Friday 4 October 2013

နိုင်ငံရေး အကျဉ်းသားဟောင်း အများစုတွင် တွေ့ရတတ်သည့် စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ပြေလျော့စေရန် အေအေပီပီနှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ ဆောင်ရွက်လျှက်ရှိ

နိုင်ငံရေး အကျဉ်းသားဟောင်းများတွင် ဖြစ်တတ်သော စိတ်ပိုင်းဆိုင်ရာ ပြဿနာများအား ပြေလျော့စေ ရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ကျောင်းတော်ပြန်တို့ စကားဝိုင်းအား လုပ်ဆောင်ပေးနေပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP အဖွဲ့က Counselling ပြုလုပ်ပေးနေကြောင်း သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ NLD ၏ ပြည်သူ့ ဆန္ဒ ကောက် ယူမှုအား ရန်ကုန်တိုင်းအတွင်း အောက်တိုဘာ ၁၂ ရက်တွင် စတင်ရန် စီစဉ်

Photo: ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ NLD ၏ ပြည်သူ့ ဆန္ဒ ကောက် ယူမှုအား ရန်ကုန်တိုင်းအတွင်း အောက်တိုဘာ ၁၂ ရက်တွင် စတင်ရန် စီစဉ်
Friday, October 4, 2013

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ NLD ပါတီမှ ပြည်သူ့ ဆန္ဒ သဘောထား ကောက်ယူမှုကို ရန်ကုန်တိုင်း ဒေသကြီး အတွင်း အောက် တို ဘာ ၁၂၊ ၁၃ ရက် ခန့်တွင် စတင်သွားမည်ဟု ရန်ကုန်နှင့် ပဲခူးတိုင်း ဒေသကြီး၏ ဦးဆောင်တာဝန်ခံ တရား လွှတ်တော်ရှေ့နေ ဦးကိုနီက ပြောကြားသည်။ အဆိုပါ ပြည်သူ့ဆန္ဒ သဘော ထား ကောက်ယူမည့်ပုံစံနှင့် ကောက်ယူမည့်ရက် သတ်မှတ်ရန် ရန်ကုန်တိုင်း ဒေသကြီး ဥပဒေပြု အထောက်အကူပြု အဖွဲ့နှင့် NLD ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကော်မတီဝင် တစ်ဦးဖြစ်သူ ဦးကိုနီတို့ အောက်တိုဘာ ၃ ရက်က တွေ့ဆုံ ဆွေးနွေးပြီး အဆိုပါ ရက်များတွင် စတင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

''ရန်ကုန်တိုင်းမှာတော့ လာမယ့် ၁၂ ရက်၊ ၁၃ ရက် တစ်ရက်ရက်မှာ စနိုင်ဖို့ စီစဉ်နေတယ်။ ကျွန်တော်နဲ့ ရန်ကုန်တိုင်း အလုပ်အမှုဆောင်အဖွဲ့၊ ရန်ကုန်တိုင်း ဥပဒေ အထောက်အကူပြု အဖွဲ့တွေ တွဲလုပ်ရမယ်။ ကျွန်တော် က ရန်ကုန်နဲ့ ပဲခူးတိုင်းတွေကို တာဝန်ယူရမှာ'' ဟု တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ဆိုသည်။

ပြည်သူ့ဆန္ဒ ကောက်ယူရာတွင် နည်းလမ်းနှစ်မျိုးဖြင့် ကောက်ယူ သွားမည်ဖြစ်ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေကာ သိသင့်သည်များကို ရှင်းပြပြီး သဘောထား ရယူခြင်းနှင့် ဟောပြောပွဲများ ပြုလုပ်ကာ တက်ရောက်လာသည့် ပြည်သူများ၏ အသံများကို နားထောင်ခြင်းများ ပြုလုပ်ခြင်းတို့ ဖြစ်ကြောင်း သိရသည်။

သဘောထား ကောက်ယူမည့် ပုံစံနှင့် ပတ်သက်၍ ဦးကိုနီက ''ခရိုင်အစည်းအဝေး ခေါ်ပြီးတော့မှ ခရိုင်ဥပဒေ အထောက်အကူပြု အဖွဲ့နဲ့ ဗဟိုကော်မတီ အဖွဲ့တွေနဲ့ တွေ့မယ်။ ပြီးရင် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ ဘာလဲ။ နိုင်ငံအတွက် ဘယ်လောက် အရေးကြီးသလဲ။ ဒီမိုကရေစီ ဖွဲ့စည်းပုံရဲ့ စံနှုန်းတွေက ဘာတွေလဲ။ ၂၀၀၈ ဖွဲ့စည်းပုံဟာ ဒီမိုကရေစီ ဖွဲ့စည်းပုံနဲ့ ညီရဲ့လား။ အဲဒါကို ပြင်ချင်သလား။ ပြင်ရင် ဘယ်လိုနည်းလမ်းတွေ ရှိတယ်။ ဒါမှမဟုတ် အသစ်ဆွဲရင် ဘယ်လိုနည်းလမ်းတွေ၊ ကောင်းကျိုးဆိုးပြစ်တွေ ရှိမယ်။ အဲဒါတွေကို ပြည်သူတွေကို ချပြမယ်'' ဟု ပြောကြားသည်။

ယင်းကဲ့သို့ ပြည်သူ့ဆန္ဒ သဘောထား ကောက်ယူရန်အတွက် NLD မှ အဖွဲ့ခုနစ်ဖွဲ့ဖြင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ အဆိုပါ အဖွဲ့ ခုနစ်ဖွဲ့ အနေဖြင့် တစ်ပြိုင်နက်တည်း ကွင်းဆင်းလုပ်ဆောင် သွားမည်ဖြစ်ပြီး ပြည်သူလူထုများ စုစည်းခြင်းကို NLD မြို့နယ်၊ ကျေးရွာရုံးများမှ စုစည်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ဆန္ဒသဘောထား ကောက်ယူရာတွင် လက်မှတ်ရေး ထိုး ကောက် ခံခြင်းမျိုး ပြုလုပ်သွားမည် မဟုတ်ဘဲ ၎င်းတို့၏ အသံများကိုသာ နားထောင်စုစည်း သွားမည်ဖြစ်ကာ နိုင်ငံလုံးဆိုင်ရာ သဘောမျိုး မဟုတ်ဘဲ နှစ်လအတွင်း ရောက်နိုင်သမျှ ရောက်အောင် ကွင်းဆင်းသွားမည် ဖြစ်ကြောင်းနှင့် ရရှိလာမည့် ပြည်သူ့ အသံများကို ပြည်ထောင်စု လွှတ်တော်မှ ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ တင်သွင်းသွားမည် ဖြစ်သည်။

Eleven Media Group

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ရေး ဆွဲရေးနှင့် ပတ်သက်၍ တိုင်းရင်းသား ပါတီများနှင့် NLD ပါတီတို့ စက်တင်ဘာ ၂၈ ရက်က ဆွေးနွေးစဉ်
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ရေး ဆွဲရေးနှင့် ပတ်သက်၍ တိုင်းရင်းသား ပါတီများနှင့် NLD ပါတီတို့ စက်တင်ဘာ ၂၈ ရက်က ဆွေးနွေးစဉ်
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ NLD ပါတီမှ ပြည်သူ့ ဆန္ဒ သဘောထား ကောက်ယူ မှုကို ရန်ကုန်တိုင်း ဒေသကြီး အတွင်း အောက်တိုဘာ ၁၂၊ ၁၃ ရက် ခန့်တွင် စတင်သွားမည်ဟု ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီး၏ ဦးဆောင်တာဝန်ခံ တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောကြားသည်။

ရတနာပုံခေတ်လက်ရာ ရွှေနန်းတော်ကျောင်း (ရွှေကျောင်း) အား အမေရိကန်နိုင်ငံ World Monuments Fund ၏ နည်းပညာ အကူအညီဖြင့် ပြုပြင်ထိန်းသိမ်းမည်

