Saturday 26 January 2013

ရန်ကုန် စတော့ အိပ်ချိန်း ဈေးကွက်အတွက် အများပိုင်ဘဏ်များ လုပ်ကိုင်လာ


ရန်ကုန် (မဇ္ဈိမ)။   ။ ၂၀၁၅ ခုနှစ်တွင် ပေါ်ပေါက်လာမည့် ရန်ကုန်စတော့အိပ်ချိန်း ဈေးကွက် (Stock exchange market)အတွက် အများပိုင်ဘဏ်များ ဖွဲ့စည်းလုပ်ကိုင်လာကြောင်း ပုဂ္ဂလိကဘဏ်လုပ်ငန်း ရှင်များက ဆိုသည်။

ပုလင်းပေါ်မှာ ကားမောင်း၍ ဂင်းနစ်စံချိန်တင်သူ

ပုလင်းပေါ်မှာ ကားမောင်း၍ ဂင်းနစ်စံချိန်တင်သူ

ဘီယာပုလင်းများကို ရထားလမ်းလို့ စည်ထားတဲ့ တန်းပေါ်မှာ ကားမောင်း ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့တောင် ထင်ချင်စရာ ရှိပါတယ်။ သို့ပေမယ့် ဒါဟာ ဖြစ်နိုင်တယ်ဆိုတာကို တရုတ်နိုင်ငံက Li Guiwen ပုဂ္ဂိုလ်က လက် တွေ့ပြ မောင်းနှင်ပြသခဲ့ပါတယ်။

ဘီယာ ပုလင်းပေါင်း ၁၇၉၈ ပုလင်းစည်ထားတဲ့ လမ်း အရှည် ၆၀ မီတာ ကျော်ကို ၈ မိနစ်နဲ့ ၁၉ စက္ကန့်အတွင်း အပြီးမောင်းပြ သွားခဲ့ပါတယ်။ လုံးဝ အတိမ်းအစောင်း မရှိပါဘူး။ ဘယ်ပုလင်းမှာလည်း မမောက်ပါဘူး။ သူကိုယ်တိုင်ကလည်း တရုတ်စစ်တပ် မှာ စစ်ကားမောင်း ဒရိုင်ဘာ တစ်ဦး ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ် မတ်လလောက်က တရုတ်နိုင်ငံအရှေ့ ပိုင်း Wenzhou မြို့ မှာ သရုပ်ပြ မောင်းနျင်ခဲ့ပြီး ဂင်းနစ်စံချိန်တင်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။
--
Ref: Guinness
ရိုးရာလေး ထူးဆန်းထွေလာ

http://www.yoyarlay.com/33981-guiness-world-record-car-driver

အေးချမ်းမွန်မှ  YoYarLay တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ဘီယာပုလင်းများကို ရထားလမ်းလို့စည်ထားတဲ့ တန်းပေါ်မှာ ကားမောင်းဖို့ဆိုတာမဖြစ်နိုင်ဘူးလို့တောင် ထင်ချင်စရာ ရှိပါတယ်။ သို့ပေမယ့် ဒါဟာ ဖြစ်နိုင်တယ်ဆိုတာကို တရုတ်နိုင်ငံက Li Guiwen ပုဂ္ဂိုလ်ကလက် တွေ့ပြမောင်းနှင်ပြသခဲ့ပါတယ်။

ငါးက နှိပ်ပေးသော ငါးမာဆက်

ငါးက နှိပ်ပေးသော ငါးမာဆက်

Doctor Fish လို့ခေါ်တဲ့ ငါးသဖွဲတစ်မျိုး Garra rufa ငါးကို အသုံးပြုလို့ ဖွင့်လှစ်တဲ့ Spa ဖြစ်ပါတယ်။

ယင်း ငါးဆရာဝန်မှာ သွားမပါပါဘူ။ ဒါကြောင့် အသားကို ပါးစပ်နဲ့ စုပ်လိုက်၊ ပြန်ထုတ်လိုက် လုပ်ပါတယ်။ ဒီနည်းလမ်းကြောင့်မို့ ခြေထောက် အကြောများ ကို နှိပ်နှယ်ပေးသလို ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့နေရတာ ကတော့ လန်ဒန်မြို့ က ငါးနှိပ်ခန်း Spa တစ်ခုမှာ ဖြစ်ပါတယ်။ Rufa ငါးအကောင် ၁၅၀ ပါဝင်တဲ့ ရေကန်ထဲကို ခြေထောက်ကို ထည့်ပြီး ယခုလို အနှိပ်ခံနေကြပါတယ်။

ယင်း အလေ့အထက်ရဲ့  အစက ဂျပန်ဖြစ်ပါတယ်။ ဂျပန်ပြီးတော့ အခြားသော အာရှနိုင်ငံများမှာပါ ပြုလုပ်ပြီး ဥရောပ၊ အမေရိက ထိကို ကူးဆက် သွားပါတယ်။ အချို့ ဆို တစ်ကိုယ်လုံးကို အနှိပ်ခံတဲ့အထိ ပြုလုပ် ပါတယ်။ ယင်း ငါးများရဲ့  နှိပ်နှယ်ပေးမှုကြောင့် အကြောသေခြင်း၊ လေဖြတ် ခြင်းတို့မှ ပြန်လည်ကောင်းမွန်လာတဲ့ လက်တွေ့ သာဓကများ ရှိကြောင်း သိရပါတယ်။
---
Ref: wiki
ရိုးရာလေး ဗဟုသုတ

အေးချမ်းမွန်မှ  YoYarLay တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
Doctor Fish လို့ခေါ်တဲ့ ငါးသဖွဲတစ်မျိုး Garra rufa ငါးကို အသုံးပြုလို့ ဖွင့်လှစ် တဲ့ Spa ဖြစ်ပါတယ်။
ယင်း ငါးဆရာဝန်မှာ သွားမပါပါဘူ။ ဒါကြောင့် အသားကို ပါးစပ်နဲ့ စုပ်လိုက် ၊ ပြန် ထုတ်လိုက်လုပ်ပါတယ်။ ဒီနည်းလမ်းကြောင့်မို့ ခြေထောက်အကြောများ ကို နှိပ်နှယ်ပေးသလို ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့နေရတာ ကတော့ လန်ဒန်မြို့ က ငါးနှိပ်ခန်း Spa တစ်ခုမှာ ဖြစ်ပါတယ်။ Rufa ငါးအကောင် ၁၅၀ ပါဝင်တဲ့ ရေ ကန်ထဲကို ခြေထောက်ကို ထည့်ပြီး ယခုလို အနှိပ်ခံနေကြပါတယ်။

မန္တလေး အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်နေသောကြောင့် စီးပွားရေးလုပ်ငန်းရှင်တချို့ အခက်တွေ့

Photo: မန္တလေး အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်နေသောကြောင့် စီးပွားရေးလုပ်ငန်းရှင်တချို့ အခက်တွေ့
Saturday, January 26, 2013

မန္တလေးမြို့၏ လူစည်ကားရာနေရာများနှင့် မြို့အတွင်းပိုင်း အချက်အချာကျသောနေရာများတွင် အိမ်ခြံမြေငှားရမ်းခများ သိသိသာသာ ဈေး တက်သွားသည့်အတွက် ဆိုင်ခန်းဖွင့်လို
သူများနှင့် အလုပ်ရုံးခန်းဖွင့်လိုသူများ အခက်အခဲဖြစ်နေကြ
ကြောင်း မန္တလေးမြို့ရှိ အိမ်ခြံမြေ အကျိုး ဆောင်လုပ်ငန်း
များမှ စုံစမ်းသိရှိရသည်။

"လူစည်ကားရာနေရာတွေက ပေလေးဆယ်ခြောက်ဆယ်
ပတ်လည် ဝင်းတစ်ဝိုင်းကို ငှားရမ်းခ ကျပ်တစ်သိန်းကနေ
သုံးသိန်းအထိ အလိုက် ရှိတယ်။ မြေကွက်တင် ငှားရင်တော့
(၅)သိန်းကနေ သိန်းနှစ်ဆယ်အထိ ဈေးရှိတယ်"ဟု အိမ်ခြံမြေ ပွဲစားတစ်ဦးက ဆိုသည်။

