Friday 28 February 2014

မြေမဲ့ ယာမဲ့ အိမ်ရာမဲ့ စာရင်းကောက်ရန် ညွှန်ကြားထားပြီး မြေနေရာရှာခိုင်းထား

မြို့နယ်အလိုက် အမှန်တကယ် မြေမဲ့ယာမဲ့များစာရင်းကို တိတိကျကျကောက်ပြီး မြေနေရာများရှာထား ရန် ဧရာဝတီတိုင်းဒေသကြီး အစိုးရက ညွှန်ကြားထားသည်ဟု ခရိုင်မှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများက မဇ္ဈိမကို ပြောသည်။

အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး အေဂျင်စီ အကြီးအကဲ မြန်မာနိုင်ငံ ရောက်ရှိ

Photo: အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး အေဂျင်စီ အကြီးအကဲ မြန်မာနိုင်ငံ ရောက်ရှိ
Friday, February 28, 2014

အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး အေဂျင်စီ၏ အကြီးအကဲ ဖြစ်သူ မစ္စတာ Rajiv Shah မှာ ဒုတိယအကြိမ် မြန်မာနိုင်ငံ ခရီးစဉ်အဖြစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က မြန်မာနိုင်ငံသို့ စတင် ရောက်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးက သတင်းထုတ်ပြန်သည်။

မစ္စတာ Rajiv Shah သည် ၎င်း၏ ခရီးစဉ်အတွင်း ရန်ကုန်မြို့နှင့် နေပြည်တော်သို့ သွားရောက်မည် ဖြစ်ပြီး မြန်မာ့ အသွင်ကူးပြောင်းရေး အဆင်ပြေ ချောမွေ့စေရန် အတွက် အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး အေဂျင်စီက ပေးအပ်သည့် အထောက်အပံ့များ၊ ဖွံ့ဖြိုးရေး အစီအစဉ်များကို ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်ရေး အတွက် အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ အစိုးရနှင့် အခြား လူမှု အဖွဲ့အစည်းများနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ် သွားမည်ဟု အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့အပြင် မစ္စတာ Rajiv Shah သည် ရန်ကုန် ခရီးစဉ်အတွင်း “ကျန်းမာသော မြန်မာနိုင်ငံ ဖြစ်လာရေး အတွက် ပူးပေါင်း ဆောင်ရွက်မှု” အစီအစဉ်ဖြင့် မြန်မာနိုင်ငံအနှံ့ မသန့်ရှင်းသော သောက်သုံးရေကြောင့် ဖြစ်ပွားနေသည့် ဝမ်းပျက် ဝမ်းလျှောနှင့် သေဆုံးမှုများကို ကာကွယ်ရန် အမေရိကန် ပြည်ထောင်စု အခြေစိုက် Procter & Gamble ကုမ္ပဏီက သောက်သုံးရေ လီတာ သန်း ၁၀၀ ကျော်ကို လှူဒါန်းမည့် အခမ်းအနားသို့လည်း တက်ရောက်မည် ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့် စိုက်ပျိုးရေး၊ ဆက်သွယ်ရေး ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး၊ အစားအစာ လုံခြုံရေးဆိုင်ရာ တို့အတွက် အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ မစ္စတာ Rajiv Shah က မိန့်ခွန်းတစ်ရပ် ပြောကြားသွားမည် ဖြစ်ကြောင်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။

မစ္စတာ Rajiv Shah သည် အမေရိကန် ပြည်ထောင်စု အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး အေဂျင်စီ၏ အကြီးအကဲ အဖြစ် မြန်မာနိုင်ငံသို့ ၂၀၁၃ ခုနှစ် မတ်လ အတွင်းက ပထမဦးဆုံး အကြိမ် ရောက်ရှိ လာခဲ့သည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလ အတွင်းက မြန်မာနိုင်ငံသို့ သမိုင်းဝင် ခရီးစဉ်အဖြစ် လာရောက်ခဲ့သည့် အမေရိကန် သမ္မတ ဘားရက် အိုဘားမား၏ ခရီးစဉ်အတွင်း မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များတွင် အထောက်အကူ ပြုနိုင်ရန် အမေရိကန် ဒေါ်လာ သန်း ၁၇၀ ကို အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး အေဂျင်စီမှ တစ်ဆင့် ထောက်ပံ့ ပေးခဲ့သည်။

အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး အေဂျင်စီသည် ၁၉၅၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံသို့ စတင် ရောက်ရှိလာခဲ့ပြီး ယင်းအဖွဲ့အစည်းမှ တစ်ဆင့် နည်းပညာ ဝန်ဆောင်မှု၊ စိုက်ပျိုးရေးကဏ္ဍသုံး ပစ္စည်းများနှင့် အခြားသော အထောက်အပံ့များ ပေးအပ်ခဲ့သည်။

သို့သော် တပ်မတော်အစိုးရ လက်ထက် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ၁၉၉၈ ခုနှစ် နောက်ပိုင်းတွင် မြန်မာနိုင်ငံမှ အပြီးအပိုင် ထွက်ခွာ သွားခဲ့သည်။

၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း အပြီးမှ ကျန်းမာရေးဆိုင်ရာ အစီအစဉ် အချို့ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။

၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ ရောက်ရှိ လာခဲ့သော ယခင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မစ္စဟီလာရီ ကလင်တန်သည် အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး အေဂျင်စီကို မြန်မာနိုင်ငံတွင် တရားဝင် ပြန်လည် ဖွင့်လှစ်၍ အထောက်အပံ့များ ပေးအပ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

The Voice Weekly
အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး အေဂျင်စီ၏ အကြီးအကဲ ဖြစ်သူ မစ္စတာ Rajiv Shah မှာ ဒုတိယအကြိမ် မြန်မာနိုင်ငံ ခရီးစဉ်အဖြစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က မြန်မာနိုင်ငံသို့ စတင် ရောက် ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးက သတင်းထုတ်ပြန်သည်။

ရန်ကုန်လေဆိပ် ပြည်တွင်း ထွက်ခွာဆောင်ကို ဂုဏ်ပြုဆောင်သို့ ပြောင်းရွှေ့


ပြည်တွင်းခရီးစဉ်များ သွားလာမည့် လေယာဉ်စီး ခရီးသည်များ အတွက် ပြည်တွင်း ထွက်ခွာဆောင်ကို ဂုဏ်ပြုဆောင်သို့ ဖေဖော်ဝါရီလ၂၇ ရက်နေ့က ပြောင်းရွှေခဲ့ကြောင်း လေကြောင်း ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောကြားသည်။

သီရိလင်္ကာ သမ္မတ မြန်မာနိုင်ငံ လာမည်

Photo: သီရိလင်္ကာ သမ္မတ မြန်မာနိုင်ငံ လာမည် 
Friday, February 28, 2014

သီရိလင်္ကာ နိုင်ငံ၏ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်ခဲ့ဖူးသည့် ခြောက်ဆက်မြောက် သမ္မတ မဟင်ဒရာ ရာဂျာပက်စကာသည် မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ကြောင်း သိရီလင်္ကနိုင်ငံ အခြေစိုက် သတင်းမီဒီယာ အချို့တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် မတ်လ ၁ နေ့မှ ၄ ရက်နေ့အထိ ကျင်းပမည့် ဘင်္ဂလား ပင်လယ်အော် ဒေသတွင်း ဆိုင်ရာ ကဏ္ဍစုံ နည်းပညာနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု (BIMSTEC) တတိယ ထိပ်သီး ညီလာခံသို့ တက်ရောက်ရန် အတွက် သီရိလင်္ကာ သမ္မတက လာရောက်ခြင်း ဖြစ်ကြောင်း အဆိုပါ သတင်းများအရ သိရသည်။

သီရိလင်္ကာ သမ္မတသည် ၎င်း၏ ခရီးစဉ်တွင်း မြန်မာအစိုးရ အရာရှိများ၊ အစိုးရ အဖွဲ့အစည်းများနှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း သီရိလင်္ကာ သမ္မတရုံးက ထုတ်ပြန်ထားသည်။ 

ဘင်္ဂလား ပင်လယ်အော် ဒေသတွင်း နိုင်ငံများ ဖြစ်သည့် နီပေါ၊ အိန္ဒိယ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့ ပါဝင် ဖွဲ့စည်းထားသည့် BIMSTEC အဖွဲ့အစည်းကြီး၏ (၁၃) ကြိမ်မြောက် ဝန်ကြီးအဆင့် အစည်းအဝေးကြီးကို မြန်မာနိုင်ငံတွင် ပထမဦးဆုံး ကျင်းပမည် ဖြစ်ပြီး၊ နီပေါနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှ ဝန်ကြီးချုပ်များ တက်ရောက်မည် ဖြစ်ကြောင်း ယင်းအဖွဲ့အစည်းကြီးက ထုတ်ပြန်ထားသည်။

အဆိုပါ အစည်းအဝေးတွင် ဒေသတွင်း နိုင်ငံ ခုနစ်နိုင်ငံ အကြား ၂၀၁၇ ခုနှစ်အတွင်း ကုန်သွယ်ခွန် ကင်းလွတ်ခွင့်ဒေသ ဖော်ဆောင်နိုင်ရေး အတွက် ဆုံးဖြတ်ချက် တစ်စုံတစ်ရာ ချမှတ်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း သီရိလင်္ကာ သမ္မတက ပြောကြားသည်ဟု သီရိလင်္ကာ သတင်းမီဒီယာ အချို့က ဆိုသည်။

The Voice Weekly
သီရိလင်္ကာ နိုင်ငံ၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်ခဲ့ဖူးသည့် ခြောက်ဆက်မြောက် သမ္မတ မဟင်ဒရာ ရာဂျာပက်စကာသည် မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ကြောင်း သိရီလင်္ကနိုင်ငံ အခြေစိုက် သတင်း မီဒီယာ အချို့တွင် ဖော်ပြထားသည်။

တာတို ဒုံးကျည် ၄ ခု မြောက်ကိုရီးယား ပစ်လွှတ်

Photo: တာတို ဒုံးကျည် ၄ ခု မြောက်ကိုရီးယား ပစ်လွှတ်
Friday, February 28, 2014

မြောက်ကိုရီးယားဟာ အရှေ့ဘက် ကမ်းခြေ ကနေ ပင်လယ်ပြင် ဘက်ကို တာတိုပစ် ဒုံးကျည် ၄ ခု ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးက ပြောဆိုလိုက်ပါတယ်။

ကိုရီးယား ကျွမ်းဆွယ်ကို တောင်မြောက် ပိုင်းခြားထားတဲ့ စစ်ရေးမျဉ်းလိုင်းရဲ့ မြောက်ဘက် သိပ်မဝေးတဲ့ တောင်ကုန်းတစ်ခုပေါ်ကနေ ဒီဒုံးကျည်တွေ ပစ်လွှတ်တာလို့ ထုတ်ပြန်တဲ့အထဲမှာ ဆိုထားပါတယ်။

နိုင်ငံတကာက တာဝေးပစ် ထိပ်ဖူးတပ် ဒုံးတွေ ပစ်လွှတ်ဖို့ တားမြစ်ထားပေမယ့် ဒီတာတိုပစ် ဒုံးတွေအပေါ်မှာတော့ ကန့်သတ်ထားခြင်း မရှိပါဘူး။

ဒီလို ပစ်လွှတ်မှုဟာ ပုံမှန် ပြုလုပ်တဲ့ စစ်ရေး လေ့ကျင့်မှု ဖြစ်ပေမယ့် ဒီသီတင်းပတ်ထဲမှာ စတင်ခဲ့တဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ နှစ်စဉ် ပူးတွဲ စစ်ရေးလေ့ကျင့်မှုနဲ့ တိုက်ဆိုင်နေပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုကို စစ်ရေးပြင်ဆင်မှု အနေနဲ့ မြောက်ကိုရီးယားက ရှုတ်ချထားခဲ့ပြီး နျူကလီယား စစ်ပွဲတွေ အဖြစ်ထိ ကူးပြောင်းသွားနိုင်တယ်လို့ သတိပေးထားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
မြောက်ကိုရီးယားဟာ အရှေ့ဘက် ကမ်းခြေ ကနေ ပင်လယ်ပြင် ဘက်ကို တာတိုပစ် ဒုံးကျည် ၄ ခု ပစ်လွှတ်ခဲ့ တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးက ပြောဆိုလိုက်ပါတယ်။

မျိုးစောင့်ဥပဒေပြဌာန်းဖို့ သမ္မတနှင့် လွှတ်တော်အကြား အပြန်အလှန် တာဝန်လွှဲ

အမျိုးစောင့်ဥပဒေတွေ ပြဌာန်းနိုင်ဖို့အတွက် သက်ဆိုင်ရာ ၀န်ကြီးဌာနတွေကနေ တဆင့် ဥပဒေကြမ်းကို တင်ပြဆောင်ရွက်သွားပါလို့ ပြည်ထောင်စု လွှတ်တော်နာယက က သမ္မတထံကို ဒီကနေ့မှာ သ၀ဏ်လွှာ ပြန်ပို့ခဲ့ တယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေ က ပြောပါတယ်။ မျိုးစောင့် ဥပဒေ လေး ခု နဲ့ ပတ် သက်ပြီးတော့ ဆန်းစစ်နိုင်ဖို့အတွက် သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု လွှတ်တော်နာယကထံ  ဖေဖော် ၀ါရီလ ၂၅ ရက်နေ့က သဝဏ်လွှာပေးပို့ခဲ့ တာကို ဒီကနေ့ အကြောင်းပြန်လိုက်တာဖြစ်ပါတယ်။ အပြည့်အစုံ ကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် က ပြောပြမှာပါ။

နှစ် ၅၀ ကျော်အတွင်း ပထမဆုံး ပဒေသာကပွဲ အင်းစိန်ထောင်တွင် ကျင်းပ၊ အင်ပါယာ တေးဂီတအဖွဲ့ ဖျော်ဖြေ

Photo: နှစ် ၅၀ ကျော်အတွင်း ပထမဆုံး ပဒေသာကပွဲ အင်းစိန်ထောင်တွင် ကျင်းပ၊ အင်ပါယာ တေးဂီတအဖွဲ့ ဖျော်ဖြေ
Friday, February 28, 2014

နှစ်ပေါင်း ၅၀ ကျော် ကာလအတွင်း ပထမဆုံး အကြိမ်အဖြစ် ပဒေသာ ကပွဲ တစ်ခုကို အင်းစိန် အကျဉ်းထောင် အတွင်းတွင် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ၏ နာမည်ကျော် အင်ပါယာ တေးဂီတ အဖွဲ့က လာရောက် ဖျော်ဖြေခဲ့ကြောင်း အငြိမ်းစား ထောင်မှူးကြီး တစ်ဦးက ပြောကြားသည်။

အဆိုပါ ကပွဲကို အင်းစိန် အကျဉ်းထောင်ရှိ အကျဉ်းသူ၊ အကျဉ်းသားများနှင့် အကျဉ်းထောင် ဝန်ထမ်းများက ပါဝင် ကပြခဲ့ခြင်း ဖြစ်ပြီး ယင်းသို့ ဖျော်ဖြေခွင့် ရသည်မှာ ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ အစိုးရ လက်ထက် နောက်ပိုင်းတွင် ပထမဆုံး အကြိမ် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ဖေဖော်ဝါရီလ ၂၆ ရက်တွင် ကျရောက်သည့် အကျဉ်းဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အဖြစ် ကျင်းပသည့် အဆိုပါ ကပွဲသို့ အင်ပါယာ တေးဂီတ အဖွဲ့နှင့်အတူ နာမည်ကျော် ရော့ခ်အဆိုတော် ဇော်ဝင်းထွဋ် အပါအဝင် အဖွဲ့၏ ပင်တိုင် အဖွဲ့သားများ စုံညီစွာ ပါဝင်ခဲ့ပြီး တေးသီချင်း ၁၀ ပုဒ်ခန့် သီဆို ဖျော်ဖြေခဲ့ကြောင်း အငြိမ်းစား ထောင်မှူးကြီး ဦးခင်မောင်မြင့်က The Voice သို့ ပြောကြားသည်။

ပဒေသာ ကပွဲတွင် တေးသီချင်းများ သီဆိုခြင်း၊ ကပြခြင်းများ အပြင် အကျဉ်းထောင်တွင်း တွေ့ကြုံ ရတတ်သည့် ဖြစ်ရပ်များကို ဖော်ကျူးသည့် ဟာသ ပြဇာတ် တစ်ခုကိုလည်း ထည့်သွင်း ကပြခဲ့ကြောင်း၊ အင်းစိန် အကျဉ်းထောင်ရှိ အကျဉ်းသား ၂၈၀ နှင့် အကျဉ်းသူ ၁၀၀ ခန့် တက်ရောက် ကြည့်ရှုခွင့် ရခဲ့ကြောင်း ၎င်းက ထပ်မံ ပြောဆိုသည်။

“ခန်းမ အခြေအနေအရ အဲဒီလောက်ပဲ ကြည့်လို့ ရတာပါ၊ ကျန်တဲ့ သူတွေကိုတော့ ကိုယ့်အိပ်ဆောင်မှာ ရှိတဲ့ တီဗီကနေ တိုက်ရိုက် ပြပေးတာ” ဟု ဦးခင်မောင်မြင့်က ဆိုသည်။

အကျဉ်းထောင်တွင်း သီဆို ဖျော်ဖြေပွဲများ ကျင်းပခြင်းကို တရားဝင် ပိတ်ပင်ထားခြင်း မရှိခဲ့ကြောင်း၊ သတင်းစာဆရာ လူထုဦးလှ၊ ဆရာ ရန်ကုန်ဘဆွေတို့ အကျဉ်းကျခဲ့စဉ် ၁၉၆၂ ခုနှစ် မတိုင်မီက ယင်းကဲ့သို့ ထောင်တွင်း ဖျော်ဖြေပွဲများကို ကျင်းပ ပြုလုပ်ခဲ့ဖူးပြီး တော်လှန်ရေးကောင်စီ အစိုးရ လက်ထက်မှ စတင်ကာ အကျဉ်းထောင် ဥပဒေ၊ စည်းကမ်းများ ပိုမို တင်းကျပ်လာခြင်း၊ ထောင်အာဏာပိုင်များမှ တာဝန်ခံနိုင်ခြင်းများ မရှိတော့သဖြင့် နောက်ပိုင်းတွင် ကျင်းပနိုင်ခြင်း မရှိတော့ကြောင်း အငြိမ်းစား ထောင်မှူးကြီး တစ်ဦးဖြစ်သူ စာရေးဆရာ ဇေယျာမင်းသျှင်က ပြောကြားသည်။

အင်းစိန် အကျဉ်းထောင်တွင် အကျဉ်းသား လေးထောင်ကျော်နှင့် အချုပ်သား နှစ်ထောင်ကျော်၊ စုစုပေါင်း ခြောက်ထောင်ကျော် ရှိနေကြောင်း၊ ယခင်နှစ်က ကျင်းပသည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ပွဲတွင် အကျဉ်းထောင် ဝန်ထမ်း မိသားစုဝင်များသာ ပါဝင်ခဲ့ပြီး အကျဉ်းထောင် ပြင်ပတွင်သာ ကပြ ဖျော်ဖြေခဲ့ကြောင်း အကျဉ်းထောင် မှတ်တမ်းများ အရ သိရသည်။

The Voice Weekly
နှစ်ပေါင်း ၅၀ ကျော် ကာလအတွင်း ပထမဆုံး အကြိမ်အဖြစ် ပဒေသာ ကပွဲ တစ်ခုကို အင်းစိန် အကျဉ်းထောင် အတွင်းတွင် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ၏ နာမည်ကျော် အင်ပါယာ တေးဂီတ အဖွဲ့က လာရောက် ဖျော်ဖြေခဲ့ကြောင်း အငြိမ်းစား ထောင်မှူးကြီး တစ်ဦးက ပြောကြားသည်။

YES အထည်ချုပ်လုပ်သားတွေ ၃ရက်မြောက် ဆက်လက်ဆန္ဒပြ

Photo: YES အထည်ချုပ်လုပ်သားတွေ ၃ရက်မြောက် ဆက်လက်ဆန္ဒပြ
Friday, February 28, 2014

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၃ က YES အထည်ချုပ်စက်ရုံက အလုပ်သမားတစ်ထောင်ကျော်ဟာ နေ့စဉ်ကြေးတိုးပေးဖို့ စက်ရုံအတွင်းမှာ ၃ ရက်မြောက်နေ့အဖြစ် တောင်းဆိုဆန္ဒပြနေကြပါတယ်။

အလုပ်သမားတွေ တောင်းဆိုနေတဲ့ နေ့စဉ်ကြေး ကျပ် ၅၀၀ တိုးပေးဖို့အချက်ကို အလုပ်ရှင်ဘက်က တစ်ရက် ကျပ် ၉၀ တိုးပေးနိုင်မယ်လို့ မနေ့က အကြောင်းပြန်လာတာကြောင့် ဒီနေ့ ဆက်လက်ဆန္ဒပြ တောင်းဆိုနေတာလို့ ဆန္ဒပြအလုပ်သမတစ်ဦးဖြစ်သူ မခင်နီလာစိုးက ပြောပါတယ်။

"သူများစက်ရုံတွေဆိုရင် အခုတလော ဆန္ဒပြတဲ့ စက်ရုံတွေရော၊ ဆန္ဒမပြတဲ့ စက်ရုံတွေရော တချို့ကျတော့ ၁၃ဝဝဝ တိုးတယ်၊ တချို့ကျတော့ ၁၅ဝဝဝ တိုးတယ်၊ အဲဒီအပေါ်မှာ မူတည်ပြီးတော့ တစ်နေ့ကို နေ့ကြေး ၅ဝဝ တိုးတောင်းထားတာပေါ့နော်၊ အဲဒါကို မနေ့က သူဌေးက ညှိပေးတယ်၊ နေ့ကြေး ၅ဝဝ တောင်းတာ ၉၀ တိုးပေးတယ်၊ ဘယ်လိုမှ သဘောမတူဘူး၊ ဒီနေ့ဆက်ညှိဖို့စောင့်နေတာ၊ ညနေ ၄ နာရီသာထိုးတာ တစ်ချက်မှလာမညှိဘူး"

လုပ်သက်အပေါ်မူတည်ပြီး အလုပ်သမားတွေရရှိတဲ့ နေ့စားခက ကျပ် ၃၀၀ ကနေ လုပ်သက် ၇ နှစ်ရှိသူတွေက တစ်နေ့ကို ကျပ် ၁၂၀၀ အထိ ရရှိကြပါတယ်။

တစ်ချိန်ထဲမှာလည်း လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်က Grate Well ဖိနပ်စက်ရုံမှာ နေ့စဉ်ကြေးတိုးပေးဖို့အတွက် ဆန္ဒပြတောင်းဆိုနေကြတဲ့ အလုပ်သမား ၄၀၀ နီးပါးလောက်ဟာ ဒီနေ့ အလုပ်ရှင်နဲ့ ပြေလည်မှု ရရှိခဲ့ပါတယ်။

Grate Well ဖိနပ်စက်ရုံမှာ နေ့စဉ်ကြေး တစ်နာရီငွေကျပ် ၁၅၀ ရရှိနေတာကနေ တစ်နာရီ ငွေကျပ် ၁၇၀ အထိ တိုးပေးဖို့၊ တစ်လကို ရှားပါးစရိတ် တစ်သောင်းငါးထောင်ပေးဖို့ တောင်းဆိုရာမှာ ဒီနေ့ အလုပ်ရှင်က နေ့စဉ်ကြေးကို တစ်နာရီ ၁၆၀ ကျပ် တိုးပေးပြီး ရှားပါးစရိတ်ကို ၈၇၀၀ ကျပ် တိုးပေးလိုက်တဲ့အတွက် ပြေလည်မှုရရှိခဲ့တာပါ။

ဒါပေမဲ့ အလုပ်သမားတွေဘက်က ဆန္ဒပြခဲ့တဲ့ နှစ်ရက်စာကို မဖြတ်တောက်ဖို့အတွက် ဆက်လက်တောင်းဆိုနေကြဆဲ ဖြစ်ပါတယ်။

RFA Burmese
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၃ က YES အထည်ချုပ်စက်ရုံက အလုပ်သမား တစ်ထောင်ကျော်ဟာ နေ့စဉ်ကြေးတိုးပေးဖို့ စက်ရုံအတွင်းမှာ ၃ ရက်မြောက်နေ့အဖြစ် တောင်းဆို ဆန္ဒပြနေကြပါတယ်။

ထိုင်းဝန်ကြီးချုပ် ကြားနာမှု ရှေ့နေတွေ စေလွှတ်

ထိုင်းနိုင်ငံ ဝန်ကြီးချူပ် ယင်လပ် ရှင်နာဝပ်ဟာ တာဝန်မဲ့ အပြုအမူတွေ ကျူးလွန်ခဲ့တယ် ဆိုပြီး ခြစားမှု တိုက်ဖျက်ရေး ကော်မရှင်ကနေ စွဲဆိုထားတဲ့ ကြားနာစစ်ဆေးမှုကို တက်ရောက်ဖို့ သူမရဲ့ ရှေ့နေတွေကို စေလွှတ်ခဲ့ပါတယ်။