8.1.1
ရတနာပုံခေတ်လက်ရာ ရွှေနန်းတော် ကျောင်းကြီးအား လေ့လာနေကြသည်ကို မြင်တွေ့ရစဉ်
ရတနာပုံခေတ်လက်ရာ ရွှေနန်းတော် ကျောင်းကြီးအား အမေရိကန်နိုင်ငံ World Monuments Fund (ကမ္ဘာ့ရှေးဟောင်း အဆောက်အအုံ ရန်ပုံငွေအဖွဲ့)၏ နည်းပညာအကူအညီဖြင့် ပြုပြင်ထိန်းသိမ်း သွား မည်ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း WMF အဖွဲ့၏ Project director Mr. Jeff Allen က ပြောကြားသည်။

မြန်မာနိုင်ငံရှိ ကလေးသူငယ်များ၏ ရာခိုင်နှုန်း ၇၀ သည် တစ်ပတ် လျှင် လေးရက်ထက်မနည်း တစ်ရက် ရှစ်နာရီကျော် အလုပ် လုပ် နေရကြောင်း ILO ထုတ်ပြန်

Photo: မြန်မာနိုင်ငံရှိ ကလေးသူငယ်များ၏ ရာခိုင်နှုန်း ၇၀ သည် တစ်ပတ် လျှင် လေးရက်ထက်မနည်း တစ်ရက် ရှစ်နာရီကျော် အလုပ် လုပ် နေရကြောင်း ILO ထုတ်ပြန်
Friday, October 4, 2013

မြန်မာနိုင်ငံရှိ ကလေးသူငယ်များ၏ ရာခိုင်နှုန်း ၇၀ သည် အလုပ်ချိန် တစ်ပတ် လျှင် လေးရက်ထက်မနည်း တစ်ရက်လျှင် ရှစ်နာရီကျော် အလုပ် လုပ်ကိုင် နေရကြောင်း ILO (အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့) ၏ ထုတ်ပြန်ချက်အရ သိရသည်။

ကလေးသူငယ်များ၏ ရာခိုင်နှုန်း ၇၀ သည် အလုပ်လုပ်ချင်စိတ် ရှိကြပြီး လုပ်ငန်းခွင်တွင် အမှန်တကယ် အလုပ်လုပ်ကိုင် နေသူများ ဖြစ်ကြောင်း၊ အချို့မှာ အန္တရာယ်ရှိသည့် လုပ်ငန်းခွင်များတွင် အလုပ်လုပ်ကိုင် နေ ရကြောင်း၊ ယင်းတို့ အနေဖြင့် အတင်းအဓမ္မ ခိုင်းစေမှု မဟုတ်ဘဲ လုပ်ငန်းခွင် လုံခြုံမှုရှိခြင်း၊ လူမှုဖူလုံရေး အကျိုးခံစားခွင့်များရှိခြင်း စသည့် အမှန်တကယ် သင့်လျော်သည့် လုပ်ငန်းခွင်ဖြစ်ရန် လိုအပ်ကြောင်း၊ လက်ရှိတွင် အသက်မပြည့် သေးသော်လည်း တရားဝင် အလုပ်လုပ် ကိုင်ခွင့် ရထားသည့် ကလေးသူငယ်များ လုပ်ငန်းခွင် ဘေးကင်းလုံခြုံရန် လိုကြောင်း ILO က ထုတ်ပြန်သည်။

''ကလေးသူငယ်တွေက သူတို့ရဲ့ အနေအထားကို တိုးတက်ဖွံ့ဖြိုး စေချင် ကြ တယ်။ သူတို့အနေနဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်မှ လွတ်လပ်ခွင့် ရှိလာ မယ်လို့ အများစုက ထင်နေကြတယ်။ ကလေးသူငယ်တွေရဲ့ လုပ်ငန်း ခွင် ပြုစုပျိုးထောင်ရေးတွေ မလုပ်ခဲ့ဘူးဆိုရင် သူတို့ဟာ လုပ်အားခ ခေါင်း ပုံဖြတ်ခံရ မှုတွေကို ကြုံတွေ့နိုင်ပြီး ရာဇ၀တ်မှုတွေ ကျူးလွန်နိုင်ပါတယ်'' ဟု ILO မြန်မာမှ Liaison officer စတိမာရှာယ်က ဆိုသည်။ ILO အနေဖြင့် လူမှုအသိုက်အ၀န်းတွင် အခွင့်အလမ်း နည်းပါးသည့် ကလေး သူငယ် များ၊ တပ်မတော်မှ အသက်မပြည့်ဘဲ စုဆောင်းခံခဲ့ရပြီး နုတ်ထွက် ခွင့်ရခဲ့သည့် ကလေးသူငယ်များ အတွက် ကူညီထောက်ပံ့မှုများ ပြုလုပ် သွားရန် ရှိကြောင်း သိရသည်။

လက်ရှိတွင် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန အနေဖြင့် ILO ပြဋ္ဌာန်းချက် အတင်းအဓမ္မ ခိုင်းစေမှုတွင် ပါဝင်သည့် ကလေးအလုပ်သမား ခိုင်းစေမှု၊ ကလေးစစ်သား စုဆောင်းမှုကို ၂၀၁၅ ခုနှစ်အကုန် ပပျောက်ရေး ဆောင်ရွက်နေကြောင်း သိရသည်။

Eleven Media Group
ရထားသံလမ်းဘေးတွင် ရေသန့်ဘူး လိုက်လံရောင်းချနေသည့် ကလေးတစ်ဦးအား တွေ့ရစဉ်
ရထားသံလမ်းဘေးတွင် ရေသန့်ဘူး လိုက်လံရောင်းချနေသည့် ကလေးတစ်ဦးအား တွေ့ရစဉ်
မြန်မာနိုင်ငံရှိ ကလေးသူငယ်များ၏ ရာခိုင်နှုန်း ၇၀ သည် အလုပ်ချိန် တစ်ပတ် လျှင် လေးရက်ထက်မနည်း တစ်ရက်လျှင် ရှစ်နာရီကျော် အလုပ် လုပ်ကိုင် နေရကြောင်း ILO (အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့) ၏ ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်တစ်မြို့လုံးအား WiFi အင်တာနက် စနစ်ပေးရန် RedLink မှ စီစဉ်နေ

ရန်ကုန်မြို့ တစ်မြို့လုံးတွင် WiFi အင်တာနက်စနစ် အသုံးပြုနိုင်ရန် အတွက် Red Link မှ သက်ဆိုင်ရာ အဖွဲ့အစည်း၏ ခွင့်ပြုချက် ရရှိပါက အမြန်ဆုံး ဆောင်ရွက်နိုင်ရန် အစီအစဉ် ရှိနေကြောင်း သိရသည်။

အငှားယာဉ်ပေါ် လုယက်သူ လေးဦး နာရီပိုင်းအတွင်း ဖမ်းမိ


ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် နတ်မောက်လမ်းသွယ် (၁) လမ်း တွင် အောက် တိုဘာလ ၃ ရက် နံနက် ၃ နာရီ ၃၀ မိနစ်က တိုယိုတာ အငှားယာဉ်မောင်းထံမှ ငွေများလုယက်ကာထွက်ပြေးခဲ့သည့် လူငယ်လေးဦးကို ယင်းနေ့ နံနက် ၄ နာရီခန့်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ဗဟန်းမြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက The Voice သို့ ပြောကြား သည်။

မန္တလေး သုံးလောင်းပြိုင် လူသတ်မှု မသင်္ကာဖွယ်လူတစ်ဦးကို စတင် စစ်ဆေး ပြီ

မန္တ လေးမြို့သစ်ရှိ ပန်နာဆိုးနစ် ကုမ္ပဏီ(မန္တလေးရုံးခွဲ)အတွင်း လူသုံးဦးအသတ်ခံရမှုဖြစ်စဉ်တွင် တရား ခံအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် အမှုစစ်အဖွဲ့ဖွဲ့စည်း ပြီး ဖော်ထုတ်သွားမည်ဖြစ်ရာ မသင်္ကာ ဖွယ်ရာလူတစ်ဦးကိုလည်း စတင်စစ်ဆေးနေပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရ သည်။

ဒီမိုကရေစီ ခရီးလမ်းမှာ မပြီးပြတ်သေးသည့် ငြိမ်းချမ်းရေး အိပ်မက်ရှည် ဘယ်တော့ အဆုံးသတ်မလဲ (၂) နိဂုံး