၆၃ လမ်းနှင့်၆၂ လမ်းပေါ်ရှိ ဆိုင်ခန်းများသည်ငှားရမ်းဈေး
တစ်လလျှင် တစ်သိန်းမှ ငါးသိန်းအထိ ပေါက်ဈေးရှိနေကြောင်း
သိရပြီး ယခင်က အဆင်ပြေသော်လည်း ယခုနောက်ပိုင်းတွင် ဆိုင်ခန်းငှားရမ်းပြီး စီးပွားရေးလုပ်ကိုင်သော စီးပွားရေးလုပ်ငန်း
ရှင်များ အဆင်မပြေဖြစ်နေသော ကြောင့် ငှားရမ်းသူရှားပါး
နေကြောင်း လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

“အရင်တုန်းက အဆင်ပြေတယ်။ အခုအဆင်မပြေတော့ဘူး။ ငှားရမ်းခတွေကတစ်ဆင့်ခြင်းတက်လာတာ။ အဓိကကုမ္ပဏီတွေ
ဝင်လာတာ လည်း ပါတယ်။ဆိုင်ခန်းငှားခဈေးနှုန်းတွေက(၂)နှစ်
အတွင်း မယုံနိုင်လောက်အောင်ကို ဈေးတက်သွားတယ်”ဟု
၆၂လမ်းမှ မိုဘိုင်းဖုန်းဆိုင် ပိုင်ရှင်တစ်ဦးက ဆိုသည်။

မြို့အတွင်းပိုင်း လူစည်ကားရာနေရာများတွင် တရုတ်လူမျိုးများ ပိုင်ဆိုင်သောနေအိမ်များနှင့် လုပ်ငန်းများသာ တဖြးည်းဖြးည်း တိုးပွားလာပြီး ဒေသခံအများစုမှာ မြို့သစ်ဘက်သို့ ပြောင်းရွေ့
နေကြရပြီး မန္တလေးမြို့ခံတို့မှာ တရုတ်တို့ပေးသော ဈေးများ
အား မီလိုက်မပေးနိုင်သော ကြောင့် ဈေးသက်သာသော မြို့သစ်ဘက်များတွင်သာရွေ့ပြောင်းပြီး စီးပွားရေးလုပ်ကိုင်
လာကြောင်း သိရသည်။

မန္တလေး အိမ်ခြံမြေ ဈေးကွက်သည် ခန့်မှန်းထားသည်ထက်
အများကြီး ပိုမိုမြင့်တက်နေသော်လည်း အကျဘက်ကို
မျှော်မှန်း၍ မရကြာင်းနှင့် ဈေးတက်ဖို့သာ ရှိနိုင်ပြီး မြို့ခံတို့သည် မြို့တွင်းမှမြို့ပြင်သို့ တဖြည်းဖြည်းးနှင့် ရောက်ရှိနေကြောင်း၊ မန်းတောင်ဘက်အပိုင်းကို ရောက်ရှိသွား နေကြောင်း သိရသည်။

မောင်ထိန်လင်း
ဓာတ်ပုံ - သူရိန်
The Myanma Age
မန္တလေးမြို့၏ လူစည်ကားရာနေရာများနှင့် မြို့အတွင်းပိုင်း အချက် အချာကျသောနေရာများတွင် အိမ်ခြံမြေငှားရမ်းခများ သိသိ သာသာ ဈေး တက်သွားသည့်အတွက် ဆိုင်ခန်းဖွင့်လိုသူများနှင့် အလုပ်ရုံးခန်းဖွင့်လိုသူများ အခက်အခဲဖြစ်နေကြကြောင်း မန္တလေးမြို့ရှိ အိမ်ခြံမြေ အကျိုး ဆောင်လုပ်ငန်းများမှ စုံစမ်းသိရှိရသည်။

ဘူးသီးတောင်၊ မောင်းတော တစ်လျှောက်ရှိ ဘင်္ဂါလီများ ဆန္ဒပြမည်ဟူသော သတင်းများထွက်ပေါ်

Photo: ဘူးသီးတောင်၊ မောင်းတော တစ်လျှောက်ရှိ ဘင်္ဂါလီများ
ဆန္ဒပြမည်ဟူသော သတင်းများထွက်ပေါ်
Saturday, January 26, 2013

ဘူးသီးတောင်နှင့် မောင်းတော တစ်လျှောက်ရှိ ဘင်္ဂါလီများသည်
၎င်းတို့အနေဖြင့် ဗလီတက်ခွင့်မရခြင်း၊ ဆောက်လုပ်ခွင့်မရခြင်းနှင့် ပတ်သက်၍ ဆန္ဒပြမည်ဟူသော သတင်းများ ထွက်ပေါ်နေကြောင်း
မောင်းတော ဒေသခံများက မြန်မာ့ခေတ်သို့ ပြောကြားသည်။

ယမန်နေ့က ဆန္ဒမည်ဆိုသော သတင်းကြောင့် ရခိုင်လူမျိုးများနှင့်
ဘင်္ဂါလီလူမျိုးတို့အကြား သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့မှ လုံခြုံရေး တင်ကျပ်စွာချထားကြောင်း မောင်းတောဒေသခံ ကိုကျော်ကျော်က
ပြောကြားသည်။

"မနေ့က နွားတွေသတ်ပြီး စားကြတယ်။ သူတို့က ဆန္ဒပြမယ်လို့
ကြားနေရတာ တစ်ပါတ်လောက်ရှိပြီ။ အဲဒီမှာတော့ အာဏာပိုင်
တွေက လုံခြုံရေးတင်းကျပ်ထားတယ်" ဟု ၎င်းကြားသိရသော သတင်းအား ပြောကြားသည်။

အဆိုပါ ဆန္ဒပြမည့် အကြောင်းအရာနှင့်ဆက်လျဉ်း၍ စစ်တွေ
မြို့ရှိ ဝံလက် ဖောင်ဒေးရှင်းမှ ဦးသိန်းထွန်းအေးက "ဘင်္ဂါလီ
တွေက သူတို့ဘင်္ဂလီအရေးကို ကမ္ဘာက သိအောင် လှုံဆော်
နေတယ်" ဟု ၎င်း၏အမြင်ကို ပြောကြားသည်။

"ဒီလိုမျိုး ဘာသာရေးကို အကြောင်းပြပြီး အစွန်းရောက်အဖွဲ့
တွေက ဘာမှ နားမလည်တဲ့သူတွေကို လှုံဆော်ပြီး နိုင်ငံဆူပူ
အောင်လုပ်နေတာ" စစ်တွေပြည်နယ် အမှတ်(၂) မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောကြားသည်။

ကြာသပတေးနေ့က မောင်းတောမြို့၊ တောင်ဘက်ရှိ ပန်းတော်ပြင်
ကျေးရွာ၌ ဘင်္ဂါလီများက ၎င်းတို့၏ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးအား
မီးရှို့လိုက်ကြောင်းသိရသည်ဟု မောင်းတော ဒေသခံ ဦးအောင်
ကျော်ညွှန့်က ဆိုသည်။

"သူတို့အချင်းချင်း အုပ်ချုပ်ရေးမှူးကို မကျေနပ်လို့ ရှိုတာလို့
ကြားထားတယ်၊ တချို့ကလည်း မီးဖိုကနေ မီးလောင်တယ်လို့
ပြောတယ်" ဟု ဆိုသည်။

၎င်းကပင် ယမန်နေ့က နယ်စပ်စည်းအတွက် ခြံစည်းရိုးခတ်နေ
သောအင်ဂျင်နီယာတပ်၏ ကျောက်သယ်ကား တစ်စီးအား
ဘင်္ဂါလီများက မီးရှို့လိုက်သည်ဟုလည်း ကြားသိထားကြောင်း ထပ်မံပြောကြားသည်။

