Friday 5 October 2012

စည်းလုံးကြရန် KNU ကို ကရင်လူထုနှင့်ပါတီများ တိုက်တွန်း

အများအကျိုးအတွက် အေကန်ယူအဖွဲ့အတွင်း စည်းလုံးညီညွတ်မှုရှိကြဖို့ပြည်တွင်းပြည် က ကရင်လူထုနဲ့ က ရင်နိုင် ငံရေး ပါတီတွေက တိုက်တွန်း...လိုက်ပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး၊ ဗဟိုအလုပ် အမှုေ ဆာင်ကော်မတီဝင် ပဒိုဒေးဗစ်ထောနဲ့ လူမှုဝန်ထမ်းနဲ့ ကယ်ဆယ်ရေးဌာနတာဝန်ခံ ပညာရေးဌာနမှူး ဗိုလ်မှူး
ရောဂျာခင်တို့ကို ကေအန်ယူဗဟိုက တာဝန်ကနေ ဖယ်ရှားလိုက်တာနဲ့ ပတ်သက်ပြီး ကေအန်ယူအဖွဲ့တွင်း ကွဲသွားနိုင်တယ်ဆိုတဲ့ သုံးသပ်ဝေဖန် မှုတွေထွက်နေချိန်မှာ ပြည်တွင်းပြည်ပက ကရင်အသိုင်းအ၀ိုင်းက အခုလို သတိပေးတိုက်တွန်းမှုတွေ ပြုလုပ်လိုက်တာပါ။

“ကမ္ဘောဇဘဏ်မှ ကျပ်သိန်းတစ်ထောင် ထုတ်လာသူ လုယက်တိုက်ခိုက်ခံရ”


ယနေ့(အောက်တိုဘာ ၅ ရက်) မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်အနီးရှိ ကမ္ဘောဇဘဏ်ခွဲ တစ်ခုမှ ငွေထုတ်ပြီးပြန်လာသော အအေးခန်းစက်ရုံပိုင်ရှင် တစ်ဦးအား လုယက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာသင်္ဘောသားများပါဝင်သည့်သင်္ဘောမီးလောင်

 
 
အိုဆာကာ၊ အောက်တိုဘာ-၅

မြန်မာလူမျိုးသင်္ဘောသားနှစ်ဦးပါဝင်သည့် ကုန်တင်သင်္ဘောတစ်စီး ယနေ့နံနက်ပိုင်းက မီးသင့်လောင် ကျွမ်းခဲ့သည်။

ပြည်ပလေကြောင်းလိုင်းများ မှ မြန်မာနိုင်ငံ က လူငယ်များအား အလုပ်ခေါ်ယူမည်



ယခုလက်ရှိတွင် မြန်မာနိုင်ငံသို့ ပြည်ပလေကြောင်းလိုင်းများတစ်စတစ်စ နှင့် ၀င်ရောက်လာပြီ ဖြစ်ပြီး ထိုကဲ့သို့ ၀င်ရောက်လာခြင်းဟာလည်း မြန်မာနိုင်ငံမှ လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်း တိုးပွားလာနိုင်ပြီး ၊ ယခုတွင် ကာတာနိုင်ငံ၏လေကြောင်းလိုင်းတစ်ခုဖြစ်သည့် ကာတာလေကြောင်းလိုင်းမှ
မြန်မာနိုင်ငံမှ လူငယ်များအား အလုပ်ခေါ်ယူသွားမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့ ရန် ကုန်မြို့၊ ဆိပ်ကမ်းသာလမ်းရှိThe Strand Hotel တွင်ပြုလုပ်သော စာနယ်ဇင်း ရှင်းလင်းပွဲတွင် Qatar Airway မှ တာဝန်ရှိသူတစ်ဦးမှပြောကြားသည်။

ကမ္ဘောဇဘဏ် ကောလာဟလ ဗဟိုဘဏ်ရှင်းမည်

 
 
ကမ္ဘောဇဘဏ်နှင့် ပတ်သက်၍ ထွက်ပေါ်နေသော ကောလာဟလများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က MRTV-4 နှင့် Sky Net တို့မှတစ်ဆင့် ယနေ့ညနေ ၆ နာရီမတိုင်မီ ထုတ်ပြန်ရန် စီစဉ်နေပြီဖြစ်ကြောင်း ဘဏ်ပြန်ကြားရေးတာဝန်ခံ ကိုသီဟအောင်ကပြောသည်။

