Thursday 4 April 2013

သံတွဲ ဆန္ဒပြပွဲ ခွင့်ပြုချက် ပယ်ချခံရ၊ ခေါင်းစဉ်ပြောင်း၍ ထပ်တင်


   ကြာသပတေးနေ့၊ ဧပြီလ ၀၄ ရက် ၂၀၁၃ ခုနှစ် ၁၂ နာရီ ၂၆ မိနစ်

စစ်တွေ(မဇ္ဈိမ)။ ။ ရခိုင်အမျိုးသမီးများ ဘဝလုံခြုံမှု ရှိစေရေးအတွက် ဧပြီလ ၄ ရက်နေ့ သံတွဲ တွင် ပြုလုပ်ရန်စီစဉ်ထားသည့် ဆန္ဒပြပွဲအား မြို့နယ်မှပယ်ချလိုက်သဖြင့် ခေါင်းစဉ် ပြောင်း၍ ယနေ့ ခွင့်ပြုချက် ထပ်တင်လိုက်ကြောင်း ဦးဆောင်စီစဉ်သူများက ဆိုသည်။

"ဒေါ်အောင်ဆန်းစုကြည်ကအစွန်းရောက်မှုတွေ ရှောင်ဖို့ ပြောကြား"



"ဒ်ါအောင်ဆန်းစုကြည်ကအစွန်းရောက်မှုတွေ ရှောင်ဖို့ ပြောကြား"
Thursday, 4 April 2013

ဒေါ်အောင်ဆန်းစုကြည်က အဓိကရုဏ်းတွေ ပပျောက်ရေးအတွက် အကြမ်းဖက်မှုနဲ့အစွန်းရောက်မှုတွေကို ရှောင်ကျဉ်ဖို့လိုကြောင်း
ပြောဆိုလိုက်ပါတယ်။

ဒီရက်ပိုင်းတွေအတွင်း မိတ္ထီလာက စခဲ့တဲ့ လူမျိုးရေးနဲ့ ဘာသာရေး အဓိကရုဏ်းတွေ ပတ်သက်ပြီး “ ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်
ဆန်းစုကြည်” အစီအစဉ် အတွက် RFA က မေးမြန်းခဲ့ရာမှာ သူကအခု
လို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

"အမတို့နိုင်ငံကလူအများစုက အေးအေးဆေးဆေး နေချင်ပါတယ်။တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်ချင်စိတ် မရှိဘူး။ရှိတယ်ဆိုရင်လည်း အမတို့ ဘယ်လိုမှ အားမပေးသင့်ဘူး။အထူးသဖြင့် အကြမ်းဖက်မှုဆိုတာဘယ်လို
နည်းနဲ့မှ ခွင့်ပြုစရာမရှိဘူး။ဘာဆင်ခြေနဲ့မှ အကြမ်းဖက်မှု မရှိဘူးလို့ ဒီ
လို မြင်ပါတယ်"

ဒါ့အပြင် တော်လှန်ရေးနေ့ အခမ်းအနား နဲ့ ပတ်သက်ပြီး ဖိတ်ကြားခဲ့တဲ့ အတွက် ကျေးဇူးတင်ကြောင်းနဲ့တဆက်တည်းမှာ နိုင်ငံခြားသတင်းဌာန
တချို့ရဲ့တင်ပြပုံဟာ ပြည့်စုံမျှတမှုမရှိဖူးလို့ယူဆကြောင်း ဒေါ်အောင်ဆန်း
စုကြည်က ပြောပါတယ်။

"ဒီလိုဖိတ်တာကို ကျေးဇူးတင်တယ်။နောက်ပြီးတော့ သွားရတာလည်း ဂုဏ်ယူတယ်။တော်လှန်ရေးနေ့လို့ အမတို့က အမြဲခေါ်တယ်။ဗိုလ်ချုပ်
မှူးကြီး မင်းအောင်လှိုင်က ဒီနေ့ဟာ ဖက်ဆစ်ကို တော်လှန်ခဲ့တဲ့နေ့၊ တပ်မတော်နေ့လို့ ဘာလို့ခေါ်တယ်။ တပ်မတော်ဆိုတာ ဘယ်တုန်းက စတင်ခဲ့တယ်ဆိုပြီး ပြည့်ပြည့်စုံစုံ ပြောသွားတော့အရမ်းအားရတယ်။

နောက်ပြီးတော့ ဖေဖေ့ကိုလည်း တပ်မတော် ဖခင်ကြီး အဖြစ် ပြောသွားတော့ ဝမ်းသာတယ်။အားရတယ်။တစ်ချို့ နိုင်ငံခြား သတင်းဌာနတွေကဖွဲ့စည်း
ပုံအခြေခံဥပဒေကို စောင့်ရှောက်ရမယ်။