စူးရှ
ဓာတ်ပုံ - စူးရှ
The Myanma Age
ဘူးသီးတောင်နှင့် မောင်းတောတစ်လျှောက်ရှိ ဘင်္ဂါလီများသည် ၎င်းတို့အနေဖြင့် ဗလီတက်ခွင့်မရခြင်း၊ ဆောက်လုပ်ခွင့်မရခြင်းနှင့် ပတ်သက်၍ ဆန္ဒပြမည်ဟူသော သတင်းများ ထွက်ပေါ်နေကြောင်း မောင်းတော ဒေသခံများက မြန်မာ့ခေတ် သို့ ပြော ကြားသည်။

စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော် ၄င်းသေဆုံးလျှင် ပိုင်ဆိုင်သမျှ လှူဒါန်းခဲ့မည်ဟုဆို

Photo: စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော် ၄င်းသေဆုံးလျှင် ပိုင်ဆိုင်သမျှ
လှူဒါန်းခဲ့မည်ဟုဆို
Saturday, January 26, 2013

စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော်က ၄င်းသေဆုံးလျှင် ပိုင်ဆိုင်သမျှ
လှူဒါန်းခဲ့မည်ဟု ယနေ့မီဒီယားများနှင့်တွေ့စုံစဉ်ပြောကြားသွားခဲ့သည်။ 

" မြန်မာလူမျိုးမှန်ရင်ခပ်ညံ့ညံ့ပဲလို့ထင်မှာစိုးလို့ ကျွန်တ်ာကြိုးစားနေတာပါ ကျွန်တော် ရဲ့စည်းစိမ်တွေအားလုံး ကျွန်တော်လှူဒါန်းခဲ့ဖို့မိသားစုကိုလည်း
ကျွန်တော်ပြောပြီးပြီ ဒါကြောင့် ဒါကိုတစ်စိုက်မတ်မတ် လုပ်နေတယ် ဆိုတာက မြန်မာတွေမညံ့ဘူးဆိုတာကို နိုင်ငံခြားသားတွေကိုပြခြင်လို့ ပါ"ဟု ၄င်းကပြောသည်။

လက်ရှိအချိန်တွင် ဦးဇော်ဇော်ပိုင်ဆိုင်သော Max Myanmar Group of companies ၏ တစ်နှစ်လည်ပတ်ငွေမှာ ဒေါ်လာသန်းငါးရာကျော်ရှိနေပြီး ၀န်ထမ်းအင်အားတစ်သောင်းကျာ်ဖြင့်လည်ပတ်နေကြောင်းသိရသည်။

(ဓါတ်ပုံ-The Messenger )
Messenger News Journal
စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော်က ၄င်းသေဆုံးလျှင် ပိုင်ဆိုင်သမျှ လှူ ဒါန်းခဲ့မည်ဟု ယနေ့မီဒီယားများနှင့် တွေ့စုံစဉ်ပြောကြားသွားခဲ့ သည်။
" မြန်မာလူမျိုးမှန်ရင်ခပ်ညံ့ညံ့ပဲလို့ထင်မှာစိုးလို့ ကျွန်တ်ာကြိုးစားနေ တာပါ ကျွန်တော်ရဲ့စည်းစိမ်တွေအားလုံး ကျွန်တော်လှူဒါန်းခဲ့ဖို့ မိသားစုကိုလည်းကျွန်တော်ပြောပြီးပြီ ဒါကြောင့် ဒါကိုတစ်စိုက်မတ်မတ် လုပ်နေတယ်ဆိုတာက မြန်မာတွေမညံ့ဘူးဆိုတာကို နိုင်ငံခြား သားတွေကိုပြခြင်လို့ ပါ"ဟု ၄င်းကပြောသည်။

မသေနိုင်သော သတ္တဝါ - Immortal Jellyfish

မသေနိုင်သော သတ္တဝါ - Immortal Jellyfish
Saturday, January 26, 2013

ဂျယ်လီငါး မျိုးစိတ်ဝင်တဲ့ Turritopsis nutricula အမည်ရ သတ္တဝါ ဖြစ်ပြီး သူ့ကို Immortal Jellyfish လို့လည်း ခေါ်ပါတယ်။

တကယ်မသေနိုင်ပါဘူး။ ဇီဝဗေဒပညာရှင်တို့ လက်တွေ့ကျကျ လေ့လာမှု အရ ဓာတ်ခွဲခန်းမှာ စောင့်ကြည့်တာတောင် တစ်ကောင်မှ မသေဖူးပါတယ်။ အရွယ်အစားလည်း သေးပါတယ်။ အချင်း ၀.၁၈ လက်မ က အကြီးဆုံးပါပဲ။ အငယ်ဆုံးကတော့ ၂ မီလီမီတာလောက်ထိ ရှိနိုင်ပါတယ်။ ပင်လယကြမ်းပြင် မှာ လင်းလိုက်၊ မိန်လိုက်နဲ့ သွားနေတဲ့အထဲမှာ ယင်း ဂျယ်လီ ငါးသေးသေး
လေးများ ပါဝင်နေမှာ ဖြစ်ပါတယ်။

စတင်ပေါက်ဖွားရာကတော့ ကာရေးဘီးယမ်းပင်လယ်က ဖြစ်ပေမယ့် ကမ္ဘာ့ ဘယ်ပင်လယ်ရေ ဘယ်နေရာမှာမဆို ပြန့် နှံ့တတ်တဲ့ ဂျယ်လီငါး ဖြစ်ပါတယ်။ အစုအဖွဲ့လိုက် နေတတ်ပါတယ်။ အကောင်ပေါက် ပြီးချိန် ရေအောက်မှာ သန္တာကျောက်တန်းကို တွယ်ညှိနေတတ်ပြီး sexual reprodutuction process ကိုကျော်လွန်ပြီး နောက် ဂျယ်လီငါးလို သွားလာနေထိုင်နိုင်ပါတယ်။ ဆဲလ် အဟောင်းနဲ့ ဆဲလ်အသစ် အမြဲ လဲလှယ်နေတတ်ပြီး ဘယ်တော့မှ မသေသတ် ပါဘူး။

သေမယ်ဆိုရင်တောင် ငါးစားလို့ သို့မဟုတ် အခြား ပယောဂများကြောင့် သာ ဖြစ်ပြီး ကိုယ်တိုင်သာ နေထိုင်ရင် ဘယ်လိုမှ မသေနိုင်ဘူး လို့ လေ့လာတွေ့ရှိထားပါတယ်။ ဒါကြောင့်လည်း Immortal jellyfish လို့အမည်ပေးထားပါတယ်။ သေပြီးသွားတဲ့ ဆဲလ်နေရာမှာ ဆဲလ် အသစ် ပြန်ပြန်အစားထိုးသွားတဲ့ ဖြစ်စဉ်ကို ဆေးပညာရှင်နဲ့ သိပ္ပံပညာရှင် တို့ လေ့လာပြီး လူသားများအတွက် အသုံးပြုရန် ကြိုးပမ်းလျက်ရှိ ကြောင်း သိရပါတယ်။
--
Ref: wiki,rarefacts
Aung Kham (TSJ team)

http://blog.techspace.com.mm/2013/01/immortal-jellyfish.html

TechSpace Journal
ဂျယ်လီငါး မျိုးစိတ်ဝင်တဲ့ Turritopsis nutricula အမည်ရ သတ္တဝါ ဖြစ်ပြီး သူ့ကို Immortal Jellyfish လို့လည်း ခေါ်ပါတယ်။
တကယ်မသေနိုင်ပါဘူး။ ဇီဝဗေဒပညာရှင်တို့ လက်တွေ့ကျကျ လေ့ လာမှုအရ ဓာတ်ခွဲခန်းမှာ စောင့်ကြည့်တာတောင် တစ်ကောင်မှ မသေ ဖူးပါတယ်။ အရွယ်အစားလည်း သေးပါတယ်။ အချင်း ၀.၁၈ လက်မ

