Tuesday 25 November 2014

ကျောင်းသူ တစ်ဦးနှင့် ရှုပ်ပွေခဲ့သည့် တရုတ်ပါမောက္ခ အလုပ်မှ ထုတ်ပယ်ခံရ

နိုင်ငံခြား ကျောင်းသူ တစ်ဦးနှင့် လိင်မှုကိစ္စ ရှုပ်ပွေခဲ့သည်ဟု စွပ်စွဲခံသော ပီကင်း တက္ကသိုလ်၏ တွဲဖက် ပါမောက္ခတစ်ဦးကို အလုပ်မှ ထုတ်ပယ်လိုက်ပြီး မလျော်ကန်သည့် အပြုအမူသည် လူမှု အသိုင်းအ၀ိုင်းအပေါ် ဆိုးဝါးသည့် သက်ရောက်မှု ရှိသည်ဟုလည်း တက္ကသိုလ်က ထုတ်ပြန် ခဲ့ကြောင်း နိုဝင်ဘာ ၂၃ ရက်က တက္ကသိုလ်၏ ၀က်ဘ်ဆိုက်တွင်ဖော်ပြထားသည်။

KNU/KNLA က ငြိမ်းချမ်းရေး ဖော်ဆောင်ရန် အကြောင်းပြ၍ ဒေသခံများထံ ငွေတောင်းခံမှုများရှိ

Photo: KNU/KNLA က ငြိမ်းချမ်းရေး ဖော်ဆောင်ရန် အကြောင်းပြ၍ ဒေသခံများထံ ငွေတောင်းခံမှုများရှိ
Tuesday, November 25, 2014

ကရင်ပြည်နယ်၊ သံတောင်မြို့နယ် အခြေစိုက် ကရင်လွတ်မြောက်ရေး တပ်မတော်မှ (KNU/ KNLA) တပ်မဟာ ၂ တပ်ဖွဲ့က အစိုးရနှင့် အပစ်အခတ် ရပ်စဲထားစဉ် ကာလအတွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းများ လုပ်ကိုင်ရန် အတွက်ဟုဆိုကာ ဒေသခံများထံမှ ငွေကြေးတောင်းခံမှုများ ပြုလုပ်နေကြောင်း သိရသည်။

“KNU တပ်မဟာ၂ အဖွဲ့ရဲ့ တံဆိပ်တုံးတွေနဲ့ လူထုဆီက ထောက်ပံ့ငွေ ပေးပါဆိုပြီး ကောက်တာ။ သူတို့ ပြောတာက အစိုးရနဲ့ အပစ်အခတ် ရပ်စဲကာလမှာ ဘာစီးပွားရေးမှလည်း မရှိ၊ အစိုးရဆီက ထောက်ပံ့ငွေ မရတော့ လူထုကို ထောက်ပံ့ ပေးဖို့ တောင်းခံပါတယ်ဆိုပြီး စာပို့တယ်။ သူတို့ စာပို့တာက ကျနော်တို့ ရွာတွေတင် မဟုတ်ဘူး။ အစိုးရ ဌာနဆိုင်ရာ ၈ ခုလောက် အထိ မိတ္တူတွဲပို့တာ” ဟု သံတောင်မြို့နယ် အတွင်းရှိ ကျီးတော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်လင်းက ဧရာဝတီကို ပြောသည်။

KNU/KNLA အဖွဲ့က ကောက်ခံသည့် ငွေ မပေးပါက မည်သို့ ပြုလုပ်မည်ဟု ခြိမ်းခြောက်မှုများ မရှိသော်လည်း မိမိတို့ ကျေးရွာ အတွင်းရှိ သာရေး၊ နာရေး လူမှုရေးအဖွဲ့များက လူထုထံမှ ငွေကြေး ကောက်ခံကာ KNU/KNLA အဖွဲ့သို့ ပေးပို့နေရကြောင်း ၎င်းက ဆက်ပြောသည်။

ဒေသခံ ပြည်သူများက KNU/KNLA ကောက်ခံသည့် ငွေကို မပေးလျှင် မိမိတို့ကို တစုံတရာ ပြုလုပ်မည်ကို စိုးရိမ်သည့် အတွက် ငွေပေးခဲ့ကြောင်း၊ မိသားစုတစုချင်းစီ၏ ငွေကြေးချမ်းသာမှုအပေါ် မူတည်ပြီး ကျပ် ၁ ထောင်မှ ကျပ် ၂ သိန်းကျော် အထိ ပေးခဲ့ရကြောင်း ကျီးတော်ကျေးရွာမှ ဒေသခံ တဦးက ဆိုသည်။

