Wednesday 25 December 2013

မန္တလေးမြို့ရှိ မောင်ကိန်းရွှေဆိုင်တွင် သေနတ်ပစ်ဖောက်ကာ ဓားပြတိုက်မှုဖြစ်ပွားခဲ့ပြီး အနုကြမ်းစီးသူကို ဖမ်းဆီးရမိ

F.25.12
သေနတ်ပစ်ဖောက်ကာ ဓားပြတိုက်မှုဖြစ်ပွားခဲ့သည့် မန္တလေးမြို့မှ မောင်ကိန်းရွှေဆိုင်
မန္တလေးမြို့လမ်း ၈၀ နှင့် ၂၉ လမ်း ထောင့်ရှိ မောင်ကိန်းရွှေဆိုင်တွင် ဒီဇင်ဘာ ၂၄ ရက် ညနေ ၆ နာရီ ခန့်က သေနတ်ပစ်ဖောက်ကာ အနုကြမ်းစီး ဓားပြတိုက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါဖြစ်စဉ်ကျူးလွန်သူကို ဆိုင်ပြင်ပြန်အထွက်တွင် ဆိုင်ဝန်ထမ်းမှ ၀င်ရောက်လုံးထွေးသတ်ပုတ်ခဲ့ပြီး ဖမ်းဆီးရမိခဲ့ကြောင်း၊ ယင်းကျူးလွန်သူမှာ ဆိုင်အပြင်အရောက်တွင် သေနတ်ထပ်မံပစ်ဖောက်ခဲ့ခြင်းကြောင့် လမ်းတွင် သွားလာနေသူတစ်ဦး ခြေသလုံးတွင် ထိခိုက်မိခဲ့သော်လည်း စိုးရိမ်စရာမရှိကြောင်း သိရသည်။
ကျူးလွန်သူကို ဆိုင်ပြင်ပြန်အထွက်တွင် ဆိုင်ဝန်ထမ်းမှ ၀င်ရောက်လုံးထွေးသတ်ပုတ်ခဲ့ပြီး ဖမ်းဆီးရ မိခဲ့ကြောင်း၊ ယင်းကျူးလွန်သူမှာ ဆိုင်အပြင် အရောက်တွင် သေနတ်ထပ်မံပစ်ဖောက်ခဲ့ခြင်းကြောင့် . . .

ဦးဝီရသူ သံတွဲမြို့သို့ တရားဟောကြွမည် လူမျိုးစုနှစ်ခု ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်ရေးအတွက်ဟု ဆို

အောက်တိုဘာလတွင်းက လူမျိုးစုနှစ်ခု ပဋိပက္ခဖြစ်ပွားခဲ့သော သံတွဲမြို့သို့ မန္တလေးမြို့ မစိုးရိမ်ကျောင်း တိုက်ဆရာတော် ဦးဝီရသူက ငြိမ်းချမ်းရေးတရားဟောကြားရန် ကြွရောက်မည်ဟု ဦးဝီရသူက ဒီဇင်ဘာ ၂၅ ရက်တွင် မဇ္ဈိမကို မိန့်ကြားလိုက်သည်။
၁၅ ရက်ကြာမည့် မတ်လခရီးစဉ်တွင် သံတွဲမြို့သို့ အဓိက ကြွရောက်မည်ဖြစ်ပြီး အခြားမြို့ များသို့ ကြွရောက် ရန်လည်း ဦးဝီရသူအနေနှင့် ရည်ရွယ်ထားသည်။