ဝန်ကြီးချုပ်နဲ့ဆွေးနွေးဖို့ ထိုင်း အတိုက်အခံ လမ်းဖွင့်

ထိုင်းအတိုက်အခံခေါင်းဆောင် Suthep Thaugsuban 

ထိုင်းနိုင်ငံမှာ အတိုက်အခံခေါင်းဆောင် Suthep Thaugsuban က ဝန်ကြီးချုပ် Yingluck Shinawatra နဲ့ ဆွေးနွေးမယ်လို့ အရိပ်အမြွက် ပြောကြား လိုက်ပါတယ်၊ လနဲ့ချီ ကြာနေပြီဖြစ်တဲ့နိုင်ငံရေးပြဿနာကို အဆုံးသတ်နိုင်ဖို့ ဘယ်လိုဆွေးနွေး ညှိုနှိုင်းမှုကိုမှ မလုပ်နိုင်ဘူးဆိုပြီး အတိုက်အခံခေါင်းဆောင်က အရင်က ငြင်းဆန်နေခဲ့တာဖြစ်ပါတယ်။

သမ္မတ ပေးပို့သော အမျိုးဘာသာသာသနာ စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေလေးခု ပြဋ္ဌာန်းပေးရေးကိစ္စ ပြည်ထောင်စုလွှတ်တော်က အစိုးရသို့ ပြန်လွှဲ

Photo: သမ္မတ ပေးပို့သော အမျိုးဘာသာသာသနာ စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေလေးခု ပြဋ္ဌာန်းပေးရေးကိစ္စ ပြည်ထောင်စုလွှတ်တော်က အစိုးရသို့ ပြန်လွှဲ
Friday, February 28, 2014

နိုင်ငံတော်သမ္မတက ပေးပို့သော သဝဏ်လွှာပါ ဥပဒေလေးခုဖြစ်သည့် ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေ နှင့် လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေများနှင့် ပတ်သက်၍ အစိုးရအဖွဲ့ သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် ဥပဒေမူကြမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ စိစစ်ချက်ဖြင့် လွှတ်တော်သို့ ပြန်လည်တင်ပြရန် နိုင်ငံတော်သမ္မတထံသို့ သဝဏ်လွှာ ပြန်လည်ပေးပို့ခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၇ ရက်က ပြည်ထောင်စုလွှတ်တော်အစည်းအဝေး မကျင်းပမီ အရေးပေါ်အစည်းအဝေးတစ်ရပ် ပြုလုပ်ကာ ထိုကဲ့သို့ သဝဏ်လွှာပြန်လည်ပေးပို့ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။

နိုင်ငံတော်သမ္မ၏ သဝဏ်လွှာပါ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေသည် သာသနာရေးဝန်ကြီးဌာနနှင့် လည်းကောင်း၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေသည် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးနှင့်လည်းကောင်း၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေသည် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးနှင့်လည်းကောင်း၊ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာဥပဒေအား လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့်လည်းကောင်း ဆက်စပ်သက်ဆိုင်နေသည်ဟု စိစစ်တွေ့ရှိရသဖြင့် ထိုသို့ဥပဒေမူကြမ်းရေးဆွဲရန် ပေးပို့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယင်းဥပဒေများသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ဖွဲ့စည်းထားရှိသော လူ့အခွင့်အရေးကော်မရှင်တို့နှင့်လည်း ဆက်နွှယ်သက်ဆိုင်နိုင်သည်ဟု ယူဆကြောင်းလည်း နိုင်ငံတော်သမ္မတထံ ပေးပို့သော သဝဏ်လွှာတွင် ထည့်သွင်းဖော်ပြထားသည်။ သမ္မတ၏ သဝဏ်လွှာသည် နိုင်ငံတော်၊ တိုင်းရင်းသားများနှင့် နိုင်ငံသားများအတွက် အထူးအလေးထား စဉ်းစားသုံးသပ်ဆောင်ရွက်အပ်သော ကိစ္စတစ်ခုဖြစ်သည်ကို နားလည်ကြောင်း၊ ထို့အတူ ဥပဒေပြဌာန်းပေးရေးသည် များစွာသိမ်မွေ့သည့် ဘာသာ သာသနာနှင့် လူမှုရေး၊ လူသားအရေးများ ပါဝင်နေသည်ကို သတိပြုမိကြောင်းလည်း ထည့်သွင်းဖော်ပြထားသည်။

ထို့အတူ ပြည်ထောင်စုလွှတ်တော် အနေဖြင့်လည်း နိုင်ငံတော် တိုင်းရင်းသားများနှင့် နိုင်ငံသားများ အကျိုးစီးပွား အမှန်တကယ်ရရှိရေး အလေးထားစဉ်းစားသုံးသပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ထည့်သွင်းဖော်ပြကာ ပြည်ထောင်စုလွှတ်တော်နာယက က နိုင်ငံတော်သမ္မတထံသို့ သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတက နိုင်ငံတစ်ဝန်းရှိ သံဃာတော်များအပါအဝင် နိုင်ငံသား ၁၃၃၅၆ဝဝ တို့က လက်မှတ်ရေးထိုးကာ အမျိုးဘာသာ သာသနာကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် အဆိုပါဥပဒေလေးခုအား ပြဌာန်းပေးရန် အမျိုးဘာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ၏ တိုက်တွန်းချက်ကို လိုအပ်ပါက ဥပဒေအဖြစ် ပြဌာန်းနိုင်ရေးအတွက် လွှတ်တော်တွင် ဆောင်ရွက်နိုင်ရန် ဖေဖော်ဝါရီ ၂၅ ရက် နေ့စွဲဖြင့် ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၁၂၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက “ဒါဟာ နိုင်ငံရေးနဲ့ နည်းနည်းဆိုင်မယ်ထင်တယ်။ အမျိုးဘာသာရေးထက် နိုင်ငံရေးလို့ ပြောမလိုဖြစ်တယ်ပေါ့နော်။ ကျွန်တော်ကတော့ ဒီလိုပဲထင်တယ်။ ကျွန်တော်တစ်ယောက်တည်း အမြင်ကတော့ ဒါကြီးဟာ ခင်ဗျားတို့ စုဖုရားလတ်ခေတ်ကို ပြန်ရောက်သွားမယ်။ တစ်လင်တစ်မယားတွေ ပါလာတယ်။ အခုက ဘော်လီဘောတွေ ပုတ်နေတာ။ အခုကို ဘုန်းကြီးက ပြောတယ်ဗျာ။ သမ္မတက လွှတ်တော်ကို ခင်ဗျားတို့ လုပ်လိုက်။ လွှတ်တော်က မဟုတ်ဘူး။ မင်းတို့ဆီက လုပ်ရမှာ။ ဘော်လီဘောတွေပုတ်ပြီးတော့ ရှောင်နေတာလို့ ကျွန်တော် ဒီလိုမြင်တယ်။ ဒါကြီးက မကောင်းပါဘူးလို့ ပြောရင် ဘုန်းကြီးတွေနဲ့ ပြဿနာဖြစ်သွားမယ်။ ဘုန်းကြီးတွေကလည်း ကိုယ့်ဘုန်းကြီးတွေ ဖြစ်နေတာကိုး။ ဒါနည်းနည်းခက်တယ်ဗျ။ နည်းနည်းလေး အန္တရာယ်ကြီးတယ်။ ဒါ ပြဿနာရှိတယ်။ သေချာလုပ်ရမှာ။ လွှတ်တော်ထဲရောက်ရင်လည်း နည်းနည်းပွဲဆူမယ့် သဘောရှိတယ်။ ဘုန်းကြီးတွေ လက်မှတ်ထိုးပြီးတင်တယ်ဆိုပေမယ့် ခုနကပြောသလို ကျွန်တော့်အမြင်ကတော့ ငြိမ်နေတဲ့ ကန်ရေပြင်လေးကို ခဲနဲ့ပစ်လိုက်သလိုဖြစ်မလားလို့”ဟု ဆိုသည်။

ထို့ပြင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သော ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကိုယ်စားပြု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက “ ဒီဥပဒေတွေက တအားကို သိမ်မွေ့ နူးညံ့ပါတယ်။ ပြီးတော့ ဒါတွေက လွှတ်တော်ကချည်းပဲ ဥပဒေပြုလို့ မရပါဘူး။ ဝန်ကြီးဌာနတွေနဲ့လည်း သက်ဆိုင်နေတယ်။ အခြားဘာသာဝင်တွေမှာ အခုလို လက်ထပ်ခြင်းနဲ့ ပတ်သက်တဲ့ ဥပဒေတွေ ပြဌာန်းထားတာရှိတယ်။ ဗုဒ္ဓဘာသာ အမျိုးသမီးတွေအတွက် တိကျတဲ့ ဥပဒေထုတ်ထားတာ မရှိသေးပါဘူး။ နောက်တစ်ခုက တစ်လင်တစ်မယားစနစ်တို့၊ လူဦးရေတိုးပွားနှုန်း ထိန်းချုပ်တဲ့ ဥပဒေတို့ မရှိသေးဘူး။ ကျွန်မတို့ ရခိုင်ပြည်မှာဆိုရင် ဘင်္ဂါလီတွေက မိန်းမတွေအများကြီးယူတယ်။ ကလေးတွေ အများကြီးမွေးတယ်။ ဒါကြောင့် ရခိုင်တိုင်းရင်းသားတွေထက် ဘင်္ဂါလီတွေ ပိုများလာတယ်။ ပြီးတော့ မိန်းမတွေ အများကြီးယူပြီး အနှိမ်ခံဖြစ်နေရတယ်။ ကလေးတွေကိုလည်း ကောင်းကောင်းမပြုစုဘူး။ ဒါဟာ အမျိုးသမီးအခွင့်အရေးနဲ့ ကလေးသူငယ်အခွင့်အရေးတွေ ဆုံးရှုံးနေတာပဲ မဟုတ်လား။ ဒီဥပဒေပြုလို့ လူ့အခွင့်အရေး ဆုံးရှုံးတယ်ဆိုတာကတော့ ဟိုဘက်အခွင့်အရေး၊ ဒီဘက်အခွင့်အရေး ဆုံးရှုံးတာကိုတော့ မျှပြီးကြည့်ရမယ်။ ဒါကြောင့် ခုဥပဒေတွေက နိုင်ငံအတွက် အရေးကြီးတဲ့အတွက် ကြိုဆိုပါတယ်။ ဒါပေမဲ့ အစွန်းမရောက်ဘဲနဲ့ တကယ့်ကို ဆောင်ရွက်ပေးသင့်ပါတယ်” ဟု ဆိုသည်။

ဘားအံ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစေဟွာကလည်း “ဒီဥပဒေကြမ်း ထုတ်နိုင်ဖို့က ဝန်ကြီးဌာနလေးခုကို တာဝန်ပေးထားတာပေါ့နော်။ ဒါ အင်မတန်ကောင်းပါတယ်။ တကယ်တော့ ကျွန်မတို့ ဗုဒ္ဓဘာသာအမျိုးသမီးတွေအတွက်ဆိုရင် ပိုပြီးတော့ လိုအပ်တဲ့ ဥပဒေတွေ ဖြစ်ပါတယ်။ ဒီ တစ်လင်တစ်မယားစနစ်တို့ လက်ထပ်ထိမ်းမြားခြင်းတို့ဟာ ဆိုလို့ရှိရင် ကျွန်မတို့မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာကို အခြေခံတဲ့ နိုင်ငံဖြစ်တဲ့အတွက် တအားကို လိုအပ်ပါတယ်။ ကျွန်မတို့က ဒီဥပဒေထွက်လာမယ်ဆိုရင် ကြိုဆိုပါတယ်။ ဒီ ဥပဒေက တခြားဘာသာတွေအတွက် မလိုအပ်ဘူးလို့ ထင်တယ်။ ဗုဒ္ဓဘာသာအတွက်ကို ဆွဲတဲ့ဥပဒေလို့ ကျွန်မယူဆတယ်။ အဲဒီတော့ ဗုဒ္ဓဘာသာအတွက် အမျိုးသမီးတွေအတွက် အဓိက ဒါလေးတွေက ပိုပြီးတော့ အကျိုးဖြစ်စေမယ်ဆိုတော့လေ။ တခြားဘာသာတွေအနေနဲ့လည်း သူတို့ဘာသာအနေနဲ့ ရှိထားပြီးသားဖြစ်တဲ့အတွက်ကြောင့် ကျွန်မထင်တယ် ကန့်ကွက်မယ်မထင်ဘူး။ ဘာသာရေးခွဲခြားမှုလည်း မဖြစ်နိုင်ပါဘူး။ ဒါ ဗုဒ္ဓဘာသာအမျိုးသမီးတွေအတွက်ကို ရေးထားတဲ့အတွက်ကြောင့် ဗုဒ္ဓဘာသာ အမျိုးသမီးတွေအတွက်ပဲ အသက်ဝင်မှာပါ။ ကျွန်မတို့နိုင်ငံမှာ နဂိုကတည်းက ဘာသာတွေက လွတ်လွတ်လပ်လပ် ရပ်တည်ခွင့်ရှိတယ်လေ။ ကိုးကွယ်ခွင့်ရှိတယ်ဟာပေါ့နော်။ ကျွန်မစိတ်ထဲမှာ နိုင်ငံရေးနဲ့ မပတ်သက်ဘူးထင်တာပဲ။ ကျွန်မတို့နိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ ပြန်ကြည့်မယ်ဆိုရင်တော့ လူ့အခွင့်အရေးနဲ့ ဘာသာရေးက နည်းနည်းလေး လွဲနေတာပေါ့နော်။ အဲဒီတော့ ကျွန်မတို့က ဘာသာရေးကို သွားတယ်ဆိုတော့ ဘာသာရေးကို စဉ်းစားရမှာပေါ့နော်။ ကျွန်မတို့ ဥပဒေတွေဆိုတာက ဒီလွှတ်တော်မှာပဲ ပြဌာန်းသင့်တယ် ဆိုတော့လေ။ အရင်က ကျွန်မတို့ဆီမှာရှိထားတဲ့ ဗုဒ္ဓဘာသာအမျိုးသမီးတွေ လက်ထပ်ထိမ်းမြားခြင်းဥပဒေကို ပြန်ကြည့်မယ်ဆိုရင် ခေတ်စနစ်နဲ့ မလျော်ညီတော့ဘူးပေါ့နော်။
အဲဒီတော့ ပြုပြင်ပြောင်းလဲသင့်တာဖြစ်တဲ့အတွက်ကြောင့် ဒီအချိန်မှာ ပြုပြင်တာ အကောင်းဆုံးပါပဲလို့ ကျွန်မမြင်တယ်” ဟု ပြောကြားသည်။

ထိုကဲ့သို့ ပြည်ထောင်စုအစိုးရအဖွဲ့၏ စိစစ်ချက်ဖြင့် လွှတ်တော်သို့ ပြန်လည်တင်ပြရန် ဆုံးဖြတ်ခဲ့မှုအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကော့မှူးမြို့နယ်) က “ကျွန်မကတော့ နာယကကြီး ရဲ့ သဝဏ်လွှာကို သဘောတူတယ်။ ဒါက ဥပဒေနဲ့လည်း ညီတယ်။ နိုင်ငံရဲ့လိုအပ်ချက်နဲ့လည်း ကိုက်ညီတယ်။ လွှတ်တော်အနေနဲ့ ကတော့ အစိုးရဘက်က ပြန်လာတဲ့စာပေါ်မှာ မူတည်ပြီး ပြန်သုံးသပ်ရမှာပါ။ ဒီဥပဒေတွေက အရေးတကြီးပြဌာန်းဖို့ လို မလိုဆိုတာ သက်ဆိုင်ရာဝန်ကြီးဌာနတွေက ဆုံးဖြတ်ပြီး ပြန်ပြီးတော့ အကြံပြုရမှာဖြစ်ပါတယ်” ဟု ပြောကြားသည်။

Eleven Media Group

ဖေဖော်ဝါရီ ၂၇ ရက်က ကျင်းပခဲ့သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမြင်ကွင်း (ဓာတ်ပုံ-စိုးမင်းထိုက်)
ဖေဖော်ဝါရီ ၂၇ ရက်က ကျင်းပခဲ့သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမြင်ကွင်း (ဓာတ်ပုံ-စိုးမင်းထိုက်)

နိုင်ငံတော်သမ္မတက ပေးပို့သော သဝဏ်လွှာပါ ဥပဒေလေးခုဖြစ်သည့် ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်း ဆိုင်ရာဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေ နှင့် လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေများနှင့် ပတ်သက်၍ အစိုးရအဖွဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် ဥပဒေမူကြမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ စိစစ်ချက်ဖြင့် လွှတ်တော်သို့ ပြန်လည်တင်ပြရန် နိုင်ငံတော်သမ္မတထံသို့ သဝဏ်လွှာ ပြန်လည်ပေးပို့ခဲ့ကြောင်း သိရသည်။

အေရှားဝေါလ်ကုမ္ပဏီခွဲတစ်ခုဖြစ်သည့် ကောင်းမြတ်သောမြေကုမ္ပဏီက ကွမ်းခြံ ကုန်း၌ တည်ဆောက်မည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ် အားပေး စက်ရုံစီမံကိန်းသည် အစိုးရ၏ ခွင့်ပြုချက်မရပါက တည်ဆောက်မည် မဟုတ် ဟု ဆို

ကွမ်းခြံကုန်းမြို့နယ်တွင် တည်ဆောက်မည့် ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေးစီမံကိန်း လျာထားမြေနေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

အေးရှားဝေါလ်ကုမ္ပဏီခွဲဖြစ်သည့် ကောင်းမြတ်သောမြေကုမ္ပဏီမှ တည်ဆောက်မည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းသည် သဘာဝပတ်ဝန်းကျင် ထိခိုက်ဆန်းစစ်ခြင်းအဆင့်သာ ရှိသေးပြီး အစိုးရ၏ခွင့်ပြုချက် မရပါက တည်ဆောက်မည် မဟုတ်ကြောင်း စီမံကိန်းအထွေထွေမန်နေဂျာ ဦးမြင့်ဦးက ဖေဖော်ဝါရီ ၂၇ ရက်  ကွမ်းခြံကုန်းမြို့နယ် သောင်ခုံကျေးရွာတွင် ပြုလုပ်သည့် ဒေသခံများနှင့် တွေ့ဆုံပွဲတွင် Eleven Media Group သို့ပြောကြားသည်။

ဆော်ဒီအာရေဗျရောက် မြန်မာမွတ်စလင်တစ်ဦး ဇနီးနှင့် သားသမီး လေးဦးကို မီးဖိုချောင်သုံး ဓားဖြင့် ထိုးသတ်

ဆော်ဒီအာရေဗျနိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံမှ မွတ်စလင်တစ်ဦးသည် ၎င်း၏ ဇနီးနှင့် သားသမီးလေးဦးကို မီးဖိုချောင်သုံးဓားဖြင့် ထိုးသတ်ခဲ့ပြီး ထိုသို့သတ်ဖြတ်ရခြင်းမှာ ၎င်းတို့အား ချစ်ခင်ခြင်းကြော င့်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း Emirates 24/7 သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

Thursday 27 February 2014

စားဝတ်နေရေး ခက်ခဲလာ၍ ကမ်းဝေးငါးဖမ်း သင်္ဘောကြီးများကို ရခိုင်ရေလုပ်သားများ ဆန္ဒပြ

ပင်လယ်ကမ်းဝေး ငါးဖမ်းသင်္ဘောကြီးများ ကမ်းနီးသို့တိုင် ဝင်ရောက် ငါးဖမ်းမှုကြောင့် တစ်ပိုင်တစ်နိုင် ရေလုပ်သားငယ် မိသားစုများမှာ စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်နေရသဖြင့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ရခိုင်ပြည်နယ်ရှိ တစ်ပိုင်တစ်နိုင် ရေလုပ်သားများက ဆန္ဒပြကြကြောင်း ရခိုင်ပြည်နယ် ငါးလုပ်ငန်း အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးစံကျော်လှက ပြောကြားသည်။

ပြည်လုံးကျွတ်သန်းခေါင်စာရင်းအပေါ် တိုင်းရင်းသားများ၏ သဘောထားများသိနိုင်ရေးဗဟိုသန်းခေါင်စာရင်းကော်မရှင် ဥက္ကဋ္ဌနှင့်တိုင်းရင်းသားကိုယ်စားလှယ်များတွေ့ဆုံ

ပြည်လုံးကျွတ်သန်းခေါင်စာရင်း နှင့်ပတ်သက်ပြီး တိုင်းရင်းသား များ၏သဘောထားများကို သိရှိ နိုင်ရန် ဗဟိုသန်းခေါင်စာရင်း ကော်မရှင်ဥက္ကဋ္ဌနှင့် တိုင်းရင်းသား ကိုယ်စားလှယ်များ၊ UNFPA ကိုယ်စားလှယ်များ ယနေ့နံနက် ပိုင်းက နေပြည်တော်ရှိ Mount Pleasant ဟိုတယ်တွင်တွေ့ဆုံပြီး ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး လှုပ်ရှားမှု ရပ်တန့်ရန် ဦးဝီရသူ မိန့်ကြား

Photo: ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး လှုပ်ရှားမှု ရပ်တန့်ရန် ဦးဝီရသူ မိန့်ကြား
Thursday, February 27, 2014

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး လှုပ်ရှားမှုများကို ရပ်တန့်ရန် ၉၆၉ အမျိုးသားရေးလှုပ်ရှားမှုကို ဦးဆောင်သူတဦးဖြစ်သော ဆရာတော် ဦးဝီရသူက တိုက်တွန်းပြောဆိုလိုက်သည်။

ဆရာတော်ဦးဝီရသူနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ပူးတွဲတည်ထောင်သူတဦးဖြစ်သော ဦးဝင်းတင်တို့ မန္တလေးမြို့တွင် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က တွေ့ဆုံစဉ် ဦးဝီရသူက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်က ကာလ ရှည်ကြာစွာ ဒီမိုကရေစီ အရေးတိုက်ပွဲဝင်ခဲ့သူဖြစ်ခြင်းကို လေးစား အသိအမှတ် ပြုသော်လည်း အခြေခံဥပဒေတွင် ပါရှိ နေသော ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်ခွင့် ပိတ်ပင်ထားသည့် အချက်များကို ဆက်လက်ထားရှိသင့်ကြောင်း ဦးဝီရသူက ဆိုသည်။

“ဦးပဉ္ဇင်း အပါအ၀င် လူတွေအားလုံးက ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်စေချင်ပါတယ်။ ဒါပေမယ့် တကယ်လို့ ပုဒ်မ ၅၉ ကိုပြင်လိုက်ရင် တရုတ်လို၊ မူစလင်လို တိုင်းရင်းသား မဟုတ်တဲ့သူတွေ သမ္မတဖြစ်လာမှာကို ဦးပဉ္ဇင်း စိုးရိမ်တယ်” ဟု ဦးဝီရသူက ဧရာဝတီသို့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ပြောဆိုသည်။

တရုတ် သို့မဟုတ် မူစလင်များ သမ္မတ အဖြစ် ရွေးချယ်ခံရပြီးနောက် နိုင်ငံအရေးကိစ္စများတွင် နိုင်ငံခြားလွှမ်းမိုးမှု များရှိလာမည်ကို စိုးရိမ်ကြောင်း ဦးဝီရသူက ပြောဆိုသည်။

၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပုဒ်မ ၅၉(စ) အရ နိုင်ငံခြားသားတဦးနှင့် လက်ထပ်ထားသူ သို့မဟုတ် သားသမီးများက နိုင်ငံ ခြားသားဖြစ်နေသူများ သမ္မတဖြစ်ခွင့်မရှိပေ။ ဒေါ်အောင်ဆန်းစုကြည်က ဗြိတိန်နိုင်ငံသားတဦးနှင့် လက်ထပ်ခဲ့ပြီး သူ၏ သား ၂ ဦးကလည်း ဗြိတိန် နိုင်ငံကူးလက်မှတ်များ ကိုင်ဆောင်ထားကြသည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး လှုပ်ရှားမှု ရပ်တန့်ရန် ပြောဆိုသော ဦးဝီရသူ၏ စိုးရိမ်မှုကို သဘောမတူဟု အမျိုးသားဒီမိုရေစီအဖွဲ့ချုပ် နာယက ဦးဝင်းတင်က ဧရာဝတီသို့ ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်ရဲ့ သမ္မတရာထူးအတွက် တိုက်ပွဲဝင်နေတာ မဟုတ်ပါဘူးလို့ သူ့ကို ကျနော်ပြောပြ ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီအတွက်နဲ့ တိုင်းပြည်မှာ စစ်မှန်တဲ့ ဖက်ဒရယ် စနစ်ပေါ်ပေါက်လာအောင် လုပ်ဆောင်နေတာပါ” ဟု ဦးဝင်းတင်က ဆိုသည်။

ဦးဝီရသူ၏ ပုဒ်မ ၅၉(စ)ကို ပြုပြင်ရေးကို လက်မခံကြောင်း၊ ယခုတွေ့ဆုံခြင်းသည် ဦးဝီရသူက ဖိတ်ခေါ်သဖြင့် သွားရောက် တွေ့ဆုံခဲ့ခြင်း ဖြစ်ပြီး တွေ့ဆုံရာတွင် ဦးဝီရသူ၏ သဘောထားများသည် မရေရာမှုများရှိကြောင်း ဦးဝင်းတင် က ဆိုသည်။

“သူကဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမဖြစ်စေချင်ဘူး ဆိုတာ ကျနော်တွေ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည် ရွေး ကောက် ပွဲမှာ အနိုင်ရတာကို မလိုချင်ဘူး။ နိုင်ငံခြားသားတယောက်နဲ့ လက်ထပ်ခဲ့သူတယောက်ကို အာဏာ မရစေချင်ဘူး” ဟု ဦးဝင်းတင် က ပြော သည်။

ဦးဝီရသူက ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် NLD အနိုင်ရရှိပါကလည်း ဒေါ်အောင်ဆန်းစုကြည် က သမ္မတ တာဝန်မယူဘဲ အခြားသူ တဦးတယောက်ကို သမ္မတရာထူး ထမ်းဆောင်စေ၍ ၎င်းက နောက်ကွယ်မှ ထိန်းချုပ်သည့် အနေအထားမျိုး ဖြစ်စေလိုကြောင်း သူ့ကို ပြောကြားခဲ့သည်ဟု ဦးဝင်းတင်က ဧရာဝတီသို့ ပြောသည်။ ဦးဝင်းတင်က ထိုသို့ သဘောမျိုး ဆောင်သည့် “နောက်ကွယ်နိုင်ငံရေး”ကို NLDက လက်ခံမည် မဟုတ်ကြောင်း ဦးဝီရသူကို အခိုင်အမာပြောပြ ခဲ့သည်ဟု လည်း ဆိုသည်။

“မြန်မာ့နိုင်ငံရေးမှာ ဘုန်းတော်ကြီးတွေပါဝင်တဲ့ အစဉ်အလာရှိတဲ့အတွက် နိုင်ငံရေး အသွင်ကူးပြောင်းမှုမှာ ဘုန်းတော်ကြီး တွေရဲ့ပါဝင်မှုကို အသိအမှတ်ပြုပါတယ်လို့ သူ့ကို ကျနော်ပြောပြခဲ့တယ်။ ဒါပေမယ့် သူတို့ရဲ့ အားထုတ်မှုက အဖွဲ့အစည်း တခု အတွက်မဟုတ်ဘဲ တိုင်းပြည်မှာရှိသူအားလုံး အကျိုးရှိဖို့က အရေးကြီးတယ်လို့လဲ ပြောခဲ့ပါတယ်” ဟု ဦးဝင်းတင်ကဆိုသည်။

ဦးဝီရသူသည် ဗုဒ္ဓဘာသာဝင်များနှင့် လူနည်းစု မူစလင်များကြား ပဋိပက္ခများ ဖြစ်ပွားစေခဲ့သည့် မူစလင်ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်ပတ်သက်မှု ရှိသည်ဟု ပြောဆိုစွပ်စွဲခံရသူလည်း ဖြစ်သည်။ အဆိုပါလှုပ်ရှားမှုတွင် ဆရာတော် တချို့က ဗုဒ္ဓဘာသာဝင်များ အနေဖြင့် အမျိုးဘာသာကို ကာကွယ်ကြရန် နှင့် မူစလင်ပိုင် စီးပွားရေးလုပ်ငန်းများကို သပိတ်မှောက် ကြရန် ဟောပြောတိုက်တွန်းခဲ့ကြသည်။

မြန်မာ့နိုင်ငံရေးတွင် ရဟန်းသံဃာများ ပါဝင်လှုပ်ရှားမှုသည် အစဉ်အလာတခုလို ဖြစ်နေပြီး ၂၀၀၇ ခုနှစ်က သံဃာတော် များ ဦးဆောင်သည့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ၎င်းတို့ဝတ်ဆင်သော သင်္ကန်းအရောင်ကို အစွဲပြု၍ “ရွှေဝါရောင် တော်လှန်ရေး” ဟု သတ်မှတ်ခေါ်ဝေါ်ခဲ့ကြသည်။

ဧရာဝတီ

ဦးဝီရသူကို ၂၀၁၃ ခုနှစ် ဇွန်လ ရန်ကုန်တိုင်းဒေသကြီး အောင်ဆန်းတောရ တပ်ဦးကျောင်းတွင် ကျင်းပသော အမျိုး ဘာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး သြ၀ါဒခံယူပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ – ဧရာဝတီ)
ဦးဝီရသူကို ၂၀၁၃ ခုနှစ် ဇွန်လ ရန်ကုန်တိုင်းဒေသကြီး အောင်ဆန်းတောရ တပ်ဦးကျောင်းတွင် ကျင်းပသော အမျိုး ဘာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး သြ၀ါဒခံယူပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ – ဧရာဝတီ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး လှုပ်ရှားမှုများကို ရပ်တန့်ရန် ၉၆၉ အမျိုးသားရေးလှုပ်ရှားမှုကို ဦးဆောင်သူတဦးဖြစ်သော ဆရာတော် ဦးဝီရသူက တိုက်တွန်းပြောဆို လိုက် သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးရွှေမန်း ပယ်ချသော်လည်း မျိုးစောင့်ဥပဒေ ပြဌာန်းရေး အစိုးရနှင့်ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည် ဟု ဆို

Photo: ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးရွှေမန်း ပယ်ချသော်လည်း မျိုးစောင့်ဥပဒေ ပြဌာန်းရေး အစိုးရနှင့်ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည် ဟု ဆို
Thursday, February 27, 2014

သမ္မတဦးသိန်းစိန်က ပေးပို့သော အမျိုးဘာသာ သာသနာကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်နိုင်ရေး ဥပဒေများ ပြဋ္ဌာန်းနိုင်ရေးဆိုင်ရာ သ၀ဏ်လွှာအား အစိုးရနှင့် တရားလွှတ်တော်ချုပ်သို့ ပြန်လည်တာဝန်လွှဲအပ်ခဲ့ခြင်းကို ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်ပင်ညှိနှိုင်း၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ သံဃာတော်များက အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ အရေးပေါ်အစည်းအဝေးတစ်ရပ်ကို နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည် ဟု ပြည်ထောင်စု လွှတ်တော်နာယက က လွှတ်တော်သို့ ရှင်းပြခဲ့ကြောင်း၊ ယင်းဥပဒေများနှင့်ပတ်သက်၍ ပြဌာန်းရန် လိုလားနေသော လွှတ်တော်ကိုယ်စားလှယ်များ ရှိနေသော်လည်း ယင်းတို့၏ သဘောဆန္ဒကို ရယူခြင်း မရှိခဲ့ကြောင်း သိရသည်။

"သမ္မတ သ၀ဏ်လွှာ ရောက်တဲ့နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် သီးသန့် ဆွေးနွေးညှိနှိုင်းခဲ့တယ် လို့ ကြားပါတယ်။ အဓိကအချက်ကတော့ ဒီဥပဒေလေးခု ပြဌာန်းရေးနဲ့ပတ်သက်ပြီး ဒေါ်စုရဲ့ သဘောထားကို ရယူခဲ့တာ ဖြစ်ပါလိမ့်မယ်။ ကိုယ်စားလှယ်အတော်များများက ဒီဥပဒေတွေကို ပြဌာန်းစေချင်တယ်။ အထူးသဖြင့် တိုင်းရင်းသားကိုယ်စားလှယ်တွေပေါ့။ ဥပဒေကြမ်းကော်တီကို လွှဲပြောင်းပေးပြီး လေ့လာသုံးသပ်တာတွေ မလုပ်တော့ဘဲ ဒီလို ဆုံးဖြတ်ပြီး သ၀ဏ်လွှာ ပေးပို့တာကတော့ နာယကကြီး ပြောပြောနေတဲ့ လွှတ်တော် ဆန္ဒ မဟုတ်နိုင်ဘူး လို့ ထင်ပါတယ်။ လွှတ်တော်သဘောထားကို ယူသင့်သလား၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို ယူသင့်သလား ရှင်းနေပြီးသားပဲ" ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောဆိုသည်။

အလားတူ လွှတ်တော်သည် ပြည်သူများ၏ ဆန္ဒကို လေးစားရမည် ဖြစ်၍ ဤသို့ ယတိပြတ်ပယ်ချလိုက်ခြင်းကြောင့် လွှတ်တော်အပေါ် သံသယများ ဖြစ်လာနိုင်ကြောင်း၊ မပြီးပြတ်သေးသည့် အငြင်းပွားဖွယ်ရာ လွှတ်တော်ကိုယ်စားလှယ် သုံးဦးကိစ္စလည်း ရှိနေသေးကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်ပင်ပြီး ဆုံးဖြတ်ချက် ချမည် ဆိုလျှင် လွှတ်တော်အစည်းအဝေး ကျင်းပနေသည်မှာ အဓိပ္ပါယ် မရှိတော့ဟု ယူဆနိုင်ကြောင်း ၄င်းက မှတ်ချက်ပြုသည်။

လွှတ်တော်ကိုယ်စားလှယ်များအတွင်း မျိုးစောင့်ဥပဒေလေးခု ပြဌာန်းရေးအပေါ် နိုင်ငံရေးအရ တိုက်ခိုက်ခြင်း ဟု ယူဆကြသူများ ရှိနေသလို နိုင်ငံအတွက် လိုအပ်ချက် ဟု မှတ်ယူထားကြသူများလည်း ရှိနေရာ ပြည်ထောင်စုလွှတ်တော် နာယက၏ လုပ်ဆောင်ချက်မှာ အငြင်းပွားဖွယ်ရာ ဖြစ်နေကြောင်း အထက်ပါ လွှတ်တော် ကိုယ်စားလှယ်က ပြောဆိုသည်။

"ဒီအချိန်မှာ သံသယတွေ ဖြစ်နေတာ ဘာသာပြောင်းခိုင်းတာတွေ၊ မိန်းမ အများကြီးယူနေတာတွေ၊ ကလေးတွေ မဟားဒရားမွေးနေတာတွေ၊ ဒါတွေကို ဥပဒေနဲ့အညီ ထိန်းသိမ်းနိုင်ခြင်း မရှိခဲ့လို့ ပြည်သူတွေအကြားမှာ သံသယတွေ၊ မယုံကြည်မှုတွေ ဖြစ်နေတာပါ။ ကျွန်တော်တို့ကတော့ ဒီ ဥပဒေလေးခု ပြဌာန်းဖို့ သဘောတူယ်။ ထောက်ခံတယ်။ ပြည်သူတွေထဲမှာလည်း အများစုက ဒီသဘောထားအတိုင်း ရှိနေတယ်။ အခု အရေးပေါ်အစည်းအဝေး ဆိုတာကလည်း မနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့လုပ်တဲ့ သီးသန့်အစည်းအဝေး ဆုံးဖြတ်ချက်ပဲ။ လွှတ်တော်အနေနဲ့ ပြည်သူတွေရဲ့ မျက်နှာကို ကြည့်မလား၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျက်နှာကို ကြည့်မလား။ အဓိကအချက်က ဒါပါပဲ။ လွှတ်တော်က ပြဌာန်းချင်တဲ့ ဥပဒေတွေဆိုရင် ဘယ်သူကမှ တိုက်တွန်းစရာ မလိုဘဲ အားကြိုးမာန်တက် ရေးဆွဲနေတာ အားလုံး အသိပဲ။ ဒီဥပဒေလေးခုကျမှ အစိုးရနဲ့ တရားရုံးချုပ်က ရေးဆွဲသင့် တယ် ဆိုတာကတော့ သက်သက်မဲ့ ခေါင်းရှောင်တာပဲ လို့ မြင်တယ်" ဟု ရခိုင်တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောဆိုသည်။

"ကျွန်တော်တို့အတွက်တော့ ရှင်းသွားပါပြီ။ ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ ဆိုတဲ့ အဓိပ္ပါယ်မရှိတဲ့ ဆောင်ပုဒ်တွေ ထောင်မနေပါနဲ့။ လက်တွေ့ လုပ်ဆောင်ချက်တွေက အဖြေပေးသွားပါပြီ။ ကျွန်တော်တို့ နားလည်တာကတော့ ဒီဥပဒေလေးခု ပြဌာန်းပေးဖို့ ကျွန်တော်တို့ ရဟန်း ရှင်လူတွေက လက်မှတ်ရေးထိုး တောင်းဆိုတယ်။ သမ္မတလက်မှတ်ထိုးတဲ့ သ၀ဏ်လွှာနဲ့ လွှတ်တော်ကို ဆက်ပို့တယ် ဆိုတာက သမ္မတကိုယ်တိုင် ထောက်ခံလက်မှတ်ရေးထိုးတယ် လို့ ကျွန်တော်တို့က ယုံကြည်ထားတယ်။ ဒီတော့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ အမျိုး ဘာသာ သာသနာအတွက် အားကိုးအားထား ပြုထိုက်ပါရဲ့လား မေးစရာ မလိုတော့ဘူး လို့ မြင်တယ်။ ဒါပေမယ့် ကျွန်တော်တို့က ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်ပြီး ဥပဒေကြမ်းအထိ ပြုစုဖို့ သီတဂူဆရာတော် ဘုရားကြီး လမ်းညွှန်ထားတဲ့အတိုင်း တည်ဆဲဥပဒေတွေလေ့လာပြီး ဥပဒေကြမ်းတွေ ရေးသားပြုစုထားတာတွေ ကျွန်တော်တို့ ရှိပါတယ်။ ဒါတွေကို အစိုးရဆီ ဆက်ပို့မယ်၊ အစိုးရက လိုအပ်တာပြင်ဆင်ပြီးရင် လွှတ်တော်ကို တင်မယ်။ ဒီလမ်းစဉ်အတိုင်း မဖြစ်ဖြစ်အောင် ကျွန်တော်တို့ လုပ်သွားမယ်" အမျိုးဘာသာ သာသနာကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)၏ အထောက်အကူပြု ဥပဒေပညာရှင်တစ်ဦးက ပြောဆိုသည်။

"ဘုန်းကြီးတို့က ဥပဒေကြမ်းအဆင့်အထိ ပြင်ဆင်ထားပြီးသားပါ။ သီတဂူဆရာတော်ဘုရားကြီးရဲ့ မေတ္တာရပ်ခံချက်နဲ့ ပညာရှင်တွေ ကူညီပြီး လုပ်ပေးနေတာတွေ ရှိပါတယ်။ ဒါကို လွှတ်တော်ကို တင်ပြပေးမယ့် လွှတ်တော်ကိုယ်စားလှယ်တစ်ချို့လည်း ရှိပြီးသားပါ။ အခုအခြေအနေအတိုင်း ဆိုရင်တော့ လွှတ်တော်က ဘုန်းကြီးတို့ ဆန္ဒ သဘောထားကို ပယ်ချလိုက်တာပေါ့။ ဒါဆိုရင်လည်း သမ္မတနဲ့ အစိုးရဘက်က တင်ပြနိုင်အောင် ဆက်လက်ကြိုးပမ်းသွားမှာပါ။ လွှတ်တော်က ဘုန်းကြီးတို့ကို လျှော့တွက်လွန်းတယ် ထင်ပါတယ်" ဟု အမျိုးဘာသာ သာသနာကာကွယ်စောင့်ရှောက်ရေးအဖွဲ့ ဦးဆောင် သံဃာတော်တစ်ပါးက မိန့်ကြားသည်။

"ကျွန်တော့်အမြင် ပြောရရင် လွှတ်တော်က ခေါင်းရှောင်လိုက်တာပဲ။ အမျိုးသားရေးကို ကျောခိုင်းလိုက်တာပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုးကွယ်တဲ့ ဘာသာ ကူးပြောင်းမှုက စင်္ကာပူလိုနိုင်ငံတွေမှာ ရှိတယ်။ အစ္စလာမ္မစ်နိုင်ငံတွေ မှာ ရှိတယ်။ သူ့နိုင်ငံလိုအပ်ချက်အရ သူ ပြဌာန်းရတာ။ ဒီကိစ္စဟာ ပြည်သူတွေကြားထဲမှာ အတင်းအကျပ် ဘာသာပြောင်းခိုင်းတာတွေ ရှိခဲ့တယ်။ ဒီလို အတင်းအကျပ် မပြောင်းနိုင်အောင် ဥပဒေနဲ့ ကာကွယ်တားဆီးရမယ်။ ဒါဆို ပြည်သူတွေလည်း စိတ်အေးချမ်းသွားမယ်။ ဒါဆိုရင် ပဋိပက္ခဖြစ်စေမယ့် အကြောင်းရင်းတစ်ခု လျော့သွားမယ်။ ဒါက ပထမအချက်။ ဒုတိယဥပဒေ ဖြစ်တဲ့ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊ ဒါကလည်း ရှိပြီး သား ဥပဒေကို နည်းနည်းလေး ပြန်သုံးသပ် ပြင်ဆင်လိုက်ရင် ပြီးသွားပြီ။ လက်ထပ်ထိမ်းမြားတဲ့အခါ စင်္ကာပူမှာဆိုရင် သီးသန့် တရားရုံးတွေ ထားပြီး လက်ထပ်ရတာမျိုး ရှိတယ်။ ဒီနိုင်ငံမှာ ဘယ်ဟာမျိုးနဲ့ သင့်တော်မလဲ။ ဒါကိုလည်း ဆွေးနွေးပြီး ပြင်ဆင်ချက် လုပ်ဖို့ပဲ လိုတယ်။ တတိယ ဥပဒေက ယဉ်ကျေးမှုနဲ့ ကိုက်ညီပြီးသား။ မြန်မာနိုင်ငံသားတွေဟာ တစ်လင်တစ်မယား စနစ်ပဲ ကျင့်သုံးနေကြတာ။ ဒါကိုလည်း ဥပဒေအရ ပြန်ပြီး တရားဝင် လုပ်တဲ့ သဘောပဲ။ လက်မခံနိုင်စရာ မကြောင်းမရှိဘူး။ နောက်ဆုံးဥပဒေကလည်း ဒီကနေ့ နိုင်ငံတကာကျန်းမာရေးနဲ့ လူမှုရေးအဖွဲ့အစည်းတွေ တွန်းအားပေး လုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်ပဲ။ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနဲ့ လူဦးရေ တိုးပွားနှုန်းထိန်းသိမ်းရေးဟာ အဓိက ဆက်စပ်နေတယ်။ ဒါပေမယ့်လည်း ကာယကံရှင်ကိုယ်တိုင် ကျေကျေနပ်နပ် လက်ခံနိုင်ဖို့ ဥပဒေနဲ့အညီ ထိန်းသိမ်းဖို့ လိုတယ် လို့ ကျွန်တော်တို့က ရှုမြင်တယ်။ ဒါကြောင့် လွှတ်တော်က ပယ်ချလိုက်တာဟာ အမျိုးသားရေးကို လျစ်လျူရှုလိုက်တဲ့ သဘောပဲ" ဟု တရားလွှတ်တော်ရှေ့နေတစ်ဦးက ၄င်း၏အမြင်ကို ပြောကြားသည်။

"ပြည်ထောင်စုလွှတ်တော် နာယက သ၀ဏ်လွှာမှာ ပါတဲ့ လူသားအရေး ဆိုတာ ဘာလဲ။ စကားကို လှည့်ထားတာ။ လူ့အခွင့်အရေးကို ပြောချင်တာ။ လူ့အခွင့်အရေးနဲ့ အမျိုးသားရေး ဘယ်ဟာကို ဦးစားပေးမလဲ ဆိုတဲ့ အနေအထားမှာ လွှတ်တော်က လူ့အခွင့်အရေးကို ဦးစားပေးလိုက်တာပါပဲ။ ကျွန်တော်တို့ကတော့ တစ်နိုင်ငံလုံးမှာ လှုပ်ရှားမှုတွေ ဆက်ပြီး လုပ်ဆောင် သွားမှာပါ" ဟု မြန်မာအမျိုးသားကွန်ရက် ဦးဆောင်သူတစ်ဦးက ပြောဆိုသည်။

ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေ၊ တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ၊ လူဦးရေ တိုးပွားနှုန်းထိန်းညှိခြင်းဆိုင်ရာ ဥပဒေများကို ပြဌာန်းနိုင်ရေး သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ သ၀ဏ်လွှာပေးပို့ခဲ့ရာ ပြည်ထောင်စု လွှတ်တော်နာယကက ပယ်ချလိုက်ခြင်း ဖြစ်သည်။

P-74990426
ပြည်သူ့အာဏာ
သမ္မတဦးသိန်းစိန်က ပေးပို့သော အမျိုးဘာသာ သာသနာကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်နိုင်ရေး ဥပဒေများ ပြဋ္ဌာန်းနိုင်ရေးဆိုင်ရာ သ၀ဏ်လွှာအား အစိုးရနှင့် တရားလွှတ်တော်ချုပ်သို့ ပြန်လည်တာဝန်လွှဲအပ်ခဲ့ခြင်းကို ဒေါ်အောင်ဆန်းစုကြ ည်နှင့် တိုင်ပင်ညှိနှိုင်း၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ သံဃာတော်များက အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ကရင်နီဒုက္ခသည်များ နေရပ်ပြန်ရေး ကြန့်ကြာနေခြင်းက ၄င်းတို့၏ ကိုယ်စားလှယ်များကြောင့်သာဖြစ်ဟု ကယားအစိုးရအဖွဲ့တုံ့ပြန်

ထိုင်းနိုင်ငံရှိ ကရင်နီဒုက္ခ သည်များ နေရပ်ပြန်ရောက်ရေးအတွက် အစိုးရ၏ ဆောင်ရွက်မှု ကြန့်ကြာနေသည်ဟု တိုင်းရင်း သားလက်နက် ကိုင်များက ဝေဖန် ထားသော်လည်း အဆိုပါဒုက္ခ သည်များ၏ ကိုယ်စားလှယ်များက လာရောက် မညှိနှိုင်းခြင်းေ ကြာင့် ဟု ကယားပြည်နယ်အစိုးရအဖွဲ့က တုံ့ပြန်ပြောဆိုလိုက်သည်။

နိုင်ငံတစ်ဝန်း လစ်လပ်နေသော သားဖွားဆရာမများကို ယခုနှစ်အပြီးခန့်မည်

အကြောင်းအရင်း အမျိုးမျိုးကြောင့် လက်ရှိရာထူးမှ ရွှေ့ဆိုင်းခံရသော သားဖွားဆရာမများ၏ လစ်လပ် နေရာများကို ၂၀၁၄ ခုနှစ်တွင် အစားထိုး ခန့်အပ်မှု အပြီးသတ် ဆောင်ရွက်ရန် ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၊ မိခင်ကလေး ကျန်းမာရေးဌာနစိတ်မှ တာဝန်ရှိသူတစ်ဦးက The Voice သို့ပြောကြားသည်။

အမျိုးဘာသာသာသနာ စောင့်ရှောက်ခြင်းနှင့် ပတ်သက်သော ဥပဒေလေးခု ပြဋ္ဌာန်းပေးရေး ကိစ္စအား သုံးသပ်စဉ်းစားရန် သမ္မတဦးသိန်းစိန် ပြည်ထောင်စု လွှတ်တော် နာယကထံ သ၀ဏ်လွှာပေးပို့

မန္တလေးမြို့တွင် ကျင်းပခဲ့သော အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် သြ၀ါဒခံယူခြင်း အခမ်းအနားအား တွေ့ရစဉ် 

အမျိုးဘာသာသာသနာ စောင့်ရှောက်ခြင်းနှင့် ပတ်သက်သော ဥပဒေလေးခု ပြဌာန်းပေးရေးကိစ္စအား သုံးသပ်စဉ်းစားရန် သမ္မတဦးသိန်းစိန်က ဖေဖော်ဝါရီ ၂၅ ရက်က ပြည်ထောင်စုလွှတ်တော် နာယကထံသို့ သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရသည်။

Wednesday 26 February 2014

နိုင်ငံတော်မှ ထိန်းသိမ်းခဲ့သည့် ဖားကန့်မှ တန် ၄ဝနီးပါးရှိ ကျောက်တုံး ကြီးတွင် သက်နုကျောက်စိမ်း ၅တန်ခန့်သာ ပါဝင်ဟုဆို

Photo: နိုင်ငံတော်မှ ထိန်းသိမ်းခဲ့သည့် ဖားကန့်မှ တန် ၄ဝနီးပါးရှိ ကျောက်တုံး ကြီးတွင် သက်နုကျောက်စိမ်း ၅တန်ခန့်သာ ပါဝင်ဟုဆို
Wednesday, February 26, 2014

နိုင်ငံတော်မှ ထိန်းသိမ်းထားပြီး ကျောက်စိမ်းတုံးကြီးဟု နာမည်ကြီးနေ သည့် ဖားကန့်ရှိတန်ချိန် ၄ဝ ခန့် ကျောက်တုံးကြီးထဲတွင် သက်တမ်းနု ကျောက်စိမ်း ၅ တန်ခန့် ပါဝင်နေ၍ ကျောက်မျက်ပညာရှင် များက အသေး စိတ်ထပ်မံလေ့လာနေသည်။