“ပေးဆိုတော့ ပေးရတာပေါ့။ မပေးရင် ကျနော်တို့ရွာကို မီးပဲလာရှို့မလား၊ လူကိုပဲ လာသတ်မလား ကြောက်နေရတာ။ ကျနော်တို့ စီးပွားရေးကလည်း တောနဲ့ မကင်းတော့ တောထဲသွားရင် တခုခု ဖြစ်မှာလည်း စိုးရိမ်ရတယ်။ အစိုးရဘက်ကို ဒီကိစ္စတွေ သွားပြောရင် ကျနော်တို့ တခုခုဖြစ်မှာလည်း စိုးရိမ်ရတော့ ဘယ်ရွာသားကမှ သွားမပြောရဲကြဘူး” ဟု ၎င်းက ဆက်ပြောသည်။

ဒေသခံများက သစ်တောအတွင်း သစ်သွားခုတ်ပါက တောတခါဝင်လျှင် ကျပ် ၅ ထောင်နှုန်းဖြင့် KNU/KNLA တပ်ဖွဲ့ကို ပေးနေရပြီး သစ်အစိုများကို ခုတ်ခွင့် မရကြောင်း၊ KNU အဖွဲ့နှင့် နီးစပ်သော သူများသာ သစ်အစိုများကို စိတ်တိုင်းကျ ခုတ်ခွင့် ရနေသည်ဟု အဆိုပါ ဒေသခံက ဆက်ပြောသည်။

KNU/KNLA အဖွဲ့သည် ဟိုးယခင်နှစ်များက သံတောင်မြို့နယ် အတွင်းရှိ ကျေးရွာများသို့ နှစ်စဉ် တနှစ်လျှင် တကြိမ် ငွေကြေး လာရောက် ကောက်ခံဖူးသော်လည်း ပြီးခဲ့သည့်နှစ်က လာရောက် ကောက်ခံခြင်း မရှိကြောင်း သိရသည်။

ငွေကြေးကောက်ခံရာတွင် ဆင်းရဲသော မိသားစု တစုလျှင် ကျပ် တထောင်မှ ကျပ် ၁ သောင်း အထိ လည်းကောင်း၊ ဈေးဆိုင် ပိုင်ဆိုင်ကြသော မိသားစု တစုလျှင် ကျပ် ၃ သောင်းမှ ကျပ် ၁ သိန်း အထိ လည်းကောင်း၊ လယ်နှင့် စပါးခြွေလှေ့စက် ပိုင်ဆိုင်သော မိသားစု တစုလျှင် ကျပ် ၅ သောင်း၊ အဝေးပြေးကား ပိုင်ဆိုင်သည့် မိသားစု တစုလျှင် ကျပ် ၁ သိန်းမှ ကျပ် ၂ သိန်း စသည်ဖြင့် ရွာတရွာလျှင် အနည်းဆုံး ကျပ် ၁၃ သိန်းကျော် ပေးနေရကြောင်း သံတောင် ဒေသခံ တဦးက ပြောသည်။

KNU/KNLA အဖွဲ့ ငွေကြေးကောက်ခံသော ကျေးရွာ အနည်းဆုံး ၁၀ ရွာ ကျော် ရှိသည်ဟု ကြားရကြောင်း၊ ငြိမ်းချမ်းရေး အတွက်ဟု ဆိုကာ ဌာနဆိုင်ရာ၏ တရားဝင် ခွင့်ပြုချက် ရယူပြီးမှ ငွေကြေးကောက်ခံကြသည့် ပုံစံမျိုး ပြောဆိုနေကြောင်း ၎င်းက ဆိုသည်။

ထိုသို့ ငွေကြေး ကောက်ခံနေမှုနှင့် ပတ်သတ်ပြီး KNU တပ်ဖွဲ့ ဌာနချုပ် အတွင်းရေးမှူးဖြစ်သူ ပဒိုကွယ်ထူးဝင်းက “ကျနော်တို့ ဒီသတင်း မရသေးပါဘူး။ တပ်မဟာ ၂ ဘက်မှာ ဖြစ်တယ်ဆိုတော့ ကျနော်တို့ ပြန်စုံစမ်းရပါဦးမယ်။ အဲဒီလို ငွေကြေးကိုလည်း အတင်းအဓမ္မ ကောက်ခံလို့ မရဘူး။ ကျနော်တို့ ပြန်စုံစမ်းပါဦးမယ်။ သေချာတယ်ဆိုရင် နောက်အဲဒီလို မလုပ်ဖို့ ကျနော်တို့ ညွှန်ကြားရမှာပေါ့” ဟု ပြောသည်။

ဧရာဝတီ

ကရင်ပြည်နယ် အတွင်း ရှေ့တန်းစစ်စခန်းတွင် ယခုနှစ်ဆန်းပိုင်းက တွေ့ရသော KNLA စစ်သားများ (ဓာတ်ပုံ – စောရန်နိုင် / ဧရာဝတီ)

