Tuesday 14 August 2012

“အိုခြင်းတရားကို အမြဲမပြတ် ဆင်ခြင်ပါ…”

'(ငါသည်) အိုခြင်း သဘောရှိ၏၊ အိုခြင်း သဘောကို မလွန်ဆန်နိုင်ချေ'' ဟူ၍ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။

ရခိုင်ပြည်နယ်တွင် နိုင်ငံသားကတ် မရှိသူများကို အရေးယူ သွားမည်

ပဋိပက္ခ ဖြစ်ပွားခဲ့ခြင်းကြောင့် အရေးပေါ် ထုတ်ပြန် ကြေငြာခဲ့ရသည့် ရခိုင်ပြည်နယ်တွင် မြန်မာ နိုင်ငံသား စိစစ်ရေး ကတ်ပြားများကို မှန်ကန်မှု ရှိမရှိ စစ်ဆေးလျက် ရှိပြီး ယင်းကတ်ပြား မရှိသူများအား လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေဖြင့် အရေးယူသွားမည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက The Voice Weekly ၏ မေးမြန်းမှု ကို ပြန်  လည် ဖြေကြား ခဲ့သည်။

သမ္မတ ဦးသိန်းစိန် ဗွီအိုအေမြန်မာပိုင်းနှင့် သီးသန့်တွေ့ဆုံမေးမြန်းခန်း

ရခိုင်ပြည်နယ်မှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့  ပဋိပက္ခတွေဟာ ပြစ်မှု တခုကို အခြေခံပြီး   ဖြစ်ပွားခဲ့ တဲ့ ပြည် တွင်းရေး ကိစ္စ သာ ဖြစ်တယ်၊ နိုင်ငံတကာ စုံစမ်း ဖြေရှင်းစရာ မလိုဘဲ ပြည်တွင်းမှာ လူ့အခွင့်အရေးနဲ့ ဘာသာရေး လွတ်လပ်ခွင့်တွေ ထွန်းကားအောင် ဆောင်ရွက်ပြီး၊ ဒေသခံတွေရဲ့ အသိပညာ မြင့်မားရေး တို့ကို ဆောင်ရွက်ရင်းနဲ့ ဒီပြဿနာကို ဖြေရှင်းနိုင်တယ်လို့ သမ္မတ ဦးသိန်းစိန်က ဆိုပါ တယ်။ ဗွီအိုအေ ဌာနမှူး ဦးသန်းလွင်ထွန်း မြန်မာနိုင်ငံကို ရောက်ရှိနေချိန်မှာ သမ္မတ ဦးသိန်းစိန်ကို နေပြည်တော်မှာ သွားရောက် တွေ့ဆုံ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်၊ မန္တလေး စက်မှုတက္ကသိုလ်များ ပြန်ဖွင့်တော့မည်

စစ်အစိုးရ လက်ထက်ကတည်းက ပိတ်ထားခဲ့သည့် ရန်ကုန်စက်မှုတက္ကသိုလ် (RIT) နှင့် မန္တလေးစက်မှု တက္ကသိုလ် (MIT) တို့ကို လာမည့်နှစ်မှ စတင်ကာ အဆင့်မြင့် နည်းပညာ တက္ကသိုလ်များအဖြစ် ပြန်လည် ဖွင့် လှစ်တော့ မည် ဖြစ်သည်။

၅၀၀ ကေဗွီ မဟာ ဓာတ်အားလိုင်း သုံးနိုင်ငံ၏ အကူအညီဖြင့် ဆောက်လုပ်မည်

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ၅၀၀ ကေဗွီ မဟာ ဓါတ်အား လိုင်း တစ်ခုကို ဂျပန် ကိုရီးယားနှင့် ဆားဗီးယား နိုင်ငံတို့ ၏အကူအ ညီဖြင့် ဆောက်လုပ် သွားမည်ဖစ်ကြောင်းအမှတ် (၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှဦးဆောငညွှန်ကြားရေးတစ်ဦး ကပြောကြား   သည်။

ဗင်နီဇွဲလားနိုင်ငံသည် အမေရိကန်နိုင်ငံ၏ ကျူးကျော်တိုက်ခိုက် လာပါကခုခံရန် ပြောက်ကျားတပ်ဖွဲ့များ ဖွဲ့စည်းရန်ရှိ

 
 
ဗင်နီဇွဲလားနိုင်ငံသည်အမေရိကန်နိုင်ငံ၏ကျူးကျော်ဝင်ရောက်လာပါကခုခံရန်အတွက်အင်အား တောင့်တင်း သည့် ပြောက်ကျား တပ်ဖွဲ့တစ်ဖွဲ့အား လေ့ကျင့်ပေးလျက်ရှိပြီး ၂ဝ၁၃ ခုနှစ်တွင် တပ်ဖွဲ့ဝင် ၁ သန်း လေ့ကျင့် ထားရန် ရည်ရွယ်ထားကြောင်း အတိုက်အခံ အမတ်တစ်ဦးမှ သြဂုတ်လ ၁၂ ရက်နေ့ တွင် ပြောကြားခဲ့ ပါသည်။ အမျိုးသားစစ်တပ် လက်အောက်ခံ အဖွဲ့တစ်ဖွဲ့မှ ထုတ်ပြန်ထားသည့် ၄င်းအစီ အစဉ်၏ မိတ္တူတစ်စုံအား သူမအနေဖြင့် ရရှိထားကြောင်း ယခင် သမ္မတလောင်း တစ်ဦးဖြစ်သူ ကိုယ်စားလှယ် Maria Corina Machado က ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ အမေရိကန်၊ သို့မဟုတ် အခြားနိုင် ငံများ၏ ကျူးကျော်မှုအား ဆန့်ကျင်သည့် ပြည်သူ့စစ်တွင် ဗင်နီဇွဲလားနိုင်ငံ အားအောင်မြင်မှု ရရှိစေမည့် ဘိုလီး ဗီးယား စစ် အခြေခံသဘော တရားသစ်တည်ဆောက်ရေး မဟာဗျူဟာ မြောက်ရည်မှန်းချက် ပင်ဖြစ်ကြောင်း Machado က ပြောကြားခဲ့ပါသည်။ ၄င်းသည် ကျူးဘားနိုင်ငံ၏ တိုက်တွန်း အကြံပေး မှုဖြင့် ရေးဆွဲ ထားသော ရှင်းလင်းသည့် စီမံချက်တစ်စောင်ပင် ဖြစ်ပါသည်။