ကာကွယ်ရမယ်လို့ ပြောတာကို မီးမောင်းထိုးပြတယ်။တကယ်ဆိုလို့ရှိရင် ထူးခြားတဲ့ဟာကို ကြည့်ရမယ်။မကြည့်ဘဲနဲ့ သမရိုးကျဟာကို မီးမောင်း
ထိုးကြည့်တာကိုတော့ ချိန်ခွင်လျှာညီမျှမှု မရှိဘူးလို့ ထင်ပါတယ်"

ပုဂ္ဂလိကသတင်းစာတွေ ပြန်လည်ထုတ်ဝေခွင့်ရတာနဲ့ပတ်သက်ပြီး
မေးမြန်းရာမှာတော့ ဒါဟာ ဝမ်းသာစရာ ကိစ္စဖြစ်ကြောင်းနဲ့ ဒီနေ့လူငယ်သတင်းသမား တွေရဲ့ကြိုးစားမှုကိုအားရကြောင်း
ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။

RFA ဒေါ်အောင်ဆန်းစုကြည်က အဓိကရုဏ်းတွေ ပပျောက်ရေးအတွက် အကြမ်းဖက်မှုနဲ့အစွန်းရောက်မှုတွေကို ရှောင်ကျဉ်ဖို့ လိုကြောင်း  ပြောဆို လိုက်ပါတယ်။
ဒီရက်ပိုင်းတွေအတွင်း မိတ္ထီလာကစခဲ့တဲ့ လူမျိုးရေးနဲ့ ဘာသာရေး အဓိကရုဏ်းတွေ ပတ်သက်ပြီး “ ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင် ဆန်းစုကြည်” အစီအစဉ် အတွက် RFA က မေးမြန်းခဲ့ရာမှာ သူကအခု
လို ဖြေကြား ခဲ့တာ ဖြစ်ပါတယ်။

မိတ္ထီလာ ပဋိပက္ခတွင် သံဃာတော်တစ်ပါးအား မီးရှို့သေဆုံးစေမှုကို ကျူးလွန်ခဲ့သူ လေးဦးနှင့် ပဋိပက္ခ စတင်ဖြစ်ပွားခဲ့သည့် နယူးဝိန့်စိန် ရွှေဆိုင်မှ ဆိုင်ရှင်အပါအ၀င် သုံးဦးကို ရက်ပိုင်းအတွင်း စွဲချက်တင်မည်ဟု တိုင်းဒေသကြီး ဥပဒေချုပ် ပြောကြား


မိတ္ထီလာ ပဋိပက္ခတွင် သံဃာတော်တစ်ပါးအား မီးရှို့သေဆုံးစေမှုကို ကျူးလွန်ခဲ့သူ လေးဦးနှင့် ပဋိပက္ခ စတင်ဖြစ်ပွားခဲ့သည့် နယူးဝိန့်စိန် ရွှေဆိုင်မှ ဆိုင်ရှင်အပါအ၀င် သုံးဦးကို ရက်ပိုင်းအတွင်း စွဲချက်တင်မည်ဟု တိုင်းဒေသကြီး ဥပဒေချုပ် ပြောကြား
Thursday, 04 April 2013 

မိတ္ထီလာမြို့ ပဋိက္ခဖြစ်စဉ်တွင် သံဃာတော် တစ်ပါးအား မီးရှို့သေဆုံးစေမှုကို ကျူးလွန်ခဲ့သူ လေးဦးနှင့် ပဋိပက္ခ စတင်ဖြစ်ပွားခဲ့သည့် နယူးဝိန့်စိန် ရွှေဆိုင်မှ ဆိုင်ရှင်အပါအ၀င် သုံးဦးကို ယခုရက်ပိုင်းအတွင်း တရားရုံးတွင် စွဲချက် တင်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်၊ တိုင်းဒေသကြီး ဥပဒေချုပ်ဖြစ်သူ ဦးရဲအောင်မြင့်က ဧပြီ ၃ ရက်နေ့ ညနေပိုင်းက Eleven Media Group သို့ ပြောကြားခဲ့သည်။

မတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် မိတ္ထီလာမြို့ ဈေးအရှေ့ပြင်ရပ်ရှိ နယူးဝိန့်စိန် ရွှေဆိုင်တွင် ရွှေရောင်းဝယ်ရာမှ သာမန်ခိုက်ရန် ဖြစ်ပွားကာ ပဋိပက္ခဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ရွှေဆိုင်ဖြစ်စဉ်နဲ့ သံဃာတော်ကို သတ်တဲ့ဖြစ်စဉ်တွေကို အမြန်ဆုံးဆောင်ရွက်ဖို့အတွက် ဒီနှစ်မှုကို ဒီတစ်ရက်နှစ်ရက်အတွင်းမှာ စွဲချက်တင်သွားမယ်။ အမြန်ဆုံး စစ်ဆေးမယ်။ အမိန့်ချမယ်။ ပြီးရင် ထုတ်ပြန်ပေးသွားမယ်။ ကျူးလွန်တဲ့ လူတွေကိုတော့ ပြစ်မှုဆိုင်ရာ ဥပဒေတွေအတိုင်း ထိထိရောက်ရောက် ပြစ်ဒဏ်တွေ ချမှတ်သွားမယ်။ နာကျင်စေမှုဆိုရင် အမြင့်ဆုံး ပြစ်ဒဏ်ခုနှစ်နှစ် ချလို့ရတယ်။ ပုဒ်မ ၃၀၂ ဆိုရင် အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်ထိ ချလို့ရတယ်။ ပြစ်မှုကျူးလွန်တဲ့ ပုဒ်မတွေအတိုင်းပဲ ထိထိရောက်ရောက် ပြစ်ဒဏ်တွေ ချမှတ်သွားပါမယ် . . . 