၎င်းကျောက်တုံးကြီးအား ယခုလ ၉ ရက်က ဖားကန့်ရှိ ပုဂ္ဂလိကပိုင် လုပ် ကွက်အတွင်းတွင် တစ်ပိုင် တစ်နိုင် ကျောက်စိမ်းတူးဖော်သူ တစ်ဦးမှတွေ့ ရှိခဲ့ခြင်းဖြစ်ပြီး နိုင် ငံတော်ပိုင် ပစ္စည်း အဖြစ် အစိုးရမှ ထိန်းသိမ်း ခဲ့ကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှအရာရှိ တစ်ဦးက ပြည်တွင်း မီဒီယာတစ်ခုသို့ ပြောကြားခဲ့သည်။

အလေးချိန် တန် ၄ဝ နီးပါးရှိ ထိုကျောက်တုံးကို လုံးခင်းရှိ သတ္တုတွင်း ရုံးသို့ သယ်ဆောင်ပြီး ခွဲခြမ်းစစ်ဆေးစဉ် ကျောက်စိမ်းသက်နု ၅ တန်ခန့် ပါဝင် နေသည်ကို တွေ့ ရှိခဲ့ခြင်းဖြစ်သည်။

”ပလွမ်ပါတဲ့ ကျောက်စိမ်းသားလို့ ပြောလို့ရပါတယ်”ဟု သတ္တုတွင်း ဝန် ကြီးဌာနရှိ ကျောက်မျက်ဌာနမှ ဦး ဆောင်ညွှန်ကြားရေးမှူး ဦးသိန်းဆွေ က ပြောသည်။

ယင်းကျောက်တုံးအား အပိုင်း ၃ ခြမ်းခွဲ၍ စမ်းသပ်စစ်ဆေးမှုကို သတ္တု တွင်းဝန်ကြီးဌာနက ပြုလုပ်ခဲ့ရာ ၂ ခြမ်း မှာ ကျောက်စိမ်းသားလုံးဝ မပါဝင် သော သာမန်ကျောက် တုံးများသာ ဖြစ် သည်ဟု သတ္တုတွင်းဝန်ကြီးဌာနထံ တင်ပြသော အစီရင်ခံစာအရ သိရသည်။

ဦးသိန်းဆွေက ”ဒီကျောက်တုံးကို သယ်ယူရာမှာ ကွဲကြေမှုတွေရှိခဲ့ တယ်။ နောက်ပြီး ပြုတ်ကျတာလည်း ပါတယ်။ ကျောက်စိမ်းအမှန်ဆိုရင် မာဆင့်က ၇ ရှိတယ်။ ခု ၅ ပဲရှိတယ်။ ကျောက်စိမ်း စစ်စစ်မဟုတ်ဘူး။ ဒီလိုစပြီးသုံးသပ်မှု ရှိထားပြီးသား”ဟု ထပ်လောင်းပြော သည်။

ပလွမ်သည် အရည်အသွေး ကောင်း ကျောက်စိမ်းကဲ့သို့ ဈေးကွက်ထဲ တွင်ဈေးကောင်းမရသော်လည်း ထိုက် သင့်သည့်တန်ဖိုးရှိသည်။

ယင်းပလွမ်ကျောက်စိမ်းသား (ခန့် မှန်းခြေ ၃ တန်မှ ၅ တန်)အတွင်း၌ ကြည်လင်ပြတ်သားသော ကျောက်စိမ်း သတ္တုကြော ပါမပါကို တိကျစွာ မပြော နိုင်သေးပါဟု ၄င်းက ဆက်ပြောသည်။

မန္တလေး၊ ကျောက်ပွဲဈေးမှ ကုန် သည်တစ်ဦးက ”အရည်သိပ်ပြီးတော့ မကောင်းဘူး။ ဒီမှာတော့ အကြိုက် နည်းတယ်။ ဝယ်သူအချို့တော့ရှိတယ်” ဟု ပလွမ်ကျောက်ဈေး ကွက်နှင့် ပတ် သက်၍ ပြောသည်။

ဖားကန့်တွင် ကျောက်စိမ်းတူး ဖော်မှုကို ၂ဝ၁၂ ခုနှစ်မိုးတွင်းကာလ မတိုင်မီကတည်းက ပိတ်ပင်ခဲ့ရာ လက် ရှိအချိန်အထိ မဖွင့်သေးသော် လည်း ရေမဆေးကျောက် ရှာဖွေလုပ်ကိုင်နေသူ များ ရှိနေကြသည်။

Popular Myanmar News Journal
နိုင်ငံတော်မှ ထိန်းသိမ်းထားပြီး ကျောက်စိမ်းတုံးကြီးဟု နာမည်ကြီးနေ သည့် ဖားကန့်ရှိ တန်ချိန် ၄ဝ ခန့် ကျောက်တုံးကြီးထဲတွင် သက်တမ်းနု ကျောက်စိမ်း ၅ တန်ခန့် ပါဝင်နေ၍ ကျောက်မျက်ပညာရှင်များက အသေး စိတ်ထပ်မံလေ့လာနေသည်။

နောက်ကွယ်မှ အဆီအနှစ်စုပ်သူများ

Photo: နောက်ကွယ်မှ အဆီအနှစ်စုပ်သူများ
Wednesday, February 26, 2014

မြန်မာနိုင်ငံတွင် ပထမဆုံးသော ဒေါ်လာသန်းကြွယ်သူဌေးဟု ကိုယ်တိုင်ထုတ်ဖော်ပြောခဲ့သော၊ နိုင်ငံတွင်း အချမ်းသာဆုံးဆယ်ဦးတွင် ပါဝင်သည်ဟု သတ်မှတ်ခံထားရသည့် သူဌေးကြီးဦးတေဇက နိုင်ငံတော် သမ္မတ အား ဖေဖော်ဝါရီ ၂၂ ရက်က စီးပွားရေးနှင့်ပတ်သက်သော အရေးကြီးကိစ္စတစ်ရပ် တင်ပြခဲ့သည်။

“တရုတ်ပြည်ကလည်း ၀င်လုပ်နေပါတယ်။ စိစစ်ပေးစေချင်ပါ တယ်”ဟု ဖေဖော်ဝါရီ ၂၂ ရက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အဆောက်အအုံအတွင်း နိုင်ငံတော်သမ္မတနှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် ဦးတေဇက ကျောက်မျက်လုပ်ငန်းများတွင် မြန်မာနိုင်ငံသားအမည်ခံပြီး လုပ်ငန်းဆောင်ရွက်နေသော နိုင်ငံခြားသားများကို စီမံကြီးကြပ်ပေးရန် အကြံပြုခဲ့သည်။

အမည်ခံလုပ်ကိုင်နေသူများမှာ လုပ်ငန်းကြီးမားသော ကျောက်မျက် လုပ်ငန်းတစ်ခုတည်းတွင်မဟုတ်ပေ။ အကျိုးအမြတ်ရရှိသော ခရီးသွားလုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း၊ သတ္တုတူးဖော်ရေးလုပ်ငန်း၊ ရေထွက်ကုန်လုပ်ငန်း၊ အိမ်ခြံမြေရောင်းဝယ်ရေး၊ စိုက်ပျိုးရေးလုပ်ငန်း စသည့်ကဏ္ဍမျိုးစုံတွင် ဥပဒေကို လက်တစ်လုံးခြားလုပ်ကာ ၀င်ရောက်လုပ်ကိုင်နေကြောင်း စုံစမ်းသိရှိရသည်။

အမည်ခံလုပ်ကိုင်နေသော နိုင်ငံခြားသားများတွင် တရုတ်နိုင်ငံသား များသာမက ထိုင်း၊ ဗီယက်နမ်၊ ကိုရီးယား၊ ဂျပန်နှင့် အနောက်နိုင်ငံသား များပါဝင်သည်။

ရာဂဏန်းမျှသာရှိသော ကမ္ဘာ့လှည့်ခရီးသွားများကုမ္ပဏီတွင် မြန်မာနိုင်ငံသားအမည်ခံပြီး ဖွင့်လှစ်ထားသော ကုမ္ပဏီ ၂၀ ကျော်ခန့်ရှိကြောင်း ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများကဆိုသည်။

“အထည်ချုပ်အသင်းဝင်တွေထဲမှာတောင် ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းလောက် ကျန်သေးတယ်”ဟု အထည်ချုပ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမြင့်စိုးကပြောသည်။

ထို့ကဲ့သို့ မြန်မာနိုင်ငံသားများအမည်ခံ၍ လုပ်ကိုင်နေကြခြင်းမှာ ယခင်တပ်မတော်အစိုးရလက်ထက်ကတည်းကပင် ရှိနေခြင်းဖြစ်ပြီး ယခုနောက်ပိုင်း လုပ်ငန်းများ ပိုမိုကောင်းမွန်လာသဖြင့် လုပ်ကိုင်သူများ ပိုမိုများပြားလာခြင်းဖြစ်သည်။

“ဒီလိုဖြစ်တာက အရင်အစိုးရလက်ထက်က စက်ရုံငှား၊ မြေငှားရင်း နိုင်ငံခြားသားကို အစိုးရဆီကပဲခွင့်ပြုတယ်။ ပုဂ္ဂလိကဆီကငှားရင် တစ်နှစ်ပဲခွင့်ပြုတယ်”ဟု လှိုင်သာယာစက်မှုဇုန်ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်ကရှင်းပြသည်။

ထို့အပြင် အစိုးရငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ခြောက်ကျပ်သာသတ်မှတ်ထားသဖြင့် နိုင်ငံခြားသားများမှာ မြန်မာနိုင်ငံသားများအား ကုမ္ပဏီများတွင် အမည်ခံခိုင်းခြင်းဖြစ်သည်။

သို့သော် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် နိုင်ငံခြားသားများအား သာသနာပိုင်မြေ ၊ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် ကန့်သတ်ထားသည့်မြေ၊ အမှုအခင်းဖြစ်ပွားလျက်ရှိသော ရင်းနှီးမြှုပ်နှံသူ၏ စီးပွားရေးလုပ်ငန်းကြောင့် မြို့ပြလူနေထိုင်မှုတွင် ပတ်ဝန်းကျင်ကို ထိခိုက်စေသော အရပ်ဒေသများတွင်ရှိသော
မြေများမှလွဲ၍ ကျန်မြေယာများ ငှားရမ်းခွင့်ပေးခဲ့သည်။ ကျန်မြေများကို နှစ် ၃၀ နှင့် ထပ်တိုး ၁၅ နှစ်စီ နှစ်ကြိမ် စုစုပေါင်း နှစ် ၆၀ ငှားရမ်းခွင့်ပြုပေးခဲ့သည်။

အလားတူ ငွေလဲနှုန်းကိုလည်း တစ်ဒေါ်လာလျှင် ခြောက်ကျပ်အစား ၂၀၁၂ ခုနှစ်မှစတင်၍ ဈေးကွက်ပေါက်ဈေးနှင့် အနီးစပ်ဆုံးနှုန်းရှင်ဖြင့် နေ့စဉ်သတ်မှတ်ပေးခဲ့သည်။

ထို့ကဲ့သို့ နိုင်ငံခြားသားများ လုပ်ကိုင်နိုင်စေရန် လုပ်ထုံးလုပ်နည်းများ ပြောင်းလဲပေးလိုက်သော်လည်း နာမည်ခံလုပ်ကိုင်နေသူများမှာ လျော့မသွားပဲ ပိုမိုတိုးပွားလာလျက်ရှိသည်။

ထိုသို့များပြားနေခြင်းမှာ ရင်းနှီးမြှုပ်နှံမှုတွင် နိုင်ငံခြားသားအား မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရာတွင် တစ်ရာရာခိုင်နှုန်း ခွင့်မပြုခြင်းကြောင့် မြန်မာနိုင်ငံသားအမည်ခံခိုင်းမှုများ ဆက်လက်ရှိနေခြင်းဖြစ်ကြောင်း လုပ်ငန်းရှင်အချို့ကဆိုသည်။

“အမည်ခံလုပ်ပေးတဲ့လူအများစုက အမျိုးသမီးတွေများတယ်။ Living Together (လက်မထပ်ဘဲအတူနေခြင်း) နေတယ်။ ရုံးအလုပ်လေး၊ ဘာလေး ကူလုပ်ပေးရတယ်။ လစာပေးထားတယ်။ အကျိုးအမြတ်တော့ ခွဲမပေးဘူး”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကဆိုသည်။ ထိုကဲ့သို့ အမည်ခံပြီးလုပ်ကိုင်ပေးသော မြန်မာနိုင်ငံသားများအနေဖြင့် ဥပဒေကြောင်းအရ အရေးယူမှုခံရနိုင်သည်။

ဦးသိန်းစိန်လက်ထက်တွင် ပြန်လည်ရေးဆွဲသည့် ရင်းနှီးမြှုပ်နှံမှုဥပဒေတွင် နိုင်ငံခြားသားများအား ၈၀ ရာခိုင်နှုန်းသာ အများဆုံးခွင့်ပြုထားသည်။

“အခွန်ရှောင်မယ်။ စိတ်ကြိုက်အလုပ်လုပ်မယ်။ အစိုးရကန့်သတ်ချက်ကျော်ပြီး လုပ်ချင်တာပေါ့။ ဘာ Responsibility(တာဝန်ယူမှု)မှမယူချင်ပဲ အခြေအနေမကောင်းရင် ဆုတ်ပြန်လို့ လွယ်အောင်ပေါ့။ မြန်မာနိုင်ငံသားကို အမည်ခံခိုင်းတာ”ဟု Nature Dream ခရီးသွားကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်စပယ်အောင်က နိုင်ငံသားအမည်ခံ ပြည်ပရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ သူ၏အမြင်ကိုပြောသည်။

ကျောက်မျက်လုပ်ငန်းအပါအ၀င် ရင်းနှီးမြှုပ်နှံမှုကြီးသော လုပ်ငန်းများတွင် လုပ်ထုံးလုပ်နည်းအားနည်းမှုတို့ကြောင့် အခွန်ရှောင်ရန်နှင့် ငွေမည်းများကို ငွေဖြူလုပ်နိုင်ရန်အတွက် မြန်မာနိုင်ငံသားများအား အမည်ခံလုပ်ခိုင်းရခြင်းဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးကဆိုသည်။

“ဖက်စပ်လုပ်တာလည်း သူတို့လှည့်ချင်တိုင်းလှည့်လို့ရတဲ့ မြန်မာလူမျိုးကို အမည်ခံသက်သက်နဲ့ လုပ်တာများတယ်။ ဒါအန္တရာယ်ရှိတယ်”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးအေးကျော်ကထောက်ပြသည်။

ထို့အပြင် နိုင်ငံသားများအမည်ခံ ဖွင့်လှစ်ထားသည့်ကုမ္ပဏီအချို့သည် တိုင်းပြည်ပုံရိပ်ကျဆင်းစေသည့်လုပ်ငန်းများကိုပင် လုပ်ကိုင်မှုများရှိလာကြောင်း သတင်းရရှိသည်။ ခရီးသွားလုပ်ငန်းတွင် အမည်ခံလုပ်ကိုင်ထားသော ခရီးသွားကုမ္ပဏီအချို့မှာ Night Tour များ လုပ်ဆောင်နေကြကြောင်း ခရီးသွားလုပ်ငန်းရှင်အချို့က ထောက်ပြပြောဆိုသည်။

အလားတူ အိမ်ခြံမြေလုပ်ငန်းတွင်လည်း မြန်မာနိုင်ငံသားအမည်ခံ နိုင်ငံခြားသားလုပ်ကိုင်မှုများစွာရှိသည်။ ဥပမာ ဂျပန်နိုင်ငံသားတစ်ဦးက မြန်မာတိုင်းရင်းသူနှင့်ပေါင်းဖက်ကာ ထိုအမျိုးသမီးအမည်ဖြင့် မြေများလိုက်လံဝယ်ယူရင်းနှီးမြှုပ်နှံသည်။ ထိုသို့ ၀ယ်ယူထားပြီး နောက်ဆက်တွဲပြဿနာများဖြစ်ပွား၍ စ,သုံးလုံးကစစ်ဆေးစဉ် အမျိုးသမီးငယ်က တိုက်ပေါ်မှခုန်ချ၍ မိမိကိုယ်မိမိသတ်သေသည့် ဖြစ်ရပ်မျိုးဖြစ်ပေါ်ခဲ့သည်။

ထို့အပြင် ယခုလောလောဆယ်မှာပင် သီလ၀ါဆိပ်ကမ်းအနီး မြေကွက်ဝယ်ယူရာတွင် အမည်ခံခိုင်းထားသော မြန်မာနိုင်ငံသားထွက်ပြေးသဖြင့် ပိုင်ရှင်ဂျပန်နိုင်ငံသားက ဖေဖော်ဝါရီ ၂၃ ရက်တွင် သက်ဆိုင်ရာသို့ တိုင်ကြားအမှုဖွင့်ထားသည်။

ထိုသို့ နိုင်ငံသားအမည်ခံ ရင်းနှီးမြှုပ်နှံသူများကို “လိမ်လည်မှု၊ စာချုပ်စာတမ်းဖောက်ဖျက်မှု၊ ဌာနဆိုင်ရာကို မမှန်မကန်လုပ်မှု၊ ငွေကြေးခ၀ါချမှု၊ အဂတိလိုက်စားမှုတို့နဲ့ အရေးယူလို့ရတယ်”ဟု မည်သို့အရေးယူနိုင်ကြောင်း Internatioal Law Firm မှ ရှေ့နေဦးသန်းမောင်က အောက်ပါအတိုင်းပြောသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အပါအ၀င် ကုမ္ပဏီများမှတ်ပုံတင်ထုတ်ပေးသည့်ဌာနတို့က အရေးယူဆောင်ရွက်နိုင်ပြီး အရေးယူမှုများလည်းရှိသည်။ သို့သော် ထိုအခြေအနေကို အမည်ခံပြီးလုပ်ကိုင်ပေးနေသူအများစုက မသိရှိကြပေ။

ဦးသိန်းစိန်ဦးဆောင်သော အစိုးရအဖွဲ့တက်လာပြီးနောက် နာမည်ခံလုပ်ငန်းများအား ပိုင်ရှင်မှန်အမည်ပြောင်းရန် တရားဝင်ဖိတ်ခေါ်ခဲ့သဖြင့် လုပ်ငန်းအချို့မှာ အမည်ပြောင်းလဲလုပ်ကိုင်မှုများရှိခဲ့သည်။

သို့သော် လုပ်ထုံးလုပ်နည်းများ အားနည်းနေမှုနှင့် ၀န်ကြီးအချို့၏ လာဘ်ပေးလာဘ်ယူမှုများရှိနေသဖြင့် အမည်ခံလုပ်ငန်းများမှာ လျော့မသွားပဲ ဆက်လက်တိုးပွားနေခြင်းဖြစ်သည်။

“နိုင်ငံခြားသားပဲဖြစ်ဖြစ်၊ ပြည်တွင်းလုပ်ငန်းရှင်ပဲဖြစ်ဖြစ် ရင်းနှီးမြှုပ်နှံမှုမှာ ပွင့်လင်းမြင်သာမှုရှိအောင် လုပ်ဖို့လို့တယ်”ဟု နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေး ဒေါက်တာအောင်ထွန်းသက်ကအကြံပြုသည်။

ထို့အပြင် သက်ဆိုင်ရာအသင်းအဖွဲ့များအနေဖြင့်လည်း အမည်ခံလုပ်ကိုင်နေသူများကို သက်ဆိုင်ရာဝန်ကြီးဌာနသို့ သတင်းပေးတိုင်ကြားမှုများ လုပ်ရန်လိုကြောင်း ပြည်တွင်းလုပ်ငန်းရှင်အချို့ကဆိုသည်။

အမည်ခံရင်းနှီးမြှုနှံမှုများပြုလုပ်ခြင်းကြောင့် နိုင်ငံတော်အတွက် ရရှိမည့်အခွန်ငွေများဆုံးရှုံးခြင်း၊ အဆိုပါလုပ်ငန်း၌ လုပ်ကိုင်နေသော အလုပ်သမား၊ ၀န်ထမ်းများ အခွင့်အရေးရပိုင်မှု ဆုံးရှုံးခြင်း၊ လုပ်ငန်းတူ နိုင်ငံသားလုပ်ငန်းရှင်များအတွက်လည်း တရားမ၀င်နောက်ကွယ်မှ ရင်းနှီးမြှုပ်နှံသူများကြောင့် ငွေကြေးအင်အားမယှဉ်နိုင်ဘဲ အခွင့်အလမ်းများဆုံးရှုံးခြင်း၊ ထို့အပြင် တိုင်းပြည်၏ တရားဝင်စီးပွားရေးဖွံ့ဖြိုးမှုကိုပါ အတားအဆီးများဖြစ်နိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောကြားသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအရ နိုင်ငံခြားသားများရင်းနှီးမြှုပ်နှံမှုပြုလုပ်ပါက အခွန်အခများ စနစ်တကျပေးဆောင်နေသည့်အပြင် လူမှုဘ၀တာဝန်ယူမှု၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ မဖြစ်စေရေး စသည့်သတ်မှတ်ချက်များ ပါဝင်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌဦးနှင်းဦးကပြောသည်။

နိုင်ငံခြားသားများက မြန်မာနိုင်ငံသားများအား အမည်ခံလုပ်ကိုင်စေမှုကြောင့် မြန်မာနိုင်ငံတွင် နစ်နာမှုများ များစွာရှိသည်။ ထိုအခြေအနေနှင့်ပတ်သက်၍ ဦးတေဇက ယခုလို မှတ်ချက်ပြုပြောကြားခဲ့သည်။

ကျောက်စိမ်းအဓိကထွက်သော ဖားကန့်နှင့် မြစ်ကြီးနားမှာ အခုချိန်ထိ မတိုးတက်သော်လည်း တရုတ်နိုင်ငံ ကွမ်ဂျိုးခရိုင်အတွင်းရှိ မြို့သုံးမြို့မှာ ဖွံ့ဖြိုးတိုးတက်သွားပြီဟူ၍ဖြစ်သည်။

ရေးသားသူ- အောင်သူရ၊ ပြည်သိမ်း
7Day News Journal

ဓာတ်ပုံ- ကျော်ဇင်သန်း
မြန်မာနိုင်ငံတွင် ပထမဆုံးသော ဒေါ်လာသန်းကြွယ်သူဌေးဟု ကိုယ်တိုင်ထုတ်ဖော်ပြောခဲ့သော၊ နိုင်ငံတွင်း အချမ်းသာဆုံးဆယ်ဦးတွင် ပါဝင်သည်ဟု သတ်မှတ်ခံထားရသည့် သူဌေးကြီးဦးတေဇက နိုင်ငံတော် သမ္မတ အား ဖေဖော်ဝါရီ ၂၂ ရက်က စီးပွားရေးနှင့်ပတ်သက်သော အရေးကြီးကိစ္စတစ်ရပ် တင်ပြခဲ့သည်။

မန္တလေးစက်မှုဇုန် ဓာတ်အားလိုင်း တည်ဆောက်မှု ကန့်ကွက်မှုများကြောင့် ရပ်နားထားရဟုဆို

မန္တလေး စက်မှုဇုန်အတွက် လိုအပ်သော လျှပ်စစ်ဓာတ်အား ပြည့်မီစွာ ရရှိရေးအတွက် ငါးမိုင်ခန့် ရှည် လျားသော ဓာတ်အားလိုင်း တည်ဆောက်လျက်ရှိရာ ပြည်ကြီးတံခွန်မြို့နယ် ရွာသစ်ကလေးကျေး ရွာ ဒေသ ခံ တောင်သူများ၏ ကန့်ကွက်မှုများ ရှိနေသောကြောင့် တည်ဆောက်မှု ရပ်နားထားရကြောင်း အဆိုပါ စက်မှုဇုန် မီးလင်းရေး ကော်မတီ အတွင်းရေးမှူး ဦးအောင်မိုး က ပြောကြားသည်။

JP Morgan မှ ယခုနှစ်အတွင်း အလုပ်အကိုင် ရှစ်ထောင်ကျော် ဖြတ်တောက်သွားမည်ဟုဆို

ပေါင်နှံမှု စီးပွားရေး ကျုံ့ဝင်လာမှုနှင့် လုပ်ငန်းခွဲများတွင် ကုန်ကျစရိတ်ကို ထိန်းချုပ်နိုင်ရန်အတွက် ဘဏ်လုပ်ငန်းကြီး တစ်ခုဖြစ်သည့် Jp Morgan Chase ကုမ္ပဏီမှ ယခုနှစ်အတွင်း အလုပ်အကိုင်နေရာ ရှစ်ထောင်ကျော်ကို ဖြတ်တောက်သွားရန် ပြင်ဆင်လျှက် ရှိသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် စနစ်တကျ အကောင် အထည် ဖော်ဆောင် ရွက် လျက်ရှိ

ရခိုင်ပြည်နယ် ကျောက်ဖြူဒေသသည် ကမ္ဘာ့ကုန်သွယ်ရေး လမ်းကြောင်း၏ မဟာဗျူဟာကျသည့် အချက် အချာနေရာဒေသတွင် တည်ရှိသော အကောင်းဆုံးရေနက် ဆိပ်ကမ်းဒေသတစ်ခုကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ထိုစီးပွားရေးဇုန်အားရေရှည် စီမံကိန်းများ ချမှတ်ကာ ရေနက် ဆိပ်ကမ်းနှင့် ကျောက်ဖြူအထူးစီး ပွားရေးဇုန်တို့ကို စနစ်တကျအကောင်အထည်ဖော်လျက်ရှိပြီး ဖြစ် ထွန်းပေါ်ပေါက် လာပါကကျောက်ဖြူဒေသသာမက ရခိုင်ပြည်နယ် အပါအဝင် နိုင်ငံတော်၏စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကိုပါ အထောက် အကူဖြစ်စေမည်ဖြစ်သည်။