ထို့အပြင် ယင်းကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်ဗဟိုဘဏ်တွင် အောက်တိုဘာ ၆ ရက် (စနေနေ့)၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဟုလည်း သိရသည်။

ဂျပန်တက္ကသိုလ် ၅ ခု၏ ကွန်ပျူတာဆာဗာများ ထိုးဖောက်တိုက်ခိုက်ခံရ




ဂျပန်နိုင်ငံရှိ အထင်ကရတက္ကသိုလ်ကြီး ၅ ခု၏ ကွန်ပျူတာစနစ်များကို နိုင်ငံတကာဟက်ကာအုပ်စုက ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး ကျောင်းသူ ကျောင်းသားများ၊ ဆရာ ဆရာများ၏ ကိုယ်ရေးအချက်အလက် များကို ခိုးယူသွားကြောင်း The Asahi Shimbun သတင်းက ပြောကြားသည်။

ကမ္ဘောဇဘဏ် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း မြန်မာအသင်း၏ ဆူဇူကီးဖလားခြေစစ်ပွဲ အဖွင့်ပွဲစဉ်သို့ တက်ရောက်ကြည့်ရှုမည်


 


မြန်မာဘောလုံးအဖွဲ့ချုပ်၏နာယက၊ ကမ္ဘောဇဘဏ် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းသည် ယနေ့(အောက်တိုဘလ ၅ ရက်နေ့)ညနေ ၆ နာရီတွင် ယှဉ်ပြိုင်မည့် မြန်မာအသင်းနှင့် ဘရူနိုင်းအသင်းတို့၏ ဆူဇူကီးဖလားခြေစစ် ပွဲ၊ ပွဲစဉ်သို့တက်ရောက်ကြည့်ရှုမည်ဖြစ်ကြောင်း ဦးအောင်ကိုဝင်းမှ ပြောကြားခဲ့သည်။

“နှစ်ဖက်ကစားသမားတွေကို နှုတ်ဆက်အားပေးဖို့ ကျွန်တော်သွားမှာပါ။”ဟု ကမ္ဘောဇဘဏ် ဥက္ကဋ္ဌ ဦးအောင် ကိုဝင်းက ပြောကြားခဲ့သည်။

ပုဂ္ဂလိကဘဏ်များနှင့် ပတ်သက်၍ ထွက်ပေါ်နေသည့် သတင်းများမှာ ကောလာဟလသာဖြစ်ကြောင်း ဗဟိုဘဏ်ထုတ်ပြန်


ယခုရက်ပိုင်းများအတွင်း ပုဂ္ဂလိက ဘဏ်လောကနှင့် ပတ်သက်၍ ထွက်ပေါ်နေသည့် သတင်းများ မှာ ကောလာဟလများသာ ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ရန်ကုန်ဘဏ်ခွဲတာဝန်ခံ ဒုတိယ ညွှန်ကြားရေးမှူး ချုပ် ဦးဝင်းသော်မှ ပြောကြားခဲ့သည်။

ချန်ဂီ၊ သုဝဏ္ဏဘူမိလေဆိပ်များမှ အစိုးရသင်ခန်းစာယူသင့်

An airplane takes off from Bangkok's Suvarnabhumi International Airport October 20, 2011. REUTERS/Chaiwat Subprasom
အမေရိကန်နိုင်ငံရဲ့မဆုံးနိုင်သေးတဲ့ ရွေးကောက်ပွဲ မဲဆွယ်ပွဲဟာတစ်မူထူးတဲ့ဘေးပန်းရလဒ်တွေ ကို ဖြစ်ပေါ်   စေခဲ့တဲ့  အထဲမှာ ဒီနှစ်မှာ တော့ စာရေး ဆရာမ အိန်းရန်းဒ်အပေါ်မှာ အာရုံ စူးစိုက် မှုဖြစ်ေ ပ်ါခြင်း ပါပဲ။