မနက်ဖြန်ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းဝေး အပြီးတွင် ပြည်သူ့လွှတ်တော်မှ ဖွဲ့စည်း ထားသော ကော်မတီ ကော်မရှင်များ ၏ ဥက္ကဌ များနှင့် ပြည်သူ့လွှတ်တော်ဥက္ကဌတို့တွေ့ဆုံဆွေးနွေး မည်


မနက်ဖြန်ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းဝေး အပြီးတွင် ပြည်သူ့လွှတ်တော်မှ ဖွဲ့စည်း ထားသော ကော်မတီ ကော်မရှင်များ ၏ ဥက္ကဌ များနှင့် ပြည်သူ့လွှတ်တော်ဥက္ကဌတို့တွေ့ဆုံ
ဆွေးနွေး မည်ဖြစ်ကြောင်း လွှတ်တော်ရုံးမှ သိရသည်။

ထူးအိမ်သင် ကွယ်လွန်ခြင်း ၈နှစ်ပြည့် ကျင်းပ

ကိုဌက်ကြီးဟု ချစ်စနိုး ခေါ်ကြသည့် တေးသံရှင် ထူးအိမ်သင်၏ သြဂုတ်လ ၁၄ရက်နေ့တွင် ကျရောက်သည့် ကွယ်လွန်ခြင်း ၈ နှစ်ပြည့် အမှတ်တရပွဲကို ၄င်း၏ လူငယ် ပရိတ်သတ်များ ဦးစီး၍ ရန်ကုန်မြို့တော် ဗိုလ်ရာညွှန့်လမ်းရှိ New Zero Art Space ခန်းမတွင် ကျင်းပခဲ့သည်။

ဟားဗတ်တက္ကသိုလ် စာကြည့်တိုက် နံရံမှ ဆုံးမစာများ

ဒီဓာတ်ပုံဟာ ဟားဗတ်တက္ကသိုလ် စာကြည့်တိုက်ရဲ့ နံနက် ၄ နာရီ ပါ။ တော်တော်လေးကောင်းလို့ ဘာသာပြန်ပေး   လိုက်တာပါ။ အောင်မြင်မှုရရှိခဲ့သူတွေရဲ့နောက်ကွယ်မှာ ဘယ်လောက်ထိ ကြိုးစားအား ထုတ်ခဲ့ရတာရှိသလဲဆိုတာကို ဒါလေးကသက်သေ ပြနေပါတယ်။ 

ဟားဗတ်တက္ကသိုလ်ကဆရာတွေ ပြောပြလေ့ရှိတာကတော့ သင်ဘ၀မှာစိတ်တိုင်းကျဖို့နဲ့ ကောင်းတဲ့ဝေ ဖန်မှုရ ချင်ရင်တော့ ဟားဗတ်တက္ကသိုလ်မှာ ပညာသင်နေတဲ့အချိန်နေရောင်နဲ့ ထိတွေ့ဖို့အချိန်မရှိဘူး။
ကမ္ဘာ့ထိပ်ဆုံးကျောင်းတစ်ကျောင်းအနေနဲ့ ဟားဗတ်က နာမည်ကြီးပုဂ္ဂိုလ်တွေ အများကြီးမွေးထုတ်ပေး ခဲ့တယ်။ အဲ့ထဲမှာ နိုဘယ်လ်ဆုရှင် ၃၃ဦး၊ အမေရိကန်သမ္မတ ၇ဦး နဲ့ နယ်ပယ်အသီးသီးက ထူးချွန်ထက်မြတ် သူတွေပါတယ်။ ဘာကြောင့် ဟားဗတ်ဟာ သူတို့ရဲ. မွေးရပ်ဇာတိဖြစ်နေတာလဲ။ 

ဟားဗတ်ကျောင်းသားတွေဟာ ဘယ်လို စိတ်ဓာတ် နဲ.တွေးခေါ်မှုတွေကိုရရှိခဲ့ ကြတာလဲ။ ဒီအဖြေကိုလူပေါင်းများစွာ လိုက်ရှာနေကြတယ်။

တူရကီနိုင်ငံအရှေ့ပိုင်းတွင် အတိုက်အခံပါတီခေါင်းဆောင်ဖြစ်သူ ပြန်ပေးဆွဲခံရ

ပိတ်ပင်ခြင်းခံထားရသော Kurdish အလုပ်သမားပါတီ (PKK) သည် အဓိက အတိုက်အခံပါတီဖြစ် သော ရီပတ်ဘလစ် ကန်ပြည်သူ့ပါတီ (CHP) ဒေသဆိုင်ရာ ခေါင်းဆောင်တစ်ဦးအား သြဂုတ်လ ၁၂ ရက်နေ့တွင် တူရကီနိုင်ငံ အရှေ့ပိုင်း Tunceli ပြည်နယ်၌ ပြန်ပေးဆွဲမှု တစ်ခုပြုလုပ်ခဲ့ကြောင်း တူရကီနိုင်ငံထုတ် တူဒေးဇမန်း သတင်းစာ၌ ရေးသား ဖော်ပြထားပါသည်။ PKK ပါတီဝင်များသည် သြဂုတ်လ ၁၂ ရက်နေ့ ညနေပိုင်းတွင်Tunceli ပြည်နယ် Ovackု မြို့တွင် လမ်းများကို ပိတ်ဆို့ကာ CHP ပါတီ၏ Tunceli ပြည်နယ် ဒုတိယအကြီးအကဲ ဖြစ်သူ Huseyin Aygun ၄င်း၏ လက်ထောက်နှင့် ဂျာနယ်လစ်တစ်ဦး စီးနင်းလာ သောကားကို ပိတ်ဆို့တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း Tunceli ပြည်နယ် အုပ်ချုပ်ရေးမှူးက မှတ် ချက်ပြု ပြောကြား ခဲ့ပါသည်။ PKK အဖွဲ့သည် Aygun အား ဆက်လက် ဖမ်းဆီးထိန်းသိမ်း ထားပြီး ကျန် ၂ ဦးကိုမူ လွှတ်ပေးခဲ့ကြောင်း သိရှိရပါသည်။ အစိုးရတပ်ဖွဲ့ဝင် များက ၄င်းအား ကယ်ဆယ်ရန် အထူး စစ်ဆင်ရေး တစ်ရပ်စတင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း NTV သတင်းဌာန က ပြောကြား လျက်ရှိပါသည်။

ဆယ့်တစ်ကြိမ်မြောက် တရားခွင်မှာ .....