ကရင်ပြည်နယ် အတွင်း ရှေ့တန်းစစ်စခန်းတွင် ယခုနှစ်ဆန်းပိုင်းက တွေ့ရသော KNLA စစ်သားများ (ဓာတ်ပုံ – စောရန်နိုင် / ဧရာဝတီ)

ကရင်ပြည်နယ်၊ သံတောင်မြို့နယ် အခြေစိုက် ကရင်လွတ်မြောက်ရေး တပ်မတော်မှ (KNU/ KNLA) တပ်မဟာ ၂ တပ်ဖွဲ့က အစိုးရနှင့် အပစ်အခတ် ရပ်စဲထားစဉ် ကာလအတွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းများ လုပ်ကိုင်ရန် အတွက်ဟုဆိုကာ ဒေသခံများထံမှ ငွေကြေးတောင်းခံမှုများ ပြုလုပ်နေကြောင်း သိရသည်။

ကမ္ဘာ့အကောင်းဆုံး ဂိုးသမား ၁၁ ဦးစာရင်းတွင် ကာဆီလက် ပါဝင်

Photo: ကမ္ဘာ့အကောင်းဆုံး ဂိုးသမား ၁၁ ဦးစာရင်းတွင် ကာဆီလက် ပါဝင်
Tuesday, November 25, 2014

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက ထုတ်ပြန်လိုက်တဲ့ ၂၀၁၄ အတွက် ပဏာမ ရွေးချယ်လိုက်တဲ့ ကမ္ဘာ့အကောင်းဆုံး ဂိုးသမား ၁၁ ယောက် စာရင်းမှာ ရီရဲလ်မက်ဒရစ်နဲ့ စပိန်ဂိုးသမား ကာဆီလက်ရဲ့ နာမည် ပါဝင်လာပါတယ်။

အသက် ၃၃ နှစ်အရွယ်  စပိန် ဂိုးသမား ကာဆီလက်ဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ လက်စွမ်း မပြနိုင်ခဲ့သလို အမှတ်ပေးလိဂ်ပြိုင်ပွဲမှာလည်း ၁၂ ပွဲသာ ကစားခွင့်ရထားပါတယ်။ အကောင်းဆုံး ဂိုးသမား စာရင်းမှာ ကာဆီလက်ရဲ့ နာမည်ပါလာတာဟာ အံ့သြစရာ ဖြစ်နေတယ်လို့လည်း ဥရောပ မီဒီယာတွေမှာ ဖော်ပြနေပါတယ်။

အခု ရွေးချယ်ထားတဲ့ ပဏမ ဂိုးသမားစာရင်းမှာ ဂျာမန်နဲ့ ဘိုင်ယန်မြူးနစ် ဂိုးသမား နူအာ၊ ဂျုဗင်တပ်နဲ့ အီတလီ ဂိုးသမား ဘူဖွန်တို့  ပါဝင်နေပါတယ်။ ဒီဆုအတွက် ကမ္ဘာတ၀ှန်းမှာရှိတဲ့ ကစားသမားပေါင်း ၂ သောင်းက မဲပေး ရွေးချယ်ခဲ့တာပါ။

ကမ္ဘာ့အကောင်းဆုံး ဂိုးသမားဆုကိုတော့ အကောင်းဆုံး ဘောလုံး သမားဆုနဲ့အတူ လာမယ့် ဇန်န၀ါရီလ ၁၂ ရက်နေ့မှာ ပေးအပ်သွားမှာ ဖြစ်ပါတယ်။

ဒီဗွီဘီ
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက ထုတ်ပြန်လိုက်တဲ့ ၂၀၁၄ အတွက် ပဏာမ ရွေးချယ်လိုက်တဲ့ ကမ္ဘာ့ အကောင်းဆုံး ဂိုးသမား ၁၁ ယောက် စာရင်းမှာ ရီရဲလ်မက်ဒရစ်နဲ့ စပိန်ဂိုးသမား ကာဆီလက်ရဲ့ နာမည် ပါဝင်လာပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံ

Photo: ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံ
Tuesday, November 25, 2014

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ဟာ ပြည်ထောင်စု တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ် တွေနဲ့ နေပြည်တော် စည်ပင် ဧည့်ရိပ်သာဝင်းမှာ နိုဝင်ဘာ ၂၄ ရက် ညနေပိုင်း က တွေ့ဆုံခဲ့ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ရေး ကိစ္စ၊ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့  အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်ဒီ) က သတင်းထုတ်ပြန်ထားပါတယ်။

