ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဗိုလ်ဗထူးလမ်းရှိ တန်ဖိုးမျှတ အိမ်ရာစီမံကိန်းကို ဇူလိုင်လ ၂၂ ရက်က တွေ့ရစဉ်။ အစိုးရက တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ပေးနေသည်ဟု ဆိုသော်လည်း ယနေ့ချိန်ထိ အောက်ခြေလူတန်းစားနှင့် အလှမ်းဝေးနေဆဲဖြစ်သည်။ ဓာတ်ပုံ-ဟိန်းထက်
မြန်မာနိုင်ငံ၏ ကျူးကျော်များကို ဖြေရှင်းရေးအတွက် ဈေးနှုန်းသက်သာသည့် အိမ်ရာစီမံကိန်းများ ဖော်ဆောင်ရန် လိုအပ်သည်ဟု ဆိုသော်လည်း လက်တွေ့လုပ်ငန်းခွင်တွင်မူ တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ရန်မှာ မြေနေရာ အခက်အခဲကြီးမားနေခြင်းက ပြဿနာတစ်ရပ် ဖြစ်နေသည်ဟု ဆောက် လုပ်ရေး လုပ်ငန်းရှင်ကြီးများက သြဂုတ် ၂၁ ရက်တွင် မဇ္ဈိမကို ပြောသည်။