လဂျားယန် တပ်စခန်းအား ကယ်တင်ခြင်း

လဂျားယန် တပ်စခန်းအား ကယ်တင်ခြင်း
Saturday, January 26, 2013

မြို့တော် မြစ်ကြီးနားနှင့် တောင်ဘက်ရှိ ဗန်းမော်မြို့ကို ဆက်သွယ် ထားသော အရှည် (၁၁၄) မိုင်ရှိ ပြည်ထောင်စု လမ်းမကြီးသည် ကချင်ပြည်နယ်၏ အသက် သွေးေ ကြာ သဖွယ် အရေးပါ လှပါသည်။ ဒေသနေ ပြည်သူ အများစုမှာ ဤလမ်းမကြီးကို အမှီ သဟဲပြု နေ့ည ဖြတ်သန်း သွားလာ နိုင်ပြီး မြစ်ကြီးနားမှ ဗန်းမော်မြို့ထိ ခရီးသည်  ၆  နာရီ ခရီးသာ ကွာဝေး ပါသည်။ ယင်းခရီး တစ်ဝက်ခန့်တွင် လဂျားယန်ရွာ ရှိပြီး လဂျားယန်သည် လိုင်ဇာမြို့၏ ဝင်ထွက် ပေါက်လည်း ဖြစ်ပါသည်။

ကချင် ပြည်နယ်သည် ၁၉၉၄ ခုနှစ်၊ KIA တို့ ငြိမ်းချမ်းရေး ယူစဉ် ကတည်းက တည်ငြိမ် အေးချမ်း နေခဲ့ပြီး ဖြစ်ပါသည်။ ၂ဝ၁၁ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့တွင် တာပိန်ရေအား လျှပ်စစ် စီမံကိန်း လုံခြုံရေး တာဝန် ထမ်းဆောင် နေသော  တပ်မတော် အရာရှိ နှစ်ဦးအား KIA တို့မှ ဖမ်းဆီး ထိန်းသိမ်း ခဲ့သဖြင့် ၄င်းကိစ္စ အပေါ် အေး ချမ်းစွာ ဖြေရှင်းရန် သွားရောက် ခဲ့သည့် အခြေချ စစ်ဗျူဟာမှူး ဦးစီး စစ်ကြောင်းကို ဆန်ခါစခန်း၊ ထုံးဘိုစခန်း များရှိ KIA တို့မှ စောင့်ကြို ပစ်ခတ် ခဲ့ရာမှ တပ်မတော်နှင့် တိုက်ပွဲများ ပြန်လည် ဖြစ်ပွား ခဲ့ပါသည်။

လဂျားယန် တပ်စခန်းသည် ပြည်ထောင်စု လမ်းမကြီး လုံခြုံရေးနှင့် နယ်မြေ အေးချမ်းရေး အတွက် အရေးပါသော တပ်စခန်း ဖြစ်ပါသည်။ ယင်းစခန်းသည် ၁၉၉၄ ခုနှစ်၊ KIA တို့နှင့် ငြိမ်းချမ်းရေး မယူစဉ် ကတည်းက မိမိ တပ်မတော်မှ အခြေချ ခဲ့ပြီး နယ်မြေ လုံခြုံရေး ဆောင်ရွက် ခဲ့ခြင်း ဖြစ်ပါသည်။ ငြိမ်းချမ်းရေး ဆောင်ရွက် ထားမှုကို အခွင့်ကောင်း ယူကာ KIA တို့က လဂျားယန် စခန်း အနီးသို့ တိုးချဲ့ လှုပ်ရှား အခြေပြု လာကြသဖြင့် ပုံတွင် ဖော်ပြ ထားသည့် အတိုင်း တပ်မတော် စခန်းငယ် တစ်ခုအား KIA အင်အား အများ အပြားဖြင့် ဝိုင်းပတ် ပိတ်ဆို့ ထားသည့် အခြေအနေသို့ ရောက်ရှိ ခဲ့ရပါသည်။

လဂျားယန်တွင် တာဝန် ထမ်းဆောင်ရသည့် စစ်သည်များ အတွက် ရိက္ခာ ပို့ဆောင်သည့် လုပ်ငန်းသည် စစ်ဆင် တိုက်ခိုက်ရန် လှုပ်ရှား ဆောင်ရွက်သည့် ကိစ္စမျိုး မဟုတ်ဘဲ သာမန် လုပ်ရိုး လုပ်စဉ် အုပ်ချုပ်မှု ကိစ္စသာ ဖြစ်ပါသည်။ ယင်းသို့ လုပ်ဆောင်သည့် အချိန်တိုင်း တပ်မတော် အနေဖြင့် အသိပေးရန် မလိုသော်လည်း KIA အဖွဲ့ထံ စာဖြင့် ကြိုတင် အသိပေး အကြောင်း ကြားပြီးမှသာ ဆောင်ရွက် ခဲ့ပါသည်။ သို့သော် ရိက္ခာ ပို့ဆောင် စဉ်တိုင်း KIA တို့မှ အင်အား စုစည်း၍ နေရာ အနှံ့အပြားမှ စောင့်ကြို တိုက်ခိုက် ခဲ့ပါသည်။ ၂ဝ၁၂ ခုနှစ်၊ ဒီဇင် ဘာလ ၂၃ ရက်နေ့တွင် လဂျားယန် လုံခြုံရေး တပ်စခန်းသို့ ရိက္ခာ ပို့ဆောင်မည့် အကြောင်း ကို ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့မှ တစ်ဆင့် KIA အဖွဲ့ထံ တရားဝင် စာဖြင့် အကြောင်းကြား ခဲ့ပါသည်။ KIA တို့က စောင့်ကြို တိုက်ခိုက် ခဲ့ပြန်ပါသည်။ ရိက္ခာ ပို့ဆောင် ခဲ့သည့် အကြိမ်တိုင်း KIA တို့၏ စောင့်ကြို တိုက်ခိုက် မှုကြောင့် စုစုပေါင်း တပ်မတော်သား ၃၅ ဦး ကျဆုံးကာ  ၁၉ဝ  ဦး ထိခိုက် ဒဏ်ရာ ရရှိ ခဲ့ပါသည်။         

လဂျားယန် စခန်းရှိ  စစ်သည်များ အနေဖြင့်  ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ရိက္ခာ ကုန်မည် ဖြစ်သော်လည်း ကျန်ရှိသည့် ရိက္ခာ အနည်းငယ်အား ရိက္ခာ လာရောက် ပို့ဆောင်သူများ မရောက်မီ အချိန်အတွင်း နေ့စဉ် ချွေတာ စားသုံးနေ ခဲ့ရပါသည်။  ဤသို့ စားသုံး နေရသည့် ရက်များ ရှည်ကြာ လာခဲ့သည့် အတွက်  ရိက္ခာ လက်ကျန် မရှိတော့သည့် အခြေ အနေသို့ ဆိုက်ရောက် ခဲ့ရပြီး အချိန်မီ ရိက္ခာ မပို့ဆောင် နိုင်ပါက အစာရေစာ ပြတ်လပ်၍ သေဆုံးခြင်း၊ သို့မဟုတ် KIA မှ ဖမ်းဆီးမှု ခံရခြင်း၊ သို့မဟုတ် နှစ်မျိုးစလုံး ဖြစ်နိုင်ဖွယ် ရှိပါသည်။ ယင်း အခြေ အနေတွင် KIA တို့က လဂျားယန် စခန်းအား အပြင်မှ သံဆူးကြိုး ကာရံ၍  အဆက် အသွယ် ဖြတ်တောက် ပိတ်ဆို့ ထားခဲ့ပါသည်။

လဂျားယန် တပ်စခန်းမှ စစ်သည်များ၏  ရိက္ခာ ပြတ်လပ်မှုနှင့် လုံခြုံရေး အန္တရာယ်များ တွေ့ကြုံ နေရသည့် အခြေအနေ တို့မှ ကယ်တင် နိုင်ရန် တပ်မတော် အနေဖြင့် လမ်းကြောင်း ရှင်းလင်းသည့် တိုက်ခိုက်မှု တစ်ခုကို ရည်မှန်းချက် ကန့်သတ်ချက်၊ နယ်မြေ ကန့်သတ် ချက်နှင့် အင်အား ကန့်သတ်ချက်တို့ ထားရှိပြီး မလွှဲမရှောင် သာ ဆောင်ရွက် ခဲ့ရပါသည်။