၎ ပွင့်ဆိုင်တွေ့ဆုံရေးနဲ့ ပက်သက်လို့လည်း တိုင်းရင်းသားတွေဖက်က ပူးပေါင်း ဆောင်ရွက်ဖို့နဲ့ လက်ရှိ တိုင်းပြည်မှာ ကြုံနေရတဲ့ အခက်အခဲတွေကို မကြာခဏ တွေ့ဆုံ အဖြေရှာဖို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့တယ်လို့  အန်အယ်ဒီ သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။

ဒီဗွီဘီ

ဓာတ်ပုံ – National League for Democracy
ဓာတ်ပုံ – National League for Democracy
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေဟာ ပြည်ထောင်စု တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ် တွေနဲ့ နေပြည်တော် စည်ပင်ဧည့်ရိပ်သာဝင်းမှာ နိုဝင်ဘာ ၂၄ ရက် ညနေပိုင်း က တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံခြား သူလျှိုများ အတွက် ဓါတ်ပုံရိုက်ပေး ခဲ့သူကို တရုတ်ရဲများ ဖမ်းဆီး

Photo: နိုင်ငံခြား သူလျှိုများ အတွက် ဓါတ်ပုံရိုက်ပေး ခဲ့သူကို တရုတ်ရဲများ ဖမ်းဆီး
Tuesday, November 25, 2014

ပေကျင်း၊ နိုဝင်ဘာ ၂၅။ နိုင်ငံခြား သူလျှိုများ အတွက် လေယာဉ်တင် သင်္ဘော အခြေစိုက်စခန်း တစ်ခု၏ ဓါတ်ပုံကို ခိုးယူ ရိုက်ကူး ကာ ရောင်းချခဲ့မှုဖြင့် တရုတ်နိုင်ငံသား တစ်ဦး ဖမ်းဆီး ခံခဲ့ရပြီး ၎င်းသည် လူငယ်တစ်ဦး ဖြစ်သည်ဟု သိရသည်။

မျိုးရိုးနာမည် ချောင်ဟု အမည်ရသော အဆိုပါ လူငယ်ကို တရုတ်နိုင်ငံ အရှေ့ပိုင်း ဆိပ်ကမ်းမြို့ဖြစ်သော ချင်တောင်းမြို့တွင် ဧပြီလတွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။ ၎င်းကို ကင်မရာ၊ တယ်လီစကုပ်၊ ကွန်ပျူတာတို့ နှင့်အတူ ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်သည်။

ချောင်က တရုတ် လုံခြုံရေး အရာထမ်းများကို ပြောကြားရာတွင် ထိုဓါတ်ပုံများကို စစ်တပ် မဂ္ဂဇင်း အယ်ဒီတာ တစ်ယောက် ဆိုသူအား ရောင်းချခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ စီစီတီဗွီ သတင်းက ပြောကြားရာတွင် ၎င်းအယ်ဒီတာဆိုသူမှာ တရုတ်နိုင်ငံက ယခင်ကတည်းက လိုက်လံရှာ ဖွေနေသော နိုင်ငံတကာ သူလျှိုတစ်ဦး ဖြစ်သည်ဟု ဆိုသည်။

ချောင်သည် စစ်တပ်လေဆိပ် အတွင်းကို ခိုးဝင်ခဲ့ပြီး ယင်းသူလျှိုအတွက် ဓါတ်ပုံ များကို ရိုက်ကူး ပေးခဲ့ခြင်း ဖြစ်ပြီး ယင်းသူလျှို က ငွေကြေး များ ပေး ခဲ့သည်ဟု ဆိုသည်။ နိုင်ငံပိုင် မီဒီယာ၏ ဖော်ပြချက်အရ မေလ အတွင်းကလည်း နိုင်ငံခြား သူလျှို အေဂျင်စီများဆီသို့ ဓါတ်ပုံများ၊ စာရွက်စာတမ်းများ ရောင်းချမှုဖြင့် မုန့်ပဲသွားရေစာ ဆိုင်ပိုင်ရှင် တရုတ်လူမျိုး တစ်ဦးမှာ ၁၀နှစ် ထောင်ဒဏ် ချမှတ်ခံခဲ့ရ သည်ဟု သိရသည်။

Ref: AFP
Mizzima - News in Burmese
ပေကျင်း၊ နိုဝင်ဘာ ၂၅။ နိုင်ငံခြား သူလျှိုများ အတွက် လေယာဉ်တင် သင်္ဘော အခြေစိုက်စခန်း တစ်ခု၏ ဓါတ်ပုံကို ခိုးယူ ရိုက်ကူး ကာ ရောင်းချခဲ့မှုဖြင့် တရုတ်နိုင်ငံသား တစ်ဦး ဖမ်းဆီး ခံခဲ့ရပြီး ၎င်းသည် လူငယ်တစ်ဦး ဖြစ်သည်ဟု သိရသည်။