ရွှေဆိုင်၌ ဖြစ်ပွားခဲ့သော ဖြစ်စဉ်တွင် ရွှေဆိုင်ပိုင်ရှင်ဖြစ်သူ နှစ်ဦးနှင့် ဆိုင်ဝန်ထမ်း တစ်ဦးအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၂၊ ၂၉၄၊ ၃၂၅ တို့ဖြင့် လည်းကောင်း၊ သံဃာတော်တစ်ပါးအား မီးရှို့သေဆုံးစေမှု ကျူးလွန်ခဲ့သူ
လေးဦးအား ပုဒ်မ ၃၀၂၊ ၁၁၄၊ ၃၂၆၊ ၄၃၆ တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်၊ တိုင်းဒေသကြီး ဥပဒေချုပ်ဖြစ်သူ ဦးရဲအောင်မြင့်က "ဒီမိတ္ထီလာ ပဋိပက္ခဖြစ်စဉ်မှာ ပါဝင်ကျူးလွန်ခဲ့တဲ့လူတွေ အများကြီးရှိတယ်။ အဲ့ဒီထဲကမှ ရွှေဆိုင်ဖြစ်စဉ်နဲ့ သံဃာတော်ကို သတ်တဲ့ဖြစ်စဉ်တွေကို အမြန်ဆုံးဆောင်ရွက်ဖို့အတွက် ဒီနှစ်မှုကို ဒီတစ်ရက်နှစ်ရက်အတွင်းမှာ စွဲချက်တင်သွားမယ်။ အမြန်ဆုံး စစ်ဆေးမယ်။ အမိန့်ချမယ်။ ပြီးရင် ထုတ်ပြန်ပေးသွားမယ်။ ကျူးလွန်တဲ့ လူတွေကိုတော့ ပြစ်မှုဆိုင်ရာ ဥပဒေတွေအတိုင်း ထိထိရောက်ရောက် ပြစ်ဒဏ်တွေ ချမှတ်သွားမယ်။ နာကျင်စေမှုဆိုရင် အမြင့်ဆုံး ပြစ်ဒဏ်ခုနှစ်နှစ် ချလို့ရတယ်။ ပုဒ်မ ၃၀၂ ဆိုရင် အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်ထိ ချလို့ရတယ်။ ပြစ်မှုကျူးလွန်တဲ့ ပုဒ်မတွေအတိုင်းပဲ ထိထိရောက်ရောက် ပြစ်ဒဏ်တွေ ချမှတ်သွားပါမယ်" ဟု ပြောကြားခဲ့သည်။

ကျန်ရှိနေသည့် ကျူးလွန်သူများကို ဆက်လက်စစ်ဆေးပြီး အမှုအား ခိုင်မာစွာ တည်ဆောက်ကာ စွဲချက်တင်ပြီး အရေးယူသွားမည်
ဖြစ်ကြောင်းလည်း သိရသည်။

မတ်လ ၂၀ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော မိတ္ထီလာ ပဋိပက္ခ ဖြစ်စဉ်ကြောင့်
သေဆုံးသူ ၄၃ ဦး (ဧပြီလ ၃ ရက်နေ့အထိ သိရှိရသော စာရင်းအရ) ထိ ရှိသွားပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေး
ဝန်ကြီးဖြစ်သူ ဗိုလ်မှူးကြီး အောင်ကျော်မိုးထံမှ သိရသည်။

ယခုလက်ရှိတွင် ပဋိပက္ခ ဖြစ်ပွားခဲ့သော မိတ္ထီလာမြို့တွင် ပြန်လည်
ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီ ဖြစ်ကြောင်းလည်း သိရသည်။

eleven

မိတ္ထီလာမြို့ ပဋိက္ခဖြစ်စဉ်တွင် သံဃာတော်တစ်ပါးအား မီးရှို့သေ ဆုံးစေမှုကို ကျူးလွန်ခဲ့သူ လေးဦးနှင့် ပဋိပက္ခ စတင်ဖြစ်ပွားခဲ့သည့် နယူးဝိန့်စိန်ရွှေဆိုင်မှ ဆိုင်ရှင်အပါအ၀င် သုံးဦးကို ယခုရက်ပိုင်း အတွင်း တရားရုံးတွင် စွဲချက်တင်သွားမည်ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်၊ တိုင်းဒေသကြီး ဥပဒေချုပ်ဖြစ်သူ ဦးရဲအောင်မြင့်က ဧပြီ ၃ ရက်နေ့ ညနေပိုင်းက Eleven Media Group သို့ ပြောကြား ခဲ့သည်။

မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီအချို့ တရုတ်နိုင်ငံသို့ လာရောက်ရန် အာဏာရ တရုတ်ကွန်မြူနစ်ပါတီမှ ဖိတ်ကြားထား


မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီအချို့ တရုတ်နိုင်ငံသို့ လာရောက်ရန် အာဏာရ တရုတ်ကွန်မြူနစ်ပါတီမှ ဖိတ်ကြားထား
Thursday, April 4, 2013


မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီအချို့အား တရုတ်နိုင်ငံသို့ ဧပြီလအတွင်း တရားဝင်ခရီး လာရောက်ရန် အာဏာရ တရုတ်ကွန်မြူနစ်ပါတီမှ ဖိတ်ကြားထားကြောင်း သိရသည်။

တရုတ်ကွန်မြူနစ် ပါတီမှ တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားထားကြောင်း၊ အကြောင်းကြားစာတွင် ဧပြီလ ၂၀ ရက်ဟု ပါရှိသော်လည်း အဆိုပါ ရက်စွဲသည် အတည်မဖြစ်သေးဟု သိရကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

တရုတ်အာဏာရ ကွန်မြူနစ်ပါတီသည် မြန်မာနိုင်ငံရေး ပါတီအချို့အား တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားထားမှုများ ရှိကြောင်း၊ သို့သော် ယခုအချိန်ထိ တရားဝင် ဖိတ်ကြားမှုမျိုး မရှိသေးကြောင်း ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက ဧပြီ ၃ ရက်နေ့က ပြောပါသည်။

မတ်လ ဒုတိယပတ်အတွင်းက အဆိုပါ ကွန်မြူနစ်ပါတီပိုင် The Global Times သတင်းစာတွင် NLD နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား တရုတ်နိုင်ငံသို့ တရားဝင် လာရောက်ရန် တရုတ်နိုင်ငံ အစိုးရက ဖိတ်ကြားလိမ့်မည်ဟု မျှော်လင့်နိုင်ကြောင်း ဖော်ပြခဲ့သည်။

ထို့အပြင် မြန်မာ့နိုင်ငံရေး အခြေအနေသည် အင်အားစုများစွာနှင့် ရောနှောပတ်သက်နေကြောင်း၊ ယင်းအင်အားစု များစွာတို့သည် မည်သည့်အင်အားစုများ ဖြစ်ပါစေ တရုတ်ဆန့်ကျင်ရေး သဘောထားကို မဆုပ်ကိုင်သမျှ ကာလပတ်လုံး တရုတ်နိုင်ငံအနေဖြင့် ရင်းနှီးသည့် သဘောထားကို ထားရှိသင့်ကြောင်း၊ ဘက်မလိုက်သော ရပ်တည်ချက်ကို ကိုင်စွဲသင့်ကြောင်း၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ ပြောဆိုဆက်ဆံမှု ပိုမိုပြုလုပ်သင့်ကြောင်း ဖော်ပြခဲ့သည်။ မြန်မာနိုင်ငံရေး ပါတီအချို့ အလည်အပတ်ခရီး လာရောက်ရန် တရုတ်အာဏာရ ပါတီမှ ဖိတ်ကြားမှုသည် မြန်မာ-တရုတ် ဆက်ဆံရေးကို တိုးမြှင့်လို၍ ဖြစ်နိုင်ကြောင်း နိုင်ငံရေး ပါတီများ၏ တာဝန်ရှိသူအချို့က သုံးသပ်ပြောကြားသည်။
Eleven

မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီအချို့အား တရုတ်နိုင်ငံသို့ ဧပြီလအတွင်း တရားဝင်ခရီးလာရောက်ရန် အာဏာ ရ တရုတ်ကွန်မြူနစ်ပါတီမှ ဖိတ်ကြားထားကြောင်း သိရသည်။
တရုတ်ကွန်မြူနစ် ပါတီမှ တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားထားကြောင်း၊ အကြောင်း ကြားစာတွင် ဧပြီလ ၂၀ ရက်ဟု ပါရှိသော်လည်း အဆိုပါရက်စွဲသည် အတည်မဖြစ်သေးဟု သိ ရကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ တာဝန်ရှိသူ တစ်ဦး က ပြောကြားခဲ့သည်။

မြောက်ကိုရီးယားရဲ့  ရွေ့လျားပစ်ခတ်နိုင်တဲ့ ဒုံးကျည် ပစ်ခတ်မှုကို ကာကွယ်တုံ့ပြန်ဖို့ အတွက် မြေပြင်အခြေစိုက် ဒုံးပျံ ကာကွယ်ရေး စနစ် လက်နက်တွေကို အမေရိကန်ပြည်ထောင်စုက သူရဲ့ ပိုင်နက်တခု ဖြစ်တဲ့ ဂူအမ်ကျွန်းကို ပို့ ဆောင်တော့မယ်လို့  မေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ကြညာ