Photo: ဒီမိုကရေစီ ခရီးလမ်းမှာ မပြီးပြတ်သေးသည့် ငြိမ်းချမ်းရေး အိပ်မက်ရှည် ဘယ်တော့ အဆုံးသတ်မလဲ (၂) နိဂုံး

လာမယ့် အောက်တိုဘာ ၈ ရက်နေ့မှာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နဲ့ အစိုးရအဖွဲ့တို့ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြု လုပ်တော့မှာ ဖြစ်ပါတယ်။ အစိုးရနဲ့ သဘောတူညီမှုရဖို့ ကျန်တဲ့ အဖွဲ့နှစ်ဖွဲ့ မှာ KIO နဲ့ TNLA တို့ဖြစ်ကြောင်း သိရပါတယ်။ KIO ကိုတော့ အကောင်း ဘက် မှာ ထားပြီး တွေးပေး နိုင်ပါတယ်။ TNLA ကတော့ အစိုးရငြိမ်း ချမ်းရေးကော်မတီနဲ့ တွေ့ဆုံရန် မရှိသေးဘူးဆိုပြီး အသံထွက်နေတာ ရှိပါတယ်။ KIO နဲ့သဘောတူညီမှုရခဲ့သည့်တိုင်အောင် TNLA နဲ့ သဘော တူညီမှုရဖို့ အစပင်မပျိုးနိုင်သေးတဲ့ အနေအထား မျိုး ဖြစ်နေပါတယ်။

ဒါဆိုရင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုး မှုမှာ KIO ပါနိုင်ကောင်း ပါနိုင်ပေမယ့် TNLA ကိုတော့ မျှော်လင့်လို့ မရနိုင် တဲ့ အခြေအနေမျိုး ဖြစ်သွားပါပြီ၊ ပြည်သူအတွက် သူတို့ မစဉ်းစားဘူးဆို တာ သေချာပါတယ်။ ငါပါမှ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးလုပ်လို့ရ မယ်၊ ငါလို ချင်တဲ့ အခွင့်အရေး မရရင် ငြိမ်းချမ်းရေးမယူဘူးဆိုတဲ့ အတွေး ဟာ ဟိုးအတိတ်ကာလဆီကနေ ဒီနေ့ဒီအချိန်အထိ မဖျောက် ဖျက်နိုင်ေ သး တဲ့ အရိုးစွဲနေတဲ့ အယူအဆတွေလို့ ပြောရပါမယ်။ ကျွန်တော်တို့ ပြည် သူတွေ ကတော့ ငြိမ်းချမ်းတဲ့ ဒီမိုကရေစီစနစ်ကိုပဲ လိုချင်ပါတယ်။ မငြိမ်း ချမ်းဘဲနဲ့ လက်နက် ကိုင်ပဋိပက္ခတွေကြားထဲမှာ ဒီမိုကရေစီခေါင်းစဉ်တပ် ထားလည်း အချည်းအနှီးပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ မျှော် လင့်နေ တဲ့ ဒီမိုကရေစီခရီးလမ်းမှာ မပြီပြတ်သေးတဲ့ ငြိမ်းချမ်းရေး အိပ်မက်ရှည် ဘယ်တော့ အဆုံးသတ်မလဲဆို တာ စောင့်ကြည့်ရပါဦးမယ်။

နေဇော်
Ko Yarzar
လာမယ့် အောက်တိုဘာ ၈ ရက်နေ့မှာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နဲ့ အစိုးရအဖွဲ့တို့ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြု လုပ်တော့မှာ ဖြစ်ပါတယ်။

ဒီမိုကရေစီ ခရီးလမ်းမှာ မပြီးပြတ်သေးသည့် ငြိမ်းချမ်းရေး အိပ်မက်ရှည် ဘယ်တော့ အဆုံးသတ်မလဲ (၁)

Photo: ဒီမိုကရေစီ ခရီးလမ်းမှာ မပြီးပြတ်သေးသည့် ငြိမ်းချမ်းရေး အိပ်မက်ရှည် ဘယ်တော့ အဆုံးသတ်မလဲ (၁)
Friday, October 4, 2013

လူ့သဘောသဘာဝအရ လူတိုင်းလိုလိုဟာ ရတာမလို၊ လိုတာမရ ဘ၀င်မကျမှုတွေနှင့် ကြုံဆုံရစမြဲဖြစ်ပါတယ်။ အဲဒီကြုံဆုံမှုတွေကို ရင်ဆိုင်ဖြေရှင်းရင်း လိုချင်တာရဖို့ ကြိုးစားရာကနေ အသက်တွေကြီး လာကြတယ်၊ တဖြည်း ဖြည်း လူ့လောကထဲကနေ ထွက်ခွာသွားကြရတယ်၊ ဒါပေမယ့် သူတို့ရဲ့ လိုအင်ဆန္ဒတွေကတော့ ပြည့်မသွား ရှာပါဘူး။
ဒီကနေ့ ကျွန်တော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီစနစ်ဟာလည်း အဲဒီလိုပဲ အလားသဏ္ဍန်တူနေတယ်လို့ ဆိုနိုင်ပါ တယ်။ စစ်အစိုးရ အုပ်ချုပ်စဉ်က တည်းက လိုချင်တောင့်တခဲ့ကြတဲ့ ဒီမိုကရေစီနိုင်ငံ တကယ် ဖြစ်လာခဲ့ပါပြီ။ ကိုယ်လိုချင်တဲ့ ဒီမိုကရေစီလည်း ရရော ၂၀၀၈ ဖွဲ့စည်းပုံကို ယိုးမယ်ဖွဲ့လာကြတယ်။ လတ်တလော ကာလမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီး ပြင်ဆင်ရေး၊ အသစ်ရေးဆွဲရေးစသဖြင့် ဂယက် အမျိုးမျိုး လှုပ်ခတ် နေခဲ့ပါတယ်။

ကဲ … အဲဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်နိုင်ခဲ့ပြီပဲ ဆိုပါစို့။ ဒီမိုကရေစီခရီးလမ်းဟာ အမှန်တကယ် ဖြောင့်ဖြူးသွားမှာပါလို့ ဘယ်သူအာမခံမလဲ မေးကြည့်ချင်ပါတယ်။ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်း တွေက ဖက်ဒရယ်ပြည်ထောင်စု ဖက်ဒရယ်တပ်မတော် ကိစ္စတကြော်ကြော် အော်နေတာတွေကရော ဖွဲ့စည်းပုံ ပြင်ပေးရင် တိတ်ဆိတ်သွားမလား စဉ်းစားစရာပါ။

ကိုယ်လိုချင်တာ ကိုယ်ရဖို့ ပြောကြဆိုကြငြင်းခုံတတ်ကြတဲ့ ကျွန်တော်တို့ လူမျိုးတွေဟာ ဒီမိုကရေစီကို အမှန်တကယ်ရော နားလည်ရဲ့လား မေး ချင်စရာပါ။ ကိုယ်လုပ်ချင်တိုင်းလုပ် ကိုယ်ပြောချင်တိုင်း ပြောခွင့်ရတာ ဟာ ဒီမိုကရေစီ မဟုတ်ပါဘူး။ ဒီမိုကရေစီဆိုတာ ပြည်သူ့အသံကို နားစွင့်ပြီး အုပ်ချုပ်ရတဲ့ ပြည်သူ့ဗဟိုပြု စနစ် သာဖြစ်ပါတယ်။ အဲဒီလို တစ်ယောက် တစ်မျိုး လိုချင်ရာ ဆွဲပြောနေကြလို့ ဒီကနေ့ ဒီမိုကရေစီဟာ ပြည့်ဝသင့် သလောက် မပြည့်ဝသေးတာလို့ ပြောချင်ပါတယ်။