အာဖဂန် ဘောလီဘော ပွဲပြိုင်ပွဲတွင် အသေခံ ဗုံးဖေါက်ကွဲမှု ဖြစ်ပွား လူ ၅၀ကျော် သေဆုံး

Photo: အာဖဂန် ဘောလီဘော ပွဲပြိုင်ပွဲတွင် အသေခံ ဗုံးဖေါက်ကွဲမှု ဖြစ်ပွား လူ ၅၀ကျော် သေဆုံး
Tuesday, November 25, 2014

ကို့စ်၊ နိုဝင်ဘာ၂၄။ အာဖဂန် နိုင်ငံ အရှေ့ပိုင်းတွင် နိုဝင်ဘာ၂၃ ရက်က ကျင်းပသော ဘော်လီဘော ပြိုင်ပွဲအတွင်း အသေခံ ဗုံးဖောက်ခွဲ မှု ဖြစ်ပွားခဲ့ရာ လူပေါင်း ၅၇ ဦး သေဆုံးခဲ့ပြီး အခြားလူ ၆၀ ဦး ဒဏ်ရာရရှိခဲ့ရာ ယင်းဖြစ်ရပ်သည် ၂၀၁၁ ခုနှစ်နောက်ပိုင်း နိုင်ငံအတွင်း အသေအပျောက်အများဆုံး တိုက်ခိုက်မှု တစ်ခု ဖြစ်ခဲ့ သည်။

ပါကစ္စတန် နိုင်ငံ နယ်စပ်နှင့် ထိစပ်နေပြီး တည်ငြိမ်မှုမရှိသည့် ပက်ခ်တီကာ ပြည်နယ်တွင် ဒေသတွင်း အသင်းသုံးသင်း အကြား ပြိုင်ပွဲ ပြု လုပ်နေစဉ် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ရာ ကလေးငယ် အများအပြား သေဆုံးခဲ့ပြီး ဒဏ်ရာရရှိခဲ့သည်။

အမေရိကန် ဦးဆောင်သော နေတိုး တပ်ဖွဲ့ဝင်များ စစ်ဆင်ရေးများကို တဖြည်းဖြည်း လျော့ချလာပြီး အမျိုးသား လုံခြုံရေး တပ်ဖွဲ့ဝင်များ က နိုင်ငံ တည်ငြိမ်ရေး တာဝန်များကို လွဲပြောင်း ရယူနေချိန်တွင် ယခုကဲ့သို့သေဆုံးမှုနှုန်း မြင့်မားမှုသည် အာဖဂန် သမ္မတသစ် အက်ရှာ ရက်ဖ်ဂါနီ အနေဖြင့် စိန်ခေါ်မှုများနှင့် ရင်ဆိုင် နေရခြင်းကို မီးမောင်း ထိုးပြခြင်း ဖြစ်သည်။

"ကျွန်တော်နဲ့ကျွန်တော့် သူငယ်ချင်းတွေဟာ ပြိုင်ပွဲကို ကြည့်ရှုခဲ့ပါတယ်။ကျွန်တော်တို့ အားပေးတဲ့ အသင်းနိုင်တဲ့အခါ ပျော်ရွင်ခဲ့ကြတယ်။ ဗုံးပေါက်ကွဲသံကို ကြားတဲ့အခါ ကျွန်တော် သတိလစ် သွားတယ်။ ကျွန်တော် ဆေးရုံကို ရောက်လို့ သတိရတဲ့ အခါ ကျွန်တော့် သူငယ်ချင်း သေလား ရှင်လား ဆိုတာကို ကျွန်တော်မသိသေး ပါဘူး"ဟု ပက်ခ်တီကာ ပြည်နယ်မြို့တော် ရှာရာနာမြို့ရှိ ဆေးရုံတွင် တက်ရောက် ကုသနေသော အသက် ၁၁ နှစ်အရွယ် ယောက်ျားလေး အက်ဒူလ်ဟေးက ပြောကြားခဲ့သည်။

ပက်ခ်တီကာ ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး အက်တီလ်လာရှ် ဖာဇ်လီက "ဗုံးဖောက်ခွဲသူက ဘော်လီဘော ပြိုင်ပွဲထဲကို ဆိုင်ကယ်ကို စီးလာပြီး အသေခံ ဖောက်ခွဲခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီပွဲမှာ ပြည်နယ် အရာရှိများနဲ့ ရဲတပ်ဖွဲ့ အကြီးအကဲတွေ အပါအ၀င် လူအများအပြား ကြည့်နေပါတယ်။ ဗုံးပေါက်ကွဲ မှုကြောင့် လူ ၅၀ ကျော် သေဆုံးခဲ့ပြီး ၆၀ ဦး ဒဏ်ရာရရှိ ခဲ့ပါတယ်။ ဒဏ်ရာရရှိသူများ အနက် အများစုက ဒဏ်ရာ ပြင်းထန်ပါတယ်" ပြောကြားသည်။