ဆယ့်တစ်ကြိမ်မြောက် တရားခွင်မှာ စတုတ္တမြောက် တရားလိုသက်သေ အဖြစ် မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲ(၃)က ဘဏ်မန်နေဂျာ ဦးအောင်ကိုကို, ကို နှစ်ဖက်အကျိုးဆောင်တွေ မေးကြမယ်။ တရားလို အကျိုးဆောင် ဥပဒေဝန်ထမ်းကတော့ ဘဏ်မန်နေဂျာရဲ့ အမည်၊ ရာထူး၊ အသက်၊ လက်ရှိဘဏ်မှာ တာဝန်ထမ်းဆောင် ခဲ့တဲ့ လုပ်သက် အဲဒါတွေကို အရင်မေးတယ်။ ဘဏ်(၃)ကို သတ္တုတွင်းဝန်ကြီးဌာနက ဘယ် လိုငွေသွင်းတယ်၊ ငွေစာရင်းအမှတ်ဘယ်လောက်နဲ့ ဘဏ်စာရင်းဖွင့်တယ်။ ဝင်လာ တဲ့ ငွေက မြန် မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်ကတစ်ဆင့် အစိုးရသတ်မှတ်တဲ့ ငွေလဲနှုန်းနဲ့ ကျပ်ငွေစာရင်းနဲ့ဝင် လာ တယ်၊ ငွေစာရင်းလာဖွင့်တဲ့သူ နာမည်နဲ့ ရာထူး အဲဒါတွေကို ရှင်းပြတယ်။

ဒုတိယသမ္မကျမ်းကျိန်ဆိုမည့် ပြည်ထောင်စုလွှတ်တော်သို့ သမ္မတ ဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ တက်ရောက်ဖွယ်ရှိ

သြဂုတ် ၁၅ ရက် (မနက်ဖြန် မနက် ဆယ်နာရီ )တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အဋ္ဌမမြောက်နေ့ အစည်းအဝေး၌တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့က ရွေးချယ်တင်မြှောက်သည့် ဒုတိယ သမ္မတအမည်စာရင်းကို ကြေညာပြီးဒုတိယသမ္မတက ပြည်ထောင်စုလွှတ်တော် နာယကရှေ့ မှောက်တွင် ကျမ်းသစ္စာ ကျိန်ဆိုမည်ဖြစ်ကြောင်း သည်။ 
 

ယခုအခါ စစ်တွေတက္ကသိုလ်သည် ပြန်လည်ဖွင့်လှစ်လျက်ရှိပြီး တက္ကသိုလ်ကျောင်းသားကျောင်းသူများ တက်ရောက်ပညာသင်ကြားနေကြပြီဖြစ်သည်။

စစ်တွေတက္ကသိုလ်သည် ဘင်္ဂါလီလူမျိုးများနေထိုင်ရာရွာအနီးနှင့် ဘင်္ဂါလီလူမျိုးများနေ ထိုင်ရာ   ကျေးရွာ များသို့သွားရာ လမ်းကြောပေါ်တွင် တည်ရှိသဖြင့် စစ်တွေတက္ကသိုလ်တ၀ိုက်တွင် လုံခြုံရေးများ ချထား ရကြောင်းလည်း သိရှိရသည်။

စေတနာဝသန် တေးဂီတ ဖျော်ဖြေပွဲနှင့် ပက်သက်ပြီး သတင်းစာရှင်းလင်းပွဲ လုပ်မည်

၂၀၁၂ စက်တင်ဘာလ ၁ ရက်နေ့ တွင် Myanmar Convention Center (MCC) တွင် ကျင်းပ မည်ဖြစ်သော စေတနာဝသန်တေးဂီတ ဖျော်ဖြေပွဲ (၈၈မျိုးဆက်ကျောင်းသားများရံပုံငွေ ရှာဖွေပွဲ) နှင့်ပတ် သတ် ၍ စာနယ်ဇင်း ရှင်းလင်းပွဲကို အောက်ပါအစီအစဉ်အတိုင်း ပြုလုပ်ကျင်းပမည် ဖြစ်ပါ၍ ပြည်တွင်းပြည်ပ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းဆရာများအနေဖြင့် မပျက်မကွက်တက်ရောက် ပါရန် လေးစားစွာ ဖိတ်ကြား အပ်ပါသည်။
နေရာ- M3 Food Center
အချိန်- 17.8.2012 , 2:00pm to 4:00pm

(၈၈ မျိုးဆက်ကျောင်းသားများ)

နှစ်မကုန်မီ အခမဲ့ ကြည့်ရှုရတော့မည့် သတင်းနှင့်ဖျော်ဖြေမှုဦးစားပေး MNTV


အင်တာနာတိုင်ရှိယုံဖြင့်ဖမ်းယူကြည့်ရှုနိုင်သောသတင်းနှင့်ဖျော်ဖြေမှုဦးစားပေးအခမဲ့ရုပ် သံလိုင်း ဖြစ် သည့်မြန် မာေ နရှင်နယ်   ရုပ်မြင်သံကြားလိုင်း(MNTV)အား ယခုနှစ် မကုန်မီထုတ် လွှင့်ပြသ   နိုင်ရန် စီစဉ်ဆောင် ရွက်လျှက်ရှိကြောင်း   ရွှေသံလွင်မီဒီယာကသိရှိရသည်။

နေ့စဉ်မိုးလေ၀သသတင်း (၂၀၁၂ ခုနှစ်၊ သြဂုတ်လ(၁၄)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်းနှင့် ကယားပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး၊ စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာကွက်ကျား၊ ရှမ်းပြည်နယ်တွင် နေရာကျဲကျဲ၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ် ချုန်းရွာခဲ့ကာ၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ် တို့တွင် နေရာကွက်၍ မိုးကြီးခဲ့ပါသည်။ မှတ်သားဖွယ်ရာမိုးရေချိန်များမှာ မာန်အောင်မြို့တွင် (၄.၆၅) လက်မ၊ ကော့ကရိတ်မြို့တွင် (၃.၉၀)လက်မ၊ ကျိုက်မရောမြို့တွင် (၃.၇၇)လက်မ၊ မော်လမြိုင်မြို့တွင် (၃.၄၂)လက်မ၊ ပူတာအိုမြို့တွင် (၃.၃၉)လက်မနှင့် ကျောက်ဖြူမြို့တွင် (၃.၂၇)လက်မတို့ ဖြစ်ကြပါသည်။

