်များ ကိုလည်း တက်ရောက် တော့မည် မဟုတ်ကြောင်း သူက ပြောဆိုခဲ့ ပြန်သည်။

      မူရူဂန်၏ စာအုပ် မာဓိုရူဗာဂန်ကို ၂၀၁၀ ပြည့်နှစ်တွင် ပထမဆုံး အကြိမ် ပုံနှိပ် ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း (၁၀၀) ခန့်တွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာ များဖြင့် စာအုပ်ကို ဇာတ်လမ်းဆင် ထားသည်။ ဆင်းရဲ မွဲတေပြီး ကလေး မရှိသော ဇနီးမောင်နှံ နှစ်ဦး အကြောင်းကို စိတ်ကူးယဉ် ဇာတ်လမ်းဆင် ထားခြင်း ဖြစ်သည်။ အထူးသဖြင့် ကလေးလို ချင်နေသော ဇနီးသည် အကြောင်းသာ ဖြစ်သည်။ ကလေး အသည်းအသန် လိုချင်နေသော ဇနီးသည်သည် ရှေးဟောင်း ဟိန်္ဒ ရထား ပွဲတော် တစ်ခုတွင် ပါဝင် ဆင်နွှဲမိ ခဲ့သည်။ ဟိန္ဒူ ရထား ပွဲတော်မှာ မည်သည့် အမျိုးသားနှင့် အမျိုးသမီး မဆို သဘောတူညီပါက လိင်ဆက်ဆံခွင့်ကို ခွင့်ပြု ထားသည့် ပွဲတော် တစ်ခု ဖြစ်သည်။ စာရေးဆရာ မူရူဂန်က ဇာတ်စနစ်၏ ကြီးစိုးပုံ၊ လူ့ အသိုင်းအ၀ိုင်း၏ ရက်စက်မှုကြောင့် ဇနီးမောင်နှံ နှစ်ဦးတို့ ခွဲခွာခဲ့ ရပုံ၊ နောက်ဆုံးတွင် ဇနီးမောင်နှံ နှစ်ဦးတို့၏ အိမ်ထောင်ရေး ၀မ်းနည်းစွာ အဆုံးသတ် ခဲ့ရပုံများကို ရေးသား ဖော်ပြခဲ့သည်။

   အိနိ္ဒယတွင် သူစိမ်း အမျိုးသားနှင့် အမျိုးသမီးများ သဘောတူပါက  လိင်ဆက်ဆံခွင့် ပြုထားသည့် ပွဲတော်နှင့် ပတ်သက်ပြီး သမိုင်း ဆိုင်ရာ အထောက် အထားများ မရှိသော်လည်း ပွဲတော်နှင့် ပတ်သက်ပြီး ပါးစပ် ရာဇ၀င်တော့ရှိ နေကြောင်း စာရေး ဆရာက ပြောဆိုခဲ့သည်။ စာအုပ်ရေးသားရန် သုတေသန ပြုလုပ်စဉ် အတွင်း ဘုရားပေးသော ကလေးနှင့် ဘုရား၏ သားတော်၊ သမီးတော် ဆိုသော အသုံးအနှုန်း များဖြင့် ခေါ်ဆိုခံ ရသည့် လူများ ရှိနေ ခဲ့ကြောင်း  သိရှိခဲ့ ရသည်ဟု  မူရူဂန်က ပြောဆိုခဲ့သည်။ နတ်ဘုရား ထံတွင် ဆုပန်ခဲ့ ပြီးနောက် မွေးဖွား လာသည့်  ကလေးငယ် များကို ဘုရား ပေးသော ကလေးငယ်များ အဖြစ် ခေါ်ဆိုကြခြင်း ဖြစ်သည်ဟု အစောပိုင်းတွင် ယူဆမိ ခဲ့ကြောင်း စာရေးဆရာက ရေးသား ခဲ့သည်။ သို့သော် ဘုရားပွဲတော်နှင့် ဘုရား၏ သားတော်၊ သမီးတော်များကြား ဆက်နွှယ်မှုကို စာအုပ်အတွက် သုတေသန ပြုလုပ်ရင်း တွေ့ရှိခဲ့သည်ဟု သူက ပြောဆိုခဲ့သည်။

       လူမှု အစဉ်အလာများနှင့်  ပုဂ္ဂလိက ပူပန်မှုများ အကြား အားပြိုင်မှု သဘောကို ၀တ္ထုတွင် ထုတ်ဖော် ပြသခဲ့ကြောင်း ဝေဖန်ရေး ဆရာ တစ်ဦးက ဝေဖန် ရေးသားခဲ့သည်။ အခြား စာရေး ဆရာများ ကလည်း  ၀တ္ထုပါ စုံတွဲနှင့် ပတ်သက်ပြီး မူရူဂန်က ကွက်ကွက် ကွင်းကွင်း ရေးသားခဲ့ခြင်းကို   ချီးကျူး ပြောဆိုခဲ့ ကြသည်။ ကလေး မရှိသော ဇနီးမောင်နှံများ အထူးသဖြင့် ၀တ္ထုပါ အိမ်ထောင်ရေး ဇာတ်လမ်းပါ စုံတွဲ များသည် ယနေ့ခေတ် အထိ အရှက် ရစရာ ချိုးနှိမ်မှုများနှင့် ကြုံတွေ့နေခဲ့ ရကြောင်း၊  ပိတ်ပင် တားမြစ်ချင်သည် ဆိုပါက အမျိုးသမီး တစ်ဦး၏ လိင်နှင့် ပတ်သက်သော သဘာဝအပေါ် ပိတ်ပင်ထားခြင်း ကိုသာ တန်ပြန် ပိတ်ပင် တားမြစ်ရန် လိုအပ် နေကြောင်း မူရူဂန်၏ စာအုပ်အား အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့သူ အနီရုဒ္ဓန်ဗာဆူဒီဗန်က ပြောဆိုခဲ့သည်။

         အိနိ္ဒယသည် စာအုပ်များကို ပိတ်ပင် တားမြစ်ခဲ့သည့် သမိုင်းကြောင်းရှိ နေသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ဘာသာရေးနှင့် လူမျိုးရေး ဆိုင်ရာ ခံစားချက် များကို ထိပါးသည်ဟု ယူဆပြီး ပိတ်ပင်ခဲ့သည်။ နိုင်ငံကို တစ်လွဲ ကိုယ်စားပြုသည်ဟု ယူဆပြီး ပိတ်ပင်ခဲ့သည်။ ညစ်ညမ်းသည်ဟု ယူဆပြီး ပိတ်ပင် ခဲ့သည်။ သို့သော် မူရူဂန် ကဲ့သို့ ဘာသာရေးနှင့် လူမျိုးရေး အဖွဲ့အစည်း များ၏ ခြိမ်းခြောက်ခြင်းကို ခံခဲ့ရသည့် စာရေး ဆရာမျိုး ကဲ့သို့ ဖြစ်ရပ်မျိုး ကတော့ ရှားပါးလှသည်။

      မူရူဂန်နှင့် သူ့ကို ဆန့်ကျင်သည့် အဖွဲ့အစည်း များကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲဟု ခေါ်သည့် ထိပ်တိုက် တွေ့ဆုံမှုကို တနင်္လာနေ့တွင် ပြုလုပ်ခဲ့ ပြီးနောက် စာအုပ်ကို ပိတ်ပင်သည့် ကိစ္စ လူသိရှင်ကြား ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ စာရေးဆရာက တွေ့ဆုံမှု အကြောင်း ထုတ်ပြောခြင်း မပြုခဲ့။ အဖွဲ့ အစည်းများ ကတော့ စာရေးဆရာသည် ချွင်းချက်မရှိ ပြန်လည် တောင်းပန်ရမည်၊ စာအုပ်ပါ အငြင်းပွားဖွယ် အစိတ်အပိုင်း များကို ဖယ်ထုတ်ပေး ရမည်၊ မရောင်းရ သေးသော စာအုပ် များကို ပြန်လည် သိမ်းယူရမည်၊ အရေး အကြီးဆုံးမှာ နိုင်ငံသားများ၏ ခံစားချက်ကို ထိပါးစေမည့် အငြင်းပွားဖွယ် အကြောင်း အရာများကို ရေးသားမှု ရပ်ဆိုင်းရမည်ဟု တောင်းဆိုခဲ့သည်။

      တမီလ် ဘာသာဖြင့် လွန်ခဲ့သော လေးနှစ်က ထုတ်ဝေ ထားသည့် စာအုပ်ကို ယခုအချိန် မှသာ အဖွဲ့အစည်း များက ပြင်းပြင်းထန်ထန် ဆန့်ကျင် လာခဲ့သည့် အကြောင်း အရင်းကိုမူ မသိရှိရ သေးချေ။ Penguin  စာအုပ်တိုက်က သူ၏ စာအုပ်ကို အင်္ဂလိပ် ဘာသာပြန်မူအား ယမန်နှစ်တွင် One Part Woman ဆိုသည့် အမည်ဖြင့် ထုတ်ဝေ ပြီးနောက် ဆန့်ကျင်မှုများ ရှိလာခဲ့ခြင်း ဖြစ်သည်ဟု မူရူဂန်က ပြောဆို ခဲ့သည်။ အင်္ဂလိပ် ဘာသာဖြင့် ထုတ်ဝေ ခဲ့သည့် စာအုပ်ကို  ဖတ်မိသူ တစ်ဦးက ဒေသဆိုင်ရာ အဖွဲ့အစည်း များအား မြှောက်ပေး လိုက်ခြင်း ဖြစ်နိုင်သည်ဟု  စာရေးသူက ပြောသည်။ ၀တ္ထုပါ ဇာတ်ကောင် တချို့၏ ဖြစ်ရပ်နှင့် ပတ်သက်ပြီး မကျေနပ်သော ဇာတ်နိမ့် ဇာတ်မြင့် ခွဲခြားစိတ် ကြီးမားသည့် အဖွဲ့အစည်း များနှင့် ဟိန္ဒူ အမျိုးသားရေးဝါဒ အဖွဲ့အစည်း များက စုစည်း ညီညွတ်စွာဖြင့် သူ စာဆက်မရေး နိုင်အောင် လုပ်ဆောင် လိုက်ခြင်း ဖြစ်သည်ဟု မူရူဂန်က ယူဆနေသည်။

      ယမန်နှစ် ဒီဇင်ဘာတွင် ဟိန္ဒူ အမျိုးသားရေး ၀ါဒီ အဖွဲ့ ရာဇထရီယ သွာယမသီဝက သံဃ အဖွဲ့ (RSS အမျိုးသား စေတနာ ၀န်ထမ်း အဖွဲ့)က မူရူဂန်၏ စာအုပ်များစွာကို မီးတင် ရှို့ခဲ့သည်။ ယဉ်ကျေးမှု အစွဲကြီးသူ များသည် စာရေးဆရာ များနှင့် ထုတ်ဝေသူ များအား မကြာခဏ အနိုင်ကျင့်လေ့ ရှိပြီး လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို တိုက်ခိုက်လေ့ ရှိကြောင်း ထုတ်ဝေသူ များနှင့် စာရေး ဆရာများ က ကြေညာချက် တစ်ခု ထုတ်ပြန်ကန့်ကွက် ခဲ့သည်။ ဒေသ ဆိုင်ရာနှင့် အမျိုးသားရေး အဆင့်ရှိ နိုင်ငံရေး ပါတီများ ကလည်း မူရူဂန်ဘက်မှ ထောက်ခံ ပြောဆိုခြင်း မပြုခဲ့။ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နှင့် ပတ်သက်ပြီး နိုင်ငံရေး ပါတီများက နှုတ်ဆိတ် နေခြင်းသည် အိနိ္ဒယ ကဲ့သို့ ဒီမိုကရေစီ နိုင်ငံ တစ်နိုင်ငံ အတွက် မကောင်းသော လက္ခဏာ ဖြစ်ကြောင်း ဝေဖန် ပြောဆိုမှုများ ရှိခဲ့သည်။