မြောက်ကိုရီးယားရဲ့  ရွေ့လျားပစ်ခတ်နိုင်တဲ့ ဒုံးကျည် ပစ်ခတ်မှုကို ကာကွယ်တုံ့ပြန်ဖို့ အတွက် မြေပြင်အခြေစိုက် ဒုံးပျံ ကာကွယ်ရေး စနစ် လက်နက်တွေကို အမေရိကန်ပြည်ထောင်စုက သူရဲ့ ပိုင်နက်တခု ဖြစ်တဲ့ ဂူအမ်ကျွန်းကို ပို့ ဆောင်တော့မယ်လို့  မေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ ကြေညာလိုက် ပါတယ်။
Thursday, April 4, 2013

အဲဒိကြေညာချက်အရ ဒုံးကျည်တွေ ကားတင်အမြှောက်
လောင်ချာတွေ ရေဒါတွေနဲ့ ပစ်မှတ်ရှာတဲ့ ကရိယာတွေနဲ့ 
မြေပြင်အခြေစိုက်ကာကွယ်ရေးစနစ်ကို မကြာခင် သီတင်းပတ်တွေမှာ ဂူအမ်ကျွန်းမှာ စေလွှတ်တပ်ဆင်မှာဖြစ်ပါတယ်။

Terminal High Altitude Area Defense System လို့ ခေါ်တဲ့  အဆင့်မြင့်ကာကွယ်ရေးစနစ်မှာ ကိုယ်ရဲ့ ကာကွယ်ရေးစနစ် ပိုင်နက်ထဲကိုချဉ်းကပ်ဝင်ရောကိလာတဲ့ ရန်သူရဲ့ ဒုံးကျည်တွေကို 
တမိနစ် သို့မဟုတ် နှစ်မိနစ်အတွင်းမှာ ပစ်ချဖြိုခွင်းမှာဖြစ်ပါတယ်။

မြောက်ကိုရီးယားက အမေရိကန်ရဲ့ ပိုင်နက်ဖြစ်တဲ့ ဂူအမ်ကျွန်းကို အဏုမြူလက်နက်နဲ့ တိုက်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

ဂူအမ်ကျွန်းဟာ မြောက်ကိုရီးယားနိုင်ငံကနေ မိုင် ၂၀၀၀ ကွာဝေး ပါတယ်။ 

လေ့လာအကဲခတ်သူတွေကတော့ မြောက်ကိုရီးယားဟာ 
တာပေးပစ် ဒုံးကျည် ပစ်ခတ်နိုင်တဲ့ နည်းပညာ မရှိသေးဘူးလို့  ဆိုပါတယိ။ 

ဒါပေမဲ့  မိုင်ရာချီပေါက်ကွဲပစ်ခတ်နိုင်တဲ့ အလယ်အလတ်တန်းစား
ရွေ့ လျားပစ်နိုင်တဲ့ ဒုံးကျည် အပါအ၀င် စစ်အင်အား အတော်များများကို ပိုင်ဆိုင်ထားပါတယ်။

ထားထားမြင့် 

Burma-Newselite

မြောက်ကိုရီးယားရဲ့  ရွေ့လျားပစ်ခတ်နိုင်တဲ့ ဒုံးကျည်ပစ်ခတ်မှုကို ကာကွယ်တုံ့ပြန်ဖို့ အတွက် မြေပြင် အခြေစိုက် ဒုံးပျံကာကွယ်ရေးစနစ် လက်နက်တွေကို အမေရိကန်ပြည်ထောင်စုက သူရဲ့ ပိုင်နက် တခု ဖြစ်တဲ့ ဂူအမ်ကျွန်းကို ပို့ ဆောင်တော့မယ်လို့  မေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ ကြေညာ လိုက်ပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံရေး အဖွဲ့အစည်းများနှင့် KIO၊ KNU အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်သော ညစာစားပွဲ ကျင်းပမည်


နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အပါအ၀င် ပြည်ထောင်စု ၀န်ကြီးများ၊ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် ၊ နိုင်ငံရေး အဖွဲ့အစည်းများနှင့် KIO၊ KNU အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ပါဝင်သည့် ညစာစားပွဲတစ်ရပ် ကျင်းပရန် စီစဉ်ထားကြောင်း ကယန်းပြည်သစ်ပါတီမှ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီး စောလွင်က ဧပြီလ ၃ ရက်က Eleven Media Group သို့ ပြောသည်။