အမေရိကန်-မြန်မာ ပထမဆုံးအားကစားသံတမန် ဖလှယ်ရေးအတွက် NBA ဘတ်စကက်ဘော ကစားသမားဟောင်းသုံးဦး ရန်ကုန်သို့လာရောက်မည်

အမေရိကန်နိုင်ငံမှ ကမ္ဘာကျော် ဘတ်စကက်ဘော ပြိုင်ပွဲဖြစ်သော အင်န်ဘီအေနှင့် ဒဗလျူအင်န်ဘီအေမှ လက်ထောက်နည်းပြ အပါအ၀င် ကစားသမားဟောင်း  သုံးဦးသည် အားကစားနှင့် ယဉ်ကျေးမှုရေးရာ လှုပ်ရှားမှုများမှတစ်ဆင့် မြန်မာလူငယ်များနှင့် တွေ့ဆုံရန် ရန်ကုန်မြို့သို့ ယခုလ ၂၆ ရက်တွင် လာရောက် မည်ဖြစ်ကြောင်း သတင်းရရှိသည်။

4G ဖုန်းများကို အရှေ့တောင်အာရှအားကစားပြိုင်ပွဲအမီ ချထားပေးနိုင်ရန်စီစဉ်

Data စနစ်ကို အပြည့်အ၀ထောက်ပံ့ပေးသည့် 4G ဖုန်းလိုင်းများကို အရှေ့တောင်အာရှအား ကစားပြိုင်ပွဲ အမီချထားပေးနိုင်ရန်စီစဉ် ဆောင်ရွက်နေသည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အရာရှိတစ်ဦးကပြော သည်။ 
4G ကွန်ရက်အသုံးပြုသည့် မိုဘိုင်းဖုန်းလိုင်းများချထားပေးနိုင်ရန် ပြည်ပနိုင်ငံများမှ နည်းပညာကုမ္ပဏီ များနှင့်မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့ဆွေးနွေးမှုများပြုလုပ်နေသည်ဟုသိရသည်။ 

မိုးသီးဇွန် - မြန်မာပြည် ပြန်လာပြီ

မိုးသီးဇွန်  ယခုအခါ ထိုင်းရောက်နေပြီဖြစ်ပြီး ယခုအပါတ်အတွင်း ရန်ကုန်ရောက်မည် ဖြစ်ကြောင်း သိရသည်

သမာသမတ်ကျသည့် အထူးကိုယ်စားလှယ်တစ်ဦး ပြောင်းလဲတာဝန်ပေးရန် ကမ္ဘာ့ကုလသမဂ္ဂကို RNDP တောင်းဆို

ရခိုင်ပြည်တွင် ဇွန်လက ဖြစ်ပေါ်ခဲ့သော ဆူပူအကြမ်းဖက်မှုများအား လေ့လာရန်ရောက်ရှိ လာသော မစ္စတာ သောမတ် အိုဟေး ကင်တားနားအနေဖြင့် ဘက်နှစ်ဖက်အား လေ့လာခဲ့ခြင်းမျိုးမဟုတ်ဘဲ တဘက်တည်းသာတွေ့ဆုံးပြီး တဖက်သတ် အမြင်များကိုသာ သတင်းစာရှင်းလင်းပွဲတွင်ပြောကြား ခဲ့ခြင်းကြောင့် ကင်တားနားနေရာတွင် သမာသမတ်ကျသည့် အထူးကိုယ်စားလှယ် တစ်ဦး ပြောင်းလဲ  တာဝန်ပေး ရန် ကမ္ဘာ့ကုလသမဂ္ဂကို တောင်းဆိုလိုက်ကြောင်း RNDP ၏ အတွင်းရေးမှူး ခိုင်ပြည်စိုး ကပြောသည်။

မြန်မာပြည်မှာ လှုပ်ရှားခဲ့တယ်ဆိုတဲ့ သေနတ်သမား အသေမိပြီ

လူ ၉ ဦးသတ်မှုနဲ့ သံသယဖြစ်ခံရတဲ့ သေနတ်သမား Zhou Kehua ကို ဒီနေ့ တရုတ်ပြည်အနောက်တောင် ပိုင်း ချုံကင်း(Chongqing) မှာ အသေမိပြီ တဲ့။ ဒီသေနတ်သမားဟာ မြန်မာပြည်မှာ လေ့ကျင့်လှုပ် ရှားခဲ့ဖူးသူဖြစ်တယ်လို့ ဆိုပါတယ်။



အကြပ်ကိုင် နည်းဖြင့် ငြိမ်းချမ်းရေး ရစေသည့် နည်းကို KIA လက်ခံမည်မဟုတ်

အစိုးရသည် ရွှေပြည်သာ စစ်ဆင်ရေးနည်းဖြင့် KIA အား အကြပ်ကိုင်ပြီးမှ ၄င်းတို့၏ ငြိမ်းချမ်းရေး ကမ်းလှမ်း ချက်အား လက်ခံ စေသည့်နည်း အသုံးပြု နေခြင်းကို KIA က လက်ခံမည် မဟုတ်ဟု ပြောရေးဆိုခွင့် ရှိသူ ဦးလာနန်းက ဆိုပါသည်။

ဂျပန်မိုင်းရှင်းသင်္ဘော ၂ စီးသည် ပါရှန်ပင်လယ်ကွေ့တွင်ပြုလုပ်မည့် စစ်ရေးလေ့ကျင့်ခန်းတွင် ပါဝင်ဆောင်ရွက်ရန် စတင်ထွက်ခွာသွား