      မူရူဂန်မှာ တမီလ်ဘာသာဖြင့် ရေးသားသော ခေတ်ပြိုင် စာရေးဆရာ များတွင် အထူးချွန်ဆုံး စာရေးဆရာများ ထဲတွင် ပါဝင် နေသည်။ သူသည် ၀တ္ထု အများစုကို သူမွေးဖွားရာ တမီလ်နာဒူး ပြည်နယ်တွင် ဇာတ်အိမ် တည်လေ့ ရှိသည်။ အပြောင်းအလဲ များကြားတွင် ပိတ်မိနေ သူများ၊ ဆင်းရဲ မွဲတေသော လယ်သမားများ၊ ဖခင် ဖြစ်သူယူ ခဲ့သော အကြွေးကို ပြန်လည် ပေးဆပ်နိုင်ရန် ဇာတ်မြင့်သော မိသားစုများ ထံတွင် အိမ်အကူ အဖြစ် လုပ်ကိုင်နေ ရသည့် ကလေးငယ်များ အစရှိသည့် ဇာတ်ကောင် များနှင့် ပတ်သက်ပြီး သူက အဓိကထား ရေးသား ခဲ့သည်။ ထို့ပြင် ဇာတ်ခွဲခြားမှု စနစ်၏ မကောင်းသော အမွေ အနှစ် အကြောင်း ကိုလည်း သူက မကြာခဏ ပြောဆို တတ်သည်။ သူ၏ ဘ၀မှတ်တမ်း စာအုပ်တွင် လယ်သမား ဖခင်ဖြစ်သူသည် မိသားစု စားဝတ် နေရေး အတွက် အားလပ်ချိန်တွင် ရုပ်ရှင်ရုံ၌ ဆိုဒါ ရောင်းချ ရပုံကို ထည့်သွင်း ရေးသား ထားသည်။ မူရူဂန်မှာ အကြောင်းအရာစုံကို ရေးသား နိုင်သည်၊ သမိုင်း တန်ဖိုးကို နားလည်သည်၊ စာရေးဆရာ တစ်ဦး၏ တာဝန်ကို နားလည်သူ တစ်ဦး ဖြစ်သည်ဟု စာရေးဆရာလည်း ဖြစ်သလို ဘာသာပြန် ဆရာလည်း ဖြစ်သည့် အန်ကလျန် ရာမန်က ချီးကျူး ရေးသား ခဲ့သည်။

       ပေရူမယ် မူရူဂန်ကို နှုတ်ဆိတ်အောင် လုပ်လိုက် ခြင်းသည် တမီလ်နာဒူးနှင့် အိနိ္ဒယတို့ အတွက် ၀မ်းနည်းဖွယ် ကောင်းကြောင်း သမိုင်း ပညာရှင် ရာမဆန္ဒ ဂူဟက ပြောဆိုခဲ့သည်။ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို သည်းမခံ တော့သည့် အိနိ္ဒယတွင် မူရူဂန်သာ စာပြန်မရေး တော့ပါက နိုင်ငံနှင့် နိုင်ငံသားများ အတွက် အစားထိုး မရအောင် ဆုံးရှုံးရ ပြီဟု ဆိုချင်ပါကြောင်း သူက ပြောဆိုခဲ့သည်။

   ရှေးခေတ် ကာလ ကတည်းက အိနိ္ဒယ၏ အသိပညာပိုင်း ဆိုင်ရာ အစဉ်အလာတွင် အယူအစွဲကြီးမှုနှင့် လွတ်လပ်မှုတို့ အတူ ယှဉ်တွဲ တည်ရှိ ခဲ့ကြောင်း သတင်းစာ တစ်စောင်က ဝေဖန် ရေးသား ခဲ့သည်။ မူရူဂန်၏ လွတ်လပ်စွာ ပြောဆိုခွင့်ကို ထောက်ခံကြောင်း အွန်လိုင်းတွင် ထောက်ခံမှုများ ရှိလာ နေပြီ ဖြစ်သည်။ မူရူဂန်ကို ဘာလုပ်သင့်၊ ဘာမလုပ်သင့်ဟု ပညာပေးရန် မလိုအပ်ကြောင်း၊ ၀မ်းနည်းမှုနှင့် စိတ်ကုန်မှု တို့ကို အသားကုန် ခံစားပြီးနောက် မူရူဂန် ပြန်လည် ထွက်ပေါ်လာ ဦးမည် ဖြစ်ကြောင်း မူရူဂန်၏ စာအုပ်ကို အင်္ဂလိပ်ဘာသာ ပြန်ခဲ့သူ ဗာဆူဒီဗန်က ပြောဆိုခဲ့သည်။

Messenger News Journal
ပေရုမယ် မူရူဂန်ရဲ့ စာရေး ဆရာဘ၀ သေဆုံးသွား ပါပြီ၊ သူက ဘုရားလည်း မဟုတ်တော့ ပြန်လည် ရှင်သန်ထမြောက် တော့မှာ မဟုတ်ပါဘူး၊ ဒါ့အပြင် လည်း သူက နောင်ဘ၀ ဆိုတာကို မယုံကြည်သူပါ၊ သာမန် ကျောင်းဆရာ တစ်ဦး အဖြစ်သာ ပီမူရူဂန်ဟာ ဆက်လက် ရှင်သန်တော့ မှာပါ၊ သူ့ကို မနှောင့်ယှက်ကြပါ နဲ့တော့ အထက်ပါ စာသား များတွင် ပါဝင်သော ပေရူမယ် မူရူဂန် ဆိုသည်မှာ တမီလ်ဘာသာ စကားဖြင့် ရေးသားသော နာမည်ကျော် စာရေးဆရာ တစ်ဦး ဖြစ်သည်။ စာရေးသားခြင်းကို ထာဝရ စွန့်လွှတ် တော့မည် ဖြစ်ကြောင်း စာရေး ဆရာက ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ရေးသားပြီး ကြေညာ လိုက်ခြင်း ဖြစ်သည်။ မာဓိုရူဗာဂန် အမည်ရှိ သူရေးသားခဲ့သည့် ၀တ္ထုအား ဒေသခံ ဟိန္ဒူနှင့် ဇာတ် အခြေခံ အဖွဲ့အစည်း များက ပြင်းပြင်း ထန်ထန် ဝေဖန်ခဲ့ ပြီးနောက် စာရေးသားခြင်းကို စွန့်လွှတ်ရန် ဆုံးဖြတ် လိုက်ခြင်း ဖြစ်သည်။

(၂၅) ကြိမ်မြောက် နာဂရိုးရာနှစ်သစ်ကူးပွဲ ခန္တီးတွင် ကျင်းပ

Photo: (၂၅) ကြိမ်မြောက် နာဂရိုးရာနှစ်သစ်ကူးပွဲ ခန္တီးတွင် ကျင်းပ
Friday, January 16, 2015

(၂၅) ကြိမ်မြောက်နာဂရိုး ရာ နှစ်သစ်ကူးဘုံပွဲတော်နှင့် ရိုးရာမီးပုံပွဲကို စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် ကျင်းပခဲ့ရာ လူဦးရေ သောင်းနှင့်ချီ၍ တက်ရောက်ခဲ့ ကြောင်း သတင်းရရှိသည်။

အဆိုပါပွဲသည် နာဂမျိုး နွယ်စုများအခြေစိုက်ရာ ဒေသအ သီးသီးတွင် ကျင်းပခဲ့သည့် ရိုးရာ နှစ်သစ်ကူးပွဲများအနက် အစည်း ကားဆုံးပွဲတော်ဖြစ်ခဲ့ပြီး လူဦးရေသုံးသောင်းခွဲကျော်တက်ရောက်ခဲ့သည်။

ယင်းပွဲတော်ကို ဇန်န၀ါရီ ၁၅ ရက်တွင် နေ့ရောညပါ ပြုလုပ်ကျင်းပခဲ့ခြင်းဖြစ်သည်။

ထို့အပြင်နာဂကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသတွင်ပါရှိသည့် လေရှီးမြို့တွင် အစိုးရက ဦးဆောင်၍ ယင်းပွဲတော်ကို ကျင်းပခဲ့ပြီး ရိုးရာနှစ်သစ်ကူးဘုံပွဲတော်ကို လည်း ထည့်သွင်းကျင်းပခဲ့သည်။

ပွဲတော်ရက်နေ့မနက်ပိုင်းတွင်မျိုးနွယ်စုများ၏ ရိုးရာအကများဖြင့် ကပြခဲ့ပြီး ညတွင် ရိုးရာမီးပုံပွဲကို ကျင်းပခဲ့သည်။

ယင်းပွဲတော်များသို့ နာဂ မျိုးနွယ်စုများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ အစိုးရအရာ ရှိများတက်ရောက်ခဲ့သည်။

7Day DAILY 

နာဂရိုးရာယဉ်ကျေးမှုကော်မတီက ပြန်လည်ဦးဆောင်၍ ကျင်းပခွင့်ရသော နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို ခန္တီမြို့တွင် ကျင်းပစဉ်(ဓာတ်ပုံ - ထွန်းအောင်)
နာဂရိုးရာယဉ်ကျေးမှုကော်မတီက ပြန်လည်ဦးဆောင်၍ ကျင်းပခွင့်ရသော နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို ခန္တီမြို့တွင် ကျင်းပစဉ်(ဓာတ်ပုံ - ထွန်းအောင်)
(၂၅) ကြိမ်မြောက်နာဂရိုး ရာ နှစ်သစ်ကူးဘုံပွဲတော်နှင့် ရိုးရာမီးပုံပွဲကို စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် ကျင်းပခဲ့ရာ လူဦးရေ သောင်းနှင့်ချီ၍ တက်ရောက်ခဲ့ ကြောင်း သတင်းရရှိသည်။

EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ မျက်နှာစုံညီအစည်းအဝေးတွင် လက်ပံတောင်းတောင်ကိစ္စကို အဓိကထား ပွင့်ပွင့်လင်းလင်းဆွေးနွေး ခဲ့ကြသော်လည်း အားရကျေနပ်ဖွယ်မရှိခဲ့ဟု CSO အချို့ ပြောကြား

EITI သုံး ပွင့်ဆိုင် ညွန့်ပေါင်းအဖွဲ့မျက်နှာစုံ ညီအစည်းအဝေးတွင် လက်ပံတောင်း တောင်ကိစ္စကို အဓိကထား ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြသော်လည်း အားရကျေနပ်မှုမရှိခဲ့ကြောင်း MSG အရပ်ဘက် အဖွဲ့အစည်း ကိုယ်စား လှယ်အချို့ထံမှ သိရသည်။