ခြေထောက် ၅ ချောင်းပါတဲ့ ထူးဆန်းအံ့ဖွယ် နွား

Photo: ခြေထောက် ၅ ချောင်းပါတဲ့ ထူးဆန်းအံ့ဖွယ် နွား
Wednesday, February 26, 2014 

အိန်္ဒိယ နိုင်ငံ မှာရှိတဲ့ နွားတစ်ကောင် ဟာ ခြေထောက် ငါးချောင်း ပါဝင် ခဲ့ပါ တယ်။ ဒီ နွား ဟာ အ သက် လေးနှစ် အရွယ် ရှိနေ ပြီ ဖြစ် ပါတယ်။ ဒီနွား ရဲ့ပိုင်ရှင် ဖြစ်သူ အသက် (၃၅) နှစ် အရွယ် ရှိ လာ့စ် မန်း ဟာ ထူးခြား တဲ့နွား ကို အိန်္ဒိယ နိုင်ငံ တစ်ဝန်း လှည့် လည် ပြသမှု ပြု လုပ်ခဲ့ တယ် လို့ သိ ရ ပါတယ်။ ဟိန်္ဒို ဘာ သာ ကို ကိုးကွယ်တဲ့ အိနိ္ဒယနိုင်ငံမှာ နွားတွေကို အ မြတ်တနိုး ထား လေ့ ရှိပါတယ်။ သာမန်နွား တွေဟာ ခြေ ထောက် လေးချောင်းသာ ပါရှိခဲ့ ပေမယ့် လာ့စ်မန်းပိုင်ဆိုင်ထားတဲ့နွားကတော့ ခြေထောက် ငါးချောင်းအထိ ပါဝင်ခဲ့ပါတယ်။ ဒါကြောင့်မို့ အိန်္ဒိယနိုင်ငံသားအများစုဟာ ခြေထောက် ငါးချောင်း ပါတဲ့နွားကို နတ်ဘုရား ဖန် ဆင်း ပေးလိုက်တဲ့နွားအဖြစ် ယုံကြည်ယူဆ ပြီး ကိုးကွယ်မှုတွေပြုလုပ်နေခြင်းဖြစ်ပါတယ်။ ဒီနွားရဲ့ ခြေထောက် တစ် ချောင်း အပိုဟာ ကျောပေါ်မှာ ရှိနေခြင်းဖြစ်ပါတယ်။ ဒီနွားရဲ့ ပိုင်ရှင် ဖြစ်သူ လာ့စ်မန်းက ကျွန်မရဲ့နွားကို နတ်ဘုရားတွေက ဖန်ဆင်း ပေးလိုက် ခြင်းဖြစ် ပါ တယ်။ ခြေထောက် တစ် ချောင်း အပိုပါ ခြင်း ဟာ အရမ်း ကို ထူးခြားမှု ရှိပါတယ်။ ကံကောင်းမှုတွေ ယူဆောင် လာ ပေးမယ့် လက်္ခဏာတစ်ခုဖြစ်ပါတယ်””လို့ ပြောကြားသွားခဲ့ပါတယ်။ လာ့စ်မန်းဟာ အိန်္ဒိယနိုင်ငံရဲ့ ပြည် နယ် ကြီးခြောက်ခုကို ဖြတ် သန်းပြီး အဓိကမြို့ကြီး(၁၅) မြို့မှာ ထူးခြား တဲ့နွားကို ပြသ မှုပြုလုပ်ခဲ့ပါတယ်။ မြို့ ကြီး တွေကိုရောက်တဲ့အခါတိုင်း လူပေါင်း များစွာ ဟာ ဒီနွားကို အံ့အား သင့်စွာ ၀ိုင်းဝန်း ကြည့်ရှု လေ့ရှိကြ ပါ တယ်။ ဒီနောက် အိန်္ဒိယ လူမျိုး တွေဟာ လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ကြတယ် လို့ဆို ပါတယ်။ လာ့စ်မန်းက ကျွန်မ အ နေနဲ့ မြို့ပေါင်းများစွာကို ဖြတ်သန်းလာခဲ့ပြီး ဖြစ် ပါတယ်။ နေရာတိုင်းမှာ ထူးခြားတဲ့နွားကို အရို အသေ ပေး မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ကျွန်မ အနေနဲ့ လူသားတွေအားလုံး အကျိုးရှိစေဖို့ ထူးခြားတဲ့ နွားကို မြင်တွေ့ ခွင့်ရ ရေး ပြုလုပ်ပေး နေရတာဖြစ်ပါတယ်””လို့ ပြောကြားသွားခဲ့ပါ တယ်။ ခြေထောက် ငါးချောင်း ပါတဲ့ နွားဟာ လက် ရှိ အချိန်မှာ အိန်္ဒိယနိုင်ငံရဲ့ မြို့တော် နယူး ဒေလီကို ရောက်ရှိနေတယ်လို့ သိရပါတယ်။ By The Messenger
ခြေထောက် ၅ ချောင်းပါတဲ့ ထူးဆန်းအံ့ဖွယ် နွား

အိန်္ဒိယ နိုင်ငံ မှာရှိတဲ့ နွားတစ်ကောင် ဟာ ခြေထောက် ငါးချောင်း ပါဝင် ခဲ့ပါ တယ်။ ဒီ နွား ဟာ အ သက် လေးနှစ် အရွယ် ရှိနေ ပြီ ဖြစ် ပါတယ်။ ဒီနွား ရဲ့ပိုင်ရှင် ဖြစ်သူ အသက် (၃၅) နှစ် အရွယ် ရှိ လာ့စ် မန်း ဟာ ထူးခြား တဲ့နွား ကို အိန်္ဒိယ နိုင်ငံ တစ်ဝန်း လှည့် လည် ပြသမှု ပြု လုပ်ခဲ့ တယ် လို့ သိ ရ ပါတယ်။ ဟိန်္ဒို ဘာ သာ ကို ကိုးကွယ်တဲ့ အိနိ္ဒယနိုင်ငံမှာ နွားတွေကို အ မြတ်တနိုး ထား လေ့ ရှိပါတယ်။ သာမန်နွား တွေဟာ ခြေ ထောက် လေးချောင်းသာ ပါရှိခဲ့ ပေမယ့် လာ့စ်မန်းပိုင်ဆိုင်ထားတဲ့နွားကတော့ ခြေထောက် ငါးချောင်းအထိ ပါဝင်ခဲ့ပါတယ်။ ဒါကြောင့်မို့ အိန်္ဒိယနိုင်ငံသားအများစုဟာ ခြေထောက် ငါးချောင်း ပါတဲ့နွားကို နတ်ဘုရား ဖန် ဆင်း ပေးလိုက်တဲ့နွားအဖြစ် ယုံကြည်ယူဆ ပြီး ကိုးကွယ်မှုတွေပြုလုပ်နေခြင်းဖြစ်ပါတယ်။ ဒီနွားရဲ့ ခြေထောက် တစ် ချောင်း အပိုဟာ ကျောပေါ်မှာ ရှိနေခြင်းဖြစ်ပါတယ်။

ဒီနွားရဲ့ ပိုင်ရှင် ဖြစ်သူ လာ့စ်မန်းက ကျွန်မရဲ့နွားကို နတ်ဘုရားတွေက ဖန်ဆင်း ပေးလိုက် ခြင်းဖြစ် ပါ တယ်။ ခြေထောက် တစ် ချောင်း အပိုပါ ခြင်း ဟာ အရမ်း ကို ထူးခြားမှု ရှိပါတယ်။ ကံကောင်းမှုတွေ ယူဆောင် လာ ပေးမယ့် လက်္ခဏာတစ်ခုဖြစ်ပါတယ်””လို့ ပြောကြားသွားခဲ့ပါတယ်။ လာ့စ်မန်းဟာ အိန်္ဒိယနိုင်ငံရဲ့ ပြည် နယ် ကြီးခြောက်ခုကို ဖြတ် သန်းပြီး အဓိကမြို့ကြီး(၁၅) မြို့မှာ ထူးခြား တဲ့နွားကို ပြသ မှုပြုလုပ်ခဲ့ပါတယ်။ မြို့ ကြီး တွေကိုရောက်တဲ့အခါတိုင်း လူပေါင်း များစွာ ဟာ ဒီနွားကို အံ့အား သင့်စွာ ၀ိုင်းဝန်း ကြည့်ရှု လေ့ရှိကြ ပါ တယ်။ ဒီနောက် အိန်္ဒိယ လူမျိုး တွေဟာ လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ကြတယ် လို့ဆို ပါတယ်။ လာ့စ်မန်းက ကျွန်မ အ နေနဲ့ မြို့ပေါင်းများစွာကို ဖြတ်သန်းလာခဲ့ပြီး ဖြစ် ပါတယ်။ နေရာတိုင်းမှာ ထူးခြားတဲ့နွားကို အရို အသေ ပေး မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ကျွန်မ အနေနဲ့ လူသားတွေအားလုံး အကျိုးရှိစေဖို့ ထူးခြားတဲ့ နွားကို မြင်တွေ့ ခွင့်ရ ရေး ပြုလုပ်ပေး နေရတာဖြစ်ပါတယ်””လို့ ပြောကြားသွားခဲ့ပါ တယ်။ ခြေထောက် ငါးချောင်း ပါတဲ့ နွားဟာ လက် ရှိ အချိန်မှာ အိန်္ဒိယနိုင်ငံရဲ့ မြို့တော် နယူး ဒေလီကို ရောက်ရှိနေတယ်လို့ သိရပါတယ်။

The Messenger
အိန်္ဒိယ နိုင်ငံ မှာရှိတဲ့ နွားတစ်ကောင် ဟာ ခြေထောက် ငါးချောင်း ပါဝင် ခဲ့ပါ တယ်။ ဒီ နွား ဟာ အ သက် လေးနှစ် အရွယ် ရှိနေ ပြီ ဖြစ် ပါတယ်။ ဒီနွား ရဲ့ပိုင်ရှင် ဖြစ်သူ အသက် (၃၅) နှစ် အရွယ် ရှိ လာ့စ် မန်း ဟာ ထူးခြား တဲ့နွား ကို အိန်္ဒိယ နိုင်ငံ တစ်ဝန်း လှည့် လည် ပြသမှု ပြု လုပ်ခဲ့ တယ် လို့ သိ ရ ပါတယ်။ ဟိန်္ဒို ဘာ သာ ကို ကိုးကွယ်တဲ့ အိနိ္ဒယနိုင်ငံမှာ နွားတွေကို အ မြတ်တနိုး ထား လေ့ ရှိပါတယ်။ သာမန်နွား တွေဟာ ခြေ ထောက် လေးချောင်းသာ ပါရှိခဲ့ ပေမယ့် လာ့စ်မန်းပိုင်ဆိုင်ထားတဲ့နွားကတော့ ခြေထောက် ငါးချောင်းအထိ ပါဝင်ခဲ့ပါတယ်။ ဒါကြောင့်မို့ အိန်္ဒိယနိုင်ငံသားအများစုဟာ ခြေထောက် ငါးချောင်း ပါတဲ့နွားကို နတ်ဘုရား ဖန် ဆင်း ပေးလိုက်တဲ့နွားအဖြစ် ယုံကြည်ယူဆ ပြီး ကိုးကွယ်မှုတွေပြုလုပ်နေခြင်းဖြစ်ပါတယ်။

အိန္ဒိယမှတင်သွင်းသော မွေးမြူရေးအစာ မုန်ညင်းဖတ်များ၌ အလေးချိန်စီးရန် ထည့်ထားသည့် ဘိလပ်မြေကဲ့သို့ သဲများတွေ့ရှိ

ဒေါက်တာသက်မှူးက မုန်ညင်းဖတ်အတွင်း တွေ့ရှိရသည့် သဲများကို ပြသနေစဉ်
အိန္ဒိယနိုင်ငံမှ တင်သွင်းသော မွေးမြူရေးတိရစ္ဆာန်အစာ မုန်ညင်းဖတ်များအတွင်း အလေးချိန်စီးရန်ထည့်ထား သည့် ဘိလပ်မြေကဲ့သို့ သဲများတွေ့ရှိကြောင်း မြန်မာနိုင်ငံ ငါး၊ ပုစွန်အစာ ထုတ်လုပ်ရောင်းဝယ်သူများ အသင်းဥက္ကဋ္ဌ ဒေါက်တာသက်မှူးက ဇန်န၀ါရီ ၂၅ ရက်က ပြောကြားသည်။

ဘာသာသာသနာကို ညှိုးနွမ်းအောင်ပြုလုပ်ပါက အရေးယူနိုင်သည့်ပုဒ်မ ၂၉၅ (က) ဖြင့် ရဟန်းအချို့အား နေ့စဉ်အရေးယူနေရကြောင်း သာသနာရေးဝန်ကြီးဌာနမှ သိရ

ဘာသာသာသနာကို ညှိုးနွမ်းအောင်ပြုလုပ်ပါက အရေးယူနိုင်သည့် ပြစ်မှုဆိုင်ရာပုဒ်မ ၂၉၅(က) ဖြင့် ရဟန်း အချို့အား နေ့စဉ် အရေးယူမှုပြုလုပ်နေရကြောင်း သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရ သိရသည်။

နိုင်ငံတော်သမ္မတပေးပို့သော အဖွဲ့ဝင် ၁၅ ဦး အမည်စာရင်းအား ပြည်ထောင်စုလွှတ်တော် အတည်ပြုပြီးနောက် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင် တရားဝင်ဖွဲ့စည်း

ဖေဖော်ဝါရီ ၂၅ ရက်ကပြုလုပ်သည့်  ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့သည့် လာဘ်ပေး လာဘ်ယူမှု ပပျောက်ရေးကော်မရှင်ဖွဲ့စည်းရန် အဆိုအား ယင်းနေ့၌ပင် နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာချက် ၆/၂၀၁၄ ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်း ဖေဖော်ဝါရီ ၂၅ ရက် ညပိုင်းက မြန်မာ့ရုပ်မြင်သံကြားသတင်းတွင် ဖော်ပြခဲ့သည်။

ဆိပ်ကြီးခနောင်တိုမြို့ ဆိပ်ကြီးကမ်းနားမှာ နှစ်စဉ်ကမ်းပြိုမှုများ ဖြစ်ပွားနေသဖြင့် ပေ ၂၃၀ အရှည်ရှိ ကမ်းထိန်းနံရံ အစားထိုးတည်ဆောက်

Photo: ဆိပ်ကြီးခနောင်တိုမြို့ ဆိပ်ကြီးကမ်းနားမှာ နှစ်စဉ်ကမ်းပြိုမှုများ ဖြစ်ပွားနေသဖြင့် ပေ ၂၃၀ အရှည်ရှိ ကမ်းထိန်းနံရံ အစားထိုးတည်ဆောက်
Wednesday, February 26, 2014

ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့ ဆိပ်ကြီးကမ်းနားမှာ နှစ်စဉ်ကမ်းပြိုမှုများ ဖြစ်ပွားနေသဖြင့် ပေ ၂၃၀ အရှည်ရှိ ကမ်းထိန်းနံရံ အစားထိုးတည်ဆောက်နေကြောင်း ယင်းဆိပ်ကမ်းရှိ စက်တပ်ရေယာဉ် လိုင်းတစ်ခုဖြစ်သော ရွှေရန်ကုန်ရေယာဉ်လိုင်းမှ သိရသည်။
    
ကမ်းထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်းကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကန်ထရိုက်စနစ်ဖြင့် တည်ဆောက်စေခြင်းဖြစ်ကြောင်း သိရသည်။
    
"ဆိပ်ကြီးကမ်းနားကမ်းပြိုတာ နှစ်နှစ်ဆက်ရှိပါပြီ။ ထပ်မပြိုအောင်လို့ တည်ဆောက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ကြီးကြပ်မှုနဲ့ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကန်ထရိုက်စနစ်နဲ့ ပြိုကျသွားတဲ့ပမာဏကို အစားထိုးဆောက်တာဖြစ်တယ်လို့ သိရပါတယ်" ဟု ဆိပ်ကြီးဆိပ်ကမ်း ရွှေရန်ကုန်ရေယာဉ်လိုင်းဥက္ကဋ္ဌ ဦးသိန်းအေးက ပြောကြားသည်။
    
အဆိုပါ ကမ်းထိန်းနံရံကို ကျယ်သောရေလမ်းကြောင်းနှင့် ကျဉ်းသောရေလမ်းကြောင်းတို့ဆုံရာ ၀ဲကတော့ဖြစ်ရာမှ ကမ်းနားသို့ ရေတိုက်စားမှုဖြစ်ကာ ကမ်းပြိုကျခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောကြားသည်။
    
ပေ ၁၆၀ ရှည် ကမ်းထိန်းနံရံတစ်ခုနှင့် ပေ ၇၀ ရှည် ကမ်းထိန်းနံရံတစ်ခု စုစုပေါင်း ပေ ၂၃၀ ရှည်သော ၎င်းကမ်းထိန်းနံရံသည် ရေအောက်အနက် ပေ ၈၀ ၊ ရေပေါ် ပေ ၃၀ ခန့်အထိ တည်ဆောက်မည်ဟု သိရကြောင်း ရွှေရန်ကုန်ရေယာဉ်လိုင်း ဥက္ကဋ္ဌ ဦးသိန်းအေးက ပြောကြားသည်။
    
"ဆိပ်ကမ်းကမ်းထိန်းတွေပြိုကျရင် ကျွန်တော်တို့ စက်တပ်ရေယာဉ်အတွက်ရော ခရီးသည်တွေအတွက် အတက်အဆင်းရော ဒုက္ခရောက်ပါတယ်။ ပြီးခဲ့တဲ့တစ်နှစ်ကဆို ပေ ၁၅၀ လောက်ပါသွားတယ်" ဟု သမ္ဗန်မောင်း လုပ်သားတစ်ဦးက ပြောကြားသည်။
    
ရန်ကုန်မြို့ တစ်ဖက်ကမ်း၊ ဆိပ်ကြီးခနောင်တိုမြို့သည် သုံးမိုင်ခန့်ရှည်လျားသော ကျွန်းတစ်ကျွန်းဖြစ်ပြီး မြို့နယ်နေသူတို့သည် သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားလာရေးအတွက် ရေကြောင်းခရီးကိုသာ အသုံးပြုရကြောင်း သိရသည်။  

Eleven Media Group

ဆိပ်ကြီးခနောင်တိုမြို့နယ် ဆိပ်ကြီးဆိပ်ကမ်း ကမ်းထိန်းနံရံ တည်ဆော က်ခြင်း လုပ်ငန်းကို ဖေဖော်ဝါရီ ၂၃ ရက်က တွေ့ရစဉ်
(ဓာတ်ပုံ-ကြည်နိုင်)
ဆိပ်ကြီးခနောင်တိုမြို့နယ် ဆိပ်ကြီးဆိပ်ကမ်း ကမ်းထိန်းနံရံ တည်ဆော က်ခြင်း လုပ်ငန်းကို ဖေဖော်ဝါရီ ၂၃ ရက်က တွေ့ရစဉ်
(ဓာတ်ပုံ-ကြည်နိုင်)

ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့ ဆိပ်ကြီးကမ်းနားမှာ နှစ်စဉ်ကမ်းပြိုမှုများ ဖြစ်ပွားနေသဖြင့် ပေ ၂၃၀ အရှည်ရှိ ကမ်းထိန်းနံရံ အစားထိုးတည်ဆောက်နေကြောင်း ယင်းဆိပ်ကမ်းရှိ စက်တပ်ရေယာဉ် လိုင်းတစ်ခုဖြစ်သော ရွှေရန်ကုန်ရေယာဉ်လိုင်းမှ သိရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအား မြန်နိုင်သမျှ မြန်မြန်ပြုပြင်မှသာ မြန်မာနိုင်ငံနှင့်ပြည်သူများ တိုးတက်နိုင်မည်ဟု NLD ဥပဒေအထောက်အကူပြုအဖွဲ့ဝင် ဦးကိုနီပြောကြား Wednesday, February 26, 2014

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရန်အတွက် ပြည်သူများအပါအ၀င် နိုင်ငံတကာက စိတ်အားထက် သန်နေသော် လည်း အာဏာရပါတီနှင့် တပ်မတော်အတွင်းမှ အချို့လူများအနေနှင့် ပြင်ဆင်ရန် စိတ်မ၀င် စားသည့်ပုံသဏ္ဌာန် ပြသနေမှုအပေါ်တွင် အခြေခံဥပဒေပြင်ဆင်ရန်အချိန် ကြာမြင့်ပါက တိုင်းပြည်နှင့်ပြည် သူ များသာ နစ်နာမှာဖြစ်ပြီး မြန်မာနိုင်ငံအနေနှင့် အမြန်ဆုံးဖွံ့ဖြိုးတိုးတက်ရန်အတွက် အခြေခံဥပဒေအား မြန်နိုင်သမျှမြန်မြန်ပြင်ဆင်ရန် လိုအပ်သည်ဟု ဖေဖော်ဝါရီ ၂၄ ရက်က ရန်ကုန်မြို့ အမေရိကန်စင်တာ၌ ပြုလုပ်သည့် အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဆွေးနွေးပွဲတွင် NLD ပါတီ ဥပဒေအထောက် အကူပြုအဖွဲ့မှ အဖွဲ့ဝင် ဦးကိုနီက ပြောကြားသည်။

ဘာသာသာသနာကို ညှိုးနွမ်းအောင်ပြုလုပ်ပါက အရေးယူနိုင်သည့်ပုဒ်မ ၂၉၅ (က) ဖြင့် ရဟန်းအချို့အား နေ့စဉ်အရေးယူနေရကြောင်း သာသနာရေးဝန်ကြီးဌာနမှ သိရ

ဘာသာသာသနာကို ညှိုးနွမ်းအောင်ပြုလုပ်ပါက အရေးယူနိုင်သည့် ပြစ်မှုဆိုင်ရာပုဒ်မ ၂၉၅(က) ဖြင့် ရဟန်းအချို့အား နေ့စဉ် အရေးယူမှုပြုလုပ်နေ ရကြောင်း သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

Monday 24 February 2014

သီလ၀ါဇုန်တွင် မေလကစပြီး ရင်းနှီးမြှုပ်နှံနိုင်တော့မည်ဟု

Photo: သီလ၀ါဇုန်တွင် မေလကစပြီး ရင်းနှီးမြှုပ်နှံနိုင်တော့မည်ဟု
Monday, February 24, 2014

လာမယ့်မေလက စပြီး ဂျပန်နဲ့ မြန်မာပူးပေါင်း အကောင်အထည် ဖော်နေတဲ့ သီလ၀ါ အထူးစီးပွားရေးဇုန်မှာ စတင်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ကြတော့မယ်လို့ ဇုန်စီမံခန့်ခွဲမှုကော်မတီရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြောင်း အစိုးရသတင်းစဉ်မှာ ဖော်ပြပါတယ်။

ဖေဖော်ဝါရီ ၂၃ ရက်နေ့ သီလ၀ါဇုန်ကို သမ္မတ ဦးသိန်းစိန် လာရောက် လည်ပတ်ချိန် သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

ရင်းနှီးမြှုပ်နှံမယ့်ကုမ္ပဏီတွေကို သင့်တင့်တဲ့နှုန်းနဲ့ မြေငှားရမ်း ခွင့်ပြုမှာ ဖြစ်သလို သတ်မှတ်တဲ့အချိန်အတွင်း အကောင်အထည် မဖော်ခဲ့ရင် နိုင်ငံတကာနည်းတူ ပြန်ပြီး သိမ်းယူမယ့် စည်းကမ်းချက်တွေကိုပါ ထည့်သွင်းသွားမယ်လို့ သူက ရှင်းပြပါတယ်။

လက်ရှိ အကောင်အထည်ဖော်နေတဲ့ သီလ၀ါ အထူးစီးပွားရေးဇုန်ဟာ မြန်မာနိုင်ငံထဲက အခြားသော စက်မှုဇုန်နဲ့ စီးပွားရေး ဇုန်တွေရဲ့ စံပြဖြစ်အောင် တည်ဆောက်သွားမယ်လို့လည်း ဦးဆက်အောင်က ပြောပါတယ်။

DVB TV News
လာမယ့်မေလက စပြီး ဂျပန်နဲ့ မြန်မာပူးပေါင်း အကောင်အထည် ဖော်နေတဲ့ သီလ၀ါ အထူးစီးပွားရေးဇုန်မှာ စတင်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ကြတော့မယ်လို့ ဇုန်စီမံခန့်ခွဲမှုကော်မတီရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြောင်း အစိုးရသတင်းစဉ်မှာ ဖော်ပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ချောင်းဦးတွင် ခွင့်ပြုချက် မရဘဲ ဆန္ဒ ထုတ်ဖော်

Photo: ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ချောင်းဦးတွင် ခွင့်ပြုချက် မရဘဲ ဆန္ဒ ထုတ်ဖော်
Monday, February 24, 2014