ဂျပန်ရေကြောင်း ကာကွယ်ရေးတပ်ဖွဲ့ မှသင်္ဘောများသည် လာမည့်လ တွင်ပြုလုပ်မည့် အမေရိကန် ဦးဆောင်သော မိုင်းရှင်းလင်း ရေးစစ်ရေး လေ့ကျင့်ခန်းတွင် ပါဝင် ဆောင်ရွက်ရန်အတွက် ပါရှန် ပင်လယ်ကွေ့သို့ ဦးတည် ထွက်ခွာသွားပါသည်။ တပ်ဖွဲ့ဝင် ၁၇ဝ ဦးခန့်ပါဝင်သော Uraga Hachijo အမည်ရှိ မိုင်းရှင်းသင်္ဘော ၂ စီးသည် Kanagawa စီရင်စုရှိ Yokosuka အခြေစိုက်စခန်းမှ သြဂုတ်လ ၁၂ ရက်နေ့တွင် စတင်ထွက်ခွာသွားပါသည်။ အဆိုပါသင်္ဘော ၂ စီးသည် စက်တင်ဘာလ ၁၆ ရက်နေ့တွင် စတင်ပြုလုပ်မည့် ၁၂ ရက်ကြာ စစ်ရေး လေ့ကျင့်ခန်းတွင် ပါဝင် ဆောင်ရွက်မည်ဖြစ်ပြီး ပါရှန်ပင်လယ်ကွေ့ သို့မဝင်ရောက်မီ မလေးရှားနှင့် သီရိလင်္ကာ နိုင်ငံတို့ရှိ ဆိပ်ကမ်းများ၌ ခရီးတစ်ထောက် ရပ်နားမည်ဖြစ်ပါသည်။ 

ရုရှားနိုင်ငံ အရှေ့  ပိုင်းတွင် အင်အားပြင်း ငလျင်လှုပ်ခတ်

ရုရှားနိုင်ငံ အရှေ့ပိုင်းကမ်းလွန်ကို ဗဟိုပြု၍ Magnitude 7.3 ရှိ အင်အားပြင်းထန်သော ငလျင်တစ်ခု ယနေ့ လှုပ်ခတ်သွားသည်။ ငလျင်သည် ဒေသစံတော်ချိန် မွန်းလွဲ ၁း၀၀ နာရီခန့်တွင် ရုရှားနိုင်ငံ Poronaysk မြို့မှ ကီလို မီတာ ၁၆၀ အကွာ ပစိဖိတ်သမုဒ္ဒရာအတွင်း ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှု အခြေအနေကို မသိရသေးချေ။

ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်(ALD) ဥက္ကဋ္ဌ ဦးအေးသာအောင် က ဒေသခံပြည်သူများ အသက်အိုးအိမ် စည်းစိမ်များ ကာကွယ်ဖို့တောင်းဆို

ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်(ALD) ဥက္ကဋ္ဌ ဦးအေးသာအောင် က ဒေသခံပြည်သူများ အသက်အိုးအိမ် စည်းစိမ်များ ကာကွယ်ဖို့၊ လုံခြုံရေးအရ အစိုးရ ၊ တပ်မတော်နဲ့ ဒေသဆိုင်ရာ အာဏာပိုင်များ အချိန်ကာလ တခုအထိ ပူးပေါင်းရမှာ ဖြစ်ကြောင်း၊ တပ်မတော်နဲ့အစိုးရ ကလည်း စစ်မှန်တဲ့ စေတနာဖြင့် ပြည်သူများကို တာဝန်ယူပေးစေလိုကြောင်း ပြောပါတယ်။

Samsung Galaxy Tab 2 (7.0) Student Edition ထွက်ရှိ

Samsung က သူ တို့ ရဲ့ ထုတ်ကုန်တွေထဲ က တစ်ခုဖြစ်တဲ့ Samsung Galaxy Tab 2 ကို ကျောင်း သားကျောင်းသူတွေ အသုံးပြုဖို့ အတွက် မျက်နှာပြင် အရွယ်အစား ၇ လက်မနဲ့ ထပ်မံ ထုတ်လုပ်ဖြန့် ချိ လိုက်ပါတယ်။ 

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ၄င်းတို့၏ အသိစိတ်ဓာတ်ဖြင့် တာဝန်မှ အနားယူစေခြင်းကို သြဂုတ်လ ၂၁ ရက် နောက်ဆုံးအပြီးဆောင်ရွက်ပေးရန် နိုင်ငံတော် သမ္မတထံ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ပြောကြား

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ၄င်းတို့၏ အသိစိတ်ဓာတ်ဖြင့် တာဝန်မှ အနားယူစေခြင်းကို သြဂုတ်လ ၂၁ ရက် နောက်ဆုံးအပြီးဆောင်ရွက်ပေးရန် နိုင်ငံတော် သမ္မတထံ
 ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ယနေ့ သြဂုတ်လ ၁၄ ရက်တွင်ပြုလုပ်သော ပြည်သူ့
လွှတ်တော် စတုတ္တပုံမှန်အစည်းအဝေး ၂၄ ရက်မြောက်နေ့ တွင်ပြောကြားခဲ့သည်။

လာမည့် ၁၀ နှစ်အတွင်း အာတိတ်သမုဒ္ဒရာအတွင်းမှ ရေခဲများ ကွယ်ပျောက်နိုင်

အာတိတ် သမုဒ္ဒရာအတွင်း စီးမျောနေသည့် ရေခဲများသည် ကမ္ဘာကြီး ပူနွေးလာမှုနှင့်အတူ လာမည့် (၁၀)နှစ်အတွင်း ပျောက်ကွယ်သွားနိုင်ကြောင်း သိပ္ပံပညာရှင်များက သတိပေး ပြောဆိုလိုက်သည်။ အာတိတ်ဒေသ မှ ရေခဲချပ်ကြီးများသည် မူလမျှော်လင့် ခန့်မှန်းထားသည်ထက် အလွန်လျင်မြန်စွာ အရည်ပျော်နေကြောင်းသိပ္ပံပညာရှင်အဖွဲ့တစ်ခုကအခိုင်အမာပြောဆိုခဲ့သည်။ဥရောပအာကာ သ
 အေဂျင်စီ၏ ဂြိုဟ်တုဓာတ်ပုံ အသစ်များကို လေ့လာခဲ့ပြီးနောက် ပြီးခဲ့သည့် တစ်နှစ်အတွင်း မှာပင် အာတိတ် မှ ကုဗကီလိုမီတာ (၉၀၀)ထိ ထုထည်ရှိသော ရေခဲများ အရည်ပျော်   ပျောက်ဆုံးသွားကြောင်း   ဖော်ထုတ် တွေ့ရှိလာခဲ့သည်။ 