ဘဏ္ဍာနှစ် ကိုးလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ သန်း ၆,၆၀၀ ကျော် ဝင်ရောက်လာ

Photo: ဘဏ္ဍာနှစ် ကိုးလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ သန်း ၆,၆၀၀ ကျော် ဝင်ရောက်လာ
Friday, January 16, 2015

ယခု ၂၀၁၄- ၁၅ ဘဏ္ဍာနှစ် ကိုးလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏသည် ကန်ဒေါ်လာ သန်း ၆,၆၀၀
ကျော်ရှိလာကာ ထပ်တိုးလျာထားချက်သို့ ကျော်လွန်ရရှိထားပြီး ဖြစ်သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန DICA က ထုတ်ပြန်ထားသည်။

၂၀၁၄ ခုနှစ် ဒီဇင်ဘာလအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၅၂ ဒသမ ၈ ဘီလီယံကျော် ဝင်ရောက်ထားသည်။

ထိုသို့ တိုးတက်ဝင်ရောက်ခဲ့ရာတွင် နိုင်ငံပေါင်း ၂၅ နိုင်ငံမှ ကုမ္ပဏီ ၁၇၅ ခုက အသစ်ထပ်မံ တိုးတက်လာခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ၆,၆၁၅ ဒသမ ၈၃၄ သန်း တိုးတက်လာခဲ့ခြင်း ဖြစ်သည်ဟု ဇန်န၀ါရီ ၁၄ ရက်က ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

DICA ညွှန်ကြားရေးမှူးချုပ် ဦးအောင် နိုင်ဦးက “အခု ၂၀၁၄-၁၅ ဘဏ္ဍာနှစ် အတွက်ကို စပြီးမှန်းခဲ့တာက ဒေါ်လာ လေးဘီလီယံ
ကျော်လောက်ကိုပဲ လျာထားခဲ့တာပါ။ နှစ်ဝက်လောက်မှာပဲ အဲဒီလျာထားချက်ကို ကျော်လွန်ခဲ့တဲ့အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကို ခြောက်ဘီလီယံကျော် အထိရဖို့ တိုးပြီးမှန်းခဲ့တာဖြစ် ပါတယ်” ဟု ၂၀၁၄ နှစ်ကုန်ပိုင်းက ပြောထားသည်။

သို့ဖြစ်ရာ ဘဏ္ဍာနှစ်ကုန်ဆုံးရန် သုံးလလိုသည့်ကာလတွင်ပင် လျာထားချက်ထက် ဒေါ်လာ ၆၁၅ သန်းကျော်ကို ပိုမိုရရှိထားခဲ့ခြင်းဖြစ်သည်။

ယခုဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံရန် ဝင်ရောက်လာသည့် နိုင်ငံများအနက် စင်ကာပူနိုင်ငံသည် ကုမ္ပဏီအရေအတွက်အပြင် ရင်းနှီးမြှုပ်နှံမှုငွေကြေး အများဆုံး ဝင်ရောက်ထားခြင်း ဖြစ်သည်။ ကုမ္ပဏီအရေအတွက် အရ ၃၈ ခုက ကန် ဒေါ်လာ ၃,၈၁၃ သန်းကျော်ကို ၀င်ရောက် မြှုပ်နှံထားသည်ဟု ထုတ်ပြန်ထားသည်။ သို့ရာတွင် စင်ကာပူ၏ ရင်းနှီးမြှုပ်နှံမှုများအနက် အမေရိကန်၏ သွယ်ဝိုက်ရင်းနှီး မြှုပ်နှံမှုများ ပါဝင်နေခြင်းဖြစ်သည်။

“စီးပွားရေး ပိတ်ဆို့ထားတဲ့အခြေအနေတွေက ရှိနေဆဲဆိုတော့ အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှုတချို့က စင်ကာပူထဲမှာ ပါဝင်နေတယ်။ အဲဒါကြောင့် စင်ကာပူနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုက အရမ်းကိုများနေတာလည်း ပါပါတယ်”ဟု ၎င်းက ပြောသည်။

ကိုးလတာအတွင်း ၀င်ရောက်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှုများတွင် ယူကေကုမ္ပဏီ ၁၀ ခုက ကန်ဒေါ်လာ ၅၆၃ သန်းဖြင့် ဒုတိယ အများဆုံး ၀င်ရောက်ထားကာ ဟောင်ကောင် ကုမ္ပဏီ ၂၃ ခုက ဒေါ်လာ ၄၅၅ သန်း ကျော်ဖြင့် တတိယအများဆုံးဝင်ရောက် ထားခြင်းဖြစ်သည်။

ထို့နောက် နယ်သာလန်ကုမ္ပဏီလေးခု က ၃၀၂ သန်း၊ တရုတ်ကုမ်္ပဏီ ၂၇ ခုက ဒေါ်လာ ၂၅၆ သန်း၊ အိန္ဒိယကုမ္ပဏီခြောက်ခု က ၂၀၈ သန်းနှင့် ကိုရီးယားကုမ္ပဏီ ၁၉ ခု က သန်း ၁၅၀ ဖြင့် အသီးသီး ၀င်ရောက်ထားသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

၁၉၈၈ ခုနှစ်မှ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအထိ နိုင်ငံပေါင်း ၃၇ ခုက ကုမ္ပဏီပေါင်း ၈၅၉ ခုက ၀င်ရောက် မြှုပ်နှံထားကာ ရင်းနှီးမြှုပ်နှံမှုပမာဏ ကန်ဒေါ်လာ ၅၂,၈၄၁ ဒသမ ၃၉၄ သန်း ရှိသည်။

Mizzima - News in Burmese 

နိုင်ငံခြားလုပ်ငန်းတစ်ခုမှ ဝင်ရောက် မြှုပ်နှံတည်ဆောက်နေသည့် အထပ်မြင့် အဆောက်အအုံ တစ်ခု၏ လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
နိုင်ငံခြားလုပ်ငန်းတစ်ခုမှ ဝင်ရောက် မြှုပ်နှံတည်ဆောက်နေသည့် အထပ်မြင့် အဆောက်အအုံ တစ်ခု၏ လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
ယခု ၂၀၁၄- ၁၅ ဘဏ္ဍာနှစ် ကိုးလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏသည် ကန်ဒေါ်လာ သန်း ၆,၆၀၀
ကျော်ရှိလာကာ ထပ်တိုးလျာထားချက်သို့ ကျော်လွန်ရရှိထားပြီး ဖြစ်သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန DICA က ထုတ်ပြန်ထားသည်။

လားရှိုးတွင် ကတ္တရာပီပါ နှစ်ရာဝန်းကျင် တင်လာသည့် ကုန်တင်ယာဉ် မီးလောင်

Photo: လားရှိုးတွင် ကတ္တရာပီပါ နှစ်ရာဝန်းကျင် တင်လာသည့် ကုန်တင်ယာဉ် မီးလောင်
Friday, January 16, 2015 

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် ပုန်းထွန်ကျေးရွာအုပ်စု အနီး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကတ္တရာပီပါ ၁၈၁ လုံး တင်ဆောင်လာသည့် ၂၄ ဘီး ယာဉ်တစ်စီး မီးလောင်ကျွမ်းသွားခဲ့ပြီး ယာဉ်မောင်းမှာ ထွက်ပြေး တိမ်းရှောင်နေကြောင်း လားရှိုးမြို့နယ် မီးသတ်ဦးစီးမှူး ဦးကိုကိုဦးက ပြောကြားသည်။

အဆိုပါ ကတ္တရာပီပါများကို “ဝ” ဒေသအတွင်း လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သယ်ဆောင်လာခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

မန္တလေးမှ ယာဉ်မောင်း သန်းဇော် မောင်းနှင်လာသည့် ဖူဆိုတွဲကား ၂၄ ဘီး ယာဉ်သည် မောင်းနှင်လာစဉ် ဇန်နဝါရီလ ၁၄ ရက်နေ့ မွန်းလွဲ ၃ နာရီ ဝန်းကျင်တွင် ယာဉ်စက်အင်ဂျင်ပိုင်းတွင် ဝါယာရှော့(ခ်) ဖြစ်ကာ မီးကူးစက်လောင်ကျွမ်းခြင်း ဖြစ်ကြောင်း ဦးကိုကိုဦးက ပြောဆိုသည်။

ယင်းမီးလောင်ကျွမ်းမှုကို လားရှိုးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ် လေးစီးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဒေသခံ ကျေးရွာသားများက ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ပြီး ယာဉ်၏ ဦးခေါင်းပိုင်း တစ်ခုလုံး မီးလောင်ကျွမ်း ပျက်စီးခဲ့သော်လည်း ယာဉ်ပေါ်ပါ ကတ္တရာပုံးများ မီးလောင်ကျွမ်းမှု မရှိကြောင်း လားရှိုးမြို့နယ် မီးသတ်ဦးစီးဌာနထံမှ သိရှိရသည်။

ယာဉ်မောင်း သန်းဇော်ကို နောင်မွန် နယ်မြေရဲစခန်းတွင် ပြစ်မှုပုဒ်မ- ၂၇၉ (ယာဉ်မဆင်မခြင် မောင်းနှင်မှု)၊ ပုဒ်မ- ၂၈၅ (မီးပေါ့ဆမှု) ဖြင့် အမှုဖွင့်ထားပြီး ၎င်းကို ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေကြောင်း နယ်မြေရဲစခန်းထံမှ သိရှိရသည်။ 

The Voice Weekly
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် ပုန်းထွန်ကျေးရွာအုပ်စု အနီး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကတ္တရာပီပါ ၁၈၁ လုံး တင်ဆောင်လာသည့် ၂၄ ဘီး ယာဉ်တစ်စီး မီးလောင်ကျွမ်းသွားခဲ့ပြီး ယာဉ်မောင်း မှာ ထွက်ပြေး တိမ်းရှောင်နေကြောင်း လားရှိုးမြို့နယ် မီးသတ်ဦးစီးမှူး ဦးကိုကိုဦးက ပြောကြားသည်။

ဘင်္ဂါလီလူမျိုးများအား ပါချန်မြစ် မြန်မာ့ရေပိုင်နက်အတွင်း ထိုင်းနိုင်ငံဘက်မှ လာရောက် စွန့်ပစ်ခဲ့မှုများရှိနေဟု မီဒီယာအချို့တွင် ဖော်ပြခဲ့မှုမှာ မြန်မာ့ရေ ပိုင်နက်မဟုတ်ဟု ကော့သောင်းလူကုန်ကူးရဲတပ်ဖွဲ့ ငြင်းဆို

ဘင်္ဂါလီလူမျိုးများအား ကော့သောင်းမြို့အနီး ပါချန်မြစ်လယ် မြန်မာ့ရေပိုင်နက် အတွင်း၌ ထိုင်းနိုင်ငံ ဘက်မှ လာရောက်စွန့်ပစ်မှုများ ရှိနေသည်ဟု ပြည်တွင်း၊ ပြည်ပမီဒီယာအချို့၏ဖော်ပြခဲ့သည့်အပေါ် မြန်မာ နိုင်ငံပိုင်နက်သို့ ကျော်လာခြင်းမရှိဟု လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု ကော့သောင်းမြို့နယ် တာဝန်ခံဒုရဲမှူးမင်းခိုင်က ငြင်းဆိုလိုက်သည်။