စစ်ကိုင်းတိုင်း ဒေသကြီး ချောင်းဦးမြို့တွင် ယင်းမြို့ ဒေသခံ နှစ်ဦးသည် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၁၁ နာရီ မှ ၁၂ နာရီအထိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ခွင့်ပြုချက် မရဘဲ ပထမဆုံးအကြိမ် ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း ယင်းဆန္ဒ ပြရာတွင် ပါဝင်သူများက ပြောကြားသည်။

ယင်းကဲ့သို့ ဆန္ဒ ထုတ်ဖော်နိုင်ရန် အတွက် ၂၀၁၃ ခုနှစ်အတွင်းက မြို့နယ် ရဲတပ်ဖွဲ့ စခန်းသို့ လေးကြိမ် တင်ပြခဲ့သော်လည်း ခွင့်ပြုမှု မရှိခဲ့ခြင်းကြောင့် ယခုအကြိမ်တွင် အကြောင်းကြားစာ ပေးပို့ကာ ဆန္ဒ ထုတ်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းဆန္ဒပြရာတွင် ပါဝင်သူ စာရေးဆရာ မောင်မြေမွန် (ချောင်းဦး) က ရှင်းလင်း ပြောကြားသည်။

“ကျွန်တော်တို့ ခွင့်ပြုမထားပါဘူး။ လေးကြိမ် တင်ထားတယ် ဆိုတာလည်း မဟုတ်ပါဘူး။ လျှောက်ထားတဲ့စာ ဒီကနေ့မှ ကျွန်တော့် လက်ထဲ ရောက်တာ။ ကျွန်တော်တို့ ရဲတပ်ဖွဲ့ အနေနဲ့ ရဲလုပ်ထုံး လုပ်နည်းနဲ့ အညီ ဆက်လက် ဆောင်ရွက်သွားမှာပါ” ဟု ချောင်းဦးမြို့နယ် ရဲတပ်ဖွဲ့မှူး ထွန်းကြည်က ယင်းဆန္ဒ ထုတ်ဖော်မှုနှင့် ပတ်သက်၍ ဆိုသည်။

ယင်းချောင်းဦးမြို့ ဒေသခံ ဦးသက်နွယ်ဦးနှင့် ဦးကျော်ဆွေ (မောင်မြေမွန်- ချောင်းဦး) တို့က ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး၊ ပုဒ်မ ၅၉ (စ) (ဃ) ပယ်ဖျက်ရေး၊ မြန်မာ တစ်နိုင်ငံလုံးနှင့် ချောင်းဦးမြို့တို့မှ အဓမ္မ သိမ်းဆည်းထားသော မြေများကို မူလ ပိုင်ရှင်ထံ ပြန်ပေးရေး၊ ဒီပဲယင်း အကြမ်းဖက်မှုမှ ခုနစ်နှစ်တိုင် ချိပ်ပိတ် ခံရသော အိမ်များကို လျော်ကြေးပေးရေး စသည့် အချက်များ ပါဝင်ကြောင်း ယင်းဆန္ဒ ပြသူများထံမှသိရှိရသည်။

ယင်းဆန္ဒပြမှုကို ချောင်းဦးမြို့ အားကစားကွင်းမှ ချောင်းဦးမြို့နယ် စည်ပင်သာယာရေး ရုံးအထိ လမ်းလျှောက် ဆန္ဒ ဖော်ထုတ်ခဲ့ကြသည်။

The Voice Weekly
စစ်ကိုင်းတိုင်း ဒေသကြီး ချောင်းဦးမြို့တွင် ယင်းမြို့ ဒေသခံ နှစ်ဦးသည် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၁၁ နာရီ မှ ၁၂ နာရီအထိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ခွင့်ပြုချက် မရဘဲ ပထမဆုံးအကြိမ် ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း ယင်းဆန္ဒ ပြရာတွင် ပါဝင် သူများက ပြောကြားသည်။

သပိတ်ကျင်းတွင် ကျောင်းရက်ရှည် ပိတ်မှုဖြင့် ကျောင်းအုပ် ဆရာမကြီး အပါအဝင် ငါးဦးကို ထပ်မံ စစ်ဆေးမည်

မန္တလေးတိုင်း ဒေသကြီး သပိတ်ကျင်း မြို့နယ် အုန်းဇုံး ကျေးရွာအုပ်စု ဇရပ်ကွင်း ကျေးရွာရှိ အထက်တန်း ကျောင်းတွင် တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူများကို ကျောင်းတွင် စာသင်ကြားမှု မရှိဘဲ ကျောင်းရက်ရှည် ပိတ်ထားမှုနှင့် ပတ်သက်၍ ယင်းကျောင်းအုပ် ဆရာမကြီး အပါအဝင် ဆရာ၊ ဆရာမ ငါးဦးကို အရေးယူပေးရန် ပြည်ထောင်စု အစိုးရအဖွဲ့သို့ ဒေသခံများက တိုင်ကြား ထားသဖြင့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် မြို့နယ် ပညာရေးမှူးက ဒုတိယအကြိမ် ထပ်မံ စစ်ဆေးသွားမည် ဖြစ်ကြောင်း ယင်းတိုင်ကြား ထားသူများထံမှ သိရသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် ငွေကြေးတစုံတရာကောက်ခံမည် မဟုတ်ဟု ပုသိမ်မြို့နယ် ပညာရေးမှူးဆို

Photo: တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် ငွေကြေးတစုံတရာကောက်ခံမည် မဟုတ်ဟု ပုသိမ်မြို့နယ် ပညာရေးမှူးဆို
Monday, February 24, 2014

ဧရာဝတီတိုင်း၊ ပုသိမ်ကြီးမြို့နယ်အတွင်းမှ ကျောင်းသားများ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန်အတွက် ၀င်ခွင့်ကဒ်ပြား များစတင် ထုတ်ပေးနေပြီဖြစ်သော်လည်း ငွေကြေးကောက်ခံမှုတစုံတရာ ပြုလုပ်သွားမည်မဟုတ်ဟု ပုသိမ်မြို့နယ် ပညာ ရေးမှူးက ဆိုထားသည်။

ပုသိမ်၌ ကျောင်းဖြေကျောင်းသားကျောင်းသူ(၃၃၀၀)ကျော်နှင့် အပြင်ဖြေ(၁၇၀၀)ကျော်မှ စာစစ်ဌာန(၁၆)ခု၌ ၀င်ရောက် ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရှိရသည်။ 

“ ဒီနေ့ကစပြီးစာမေးပွဲဝင်ခွင့်ကဒ်ပြားတွေ ထုတ်ပေးသွားမှာဖြစ်ပြီး ငွေကြေးတစ်စုံတစ်ရာကောက်ခံမှာ မဟုတ်ပါဘူး”ဟု ပုသိမ်မြို့နယ်ပညာရေးမှူး ဦးကျင်သောင်းက ပြောသည်။

ယမန်နှစ်များကစာစစ်ဌာန(၁၄)ခုဖြင့်သာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျင်းပခဲ့သောပုသိမ်မြို့နယ်တွင် ယခုနှစ်၍ ပထမဆုံးအကြိမ်အဖြစ် စာစစ်ဌာနနှစ်ခုတိုးမြင့်လိုက်ခြင်းဖြစ်ကြောင်း၎င်းက ဆက်ပြောသည်။

ယခုနှစ်တွင်ပုသိမ်မြို့နယ်၌ထပ်မံတိုးမြင့်ထားသောစာစစ်ဌာနအချို့မှ ခုံကြေးကောက်ခံနေမှူ့ကြောင့် ငွေကြေးချို့တဲ့ စွာဝင်ရောက်ဖြေဆိုရန် ပြင်ဆင်နေသောကျောင်းသားများမှာအလုပ်ရှင်များထံမှ စာမေးပွဲပြီးချိန်၌ အလုပ်လုပ်ပေးရန် ငွေကြေးများ ကြိုတင်ချေးဌားဖြေဆိုရသည်အထိ ဖြစ်ပေါ်နေကြောင်း ကျောင်းသားအချို့ထံမှ သိရှိရသည်။

“ကျွန်တော်ဝင်ဖြေမယ့်ကျောင်းကဆို ခုံကြေးလေးထောင်နဲ့တခြားကြေး သုံးထောင်အားလုံးပေါင်းခုနှစ်ထောင် ကောက်ခံလို့ ရွာထဲက လယ်ပိုင်ရှင်တစ်ယောက်ဆီမှာ စာမေးပွဲပြီးရင်ကောက်ရိတ်ပေးဖို့ ငွေကြိုယူပြီး စာမေးပွဲဖြေဖို့လုပ်ရတယ်”ဟု တက္ကသိုလ်ဝင်တန်းစာမေးပွဲ ၀င်ရောက်ဖြေဆိုမည့်ကြက်ပေါင်တိုက်နယ်မှ ကျောင်းသား တစ်ဦးကပြောသည်။

ငွေကြေးမပြည့်စုံသောကျောင်းသားအများစုရှိသော ပုသိမ်မြို့နယ်တွင်းကျေးရွာအချို့မှတွဲဖက်အထက်တန်း ကျောင်းသား များသည် ပုသိမ်မြို့ရှိကျောင်းများတွင် လာရောက်ဖြေဆိုရာ၌ ယခုကဲ့သို့ငွေကြေးကောက်ခံမှုများကြောင့် ကျောင်းသားမိဘ များကလည်း အခက်အခဲဖြစ်ပေါ်ခဲ့ရကြောင်း အနန်းကုန်းကျေးရွာအုပ်စုမှတက္ကသိုလ်ဝင်တန်း ၀င်ရောက်ဖြေဆိုမည့် ကျောင်းသားမိဘအချို့က ဆိုသည်။

စာစစ်ဌာန(၁၆)ခုတွင် ကျောင်းသားကျောင်းသူပေါင်း(၅)ထောင်ကျော် တက္ကသိုလ် ၀င်တန်းဝင်ရောက်ဖြေဆိုမည်

ဖြစ်သည့် ပုသိမ်မြို့နယ်၌ စာစစ်ဌာနများကို သတ်မှတ်ခုံအရေအတွက်၊ သွားလာရန်ခရီးလမ်းသာယာမှုနှင့်  အခြား သတ်မှတ်ထားသော အချက်များပြည့်စုံမှသာ စာစစ်ဌာနအဖြစ်ချထားပေးခြင်းဖြစ်ကြောင်း အထက်တန်းကျောင်းအုပ် ဆရာဆရာမများထံမှ သိရသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို မတ်လ(၁၂)ရက်နေ့မှမတ်လ(၂၂)ရက်နေ့အထိ မြန်မာနိုင်ငံတ၀န်းရှိ စာစစ်ဌာန ကျောင်းများ၌ ကျင်းပပြုလုပ်တော့မည်ဖြစ်သည်။

Myit Ma Kha Media Group
ဧရာဝတီတိုင်း၊ ပုသိမ်ကြီးမြို့နယ်အတွင်းမှ ကျောင်းသားများ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန်အတွက် ၀င်ခွင့်ကဒ်ပြား များစတင် ထုတ်ပေးနေပြီဖြစ်သော်လည်း ငွေကြေးကောက်ခံမှုတစုံတရာ ပြုလုပ်သွားမည် မဟုတ် ဟု ပုသိမ်မြို့နယ် ပညာ ရေးမှူးက ဆိုထားသည်။

ဘွဲ့လက်မှတ် အတုဖြင့် အလုပ် လုပ်ခွင့် လျှောက်ထားသူ မြန်မာ ၁၆ ဦးကို စင်ကာပူ အစိုးရ အရေးယူ

ဘွဲ့လက်မှတ် အတုဖြင့် အလုပ် လုပ်ခွင့် (Work Permit) လျှောက်ထားသူ မြန်မာ နိုင်ငံသား ၁၆ ဦးကို အရေးယူထားကြောင်း စင်ကာပူနိုင်ငံ အလုပ်သမား ဝန်ကြီးဌာန (MOM) က ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ထုတ်ပြန်သည်။

အမေရိကန် General Motor နှင့် မြန်မာ ကုမ္ပဏီ ပူးပေါင်း၍ ကျောင်းများကို ဘောလုံးများ လှူဒါန်းမည်

အမေရိကန် ပြည်ထောင်စုမှ နာမည်ကျော် မော်တော်ယာဉ် ကုမ္ပဏီ General Motor နှင့် မြန်မာနိုင်ငံမှ Pacific AA Motor တို့ ပူးပေါင်း၍ အမှတ် (၃) အခြေခံပညာ ဦးစီးဌာန လက်အောက်ရှိ အခြေခံပညာ ကျောင်းများကို ဘောလုံးများ လှူဒါန်းမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီများထံမှ သိရသည်။

Y Talk ၂ နှစ်ပြည့်အတွက် မိဘမဲ့ကလေးကို ပရဟိတ ပျော်ပွဲရွှင်ပွဲ လုပ်ပေးတဲ့ စမိုင်းလ်

Photo: Y Talk ၂ နှစ်ပြည့်အတွက် မိဘမဲ့ကလေးကို ပရဟိတ ပျော်ပွဲရွှင်ပွဲ လုပ်ပေးတဲ့ စမိုင်းလ်
Monday, February 24, 2014

အဆိုတော် သရုပ်ဆောင်စမိုင်းလ်က သူနဲ့သူ့ခင်ပွန်း တည်ထောင်လုပ်ကိုင်နေတဲ့ Y Talk International Calling Card ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မိဘမဲ့ကျောင်း ၅ ကျောင်းက ကျောင်းသား၊ ကျောင်းသူ ကလေးငယ်ပေါင်း ၃၀၀၀ ကျော်ကို  ဖေဖော်ဝါရီ ၂၀ ရက်နေ့က အမျိုးသားကဇာတ်ရုံမှာ Charity Fun Fair ပွဲကြီးတခု ကျင်းပပြုလုပ်ပေးခဲ့ပါတယ်။

အဲဒီပွဲမှာ ကလေးငယ်များအတွက် ပျော်ရွှင်ဖွယ် ဂိမ်းအစီအစဉ်များ၊ အစားအသောက် ကျွေးမွေးတဲ့ အစီအစဉ်များနဲ့အတူ မိဘမဲ့ကျောင်းတွေကိုလည်း အလှူငွေများ ပေးအပ် လှူဒါန်းခဲ့ပါတယ်။ သရုပ်ဆောင် စမိုင်းလ်တို့ ဇနီးမောင်နှံရဲ့ Charity Fun Fair ပွဲမှာ Aroma Makeup ၊ Wedding Dress and Photo Studio က ကိုအောင်မြတ်သူနဲ့ ကိုစိန်လင်းတို့ကလည်း ပါဝင် ကူညီ ဆောင်ရွက်ပေးခဲ့ပါတယ်။

အဆိုပါ ပရဟိတပွဲ လုပ်ဖြစ်တဲ့အကြောင်းကို သရုပ်ဆောင် စမိုင်းလ်က “ဒီလိုလုပ်တာက အလှူတခုလည်း လုပ်ဖြစ် သွားအောင်၊ နောက်ပြီး မိဘမဲ့ ကလေးလေးတွေကိုလည်း ပျော်စေချင်လို့၊ ပြီးတော့ ကိုယ်တွေလုပ်တဲ့ စီးပွားရေးလုပ်ငန်းရဲ့ နှစ်နှစ်ပြည့် အထိမ်းအမှတ်ပွဲလေးလည်း ဖြစ်အောင် အစ်မအမျိုးသားနဲ့ တိုင်ပင်ပြီး လုပ်ခဲ့တာပါ။ နောက်ပြီး အစ်မတို့နဲ့ အတူ ပါဝင်လှူဒါန်းပြီး ကုသိုလ်ယူနိုင်အောင် လှူချင်တဲ့ မိတ်ဆွေတွေကို ကလေးတယောက်ကို ၄၀၀၀ ကျပ်နှုန်းနဲ့ တတ်နိုင် သလောက် လှူနိုင်တဲ့ အစီအစဉ်လေးလည်း ထည့်ခဲ့တာပါ။ အစ်မတို့ လှူတဲ့နေရာတွေကတော့ အောင် ပရဟိတကျောင်း၊ မှန်ကင်းကျောင်း၊ သန်လျင်က တိုင်းရင်းသားလူငယ် ဖွံ့ဖြိုးရေး ပရဟိတကျောင်းနဲ့ ၀ိသာခါကျောင်းတွေကို လှူဒါန်းခဲ့တာပါ။ ကလေးတွေ ပျော်ရွှင်နေတာကို ကြည့်ပြီး အစ်မ တကယ်ကို စိတ်ကျေနပ်ဝမ်းသာမိတာ မဟြေပြတတ်အောင်ပါပဲ။ ဘာပဲဟြေဟြေ အလုပ်တွေလုပ်ပြီး မအားမလပ်တဲ့ကြားက ဒီလိုအလှူမျိုး လုပ်ရတော့ စိတ်လှုပ်ရှားသလို၊ အရမ်းကို အတိုင်းမသိ ကျေနပ်ပီတိ ၀မ်းသာမှု ဖြစ်ရပါတယ်။ အစ်မတို့ရဲ့ အလှူကို ၀ိုင်းဝန်းကူညီပေးတဲ့ မိတ်ဆွေတွေကိုလည်း အရမ်းကျေးဇူး တင်ပါတယ်လို့ ဟြေချင်ပါတယ်” လို့ ဧရာဝတီကို ပြောပါတယ်။

သူဟာ သူ့ခင်ပွန်းနဲ့ တွဲဖက်လုပ်ကိုင်နေတဲ့ Y Talk International Calling Card လုပ်ငန်းအပြင်၊ သူကိုယ်တိုင် ဦးစီး လုပ်ကိုင်နေတဲ့ Make Up Store Cosmetic & Perfume ဆိုင်ကိုလည်းဖွင့်လှစ်ထားပြီး မကြာသေးခင်ကပဲ ‘New Me’ အမည်ရ တေးစီးရီး တခွေလည်း ထွက်ရှိထားပါသေးတယ်။

ဧရာဝတီ

ပရဟိတ ပျော်ပွဲရွှင်ပွဲတွင် တွေ့ရသော စမိုင်းလ်နှင့် ပွဲလာ ပရိသတ်များ (ဓာတ်ပုံ – မြတ်သူအောင် / ဧရာဝတီ)
ပရဟိတ ပျော်ပွဲရွှင်ပွဲတွင် တွေ့ရသော စမိုင်းလ်နှင့် ပွဲလာ ပရိသတ်များ (ဓာတ်ပုံ – မြတ်သူအောင် / ဧရာဝတီ)
အဆိုတော် သရုပ်ဆောင်စမိုင်းလ်က သူနဲ့သူ့ခင်ပွန်း တည်ထောင်လုပ်ကိုင်နေတဲ့ Y Talk International Calling Card ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မိဘမဲ့ကျောင်း ၅ ကျောင်းက ကျောင်းသား၊ ကျောင်းသူ ကလေးငယ်ပေါင်း ၃၀၀၀ ကျော်ကို ဖေဖော်ဝါရီ ၂၀ ရက်နေ့က အမျိုးသားကဇာတ်ရုံမှာ Charity Fun Fair ပွဲကြီးတခု ကျင်းပပြုလုပ်ပေးခဲ့ပါတယ်။

၇၅ ရာခိုင်နှုန်းကိစ္စဟာ တိုင်းပြည်ကို လည်ပင်းညှစ်ထားတာ

Photo: ၇၅ ရာခိုင်နှုန်းကိစ္စဟာ တိုင်းပြည်ကို လည်ပင်းညှစ်ထားတာ
Monday, February 24, 2014

ဖေဖော်ဝါရီလ ၂၃ ရက်က ဗိုလ်စိန်မှန်အားကစားကွင်းတွင် ပုဒ်မ ၄၃၆ ကို ပြည်သူ့ဆန်္ဒနှင့် အညီ ပြင်ဆင်ရေး ဆွေးနွေးဟော ပြောပွဲတစ်ရပ် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲကျင်းပ ခြင်းနှင့် ပတ်သက်၍ ကိုနေမျိုးဇင် က ““၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ဖို့ နိုင်ငံရေး ပါတီတွေမှာပဲ  တာဝန်ရှိတာ မဟုတ်ဘဲ၊ ပြည်သူလူထုတစ်ရပ် လုံးနဲ့ လူမှုအဖွဲ့ အစည်းတွေမှာ ရော တာဝန်ရှိတယ်။ သန်း ၆၀ ကျော် ပြည်သူလူထုရဲ့ ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲကျင်းပဖို့ အရေး ကို ၇၅ ရာခိုင်နှုန်းနှင့် အထက် ဆိုတဲ့ တပ်မတော်သားကိုယ်စား လှယ်တစ်ယောက် မပါရင် မရ ဘူးဆိုတဲ့ကိစ္စဟာ ကျွန်တော်တို့ တိုင်းပြည်ကို လည်ပင်းညှစ်ထား တာဖြစ်တယ်။ ကျွန်တော်တို့ကို ကြွေးကြော် ခိုင်းထားတဲ့ဟာတွေ မှာ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး အချုပ် အခြာအာဏာတည်တံ့ခိုင်မြဲရေး ...ဒို့အရေး။ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးလို့ ပြောရင် ဘာကြောင့်မို့ တိုင်းရင်း သားတွေရဲ့ အခွင့်အရေးကိုမပေး ထားတဲ့ ဥပဒေကို ဘာကြောင့် မပြင်သေးတာလဲ။ ဥပဒေကို နား မလည်တာလား။ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲချင်ရင် လူတစ်ခုက ထိန်းချုပ်ထား တဲ့ ဥပဒေကို ပြင်ပေးပါ””ဟု ပြော ကြားသည်။

လယ်သမားအရေး လှုပ်ရှား သူ တစ်သီးပုဂ်္ဂလကိုယ်စားလှယ် ဦးဝင်းချိုက ““ရွေးချယ်ခွင့်မရှိဘဲ စားရတော့မယ့် စားသောက်ဖွယ် “ဟင်း”တစ်ခွက်ကို ခင်ဗျား လျှာနဲ့ ကိုက်/မကိုက်။ ခင်ဗျားကြိုက်/ မကြိုက်ကို ပြောဖို့အတွက်ဆိုရင် ခင်ဗျား “ဟင်းချက်တတ်”ဖို့ မလို ပါဘူး။ အဲဒီဟင်းထဲမှာ ဘာတွေ ပါတယ်လည်း သိဖို့မလိုပါဘူး။ ဟင်းကို ဘယ်လောက်အချိန် ယူ ပြီး ချက်ထားလဲဆိုတာကိုလည်း သိဖို့မလိုပါဘူး။ အဲဒီဟင်းတစ် ခွက်ရဲ့ ချို၊ ချဉ်၊ ငံ၊ စပ်၊ ဖန်၊ ခါး အရသာ ၆ ပါးကို သိနိုင်တဲ့ လျှာ တစ်ချောင်းနဲ့  ခံစားတတ်တဲ့ နှလုံးသားတစ်ခုပဲ လိုအပ်တယ်။ အဲဒီအကြောင်းတရားဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မြင်တဲ့ သာမန်ပြည်သူတစ်ယောက်ရဲ့ အမြင်ပါပဲ။

ပြည်သူတွေဟာ ဥပဒေကို ရေးဆွဲသူတွေ မဟုတ်ပေမဲ့လည်း ဒီဥပဒေရဲ့ အကျိုးသက်ရောက် မှုကို ပြည်သူတွေက တိုက်ရိုက် ခံစားနေရပါတယ်။ ပြည်သူတွေ ရဲ့ အသံကို နားထောင်ပေးပါ။ ပုဒ်မ ၄၃၆ ကို မပြင်ရင် နောက် ထပ်နည်းလမ်းဟာ လမ်းပေါ် ထွက်ပြီး ဆန်္ဒပြဖို့ပဲ လိုပါတယ်။ အဲဒီလို မလုပ်ချင်ပါဘူး။ လွှတ် တော်ကနေ အေးအေးချမ်းချမ်းနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက အကြောင်းအရာတွေထဲက ပြင် ဆင်သင့်တဲ့ အကြောင်းအရာ တွေကို ပြင်ဆင်လိမ့်မယ်လို့ မျှော် လင့်ပါတယ်””ဟု ပြောကြားခဲ့ သည်။

ABSDF ၏ ပထမဆုံး ဥက္ကဋ္ဌဖြစ်ခဲ့သူ ဦးထွန်းအောင် ကျော်က ““ပုဒ်မ ၄၃၆ ပြင်လိုက်ရင် ပြည်သူတွေလိုလားတဲ့ အခြား ပြင်ဆင်ချက်တွေကို ပြင်ဆင်ဖို့ လွယ်ကူလိမ့်မယ်။ တိုင်းပြည် အတွက် အခြေခံဥပဒေ ပြင်ဆင် ရေးဟာအင်မတန် အရေးကြီး ပါတယ်။ ဒီမိုကရေစီစနစ်ကို ပေးနိုင်တဲ့ ပြည်သူတွေလိုလားတဲ့ အခြေခံဥပဒေပေါ်လာဖို့ လိုအပ် တယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးဟာ သမိုင်းက တောင်းဆိုလာတဲ့ တိုင်းပြည်ရဲ့ လိုအပ်ချက်တစ်ခုဖြစ်တယ်။ အခြေခံ ဥပဒေပြင်ဆင်ရးကိစ္စမှာ နှောင့်နှေးနေမယ်ဆိုရင် တိုင်း ပြည်ရဲ့ မတည်ငြိမ်မှုကို ဖန်တီးတဲ့ တရားခံတွေ ဖြစ်သွားလိမ့်မယ်။ ၂၀၁၄ မှာ အခြေခံဥပဒေပြင်ဆင် ရေးဖြစ်မလာဘူးဆိုရင်၊ ၂၀၁၅ မှာ ပြည်သူတွေလိုလားတဲ့တရားမျှတ တဲ့ ရွေးကောက်ပွဲဖြစ်လာမှာ မဟုတ်ဘူး””ဟု ပြောကြားသည်။