ရန်ကုန်မှာ လျှပ်စစ်ပြတ်တောက်မှုတချို့ ရှိမည်



ရန်ကုန်မှာ လျှပ်စစ်ပြတ်တောက်မှုတချို့ ရှိမည် 
Thursday, April 4, 2013


ဧပြီလ ၅ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ပြည်တွင်းမှာ မီးပေးနေတဲ့ ရတနာဓာတ်ငွေ့ ကမ်းလွန်စီမံကိန်း လုပ်ငန်းခွင်အတွင်း ပြုပြင် မွမ်းမံမှုတွေ လုပ်ဆောင်နေတဲ့အတွက် ရန်ကုန်မြို့မှာ လျှပ်စစ်ဓာတ်အား ပေးတဲ့အချိန်တွေ ပိုပြီးတော့ လျော့နည်းပြီး မီးပြတ်တောက်တာတွေ ရှိလာမယ်လို့ လျှပ်စစ် စွမ်းအင်ဝန်ကြီးဌာနက ဒီကနေ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
 
နွေရာသီ စတင်ကတည်းက စက်မှုဇုန်တွေက စက်ရုံတွေကို လျှပ်စစ်ဓာတ်အားတွေကို အချိန် အကန့်အသတ်နဲ့ မီးပေးနေတာဖြစ်လို့ အခုဆိုရင် တချို့ အအေးခန်းစက်ရုံတွေ ဟာ ပိတ်လိုက်ရတဲ့ အခြေအနေအထိ ဖြစ်နေပြီလို့လည်း အအေးခန်းစက်ရုံ လုပ်ငန်းရှင်တွေက ပြောပါတယ်။ ဒီသတင်းအပြည့်အစုံကို ရန်ကုန်အခြေစိုက် ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင် က သတင်းပေးပို့ထားပါတယ်။
 
ရတနာဓာတ်ငွေ့ ကမ်းလွန်တွင်းတူးစင်ကို အထွေထွေ ပြုပြင်ရေးလုပ်ငန်းတွေ ဧပြီလ ပထမအပတ်နဲ့ ဒုတိယအပတ် အတွင်းမှာ ပြုလုပ်မှာဖြစ်တဲ့အတွက် လက်ရှိ ဖြန့်ဝေနေတဲ့ သဘာဝ ဓာတ်ငွေ့ထဲကနေ ကုဗပေ ၁၆၅ သန်း လျော့နည်းမှာ ဖြစ်တယ်လို့ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန် ခဲ့တာပါ။
 
အခုလို သဘာဝ ဓာတ်ငွေ့တွေ လျှော့ပေးမှာ ဖြစ်တဲ့အတွက် ရန်ကုန်မှာရှိတဲ့ သဘာဝ ဓာတ်ငွေ့စက်ရုံတွေဖြစ်တဲ့ လှော်ကား၊ ရွာမ၊ အလုံ၊ သာကေတ၊ စက်ရုံတွေကနေ ထုတ်လုပ်ပေးနေတဲ့ လျှပ်စစ်ဓာတ်အား ၃၃၀ မီဂါဝပ်လည်း လျော့နည်းသွားမှာ ဖြစ် တယ်လို့ လျှပ်စစ်စွမ်းအင်ဝန်ကြီး ဌာနက ဆိုပါတယ်။
 
လျှပ်စစ်ဓာတ်အားတွေ လျှော့ချမှာ ဖြစ်တဲ့အတွက် ရန်ကုန်မှာလည်း လူနေရပ်ကွက် တချို့နေရာ တွေမှာ အလှည့်ကျပဲ မီးပေးနိုင်တော့မှာ ဖြစ်တယ်လို့လည်း လျှပ်စစ် စွမ်းအင်ဝန်ကြီးဌာန က ဆိုထားပါတယ်။
 
ရန်ကုန်မြို့အတွင်းမှာ လျှပ်စစ်ဓာတ်အားတွေ အလှည့်ကျစနစ်နဲ့ ပြတ်တောက်မဲ့ကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ မီးပေးရေးအဖွဲ့ (YESB) ဥက္ကဌ ဦးအောင်ခိုင် က လျှပ်စစ် စွမ်းအင်ဝန်ကြီးဌာနကနေ ထုတ်ပြန်ထားတဲ့အတိုင်း ဆောင်ရွက်မှာဖြစ်တယ်လို့ ဗွီအိုအေရဲ့ မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့ပါတယ်။
 
“၀န်ကြီးဌာနက ထုတ်ပြန်ထားတဲ့ သတင်းတွေရှိပါတယ်ခင်ဗျ။ ၀န်ကြီးဌာနကနေ တရားဝင် ဖြေကြားထားတယ်လို့ သိရပါတယ်။ သတင်းစာထဲမှာလည်း သေသေချာချာ ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်နော်။ လျော့သွားတဲ့အတွက် ဘယ်လို လုပ်ထားပါတယ် ဘာညာဆိုပြီးတော့ပေါ့နော်။”
 