ရီပတ်ဘလီ ကန်ပါတီ ဒုတိယသမ္မတ လောင်း ပေါလ်ရိုင်ယန်က စတင် ခဲ့တာ ဖြစ်ပါတယ်။ ရိုင်ယန်က ရန်းဒ်ရဲ့ ကိုယ်ပိုင်ဟန်နဲ့ အကျင့်သီလ စောင့်စည်း မှုမရှိတဲ့ ဒဿနိကကို အထူးတလည် ချီးမွမ်းခဲ့တာဖြစ် တယ်။

မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့တွင် သံဃာ အပါး၂၀၀ခန့်ဆန္ဒပြ

 

 

ရန်ကုန်ရောက် ရခိုင်ရဟန်းတော်များ သာရေးနာရေးအသင်းမှ သံဃာတော်များ ဦးဆောင်သည့် သံဃာတော် အပါး ၁၀၀ ကျော်မှ ယနေ့ (အောက်တိုဘာလ ၅ ရက်နေ့) မွန်းလွဲ ၁ နာရီ အချိန်ခန့်က အင်းလျားလမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့တွင် ဆန္ဒထုတ်ဖော် တောင်းဆိုမှု    များ  ကို မိနစ် ၂၀ခန့်    ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကမ္ဘောဇဘဏ်တွင် ငွေအပ်နှံထားသူများမှ ဘဏ်၏ ငွေကြေးကဏ္ဍအပေါ် ယုံကြည်မှု မရှိသဖြင့် အပ်နှံငွေများ လာရောက်ထုတ်ယူနေဟု ကောလာဟလများ ပေါ်ထွက်

KBZ Bank Taunggyi

ကမ္ဘောဇဘဏ်တွင် ငွေအပ်နှံထားသူများမှ ဘဏ်၏ ငွေကြေးအခြေအနေအပေါ် ယုံကြည်မှုမရှိသဖြင့် အပ်နှံငွေများ လာရောက်ထုတ်ယူနေသည်ဟု ထွက်ပေါ်ခဲ့သော သတင်းများမှာ ကောလာဟလ သတင်း များ သာဖြစ်ကြောင်း ကမ္ဘောဇဘဏ်မှ အထွေထွေမန်နေဂျာ ဦးရဲထွန်းဦးက ပြောသည်။

NLD ပါတီက သတင်းဂျာနယ်(၂)စောင်အား တရားစွဲသည့်ကိစ္စ ဂျာနယ်ကပင် မသိဖြစ်နေ

 

 NLDပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက     အပတ်စဉ် သတင်းဂျာနယ် နှစ်စောင်ဖြစ်သော the  Messengerဂျာနယ်နှင့်   ပြည်မြန်မာ    ဂျာနယ် တို့အား မန္တလေးတိုင်းဒေသကြီးတရားရုံး၌ တရားစွဲဆိုထားကြောင်း သတင်းများထွက်ပေါ် လျှက်ရှိသည်။
 
တရားရုံးမှ အမိန့်မချမှတ်ရသေးသောအမှုတွင် ဦးဥာဏ်ဝင်းအား အပြစ်ရှိသည်ဟု ဖော်ပြထားသောကြောင့် တရားစွဲဆိုခြင်း   ဖြစ်ကြောင်း  ကိုလည်း သိရှိရသည်။
 

ရမ်းဗြဲကျွန်း လက်ယပ် ရေနံတွင်းများ အထွက်လျော့ကျ

ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်းတွင် တည်ရှိသော လက်ယပ် ရေနံတွင်းများ၏ ရေနံ အထွက်နုန်းမှာ ယခင်ကနှင့် စာလျှင် အများကြီး လျော့ကျသွားကြောင်း သတင်း ရရှိသည်။
ရေနံတောင်ဒေသမှ လက်ယပ် ရေနံတွင်းများကို တွေ့ရစဉ်( ဓါတ်ပုံ – နိရဉ္စရာ)