အဆိုပါပွဲသို့ ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံ ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ ရွှေည၀ါဆရာတော် မှ သ၀ဏ်လွှာတစ်စောင် ပေးပို့ခဲ့ သည်။            

 အာကာဗိုလ်
 The Hot News Weekly
ဖေဖော်ဝါရီလ ၂၃ ရက်က ဗိုလ်စိန်မှန်အားကစားကွင်းတွင် ပုဒ်မ ၄၃၆ ကို ပြည်သူ့ဆန်္ဒနှင့် အညီ ပြင်ဆင်ရေး ဆွေးနွေးဟော ပြောပွဲတစ်ရပ် ကျင်းပခဲ့ကြောင်း သိရသည်။

နိုင်ငံတ၀န်း အမျိုးသမီး အခွင့်အရေး အပြည့်အ၀ ရရှိရန် ဆောင်ရွက်မည်

Photo: နိုင်ငံတ၀န်း အမျိုးသမီး အခွင့်အရေး အပြည့်အ၀ ရရှိရန် ဆောင်ရွက်မည်
Monday, February 24, 2014

လာမည့် မတ်လ ၈ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့ အထိမ်းအမှတ်အဖြစ် အနယ်နယ် အရပ်ရပ် တွင် အမျိုးသမီး အခွင့်အရေး အပြည့်အဝရရှိရန် ဆောင်ရွက်သွားမည်ဟု အမျိုးသမီး အဖွဲ့အစည်းများက ပြောသည်။

“အရင်နှစ်တွေက နေပြည်တော်မှာပဲ ကျင်းပကြတယ်၊ ဒီနှစ်တော့ အနယ်နယ် အရပ်ရပ်ကို ကျင်းပခွင့်ပြုတော့ နယ်က အမျိုးသမီးတွေကို ဒီလို အမျိုးသမီးနေ့တွေ ရှိတယ် ဆိုတာ အမျိုးသမီးတွေကို သိသွား ပြောပြသွားမယ်၊ အမျိုးသမီးတွေရဲ့အခက် အခဲတွေ အခွင့်အရေးတွေကို ပြန်လည် သုံးသပ် သွားမယ်”ဟု Women’s Organization Network of Myanmar မှ ဒေါ်မာမာချိုက ဧရာဝတီသို့ ပြောသည်။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ပေါ်ပေါက်လာသည့် အကြောင်းကို အမျိုးသမီးများ သိရှိစေရန်နှင့် အမျိုးသမီး အခွင့် အရေး အပြည့်အဝ ရရှိလာစေရန်၊ အမျိုးသမီး အကြမ်းဖက်မှုကို ကာကွယ်နိုင်မည့် ဥပဒေ ပေါ်ထွက်လာရန်နှင့် ယင်းဥပဒေနဲ့ အညီ အရေးယူမှု ရှိရန် စသည် တို့ကို ထည့်သွင်း ဆွေးနွေးသွားမည်ဟု ၎င်းက ဆိုသည်။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ရန်ကုန်မြို့၊ မန္တလေးမြို့၊ မိတ္ထီလာမြို့ အပါအ၀င် ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ချင်းပြည်နယ်၊ ဧရာဝတီတိုင်း ဒေသကြီးတို့တွင် INGO၊ NGO တို့နှင့် ပူးပေါင်း ပြုလုပ် သွားမည် ဖြစ်ကြောင်း ဒေါ်မာမာချိုက ဆက်ပြောသည်။

လတ်တလော၌ အမျိုးသမီးများပေါ်တွင် အကြမ်းဖက်မှုများ ဖြစ်ပွားနေသဖြင့် အမျိုးသမီးများ အတွက် အကြမ်းဖက်မှုကို ထိရောက်သော ဥပဒေများဖြင့် အရေးယူ ပေးရန် ဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ ဒေသအတွင်းရှိ အမျိုးသမီးများ ပူးပေါင်းပါဝင် လာစေရန်နှင့် နိုင်ငံတော် ဖွံ့ဖြိုးရေးတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍများကို တန်ဖိုးထားတတ်စေရန် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ဖန်မီးအိမ် အဖွဲ့မှ ဒေါ်ခင်လေးငယ်က ဧရာဝတီသို့ ပြောသည်။

“နိုင်ငံတကာမှာလဲ အမျိုးသမီးနေ့ ဆိုပြီးတော့ လုပ်နေတယ်လေ၊ မြန်မာပြည်က မသိကြသေးဘူး၊ အမျိုးသမီးတွေရဲ့ အခွင့် အရေးကို ဘယ်လို တောင်းဆိုရမယ်၊ ဘာတွေ ကာကွယ်နိုင်မှာလဲ ဆိုတာ လုပ်သွားကြမယ်”ဟု ရှမ်းပြည်နယ် အမျိုးသမီး ကာကွယ် စောင့်ရှေက်ရေး လုပ်ငန်းများကို လုပ်ဆောင်နေသည့် New Generation မှ ဒေါ်သန္တာဦးက ဧရာဝတီသို့ ပြော သည်။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့သည် ၁၉၀၈ ခုနစ် အမေရိကန် ပြည်ထောင်စုရှိ အထည်ချုပ် စက်ရုံမှ အမျိုးသမီးများသည် အလုပ်ချိန်၊ လစာ တိုးပေးရန်နှင့် မဲပေးပိုင်ခွင့် ရရန်အတွက် ဆန္ဒပြရာမှ ဖြစ်ပေါ်လာသည့် နေ့တနေ့ ဖြစ်ကြောင်း သိရ သည်။

၁၉၁၀ ပြည့်နစ်တွင် ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့တွင် အပြည်ပြည်ဆိုင်ရာ လုပ်ငန်းခွင်မှ အမျိုးသမီးညီလာခံ ကျင်းပခဲ့ကာ ဂျာမနီနိုင်ငံ Social Democratic Party မှ Mrs. Clara Zetkin ဦးဆောင်မှုဖြင့် မတ်လ ၈ ရက်ကှို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဟု သတ်မှတ် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာတွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ရောက်တိုင်း အမျိုးသမီးများ ရင်ဆိုင်ကြုံတွေ့ နေရသည့် အခက်အခဲ များနှင့် အမျိုးသမီး အခွင့်အရေး အပြည့်အဝ ရရှိရန်တို့ကို ပြန်လည် သုံးသပ်ပြီး ရှေ့လုပ်ငန်းစဉ် ရေးဆွဲကြကြောင်း သိရ သည်။

၂၀၀၀ ပြည့်နစ်မှ စတင်၍ နိုင်ငံပေါင်း ၂၈ နိုင်ငံသည် မတ် ၈ ရက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို အစိုးရ ရုံးပိတ် ရက် အဖြစ် သတ်မှတ်ကြသည်။

ဧရာဝတီ

ရန်ကုန်မြို့တွင် ကျင်းပသည့် မွန်ပြည်နယ်နေ့ အခမ်းအနားတခုသို့ တက်ရောက် လာသော မွန်အမျိုးသမီးများ
(ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)
ရန်ကုန်မြို့တွင် ကျင်းပသည့် မွန်ပြည်နယ်နေ့ အခမ်းအနားတခုသို့ တက်ရောက် လာသော မွန်အမျိုးသမီးများ (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)
လာမည့် မတ်လ ၈ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့ အထိမ်းအမှတ်အဖြစ် အနယ်နယ် အရပ်ရပ် တွင် အမျိုးသမီး အခွင့်အရေး အပြည့်အဝရရှိရန် ဆောင်ရွက်သွားမည်ဟု အမျိုးသမီး အဖွဲ့အစည်းများက ပြောသည်။

အမေရိကန် General Motor နှင့် မြန်မာ ကုမ္ပဏီ ပူးပေါင်း၍ ကျောင်းများကို ဘောလုံးများ လှူဒါန်းမည်


အမေရိကန် ပြည်ထောင်စုမှ နာမည်ကျော် မော်တော်ယာဉ် ကုမ္ပဏီ General Motor နှင့် မြန်မာနိုင်ငံမှ Pacific AA Motor တို့ ပူးပေါင်း၍ အမှတ် (၃) အခြေခံပညာ ဦးစီးဌာန လက်အောက်ရှိ အခြေခံပညာ ကျောင်းများကို ဘောလုံးများ လှူဒါန်းမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီများထံမှ သိရသည်။

မျက်နှာပေါ်က အမည်းစက်တွေ ကင်းချင်ရင်

Photo: မျက်နှာပေါ်က အမည်းစက်တွေ ကင်းချင်ရင်
Monday, February 24, 2014

မျက်နှာပေါ်မှာ အမည်းစက်တွေ ကင်းစေဖို့ ဂရုစိုက်သင့်တဲ့ အချက်လေး တွေ ရှိပါတယ်။

၁) မျက်နှာပေါ်က ဝက်ခြံနဲ့ အဖုတွေကို ညှစ်တာမျိုး လက်သည်းနဲ့ကု တ်ဖဲ့ လိုက် တာမျိုးကိုရှောင်ပါ။

၂) ဝက်ြခတွေကို ချွန်ထက်တဲ့ အရာတွေ နဲ့ ထိုးဖောင်တာမျိုးလိုအကျင့်တွေကြောင့် ရောဂါပိုးဝင်တတ်ပါတယ်။

၃) မျက်နှာပေါ်မှာ ဝက်ခြံအများကြီး ပေါက်နေချိန်နဲ့ အဖုတွေပေါက်နေချိန်မှာ မျက်နှာကြေးချွတ်သန့်စင်တာမျိုးလို အ တင်းပွတ်တိုက်မှုတွေ မလုပ်ပါနဲ့။

၎) မျက်နှာပေါ်က အဖုနဲ့ ဝက်ခြံတွေပေါ် ကို ပူတဲ့အဝတ်နဲ့အုပ်တာမျိုးကို ရှောင်ပါ။

၅) အဖုတွေပေါ်ကို ဝက်ခြံပျောက်ဆေး သာ လိမ်းပေးပြီး တခြားလောင်ကျွမ်းစေ တဲ့ ဆေးတွေကို အစက်ချလိမ်းပေးတာ မျိုးရှောင်ပါ။

၆) ဝက်ခြံနဲ့ အဖုတွေပေါ်ကို ရေအေး ဝတ် ဒါမှမဟုတ် ရေခဲနဲ့ တစ်နေ့ကို နှစ်မိ နစ်လောက် ကပ်ပေးတာက ရောင်ရမ်းမှု ကိုကျစေပြီး ဝက်ခြံသက်သာစေပါတယ်။

ကျော်လင်းနိုင် (ကျန်းမာရေးနှင့် အလှအပ သတင်းများ)
မျက်နှာပေါ်မှာ အမည်းစက်တွေ ကင်းစေဖို့ ဂရုစိုက်သင့်တဲ့ အချက်လေး တွေ ရှိပါတယ်။

ကချင်ဒေသ ဖမ်းဆီးသစ်များ တပ်မတော်က သစ်တောသို့ လွှဲမည်

Photo: ကချင်ဒေသ ဖမ်းဆီးသစ်များ တပ်မတော်က သစ်တောသို့ လွှဲမည်
Monday, February 24, 2014

ကချင်ပြည်နယ် မန်စီမြို့နယ်နှင့် ဒေါ့ဖုန်းယန် မြို့နယ်ခွဲတို့တွင် တပ်မတော် စစ်ကြောင်းက ဖမ်းဆီး ရမိထားသည့် သစ်လုံးနှင့် သစ်ခွဲသားများကို သစ်တောရေးရာ ဝန်ကြီးဌာနသို့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် လွှဲပြောင်းသွားမည် ဖြစ်ကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ထံမှ သိရသည်။

ဒေါ့ဖုန်းယန် မြို့နယ်ခွဲ အတွင်းရှိ ဂျာအိန်ယန် ဒေသတွင် သစ်မှောင်ခိုများ တစ်ဖက်နိုင်ငံသို့ သယ်ယူရန် ပြင်ဆင်ထားသော သစ်တန်ချိန် လေးထောင် ဝန်းကျင်ခန့်ကို တပ်မတော် စစ်ကြောင်းက ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ဖမ်းဆီး ရမိခဲ့ပြီး ယင်းမတိုင်မီ မန်စီမြို့နယ် အတွင်း တန်ချိန် လေးထောင်ထက် ပိုမိုများပြားသော သစ်များကို ဖမ်းဆီးမိကြောင်း စစ်ဆင်ရေးတွင် ပါဝင်သည့် တပ်ရင်းမှူးက ပြောကြားသည်။

ယင်းသစ်များနှင့် အတူ သစ်တင် ၁၀ ဘီးယာဉ် ၄၁ စီး၊ သစ်တင် ကရိန်းကား သုံးစီးနှင့် တစ်ဖက် နိုင်ငံသား ၁၀ ဦးကို ဖမ်းဆီး ရမိကြောင်း၊ ဖမ်းဆီးမိသူများကို ဥပဒေနှင့် အညီ အရေးယူရန် ဆောင်ရွက်နေကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ထံမှ သိရသည်။

“ခု ဒီသစ်တွေကို မနက်ဖြန် (ဖေဖော်ဝါရီလ ၂၄ ရက်) မှာ သစ်တောကို လွှဲပြောင်း သွားမှာပါ၊ အသေးစိတ် တွက်ချက် သိမ်းယူဖို့ကတော့ သစ်တောရဲ့တာဝန်ဖြစ်ပါတယ်” ဟု မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အဆိုပါ သစ်များကို သစ်မှောင်ခိုများထံမှ မြန်မာ့ တပ်မတော်က ဖမ်းဆီး သိမ်းယူစဉ် ကချင် လွတ်လပ်ရေး တပ်မတော် ကေအိုင်အေနှင့် ထိတွေ့မှု ဖြစ်ခဲ့ပြီး တပ်မတော်သား တစ်ဦး ဒဏ်ရာ ရရှိကာ ကေအိုင်အေ တပ်ဖွဲ့မှ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းခဲ့ကြောင်း အထက်ပါ တပ်ရင်းမှူးက ပြောဆိုသည်။

မြန်မာ့ တပ်မတော်နှင့် ကေအိုင်အေတို့ အကြား ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ် အတွင်း နှစ်ဖက် စစ်ရှိန် လျှော့ချရန် သဘောတူ ထားသော်လည်း ဖေဖော်ဝါရီလ အတွင်း တိုက်ပွဲအချို့ ပြန်လည် ဖြစ်ပွားလာပြီး ယင်းမှာ တရားမဝင် သယံဇာတ ခိုးယူမှုများကို လိုက်လံ ကာကွယ်စဉ် ထိတွေ့မှု ဖြစ်ကြောင်း တပ်မတော်က ပြောဆိုထားပြီး ကချင် လူမှုအဖွဲ့အစည်း အချို့ကမူ ရည်ရွယ်ချက် ရှိရှိဖြင့် ထိုးစစ်ဆင်လာကြောင်း ထုတ်ဖော် ပြောကြားသည်။

The Voice Weekly
ကချင်ပြည်နယ် မန်စီမြို့နယ်နှင့် ဒေါ့ဖုန်းယန် မြို့နယ်ခွဲတို့တွင် တပ်မတော် စစ်ကြောင်းက ဖမ်းဆီး ရမိထား သည့် သစ်လုံးနှင့် သစ်ခွဲသားများကို သစ်တောရေးရာ ဝန်ကြီးဌာနသို့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် လွှဲပြောင်းသွားမည် ဖြစ်ကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ထံမှ သိရသည်။

အဓမ္မပြုကျင့်ခံရမှု တစ်ရက်တည်း တိုင်တန်းမှု လေးခုရှိ

အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသဖြင့် တိုင်တန်းမှုများ ဖေဖော်ဝါရီ ၂၂ ရက်တွင် လေးမှု ရှိနေရာတွင် ကလေး ငယ်လေး များ အဓမ္မပြုကျင့်ခံရမှု သုံးမှုနှင့် သီလရှင်တစ်ပါး အဓမ္မပြုကျင့်ခံရမှုတို့ဖြစ် သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ မှုခင်းမှတ်တမ်း တွင် ဖော်ပြပါရှိသည်။

တက္ကစီကို ၀ိုင်းရိုက်မှုမှ ပြိုင်ကားနှစ်စီး မိဘများကိုယ်တိုင် ရဲစခန်းလာအပ်

ရန်ကုန်မြို့ ပြည်လမ်း၊ (၆)မိုင်အနီးတွင် ဖြစ်ပွားခဲ့သည့် တက္ကစီယာဉ်တစ်စီးကို ပြိုင်ကားငါးစီးက ၀ိုင်းဝန်း ပိတ်ဆို့ကာ ရိုက်နှက်ခဲ့မှုတွင် ပြိုင်ကားတစ်စီးကို ဖမ်းမိပြီးနောက် ကျူးလွန်ရာတွင်ပါဝင်သည့် အခြားပြိုင် ကားနှစ်စီးကို မောင်းနှင်သူများ၏မိဘများက ရဲစခန်းသို့ လာရောက်အပ်နှံခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ က ဖေဖော် ၀ါရီ ၂၃ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။

နီပေါနိုင်ငံ ဝန်ကြီးချုပ် မြန်မာနိုင်ငံ လာမည်

Photo: နီပေါနိုင်ငံ ဝန်ကြီးချုပ် မြန်မာနိုင်ငံ လာမည်
Monday, February 24, 2014

နီပေါနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ပြီးခဲ့သည့် ရက်သတ္တတစ်ပတ် အတွင်းကပင် ရွေးကောက် တင်မြှောက်ခံရသည့် ဝန်ကြီးချုပ် Sushil Koirala သည် ၎င်း၏ ပထမဦးဆုံး ပြည်ပ ခရီးအဖြစ် မြန်မာနိုင်ငံသို့ မတ်လ ၁ ရက်နေ့တွင် လာရောက်မည် ဖြစ်ကြောင်း နီပေါ အစိုးရက ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် သတင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် မတ်လ ၁ ရက်နေ့မှ ၄ ရက်နေ့အထိ ကျင်းပမည့် ဘင်္ဂလား ပင်လယ်အော် ဒေသတွင်း ဆိုင်ရာ ကဏ္ဍစုံ နည်းပညာနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု (BIMSTEC) တတိယ ထိပ်သီး ညီလာခံသို့ တက်ရောက်ရန် အတွက် ယင်းသို့ လာရောက်ခြင်း ဖြစ်ကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

နီပေါ ဝန်ကြီးချုပ်၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မြန်မာအစိုးရ အရာရှိများ၊ အစိုးရ အဖွဲ့အစည်းများနှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း ဝန်ကြီးချုပ်၏ အကြံပေး အရာရှိ Dinesh Bhattarai က ဆိုသည်။

ထို့အပြင် နီပေါ ဝန်ကြီးချုပ်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် လည်း တွေ့ဆုံမည် ဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီ ဖော်ဆောင်ရေး အတွက် ကြိုးပမ်း ဆောင်ရွက်မှုနှင့် ပတ်သက်၍ ဆွေးနွေးသွားမည် ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဘင်္ဂလား ပင်လယ်အော် ဒေသတွင်း နိုင်ငံများ ဖြစ်သည့် နီပေါ၊ အိန္ဒိယ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့ ပါဝင် ဖွဲ့စည်းထားသည့် BIMSTEC အဖွဲ့အစည်းကြီး၏ (၁၃) ကြိမ်မြောက် ဝန်ကြီးအဆင့် အစည်းအဝေးကြီးကို မြန်မာနိုင်ငံတွင် ပထမဦးဆုံး ကျင်းပမည် ဖြစ်ပြီး၊ နီပေါနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှ ဝန်ကြီးချုပ်များ တက်ရောက်မည် ဖြစ်ကြောင်း အဆိုပါ အစည်းအဝေး ထုတ်ပြန် ထားချက်အရ သိရှိရသည်။

နီပေါ နိုင်ငံသည် မြန်မာနိုင်ငံနှင့် ၁၉၆၀ ခုနှစ်က စ၍ သံတမန် ဆက်ဆံရေး တစ်ရပ် စတင်ခဲ့ပြီး၊ နီပေါ နိုင်ငံ၏ ဒုတိယ ဝန်ကြီးချုပ် Sujata Koirala သည် ချစ်ကြည်ရေး ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ၂၀၀၉ ခုနှစ် အတွင်းက ရောက်ရှိခဲ့သည်။

The Voice Weekly
နီပေါနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ပြီးခဲ့သည့် ရက်သတ္တတစ်ပတ် အတွင်းကပင် ရွေးကောက် တင်မြှောက်ခံ ရသည့် ဝန်ကြီးချုပ် Sushil Koirala သည် ၎င်း၏ ပထမဦးဆုံး ပြည်ပ ခရီးအဖြစ် မြန်မာနိုင်ငံသို့ မတ်လ ၁ ရက်နေ့တွင် လာရောက်မည် ဖြစ်ကြောင်း နီပေါ အစိုးရက ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် သတင်း ထုတ်ပြန်ထားသည်။

နယ်လိုင်စင် ကိုင်ဆောင်ထားသည့် ကား၂၀ ရာခိုင်နှုန်း ရန်ကုန်တွင် ရှိနေ

ရန်ကုန်တိုင်းအတွင်း တရားမ၀င် မောင်းနှင်နေသော ကားများကို စစ်ဆေးရာ နယ်လိုင်စင်ဖြင့် မောင်းနှင် နေသော ကားမှာ ၂၀ ရာခိုင်နှုန်းခန့်ရှိမည်ဟု ခန့်မှန်းထားကြောင်း အမှတ်-၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး မှ ဒုတိယရဲမှူးကြီး ဦးလင်းထွဋ်က ပြောသည်။

ဆီးရီးယားအား လူသားချင်းစာနာအကူအညီပေးရန် လုံခြူံရေးကောင်စီ တညီတညွတ်တည်းဆုံးဖြတ်

Photo: ဆီးရီးယားအား လူသားချင်းစာနာအကူအညီပေးရန် လုံခြူံရေးကောင်စီ တညီတညွတ်တည်းဆုံးဖြတ်
Monday, February 24, 2014

ဆီးရီးယားနိုင်ငံအား ပထမဆုံး အကြိမ်အဖြစ် လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီပေးရန် ဆုံးဖြတ် ချက်ကို ကုလသမဂ္ဂလုံခြုံရေး ကောင်စီက တညီတညွတ်တည်း သဘောတူလိုက်သည်။

ဆီးရီးယားအစိုးရနှင့် အတိုက် အခံတပ်များအနေဖြင့် နိုင်ငံတစ်ဝန်း အရပ်သားများဆီသို့ အကူအညီ ပေးရေးယာဉ်တန်းများ ရောက်ရှိ အောင် ခွင့်ပြုပေးရမည်ဖြစ်ကြောင်း အဆိုပါ ဆုံးဖြတ်ချက်တွင်ဖော်ပြသည်။

ယခင် အလားတူဆုံးဖြတ်ချက် များကို ဗီတိုအာဏာသုံးခဲ့သော ရုရှားနှင့် တရုတ်တို့ကလည်း သဘောတူညီပေးခဲ့သည်။ ရုရှားနိုင်ငံ သည် သမ္မတဘာရှာအယ်လ် အာဆတ်၏ အစိုးရကိုထောက်ခံ နေဆဲဖြစ်သည်။ သို့သော်လည်း ယင်းဆုံးဖြတ်ချက်သည် နိုင်ငံတစ်ဝန်း စည်ပိုင်းဗုံးများ အသုံးပြုတိုက်ခိုက် ခြင်းကို ရှုတ်ချလိုက်ပြီး နယ်စပ် တစ်လျှောက် အကူအညီပေးရေး ယာဉ်တန်းများကို ဝင်ခွင့်ပေးရန် တောင်းဆိုသည်။

ယင်းဆုံးဖြတ်ချက်ကို ကုလ သမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကလည်း ကြိုဆိုလိုက်သည်။ ယင်း ဆုံးဖြတ်ချက်ကို အမြန်ဆုံးအကောင် အထည်ဖော်သင့်ကြောင်း ၄င်းက ပြောကြားလိုက်သည်။ 

ဘီဘီစီ
ဆီးရီးယားနိုင်ငံအား ပထမဆုံး အကြိမ်အဖြစ် လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီပေးရန် ဆုံးဖြတ် ချက်ကို ကုလသမဂ္ဂလုံခြုံရေး ကောင်စီက တညီတညွတ်တည်း သဘောတူလိုက်သည်။

3 D အာရုံခံ ပါဝင်သည့် စမတ်ဖုန်းကို ဂူဂယ်လ်မှ ထုတ်ဖော်ပြသ

Photo: 3 D အာရုံခံ ပါဝင်သည့် စမတ်ဖုန်းကို ဂူဂယ်လ်မှ ထုတ်ဖော်ပြသ
Monday, February 24, 2014