ပြည်သူတွေလိုလားတောင့်တတဲ့ ဒီမိုကရေစီစနစ် ဖြစ်လာဖို့ဆိုတာ မပြီးပြတ်သေးတဲ့ ငြိမ်းချမ်းရေးကိစ္စပဲ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံပြင်ဖို့ အသစ်ဆွဲဖို့ထက် ငြိမ်းချမ်းရေးရအောင်လုပ်ဖို့က အဓိကကျနေတယ်လို့ ဆိုနိုင်ပါ တယ်။ မငြိမ်းချမ်းသရွေ့ ဒီမိုကရေစီစနစ်လည်း ထွန်းကားလာစရာ အကြောင်းမရှိပေ။ အဲဒီငြိမ်းချမ်းရေးရဖို့ အတွက်ကျတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဖို့လောက် စိတ်မ၀င်စားဘူးထင်ပါတယ်။ ဘာသံမှကို ထွက်မလာ ပါဘူး။ ကိုယ်လိုချင်တာရဖို့ပဲ တွေးခေါ်နေတဲ့လူတွေ ၊ ပါတီအဖွဲ့အစည်းတွေထက် ပြည်သူကငြိမ်းချမ်းရေးကို ပိုပြီးစိတ်ဝင် စားပါတယ်။ အမှန်တကယ်လည်း ရစေချင်ပါတယ်။

နေဇော်

Ko Yarzar
လူ့သဘောသဘာဝအရ လူတိုင်းလိုလိုဟာ ရတာမလို၊ လိုတာမရ ဘ၀င်မကျမှုတွေနှင့် ကြုံဆုံရစမြဲဖြစ် ပါတယ်။

ဒီမိုကရေစီဆိုတာ ဒီလိုမျိုးဆိုရင် အလွန်စိတ်ပျက်ဖို့ ကောင်းပါတယ်

Photo: ဒီမိုကရေစီဆိုတာ ဒီလိုမျိုးဆိုရင် အလွန်စိတ်ပျက်ဖို့ ကောင်းပါတယ်
===================================

Friday, October 4, 2013

မြန်မာနိုင်ငံမှာ စစ်အစိုးရခေတ်ကနေ ဒီမိုကရေစီခေတ်ကို ညင်သာစွာကူး ပြောင်းနိုင်ခဲ့ကြောင်း ကမ္ဘာက အသိ အမှတ်ပြုခဲ့ပါတယ်။ မြန်မာနိုင်ငံအတွင်း မှာတော့ လွတ်လပ်မှုဟာ ကြောက်စရာကောင်းလောက်ကို လွတ်လပ်နေ ပါတယ်။ နေ့စဉ်ထုတ်ဝေနေတဲ့သတင်းစာတွေ၊ အပတ်စဉ်ထုတ်နေတဲ့ ဂျာနယ်သတင်းတွေမှာ ရေးသားချက်တွေဟာ လူပုဂ္ဂိုလ်တစ်ဦးကို နာမည်တပ်ပြီးဆဲရေးတိုင်းတွာခြင်းမပြုရုံတမယ်ပဲကျန်ပါတော့တယ်။ ဟိုတလောက ငြိမ်းချမ်းရေး ပွဲတော်မှာ လူရွှင်တော်တစ်ဦးပြက်လိုက် တဲ့ပြက်လုံးဟာ တော်တော်လေးကိုမိုက်ရိုင်းပါတယ်။ တိုင်းရင်းသားတွေနဲ့ ဆွေနွေးခန်းပြက်လုံးတစ်ခုပြက်ပါတယ်။

အဲဒီမှာပြောတဲ့စကားက..နေပြည်တော်မှာဗုံးကွဲတာ မြင်ချင်ပါတယ်… ဆိုပြီး ပြက်ချသွားပါတယ်။ ပြက်လုံးတစ်ခုဆိုတာပြက်လုံးရှိသလို ဖြေလုံးလဲရှိ ရပါ မယ်။ ဒါလူရွှင်တော်စစ်စစ်ကြီးတွေ ဆိုရင် သိပါတယ်။

အခုပြက်လုံးပျက်တဲ့သူဟာ လူရွှင်တော်တော့ စစ်စစ်မဖြစ်နိုင်ပါဘူး။ မြန်မာ နိုင်ငံမှာက ဇဗ္မူဒိပ်နိမိတ် ဆိုတာရှိ ပါတယ်။ အစောကပြောတဲ့ပြက်လုံးနဲ့ ပတ်သက်ပြီး ဖြေလုံးထုတ်သွားတာ မတွေ့လိုက် ပါဘူး။ ပြောရမယ် ဆိုရင် တော့ဒီမို ကရေစီခေတ်ရောက်နေပြီ၊ ငါတို့ပြောချင်သလိုပြောလို့ရနေပြီလို့ ယူဆထားပုံရပါတယ်။ အတိတ်က နာကြည်းချက်တွေ မကျေနပ်ချက်တွေဟာ ကိုယ့်ကြောင့်ဖြစ်ပေါ် လာ ရတာချည်းပါပဲ။ ကိုယ်တိုင်က ဘာမှမလုပ်ရင် ဘာမှ ဖြစ်လာစရာမရှိ ပါဘူး။ အကြောင်းအကျိုး ဆိုတာဆက်စပ်ပါတယ်။

လူတွေရဲ့မကျေနပ်ချက်တွေဟာ တရားဥပဒေနဲ့ ဖြေရှင်းလို့ရတဲ့ခေတ်ဖြစ် နေပါပြီ။ နစ်နာချက်ရှိရင် တိုင်တန်း လို့ရပါတယ်။ မှန်မှန်ကန်ကန်တိုင်ရက် သားနဲ့မှအရေးမယူတာမျိုးရှိခဲ့ရင် ပွင့်လင်း မြင်သာစွာ ပြောလို့ရတဲ့ မီဒီယာတွေ အများကြီးရှိပါတယ်။ အဲလိုမှမဟုတ်ဘဲနဲ့ အဖျက်သမား စိတ်ဓာတ်နဲ့အဖျက်တွေကိုပဲ မြင်နေ ပြောနေ လုပ်နေမယ် ဆိုရင်ဒီမိုကရေစီကို ဖျက်ဆီးရာရောက် ပါတယ်။

ရန်ကုန် လှည်းတန်းမှာ မကြာမီကဖြစ်ခဲ့တဲ့ဖြစ်ရပ်တစ်ခုဆိုရင် ဒီမိုကရေစီနဲ့ မထိုက်တန်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ လှည်းတန်းမှာ ညဖက်ဆို အိမ်ရှေ့တွေ မှာကားတွေ ရပ်ပြီးညအိပ်ကြ ပါတယ်။ ညအိပ်ရပ်နားထားတဲ့ကားတွေရဲ့ ကားဘီးတွေကို လူတစ်စုက လိုက်ပြီးဖောက်ပစ်လိုက်ပါတယ်။ ကားဘီးတွေ လုံးဝသုံးမရအောင်ဖြစ်သွားပါတယ်။ အနည်းဆုံး ကား အစီး ၄၀ ကျော်ပါ တယ်။ ကားဘီးလိုက်ဖောက်နေတဲ့သူတွေ အတွက် ဘာတွေအကျိုးအမြတ် ရသွားသလဲ။ ဘာအဓိပ္ပာယ်နဲ့ လုပ်တာပါလဲ။ ဒီမိုကရေစီဆိုတာ ဒီလိုမျိုးဆိုရင် စိတ်ပျက်ဖို့အလွန် ကောင်းပါတယ်။

နောက်တစ်ခုကတော့ နေပြည်တော်မှာဖြစ်ပျက်တာပါ။ ပုဗ္ဗသီရိမြို့နယ်၊ ၀ဲကြီးကျေးရွာမှာ ရှိတဲ့ပြစ်မှု ကျူးလွန်တဲ့ တရားခံတွေကိုတရားဥပဒေ နဲ့အညီဝင်ရောက်ဖမ်းဆီးခဲ့ရာမှာ ပြစ်မှုကျူးလွန်ရာမှာ ပါဝင်တဲ့ ဇော်လတ်ရဲ့ မိသားစုတွေက ဓားပြ…သူခိုးအော်ဟစ်ခြင်း၊မီး…မီးအော်ဟစ်ခြင်း၊ ဇော်လတ်၏ဇနီးမမာသင်းက ၀တ်ဆင်ထားတဲ့ထမိန်ကိုချွတ်ပြီး မုဒိန်းကျင့်တယ်လို့ လိမ်လည်အော် ဟစ်ခြင်းကြောင့် ရွာသားတွေ ရောက်လာပြီးရဲတပ်ဖွဲ့ဝင်တွေကို တုတ်ဓား လက်နက် မျိုးစုံနဲ့ဝင်ရိုက်ခုတ် လိုက် လို့ရဲတပ်ဖွဲ့ဝင်(၇)ဦးဒဏ်ရာတွေရသွားခဲ့ပါတယ်။