“ အရင်ကတော့ တစ်နေ့ကို ဆီပီပါ တစ်လုံးရသူ နှစ်လုံး ရသူတွေ ရှိတယ်။ ဒါကြောင့် အနယ်နယ် အရပ်ရပ် က လူတွေ လာတူးကြတယ်။ အခုတော့ ဆယ်တွင်းမှာ တစ်တွင်းလောက်ဘဲရပါတယ်။ အရင်က လို မရတော့ ပါဘူး” ဟု မင်းပြင်ရွာသူ အမျိုးသမီး တစ်ဦးက ပြောသည်။

ဂျပန်တွင် ကျင်းပမည့် Miss International 2012 ပြိုင်ပွဲ မြန်မာနိုင်ငံ ကိုယ်စားပြု မနန်းခင်ဇေယျာနှင့် တွေ့ဆုံခြင်း

 [Image: 58753_449107211798385_153080494_n.jpg]


တွေ့ဆုံမေးမြန်းသူ - စိုးလင်းထွန်း

ဂျပန်နိုင်ငံ အိုကီ နာဝါတွင် ကျင်းပမည့် (၅၂) ကြိမ်မြောက် Miss International Beauty Pageant 2012 ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု၍ ဝင်ရောက် ယှဉ်ပြိုင်မည့် ပအိုဝ့် တိုင်းရင်းသူ မနန်းခင် ဇေယျာအား ပြိုင်ပွဲ ဝင်ရောက်ခွင့် ရပုံနှင့် ပြိုင်ပွဲ အခြေ အနေများကို တွေ့ဆုံ မေးမြန်းပြီး ဖော်ပြ လိုက်ပါသည်။

မေး - ကိုယ်ရေးအကျဉ်းလေး မိတ်ဆက်ပေးပါဦး၊

မိသားစု အချင်းချင်း ရန်ဖြစ်ခဲ့ရာမှ စိတ်မထိန်းနိုင်၍ မိန်းမအိမ်ကို မီးရှို့ ဖျက်ဆီး မိသားစု (၆) ယောက် စံပြဆေးရုံရောက်

 ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ လေးဒေါင့်ကန်လမ်း၊လေးဒေါင့်ကန်ရပ်ကွက်၊ကုလားစုရှိ အသေးစား ဓာတ်ဆီဆိုင်မှမိသားစုအချင်းချင်းအခင်းဖြစ်ပွားရာကနေဒေါသများကိုမထိန်းချုပ်နိုင်ေ သာကြောင့် အောက် တိုဘာ (၃) ရက်နေ့ ညပိုင်း ၉း၃၀ အချိန်တွင် အငယ်လေး (ခေါ်) ဌေးဝင်း သည် မိန်းမတော်ခဲ့ဘူးေ သာ ဒေါ် စန်းစ န်းနွဲ့ဆိုင်သို့လာပြီး ဓာတ်ဆီလောင်း၍ မိန်းမနှင့် ယောက်ဖ၊ ခဲမများကို မီးလောင်တိုက် သွင်းပြီး မီးရှို့ ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။ ယင်းအချိန်တွင် မိန်းမဖြစ်သော ဒေါ်စန်းစန်းနွဲ့သည် ယင်း ရန်မှ ကြောက်သော ကြောင့် တိမ်းရှောင်နေသည်ဟု သိရှိရပါသည်။

တရားရုံးများ ရောင်းချမှု ရှေ့နေများ ဆန္ဒပြမည်

Friday, 5 October 2012

 

ရန်ကုန်မြို့လယ်ခေါင်ရှိ သက်တမ်း နှစ်တရာကျော် ရှိနေပြီဖြစ်သော ကိုလိုနီခေတ် အဆောက် အအုံနှစ် ခုဖြစ်သည့် ယခင် ဗဟိုတရားရုံးချုပ်(ယခု ရန်ကုန်တိုင်း တရားရုံးချုပ်) နှင့် ရန်ကုန်တိုင်း စုပေါင်းတရား ရုံး နှစ်ခုကို ပုဂ္ဂလိကသို့ လွှဲပြောင်း ရောင်းချမှုကို ဆန့်ကျင်သည့် အနေဖြင့် ရှေ့နေ့များ ကွန်ရက်က ဆန္ဒပြတောင်းဆိုသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကလေးမြို့နယ် အတွင်းသို့ဝင်ရောက်လာသော ခိုးဝင်ဘင်္ဂလီများနှင့် လမ်းပြကို ဥပဒေအရ အရေးယူခဲ့ပြီး ထောင်ဒဏ်အသီးသီး ချမှတ်