ယင်းတိုက်ခိုက် မှုတွင် KIA တို့မှ ယခင် ထင်မှတ် ထားသည်ထက် အင်အားများပြား လွန်းနေ ခြင်း၊ နေရာ အများ အပြားတို့မှ အခိုင်အမာ ခံစစ်ဆင် ပိတ်ဆို့ ထားခြင်း၊ မြေမြှုပ် မိုင်းများ၊ ချိန်ကိုက် မိုင်းများ၊  ဆွဲမိုင်းများ၊  အများအပြား အသုံးပြု တိုက်ခိုက်ခြင်း၊  တပ်မတော် စစ်ကြောင်းများ ချီတက်ရာ လမ်းဝဲယာ တောင်ကုန်း များ ပေါ်မှ ပြင်းထန်စွာ ပိတ်ဆို့ ခုခံခြင်း များကြောင့် တပ်မတော် အနေဖြင့် လဂျားယန် စခန်းသို့ ရိက္ခာ အချိန်မီ ရောက်ရှိရေး အလို့ငှာ အရပ်သား ပစ်မှတ်များကို မထိခိုက် စေဘဲ အကန့် အသတ်ဖြင့် ပစ်ကူ ရယူ တိုက်ခိုက် ဆောင်ရွက် ခဲ့ရပါသည်။

နိုင်ငံတော် အစိုးရနှင့် တပ်မတော် တို့သည် ငြိမ်းချမ်းရေးကို အမှန်ပင် လိုလားကြောင်း  ထပ်ခါ တလဲလဲ ပြောကြားခဲ့ပြီး ဖြစ်ပါသည်။ ၂ဝ၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၁ဝ ရက်နေ့တွင် နိုင်ငံတော် သမ္မတက ထိုးစစ်ဆင် တိုက်ခိုက်မှုများ မပြုလုပ်ရန် ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပြီး တပ်မတော် အနေဖြင့် တိကျစွာ လိုက်နာလျက် ရှိပါသည်။ KIA အဖွဲ့နှင့်လည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များကို အလွတ် သဘော ၄ ကြိမ်၊ ပြည်နယ် အဆင့် ၃ ကြိမ်၊ ပြည်ထောင်စု အဆင့် ၄ ကြိမ် ပြုလုပ် ခဲ့ပြီး ဖြစ်ပါသည်။

သို့သော် KIA အဖွဲ့ အနေဖြင့် ၂ဝ၁၁ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့မှ ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့ အထိ တပ်မတော် စစ်ကြောင်းများ သာမက စစ်ရေး အရ မဟုတ်သည့် လမ်းတံတား များအား ဖောက်ခွဲ ဖျက်ဆီးခြင်း ၁၉၈ ကြိမ်၊ အရပ်သား များအား မိုင်းဖြင့် တိုက်ခိုက်ခြင်း  ၆၆ ကြိမ်၊  လုယက် ဖျက်ဆီးခြင်း ၉၈ ကြိမ်၊ လူသစ် များ အဓမ္မ ဖမ်းဆီးခြင်း ၃၅ ကြိမ် ပြုလုပ် ခဲ့ပါသည်။

၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာလ ၃ဝ ရက်နေ့ ရွှေလီမြို့တွင် ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေး ဆွေးနွေး ပွဲတွင် နှစ်ဖက်ကြိုတင် ညှိနှိုင်းချက် အရ တပ်ပိုင်းဆိုင်ရာ ကိစ္စများ ဆွေးနွေးရန် တပ်မတော်မှ ဒုတိယ ဗိုလ်ချုပ်ကြီး တစ်ဦးကို ပင်လျှင် အဖွဲ့ဝင် အဖြစ် စေလွှတ်ေ ပးခဲ့ပါသည်။ KIA ဘက်မှ အရေးပါသည့် ခေါင်းဆောင်ပိုင်း တက်ရောက်မှု မရှိ ခဲ့ခြင်းကြောင့် ထိရောက်သည့် ဆွေးနွေး မှုများ မပြုလုပ်နိုင် ခဲ့ခြင်းမှာ ယခုကဲ့သို့ တိုက်ပွဲများ ဖြစ်ပွားလာ ရခြင်း၏ အခြေခံ အကြောင်း တစ်ချက် ဖြစ် ပါသည်။

၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာလ ၃ဝ ရက်နေ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အထမမြောက် ခဲ့သော် လည်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီမှ ၂ဝ၁၂ ခုနှစ်၊ ဒီဇင် ဘာလ ၁၃ ရက်နေ့တွင် ၁ ကြိမ်၊ ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ၁ ကြိမ် KIO  အဖွဲ့ ထံသို့ တရားဝင် ကမ်းလှမ်းမှုများ ဆက်လက်ပြု လုပ်ခဲ့ပါသည်။

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် သတင်း ထုတ်ပြန်ရေး အဖွဲ့၏ သတင်း ထုတ်ပြန် ချက် (၃/၂ဝ၁၃)ကို၂ဝ၁၃ခုနှစ်၊  ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ထုတ်ပြန် ခဲ့သော်လည်း ၄င်းနေ့ တွင်ပင် တရား ဥပဒေ စိုးမိုးရေး ဆောင်ရွက်နေသော ကာမိုင်း ပြည်သူ့ ရဲစခန်းအား ဝင်ရောက် တိုက်ခိုက်ခြင်း၊ ဗန်းမော်-လွယ်ဂျယ် လမ်းရှိ အရပ်သား ကားများ မိုင်းခွဲ တိုက်ခိုက်ခြင်း၊ ဖားကန့် ဒေသရှိ ကျောက်မျက် ကုမ္ပဏီ များအား  ဝင်ရောက် မီးရှို့ဖျက် ဆီးခြင်း စုစုပေါင်း ၁၁ ကြိမ် အကြမ်းဖက် တိုက်ခိုက် ခဲ့ပါသည်။

အချုပ်အားဖြင့် တပ်မတော် အနေဖြင့် တိုင်းရင်းသား များအား တိုက်ခိုက်ခြင်း မဟုတ်ဘဲ လမ်းပန်း ဆက်သွယ်မှု လုံခြုံ ချောမွေ့ စေရေးနှင့် ပြည်သူ လူထု၏ အသက် အိုးအိမ် စည်းစိမ်အား နှောင့်ယှက် ဖျက်ဆီးလျက် ရှိသော မည်သည့် လက်နက်ကိုင် အကြမ်းဖက် အဖွဲ့ အစည်းကို မဆို တပ်မတော်၏ တာဝန်အရ ကာကွယ် တိုက်ခိုက် ရခြင်း ဖြစ်ပါကြောင်း ဖော်ပြ အပ်ပါသည်။    
မြ၀တီ

မြစ်ကြီးနား-ဗန်းမော် လမ်းကြောင်းနှင့် လဂျားယန် စခန်းအား KIA မှ ထိန်းချုပ် ထားစဉ်။ မြစ်ကြီးနား-ဗန်းမော် လမ်းကြောင်းနှင့် လဂျားယန် စခန်းအား KIA မှ ထိန်းချုပ် ထားစဉ်။

မြို့တော် မြစ်ကြီးနားနှင့် တောင်ဘက်ရှိ ဗန်းမော်မြို့ကို ဆက်သွယ် ထားသောအရှည် (၁၁၄)မိုင်ရှိ ပြည်ထောင်စုလမ်းမကြီးသည် ကချင်ပြည်နယ်၏အသက် သွေးေ ကြာသဖွယ် အရေးပါလှပါ သည်။ ဒေသနေ ပြည်သူအများစုမှာ ဤလမ်းမကြီးကို အမှီ သဟဲပြု နေ့ည ဖြတ်သန်းသွားလာ နိုင်ပြီး မြစ်ကြီးနားမှ ဗန်းမော်မြို့ထိ ခရီး သည် ၆ နာရီ ခရီးသာ ကွာဝေးပါသည်။ ယင်းခရီးတစ်ဝက် ခန့်တွင် လဂျားယန်ရွာရှိပြီး လဂျားယန်သည် လိုင်ဇာမြို့၏ ဝင်ထွက် ပေါက်

မဟာခေါင်းဆောင်



"ခေါင်းဆောင်တို့၏ ခေါင်းဆောင်” အဆင့်သို့ တက်လှမ်းနိုင်သူသည် မဟာ ခေါင်းဆောင်ဖြစ်သည်။