ရွေးကောက်ပွဲ မီဒီယာများသတင်းရယူရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း၊ Article 19 အဖွဲ့တို့နှင့် ရွေးကောက်ပွဲကော်မရှင် တွေ့ဆုံ

Photo: ရွေးကောက်ပွဲ မီဒီယာများသတင်းရယူရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း၊ Article 19 အဖွဲ့တို့နှင့် ရွေးကောက်ပွဲကော်မရှင် တွေ့ဆုံ
Friday, January 16, 2015

၂၀၁၅ ရွေးကောက်ပွဲတွင် မီဒီယာများသတင်းရယူရေးနှင့် ပတ်သက်ပြီး ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မြန်မာနိုင်ငံသတင်း စာဆရာ အသင်း၊ Article 19 အဖွဲ့တို့နှင့် ဇန်နဝါရီ ၁၅ရက် တွင် နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၌ တွေ့ ဆုံဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံသတင်းစာဆရာ အသင်းအတွင်းရေးမှူး(၂) ဦးကျော်စွာမင်းက ''ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က ၂၀၁၅ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတအောင် ပြင်ဆင်ထားမှုအခြေအနေကို ရှင်းပြတယ်။ Article 19 အဖွဲ့ကလဲ တရား မျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့လိုအပ်တာတွေပံ့ပိုးဖို့ အကြံပြုတင်ပြတယ်။ ကွန်ဖရင့်တွေ၊ အလုပ်ရုံဆွေးနွေးပွဲ တွေလုပ်ဖို့ ကမ်းလှမ်းတဲ့အပေါ် UEC ကလဲ လက်ခံတယ်''ဟု ပြောသည်။

၂၀၁၅ရွေးကောက်ပွဲကို လွတ် လပ်မျှတသောရွေးကောက်ပွဲဖြစ်စေရန် ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပြီး ရွေးကောက်ပွဲအောင် မြင်ရေးအ တွက် နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများ၊ မီဒီယာများ၊ လေ့ လာစောင့်ကြည့်သူများနှင့်ပူး ပေါင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ လွတ်လပ်ပြီးမျှတသည့်ရွေး ကောက်ပွဲအဖြစ် အောင်မြင်စွာကျင်းပနိုင်ရန် ဘက်လိုက်မှုမရှိဘဲ အပြုသ ဘောဆောင်ရေးသားခြင်းဖြင့် ပူးပေါင်းပါဝင် ရန် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးမှ ပြောကြား ခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်ဦးဝင်းကိုက''၂၀၁၅ ရွေးကောက်ပွဲမှာ မီဒီယာတွေအနေနဲ့ သတင်းယူတဲ့အခါမှာ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်အနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့အ ကြောင်း ဆွေးနွေးဖြစ်တယ်။ ပြည် တွင်းမှာ မီဒီယာတွေကို နိုင်ငံတကာ စံနှုန်းနဲ့အညီ capacity building လုပ်တဲ့အခါမှာ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဘက်က ကူညီ ဖို့ကမ်းလှမ်းတယ်''ဟု ပြောသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်ဥက္ကဋ္ဌဦးတင်အေးနှင့် အဖွဲ့ဝင် များ၊ မြန်မာနိုင်ငံသတင်းစာဆရာ အသင်းအတွင်းရေးမှူး(၂) ဦးကျော် စွာမင်းနှင့် Article 19 အဖွဲ့မှ Mrs. Borbra နှင့် Mrs. Oliver Spencer တို့ တက်ရောက်ခဲ့သည်။

HM
Democracytoday
၂၀၁၅ ရွေးကောက်ပွဲတွင် မီဒီယာများသတင်းရယူရေးနှင့် ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် သည် မြန်မာနိုင်ငံသတင်း စာဆရာ အသင်း၊ Article 19 အဖွဲ့တို့နှင့် ဇန်နဝါရီ ၁၅ရက် တွင် နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၌ တွေ့ ဆုံဆွေးနွေးခဲ့သည်။

သပိတ်မှောက်ကံဆောင် ထားခြင်းခံရသော စာရေးဆရာထင်လင်းဦး ချောင်းဦးမြို့နယ် သံဃာတော်များအား ဝန်ချတောင်းပန်

Photo: သပိတ်မှောက်ကံဆောင် ထားခြင်းခံရသော စာရေးဆရာထင်လင်းဦး
ချောင်းဦးမြို့နယ် သံဃာတော်များအား ဝန်ချတောင်းပန်
Friday, January 16, 2015

သပိတ် မှောက်ကံဆောင်ထားခြင်းခံရပြီးသာ သနာတော်ညှိုးနွမ်းစေမှုများဖြင့် ချောင်းဦးမြို့နယ် တရားရုံးတွင် အမှု ရင်ဆိုင်နေရသော စာရေးဆရာထင်လင်းဦးသည်ဆရာတော်ဦးဝရ သမ္ဗောဓိဦးဆောင်သော မြို့နယ်သံဃနာယကအဖွဲ့အား ပဉ္စမမြောက် ရုံးချိန်းအပြီး ဇန်နဝါရီ ၁၅ရက် မွန်းလွဲပိုင်းက ချောင်းဦးမြို့နယ် ရဲ စခန်းဓမ္မာရုံ၌ ဝန်ချတောင်းပန်ပွဲပြု လုပ်ခဲ့ကြောင်း သိရသည်။

''ကျွန်တော်ပြောတဲ့ စကားထဲမှာ ကြမ်းတမ်းတယ်၊ ပြင်းထန်တယ်ဆိုပေ မယ့်အကျိုးနဲ့အကြောင်း ဆက်စပ်ပြီးပြောရတာ၊ စာပေဟောပြောပွဲဆိုတော့ ဟန်တို့မာန်တို့နဲ့ပြော ရတာပေါ့၊ ဆရာတော်တွေ စိတ်မကောင်း စိတ်နှလုံး မချမ်းမသာဖြစ် တဲ့အပေါ်မှာ တောင်းပန်ရမှာပါ''ဟု စာရေးဆရာ ထင်လင်းဦးက ပြောသည်။

စာရေးဆရာထင်လင်းဦး၏ ဝန်ချတောင်းပန်မှုအား ဆရာတော်များ မှ နှုတ်အားဖြင့် သည်းခံခွင့်လွှတ် သော်လည်း သပိတ်လှန်ပေးခြင်းအား သံဃာတော်များ သိမ်ဝင်ဆွေးနွေး တိုင်ပင်ပြီးမှ ဆောင်ရွက်ရ မည်ဖြစ်ကြောင်း ချောင်းဦးမြို့နယ် မဘသအဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာ ဝန်ခံဆရာတော်ဦးဓမ္မပီယမှ မိန့်ကြားသည်။

စာရေးဆရာထင်လင်းဦးအား ၂၀၁၄နိုဝင်ဘာ ၂၉ရက်က ချောင်း ဦးမြို့နယ်သံဃာတော်များမှ တစ်နိုင်ငံလုံးရှိသံဃာတော်များကိုယ်စား သ ပိတ်မှောက်ကံပြုခြင်းကို မဟာမေဃဝန်ကျောင်းတိုက်၌ပြုလုပ်ခဲ့သည်။
စာရေးဆရာထင်လင်းဦးအား ချောင်းဦးမြို့နယ် လဝကဦးစီးအရာ ရှိ ဦးထွန်းခိုင်မှ မုံရွာခရိုင် ချောင်း ဦးမြို့နယ် သုံးပန်လှကျေးရွာ စာပေဟောပြောပွဲတွင်ဟောပြော ခဲ့သောဟောပြောချက်များသည် ဘာသာ၊ သာသနာစော်ကားသဖြင့် မြို့နယ်တ ရားရုံးတွင် ဦးတိုက်လျှောက်ထားရာ တရားရုံး၌ အမှုကြီးအမှတ် ၃၄၆/ ၁၄ ဘာသာ၊ သာသနာယုံကြည်မှုကို စော်ကားမှုပုဒ်မ ၂၉၅(က)၊ ဘာသာရေးကို စိတ်နာစေရန် တမင်ကြံရွယ်၍ စကားပြောမှု ပုဒ်မ၂၉၈တို့ဖြင့် တရားစွဲဆို ခံထားရခြင်းဖြစ်သည်။

KTS
Democracytoday
သပိတ်မှောက်ကံဆောင်ထားခြင်းခံရပြီးသာ သနာတော်ညှိုးနွမ်းစေမှုများဖြင့် ချောင်းဦးမြို့နယ် တရားရုံး တွင် အမှုရင်ဆိုင်နေရသော စာရေးဆရာထင်လင်းဦးသည်ဆရာတော်ဦးဝရ သမ္ဗောဓိဦးဆောင်သော မြို့နယ်သံဃနာယကအဖွဲ့အား ပဉ္စမမြောက် ရုံးချိန်းအပြီး ဇန်နဝါရီ ၁၅ရက် မွန်းလွဲပိုင်းက ချောင်းဦးမြို့ နယ် ရဲ စခန်းဓမ္မာရုံ၌ ဝန်ချတောင်းပန်ပွဲပြု လုပ်ခဲ့ကြောင်း သိရသည်။

အမျိုးသမီးအတွင်းခံတွေကိုမှ ရွေးခိုးသည့် သူခိုး ထောင်ဖမ်းခံရကာ တစ်အိမ်တက်ဆင်းလိုက်ပြပြီး အရှက်ခွဲခံရ

စင်ကာပူနိုင်ငံတွင် အမျိုးသမီးအတွင်းခံများကိုသာ ပစ်မှတ်ထားခိုးယူသည့် သူခိုးတစ်ဦးကို ထောင်ဖမ်းခဲ့ ရပြီး လူလယ်ကောင်တွင် ပညာပေးအရှက်ခွဲလိုက်သည့် ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့သည်။

မန္တလေး ပညာရေး ကွန်ရက်အလှူငွေနှင့် ဂီတပွဲမှ ယာယီစာရင်းအရ ကျပ်သိန်း ၅၀၀ ကျော်ရရှိ

Photo: မန္တလေး ပညာရေး ကွန်ရက်အလှူငွေနှင့် ဂီတပွဲမှ ယာယီစာရင်းအရ ကျပ်သိန်း ၅၀၀ ကျော်ရရှိ
Friday, January 16, 2015

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပညာရေး ကွန်ရက်ရန်ပုံငွေ Iron Cross  ဂီတဖျော်ဖြေပွဲလက်မှတ် ၆,၀၀၀ တွင် အစောင် ၃,၅၀၀ သာ ရောင်းချခဲ့ရပြီး ဖျော်ဖြေပွဲရန်ပုံငွေနှင့် လှူဒါန်းငွေ စုစုပေါင်းမှာ ဇန်န၀ါရီ ၁၅ ရက် စာရင်းအရ ကျပ်သိန်း ၅၀၀ ကျော်သာ ရရှိသေးကြောင်း ပညာရေးကွန်ရက် (အထက်မြန်မာပြည်) ဘဏ္ဍာရေးတာဝန်ခံ ဦးမျိုးနိုင်က မဇ္ဈိမကို ပြောသည်။