ကလေးမြို့နယ် အတွင်းသို့ဝင်ရောက်လာသော ခိုးဝင်ဘင်္ဂလီများနှင့် လမ်းပြကူညီခေါ်ဆောင်သူများကို တရားဥပဒေအရ အရေးယူခဲ့ပြီး ထောင်ဒဏ် အသီးသီးချမှတ်ခဲ့သည်ဟု သတင်းရရှိပါသည်။

"စက်တင်ဘာလ အတွင်းက ကလေးမြို့နယ်အတွင်းကို ခိုးဝင်လာတဲ့ ဘင်္ဂလီ (၁၀) ဦးနဲ့ လမ်းပြကူ ညီေ ခ်ါဆောင်သူကို ထောင်ဒဏ် အသီးသီးချမှတ်ခဲ့ ပါတယ်။                                           

ရခိုင်ပြည်နယ်ထူထောင်ရေးအတွက် ဗြိတိန်နိုင်ငံ မှ ဒေါ်လာ(၃)သုံးသန်း လှူဒါန်းမည်

 

ဗြိတိန်သံအမတ်ကြီးMr.Andrew Heyn ဦးဆောင်သည့် ဒုတိယအတွင်းဝန်Mr.Joe Fisherနှင့် နိုင်ငံ တကာ ဖွံ့ဖြိုး ရေးဌာန (Department for International Development-DFID) ဦးဆောင် ညွှန်ကြားရေးမှူး Delivery Service Advisor, Mr.Peter McDermott တို့ စက်တင်ဘာလ(၂)ရက် နေ့တွင် စစ်တွေသို့ ရောက်ရှိခဲ့ပြီး ရခိုင်ပြည်နယ်အရေးအား လေ့လာခဲ့ကြသည် ။

စစ်တွေတွင် ရခိုင်အမျိုးသမီးများ ဆန္ဒထုတ်ဖော်မည်

လာမည့် အောက်တိုဘာလလယ်အတွင်း စစ်တွေမြို့၌ ရခိုင်အမျိုးသမီးများက ဘ၀လုံခြုံရေးနှင့် ရခိုင်ပြည် နယ် တွင် ကမ္ဘာ့ အစ္စလာမ်အဖွဲ့ (OIC) ရုံးမဖွင့်လှစ်ရေး၊ ၁၉၈၂ ခုနှစ် နိုင်ငံ သား ဖြစ်မှုဥပဒေ ကို လေးစား လိုက်နာရေးတို့အတွက်ဆန္ဒပြမှုပြုလုပ်သွားမည်ဖြစ်ကြောင်းယင်းဆန္ဒပြမှုကို ဦးဆောင်မည့်သူများ က ပြော သ ည်။

ဘင်္ဂလားဒေရှ်သံရုံးရှေ့ တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မည်


ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်းရှိဘုန်းတော်ကြီးကျောင်း ၂၂ ကျောင်းနှင့်ဘုရားဆင်းတုတော်များ မီးရှို့ လုယက် ဖျက်ဆီးမှုများရပ်တန့်ပေးပါရန်အတွက် ယနေ့နေ့လယ် ၁ နာရီအချိန်တွင်သံဃာတော်များ ဦးဆောင်ကာ ဓမ္မစေတီလမ်းနှင့် အင်းယားလမ်းထောင့်ရှိ ဘင်္ဂလားဒေ့ရှ်သံကို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တောင်းဆိုသွား မည် ဟု ဆန္ဒထုတ်ဖော်မည့် ရဟန်တော်များကပြောကြားသည်။