ခေါင်းဆောင်တို့၏ ခေါင်းဆောင်ဖြစ်ရန် လိုအပ်ချက် သုံးရပ် ရှိသည်။
၁။ မိမိအဖွဲ့အစည်း အောင်မြင်ရန် ထူးချွန်ထက်မြက်သူများ လိုအပ်ကြောင်း သိရမည်။
၂။ မိမိကိုယ်တိုင် ထူးချွန် ထက်မြက်သူ ဖြစ်ရ မည်။
၃။ နေရာတိုင်းတွင် မိမိ မတော်နိုင်ကြောင်း၊ တော်ဖို့ မလိုကြောင်း သိရမည်။

သံတောင် အထူးဒေသ ငြိမ်းချမ်းရေး အဖွဲ့ နာယက ဗိုလ်မှူးကြီး စောဖယ်ရီမိုး ကွယ်လွန်


ရန်ကုန်၊ ဇန်နဝါရီ ၂၅

သံတောင်အထူးဒေသ ငြိမ်းချမ်းရေးအဖွဲ့ နာယက ဗိုလ်မှူးကြီး စောဖယ်ရီမိုးသည် နေပြည်တော် ဆေးရုံ ၌ ဇန်နဝါရီလ ၂၄ ရက်နေ့ ည ၇နာရီ မိနစ် ၄၀ တွင် ကွယ်လွန်သွားကြောင်း အဆိုပါအဖွဲ့၏ စာပေ နှင့် ယဉ်ကျေးမှု ကော်မတီဝင် ဗိုလ်မှူးကြီး စောကေထူး က The Voice Weekl သို့ ပြောကြားသည်။

နိုင်ငံဧရိယာ ၁၀ ရာခိုင်နှုန်းကို သဘာဝနယ်မြေအဖြစ် သတ်မှတ်တည်ထောင်ရန် ရည်မှန်းချက် နီးကပ်လာ

နိုင်ငံဧရိယာ၏ ၁၀ ရာခိုင်နှုန်းကို သဘာဝနယ်မြေအဖြစ် သတ် မှတ် တည် ထောင်ရန် ရည်မှန်းချက် နီးကပ်လာပြီဟု ဇန်န၀ါရီလ ၁၆ ရက်နေ့က ကျင်းပသည့် မြန်မာနိုင်ငံရှိ သဘာဝနယ်မြေများ စီမံ အုပ်ချုပ်မှု ရေရှည်တည်တံ့စေရေး အဆင့်မြှင့်တင်ခြင်းလုပ်ငန်း စီမံကိန်း ညှိနှိုင်း အစည်းအဝေးတွင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း ကပြောကြားသည်။

ခါယာဘွမ်ကုန်း ကျပြီ

ခါယာဘွမ်ကုန်း ကျပြီ
Saturday, January 26, 2013

ကေအိုင်အေဌာနချုပ် လိုင်ဇာမြို့၏ နောက်ဆုံး ခံတပ်ဟု ပြော၍ ရသော ခါယာဘွမ် တောင်ကုန်းကို တပ်မတော်က ယနေ့ နံနက်၁၁နာရီ တွင်သိမ်းယူလိုက်ပြီ ဖြစ်ကြောင်း ကနဦး သတင်းရရှိပါတယ်။ ဇန်နဝါရီလ ၂၃ ရက်နေ့ကတည်းက တပ်မတော်က ၈၁ မမ ၊ ၁၀၅ မမ၊ ၁၂၀မမ များ နှင့် အဆက်မပြတ် ပစ်ခတ်ခဲ့ပြီး တိုက်ပွဲများ ပြင်ထန်းခဲ့တယ်လို့လည်း သိရပါတယ်။ တပ်မတော်က တစ်နာရီအတွင်းမှာ လက်နက်ကြီး ကျည်း၁၂၈၀ ပစ်ခတ်ခဲ့တယ်လို့ ကေအိုင်အေဘက်က ပြောဆိုပါတယ်။ခါယာဘွမ်ကုန်းကို ဆုံးရှုံးသကဲ့သို့ ထိခိုက်ဒဏ်ရာရသူများတယ်လို့ လည်း သိရပါတယ်။ ယနေ့ သတင်းစာမှာတော့ ကေအိုင်အေ ရဲ့ သဘောဆန္ဒအရ တိုက်ပွဲမရပ်ဘဲ ဆွေးနွေးဖို့ကို လွှတ်တော်က အတည်ပြုတဲ့အကြောင်း ဖော်ပြထားပါတယ်။

အဘ မင်းထက် စံ
ကေအိုင်အေဌာနချုပ် လိုင်ဇာမြို့၏ နောက်ဆုံးခံတပ်ဟု ပြော၍ရသော ခါယာဘွမ်တောင်ကုန်းကို တပ်မတော်က ယနေ့ နံနက်၁၁နာရီ တွင် သိမ်းယူလိုက်ပြီ ဖြစ်ကြောင်းကနဦး သတင်းရရှိပါတယ်။ ဇန်နဝါရီလ ၂၃ ရက်နေ့ကတည်းက တပ်မတော်က ၈၁ မမ ၊ ၁၀၅ မမ၊ ၁၂၀မမ များ နှင့် အဆက်မပြတ်ပစ်ခတ်ခဲ့ပြီး တိုက်ပွဲများ ပြင်ထန်းခဲ့တယ်လို့လည်းသိရပါတယ်။ တပ်မတော်က

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို သီးခြားလွတ်လပ်သည့် ဘုတ်အဖွဲ့တစ်ခုအဖြစ် အသွင်ပြောင်းလဲရန် စီစဉ်




မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို သီးခြားလွတ်လပ်သည့် ဘုတ်အဖွဲ့တစ်ခုအဖြစ် အသွင်ပြောင်း လဲရန်စီစဉ်နေပြီး ပွင့်လင်းမြင်သာမှုမရှိသည့် လိုင်စင်ချပေးမှုလုပ်ငန်းများကို အဆုံးသတ်စေမည်ဟု စီးပွားရေးနှင့် လူမှုရေးပြုပြင်ပြောင်းလဲမှုအတွက် ရေးဆွဲထားသည့် အခြေခံမူဘောင်တွင် ဖော်ပြချက်အရ သိရသည်။
စစ်တွေမြို့ သင်္ဘော ဆိပ်ကမ်း၌ WY စိတ်ကြွ ဆေးပြား များနှင့် ခြောက်လုံးပြူး လုပ်သေနတ် တစ်လက် ဖမ်းဆီး ရမိ

နယ်စပ်ဒေသ များ၌ မူးယစ် ဆေးဝါး ပပျောက်ရေး အတွက် နိုင်ငံတော် အစိုးရ၊ ဒေသခံ ပြည်သူ၊ တပ်မတော်နှင့် မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ သတင်း ဖော်ထုတ် ရှင်းလင်း ဆောင်ရွက်လျက် ရှိရာ ဇန်နဝါရီ ၂၄ ရက် နံနက် ၇ နာရီခွဲ တွင် သတင်းအရ စစ်တွေမြို့မှ ဘူးသီး တောင်သို့ ထွက်ခွာမည့် မလိခ အမြန် ရေယာဉ်ပေါ်၌ ဦးအိန္ဒြာစာရ (ခ) ဦးထွန်းအေး ကျော် ၃၈ နှစ် (ဘ)မောင်သက်ရှည်နှင့် ဦးသန်းလှိုင် (ခ) ဦးမောင်လုံး ၃၇ နှစ် (ဘ) ဦးသာစိတ် တို့အား ခွင့်ပန်၍ ရှာဖွေ စစ်ဆေးရာ ဦးအိန္ဒြာစာရ (ခ) ဦးထွန်းအေးကျော်၏ လက်ဆွဲအိတ် အတွင်းမှ တရားမဝင် သယ်ဆောင် လာသော ခြောက် လုံးပြူး လုပ်သေနတ် တစ်လက်၊ ကျည် မျိုးစုံ ၂၆ တောင့်၊ ၉၁ မမ လက်ပစ် ဗုံး တစ်လုံး၊ ၉ မမ ကျည်အိမ် တစ်ခု၊ CDMA-450 လက်ကိုင်ဖုန်း တစ်လုံးတို့နှင့် အတူ WY စိတ်ကြွ ဆေးပြား ၄၉၆ဝဝ ပြားအား သိမ်းဆည်း ရမိခဲ့ သည်။

