Friday 14 November 2014

အမေရိကန်သမ္မတဘားရက်အိုဘားမား မြန်မာနိုင်ငံဟု တရားဝင်ခေါ်ဝေါ်

နေပြည် တော် အပြည်ပြည်ဆိုင်ရာ မြန်မာ ကွန်ဗင်းရှင်းစင်တာ(၁)တွင် ပြုလုပ် သည့် 2nd ASEAN-U.S Summit ဆွေးနွေးပွဲတွင် အမေရိကန်သမ္မတ ဘားရက် အိုဘားမားက အဖွင့်မိန့် ခွန်းပြောကြားရာ၌ မြန်မာဟု ခေါ် ဝေါ်သုံးစွဲသွားကြောင်း သိရသည်။

အမေရိကန်သမ္မတအိုဘားမား သည် ပထမအကြိမ် မြန်မာနိုင်ငံခရီး စဉ်အတွင်း မြန်မာဟု ခေါ်ဝေါ်သုံးစွဲ ခဲ့ပြီး ယခုမြန်မာနိုင်ငံတွင် အိမ်ရှင် အဖြစ်ပြုလုပ်သည့် အာဆီယံထိပ်သီး အစည်းအဝေးသို့ တက်ရောက်လာ စဉ် မြန်မာနိုင်ငံဟု ထပ်မံခေါ်ဝေါ် သုံးစွဲခြင်းဖြစ်သည်။

ရိုဟင်ဂျာပဲ ဆက်ခေါ်မယ်ဆိုတဲ့ ဘန်ကီမွန်းပြောဆိုချက်ကို မဘသ ကန့်ကွက်

မြန်မာနိုင်ငံမှာရှိတဲ့ ဘင်္ဂါလီတွေကို ရိုဟင်ဂျာလို့ပဲ ဆက်လက်ခေါ်ဝေါ်မယ်ဆိုတဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းရဲ့ ပြောဆိုချက်ကို ကန့်ကွက်တယ်လို့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) က နိုဝင်ဘာလ ၁၃ ရက်နေ့ ရက်စွဲနဲ့ သဘောထား ထုတ်ပြန်လိုက် ပါတယ်။

ရိုဟင်ဂျာ အသုံးအနှုန်း ပြောဆိုတာဟာ မြန်မာပြည်သူ၊ ပြည်သားတွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းတွေ အကြား နားလည်မှု လွဲမှားစေနိုင်ရုံသာမက လူမျိုးရေး ပဋိပက္ခတွေပါ ဖြစ်ပေါ်လာ စေနိုင်ပါတယ်လို့ အဲဒီသဘောထား ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြောက်ပိုင်းတိုင်းရှိ ရှေ့တန်းစခန်းတွင် ဘန်ကာငါးလုံးတည်ဆောက်ခွင့်ပြုရန် ကာကွယ်ရေးဒုဝန်ကြီးပြော

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေအတွင်းရှိ ရှေ့တန်းစစ်မြေပြင်စခန်း သုံးခုတွင် ဘန်ကာ ငါးလုံးတည်ဆောက်ရန် လွှတ်တော်မှ ခွင့်ပြုပေးပါက ရှေ့တန်းရောက်တပ်မတော်သားများအနေဖြင့် အလွန် ပင်ဝမ်း မြောက်ဝမ်းသာဖြစ်ကြရမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဌာနဒုတိယ၀န်ကြီးက ပြောသည်။

လွှတ်တော်သို့ လေ့လာရန်လာသော ဒီချုပ်ပါတီဝင်များအား နေပြည်တော်သို့ ၀င်ခွင့်မပြု

လွှတ်တော်သို့ လာရောက်လေ့လာသည့် ဒဂုံဆိပ်ကမ်းမြို့နယ် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်မှ ပါတီဝင်တစ်ရာ ကျော်အား လုံခြုံရေးအကြောင်းပြ ချက်ဖြင့် နေပြည်တော်သို့ ၀င်ခွင့်မပြုခဲ့ကြောင်း သတင်းရရှိ သည်။

နေပြည်တော်အ၀င် ဂိတ် ပေါက်ဖြစ်သည့် စီလမ်းဆုံ စစ် ဆေးရေးဂိတ်တွင် ပိတ်ပင်ခဲ့ခြင်း ဖြစ်ပြီး ယင်းသို့ ပိတ်ပင်ခဲ့မှုသည် သမ္မတညွှန်ကြားချက်ဖြင့် နေပြည်တော်ကောင်စီမှ အမိန့်အရဖြစ် ကြောင်း အုပ်ချုပ်ရေးပိုင်းက ပြော ဆိုခဲ့သည်ဟု အင်န်အယ်လ်ဒီပါတီမှ ဒဂုံဆိပ်ကမ်းမြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက် တာ မျိုးအောင်ကပြောသည်။

အခြေခံဥပဒေအချက်အချို့ ပြင်ဆင်ရန် စဉ်းစားသင့်ကြောင်း ဦးသိန်းစိန်ကို အိုဘားမားတိုက်တွန်း

အမေရိကန်သမ္မ တအိုဘားမားက အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ တစ် စုံတစ်ယောက်၊ အဖွဲ့တစ်ဖွဲ့ကို ရည်ညွှန်းပြီး ကန့်သတ်သကဲ့သို့ ဖြစ်နေသည့် ပုဒ်မများအား ပြင် ဆင်ရန် မြန်မာ အစိုးရ အနေဖြင့် စဉ်းစားသင့်ကြောင်း သမ္မတဦး သိန်းစိန်ကို တိုက်တွန်းပြောကြား လိုက်သည်။

ရခိုင်ပြည်နယ်အရေးဆွေး နွေးရာတွင် ရခိုင်ပြည်နယ်၌ ရှိ သော ဘင်္ဂါလီလူမျိုးများအား ရိုဟင်ဂျာဟု သုံးနှုန်းခြင်းမရှိဘဲ မွတ်စလင်လူနည်းစုများဟုသာ ခေါ် ဝေါ်ပြောဆိုခဲ့ကြောင်း ဦးရဲထွဋ် ကပြောကြားသည်။

ရိုဟင်ဂျာ/ဘင်္ဂါလီဟု ဘန်ကီမွန်း ပူးတွဲသုံးနှုန်း

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက ရခိုင်ပြည်နယ်ရှိ မွတ်စလင်အသိုင်းအ၀ိုင်းကို ရိုဟင်ဂျာ/ဘင်္ဂါလီဟု ပထမဆုံးအကြိမ် ပူးတွဲသုံးနှုန်းခဲ့ကြောင်း သတင်းရရှိသည်။

နေပြည်တော်၌ ပြုလုပ်နေသော(၂၅)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး ဒုတိယနေ့တွင် မီဒီယာအချို့နှင့် တွေ့ဆုံစဉ် မစ္စတာဘန်က ယင်းကဲ့သို့ သုံးနှုန်းခဲ့ခြင်း ဖြစ်သည်။

နိုဝင်ဘာ ၁၂ ရက် အာဆီယံထိပ်သီးအစည်းအဝေး ပထမနေ့ အပြီးပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်း