ဒဏ်ရာရတဲ့ရဲတပ်ဖွဲ့ဝင်တွေကို ရွာသားတွေ က၀ိုင်းပြီးဖမ်းဆီးချုပ်နှောင် ထားလိုက်ပါတယ်။နောက် တစ်နေ့ကျမှမြို့နယ် ရဲတပ်ဖွဲ့ဝင် အင်အား နဲ့သွားရောက်ထုတ်ယူခဲ့ရပါတယ်။ အဲဒီမှာခေါင်းဆောင်ပါဝင်တဲ့ ဇော်လတ်က NLDပါတီဝင် ကျေးရွာစည်းရုံးရေးမှူးတစ်ဦးဖြစ်ပါတယ်။

NLD ပါတီဝင်တွေရဲ့ အနေအထိုင်မတတ်မှု၊လူပါးဝမှုတွေဟာ ခေါင်းဆောင် ဖြစ်တဲ့ဒေါ်အောင်ဆန်း စုကြည်ကို သိက္ခာချတဲ့လုပ်ရပ်တွေဖြစ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ တရားဥပဒေ စိုးမိုးရေးကော်မတီဥက္ကဋ္ဌလဲတာဝန် ယူထားတဲ့အတွက် ၀ဲကြီးရွာသားတစ်ချို့နဲ့ NLD ကဇော်လတ် ရဲ့လုပ်ရပ်ဟာ ဒီမိုကရေစီနည်းလမ်းတကျဖြစ်ပါရဲ့လား။ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု ၊တရားဥပဒေ စိုးမိုးရေးဆောင်ရွက်နေသူတစ်စုအပေါ်မှာဒီလိုမျိုးအုပ်စုဖွဲ့ အနိုင်ကျင့်တဲ့ လုပ်ရပ်ဟာ ဒီမိုကရေစီနဲ့ညီညွတ်ပါသလား။

ဒီမိုကရေစီရတာမှမကြာသေးဘူး ပြန်ပြီးဆုံးရှုံးသွားမယ့် လုပ်ရပ်မျိုးကို တော့ ဆင်ခြင်သင့်လှပါတယ်။ ဒီမိုကရေစီဆိုတာ ဒီလိုမျိုးဆိုရင် အလွန်ပဲ စိတ်ပျက် ဖို့ကောင်း ပါတယ်လို့ပြောချင် ပါတယ်။

https://www.facebook.com/photo.php?fbid=246406775507649&set=a.238865946261732.1073741828.100004149842479&type=1&ref=nf

မှကူးယူဖော်ပြသည်။
မြန်မာနိုင်ငံမှာ စစ်အစိုးရခေတ်ကနေ ဒီမိုကရေစီခေတ်ကို ညင်သာစွာကူး ပြောင်းနိုင်ခဲ့ကြောင်း ကမ္ဘာကအသိ အမှတ်ပြုခဲ့ပါ တယ်။ မြန်မာနိုင်ငံအတွင်း မှာတော့ လွတ်လပ်မှုဟာ ကြောက်စရာကောင်းလောက်ကို လွတ်လပ်နေ ပါတယ်။

ဖက်ဒရယ် နှင့် သေနတ်

Photo: ဖက်ဒရယ် နှင့် သေနတ် 
Friday, October 4, 2013

ယနေ့ မြန်မာနိုင်ငံမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက တိုင်းဒေသကြီး ၇ ခု၊ ပြည်နယ် ၇ ခုရှိပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းတစ်ခု၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ဒေသ ငါးခု၊ ပြည်ထောင်စု နယ်မြေတစ်ခု (နေပြည်တော်) တို့ ပါဝင် ပါတယ်။ ပြည်ထောင်စုနယ်မြေ သတ်မှတ်တာတော့ ပြည်နယ်၊ တိုင်းတွေ မှာ သီးခြားလွှတ်တော်၊ သီး ခြားအစိုးရတွေ ရှိနေတာမို့ ပြည်ထောင်စု အစိုးရ ရုံးစိုက်ရာနေရာ သီးခြားရှိဖို့ လိုအပ်ပါတယ်။ အမေရိကန် မှာ ၀ါရှင်တန်၊ သြစတေးလျ မှာကင်ဘာရာ စသည်ဖြင့် ပြည်ထောင်စုအစိုးရ ရုံးစိုက်ရာနေရာတွေကို သီးခြားထားသလိုပါဘဲ။ ဒါဟာ ဖက်ဒရယ်ရဲ့ သဘောတရားပါပဲ။

ဖက်ဒရယ်ရဲ့ အနှစ်သာရဆိုတာ -
၁။ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်များအကြား ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာခွဲဝေမှုများကို အခြေခံဥပဒေ မှာ ပြဋ္ဌာန်းထားရ မယ်။
၂။ အဲဒီလို အခြေခံဥပဒေ က ပေးထားတဲ့ အခွင့်အာဏာများ ကို ပြည်ထောင် စု အစိုး ရ သဘော တစ် ခုတည်းနဲ့ ပြင်ဆင်လို့မရ ဘူး၊ ပြည်နယ် လွှတ်တော်များသို့မဟုတ် ပြည်သူ့ ဆန္ဒခံယူပွဲ လုပ်ပြီး ပြည်သူတွေ သဘောတူညီမှုယူရမယ်ဆိုတာပါ။

ဗြိတိန်နိုင်ငံမှာဝေလပြည်နယ်၊ စကော့တလန်ပြည်နယ်တို့မှာ ကိုယ်ပိုင် အုပ်ချုပ်ခွင့် အရေးတွေ အ များကြီးရှိ ပါတယ်။ ဒါပေမယ့် ဒီအခွင့် အရေးတွေကို ဗြိတိသျှ ပါလီမန်ရဲ့ ဥပဒေနဲ့ ပေးထားတာဖြစ်လို့ အ ချိ န်မရွေးပြန် ရုပ်သိမ်း လို့၊ ပြင်ဆင်လို့ရပါတယ်။ ဝေလလွှတ်တော်နဲ့ စကော့တလန်လွှတ်တော်က ဘာမှ ပြော ပိုင်ခွင့်မရှိပါဘူး။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ဖက်ဒရယ်လို့ မပါပေမယ့် ပြည်နယ် လွှတ်တော်၊ ပြည်နယ်အစိုး ရ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စတဲ့ တည်ဆောက်ပုံ ကတော့ ဖက်ဒရယ်ဆန်ပါတယ်။ အခြေခံ ဥပဒေအတို င်း လူတွေ က တိတိကျကျ မလုပ်နိုင်ခြင်းများကြောင့်သာ ဖက်ဒရယ်အသက် မဝင်သေးတာ ဖြစ်ပါတယ်။ ဖွဲ့စ ည်းပုံအတိုင်း အတိ အကျလုပ်ဖို့အတွက် အဓိကပြဿနာက လက်နက်ကိုင်တပ်ဖွဲ့တွေပဲဖြစ်ပါတယ်။ လက်န က်ကိုင်တပ်ဖွဲ့တွေကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း တိတိကျကျ အကောင်ထည်ဖော်ဖို့ ခက်သလို၊ လ က်နက်ကိုင်တပ်ဖွဲ့တွေကလည်း လက်နက်မစွန့်ချင်တာကြောင့် ဖွဲ့စည်းပုံပြင်ဖို့နဲ့ ဖက်ဒရယ် နိုင်ငံ ထူထောင် ဖို့ လိုလားကြပါတယ်။ ဖွဲ့စည်းပုံပြင်ဖို့ တစိုက်မတ်မတ် ကြိုးစားနေ တဲ့ ဒေါ်အောင် ဆန်း စုကြည်တောင် ဖက်ဒရ ယ်ဆိုရင် ဘယ်လို ဖက်ဒရယ် လဲ၊ ပြည်နယ်က ၇ ခုလား၊ ၈ ခုလား၊ ၁၄ ခုလား ဆိုပြီး မေးခွန်းထုတ် ထားတာ ရှိပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ မိမိပြည်နယ်ကို မိမိတို့ကောင်းမွန် စွာစီမံခန့်ခွဲနိုင်ကြောင်း ယုံကြည် ရင်၊ ပြည်နယ်လူထုတစ်ရပ်လုံးက မိမိ တို့ကိုထောက်ခံအားကိုးကြောင်းယုံကြည်ရင်၊ ကိုယ်တိုင်က အရ ည် အ ချင်း ရှိရင် ပြည်နယ်လွှတ်တော်ထဲ ဝင်ဖို့ပဲလိုပါတယ်။ လက်နက်ကိုင်ချင် ရင်တော့ တပ်မတော် ထဲ ဝင်ရမှာပါ။ စစ်တပ်ထဲက စည်းကမ်းနဲ့ လေ့ကျင့် မှု ဒဏ်မ ခံနိုင်၊ ပြည်နယ် လူထုကလည်း ထောက်ခံမှု မရှိပဲေ သနတ် ကိုင်ပြီး ပြည်နယ် အတွက်လို့ အော်နေတာကတော့ ဖက်ဒရယ်နဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ် ပါတယ်။ တို င်းရင်းသားလက်နက်ကိုင်တွေ အဓိက နားလည်ဖို့က ဖက်ဒရယ်နဲ့ သေနတ်က ပြဒါးတစ်လမ်း သံတစ်လမ်း ပါ။ ဖက်ဒရယ်အမှန်တကယ်လိုချင်ရင်တော့ သေနတ် ကို စွန့်ပါ။ သေနတ်ကိုင် ထားတဲ့ ဘဝကို အရသာတွေ့ နေသမျှ ကာလတစ်လျှောက်လုံးကတော့ ဖက်ဒရယ်နဲ့ အလှမ်း ဝေးနေအုံး မှာပါ။ ကမ္ဘာပေါ်က နော်ဝေ၊ ဆွီဒ င် တို့လို ထိပ်တန်းလူ့အခွင့် အရေးတွေ၊ ဒီမိုကရေစီတွေကိုလည်း အပြည့်လိုချင်၊ အမေရိကန်၊ ဂျာမဏီတို့ လို ဖက်ဒရယ်လည်း လိုချင်၊ လက်နက်ကိုင်တပ်ဖွဲ့ ဘဝကလည်း မစွန့်လွှတ်နိုင် ဆိုရင်တော့ ဒီလူတွေရဲ့ လို ချင်တောင်းဆို သမျှ ကို အစိုးရ နဲ့ စစ်တပ်က ဘယ်လိုဖြည့်ဆည်းပေးရ မလဲ၊ ဖြည့် ဆည်းပေး လိုက်ရင် နိုင်ငံေ တ်ာနဲ့ ပြည်သူတွေဘဝ ဘယ်လိုဖြစ်သွား မလဲဆိုတာ တွေးတော်မူကြပါကုန်…။ 