အဆိုပါ သိမ်းဆည်း ရရှိသည့် ပစ္စည်း များအား စစ်တွေမြို့ နယ်မြေခံ ရဲစခန်းသို့ အပ်နှံပြီး သယ်ဆောင်သူ များအား ဥပဒေအရ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

http://www.myawady.net.mm/allnews/local/item/5305-2013-01-25-09-20-39#.UQLIFe72usc
စစ်တွေမြို့ သင်္ဘောဆိပ်ကမ်း၌ WY စိတ်ကြွ ဆေးပြားများနှင့် ခြောက် လုံးပြူးလုပ်သေနတ်တစ်လက်ဖမ်းဆီးရမိနယ်စပ်ဒေသများ၌ မူး ယစ် ဆေးဝါးပပျောက်ရေးအတွက် နိုင်ငံတော် အစိုးရ၊ ဒေသခံ ပြည် သူ၊ တပ်မတော်နှင့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်း၍ သတင်း ဖော် ထုတ်ရှင်းလင်း ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၄ ရက် နံနက် ၇ နာရီခွဲတွင်သတင်းအရ စစ်တွေမြို့မှ ဘူးသီး တောင်သို့ထွက်ခွာမည့်

BBC သတင်းထောက်မှ မြန်မာဂျာနယ်လစ်များအား သင်တန်းပို့ချ

BBC သတင်းထောက်မှ မြန်မာဂျာနယ်လစ်များအား သင်တန်းပို့ချ
Saturday, January 26, 2013

မြန်မာနိုင်ငံမှ စာနယ်ဇင်းဆရာများအနေဖြင့် ပြည်သူများထံသို့ ဖြစ်ရပ်မှန်
မှတ်တမ်းများအား ဖော်ထုတ်တင်ပြနိုင်ရန်အတွက် ကမ္ဘာ့စာနယ်ဇင်း ဓါတ်ပုံဆုရ ဗြိတိန်နိုင်ငံမှ ဓါတ်ပုံသတင်းထောက် Nick Danziger နှင့် စာရေးဆရာ Rory Maclean တို့မှ သင်တန်းပို့ချပေးလျှက်ရှိကြောင်း သိရသည်။

“မြန်မာပြည်မှာ အရည်အချင်းပြည့်ဝတဲ့ ဂျာနယ်လစ်တွေဖြစ်လာ
ဖို့အတွက်၊ နှစ်ဦးနှစ်ဖက် တကယ့်ကိုအကျိုးကျေးဇူးရှိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်ပေးတာပါ။” ဟု ဗြိတိသျှကောင်စယ်လ်မှ ပရိုဂရမ်မန်နေဂျာဒေါ်ကြည်ကြည်ပြုံးကပြောသည်။

အဆိုပါ သင်တန်းတွင် သင်တန်းသား (၁၆)ဦး တက်ရောက်လျက်ရှိပြီး သင်တန်းပြီးချိန်၌ ၎င်းတို့၏ သတင်းဆောင်းပါး ဓါတ်ပုံများအား Park Royal ဟိုတယ်၌ပြုလုပ်မည့် ဧရာဝတီစာပေပွဲတော်တွင် ထည့်သွင်းပြသ
သွားမည်ဖြစ်သည်။

“ဒီပြည်သူကြားတွေထဲမှာ သိနေသော်လည်းပဲ လိုအပ်တယ်၊ ထပ်ထပ်ခါခါပြောနေရမယ်၊ under line ဒါတွေကိုကျွန်တော်တို့ ဘယ်လိုလုပ်ရမလည်းဆိုတာ ဒီသင်တန်းကနေ သိရှိရတယ်” ဟု သင်တန်းသားတစ်ဦးဖြစ်သူ ကိုဇင်မျိုးဆတ်က ပြောသည်။

ထိုကဲ့သို့ စာနယ်ဇင်းဆိုင်ရာသင်တန်းများကို နောက်ပိုင်းတွင်လည်း ဆက်လက်ဖွင့်နိုင်ရေး ကြိုးပမ်းသွားမည်ဟု ပရိုဂရမ်မန်နေဂျာ
ဒေါ်ကြည်ကြည်ပြုံးက ဆိုသည်။

BBC သတင်းထောက်ဖြစ်သည့် Nick Danziger သည် ဗြိတိန်နိုင်ငံ၏ အထင်ရှားဆုံးဓါတ်ပုံဆရာတစ်ဦးဖြစ်ပြီးကမ္ဘာ့စာနယ်ဇင်း ဓါတ်ပုံဆုရ
ရှိဖူးသူတစ်ဦးဖြစ်ပြီး၊  Rory Macleanမှာ တော်ဝင်စာပေအသင်းမှ စာပေပညာရှင်တစ်ဦးဖြစ်ပြီး ၀င်စတန်ချာချီခရီးသွား ပညာသင်ဆု
ချီးမြှင့်ခံခဲ့ရသူတစ်ဦးဖြစ်ကြောင်း  ဇန်န၀ါရီ (၂၅)ရက်နေ့တွင် ဗြိတိသျှသံရုံး၌ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲမှသိရသည်။

တစ်ရက်တည်းမှာပင် အဆိုပါသတင်းစာရှင်းလင်းပွဲနှင့်အတူ  ယူဂိုဆလားဗီးယားနိုင်ငံတွင် စစ်ကြောင့် သေဆုံးသွားသော လူတစ်သိန်းလေးသောင်းတို့၏ အကြောင်ကို “ပျောက်ဆုံးနေသော
ဘ၀များ”အမည်ဖြင့် ပြပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

ကောင်းမြတ်ဖြိုး ( မြစ်မခ )
Myit Makha Mediagroup
မြန်မာနိုင်ငံမှ နယ်ဇင်းဆရာများအနေဖြင့် ပြည်သူများထံသို့ ဖြစ်ရပ်မှန် မှတ်တမ်းများအား ဖော်ထုတ်တင်ပြနိုင်ရန်အတွက် ကမ္ဘာ့စာနယ်ဇင်း ဓါတ်ပုံဆုရ ဗြိတိန်နိုင်ငံမှ ဓါတ်ပုံသတင်းထောက် Nick Danziger နှင့် စာရေးဆရာ Rory Maclean တို့မှ သင်တန်းပို့ချပေးလျှက်ရှိကြောင်း သိ ရသည်။

တပ်မတော် စစ်ကြောင်းနှင့် နယ်မြေခံ ပြည်သူ့စစ် ပူးပေါင်း အဖွဲ့မှ KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များ၏ လက်နက်များ ရှာဖွေ တွေ့ရှိ

တပ်မတော် စစ်ကြောင်းနှင့် နယ်မြေခံ ပြည်သူ့စစ် ပူးပေါင်း အဖွဲ့မှ KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များ၏ လက်နက်များ ရှာဖွေ တွေ့ရှိ
Saturday, January 26, 2013 

KIA အကြမ်းဖက် သောင်းကျန်း သူများ အနေဖြင့် စစ်ရေးနှင့် မသက်ဆိုင်သည့် နေရာများ၊ အပြစ်မဲ့ ပြည်သူများနှင့် ဒေသ တည်ငြိမ်ရေးနှင့် တရား ဥပဒေ စိုးမိုးရေး အတွက် တာဝန် ထမ်းဆောင်လျက် ရှိသော လုံခြုံရေး တပ်ဖွဲ့ဝင် များအား အဆက်မပြတ် တိုက်ခိုက်မှု များကို မလိုလားသော၊ လက်မခံ နိုင်သော ဒေသခံ ပြည်သူများ၏ သတင်းပေး မှု အရ နယ်မြေခံ တပ်မတော် လှုပ်ရှား စစ်ကြောင်းနှင့် နယ်မြေခံ ပြည်သူ့စစ် ပူးပေါင်း အဖွဲ့များသည် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၂၃ ရက် ည ၉ နာရီ ၂၅ မိနစ် ခန့်က မုံးယား/ မုံးဟောင် နယ်မြေ အတွင်း ရှင်းလင်း ခဲ့ရာ KIA အကြမ်းဖက် သောင်းကျန်းသူ များ၏ လျှို့ဝှက် သိမ်းဆည်း ထားသည့် လက်နက် မျိုးစုံ ၁ဝ လက်အား ဖော်ထုတ် သိမ်းဆည်း ရရှိခဲ့သည်။