သို့သော် အဆိုပါ ကျပ်သိန်း ၅၀၀ မှာ ဇန်နဝါရီ ၁၅ ရက်တွင် ရရှိထားသည့် စာရင်းများအရသာဖြစ်ပြီး တိကျသည့် စာရင်းကိုမူ သတင်းစာ ရှင်းလင်းပွဲပြုလုပ်သည့်အခါ ထုတ်ပြန်ပေးသွားမည်ဟု ၎င်းက ဆိုသည်။

“လောလောဆယ် စာရင်းချုပ်နေတုန်းပဲ ရှိသေးတယ်။ လောလောဆယ်တော့ သိန်း ၅၀၀ ကျော်ပါတယ်။ ရရှိငွေရှင်းတမ်းနဲ့ ခွဲဝေသုံးစွဲမှုကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမှာပါ” ဟု ဦးမျိုးနိုင်က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပညာ ရေးကွန်ရက် လေးနှစ်ပြည့် အခမဲ့ပညာဒါန ကျောင်းများ ရန်ပုံငွေရှာ ဖွေရေးဂီတပွဲတော်ကို Iron Cross  ဖြင့် ဇန်န၀ါရီ ၁၄ ရက်က Mandalay Hill  Resort Hotel ဟိုတယ်တွင် ကျင်းပခဲ့ခြင်းသည်။

အဆိုပါ ရန်ပုံငွေဂီတဖျော်ဖြေပွဲတွင် အလှူရှင် ၁၅ ဦးက လှူဒါန်းခဲ့ပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ခြင်း ဖြစ်သည်။

အဆိုပါIron Cross တေးဂီတအဖွဲ့နှင့် အတူ လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်း၊ ဆုန်သင်းပါရ်၊ စိုးပြည့်သဇင် တို့က သီဆိုဖျော်ဖြေ ခဲ့ကြခြင်း ဖြစ်သည်။

ပညာရေး ရန်ပုံငွေပွဲအတွက် Iron Cross တေးဂီတအဖွဲ့မှ မေတ္တာဖြင့် ဖျော်ဖြေပေးခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့၊ ပြည်သူ့ဥယျာဉ်တွင် ဇန်နဝါရီ ၁၀ ရက်နှင့် ၁၁ ရက်တို့က ပြုလုပ်ခဲ့သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်
လေးနှစ်ပြည့် ရန်ပုံငွေဖျော်ဖြေပွဲတွင် အလှူငွေစုစုပေါင်း ကျပ်သိန်း ၁,၂၀၀ ၀န်းကျင် ရရှိခဲ့သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ပညာရေး ကွန်ရက်လက်အောက်ရှိ ပညာဒါန ကျောင်းပေါင်း ၂၀၀ ကျော်တွင် ဆရာ၊ ဆရာမ ၂,၀၀၀ ဦးနှင့် ကျောင်းသူ ကျောင်းသား ၂၀,၀၀၀ ခန့် ပညာသင်ပေးလျက်ရှိသည်။

အထက်မြန်မာပြည်တွင် ပညာဒါန ကျောင်းပေါင်း ၉၀ ကျော်ကို ထောက်ပံ့နိုင်ရန် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ များပြုလုပ်ခြင်း ဖြစ်သည်။

Mizzima - News in Burmese 

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အထက်မြန်မာပြည်) ၏ ပညာရေးကွန်ရက် (၄) နှစ်ပြည့် အခမဲ့ ပညာဒါနကျောင်းများ ရန်ပုံငွေရှာဖွေရေး ဂီတပွဲတော် ကို ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၁၄ ညနေပိုင်းတွင် မန္တလေးမြို့ရှိ မန္တလေးဟေး(လ်)ရီဆော့ ဟိုတယ်တွင် ပြုလုပ်ကျင်းပစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အထက်မြန်မာပြည်) ၏ ပညာရေးကွန်ရက် (၄) နှစ်ပြည့် အခမဲ့ ပညာဒါန ကျောင်းများ ရန်ပုံငွေရှာဖွေရေး ဂီတပွဲတော် ကို ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၁၄ ညနေပိုင်းတွင် မန္တလေးမြို့ရှိ မန္တလေးဟေး(လ်)ရီဆော့ ဟိုတယ်တွင် ပြုလုပ်ကျင်းပစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပညာရေး ကွန်ရက်ရန်ပုံငွေ Iron Cross  ဂီတဖျော်ဖြေပွဲလက်မှတ် ၆,၀၀၀ တွင် အစောင် ၃,၅၀၀ သာ ရောင်းချခဲ့ရပြီး ဖျော်ဖြေပွဲရန်ပုံငွေနှင့် လှူဒါန်းငွေ စုစုပေါင်းမှာ ဇန်န၀ါရီ ၁၅ ရက် စာရင်းအရ ကျပ်သိန်း ၅၀၀ ကျော်သာ ရရှိသေးကြောင်း ပညာရေးကွန်ရက် (အထက်မြန်မာပြည်) ဘဏ္ဍာရေးတာဝန်ခံ ဦးမျိုးနိုင်က မဇ္ဈိမကို ပြောသည်။

နှစ်တစ်ရာပြည့် အထိမ်းအမှတ် ဗိုလ်ချုပ်ကြေးရုပ်ထားရှိရန် မြေနေရာမရလျှင် ဆန္ဒပြမည်

ကျောက်ဆည်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် အထိမ်းအမှတ် ကြေးရုပ်တုထားရှိရန် မြေနေ ရာတောင်းဆိုမှု မရလျှင် တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ဆန္ဒပြတောင်းဆိုသွားမည်ဟု နှစ်တစ်ရာပြည့် ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီတာဝန်ခံ ဦးစိုးသီဟ ၈၈ ငြိမ်း ချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း (ကျောက်ဆည်) က ပြောသည်။

အမျိုးသား ပညာရေး မူဝါဒ ဥပဒေများတွင် အချက် ၁၁ ချက် ထည့်သွင်း ပြင်ဆင်ပေးရန် တောင်းဆိုထား

Photo: အမျိုးသား ပညာရေး မူဝါဒ ဥပဒေများတွင် အချက် ၁၁ ချက် ထည့်သွင်း
ပြင်ဆင်ပေးရန် တောင်းဆိုထား
Friday, January 16, 2015

 ကျောင်းသား သမဂ္ဂများ၊ ဆရာသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းထူထောင်လှုပ်ရှားခွင့်နှင့် ၎င်းသမဂ္ဂများ တည်ရှိမှုအပေါ် တရားဝင် အသိအမှတ်ပြုရေး အပါအဝင် ဒီမိုကရေစီ ပညာရေးစနစ်ကို ဖော်ဆောင်နိုင်မည့် အမျိုးသား ပညာရေးမူဝါဒ ဥပဒေ များ ပေါ်ပေါက်လာရန် အချက် ၁၁ ချက်ကို သက်ဆိုင်သူများနှင့် အဖြေရှာမည်ဟု ဇန်န၀ါရီလ ၁၅ ရက်က ကြေညာလိုက်သည်။

အဆိုပါ ၁၁ချက်နှင့်ပတ်သက်၍ အစိုးရ၊ လွှတ်တော်၊ နိုင်ငံတကာ အစိုးရများ၊နိုင်ငံတကာ ပညာရေး အလှူရှင်များနှင့် နိုင်ငံတကာ အရပ်ဘက်လူ့အဖွဲ့အစည်းများ အမြန်ဆုံးသိရှိ ဆောင်ရွက်ပေးရန် အသိပေး ကြေ ညာလိုက်ခြင်းဖြစ်သည်ဟု ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ကိုနန္ဒစစ်အောင်က ဆိုသည်။

“အဓိကဆွေးနွေးချင်တဲ့ ၁၁ ချက်ပေါ်လာတယ်။ ၁၁ ချက်ကို အများပြည်သူသိရှိအောင်ချပြတာပါ။ ဒီမိုက ရေစီနည်းလမ်းကျညှိနှိုင်းပြီး အဖြေရှာဖို့ ကြိုးစားကြတယ်။ ရက် ၆၀ အတွင်း တစ်စုံတစ်ရာညှိနှိုင်းမှု မဖြစ်ပေါ်လာတဲ့ဟာက အစိုးရအနေနဲ့ မဖြေရှင်းလိုတဲ့ လက္ခဏာတာ ဖြစ်တယ်။ ရက် ၆၀ အတွင်း ညှိနှိုင်းမှု မလုပ်ဘူးဆိုရင် ပိုမိုအားကောင်းတဲ့ သပိတ်ပြုလုပ်ဖို့ ကြေညာထားတဲ့ အတိုင်းပြုလုပ်မယ်” ဟု ၎င်းက ပြောသည်။

ထိုအချက် ၁၁ ချက်ကို ထုတ်ပြန်နိုင်ရန် ကျောင်း သားအများစု၏ သဘောတူညီချက်နှင့် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ နိုင်ငံလုံး ဆိုင်ရာ ကွန်ရက် (NNER) ၏ မူဝါဒကိုးချက်ပေါ် အခြေခံကာ အသေးစိတ်ဆွေးနွေးခဲ့ပြီး ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီကို ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နှင့် ၁၃ ရက်တွင် ကျင်းပခဲ့သည့် နိုင်ငံတစ် ဝန်းမှ ကျောင်းသား ကိုယ်စားလှယ် ၅၀၀ ကျော် တက်ရောက်သော နိုင်ငံလုံးဆိုင် ရာ ကျောင်းသားထု အရေးပေါ်အစည်းအဝေးပွဲကြီး မှ ကျောင်းသားထုဆန္ဒအရ ရွေးချယ်ဖွဲ့စည်းခဲ့သည်။

အဆိုပါ ကျောင်းသားထု အရေးပေါ်အစည်းအဝေးပွဲကြီးတွင် လွှတ်တော်နှင့် အစိုးရတို့မှ အတည်ပြုပြ ဋ္ဌာန်းလိုက်သော အမျိုးသား ပညာရေး ဥပဒေကို ရှု့ထောင့် ခြောက်ခုကိုအခြေခံ၍ မူဝါဒ ကိုးချက်နှင့်အညီ ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချလိုက်ပြီး သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

သပိတ်မှောက်ကျောင်းသားထုအနေဖြင့် အစိုးရအား ရက်ပေါင်း ၆၀ အတွင်း လာရောက်တွေ့ဆုံ ညှိနှိုင်းရန် တောင်းဆိုခဲ့သော်လည်း ဒီမိုကရေစီပညာရေး လှုပ်ရှားမှုဦးဆောင်ကော်မတီ၊ ပညာရေးစနစ်ပြုပြင် ပြောင်း လဲရေးဆိုင်ရာ နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER)၊ လွှတ်တော်နှင့် အစိုးရတို့ ပါဝင်သော လေးပွင့်ဆိုင် တွေ့ ဆုံညှိနှိုင်းအဖြေရှာရန် တောင်းဆိုခဲ့သော်လည်း တစ်စုံတစ်ရာ ထူးခြားမှုမရှိခဲ့ပေ။