ဒုတိယသမ္မတသစ် မနက်ဖြန်(၁၅.၈.၂၀၁၂)ကျမ်းကျိန်မည်

လစ်လပ်သွားသောဒုတိယသမ္မတရာထူးနေရာအတွက် မနက်ဖြန်မနက် ၁၀ နာရီတွင် တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့မှ အမည်စာရင်းတင်သွင်းမည်ဖြစ်ကြောင်း လွှတ်တော်အတွင်း သွားရောက် သတင်း ရယူနေသည့် The Messenger ဂျာနယ်သတင်းသမားတစ်ဦးက သတင်းပေးပို့သည်။ ဒုတိယသမ္မတ အဖြစ်ရွေးချယ်ခံရသူက ပြည်ထောင်စုလွှတ်တော်နာယက ရှေ့မှောက်တွင် တစ်ခါတည်း ကျမ်းသစ္စာကျိန်ဆို သွားမည်ဖြစ်ကြောင်း လွှတ်တော်ရုံးတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ ဒုတိယသမ္မတရာထူးအတွက် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးဥာဏ်ထွန်းက ရေပန်းစားနေကြောင်းသိရသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၆၄(ဃ) အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ၀န်ကြီးချုပ်နှင့် ၀န်ကြီးများ၏ တာဝန်များ လုပ်ပိုင်ခွင့် များနှင့် ရပိုင်ခွင့်များကို တိကျစွာ သတ်မှတ်၍ ဥပဒေနှင့် နည်းဥပဒေ မူကြမ်း အဖြစ် ပြည်ထောင်စု လွှတ်တော် သို့ ဆောလျင်စွာ တင် သွင်းရေး ပြည်ထောင်စု အစိုးရအား မေတ္တာရပ်ခံ တိုက် တွန်းကြောင်း အဆို တင်သွင်း

ကွမ်ဟိန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဝါနုက ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၆၄(ဃ) အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်နှင့် ၀န်ကြီးများ၏ တာဝန်များ လုပ်ပိုင်ခွင့်များနှ င့် ရပိုင်ခွင့်များကို တိကျစွာ သတ်မှတ်၍ ဥပဒေနှင့် နည်းဥပဒေ မူကြမ်းအဖြစ်ပည်ထောင်စုလွှတ်တော်သို့ဆာလျင်စွာ တင်သွင်းရေး ပြည်ထောင်စုအစိုးရ အား မေတ္တာရပ်ခံ တိုက်တွန်းကြောင်း အဆိုအား ယနေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် တင်သွင်းသွားခဲ့သည့် အဆိုနှင့်ပတ်သက်၍ ကန့်ကွက်မည့်သူ မရှိ၍ လွှတ်တော်က ဆက်လက်ဆွေး ရန်သဘောတူကြောင်း ဆုံးဖြတ်ခဲ့သည်။
 

Ubuntu ပေါ်တွင် Torrent File များ ဒေါင်းလုပ်ပြုလုပ်ရန်အတွက် Application ထည့်သွင်းခြင်း


Ubuntu OS အသုံးပြုသူတွေအနေနဲ့လည်း Microsoft Windows မှာအသုံးပြုသလိုမျိုး Torrent ဖိုင်တွေကို ဒေါင်းလုပ်ဆွဲယူနိုင်ဖို့အတွက် Application တွေရှိပါတယ်။ ဒီအထဲကမှ Ubuntu User တွေ အလွယ်ကူဆုံး နဲ့ စွမ်းရည်ပြည့် အသုံးပြုနိုင်တဲ့ qBittorent ဆိုတဲ့ Application ကို ထည့်သွင်း အသုံးပြုပုံ ကိုရွေးချယ် တင်ပြလိုက်ပါတယ်။ qBittorrent ကိုအသုံးပြုဖို့အတွက် Ubuntu OS ကို ယခုမှစတင် တင်ထားသူများ အနေနဲ့ ပထမဦးစွာ OS ကို Update  ကိုမဖြစ်မနေပြုလုပ်ရမှာဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပါက တစ်ဆက်တည်း Upgrade ကိုပါပြုလုပ်ရမှာဖြစ်ပါတယ်။ Update နဲ့ Upgrade ပြုလုပ်ပြီးပြီဆိုပါက အလိုရှိတဲ့ Application ကို သင်အသုံးပြုမယ့် Ubuntu OS ပေါ်မှာ စတင်ထည့် သွင်းနိုင်ပြီဖြစ်ပါတယ်။

အချက်အလက်များကို သိုလှောင်သိမ်းဆည်းနိုင်မယ့် အကောင်းဆုံး Cloud သိုလှောင်မှုစနစ်များ



Cloud သိုလှောင်မှုစနစ်ဟာ အချက်အလက်တွေကို back up ပြုလုပ်ရာမှာ thumb drive နဲ့ external hard drive တို့ပေါ်မှာ ပြုလုပ်သကဲ့သို့ အသုံးပြုနိုင်မယ့် နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ cloud သိုလှောင်မှုစနစ်ရဲ့ ထူးခြားချက်ကတော့ ကွန်ပျူတာများ၊ လက်တော့ပ်များ၊ စမတ်ဖုန်းများနဲ့ tablet များကဲ့သို့ ထုတ်ကုန်အများ အပြားကနေ ချောမွေ့စွာ synchronize ပြုလုပ်နိုင်စေခြင်း ဖြစ်ပါတယ်။ ဒါကြောင့် အင်တာနက်ချိတ်ဆက်မှု ရှိရုံနဲ့ အချက်အလက်များကို အခမဲ့ သိုလှောင်သိမ်းဆည်းထားနိုင်တဲ့ ဝန်ဆောင်မှု မြောက်များစွာအနက်မှ အကောင်းဆုံး Cloud သိုလှောင်မှုစနစ်များကို ရွေးချယ် ဖော်ပြလိုက်ပါတယ်။

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား တာဝန်မှနုတ်ထွက်ရန် ပြည်သူ့လွှတ်တော်က နိုင်ငံတော်သမ္မတ ထံတင်ပြ