ဒေသခံ ပြည်သူများ အနေဖြင့် KIA အကြမ်းဖက် သောင်းကျန်းသူ များ၏ လုပ်ရပ်များ အပေါ် မကျေနပ် ချက်များ၊ စက်ဆုပ် ရွံရှာမှုများ ဖြစ်ပေါ်လျက် ရှိသဖြင့် နယ်မြေခံ တပ်မတော် စစ်ကြောင်းများ၊ နယ်မြေခံ ပြည်သူ့စစ် များနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီ
KIA အကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် စစ်ရေးနှင့် မသက်ဆိုင်သည့်နေရာများ၊ အပြစ်မဲ့ ပြည်သူများနှင့် ဒေသ တည် ငြိမ်ရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် တာဝန်ထမ်းဆောင်လျက် ရှိသောလုံခြုံရေးတပ်ဖွဲ့ဝင်များအား အဆက်မပြတ်တိုက်ခိုက်မှုများကို

နာမည်ကြီး Telecom ကုမ္ပဏီကြီး ၄ ခု မြန်မာမှာ ရင်းနှီးမြှုပ်နှံဖွယ်ရှိ

နာမည်ကြီး Telecom ကုမ္ပဏီကြီး ၄ ခု မြန်မာမှာ ရင်းနှီးမြှုပ်နှံဖွယ်ရှိ
Saturday, January 26, 2013

ဆယ်စုနှစ်ပေါင်းများစွာ စစ်အုပ်ချုပ်ရေးအောက် ရှိခဲ့တဲ့ မြန်မာနိုင်ငံမှာ တယ်လီဖုန်းဆက်သွယ်ရေး လုပ်ငန်းတွေနဲ့ ပတ်သက် လို့
လုပ်ငန်းလုပ်ပိုင်ခွင့် လိုင်စင်လျှောက်ထားဖို့ ဖိတ်ခေါ်ခဲ့ပြီးနောက်ပိုင်း နာမည်ကြီး တယ်လီကွန်း ကုမ္ပဏီကြီး ၄ ခုလည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားနေကြပါတယ်။ 

အဲဒီကုမ္ပဏီကြီး ၄ ခုကတော့ နော်ဝေနိုင်ငံက Telenor ၊ ထိုင်းနိုင်ငံက DTAC ၊ မလေးရှားနိုင်ငံက Axiata နဲ့ အာရှတိုက်မှာ အကြီးဆုံးကုမ္ပဏီလည်းဖြစ်တဲ့  Singapore Telecommunications ကုမ္ပဏီများဖြစ်တဲ့ ST Telemedia နဲ့ Temasek Holdings ဆိုတဲ့ စင်ကာပူကုမ္ပဏီ ၂ ခုဖြစ်တို့ဖြစ်ကြပါတယ်တဲ့။ 

ဒီလို ကုမ္ပဏီကြီးတွေ လာရောက်ရင်းနှီးမြှုပ်နှံမယ်ဆိုရင်တော့ လူကြီးမင်းနဲ့ တွေ့ရတာများတဲ့ မြန်မာနိုင်ငံက တယ်လီဖုန်း တွေ အရင်ကထက် ပိုမိုကောင်းမွန်လာမယ့် လက္ခဏာတွေ ဖြစ်ပါတယ်။ 

ဧရာဝတီ
ဆယ်စုနှစ်ပေါင်းများစွာ စစ်အုပ်ချုပ်ရေးအောက်ရှိခဲ့တဲ့ မြန်မာနိုင်ငံမှာ တယ်လီဖုန်းဆက်သွယ်ရေး လုပ်ငန်းတွေနဲ့ပတ်သက်လို့ လုပ်ငန်း လုပ် ပိုင်ခွင့် လိုင်စင်လျှောက်ထားဖို့ ဖိတ်ခေါ်ခဲ့ပြီးနောက်ပိုင်း နာမည်ကြီး တယ်လီကွန်း ကုမ္ပဏီကြီး ၄ ခုလည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ် ၀င်စားနေကြပါတယ်။

မြန်မာနိုင်ငံပြန်တမ်း

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ပြောင်းရွှေ့ခန့်ထားခြင်းနှင့်
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်း

အိုဘားမား အာရှမူဝါဒ ဂျွန်ကယ်ရီ ဝေဖန်

အမေရိကန် ပြည်ထောင်စုရဲ့ နိုင်ငံခြားရေး ၀န်ကြီးအသစ် အဖြစ် အမည် စာရင်း တင်သွင်းထားတဲ့ အထက်လွှတ်တော်အမတ် John Kerry ကို လွှတ်တော်မှာ ကြားနာရာမှာ သမ္မတဘရက်ခ်အိုဘားမားအစိုးရရဲ့ အဓိ ကနိုင်ငံခြားရေးရာ မူဝါဒတခုဖြစ်တဲ့ အာရှတိုက်ကို ပိုမိုအာရုံစိုက် လာတဲ့ အစီအစဉ်အပေါ် ဝေဖန်ခဲ့တဲ့အတွက် အများကအာရုံစိုက်ခံခဲ့ကြရပါ

အိမ်ဖြူတော် အရာရှိချုပ်သစ် နာမည်ထုတ်ပြန်

အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား က သူ့ရဲ့ လက်ထောက် တဦး အဖြစ် အချိန်အတော်ကြာအမှုထမ်းခဲ့သူတယောက်ကို - အစိုးရ အဖွဲ့ သစ်အတွင်း သြဇာကြီးတဲ့ ရာထူးတခုမှာတာဝန်ပေးလိုက်ပါတယ်။ သမ္မတ က သူ့ရဲ့ အဓိကအကြံပေးပုဂ္ဂိုလ်တဦးဖြစ်တဲ့ Denis McDonough ကို သူ့ရဲ့ ၅ ယောက်မြောက် အိမ်ဖြူတော်အရာရှိချုပ် အဖြစ် သောကြာနေ့မှာပဲ ထုတ်ဖော် ကြေညာလိုက်တာပါ။

ဝတပ်ကို တရုတ်လက်နက်ရောင်း

တရုတ်မြန်မာ နယ်စပ်မှာအခြေစိုက်တဲ့  လက်နက်ကိုင်အဖွဲ့တခုကို တရုတ်နိုင်ငံက ခေတ်မှီလက်နက်တွေကို ရောင်းချနေတယ်လို့လုံ ခြုံရေးဆိုင်ရာ လေ့လာသုံးသပ်သူတွေက ပြောလိုက်ပါတယ်။ မြန်မာ နိုင်ငံထဲက အင်အားအကြီးဆုံးလက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ ဝပြည်သွေး စည်းညီညွတ်ရေးတပ်မတော်ကို တရုတ်က လက်နက်တွေတိတ်တ

Screen အရွယ်အစား ၈ လက်မရှိ Samsung Galaxy Note ထုတ်လုပ်မည်


samsungSamsung ကုမ္ပဏီက အရွယ်အစား (၈)လက်မရှိသည့် Screenကို အသုံးပြုထားသည့် Galaxy Note အမျိုးအစား Tablet ကွန်ပျူတာကို ထုတ်လုပ် ရောင်းချမည်ဟု အတည်ပြု ကြေညာလိုက်သည်။ ထို့ကြောင့် Tablet ဈေးကွက်အတွင်း အရွယ်အစားပိုမိုသေးငယ်အောင် ချုံ့ပြီး ဝင်ရောက်လာသည့် Apple၏ iPad Miniကို Samsungက တိုက်ရိုက် ယှဉ်ပြိုင်မည့် သဘောမျိုး ဖြစ်လာသည်။ Appleနှင့် Samsung