အဆိုပါ ရက်ပေါင်း ၆၀ အလွန် လှုပ်ရှားမည့် အစီအစဉ်များနှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲကိုလည်း ဇန်န၀ါရီလ ၁၇ ရက်တွင် ရန်ကုန်နိုင်ငံရေး သိပ္ပံကျောင်းတွင် ပြုလုပ်သွားမည်ဖြစ်သည်။

ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီသည် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (မြေလတ်ဒေသ)နှင့် တက္ကသိုလ် ကျောင်းသား သမဂ္ဂများ (တကသများ)မှ ကျောင်းသား ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားသည့် ကော်မတီ ဖြစ်သည်။

စဉ်  ဦးဆောင်ကော်မတီက တောင်းဆိုသည့် အချက်များ (အကျဉ်းချုပ်)
၁။  ဥပဒေများ ရေးဆွဲရာတွင် ကျောင်းသားများ၊ ဆရာများ၏ ကိုယ်စားလှယ်များပါဝင်ရန်၊
၂။  ကျောင်းသား၊ ဆရာသမဂ္ဂများ ထူထောင်လှုပ်ရှားခွင့်နှင့် တရားဝင် အသိအမှတ်ပြုရန်၊
၃။  အမျိုးသားပညာရေး ကော်မရှင်နှင့် တက္ကသိုလ်များ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ ဖွဲ့စည်းရန်၊
၎။  ဒေသအလိုက်နှင့် ကျောင်းအလိုက်လွတ်လပ်စွာ စီမံခန့်ခွဲနိုင်သည့်ပညာရေးဆိုင်ရာ ကိုယ်ပိုင်ပြဋ္ဌာန်းရန်၊
၅။  လက်ရှိကျင့်သုံးလျက်ရှိသော စာမေးပွဲစနစ်နှင့် တက္ကသိုလ်ဝင်ခွင့် စနစ်များ ပြင်ဆင်ရန်၊
၆။  လွတ်လပ်စွာ စဉ်းစားတွေးခေါ်နိုင်ပြီး ကိုယ်တိုင်စူးစမ်းသင်ယူနိုင်သည့် သင်ကြားနည်းများ ပြောင်းလဲရန်
၇။  တိုင်းရင်းသား မျိုးနွယ်စုများ၏ ဘာသာစကား လွတ်လပ်ခွင့်အတွက် ထည့်သွင်းပြဋ္ဌာန်းရန်၊
၈။  မသန်စွမ်းကလေးများ အပါအဝင် လူတိုင်းအကျုံးဝင် ပညာရေးစနစ် အကောင်အထည်ဖော်ရန်၊
၉။  ကျောင်းသားအရေး အခင်းများကြောင့် ကျောင်းထုတ်ခံခဲ့ရသည့်ကျောင်းသားများ ပညာဆက်သင်ခွင့်ရရန်၊
၁၀။  ပညာရေး အသုံးစရိတ်ကို တစ်နိုင်ငံလုံး အသုံးစရိတ်၏ ၂၀ ရာခိုင်နှုန်း သတ်မှတ်နိုင်ရန်၊
၁၁။  အခမဲ့ မသင်မနေရ ပညာရေးစနစ်ကို အလယ်တန်းအဆင့်အထိ တိုးမြှင့်ကျင့်သုံးရန်၊

Mizzima - News in Burmese 

အမျိုးသား ပညာရေး ဥပဒေကို သပိတ်မှောက်ကန့် ကွက်နေသည့် ကျောင်းသား များအား ကြေးသွန်း ဘုရားရှေ့နှင့် ရွှေတိဂုံစေတီတော် ပရဝဏ်အတွင်း ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၆ ရက်၊ အမျိုးသားနေ့တွင် တွေ့ရစဉ်၊ (ဓာတ်ပုံ - ငြိမ်သစ်ညီ၊ မဇ္ဈိမ)
အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ကန့် ကွက်နေသည့် ကျောင်းသားများအား ကြေးသွန်းဘုရား ရှေ့နှင့် ရွှေတိဂုံစေတီတော် ပရဝဏ်အတွင်း ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၆ ရက်၊ အမျိုးသားနေ့တွင် တွေ့ရစဉ်၊ (ဓာတ်ပုံ - ငြိမ်သစ်ညီ၊ မဇ္ဈိမ)
ကျောင်းသား သမဂ္ဂများ၊ ဆရာသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းထူထောင်လှုပ်ရှားခွင့်နှင့် ၎င်းသမဂ္ဂများ တည်ရှိမှုအပေါ် တရားဝင် အသိအမှတ်ပြုရေး အပါအဝင် ဒီမိုကရေစီ ပညာရေးစနစ်ကို ဖော်ဆောင်နိုင်မည့် အမျိုးသား ပညာရေးမူဝါဒ ဥပဒေများ ပေါ်ပေါက်လာရန် အချက် ၁၁ ချက်ကို သက်ဆိုင်သူများနှင့် အဖြေ ရှာမည်ဟု ဇန်န၀ါရီလ ၁၅ ရက်က ကြေညာလိုက်သည်။

ရဲတပ်ဖွဲ့ဝင်သုံးဦး မလွတ်မြောက်သေး တပ်မတော်နှင့် ကေအိုင်အေ တိုက်ပွဲများဖြစ်ပွား

ကေအိုင်အေ(ကချင်လွတ်မြောက်ရေးတပ်မတော်) အဖွဲ့ဝင်များ၏ ဖမ်းဆီး ခေါ်ဆောင်သွားခြင်းခံခဲ့ရသည့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်သုံးဦမှာ ဇန်နဝါရီ ၁၅ရက် ညနေပိုင်းအထိ ပြန်လည် လွတ်မြောက်ခြင်းမရှိသေးဘဲ တပ်မတော်နှင့် ကေအိုင်အေ အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ဖမ်းဆီးခံခဲ့ရသော ကချင်ဝန်ကြီးနှင့် အင်တာဗျူး

Photo: ဖမ်းဆီးခံခဲ့ရသော ကချင်ဝန်ကြီးနှင့် အင်တာဗျူး
Friday, January 16, 2015

ကချင်ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်ဒူးနော်သည် ဇန်န၀ါရီ ၁၃ ရက်နေ့က မြစ်ကြီးနားမြို.မှ မိုင် ၁၀၀ ခန့်ကွာဝေးသည့် ဖားကန့်မြို.သို့ လုပ်ငန်းတာဝန်ဖြင့်ထွက်ခွာခဲ့သည်။ ဖားကန့်မြို.တွင် တစ်ညတာနေပြီးနောက် ဇန်န၀ါရီ ၁၄ ရက်နေ့တွင် မြစ်ကြီးနားမြို.သို့ပြန်လည်ထွက်ခွာလာရာ လမ်းခရီးတွင် ဟွေလုံဟူခေါ်သော ရွာတစ်ရွာအနီးတွင် ကချင်လွတ်မြောက်ရေး တပ် ကေအိုင်အေအဖွဲ့များ၏ ခေတ္တဖမ်းဆီး ခြင်းခံခဲ့ရသည်။ သို့သော် အနည်းငယ်စစ်ဆေးမေးမြန်းပြီးနောက် ၄င်းအား အတူလိုက်ပါလာသော ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူ ပြန်လွှတ်ပေးခဲ့သည်။ သို့သော် လုံခြုံရေး လိုက်ပါလာသော ဒုရဲအုပ်မြင့်စိုး နှင့် ရဲတပ်ဖွဲ့ဝင် နှစ်ဦး အား ကေအိုင်အေ အဖွဲ.က ဖမ်းဆီးခဲ့ရာ ယခုတိုင်လွတ်မြောက်ခြင်းမရှိသေးပေ၊ ထိုကိစ္စနှင့် ပတ်သက်၍ အစိုးရစစ်ကြောင်းများမှ ဖားကန့်ရှိ ကေအိုင်အေအဖွဲ.များအား ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု သိရှိရသည်။

မြစ်ကြီးနားနေအိမ်သို့ပြန်ရောက်ပြီဖြစ်သော ဦးကမန်ဒူးနော်အား ၄င်းမည်သို့မည် ပုံဖမ်းဆီးခံခဲ့ရပုံကို Yangon Globe က မေးမြန်းထားသည် များအား ဖော်ပြလိုက်ပါသည်။

မေး။ ။ ဦးဒူးနော် ဘယ်လိုကနေဘယ်လိုဖမ်းခံရတယ်ဆိုတာပြောပြပါ ခင်ဗျား။

ဖြေ။ ။ ကျနော်က လမ်းပန်းဆက်သွယ်ရေးဝန်ကြီးပါ။ လမ်းတွေပြုပြင်စစ်ဆေးဖို့ဆိုပြီး ကျနော်ရယ်၊ ပြည်နယ်အင်ဂျင်နီယာမှုးကြီးရယ်၊ ခရိုင်အင်ဂျင်နီယာမှုးကြီးရယ် စုစုပေါင်း ၁၃ ဦးရှိမယ်။ ကျနော်တို့က ဇန်န၀ါရီ ၁၃ မှာ ဖားကန့်ကို သွားပြီး အစည်းအဝေးသွားလုပ်တယ်။ ပြီးတော့ ၁၄ ရက်နေ့မနက် ၁၀ နာရီလောက်မှာကားသုံး စီးနဲ့ မြစ်ကြီးနားကို ပြန်ထွက် လာတော့ လမ်းမှာ ဟွေ့လုံဆိုတဲ့ရွာနားရောက်တဲ့အခါ KIA အဖွဲ. အင်အား ၂၃ ယောက်လောက်က သေနတ်တွေပစ်ဖောက်ပြီး တားတယ်။ တခြားခရီးသည်တွေလည်း ဆိုင်ကယ်တွေ၊ ကားတွေနဲ့သွားနေတယ်။ ကျနော်တို့အားလုံးကိုပဲ ရွေးပြီးတားသလိုဖြစ်နေတယ်။ သူတို့က ကျနော့်ကိုရော ပွိုင့်ကားပေါ်မှာ ပါလာတဲ့ ရဲသုံးယောက်ကိုရော အားလုံးကို မြေကြီးပေါ်မှာ ၄၅ မိနစ်လောက်ထိုင်ခိုင်ပြီးစစ်မေးတယ်။

မေး။ ။ ဘာတွေစစ်မေးလဲခင်ဗျာ့။ အန်ကယ်တို့က သူတို့စိတ်အနှောက် အယှက်ဖြစ်အောင် ဖားကန့်မှာ တစ်ခုခုလုပ်ခဲ့တာရှိလို့လား။