ယနေ့ ဩဂုတ် ၁၄ရက်တွင် ကျင်းပပြုလုပ်သည့် ပြည်သူ့လွှတ် တော် အစည်းအဝေးတွင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ အား ယခုလ ၂၁ရက်နေ့ နောက်ဆုံးထား၍ မိမိဆန္ဒ အလျောက် တာဝန်မှ နုတ်ထွက်သွားစေရန် နိုင်ငံ တော်သမ္မတထံသို့ ပြည်သူ့လွှတ်တော် မှ ယနေ့ ဩဂုတ် ၁၄ ရက် ရက်စွဲဖြင့် သဝဏ်လွှာပေးပို့မည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင်းဖြစ်ပျက်ခဲ့သော ပဋိပက္ခအပေါ်အမြတ်ထုတ်ရန်ကြိုးစားနေသော မူဆလင်များ

ရခိုင်ပြည်နယ်အတွင်းသို့ ပြည်ပမှ ခိုးဝင်ပြီးအခြေချနေထိုင်ကြတဲ့ ဘဂါင်္လီလူမျိုးစုအချို့နဲ့ ဒေသခံတိုင်းရင်း သားရခိုင်လူမျိုးတို့ခိုက်ရန်ဖြစ်ပွားခဲ့ရာမှရခိုင်ပြည်နယ်အတွင်းမတည်ငြိမ်မှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။ ပြဿနာရဲ့ အခြေခံဇစ်မြစ်မှာရခိုင်ဗုဒ္ဓဘာသာအမျိုးသမီးတစ်ဦးအားမူဆလင် ကုလား(၃)ယောက်ကမုဒိန်းကျင့် သတ်ဖြတ် မှုက စတင်ခဲ့ခြင်းဖြစ်ပါတယ်။ မူဆလင်အုပ်စုများရဲ့ အဓိကရည်ရွယ်ချက်မှာ ရခိုင်ပြည်နယ် အတွင်း ဆူပူမှုဖန်တီးပြီး ဂျီဟတ် စစ်ပွဲဆင်နွှဲရန်ဖြစ်သော်လည်း မြန်မာအစိုးရက လက်ဦးမှုရယူကာ အခြေအနေကိုငြိမ်သက်အောင်ထိန်းထား နိုင်လိုက်သဖြင့် ပြဿနာကြီးမားကျယ်ပြန့်လာခြင်းမရှိခဲ့ပါ။

စစ်ကိုင်းမှာ စောက်ရမ်းမိုက်ရိုင်းတဲ့ မူလတန်းကျောင်းအုပ်တစ်ယောက်က သားသမီးချင်းမစာမနာနဲ့ နှာဘူးထနေတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ ဆင်ကျွန်ရွာ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဖြစ်သူ ဦးအောင်ကျော်ဦးသည် ကျောင်းသူကလေးငယ်များအပေါ် မဖွယ်မရာကိစ္စများ ပြုလုပ်ခဲ့ကြောင်း သိရှိရ ပါသည်။ 

မနက်ပိုင်း သတင်းများ (၁၄.၈.၂၀၁၂)

သမ္မတ မော်စီ ရဲ့  လုပ်ရပ် အီဂျစ် စစ်တပ် မကန့်ကွက်  Link
ရခိုင်ပဋိပက္ခ အိုင်အိုစီ လာရောက် လေ့လာမည်  Link
ရခိုင်ပြည်နယ် တင်းမာမှု ဖြေရှင်းရေး ဗြိတိန် ကူညီမည် Link
ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပ Link
စစ်တွေ ဆန်ပြဿနာနေ့ ဘင်္ဂလားဒေ့ရှ် နဲ့ ထိုင်း တွင် ကျင်းပ Link

ကမ္ဘာ့နံပါတ် ၁ ဆန်တင်ပို့သည့်နိုင်ငံ ဖြစ်လာရန် မြန်မာမျှော်မှန်း

အားလုံး အဆင်ပြေချောမွေ့ပါက မြန်မာနိုင်ငံသည် သုံးနှစ်အတွင်း ကမ္ဘာ့ ဆန်အများဆုံး တင်ပို့သည့်   နိုင်ငံအဖြစ်သို့ပြန်ရောက်လာနိုင်သည်။ မြန်မာနိုင်ငံသည် ၁၉၆၀ စုနှစ်များအတွင်းက ကမ္ဘာ့ ဆန်တင်ပို့မှု အများဆုံးနိုင်ငံ ဖြစ်ခဲ့သည်။

နေ့စဉ်မိုးလေ၀သသတင်း (၂၀၁၂ ခုနှစ်၊ သြဂုတ်လ(၁၄)ရက်နေ့ နံနက်(၇း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင်
မုတ်သုံလေအားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားအသင့်အတင့်ရှိနေပါ
ည်။

၂၀၁၇ တွင် AT&T က 2G ကွန်ရက် အသုံးပြုမှု ရပ်ဆိုင်းမည်


AT&T ကုမ္ပဏီသည် EDGE ဟုလူသိများသည် 2G ကြိုးမဲ့ကွန်ရက်ကို  ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှစတင်ကာ ရပ်ဆိုင်းရန်စီစဉ်ထားပြီး 3G နှင့် 4G ကြိုးမဲ့ဝန်ဆောင်မှုများကိုသာ အသုံးပြု မည်ဖြစ်ကြောင်း အမေရိကန် လုံခြုံရေးကော်မရှင်ထံသို့ တင်သွင်းခဲ့သည့် အစီရင်ခံစာတွင် ဖော်ပြချက်အရ သိရသည်။

PNG ဓာတ်ပုံများ၏ ဖိုင်အရွယ်အစားကို PNGGauntlet ဖြင့် ချုံ့ခြင်း

PNG ဆိုတာဟာ အချက်အလက် ဆုံးရှုံးမှုမရှိစေဘဲ အချက်အလက်များကိုချုံ့ပေးထားတဲ့ lossless image format တစ်ခုဖြစ်ပါတယ်။ ၎င်းဟာ screenshot များကဲ့သို့ စာသားနဲ့ ဂရပ်ဖစ်များအတွက် အလွန်သင့်တော်   ပေမယ့် JPEG ဓာတ်ပုံများထက် ဖိုင်အရွယ်အစား ကြီးမားနိုင်တဲ့ အားနည်းချက်ရှိပါတယ်။ ဒါကြောင့် PNG ဓာတ်ပုံတွေကို လျင်မြန်စွာဖွင့်နိုင်ပြီး သိုလှောင်မှုပမာဏအနည်းငယ်နဲ့ သိမ်းဆည်းနိုင်စေရန်အတွက် အခမဲ့ Windows program တစ်ခုဖြစ်တဲ့ PNGGauntlet နဲ့ ဖိုင်အရွယ်အစား လျှော့ချပုံကို ဖော်ပြလိုက်ပါတယ်။ 

