Saturday 8 November 2014

နိုင်ငံတော်သမ္မတဦးသိန်းစိန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့သို့ ရောက်ရှိ

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဦးဆောင်သော မြန်မာ ကိုယ်စားလှယ် အဖွဲ့သည် ဒေသ တွင်း စီးပွားရေးပူးပေါင်းဆောင် ရွက်ရေးဆွေးနွေးပွဲသို့တက်ရောက် ရန် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည် တော်မှ မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်း အထူးလေယာဉ်ဖြင့် ထွက်ခွာလာရာ ဒေသစံတော်ချိန် ည နေ ၆နာရီတွင် တရုတ်နိုင်ငံ ပေကျင်း မြို့သို့ ရောက်ရှိကြသည်။

ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်း ဆက်လက်စောင့်ကြည့်နေရဆဲ

ဘင်္ဂလားပင်လယ်အော် မှ မုန်တိုင်းသည် ပိုမိုအားကောင်း လာခြင်းမရှိသော်လည်း အ၀ါ ရောင်အဆင့် သတ်မှတ်၍ သတိ ပေးထားဆဲဖြစ်ပြီး မြန်မာနိုင်ငံအ နှံ့ အချိန်အခါမဟုတ် မိုးရွာနေဦး မည်ဖြစ်ကြောင်း မိုး/ဇလဌာန ဒု တိယညွှန်ကြားရေးမှူးချုပ်ဦးကျော်မိုးဦးက ပြောသည်။

မူးယစ်ကုန်သည် ဆယ်ဦးကို ဖမ်းဆီးပေးရန် ထိုင်းရဲက မြန်မာရဲတပ်ဖွဲ့အား အကြောင်းကြား

ထိုင်းနိုင်ငံက ၀ရမ်း ထုတ်ထားသည့် မူးယစ်ကုန်သည် ဆယ်ဦးကို ဖမ်းဆီးပေးရန် ထိုင်းရဲ က မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ တရား ၀င်အကြောင်းကြားစာ ပို့လိုက် ကြောင်း သတင်းရရှိသည်။

မြန်မာနှင့် ထိုင်းလူမျိုးများ ပါသည့် မူးယစ်ကုန်သည် ဆယ် ဦး၏ ကိုယ်ရေးအချက်အလက် များနှင့် ဓာတ်ပုံများကိုပါ ပေးပို့ခဲ့ ခြင်းဖြစ်ပြီး နာမည်နှင့်တကွ အ တိအကျပြောရန် မဖြစ်နိုင်ကြောင်း နေပြည်တော်၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲ အရာရှိကြီးတစ်ဦးက ပြောသည်။