ဖြေ။ ။ ကျနော့်ကို ခင်ဗျားဘာလဲလို့မေးတော့ ကျနော်က လမ်းပန်းဆက်သွယ်ရေးဝန်ကြီးလို့ ပြောတာ သူတို့နားမလည်ဘူး။ ဒါနဲ့ ကျနော်က ဆောက်လုပ်ရေးဝန်ကြီးလို့ပြောတော့ သူတို့က လမ်းဗိုလ်လား မေးတော့ ဟုတ်တယ်လို့ ပြန်ဖြေလိုက်တာ သူတို့လည်း ဆက်မမေးတော့ဘူး။သူတို့က ရဲတွေ သေနတ်ကိုင်ထားတာတွေ့တော့ ခင်ဗျားတို့ ကကျုပ်တို့ကို ပစ်ဖို့မှတ်လားဘာလားဆိုပြီး ပြောတယ်။ ပြီးတော့ သူတို့ ၃ ယောက်ကို လက်နောက်ပြန်ကြိုးတုပ်ပြီးခေါ်သွားတယ်။ ကျနော်တို့ထွက်လာတဲ့ အချိန်မှာ နေ့လည် ၁၂ နာရီခွဲလောက်ရှိပါပြီ။ တကယ်တော့် ကျနော်တို့က ဖားကန့်မှာ အစည်းအဝေးလုပ်ခဲ့တာပဲရှိတယ် သူတို့အဖွဲ့ စိတ်အနှောက်အယှက် ဖြစ်အောင်ဘာမှမလုပ်ခဲ့ဘူး။

မေး။ ။ အန်ကယ့်ကို လွှတ်ပေးလိုက်တာ ကချင်မို့လို့လားခင်ဗျ။

ဖြေ။ ။ မဟုတ်ဘူးဗျ။ လွတ်လာတဲ့အထဲက ၃ ယောက်ပဲ ကချင်၊ ကျန်တဲ့ အင်ဂျီနီယာအဖွဲ့တွေဘာတွေက အားလုံးဗမာချည်းပဲ။ ဖမ်းသွားတဲ့ ရဲတစ်ယောက်က ကချင်ပဲ။ သူ့နာမည်ဆိုင်းလလား ဘာလားတော့မသိဘူး။ သူတို့က လွှတ်ပေးတာ ကချင်ရယ်၊ ဗမာရယ်မဟုတ်ဘူး။ ရဲဝန်ထမ်းတွေဖမ်းတယ်။ အရပ်သားကိုလွှတ်ပေးတယ်ဆိုတဲ့သဘောဗျ။

မေး။ ။ အန်ကယ့်က ကချင်ဆိုတော့ အခြေအနေကို ပြေလည်အောင် မရှင်းပြဘူးလားခင်ဗျ။

ဖြေ။ ။ ကျနော်က ရှင်းပြဖို့ကြိုးစားပါသေးတယ်။ သူတို့က အရှင်းပြမခံဘူးဗျ။ ရိုက်မယ်ဘာမယ်ပုံစံနဲ့ဗျ။ ဘာပဲဖြစ်ဖြစ် ခုကျနော်တို့ကိစ္စကို အကြောင်းပြုပြီး စစ်တွေဖြစ်တယ်၊ လူတွေထွက်ပြေးနေရတယ်ကြားတော့ ကျနော်စိတ် မကောင်းပါ ဘူး။

The Yangon Globe
ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်ဒူးနော်သည် ဇန်န၀ါရီ ၁၃ ရက်နေ့က မြစ်ကြီးနားမြို.မှ မိုင် ၁၀၀ ခန့်ကွာဝေးသည့် ဖားကန့်မြို.သို့ လုပ်ငန်းတာဝန်ဖြင့်ထွက်ခွာခဲ့သည်။ ဖားကန့်မြို. တွင် တစ်ညတာနေပြီးနောက် ဇန်န၀ါရီ ၁၄ ရက်နေ့တွင် မြစ်ကြီးနားမြို.သို့ပြန်လည် ထွက်ခွာလာရာ လမ်း ခရီးတွင် ဟွေလုံဟူခေါ်သော ရွာတစ်ရွာအနီးတွင် ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေအဖွဲ့များ၏ ခေတ္တဖမ်းဆီးခြင်းခံခဲ့ရသည်။ သို့သော် အနည်းငယ်စစ်ဆေးမေးမြန်းပြီးနောက် ၄င်းအား အတူလိုက်ပါ လာသော ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူ ပြန်လွှတ်ပေးခဲ့သည်။ သို့သော် လုံခြုံရေး လိုက်ပါလာသော ဒုရဲအုပ်မြင့်စိုး နှင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးအား ကေအိုင်အေအဖွဲ.က ဖမ်းဆီးခဲ့ရာ ယခုတိုင် လွတ်မြောက်ခြင်း မရှိသေးပေ၊ ထိုကိစ္စနှင့်ပတ်သက်၍ အစိုးရစစ်ကြောင်းများမှ ဖားကန့်ရှိ ကေအိုင်အေအဖွဲ.များအား ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု သိရှိရသည်။

အရေပြားကို ဘရပ်ရှ်နဲ့ တိုက်ပေးသင့်တဲ့အကြောင်းရင်း

Photo: အရေပြားကို ဘရပ်ရှ်နဲ့ တိုက်ပေးသင့်တဲ့အကြောင်းရင်း
Friday, January 16, 2015

ခန္ဓာကိုယ်တစ်ခုလုံးမှာ အကြီးဆုံးအစိတ်အပိုင်းဖြစ်တဲ့ အရေပြားဟာ အသည်း၊ ကျောက်ကပ်နဲ့ အူမတို့လိုပဲ ခန္ဓာကိုယ်တွင်း အဆိပ်အတောက်တွေဖယ်ရှားပေးပါတယ်။ အရေပြားတင်သာ မက ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာရေးအတွက်ကောင်းကျိုးပြုတဲ့ အရေပြားကို ဘရပ်ရှ်နဲ့ပွတ်ပေးတဲ့ အလေ့အထတစ်ခုအကြောင်းမျှဝေချင်ပါတယ်။

ရှေးဟောင်းနည်းလမ်းတစ်ခုဖြစ်ပြီး ရိုးရှင်းလွယ်ကူစွာပြုလုပ်နိုင်တာမို့ ဘယ်လိုလုပ်ဆောင်နိုင်တယ်ဆိုတာ ဖော်ပြလိုက်ပါတယ်။ အရေပြားကို ဘရပ်ရှ်နဲ့တိုက်ပေးခြင်းဖြင့် ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး ဆဲလ်အသစ်ပြန်ဖြစ်စေတာကြောင့် ချောမွေ့တင်းရင်းတဲ့ အသားအရေပိုင်ဆိုင်နိုင်မှာပါ။ဒီလိုလုပ်ပေးခြင်းဖြင့် ခန္ဓာကိုယ်ထဲကို အာဟာရဓာတ်တွေ ပိုမိုစုပ်ယူပေးနိုင်ပြီး သွေးလည်ပတ်မှုကိုလည်း ကောင်းမွန်စေပါတယ်။

ဘရပ်ရှ်နဲ့တိုက်တာကြောင့် အရေပြားကစွန့်ထုတ်လာတဲ့ အဆိပ်တွေကိုဖယ်ရှားသလိုဖြစ်ပြီး အရေပြားမှာကပ်ငြိနေတဲ့ ပိုးမွှားတွေကိုလည်း သန့်စင်ပေးကာ ကိုယ်ခံစွမ်းအားကိုကောင်းမွန်စေ ပါတယ်။ နောက်တစ်ချက်ကတော့ စိတ်ဖိစီးမှုလျော့ကျစေခြင်းပါ။ တိတ်ဆိတ်ငြိမ်သက်တဲ့နေရာမှာ ခန္ဓာကိုယ်အနှံ့ ဘရပ်ရှ်လေးနဲ့ ပွတ်ပေးတာက စိတ်သက်သာရာရစေပြီး ခန္ဓာကိုယ်ကိုနှိပ်နယ်ပေး သလိုမျိုးဖြစ်စေပါတယ်။

အိမ်မှာကိုယ်တိုင်လုပ်ကြည့်ဖို့အတွက် ကိုယ့်အရေပြားနဲ့ သင့်လျော်မယ့်အနေတော်အရွယ် မမာလွန်းတဲ့ဘရပ်ရှ်လေးတစ်ခု ရွေးချယ်ဖို့လိုပါမယ်။ ကျောနောက်ဘက်တွေပါပွတ်တိုက်နိုင်ဖို့ လက်ကိုင်ရှည်တဲ့ဘရပ်ရှ်ဆိုရင် ပိုပြီးသင့်တော်ပါတယ်။ ရေချိုးခန်းထဲ ရေလောင်းမချခင်မှာ  ခြေထောက်ကစလို့ ခန္ဓာကိုယ်အပေါ်ပိုင်းအနှံ့ သုံးမိနစ်ကနေ ငါးမိနစ်အထိ ပွတ်တိုက်ပေးပြီးရင်တော့ ရေလောင်းချိုးနိုင်ပါတယ်။ မနက်အစောပိုင်း(ဒါမှမဟုတ်) နေ့ခင်းပိုင်းအချိန်တွေမှာ ပြုလုပ်တာပိုသင့်တော်ပြီးတစ်နေ့နှစ်ကြိမ်ပြုလုပ်နိုင်ရင်တော့ ပိုကောင်းပါတယ်။ တစ်ခုသတိထားရမှာက မျက်နှာအရေပြားက နူးညံ့တာမို့ မျက်နှာကိုဘရပ်ရှ်နဲ့ပွတ်                     တာတော့ရှောင်ရပါမယ်။

Ref:healthyandnaturalworld.com
7Day DAILY
ခန္ဓာကိုယ်တစ်ခုလုံးမှာ အကြီးဆုံးအစိတ်အပိုင်းဖြစ်တဲ့ အရေပြားဟာ အသည်း၊ ကျောက်ကပ်နဲ့ အူမတို့လိုပဲ ခန္ဓာကိုယ်တွင်း အဆိပ်အတောက်တွေဖယ်ရှားပေးပါတယ်။ အရေပြားတင်သာမက ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာရေးအတွက်ကောင်းကျိုးပြုတဲ့ အရေပြားကို ဘရပ်ရှ်နဲ့ပွတ်ပေးတဲ့ အလေ့အထတစ်ခုအကြောင်း မျှဝေချင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အိမ်ခြံဝင်းတံခါး ကျောက်ခဲဖြင့် ပစ်ပေါက်သော စိတ်မနှံသူကို ရွာသာကြီးသို့ပို့

Photo: ဒေါ်အောင်ဆန်းစုကြည် အိမ်ခြံဝင်းတံခါး ကျောက်ခဲဖြင့် ပစ်ပေါက်သော စိတ်မနှံသူကို ရွာသာကြီးသို့ပို့
Friday, January 16, 2015

 ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံအမှတ်(၅၄) ခြံတံခါး ကို စိတ်မနှံ့သော လူတစ်ဦးက ကျောက်ခံဖြင့် ပစ်ပေါက်မှု ဖြစ်ပွားရာ တံခါးကျိုးပဲ့သွားပြီး စိတ်မနှံ့သူအား ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့က ရွာသာကြီး စိတ်ကျန်းမာရေး ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သတင်းရရှိသည်။

ဇန်န၀ါရီ ၁၅ ရက် နေ့လယ် ၂ နာရီအချိန်တွင် ရွာသာကြီးစိတ် ကျန်းမာရေး ဆေးရုံမှ ဆေးလက် မှတ်နှစ်ကြိမ်ရရှိထားသော မရမ်းကုန်းမြို့နေ အသက် (၆၀)နှစ် အရွယ် ဦးအောင်တိုးက ဒေါ်အောင်ဆန်းစုကြည် နေအိမ် ခြံအမှတ်(၅၄) တံခါးကို ခဲဖြင့်ပစ်ပေါက်ခဲ့ ခြင်းဖြစ်သည်။