ကျော်မျိုးထက် (မုဒုံ)
ယနေ့ မြန်မာနိုင်ငံမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက တိုင်းဒေသကြီး ၇ ခု၊ ပြည်နယ် ၇ ခုရှိပြီး ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတစ်ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသငါးခု၊ ပြည်ထောင်စုနယ်မြေတစ်ခု(နေပြည်တော်) တို့ပါဝင်ပါတယ်။

အိမ်ဖြူတော် အတားအဆီး ကားနဲ့ ဖြတ်ကျော်ဖို့ ကြိုးပမ်းသူကို ပစ်ခတ်ဖမ်းဆီး

Photo: အိမ်ဖြူတော် အတားအဆီး ကားနဲ့ ဖြတ်ကျော်ဖို့ ကြိုးပမ်းသူကို ပစ်ခတ်ဖမ်းဆီး
Friday, October 4, 2013

အမေရိကန်သမ္မတ အိမ်ဖြူတော်အနီးက အတားအဆီးကို ကားနဲ့ ဖြတ်ကျော်မောင်းနှင်ဖို့ ကြိုးစားတဲ့ အမျိုးသမီးတဦးကို လုံခြုံရေးရဲတွေက ပစ်ခတ်ဖမ်းဆီးလိုက်ပါတယ်။ တားထားတဲ့နေရာကနေ နှစ်မိုင်လောက်ဝေး တဲ့ အမေရိကန် လွှတ်တော်အထိ မောင်းနှင်ထွက်ပြေးသွားတာကြောင့် ရဲက နောက်ကနေ လိုက်လံ ပစ်ခတ်ဖမ်းဆီးခဲ့တာပါ။ အမျိုးသမီးကတော့ သေဆုံးသွားပြီလို့ ရဲက ပြောပါတယ်။

အမျိုးသမီးဟာ ကားနဲ့ မောင်းနှင်ထွက်ပြေးနေစဉ် ရဲကားတစင်းကိုလည်း တိုက်လိုက်တာကြောင့် ရဲအရာရှိတဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ လွှတ်တော်လုံခြုံရေးရဲက ပြောပါတယ်။ အဲဒီ ရဲအရာရှိကိုတော့ အရေးပေါ် ရဟတ်ယာဉ်နဲ့ ခေါ်ထုတ်သွားပါတယ်။ ဒီအခြေအနေကြောင့် အမေရိကန် လွှတ်တော်ကို ယာယီခဏ လုံခြုံရေးအတွက် ပိတ်ပင်ထားခဲ့ရပါတယ်။

ဒါပေမယ့်လည်း အဆောက်အဦးထဲမှာ ရှိတဲ့လွှတ်တော်အမတ်တွေ လုံခြုံရေးအတွက် စိုးရိမ်ရတဲ့အနေအထားတော့ မရောက်ခဲ့ပါဘူး။ လွှတ်တော်လုံခြုံရေး ရဲအရာရှိတဦးက သတင်းထောက်တွေကို အခြေအနေတွေ ရှင်းလင်းပြောဆိုရာမှာတော့ ဒီဖြစ်ရပ်ဟာ အကြမ်းဖက်မှုမသက်ဆိုင်ပဲ သီးခြားဖြစ်ရပ် ဖြစ်ပုံရတယ်လို့ ပြောပါတယ်။

အဖြစ်အပျက်နဲ့ပတ်သက်လို့ ဗွီဒီယိုတခုမှာတော့ အဲဒီ အမျိုးသမီး ရဲ့ကား ထဲကနေ ကလေးငယ်တဦးကို ရဲက ချီထုတ်သွားတာ မြင်ရပါတယ်။ ကားထဲမှာ တနှစ်ကျော်အရွယ် ကလေးငယ်တဦး ရှိနေတယ်ဆိုတာကို ရဲကလည်း အတည်ပြုပါတယ်။ ရဲက ပစ်ခတ်ဖမ်းဆီးလို့ သေဆုံးသွားတဲ့ အမျိုးသမီးဟာ ဘာရည်ရွယ်ချက်နဲ့ အခုလို လုပ်သလဲဆိုတာ မသိရသေးပါဘူး။ အဖြစ်အပျက်ကိုတော့ ရဲ့ စုံစမ်းစစ်ဆေးဆဲရှိပါတယ်။

VOA
အမေရိကန်သမ္မတ အိမ်ဖြူတော်အနီးက အတားအဆီးကို ကားနဲ့ ဖြတ်ကျော်မောင်းနှင်ဖို့ ကြိုးစားတဲ့ အမျိုး သမီး တဦးကို လုံခြုံရေးရဲတွေက ပစ်ခတ်ဖမ်းဆီးလိုက်ပါတယ်။

မြန်မာအပါအ၀င် ကလေးစစ်သားသုံးတဲ့ ငါးနိုင်ငံ အမေရိကန် စစ်ရေးအကူအညီ ဆိုင်းငံ့ထား

Photo: မြန်မာအပါအ၀င် ကလေးစစ်သားသုံးတဲ့ ငါးနိုင်ငံ အမေရိကန် စစ်ရေးအကူအညီ ဆိုင်းငံ့ထား
Friday, October 4, 2013