ရန်ကုန်တိုင်းအတွင်းမှာ လျှပ်စစ်ဓာတ်အားတွေ လျော့မှာဖြစ်သလို၊ တခြား နယ်မြို့တွေ
ဖြစ်တဲ့ သထုံ၊ မော်လမြိုင်၊ ရွှေတောင်၊ မြန်အောင် သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံတွေမှာလည်း လျှပ်စစ်ဓာတ်အား ၃၃၀ မီဂါဝပ် လျော့နည်းမှာ ဖြစ်တယ်လို့ လျှပ်စစ် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားပါသေးတယ်။

လျှပ်စစ်ဓာတ်အားတွေ လျော့နည်းမှာဖြစ်တဲ့အတွက် နိုင်ငံပိုင်နဲ့ ပုဂ္ဂလိကပိုင်စက်ရုံတွေ၊ စက်မှုဇုန်တွေ အကြီးစား စက်မှုလုပ်ငန်းတွေ၊ ကုန်ထုတ်လုပ်ငန်းတွေမှာလည်း ဓာတ်အား ဖြတ်တောက်ထားမှာ ဖြစ်တယ်လို့ အစိုးရပိုင် သတင်းစာတွေမှာ ကြေညာ ထားပါတယ်။
 
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ နွေရာသီ စ၀င်ကတည်းက စက်မှုဇုန်တွေမှာ လျှပ်စစ်ဓာတ်အား တနေ့ကို ၅ နာရီသာပေးတာကြောင့် အခု ဒီလထဲမှာ အအေးခန်းစက်ရုံတွေ ပိတ်လိုက်ရ တာတွေ ရှိနေပြီးတော့ အခုလိုသာ လျှပ်စစ်ဓာတ်အားတွေ ထပ်ဖြတ်တောက်မယ် ဆိုရင် မွေးမြူရေးနဲ့ အအေးခန်း လုပ်ငန်းရှင်တွေ အခက်တွေ့နိုင်မှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင် က ပြောပါတယ်။
 
“လျှပ်စစ်မီး လုံလုံလောက်လောက် မရတဲ့ ပြဿနာကြောင့် အခုဆိုရင် မနေ့က အအေးခန်း စက်ရုံတွေဟာ တချို့ ပိတ်ပြီ။ အလုပ်သမားတွေကို တချို့ နားခိုင်းလိုက်တယ်ပေါ့နော်။ တစ်လခွဲ နှစ်လလောက် မီးအပြည့်အစုံ ပြန်မရမချင်း သူတို့ နားမယ်လို့ ပြောတယ်။ အဲ့တော့ မဖြစ်မနေ လည်ပတ်ရမယ့် စက်ရုံတွေလောက်ပဲ လည်မယ်။ အစိုးရိမ်ဆုံးနဲ့ စိတ်အပူဆုံး ကတော့ ရေခဲပေါ့ဗျာ။ အဲ့တော့ ငါးတွေ ပုဇွန်တွေကို ဖမ်းတာပဲဖြစ်ဖြစ်၊ မွေးတာပဲ ဖြစ်ဖြစ်၊ နောက် ကျနော်တို့ ပြုပြင် ထုတ်လုပ်ရေးပဲလုပ်လုပ် ရေခဲက လိုတာပဲလေ။ အဲ့ဒီရေခဲကလည်း လျှပ်စစ်မီး လုံလုံလောက်လောက် မရရင် ရေခဲဈေးကလည်း တက်တာပဲဗျ။ အဲ့တော့ တက်ခဲ့ရင် ဖမ်းဆီးရေးရော၊ မွေးမြူရေးရော၊ ပြုပြင်ထုတ် လုပ်ရေးရော ရေခဲဈေးကြောင့် စရိတ်တွေက တက်သွားပြန်တာပဲဗျ။ အဲ့တော့ လျှပ်စစ်မီး မလုံလောက်လို့ ဖြစ်ပေါ် တဲ့ ပြဿနာတွေက ဥပမာ - ငါး၊ ပုဇွန်ဆိုရင်လည်း ကျနော်တို့ အစာတွေ ကျွေးရမယ့် အခါကျတော့ အစာက စက်ရုံတွေကလည်း လျှပ်စစ်ဓာတ်အားနဲ့ပဲ လည်တယ်ခင်ဗျ။ အဲ့လိုနေရာတွေကလည်း ကိုယ့်မီးစက်နဲ့ကိုယ် လည်ရပြီဆိုတဲ့အခါကျရင် ဈေးတွေ ကလည်း တက်ကုန်တာပဲခင်ဗျ။”
 
အခုလို စက်မှုဇုန်တွေမှာ မီးပျက်တာ၊ လျှပ်စစ်ဓာတ်အား ရရှိမှု အခြေအနေ လျှော့နည်းတာဟာ လုပ်ငန်းရှင်တွေအတွက် အထူးအဆန်းတော့ မဟုတ်တော့ပေမဲ့ အဲ့ဒီကာလကိုရောက်ရင် လုပ်ငန်းတွေ လည်ပတ်နိုင်ဖို့အတွက် ပုံမှန် ကုန်ကျစရိတ်ထက် ၄ ဆ လောက် စိုက်ထုတ် ကျခံရတယ်လို့လည်း လှိုင်သာယာ စက်မှုဇုန် ဥက္ကဌ ဦးမြတ်သင်းအောင် က ပြောပါတယ်။
 