ခဲဖြင့် ပစ်ပေါက်သော  ဦးအောင်တိုးကို ဒေါ်အောင်ဆန်းစုကြည်နေအိမ် လုံခြုံ ရေး ခေါင်းဆောင်ဦးနီက အမှုဖွင့် အရေးယူဆောင်ရွက်ခြင်း မပြုလုပ်လို ကြောင်း ဗဟန်းမြို့ နယ်ရဲတပ်ဖွဲ့သို့ ပြောကြားခဲ့သည်ဟု ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့ဒုရဲအုပ်မျိုးဝင်းဦးက ပြောသည်။

‘‘ခဲနဲ့ပစ်ပေါက်လို့ ရှေ့တံခါး မှန်ကွဲသွားပါတယ်။ သူ့ကို စစ် ဆေးတော့ စိတ်ကျန်းမာရေးဆေး ရုံက နှစ်ကြိမ်လက်မှတ်ရထားတဲ့ သူ ဖြစ်တယ်။ ကားမောင်းနေတဲ့ သားနဲ့ ထမင်းချက်နေတဲ့ မိန်းမကိုခေါ်တာမလာလို့ စိတ်တိုပြီး ခဲနဲ့ပေါက်လိုက်တာလို့ ပြောတယ်။ အဲဒါကြောင့် သူ့ကိုရွာသာကြီးကို ပြန်ပို့ဖို့ လုပ်နေပါတယ်’’ ဟု ဒုရဲအုပ်မျိုးဝင်းဦးက ပြောသည်။

‘‘တံခါးကို ပစ်ပေါက်ခံရ တာ ဟုတ်ပါတယ်။ စိတ်မနှံ့တဲ့သူ တစ်ယောက်က ပစ်ပေါက်သွား တာပါ’’ ဟု ဒေါ်အောင်ဆန်းစု ကြည်နေအိမ်ခြံအမှတ်(၅၄)မှ လုံ ခြုံရေးတာဝန်ရှိသူတစ်ဦးက ပြော သည်။

ခဲဖြင့် ပစ်ပေါက်မှုကြောင့် သစ်သားဖြင့် ပြုလုပ်ထားသော တံခါး၏ အနံ ၅ လက်မ၊ အလျား ၉ လက်မခန့် ပေါက်ပြဲပျက်စီးသွားခဲ့သည်။

7Day DAILY 

ခဲဖြင့်ပစ်ပေါက်ခံရ၍ ကျိုးပဲ့သွားသော တံခါးပေါက်တစ်နေရာ (ဓာတ်ပုံ − ကျော်ဇင်သန်း)
ခဲဖြင့်ပစ်ပေါက်ခံရ၍ ကျိုးပဲ့သွားသော တံခါးပေါက်တစ်နေရာ (ဓာတ်ပုံ − ကျော်ဇင်သန်း)
ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံအမှတ်(၅၄) ခြံတံခါးကို စိတ်မနှံ့သောလူတစ်ဦးက ကျောက်ခံဖြင့် ပစ်ပေါက်မှုဖြစ်ပွားရာ တံခါးကျိုးပဲ့သွားပြီး စိတ်မနှံ့သူအား ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့က ရွာသာကြီး စိတ်ကျန်းမာရေး ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သတင်းရရှိသည်။

အုန်းရည်က ကျန်းမာရေးအတွက် ဘာတွေကောင်းသလဲ

Photo: အုန်းရည်က ကျန်းမာရေးအတွက် ဘာတွေကောင်းသလဲ
Friday, January 16, 2015

အုန်းရည်ကို လူတိုင်းလိုလိုနှစ်သက်ကြပြီး အရင်တုန်းကတော့ လွယ်လွယ်ကူကူဝယ်သောက်လို့မရပေမယ့် အခုဆိုရင် စူပါမားကက်တွေမှာ ရယ်ဒီမိတ်အုန်းရည်ဘူးတွေ၊ အုန်းသီးအလုံးလိုက်တွေဝယ်ပြီးသောက်လို့ရနေပါပြီ။ ချိုမြမြစူးရှရှအရသာရှိတဲ့ အုန်းရည်တွေ  ဒီအတိုင်း သောက်နေကြတာထက် ကျန်းမာရေးအတွက် ဘာတွေကောင်းသလဲဆိုတာ သိထားရအောင် ဖော်ပြပေးလိုက်ပါတယ်။

အုန်းရည်ဟာ နှလုံးသွေးကြောဆိုင်ရာ အဖွဲ့အစည်းအတွက် ကောင်းကျိုးပြုပါတယ်။ သွေးလည်ပတ်မှုကောင်းမွန်စေ ပြီး သွေးဖိအားကိုလည်း ပုံမှန်အနေအထားရှိအောင်လုပ်ဆောင်ပေးနိုင်တာကြောင့် နှလုံးရောဂါနဲ့ အခြားဆက်နွှယ်တဲ့ရောဂါတွေကိုပါ ကာကွယ်ပေးနိုင်ပါတယ်။

ကယ်လိုရီနဲ့ အဆီဓာတ်လည်း နည်းပါးတာကြောင့် ကိုယ်အလေးချိန်လျှော့ချချင်သူတွေအတွက် အုန်းရည်ဟာ အကောင်းဆုံးသဘာဝဖျော်ရည်ဖြစ်ပါတယ်။ အုန်းရည်ကို ပုံမှန်သောက်မယ်ဆိုရင် ကိုယ်ခံစွမ်းအားကောင်းမွန်စေပြီး ခန္ဓာကိုယ်အတွက်လို အပ်တဲ့သတ္တုဓာတ်တွေကိုလည်း ဖြည့်စွမ်းပေးပါတယ်။

နောက်ပြီး ကျောက်ကပ်ကောင်းစွာအလုပ်လုပ်စေဖို့အတွက်လည်း ထောက်ကူပေးပြီး ဆီးများများသွားစေနိုင်ပါတယ်။ ကျောက်ကပ်ကျောက်တည်တာတွေ၊ ဆီးလမ်းကြောင်းပိုးဝင်တာတွေအ တွက်လည်း အုန်းရည်က ကောင်းကျိုးပြုပါတယ်။ ရင်ပူတာ၊ ဗိုက်နာ တာ၊ ဝမ်းချုပ်တာတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပြီး ကောင်းစွာ အစာခြေဖျက်စေနိုင်ပါတယ်။

အုန်းရည်ဟာ ဘက်တီးရီးယားပိုးတွေသေစေနိုင်စွမ်းရှိတာကြောင့် အရေပြားကျန်းမာရေးကောင်းအောင်ကူညီပေးနိုင်ကာ ဝက်ခြံတွေပျောက်စေနိုင်ပါတယ်။ ဒါ့အပြင် အရေပြားပျက်စီးတာတွေကို သက်သာစေပြီး အိုမင်းရင့်ရော်တာတွေကိုလျော့ပါးစေနိုင်တယ်လို့ဆိုပါတယ်။

Ref:healthdigezt.com
7Day DAILY
အုန်းရည်ကို လူတိုင်းလိုလိုနှစ်သက်ကြပြီး အရင်တုန်းကတော့ လွယ်လွယ်ကူကူဝယ်သောက်လို့မရပေမယ့် အခုဆိုရင် စူပါမားကက်တွေမှာ ရယ်ဒီမိတ်အုန်းရည်ဘူးတွေ၊ အုန်းသီးအလုံးလိုက်တွေဝယ်ပြီးသောက်လို့ ရနေပါပြီ။ ချိုမြမြစူးရှရှအရသာရှိတဲ့ အုန်းရည်တွေ  ဒီအတိုင်း သောက်နေကြတာထက် ကျန်းမာရေး အတွက် ဘာတွေကောင်းသလဲဆိုတာ သိထားရအောင် ဖော်ပြပေးလိုက်ပါတယ်။

ဒီချုပ်ပညာရေးကွန်ရက် အထက်မြန်မာပြည်ရန်ပုံငွေပွဲ အလှူငွေ သိန်းရှစ်ရာခန့်ရရှိ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက် လေးနှစ်ပြည့် အထက်မြန်မာပြည် အခမဲ့ပညာဒါန ကျောင်းများ ရန်ပုံငွေဂီတပွဲတော်ကို ဇန်န၀ါရီ ၁၄ ရက် ညက မန္တလေးမြို့တွင် ပြုလုပ်ခဲ့ရာ အလှူငွေ ကျပ်သိန်း ၈၀၀ ခန့် ရရှိခဲ့ကြောင်း ယင်းဖျော်ဖြေပွဲ၏ ဘဏ္ဍာရေးတာဝန်ခံ ကိုမျိုးနိုင်က ပြောသည်။

ဖုန်းငွေဖြည့်ကတ် အခွန်ကောက်ရန် ဆွေးနွေးနေ

မိုဘိုင်းဖုန်း ငွေဖြည့်ကတ် အသုံးပြုသည့် အပေါ် ၅ ရာခိုင် နှုန်း အခွန် ကောက်ခံရန် အစိုးရ အဖွဲ့နှင့် ဆွေးနွေးမှုပြုလုပ်နေပြီး ယခု နှစ်ဝကအတွင်း လုပ်ဆောင်ဖွယ်ရှိကြောင်း ဆက်သွယ်ရေးအော်ပရေတာများ ထံမှ သိရသည်။

ပြည်ခိုင်ဖြိုးအုပ်ချုပ်ရေးမှူးကို သေနတ်ဖြင့် ပစ်သတ်ခဲ့သော လက်နက်ကိုင်လူတစ်စု မဖမ်းမိသေး

ကျောက်မဲမြို့မှ ပြည် ခိုင်ဖြိုးပါတီဝင် ကျေးရွာအုပ်ချုပ် ရေးမှူးကို သေနတ်ဖြင့် ပစ်သတ် ကာ မီးရှို့ခဲ့သည့် လက်နက်ကိုင် လူတစ်စုကို ဖမ်းဆီးနိုင်ခြင်းမရှိ သေးကြောင်း သတင်းရရှိသည်။

မန္တလေးမြို့ရှိ တော်ဝင်နှင်းဆီဆေးရုံမှ တရုတ်နိုင်ငံသား ခြောက်ဦးကို တရား ခံပြေး အဖြစ် သတ်မှတ်ထားပြီး ထွက်ပြေးတိမ်းရှောင်နေသော ပိုင်ရှင် ဇနီး မောင်နှံ နှင့် ပတ်သက်၍ ဆေးရုံအုပ်အား စစ်ဆေးနေ

မန္တလေးမြို့ရှိ တော်ဝင်နှင်းဆီဆေးရုံတွင် လိုင်စင်မရှိဘဲ ဆေးကုသနေမှုနှင့် ပတ်သက်၍  အမှုဖွင့်စစ်ဆေး နေစဉ် ထွက်ပြေးတိမ်းရှောင်သွားသော တရုတ်နိုင်ငံသားခြောက်ဦးကို တရားခံပြေးအဖြစ် သတ်မှတ်ထားပြီး ထွက်ပြေးတိမ်းရှောင်နေသော ဆေးရုံပိုင်ရှင် လင်မယားနှစ်ဦးနှင့် ပတ်သက်၍ ဆေးရုံမှ ဆေးရုံအုပ်အား စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။