လက်နက်ကိုင်ပဋိပက္ခတွေမှာ ကလေးစစ်သားတွေ အသုံးပြုနေတဲ့ မြန် မာနိုင်ငံ အပါအ၀င် ၅ နိုင်ငံကို အမေရိကန်ပြည်ထောင်စုက စစ်ရေး အထောက်အပံ့တွေ ဆိုင်းငံ့ထားမယ်လို့ ကြာသပတေးနေ့က ကြေညာ လိုက်ပါတယ်။ ဗဟိုအာဖရိကသမ္မတနိုင်ငံ၊ ရ၀မ်ဒါ၊ ဆူဒန်၊ ဆီးရီးယားနဲ့ မြန်မာ ၅ နိုင်ငံကို အမေရိကန်ရဲ့ စစ်ရေးအထောက်အပံ့တွေ ပိတ်ပင်တဲ့ ကြေညာချက်ဖြစ်ပါတယ်။

ကလေးစစ်သားစုဆောင်းနေတာကို ရပ်တန်းကရပ်အောင် တွန်းအားပေးတဲ့ အနေနဲ့ အခုလို စစ်ရေး အထောက်အကူတွေ မပေးဘဲ ပိတ်ပင်ရ တာဖြစ် တယ်လို့ အာဖရိကရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Linda Thomas-Greenfield ကပြောပါတယ်။

ကလေးစစ်သားအသုံးပြုနေကြတဲ့ တချို့နိုင်ငံတွေကိုတော့ အမေရိကန်ရဲ့ အကျိုးစီးပွားအတွက် အခြေအနေအရ ကင်းလွတ်ခွင့်ပေးထားရ တယ်လို့ အမည်မဖေါ်လိုသူတာဝန်ရှိသူ တယောက်က ပြောပါတယ်။ Chad, တောင် ဆူဒန်နဲ့ ယီမင်နိုင်ငံတွေကို ကင်းလွတ်ခွင့်ပြုထားတာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ နှစ်စဉ်လူကုန်ကူးမှုအစီရင်ခံစာကို အခြေ ခံပြီး ကလေးစစ်သား အသုံးပြုမှုကို ဆန်းစစ်တာဖြစ်ပါတယ်။ ဇွန်လက အစီရင်ခံစာအရ ၁၀ နိုင်ငံမှာ ကလေးစစ်သား အသုံးပြုနေတယ် လို့ဆိုပါတယ်။ စစ်ရေးအထောက်အပံ့ပိတ်ပင်မှု ကင်းလွတ်ခွင့်ကို အိမ်ဖြူတော် က သာ ခွင့်ပြုရတာဖြစ်ပါတယ်။

VOA
လက်နက်ကိုင်ပဋိပက္ခတွေမှာ ကလေးစစ်သားတွေ အသုံးပြုနေတဲ့ မြန်မာနိုင်ငံအပါအ၀င် ၅ နိုင်ငံကို အမေ ရိကန်ပြည်ထောင်စုက စစ်ရေးအထောက်အပံ့တွေ ဆိုင်းငံ့ထားမယ်လို့ ကြာသပတေးနေ့ က ကြေညာလိုက် ပါတယ်။ ဗဟိုအာဖရိကသမ္မတနိုင်ငံ၊ ရ၀မ်ဒါ၊ ဆူဒန်၊ ဆီးရီးယားနဲ့ မြန်မာ ၅ နိုင်ငံကို အမေရိကန်ရဲ့ စစ်ရေး အထောက်အပံ့တွေ ပိတ်ပင်တဲ့ ကြေညာချက်ဖြစ်ပါတယ်။

ကေအိုင်အို မျိုးချစ်တပ်မတော်နဲ့ အစိုးရ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လူမျိုးစုတွေ ကိုပါ ဖိတ်မည်

Photo: ကေအိုင်အို မျိုးချစ်တပ်မတော်နဲ့ အစိုးရ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လူမျိုးစုတွေ ကိုပါ ဖိတ်မည်
Friday, October 4, 2013

လာမယ့် အောက်တိုဘာလ ၈ ရက်နေ့မှာ စတင်ကျင်းပမယ့် ကေအိုင်အို ကချင် လွတ်မြောက်ရေးအဖွဲ့နဲ့ အစိုးရတို့ရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ကချင်ပြည်နယ်က နိုင်ငံရေးပါတီတွေအပြင် တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်တွေကိုလည်း ဖိတ်ကြားဖို့ သဘောတူလိုက်ကြပါတယ်။

ကချင်ပြည်နယ်က နိုင်ငံရေးပါတီ ၉ ပါတီက ကိုယ်စားလှယ်တွေနဲ့ ရဝမ်၊ လီဆူးစတဲ့ ကချင်မျိုးနွယ်စုတွေ အပါအဝင် ရှမ်းတိုင်းရင်းသား ကိုယ်စား လှယ်တွေကိုလည်း လေ့လာသူတွေအဖြစ် ဖိတ်ကြားမှာဖြစ်ကြောင်း ကေအိုင် အို နည်းပညာအကြံပေးအလုပ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါး ကပြောပါတယ်။

"ဒီလေ့လာသူတွေကိုဖိတ်ဖို့ ကျနော်တို့နှစ်ဖက် သဘောတူထားတယ်၊ လွန်ခဲ့တဲ့ အချိန်မှာက ကျနော်တို့ပြည်သူတွေမပါဘူး၊ အရပ်ဖက်အဖွဲ့ အစည်းတွေ မပါဘူး၊ နှစ်ဦးနှစ်ဖက်ပဲတွေ့ခဲ့တယ်၊ ပြဿနာကမရှင်းဘူး၊ ပြန်ဖြစ်တယ်၊ ပြီးရင်လူထုက ပြန်နစ်နာတယ်၊ နိုင်ငံတော်တစ်ခုလုံး နစ်နာတယ်၊ ကချင်ပြည်နယ်အတွင်းရှိ တရားဝင်နိုင်ငံရေးပါတီ ၉ ဖွဲ့ရှိတယ်၊ သူတို့ကိုဖိတ်မယ်၊ ကျနော်တို့လက်နက်ကိုင် မဟာမိတ်အဖွဲ့အစည်းတွေကို ဖိတ်မယ်"

အခုလ ၈ ရက်ကနေ ၁၀ ရက်နေ့အထိ ကျင်းပမယ့် ငြိမ်းချမ်းရေးဆွေးနွေး ပွဲမှာ နှစ်ဖက်တပ်ပိုင်းဆိုင်ရာကိစ္စတွေ၊ စစ်ဘေးဒုက္ခသည်ကိစ္စတွေကို အဓိကထားဆွေးနွေးမယ်လို့ သိရပါတယ်။

RFA
လာမယ့် အောက်တိုဘာလ ၈ ရက်နေ့မှာ စတင်ကျင်းပမယ့် ကေအိုင်အို ကချင် လွတ်မြောက်ရေးအဖွဲ့နဲ့ အစိုးရတို့ရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ကချင်ပြည်နယ်က နိုင်ငံရေးပါတီတွေအပြင် တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်တွေကိုလည်း ဖိတ်ကြားဖို့ သဘောတူလိုက်ကြပါတယ်။

သံတွဲပဋိပက္ခ ဖြစ်စဉ်ကို စတင်ဖြစ်ပွားစေခဲ့သူ နှစ်ဦးနှင့် မီးရှို့ဖျက်ဆီးသည်ဟု သံသယရှိသူ ခြောက်ဦးအား စစ်ဆေးနေ


ရခိုင်ပြည်နယ် သံတွဲပဋိပက္ခ ဖြစ်စဉ်ကို စတင်ဖြစ်ပွားစေခဲ့သည့် နေအိမ်အား အုတ်ခဲများဖြင့် ၀ိုင်းဝန်း ပစ်ပေါက်ခဲ့သူများအနက် ပါဝင်သူ နှစ်ဦးနှင့် မီးရှို့ဖျက်ဆီးခဲ့သည်ဟု သံသယရှိသူ ခြောက်ဦးကို ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၃ ရက် ညနေ ပိုင်းတွင် ပြောကြားခဲ့သည်။

သံတွဲပဋိပက္ခ ဖြစ်စဉ်နှင့် ပတ်သက်၍ ရခိုင်တိုင်းရင်းသား တိုးတက်ရေး ပါတီ (သံတွဲ) ဥက္ကဋ္ဌ အပါအ၀င် ရခိုင်တိုင်းရင်းသား ၁၁ ဦးကို ဖမ်းဆီးထား