အလွန်အကျွံ ငါးဖမ်းဆီးမှု ငါးမျိုးစိတ် အချို့ပျောက်ကွယ်ဖွယ်ရှိဟု ဆို

မြန်မာနိုင်ငံ၏ အဓိကစားသုံးလျက်ရှိသော ငါး၊ ပုစွန်များအနက် ငါးကျည်း၊ ငါးခူ၊ ငါးမြွေထိုး၊ ပုစွန်မျိုးစိတ် များသည် ငါးပေါက်ဖွားရာ ဧရိယာများလျော့နည်းလာခြင်း၊ ငါးဖမ်းဆီးမှုများများပြားလာခြင်း တို့ကြောင့်  ပေါက်ဖွားမှု နှုန်း ကျဆင်းလာပြီး ယင်းမျိုးစိတ်များ ပျောက်ကွယ် သွားနိုင်သည် ဟု မွေြး မူ ရေးနှင့် ရေလုပ်ငန်း   ဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ချုပ် ဦးဝင်းမြင့်မောင် က ပြောကြား သည်။

သမ္မတကြီးဦးသိန်းစိန် သက်တမ်းနောက်တစ်ကြိမ် ရွေးချယ်ခံရရန် သမ္မတ၏ ကိုယ်ပိုင်ဆန္ဒသာဖြစ်ကြောင်း ဦးဌေးဦးပြောကြား

နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်အနေနှင့် သမ္မတသက်တမ်း နောက်တစ်ကြိမ်ရွေးချယ်ခံရရန် စဉ်းစားမည် ဟုပြောကြားလိုက်သောဦးသိန်းစိန်ဥက္ကဋ္ဌအဖြစ်လတ်တလောတာဝန်ယူထားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့်ယင်းကိစ္စအတွက်ဦးတည်၍ပါတီလုပ်ငန်းများကိုဆောင်ရွက်သွားမည် မဟုတ်ေ ကြာင်း  အထွေထွေအတွင်းရေးမှူး ဦးဌေးဦးကပြောသည်။

ရွာသစ်ရေကာတာစီမံကိန်း ဆောင်ရွက်မှု ပွင့်လင်းခြင်းမရှိသောကြောင့် ငြိမ်းချမ်းရေးထိခိုက်မည်ကို စိုးရိမ်

 


ကယားပြည်နယ်အတွင်းအကောင်အထည်ဖော်ဆောင်ရွက်မည့် ရေအားလျှပ်စစ်စီမံကိန်းဖြစ်သော ရွာသစ် စီမံကိန်း အပါအ၀င် အကြီးစားစီမံကိန်းများကို အစိုးရအနေဖြင့် အများပြည်သူ အား လေ့လာ ခွင့်ပြုရန် ပွင့်လင်းမြင်သာမှု ရှိရန် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများတွင် သဘောတူညီခဲ့သော်လည်း လက်တွေ့ တွင် မ လုပ်ဆောင်ကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေးထိခိုက်မည်ကို စိုးရိမ်ကြောင်း ကရင်နီလူမှုအဖွဲ့ အ စည်းများကွန်ရက်မှ ဦးခူးမီရယ်က အောက်တိုဘာ ၂ ရက် City Star Hotel တွင် ကျင်းပပြုလုပ်သော သတင်းစာ  ရှင်း လင်း ပွဲတွင် ပြော သည်။

ယဉ်ယဉ်လေးရူးနေသော KIA “ကြီးမိုက်” များ

Friday, 5 October 2012

 From : အောင်ဘာလေ

 
ယဉ်ယဉ်လေးရူးနေသော KIA “ကြီးမိုက်” များ ကချင်ပြည်နယ်ထဲမှာ တပ်မတော်နဲ့ KIA တို့တိုက် ပွဲတွေဖြစ်နေတာ တစ်နှစ်သုံးလကျော်ခဲ့ပြီ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အကြိမ်ကြိမ်လုပ်ခဲ့တာလည်း အရာမထင်ခဲ့ဘူး။ နိုင်ငံရေးအရ ဆွေးနွေး ညှိနှိုင်းပြီးမှ အပစ်အခတ်ရပ်စဲမယ်ဆိုတဲ့အချက်ကို KIA ကကိုင်စွဲထားကတည်းက ဘယ်သူကပစ်ချင် ခတ်ချင်နေတယ်ဆိုတာ ပေါ်လွင်နေတယ်။