ပက်ခ်တီကာပြည်နယ် ယာရှ်ခါလ်ဒေသတွင် ဘော်လီဘော ပြိုင်ပွဲကို ကြည့်ရန် လူရာပေါင်းများစွာ စုဝေးရောက်ရှိနေသည့် ညနေ ၅ နာရီ အချိန်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ပြည်နယ် ပြောရေးဆိုခွင့် ရှိသူ မက်ခ်ဟေးလ် အာဖဂန်က ပြောကြားခဲ့သည်။

Ref: AFP
Mizzima - News in Burmese 

ဘောလီဘော ပြိုင်ပွဲအတွင်း ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့သူ တစ်ဦး
ဘောလီဘော ပြိုင်ပွဲအတွင်း ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့သူ တစ်ဦး။
ကို့စ်၊ နိုဝင်ဘာ၂၄။ အာဖဂန် နိုင်ငံ အရှေ့ပိုင်းတွင် နိုဝင်ဘာ၂၃ ရက်က ကျင်းပသော ဘော်လီဘော ပြိုင်ပွဲအတွင်း အသေခံ ဗုံးဖောက်ခွဲ မှု ဖြစ်ပွားခဲ့ရာ လူပေါင်း ၅၇ ဦး သေဆုံးခဲ့ပြီး အခြားလူ ၆၀ ဦး ဒဏ်ရာရရှိခဲ့ရာ ယင်းဖြစ်ရပ်သည် ၂၀၁၁ ခုနှစ်နောက်ပိုင်း နိုင်ငံအတွင်း အသေအပျောက်အများဆုံး တိုက်ခိုက်မှု တစ်ခု ဖြစ်ခဲ့ သည်။

ယာဉ်ထိန်းရဲများ ငွေတောင်းပါက တိုင်ကြားနိုင်ရန် Hot Line ဖုန်းနံပါတ်များထားရှိမည်

Photo: ယာဉ်ထိန်းရဲများ ငွေတောင်းပါက တိုင်ကြားနိုင်ရန် Hot Line ဖုန်းနံပါတ်များထားရှိမည်
Tuesday, November 25, 2014

 မန္တလေးမြို့ရှိ ယာဉ် ထိန်းရဲများလာဘ်ပေးလာဘ်ယူ ပြုလုပ်ပါက တိုင်ကြားနိုင်မည့် HotLine ဖုန်းနံပါတ်များ သီးသန့်ထား ရှိသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

နိုဝင်ဘာ ၂၄ ရက် မွန်းလွဲ ၂ နာရီက မန္တလေးမြို့တော်စည် ပင်သာယာရေးကော်မတီအစည်း အဝေးခန်းမ၌ ပြုလုပ်သည့် မြို့ တွင်းယာဉ်ကြောရှုပ်ထွေးမှု ဖြေ ရှင်းရေးဌာနပေါင်းစုံ အစည်းအ ဝေးတွင် မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်းဒုတပ်ဖွဲ့ခွဲမှူးရုံးမှ ရဲမှူး သိန်းကိုကိုက ပြောကြားခဲ့ခြင်း ဖြစ်သည်။ ‘‘ကျွန်တော့်အနေနဲ့ ဟော့ လိုင်းသက်သက်ဖွင့်ပေးမှာပါ။ ကျွန်တော့်ဆီက ယာဉ်ထိန်းတပ် ဖွဲ့ဝင်တွေ ပိုက်ဆံတောင်းရင်တိုင် ပါ။ ဖုန်းနံပါတ်တွေ သီးခြားထုတ် ဖော်ကြေညာပေးမှာပါ။ အဲဒီနည်း နဲ့ ကျွန်တော့်ယာဉ်ထိန်းတပ်ဖွဲ့ဝင် တွေကို တစ်နည်းအားဖြင့် ပြန်ထိန်းမှာပါ’’ဟု ရဲမှူးသိန်းကိုကိုက ပြောကြားသည်။