8.1.1

သံတွဲမြို့နယ် ပေါက်တောဝရွာ၌ ပျက်စီးသွားသော အဆောက်အအုံတစ်ခုကို တွေ့ရစဉ်


ရခိုင်ပြည်နယ် သံတွဲမြို့နယ်၌ ပဋိပက္ခများ ဖြစ်ပွားနေစဉ်အတွင်း သံတွဲမြို့၊ ရခိုင်တိုင်းရင်းသားများ တိုး တက်ရေးပါတီ (RNDP)ဥက္ကဋ္ဌ ဦးစောလှိုင်(ခ) ဦးမောင်ပုနှင့် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး အဖွဲ့ဝင် ခြောက်ဦးကို ရဲတပ်ဖွဲ့က အောက်တိုဘာ ၂ ရက် ညပိုင်းက ဖမ်းဆီးထိန်းသိမ်းထားပြီး အောက်တို ဘာ ၃ ရက်တွင် ပဋိပက္ခဖြစ်စဉ် အတွင်းပါဝင်သည်ဟု ယူဆရသူငါးဦးအား ထပ်မံဖမ်းဆီးခဲ့ကြောင်း သိရသည်။

မန္တလေးမြို့တွင်း လမ်းမကြီးများ မိုးအနည်းငယ် ရွာသွန်းလျှင်ပင် ရေလျံ မှုဖြစ်ပေါ် လာပြီး ယာဉ်ကြောပိတ်ဆို့မှု ကြုံတွေ့နေ

Photo: မန္တလေးမြို့တွင်း လမ်းမကြီးများ မိုးအနည်းငယ် ရွာသွန်းလျှင်ပင် ရေလျံ မှုဖြစ်ပေါ် လာပြီး ယာဉ်ကြောပိတ်ဆို့မှု ကြုံတွေ့နေ
Friday, 04 October 2013

မန္တလေးမြို့တွင် အောက်တိုဘာ ၃ ရက် နံနက်ပိုင်းက မိုးရွာ သွန်းခြင်းကြောင့် ရွှေတစ်ချောင်းမြောင်း ရေလျှံကာ စစ်ကိုင်း-မန္တလေး ကားလမ်းနေရာအချို့ ရေကျော်ပြီး သွားလာမှု အခက်အခဲ ဖြစ်ပေါ် ခဲ့ကြောင်း သိရှိရသည်။ ရွှေတစ်ချောင်းမြောင်း ရေလျှံ မှုကြောင့် မြောင်းဘေးဝဲယာရှိ မာလကာခြံ၊ ဒေါနခြံစသည့် အနိမ့်ပိုင်း ရပ်ကွက်များ ရေ၀င်နစ်မြုပ်ကာ မဟာမုနိဘုရားကြီး အနောက်ဘက်မုခ်အဆင်း စစ်ကိုင်း-မန္တလေးလမ်း ဟောင်းနေရာနှင့် ၈၆လမ်း၊ ၄၁ လမ်း ရွှေ တစ်ချောင်းမြောင်း တံတားနေရာတွင် မြောင်း ရေလျံမှုကြောင့် ယာဉ်အသွားအလာများ တန်းစီစောင့်စား သွားလာခဲ့ရကြောင်း သိရှိရသည်။

''နံနက်သုံးနာရီလောက်က မိုးစရွာတာ။ မိုးရာသီရောက်ရင် ရွှေတစ်ချောင်းမြောင်း ရေလျှံတတ်ပေမယ့် အခုတစ်ခါ တော်တော်လေး ဆိုးတယ်။ ရေမလျှံအောင် စည်ပင်ကမြောင်းနံရံ တွေအုတ်စီ၊ ဘောင်တွေမြှင့်ပေမယ့် ရေကလျှံတာပဲ''ဟု ရွှေတစ်ချောင်းမြောင်း အနီးဝန်းကျင် နေထိုင်သူတစ်ဦးက ပြောသည်။ ''ဒီမြောင်းက အင်္ဂလိပ်လက်ထက် ကတည်းက ရှိတဲ့မြောင်း။ မန္တလေးမြို့မှာ အရှည်ဆုံးမြောင်း လို့လည်း ပြောလို့ရတယ်။ ဟိုတုန်းကမြောင်း အကျယ်က ယောက်ျားလေး တစ်ခုန်စာပဲ ရှိတာ။ အနက်ကလူတစ်ရပ် လောက်ရှိတယ်။ အရင်မြောင်းအတွင်း နွံထုကိုက ၁၅ တောင် လောက်ရှိတယ်။ အဲ့ဒီနွံထုကို ကုန်အောင်မဆည်ဘဲ အပေါ်ယံထပ်ပြီး မြောင်းဘောင်မြှင့် တော့ ရေကလျှံမြဲအတိုင်း လျှံနေသေးတာပဲ'' ဟု ၄၁ လမ်း မြောင်းတံတားအနီး နေထိုင်သူ အသက် ၇၀ ကျော်အရွယ်ရှိ ဦးမြင့်လွင်က ပြောကြားသည်။

ယင်းကဲ့သို့ မြောင်းရေလျှံမှုကြောင့် မဟာအောင်မြေမြို့နယ်ရှိ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်း ရေ၀င်နစ်မြုပ်ကာ ကျောက်မျက်လုပ်ငန်းနှင့် အရောင်းဆိုင်များ ပိတ်သိမ်းပြီး အရောင်းအ၀ယ် ရပ်နားခဲ့ရကြောင်း သိရှိရသည်။ အဆိုပါ ရွှေတစ်ချောင်း မြောင်းသည် မန္တလေးမြောက်ဘက် မိုင်လေးဆယ်ဝန်ကျင်ရှိ မတ္တရာမြို့မှ စတင်စီးဆင်းလာပြီး မန္တလေးမြို့ အနောက်ဘက်ခြမ်း တစ်လျှောက်တွင် ရေဆိုးမြောင်းအဖြစ် စီးဆင်းကာ ရွှေဂဲရေဆိုးသန့်စင် စက်ရုံမှတစ်ဆင့် ဧရာဝတီမြစ်အတွင်း စီးဝင်ကြောင်း သိရသည်။ အောက်တိုဘာ ၂ ရက် နံနက် ၉ နာရီ ၃၀ မိနစ်မှ ၃ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ် တိုင်းထွာချက်များအရ မန္တလေး မြို့တွင် မိုးရေချိန် ၃ဒသမ ၁၉လက်မ၊ ပြင် ဦးလွင်မြို့ ၀ဒသမ ၅၉လက်မ၊ ကျောက်ဆည် မြို့ ၀ဒသမ ၈၇ လက်မ၊ မိတ္ထီလာမြို့ ၀ ဒသမ ၇၉ လက်မ၊ မြင်ခြံမြို့ ၀ဒသမ ၃၂ လက်မ၊ ညောင်ဦး ၀ဒသမ ၅၁ လက်မ၊ ရမည်းသင်း ၀ဒသမ ၄၀လက်မနှင့် ပျဉ်းမနားမြို့တို့တွင် ၀ ဒသမ ၀၈ လက်မရှိကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန (အထက်မြန်မာပြည်ဌာနခွဲ) မန္တလေးမြို့မှ သိရှိရသည်။

Eleven Media Group

ရွှေတစ်ချောင်းမြောင်း ရေလျှံမှုကြောင့် မဟာမုနိဘုရားကြီး အနောက်ဘက်မုခ် စစ်ကိုင်း-မန္တလေး ကားလမ်းပေါ်တွင် ရေကျော်နေ မှုအား မြင်တွေ့ရစဉ်

ရွှေတစ်ချောင်းမြောင်း ရေလျှံမှုကြောင့် မဟာမုနိဘုရားကြီး အနောက်ဘက်မုခ် စစ်ကိုင်း-မန္တလေး ကားလမ်းပေါ်တွင် ရေကျော်နေ မှုအား မြင်တွေ့ရစဉ်


မန္တလေးမြို့တွင် အောက်တိုဘာ ၃ ရက် နံနက်ပိုင်းက မိုးရွာ သွန်းခြင်းကြောင့် ရွှေတစ်ချောင်းမြောင်း ရေ လျှံကာ စစ်ကိုင်း-မန္တလေး ကားလမ်းနေရာအချို့ ရေကျော်ပြီး သွားလာမှု အခက်အခဲ ဖြစ်ပေါ် ခဲ့ကြောင်း သိရှိရသည်။