နေရပ်ပြန်ဖို့ ကချင်ဒုက္ခသည်တွေ စိုးရိမ်


တရုတ်နိုင်ငံတွင်း ရောက်နေတဲ့ ကချင်ဒုက္ခသည်တွေကို မြန်မာနိုင်ငံထဲကို ပြန်နိုင်အောင် စီစဉ်ဖို့ တရုတ် အစိုးရက ကချင်လွတ်မြောက်ရေး အဖွဲ့ကို တိုက်တွန်း နေပါတယ်။ ဒါကြောင့် ကေအိုင်အိုက  ရွှေ့ပြောင်း   ပေးဖို့ စတင်ပြင်ဆင် နေပေမယ့် လို့ ဒုက္ခသည်တွေကတော့ ပြောင်းရွှေ့ကြဖို့ ဆန္ဒမရှိကြဘဲ ဖြစ်နေပါတယ်။

မောင်တောမြို့နယ် သင်ထောက်ကူ ပစ္စည်းအတွက် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ လုပ်မည်

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေး ပဋိပက္ခ တွေကြောင့် ပျက်စီးခဲ့ရတဲ့ စာသင်ကျောင်းတွေ   ပြန်လည် ဆောက်လုပ်နိုင်ဖို့ အတွက် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ တစ်ခုကို သြဂုတ် ၁၉ ရက်နေ့ ည ၆ နာရီကနေ ည ၁၁ နာရီထိ ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံမှာ ပြုလုပ်မယ်လို့ ရခိုင်အမျိုးသား ကွန်ရက်က ဦးတင်ထူးအောင်က RFA ကို ပြောပါတယ်။


၂၀၁၂ ခုနှစ် လန်ဒန်အိုလံပစ် အားကစားပြိုင်ပွဲတွင် အမေရိကန်အသင်းက ရွှေတံဆိပ် ၄၆ ဆု၊ ငွေတံဆိပ် ၂၉ ဆု၊ ကြေးတံဆိပ် ၂၉ ဆုဖြင့် စုစုပေါင်း ဆုတံဆိပ် ၁၀၄ ခု ဆွတ်ခူးရရှိကာ ပထမ နေရာတွင် ရပ်တည်

ကျင်းပပြီးစီးခဲ့သည့် ၂၀၁၂ ခုနှစ် လန်ဒန်အိုလံပစ် အားကစားပြိုင်ပွဲတွင် အမေရိကန်အသင်းက ရွှေတံဆိပ် ၄၆ ဆု၊ ငွေတံဆိပ် ၂၉ ဆု၊ ကြေးတံဆိပ် ၂၉ ဆုဖြင့် စုစုပေါင်း ဆုတံဆိပ် ၁၀၄ ခု ဆွတ်ခူးရရှိကာ ယခုနှစ်အိုလံပစ်တွင် ဆုတံဆိပ်အများဆုံး ဆွတ်ခူးရရှိသည့် အသင်းအဖြစ် ရပ်တည်နိုင်ခဲ့သည်။ 


ကိုယ့်ပြည်တွင်းရေးလည်း ကိုယ်ကြည့်ကြပါ..။ ကိုယ့် မျက်ချေးလည်း ကိုယ်မြင်ကြပါ..။



ယခုပုံပါ ဓာတ်ပုံမှာတော့ တူရကီနိုင်ငံမှာ စစ်တပ်ဘတ်စ်ကားတစင်း ဗုံးဖောက်ခွဲ ခံခဲ့ရပြီး သေဆုံးသူ   ရေတပ်သားရဲ့ ဇနီးသည်ရဲ့ ပူဆွေးသောက ရောက်နေရတဲ့ ပုံသတင်းနဲ့အတူ ရခိုင်ပြည်နယ်မှာ ဘင်္ဂလီ ဒုက္ခသည်စခန်းကို သွားရောက်ရင်း ငိုကြွေးနေတဲ့ တူရကီဝန်ကြီးချုပ်ကတော်နဲ့ တူရကီနိုင်ငံခြားရေး ဝန်ကြီးတို့အား တူရကီနိုင်ငံထုတ် sözcü gazetesi သတင်းစာရဲ့ ခေါင်းကြီးပိုင်းမှာ ယခုကဲ့သို့   ပြင်းပြင်းထန်ထန် ရေးသား ဖော်ပြထားပါတယ်..။ Newspaper headline attack on Foca spokesman who 'Country of blood is crying, where are they'? asked Emine Erdogan (ဝန်ကြီးချုပ် ကတော်) and Foreign Affairs committee. ပြည်တွင်းမှာ သွေးချင်းတွေ ငိုကြွေးနေရပြီ ခင်ဗျားတို့ ဘယ်မှာလဲ ထို့အတူ ဓာတ်ပုံပါ စာမှာလည်း ပြည်တွင်းမှာ အာဇာနည်တွေ အတွက် ငိုနေရပြီ.. သူတို့ကတော့ မြန်မာပြည်မှာ သွားငိုနေတယ်ဆိုပြီး.. မိမိတိုင်းပြည် အရေးထက် သူတပါးအရေးကို လုပ်ဆောင်နေတဲ့ အကြောင်း   ပြင်းပြင်းထန်ထန် ဝေဖန် ရေးသားထားပါတယ်..။

ကချင်နှင့်ရခိုင်မှ ကလေးများအတွက်ပညာရေးရန်ပုံငွေ နိဗ္ဗာန်ဈေးပွဲတော်

ရန်ကုန်တိုင်းအတွင်း ပရဟိတလှုပ်ရှားမှုများဆောင်ရွက်နေသော လူငယ်အဖွဲ့ ၆ ဖွဲ့သည် ပခုက္ကူရေဘေးကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် အတွက် ၂၀၁၁ ခုနှစ်တွင် စုစည်းလုပ်ဆောင် ခဲ့ကြပါသည်။