“နှစ်စဉ်နှစ်တိုင်းကတော့ ဒီလိုပါပဲ။ အဆန်းတော့မဟုတ်ပါဘူး။ တိုးမပေးနိုင်တာ တခုပါပဲ။ နေ့စဉ် ၅ နာရီပဲ။ ဒီဇယ်နဲ့ပဲ ၄ လလောက် တက်သွားတာပေါ့လေ။ လျှပ်စစ်မီးခ အစိုးရက ၇၅ ဆိုတော့ ၃၀၀ ကျော်လောက် မီးခက တက်သွားတာပေါ့”
 
လူ ၄ ဦးမှာ တဦးသာ လျှပ်စစ်ဓာတ်အား သုံးစွဲခွင့်ရတဲ့ မြန်မာနိုင်ငံကို လျှပ်စစ်ဓာတ် အားနဲ့ ပတ်သက်ပြီးတော့ အကူအညီတွေပေးဖို့ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ကမ္ဘာ့ဘဏ် အကြီးအကဲတွေက မြန်မာနိုင်ငံကို ရောက်ရှိစဉ် ပြောဆိုခဲ့ဖူးပါတယ်။
 
နွေရာသီရောက်တိုင်း လျှပ်စစ်မီး ရဖို့ နှစ်တိုင်း ပြဿနာရှိတဲ့ မြန်မာနိုင်ငံအနေနဲ့ လာမယ့်ကာလတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်နိုင်ဖို့အတွက် ကောင်းမွန်တဲ့ လျှပ်စစ်ဓာတ်အားတွေ ရရှိဖို့ လိုအပ်တယ်လို့လည်း ကမ္ဘာ့ဘဏ် အမှုဆောင် အရာရှိချုပ် မစ္စတာဂျင်ယောင်ချိုင်း က မြန်မာနိုင်ငံရောက်ရှိခဲ့စဉ် ဖေဖော်ဝါရီလတုန်းက ထောက်ပြ
ပြောဆိုခဲ့ဖူးပါတယ်။
အောင်ရဲ မောင်မောင်
VOA
ဧပြီလ ၅ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ပြည်တွင်းမှာ မီးပေးနေတဲ့ ရတနာဓာတ်ငွေ့ ကမ်းလွန်စီမံကိန်း လုပ်ငန်းခွင်အတွင်း ပြုပြင်မွမ်းမံ မှုတွေလုပ်ဆောင်နေတဲ့အတွက် ရန်ကုန်မြို့မှာ လျှပ်စစ်ဓာတ် အား ပေးတဲ့အချိန်တွေ ပိုပြီးတော့ လျော့နည်းပြီး မီးပြတ်တောက် တာတွေရှိ လာမယ်လို့ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနက ဒီကနေ့သတင်း ထုတ်ပြန်ခဲ့ ပါတယ်။

မြန်မာ ဗီဒီယို ဇာတ်ကား အညွှန်း

တောကြိုအုံကြားမှ လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်နေရသဖြင့် ပေတိပေစုတ် ထွက်လာသော သီဟတင်စိုး တစ်ယောက် တော်လှန်ရေး အတွက် အသုံးပြုရန် မြို့ပေါ်တက် လေးခွလာဝယ်လေလျှင် မြို့ပေါ်တွင် မျက်စိ သူငယ်နားသူငယ် ဖြစ်နေရှာလေ၏။ ထိုစဉ် ကားလမ်းဖြတ်ကူးရာ ကားတစ်စီးနှင့် တိုက်မိမလို ဖြစ်သွားလေ၏။ ကားမှာ ကျွီ ခနဲ ရပ်သွားပြီး ကားပေါ်မှ ငယ်ငယ် ရွယ်ရွယ်နှင့် မြန်မာနိုင်ငံ၏ Top ten စာရင်းဝင် ကုမ္ပဏီ ကြီးတစ်ခုတွင် အမြဲတမ်း MD ဖြစ်နေသော ဟိန်းဝေယံ ဆင်းချလာလေသည်။ 

မြေငလျင်သတင်း

လွန်ခဲ့တဲ့ မိနစ်ပိုင်း( ၁၁:၄၀ ) က မြန်မာနိုင်ငံ မြို့တော် နေပြည်တော်၏ အနောက်တောင်ဘက် ၄၁ မိုင် (၆၁ ကီလိုမီတာ) အကွာနေရာ မြေအောက်အနက် ၆ မိုင် (၉.၇) ကီလိုမီတာ နေရာကို ဗဟိုပြုပြီး အင်အား ရစ်ချက်တာစကေး ၅.၈ အဆင့်ရှိ မြေငလျှင်တခု လှုပ်ရှားသွားတယ်လို့... အမေရိကန်အစိုးရ ကမ္ဘာ့ငလျှင် စောင့်ကြည့်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်..။