ဖမ်းဆီးအရေးယူမှုများနှင့် ပတ်သက်၍ ယာဉ်ထိန်းရဲတပ်ဖွဲ့  အပေါ်  မုန်းတီးမှုများ  ဆိုရှယ် မီဒီယာများပေါ်တွင် ရေးသားနေ သည်ကို တွေ့မြင်နေရကြောင်း၊ ပိုက်ဆံတောင်းသည့် စည်းကမ်း ဖောက် ယာဉ်ထိန်းရဲအချို့လည်း ရှိကောင်းရှိနိုင်ကြောင်း၊ အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ မီဒီ ယာများကို ဒီဇင်ဘာလအတွင်း ဖိတ်ကြားကာ ရှင်းလင်းသွားမည် ဖြစ်ကြောင်း  ရဲမှူးသိန်းကိုကိုက ပြောကြားသည်။ ဟော့လိုင်းဖုန်း နံပါတ်များကို  မြို့နယ်အလိုက် ထားရှိပေးသွားမည်ဖြစ်ပြီး  ၂၄ နာရီ ပတ်လုံးတိုင်ကြားနိုင်မည်ဖြစ် ကြောင်း အခြားယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းပိုင်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍လည်း ဆက်သွယ်နိုင်မည်ဖြစ်ကြောင်း ရဲမှူးက ပြောကြားသည်။

မန္တလေးမြို့ မဟာအောင် မြေမြို့နယ်နေ ကိုစည်သူအောင် က ‘‘တိုင်လို့ရတော့ ကောင်းတာ ပေါ့ဗျာ။   ဒါပေမဲ့  ဖမ်းတာက ယာဉ်ထိန်းတစ်ခုတည်း မဟုတ်ဘူးလေ။ တခြားဌာနတွေရောပါတာ ဆိုတော့ သူတို့ပိုက်ဆံတောင်းရင် ကော တိုင်လို့ရနိုင်မလား။ နယ်မှာ ဆိုရင် ယာဉ်ထိန်းအင်အားနည်း တော့ ရဲတို့၊ မီးသတ်တို့ အရပ်ဝတ် တွေကပါ ဖမ်းပေးရတာဆိုတော့ လေ’’ဟု ၎င်း၏ အမြင်ကို ပြော ကြားသည်။

မန္တလေးမြို့တွင် ယာဉ်ထိန်း ရဲအင်အားမှာ ယာဉ်အစီးရေနှင့် မမျှအောင်နည်းပါးနေပြီး   လမ်းဆုံးလမ်းခွ မီးပွိုင့်များတွင် တာဝန် ယူရခြင်း၊ ပူးပေါင်းစစ်ဆေးအရေး ယူသည့်အဖွဲ့များတွင်    ပါဝင်ရ ခြင်း၊ လုံခြုံရေးနှင့် အခြားတာဝန် များဆောင်ရွက်ရခြင်း၊ အခြေခံ ပညာကျောင်းများတွင် ယာဉ် ကြောရှင်းလင်းရေး ဆောင်ရွက်ပေးရခြင်းများ ပြုလုပ်နေရကြောင်း သတင်းရရှိသည်။

7Day DAILY 

မန္တလေးမြို့တွင် ရှိသည့်ယာဉ်စီးရေနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များမှာ မမျှမတဖြစ်နေသည် (ဓာတ်ပုံ−ညီညီဇော်)
မန္တလေးမြို့တွင် ရှိသည့်ယာဉ်စီးရေနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များမှာ မမျှမတဖြစ်နေသည် (ဓာတ်ပုံ−ညီညီဇော်)
မန္တလေးမြို့ရှိ ယာဉ် ထိန်းရဲများလာဘ်ပေးလာဘ်ယူ ပြုလုပ်ပါက တိုင်ကြားနိုင်မည့် HotLine ဖုန်းနံပါတ်များ သီးသန့်ထား ရှိသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပူးပေါင်းဆောင်ရွက်ရန် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားပါတီမှအမတ်များ တွေ့ဆုံ


တပ်မတော်က ပြင် ဆင်ရန် ကန့်ကွက်နေသည့် ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက် ရန် ဒေါ်အောင် ဆန်းစုကြည်နှင့် တိုင်းရင်းသား ပါတီများမှ အမတ်များသည် နိုဝင်ဘာ ၂၄ ရက်တွင် စည်ပင် ဧည့်ရိပ်သာ၌ နှစ်နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

ဒေသအားလုံးတွင် နိုဝင်ဘာ နှောင်းပိုင်း၌ အအေးပိုလာနိုင်

နိုဝင်ဘာလနှောင်းပိုင်း တွင် မြန်မာနိုင်ငံအထက်ပိုင်းမှ အောက်ပိုင်းဒေသများအားလုံး ညအပူချိန်များလျော့ ၍ အအေးပို လာနိုင်ကြောင်းဒေါက်တာထွန်း လွင်က ခန့်မှန်းထားသည်။

ဖမ်းမိထားသည့် အကြမ်းဖက်သမား လေးဦးကို စစ်ဆေးနေဆဲ

ဖမ်းဆီးရမိထား သော အကြမ်းဖက်သမားလေးဦး နှင့် ပတ်သက်သည့် သက်သေအ ထောက်အထားများ ရရှိထား၍ တိကျခိုင်မာစေရန် စစ်ဆေးနေကြောင်း နေပြည်တော် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

