
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည့် ယခုနှစ် ဒီဇင်ဘာလအတွင်း ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူ့ဘဏ္ဍာငွေကို ဖြုန်းတီးခြင်းဖြစ်ကြောင်းနှင့် ဇူလိုင်လ ၂၀ ရက်နေ့ထိ ကောက်ခံရရှိသည့် ပုဒ်မ ၄၃၆ လူထုဆန္ဒလက်မှတ် အရေအတွက်မှာ အလွန်နည်းပါးမှုကို အားမရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားလိုက်သည်။