ကိုယ်တိုင် ပြုပြင်နိုင်သည့် ပစ္စည်း ကိရိယာပိုင်းများနှင့် ဆော့ဖ်ဝဲတို့ ပါဝင်ပြီး အသုံးပြုသူ၏ ပတ်ဝန်းကျင်ကို 3 D ပုံရိပ်အဖြစ် ပုံဖော်နိုင်သော စမတ်ဖုန်း နမူနာ ပုံစံကို ဂူဂယ်လ်မှ ထုတ်ဖော်ပြသခဲ့သည်။ အာရုံခံ စံနစ်သည် 3 D အတိုင်းအတာ ၂၅၀၀၀၀ ကျော်ကို စက္ကန့်တိုင်းတွင် ဖမ်းယူပြီး လက်ရှိ အခြေအနေ အတိုင်း ဖြစ်ပေါ်အောင် ပြုလုပ်နိုင်သည်။

ဖြစ်နိုင်ဖွယ်ရာ အပလီကေးရှင်းများတွင် အိမ်တွင်း ပုံရိပ်ဖော် စံနစ်လည်း ပါဝင်နိုင်သည်ဟု ဂူဂယ်မှ ပြောဆိုခဲ့သည်။ အိမ်တွင်း ပုံရိပ်ဖော် စံနစ်မှာ အမြင်အာရုံ အားနည်းသူများ အတွက် ရင်းနှီး ကျွမ်းဝင်မှု မရှိသည့်
နေရာများကို ဖော်ပြ အထောက်အကူ ပြုပေးနိုင်သော စံနစ်ဖြစ်သည်။

3 D စံနစ် အတွက် အသုံးပြုနိုင်မည့် ဆော့ဖ်ဝဲများကို ထုတ်လုပ်ရန်
ဆော့ဖ်ဝဲ ရေးသားသူများကို နမူနာ အလုံး ၂၀၀ ပေးအပ်ခဲ့သည်။ အဆင့်မြင့်နည်းပညာနှင့် စီမံကိန်းအဖွဲ့မှ Tango ဟု ခေါ်ဆိုသည့် စီမံကိန်း၏ တစ်စိတ်တစ်ဒေသ အဖြစ် ၎င်းဖုန်းကို သုတေသန ပညာရှင် အများအပြားမှ အကူအညီများ ရယူ ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဂူဂယ်လ်မှ ပြောဆိုခဲ့သည်။

“ အဓိက ကတော့ ဒီလိုမျိုး ပစ္စည်း ကိရိယာတွေ အသုံးပြုနိုင်တဲ့ ဆော့ဖ်
ဝဲတွေကို ထုတ်လုပ်နိုင်ဖို့ပါ ” ဟု သုတေသန ဌာနမှ ဒုတိယ ဥက္ကဌ ဘရိုင်ယန်မ မှ ပြောဆိုခဲ့သည်။

ဂူဂယ်လ် အပါအဝင် အဖွဲ့အစည်း အများအပြားမှ နစ်ခ်ျ နည်းပညာကို ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းလျှက် ရှိကြသည်။ နစ်ခ်ျ နည်းပညာ ဆိုသည်မှာ အသုံးပြုသူမှ ဆုံးဖြတ်ချက် ချမှတ်ရာတွင် အထောက်အကူ ပြုမည့် သတင်း အချက်အလက်များကို ပံ့ပိုးပေးသော စံနစ် ဖြစ်သည်။ နစ်ခ်ျ နည်းပညာကို အသုံးပြုပြီး ဂူဂယ်လ်မှ ဂူဂယ်လ် မျက်မှန်များကို ထုတ်လုပ်ထားသည်။ ၎င်းမျက်မှန်များကို ယခုနှစ် နှောင်းပိုင်းကာလတွင် ရောင်းချသွားမည် ဖြစ်သည်။

အသုံးပြုသူများကို ပိုမို ဆွဲဆောင်နိုင်ရန် အတွက် ဂူဂယ်မှ ၎င်းနည်းပညာ
များကို နေ့စဉ် လူမှုဘဝများတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးချနိုင်အောင် နည်းလမ်းများ ရှာဖွေလျှက် ရှိသည်။

REF: BBC
The Myanma Age
ကိုယ်တိုင် ပြုပြင်နိုင်သည့် ပစ္စည်း ကိရိယာပိုင်းများနှင့် ဆော့ဖ်ဝဲတို့ ပါဝင်ပြီး အသုံးပြုသူ၏ ပတ်ဝန်းကျင်ကို 3 D ပုံရိပ်အဖြစ် ပုံဖော်နိုင်သော စမတ်ဖုန်း နမူနာ ပုံစံကို ဂူဂယ်လ်မှ ထုတ်ဖော်ပြသခဲ့သည်။ အာရုံခံ စံနစ်သည် 3 D အတိုင်းအတာ ၂၅၀၀၀၀ ကျော်ကို စက္ကန့်တိုင်းတွင် ဖမ်းယူပြီး လက်ရှိ အခြေအနေ အတိုင်း ဖြစ်ပေါ်အောင် ပြုလုပ်နိုင်သည်။

ထိုင်းကို မြန်မာ ဗီဇာကင်းလွတ်ခွင့် ပြုဖွယ်ရှိ

Photo: ထိုင်းကို မြန်မာ ဗီဇာကင်းလွတ်ခွင့် ပြုဖွယ်ရှိ
Monday, February 24, 2014

မြန်မာအစိုးရဟာ ထိုင်းနိုင်ငံသားတွေကို ဒီနှစ်အတွင်း ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့်ပေးလိမ့်မယ်လို့ မျှော်လင့်ရကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းက ဖေါ်ပြပါတယ်။ မြန်မာအနေနဲ့ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေကို ဗီဇာကင်းလွတ်ခွင့်ပြုထားပြီး ဖြစ်ပါတယ်။

မြန်မာအစိုးရ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းဝန်ကြီး ဦးဌေးအောင်က ဗီဇာကင်းလွတ်ခွင့်အတွက် နောက်လာမယ့်နိုင်ငံကတော့ ထိုင်းနိုင်ငံဖြစ်မယ်လို့ ထင်မြင်ကြောင်း၊ လက်ရှိမှာ ထိုင်းနိုင်ငံသားတွေကို ဗီဇာကင်းလွတ်ခွင့်ပြုဖို့ စိစစ်သုံးသပ်နေကြောင်း၊ ခွင့်ပြုမယ့်ရက် အတိအကျကိုတော့ မသိရသေးကြောင်း ပြောကြားခဲ့တယ်လို့ The Nation သတင်းက ဖေါ်ပြပါတယ်။

ပွင့်လင်းလာတဲ့ မြန်မာနိုင်ငံကို အများဆုံး လာရောက်လည်ပတ်သူတွေဟာ ထိုင်းနိုင်ငံသားတွေဖြစ်ပြီး၊ ထိုင်းရဲ့နောက်မှာ တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ ဖြစ်ကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံကို လာရောက်လည်ပတ်သူ ခရီးသည်အရေအတွက် နှစ်သန်းကျော်ရှိခဲ့ရာမှာ ၂၀၁၂ ခုနှစ်ကထက် ၉၃ ရာခိုင်နှုန်း မြင့်တက်သွားခဲ့တယ်လို့ သိရပါတယ်။ ခရီးသွားလုပ်ငန်းကရတဲ့ဝင်ငွေကလည်း ၂ဝ၁၂ ခုနှစ်က အမေရိကန်ဒေါ်လာ ၅၃၄ သန်းရရှိခဲ့ပြီး၊ ၂၀၁၃ ခုနှစ်မှာ ဒေါ်လာ ၉၂၆ သန်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီနှစ်မှာ ခရီးသည် သုံးသန်းလာရောက်ဖို့ မြန်မာက မျှော်လင့်ထားတယ်လို့ The Nation သတင်းမှာ ဖေါ်ပြပါတယ်။

RFA Burmese
မြန်မာအစိုးရဟာ ထိုင်းနိုင်ငံသားတွေကို ဒီနှစ်အတွင်း ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့်ပေးလိမ့်မယ်လို့ မျှော်လင့်ရကြောင်း ထိုင်းနိုင်ငံ ထုတ် The Nation သတင်းက ဖေါ်ပြပါတယ်။ မြန်မာအနေနဲ့ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေကို ဗီဇာကင်းလွတ်ခွင့်ပြုထားပြီး ဖြစ်ပါတယ်။

အမေရိကန် ရင်းနှီးမြှုပ်နှံမှုများမြန်မာပြည်သို့ စတင်ဝင်ရောက်

မြန်မာနိုင်ငံ တွင် Chevrolet ကားပြခန်း ဖွင့်လှစ်ခဲ့ပြီး နောက် ၂ဝ၁၄ ခုနှစ်အတွင်းမှာပင် အမေရိကန် စီးပွားရေးကုမ္ပဏီများ ၁ဝ ခုကျော် ထပ် မံဝင်ရောက် ရင်းနှီးမြှုပ်နှံလာဖွယ်ရှိကြောင်း သိရသည်။

ကိုရီးယား အမျိုးသမီး တေးဂီတအဖွဲ့များ၏ အလွန်အကျွံ လိင်အသားပေး ဖျော်ဖြေမှုများကို ကန့်သတ်ရန်စီစဉ်

Photo: ကိုရီးယား အမျိုးသမီး တေးဂီတအဖွဲ့များ၏ အလွန်အကျွံ လိင်အသားပေး ဖျော်ဖြေမှုများကို ကန့်သတ်ရန်စီစဉ်
Monday, February 24, 2014

K pop ယဉ်ကျေးမှုနဲ့ အာရှကို လွှမ်းမိုးထားနိုင်တဲ့ တောင်ကိုရီးယားနိုင်ငံမှာ အမျိုးသမီး တေးဂီတအဖွဲ့တွေရဲ့ အလွန်အကျွံ လိင်ဆွဲဆောင်မှု အသားပေး ဖျော်ဖြေမှုတွေကို ကန့်သတ်နိုင်ဖို့ စီစဉ်နေတယ်လို့ soompi.com မှာ ဖော်ပြထားပါတယ်။

ယခုနှစ် ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလအတွင်း ထွက်ရှိခဲ့တဲ့ အမျိုးသမီး K pop အဖွဲ့တွေရဲ့ တေးဂီတ ဗီဒီယိုတွေဟာ အလွန်အကျွံ လိင်ဆွဲဆောင်မှုတွေ ပါဝင်နေတယ်လို့ ဝေဖန်မှုတွေ ထွက်ပေါ်လာပြီးတဲ့ နောက်မှာ ကိုရီးယား ဆက်သွယ်ရေး စံချိန်စံညွှန်း ကော်မရှင်က SBS ရုပ်သံလိုင်း ရဲ့ Inkigayo ဂီတအစီအစဉ်နဲ့ KBS ရုပ်သံလိုင်းရဲ့ Music Bank ဂီတအစီအစဉ်က တာဝန်ရှိသူတွေကို အစည်းအဝေး ခေါ်ယူပြီး ဆွေးနွေးခဲ့ပါတယ်။

အဲဒီအစည်းအဝေးမှာ ကိုရီးယား ဆက်သွယ်ရေး စံချိန်စံညွှန်း ကော်မရှင်က ရုပ်သံ အစီအစဉ်တွေမှာ ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်လို့ ဘယ်အတိုင်းအတာထိသာ ခွင့်ပြုမယ်ဆိုတဲ့ သူတို့ရဲ့ သတ်မှတ်ချက်ကို ထုတ်ဖော် ပြောကြားခဲ့ပြီး ဂီတ အစီအစဉ်တွေမှာ အလွန်အကျွံ လိင်ဆွဲဆောင်မှု အသားပေး ဖျော်ဖြေမှုတွေကို ဘယ်လို ကိုင်တွယ်သွားမယ် ဆိုတာနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် ကိုရီးယား ဆက်သွယ်ရေး စံချိန်စံညွှန်း ကော်မရှင်က အမျိုးသမီး K pop အဖွဲ့တွေရဲ့ ဖျော်ဖြေ တင်ဆက်ပုံတွေဟာ အလွန်အကျွံ အဆင့်ကို ရောက်ရှိနေပြီး တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ပြဋ္ဌာန်းဖို့ လိုနေပြီလို့လည်း ပြောကြားခဲ့ပါတယ်။

ပရိသတ်အချို့ကတော့ အလွန်အကျွံ လိင်အသားပေး ဖျော်ဖြေမှုတွေက ဈေးကွက်ထဲမှာ အများအပြား ရှိနေပြီ ဖြစ်တဲ့အတွက် တာဝန်ရှိသူတွေရဲ့ ယခု လုပ်ရပ်ဟာနောက် တောင်ကျနေပြီလို့ ပြောကြားခဲ့ပါတယ်။

Myawady News
K pop ယဉ်ကျေးမှုနဲ့ အာရှကို လွှမ်းမိုးထားနိုင်တဲ့ တောင်ကိုရီးယားနိုင်ငံမှာ အမျိုးသမီး တေးဂီတအဖွဲ့တွေ ရဲ့ အလွန်အကျွံ လိင်ဆွဲဆောင်မှု အသားပေး ဖျော်ဖြေမှုတွေကို ကန့်သတ်နိုင်ဖို့ စီစဉ်နေတယ်လို့ soompi.com မှာ ဖော်ပြထားပါတယ်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးတွင် လူကုန်ကူခံရသူများ အပေါ်ခေါင်းပုံဖြတ်မှု ထပ်မံပြုလုပ်နေကြောင်း ကိုယ်တွေ့ကြုံတွေ့ခဲ့ သူများကပြောဆို

မြန်မာနိုင်ငံ၏လူဦးရေအများဆုံး နေထိုင်ပြီးနိုင်ငံတကာ အဆင့်မီ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီး တွင် ကျေးလက်ဒေသများမှ လူကုန်ကူးခံရသော ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်မည့်တောင် သူနှင့် အခြေခံလူတန်းစားများ ကို လေဆိပ်နားနေဆောင်တွင် စစ်ဆေးခြင်း မခံရစေဟု ပြောဆိုပြီး လူတစ်ဦးလျှင် ငွေကျပ်၃ထောင်နှုန်းဖြင့် လိမ်လည် တောင်းခံမှုများရှိနေကြောင်း ထိုင်းနိုင်ငံသို့ တစ်ရွာ တည်းမှ လူ၃၃ဦး လူကုန်ကူးခံခဲ့ရသူများတွင် တစ်ဦးဖြစ်သူကိုသံချောင်း(ခ)ကိုအောင်အောင်က ကိုယ် တိုင်ကြုံတွေ့ ခဲ့ ရပုံကို မြ၀တီသတင်းစာသို့ ပြောကြားသည်။

အီတလီ ဝန်ကြီးချုပ်သစ် အစိုးရ အဖွဲ့သစ် ဖွဲ့စည်း

Photo: အီတလီ ဝန်ကြီးချုပ်သစ် အစိုးရ အဖွဲ့သစ် ဖွဲ့စည်း
Monday, February 24, 2014

အီတလီ နိုင်ငံ၏ အသက် အငယ်ဆုံး ဝန်ကြီးချုပ် ဖြစ်လာခဲ့သူ မက်တီ ယိုရန်ဇီသည် ဖေဖော်ဝါရီ ၂၁ ရက်က အစိုးရ အဖွဲ့သစ်ကို ဖွဲ့စည်းခဲ့ပြီ ဖြစ်ကြောင်း၊ ၎င်းအစိုးရ အဖွဲ့သစ်သည် ၂ဝ၁၈ ခုနှစ်အထိ တိုင်းပြည် တာဝန်များကို ထမ်းဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

အစိုးရ အဖွဲ့သစ်သည် နိုင်ငံအတွင်း နှစ်ပေါင်း များစွာကြာ အကောင်အထည် ဖော်နိုင်ခြင်း မရှိသော ပြုပြင် ပြောင်းလဲမှု များကို ပြုလုပ်နိုင်ရန် အခွင့်အရေး တစ်ခုကို ရရှိခဲ့ကြောင်း အသက် ၃၉ နှစ်အရွယ် ရှိပြီဖြစ်သည့် ဝန်ကြီးချုပ် မက်တီ ယိုရန်ဇီက ပြောကြားခဲ့သည်။

အီတလီ သမ္မတ ဂျော်ဂျီယို နာပိုလီ တာနိုက မကြာမီ ကာလအတွင်း စီးပွားရေးတွင် ချွတ်ခြုံ ကျနေသော အီတလီ နိုင်ငံနှင့် ဥရောပ နိုင်ငံများ၏ စီးပွားရေး ပြန်လည်နာလန် ထူလာစေရန် အတွက် ဝန်ကြီးချုပ် ရန်ဇီ အနေဖြင့် ဆောင်ရွက်ရန် သဘော တူညီပြီး ဖြစ်ကြောင်း၊ အစိုးရ အဖွဲ့သစ်သည် နိုင်ငံ၏ လိုအပ်ချက် များကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက် သွားမည်ဟု ယုံကြည်ကြောင်း ၎င်းက သတင်းထောက် များကို ပြောကြား ခဲ့သည်ဟု သိရသည်။

ရန်ဇီ ဦးဆောင်သော အစိုးရ အဖွဲ့သစ်သည် ဖေဖော်ဝါရီ ၂၂ ရက်တွင် စတင်တာဝန် ထမ်းဆောင်သွားမည် ဖြစ်သည်။

မြ၀တီ
အီတလီ နိုင်ငံ၏ အသက် အငယ်ဆုံး ဝန်ကြီးချုပ် ဖြစ်လာခဲ့သူ မက်တီ ယိုရန်ဇီသည် ဖေဖော်ဝါရီ ၂၁ ရက်က အစိုးရ အဖွဲ့သစ်ကို ဖွဲ့စည်းခဲ့ပြီ ဖြစ်ကြောင်း၊ ၎င်းအစိုးရ အဖွဲ့သစ်သည် ၂ဝ၁၈ ခုနှစ်အထိ တိုင်းပြည် တာဝန်များကို ထမ်းဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

တံဆိပ်ခေါင်းခွန်ဥပဒေပါ အိမ်၊ ခြံ၊ မြေရောင်းဝယ်ခြင်းအတွက် ခုနစ်ရာခိုင်နှုန်း ပေးဆောင်ရမည့် အချက်မှာ အခွန်တိမ်းရှောင်မှုများ ပိုမိုဖြစ်ပေါ် လာစေနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဝေဖန်

အစိုးရက ပြင်ဆင်နေသည့် တံဆိပ်ခေါင်းခွန် ဥပဒေ၌ ပါဝင်သည့် အိမ်၊ ခြံ၊ မြေ ရောင်းဝယ်ခြင်းအတွက် တံဆိပ်ခေါင်းခွန် ခုနစ်ရာခိုင်နှုန်း ပေးဆောင်ရမည့် အချက်မှာ အခွန်တိမ်းရှောင်မှုများ ပိုမိုဖြစ်ပေါ် လာစေနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အချို့က ဝေဖန်ပြောကြားသည်။

အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ၄၀၀ကျော် ဆန္ဒပြ

Photo: အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ၄၀၀ကျော် ဆန္ဒပြ
Monday, February 24, 2014

ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ဆိုင်ရာ အခန်းရှိ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရန် လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ၊ ဒီမိုကရေစီ အင်အားစု အဖွဲ့၊ Generation Wave အဖွဲ့များက ဦးဆောင်ကာ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ၄၀၀ ခန့်က ဖေဖော်ဝါရီလ ၂၃ ရက်နေ့က တာမွေ မြို့နယ်တွင် ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း ယင်းဆန္ဒပြမှု ဦးဆောင်သူများက ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး၊ ပုဒ်မ ၅၉ (ဃ) နှင့် (စ) တို့ ဖျက်သိမ်းပေးရေး၊ ဒီမိုကရေစီ စံနှုန်းနှင့် မကိုက်ညီသော ပုဒ်မများ ပြင်ဆင်ပေးရေး အပါအဝင် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးကို ကိုယ်စားပြုသည့် အခြေခံ ဥပဒေ ပေါ်ပေါက်ရေးတို့ အတွက် ဆန္ဒ ထုတ်ဖော်ခြင်း ဖြစ်ကြောင်း အဆိုပါ ဆန္ဒ ထုတ်ဖော်သူများက ဆိုသည်။

အဆိုပါ ဆန္ဒ ထုတ်ဖော်မှုတွင် ၈၈ မျိုးဆက်၊ ပြည်သူ့ဘဝ မြှင့်တင်ရေး ကွန်ရက်၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ၊ ဒီမိုကရေစီ အင်အားစု အဖွဲ့၊ Generation Wave အဖွဲ့များနှင့် တာမွေ၊ သင်္ဃန်းကျွန်း၊ သာကေတ၊ မရမ်းကုန်း စသည့် ရန်ကုန်မြို့ရှိ မြို့နယ်များမှ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများက လမ်းလျှောက် ဆန္ဒ ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

“ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဆိုတာက နိုင်ငံတော်ရဲ့ အသက်သွေးကြော ဖြစ်သလို ကျွန်တော်တို့ရဲ့ ကံကြမ္မာပါ။ ဒီကျွန်တော်တို့ရဲ့ကံကြမ္မာကို ရေးဆွဲတဲ့ နေရာမှာ ကျွန်တော်တို့ ပြည်သူတွေရဲ့ သဘောဆန္ဒ မပါဘဲ ရေးဆွဲထားတာပါ” ဟု ဆန္ဒ ထုတ်ဖော်မှု ခေါင်းဆောင် တစ်ဦးဖြစ်သူ Generation Wave အဖွဲ့မှ ဦးမိုဃ်းသွေးက ပြောကြားသည်။

ဖြတ်သန်းလာသည့် ဒီမိုကရေစီအရေး ကြိုးပမ်းမှု ကာလများတွင် ပြည်သူ လူထု၏ ခေါင်းဆောင်ကို ရွေးချယ်ထားပြီး ဖြစ်ကြောင်း၊ လာမည့် ၂၀၁၅ ရွေးကောက်ပွဲ အပြီးတွင် နိုင်ငံတော်၏ ခေါင်းဆောင်ကို ပြည်သူ့ဆန္ဒနှင့် အညီ ရွေးချယ် တင်မြှောက်မည် ဖြစ်ကြောင်း၊ ယင်းသို့ ရွေးချယ် တင်မြှောက်ရာတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေက အဟန့်အတား ဖြစ်နေပါက ပြည်သူလူထု အနေနှင့် လမ်းပေါ်ထွက်ကာ ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော် လာနိုင်ကြောင်း ဦးပြုံးချိုက ပြောကြားသည်။

“လွန်ခဲ့တဲ့ နှစ်အစိတ်ကျော်ကလည်း ကျွန်တော်တို့ဟာ လိုအပ်လာပြီ ဆိုရင် ဟောဒီ လမ်းမတွေပေါ်ကို ထွက်ခဲ့ကြတယ် ဆိုတာ အာဏာရှင်စိတ် မကုန်သေးတဲ့ သူတွေ သိထားဖို့ လိုတယ်ဆိုတာ ပြောချင်တယ်” ဟု ၎င်းက ဆိုသည်။

ယင်းအပြင် တိုင်းပြည် ပြုပြင် ပြောင်းလဲရေး ဆိုသည်မှာ နိုင်ငံသား အားလုံးကို သက်ရောက်ရမည် ဖြစ်ပြီး အဆိုပါ ပြုပြင် ပြောင်းလဲရေး အတွက် ပြည်သူကို ကိုယ်စားပြုသည့် လက်ရှိ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ အနေနှင့်လည်း ဖွဲ့စည်းပုံ ပြင်ဆင်ရေးတွင် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံရေး ကိစ္စနှင့် ပတ်သက်၍ ပြည်သူလူထု၏ လိုလားချက်ကို မလိုက်လျောပါက လာမည့် ရွေးကောက်ပွဲတွင် မဲရနိုင်မည် မဟုတ်ကြောင်း ဦးပြုံးချိုက ထည့်သွင်း ပြောကြားခဲ့သည်။

ယင်းအပြင် အဆိုပါ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် လိုအပ်သည့် ဆန္ဒ ထုတ်ဖော်မှုများကို ရန်ကုန် မြို့တော်ရှိ မြို့နယ်များနှင့် အခြား တိုင်းဒေသကြီးများတွင် ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

The Voice Weekly
ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ဆိုင်ရာ အခန်းရှိ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရန် လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ၊ ဒီမိုကရေစီ အင်အားစု အဖွဲ့၊ Generation Wave အဖွဲ့များက ဦးဆောင်ကာ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ၄၀၀ ခန့်က ဖေဖော်ဝါရီလ ၂၃ ရက်နေ့က တာမွေ မြို့နယ်တွင် ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း ယင်းဆန္ဒပြမှု ဦးဆောင်သူများက ပြောကြားသည်။

ရပ်ကွက်များတွင် အခွန် လိုက်လံ ကောက်ခံမည့်စနစ် စတင်ရန် စီစဉ်

နိုင်ငံ၏ ရသင့် ရထိုက်သည့် အခွန်များ ဆုံးရှုံးမှု မရှိစေရန် လာမည့် ဘဏ္ဍာနှစ်မှ စတင်၍ ရပ်ကွက်များ၊ ဈေးများသို့ အဖွဲ့များ ဖွဲ့၍ အခွန် လိုက်လံ ကောက်ခံရန် စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း အခွန်စိစစ် ကြပ်မတ်ရေး ဘုတ်အဖွဲ့ထံမှ သိရသည်။