Miss Intercontinental ပြိုင်ပွဲဝင်မည့် ကချင်အလှမယ် ဂျာမနီသို့ ထွက်ခွာ

Photo: Miss Intercontinental ပြိုင်ပွဲဝင်မည့် ကချင်အလှမယ် ဂျာမနီသို့ ထွက်ခွာ
Tuesday, November 25, 2014

မြန်မာနိုင်ငံမှ ပထမဆုံး အကြိမ်သွားရောက်ယှဉ်ပြိုင်ခွင့်ရ သည့် Miss Intercontinental 2014ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ် စားပြုသွားရောက်ယှဉ်ပြိုင်မည့် အလှမယ်ကချင်တိုင်းရင်းသူ Angel Lamungသည် နိုဝင်ဘာ ၂၄ရက် နံနက် ၆နာရီက ပြိုင်ပွဲ ကျင်းပမည့် ဂျာမနီနိုင်ငံဘာလင် မြို့သို့ ထွက်ခွာသွားကြောင်းသ တင်းရရှိသည်။

Miss Intercontinental 2014 ကမ္ဘာ့အလှမယ်ပြိုင်ပွဲကြီး ကို နိုဝင်ဘာ ၂၄ရက်မှ ဒီဇင်ဘာ ၄ရက်အထိ ဂျာမနီနိုင်ငံတွင်ကျင်း ပမည်ဖြစ်ပြီး နောက်ဆုံးအဆင့် ရှိုးကို ဒီဇင်ဘာ ၄ရက်တွင် ကျင်း ပမည်ဟု Miss Goldenland Myanmar Organizationမှ ဒါ ရိုက်တာကိုဝေယံအောင်ကပြော သည်။

‘‘ညီမက ရန်ကုန်ဇာတိမဟုတ်တဲ့အတွက်ကြောင့်အခက် အခဲတွေတော့ နည်းနည်းရှိခဲ့ပါ တယ်။ ဒါပေမဲ့ အကောင်းဆုံးကြိုး စားသွားမှာပါ။ ပြီးတော့ ပြိုင်ပွဲအ တွက်လည်း အကောင်းဆုံးကြိုး စားပြင်ဆင်ထားပါတယ်’’ဟု အလှမယ် Angel Lamungက ပြောသည်။

ပြိုင်ပွဲတွင် ယှဉ်ပြိုင်မည့် ရိုးရာဝတ်စုံ (National Costume) အတွက် မြန်မာနိုင်ငံမှ တိုင်းရင်းသားများဖြစ်သည့် လီဆူး၊ အာခါ၊ ချင်း၊ ကချင်၊ ပဒေါင်တိုင်းရင်းသားများ၏ ၀တ်စားဆင်ယင်ထုံးဖွဲ့မှုများကို ပေါင်းစပ်ထားပြီး ဖန်တီးထားသည်ဟုဆို သည်။

7Day DAILY
မြန်မာနိုင်ငံမှ ပထမဆုံး အကြိမ်သွားရောက်ယှဉ်ပြိုင်ခွင့်ရ သည့် Miss Intercontinental 2014ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ် စားပြုသွားရောက်ယှဉ်ပြိုင်မည့် အလှမယ်ကချင်တိုင်းရင်းသူ Angel Lamungသည် နိုဝင်ဘာ ၂၄ရက် နံနက် ၆နာရီက ပြိုင်ပွဲ ကျင်းပမည့် ဂျာမနီနိုင်ငံဘာလင် မြို့သို့ ထွက်ခွာသွားကြောင်းသ တင်းရရှိသည်။

ဦးထင်လင်းဦး၊ စာပေဟောပြောပွဲစီစဉ်သူနှင့် ချောင်းဦးမြို့နယ် NLD တို့ကို အရေးယူပေးရန် မန္တလေးအခြေစိုက်နိုင်ငံရေးပါတီကိုးခု ကြေညာချက်ထုတ်

ဗုဒ္ဓဘာသာ သာသနာ ကို စော်ကားပြောဆိုခဲ့သည့် ထင်လင်းဦး (Wisdom Villa)၊ စာပေဟောပြောပွဲ စီစဉ်သူနှင့် ချောင်းဦးမြို့နယ် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်တို့အား ရှုတ်ချ ကြောင်းနှင့် ပြင်းထန်စွာအရေးယူ ပေးရန် မန္တလေးတိုင်းအခြေစိုက် နိုင်ငံရေးပါတီကိုးခုနှင့် အမျိုးသား ရေးအင်အားစု အဖွဲ့အစည်းများ က ကြေညာချက်ထုတ်ပြန် တောင်းဆိုသည်။