နျူသုတေသနလုပ်ငန်းများ ဆက်လက်လုပ်ဆောင်သွားမည်ဟု အီရန်သမ္မတဆို

Friday, 5 October 2012

From : planet

နိုင်ငံတကာ ဖိအားများစွာ ကျရောက်နေသော်လည်း နျူကလီးယား သုတေသန လုပ်ငန်းများကို ရှေ့ ဆက်သွားမည်ဟု အီရန်နိုင်ငံက အတည်ပြု ပြောကြားလိုက်သည်။ အီရန်သမ္မတ မာမွတ် အမာဒီနီဂျက်က အင်္ဂါနေ့တွင် မိမိတို့သည် မည်သည့် အခက်အခဲနှင့် ကြုံနေရသည်ဖြစ်စေ ရည်မှန်းချက် ကို နောက်ဆုတ် မည် မဟုတ်ဟု ပြောဆိုသွားသည်။

ပြည်လုံးကျွတ် သန်းခေါင်းစာရင်း ကောက်ယူရန် ဦးစွာ စမ်းသပ် သန်းခေါင်စာရင်း ကောက်ယူသွားမည်

Friday, 5 October 2012

၂၀၁၄ ခုနှစ်မှာ ကောက်ယူ ဖို့ရှိတဲ့ ပြည်လုံးကျွတ် သန်းခေါင် စာရင်း ကောက်ယူမှု အတွက် လာမယ့် ၂၀၁၃ ခုနှစ်မှာ စမ်းသပ် သန်းခေါင် စာရင်းကို စတင် ကောက်ယူ သွားဖို့ ရှိတယ်လို့ နေပြည်တော် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာန၊ ပြည်သူ့ အင်အား ဦးစီးဌာနမှ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ စမ်းသပ် သန်းခေါင် စာရင်းကို ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၄ ခုစလုံးမှာ ကောက်ယူ သွားဖို့ရှိပြီး ဒီလို ကောက်ယူမှုကိုတော့ မြို့နယ်အားလုံးကို ကောက်ယူမှာမဟုတ်ဘဲ မြို့နယ်အချို့ကိုသာ ရွေးချယ်ကောက်ယူမှာဖြစ်ပါတယ်။

တရားဥပဒေ စိုးမိုးရေး ပူးပေါင်းကူညီဖို့ ကိုမင်းကိုနိုင် တိုက်တွန်း

Friday, 5 October 2012

မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးရေးအတွက် ပြည်သူတွေဟာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်နဲ့ ပူးပေါင်းဖို့ လိုအပ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ယင်းမာပင်မြို့ မဂ္ဂင်ကျောင်းတိုက်ရှေ့မှာ ဒီကနေ့ ပြုလုပ်တဲ့ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း များ ဖော်ဆောင်ရေး လူထုတွေ့ဆုံပွဲမှာ တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

 စင်္ကာပူ၌ မြန်မာ့သီးနှံထွက်ကုန်ပြပွဲ ပြုလုပ်မည်ဖြစ်ပြီး စိတ်ပါဝင်စားသူများ အောက်တိုဘာ ၁၀ ရက်နေ့ နောက်ဆုံးထား စာရင်းပေးသွင်းနိုင်

Friday, 5 October 2012

thn-10-4-10 

စင်္ကာပူနိုင်ငံ၌ မြန်မာ့သီးနှံထွက်ကုန်ပြပွဲအား ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့နှင့် ၁၈ ရက်နေ့၌ သွားရောက်ပြုလုပ်မည်ဖြစ်ပြီး ပြပွဲဝင်ရောက်ပြသရန် စိတ်ပါဝင်စားသူများအနေဖြင့် အောက်တိုဘာလ ၁၀ ရက်နေ့ နောက်ဆုံးထားကာ စာရင်းလာရောက် ပေးသွင်းနိုင်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သတင်းရရှိသည်။

ဒေါ်အောင်ဆန်းစုကြည်အပြန်ခရီး လူထုကြိုဆို

Friday, 5 October 2012

အမေရိကန် ပြည်ထောင်စုကို  ၁၇ရက်ခရီးလာရောက် ခဲ့တဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်ဟာ အောက်တိုဘာလ ၄ရက် ကြာသပတေး နေ့ ည  ၉နာရီ  ၄၅ မိနစ်မှာ  ကိုရီး ယားလေကြောင်းလိုင်းနဲ့ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်ကို ပြန်လည် ရောက်ရှိလာပြီဖြစ်ပါ တယ်။