Wednesday 27 March 2013

ယနေ့ မတ်လ ၂၇ ရက်နံနက် တစ်နာရီကျော်ခန့်က ရန်ကုန်မြို့တော်ခန်းမအနီးတွင် ခြောက်လှန့်ပစ်ခတ်နည်း သရုပ်ပြလေ့ကျင့်နေသော ရဲတပ်ဖွဲ့ဝင်များအားတွေ့ရစဉ်


(၆၈) နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနား အောင်မြင်ခမ်းနားစွာကျင်းပ၊ အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် တက်ရောက်




နေပြည်တော်၊ မတ်လ ၂၇ ရက်

၂၀၁၃ ခုနှစ်၊မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် (၆၈) နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြ အခမ်း အနား အား နေပြည်တော်ရှိ စစ်ရေးပြကွင်းတွင် အောင်မြင်ခမ်းနားစွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရှိရပါသည်။ ယခုနှစ် စစ်ရေးပြအခမ်းအနားအား ယမန်နှစ်များနှင့်မတူပဲ တမူထူးခြားစွာ ကျင်းပခဲ့ကြောင်းလည်း သိရှိရပါ သည်။

ကိုယ်ဝန်ဆောင်များသည် ကြောင်များနှင့်နီးကပ်စွာ မနေသင့်


တကယ်လို့သင်ဟာ ကိုယ်ဝန်ဆောင်မိခင် တစ်ဦးဖြစ်ပြီး ကြောင်တွေနဲ့နီးကပ်စွာ နေတတ်သူဖြစ် မယ် ဆိုရင် သင်ရော၊ မမွေးသေးတဲ့ သင့်ကလေးငယ်ပါ Toxoplasmosis လို့ခေါ်တဲ့ ပြင်းထန်တဲ့ကပ်ပါး စွဲကပ်နိုင်တယ်ဆိုတဲ့ အကြောင်းကို သိထားသင့်ပါတယ်။

(၆၈) နှစ်မြောက်တပ်မတော်နေ့ မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် မိန့်ခွန်းပြောကြား


(၆၈) နှစ်မြောက်တပ်မတော်နေ့ မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် မိန့်ခွန်းပြောကြား


(၆၈)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက် (၄)ရပ်
==============================
(၁) နိုင်ငံတော်၏ အမျိုးသားရေး မူဝါဒဖြစ်သော ပြည်ထောင်စု
မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး ဟူသော ဒို့တာဝန် အရေးသုံးပါးကို ကာကွယ် စောင့်ရှောက်ရေး၊

(၂)ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့်အညီ နိုင်ငံတော်၏ အမျိုးသား
နိုင်ငံရေး ဦးဆောင်မှု အခန်း ကဏ္ဍတွင် တိုင်းရင်းသား ပြည်သူတို့
နှင့်အတူ လက်တွဲ၍ စစ်မှန်သော မျိုးချစ်စိတ်ဓာတ် ဖြစ်သည့်
ပြည်ထောင်စု စိတ်ဓာတ်ဖြင့် ပါဝင် ထမ်းဆောင်ရေး၊

(၃) ပြည်တွင်းပြည်ပ အဖျက်သမား များ၏ အန္တရာယ် မှန်သမျှကို
နိုင်ငံတော် စွမ်းအား၊ ပြည်သူ့စွမ်းအား၊ တပ်မတော် စွမ်းအားတို့ဖြင့် ပူးပေါင်းကာကွယ် တိုက်ဖျက်ရေး၊

(၄) နိုင်ငံတော်၏ လုံခြုံရေးနှင့် အချုပ်အခြာ အာဏာ တည်တံ့
ခိုင်မြဲရေးကို ကာကွယ် စောင့်ရှောက်ရန် အင်အား တောင့်တင်းပြီး
စွမ်းရည် ထက်မြက်သော ခေတ်မီ မျိုးချစ်တပ်မတော် ဖြစ်ပေါ်
လာစေရေး'' တို့ဖြစ်ကြသည်။

(၆၈)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက် (၄)ရပ်
==============================
(၁) နိုင်ငံတော်၏ အမျိုးသားရေး မူဝါဒဖြစ်သော ပြည်ထောင်စု မပြို ကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး ဟူသော ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရေး၊ (၂)ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် အညီ နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်း ကဏ္ဍတွင် တိုင်းရင်းသား ပြည်သူတို့နှင့်အတူ လက်တွဲ၍ စစ်မှန်သော မျိုးချစ်စိတ်ဓာတ် ဖြစ်သည့်ပြည်ထောင်စု စိတ်ဓာတ်ဖြင့် ပါဝင် ထမ်းဆောင်ရေး၊

မြန်မာ့ဆန် ဂျပန်နိုင်ငံက ၀ယ်ယူမည်


Photo: မြန်မာ့ဆန် ဂျပန်နိုင်ငံက ၀ယ်ယူမည်

မြန်မာနိုင်ငံက ဆန်တွေကို နှစ်ပေါင်း ၄၅ နှစ်နီးပါး ၀ယ်ယူမှုရပ်ဆိုင်းထားတဲ့ ဂျပန်နိုင်ငံက အခုမြန်မာပြည်က ဆန်တွေကို ပြန်လည်ဝယ်ယူတော့မယ်လို့ Financial Times သတင်းစာက ဒီကနေ့ ရေးသားလိုက်ပါတယ်။

၁၉၆၈ ခုနှစ်ကစပြီး ဂျပန်နိုင်ငံက ဆန်ဝယ်ယူမှု ရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။ အခု ဂျပန် Mitsui ကုမ္ပဏီက  ပြန်လည်ဝယ်ယူဖို့ လက်ခံခဲ့တာဖြစ်ပြီး လာမယ့်မေလမှာ ဆန်တန်ချိန် ၅၀၀၀ စတင် ၀ယ်ယူမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံက ၀ယ်ယူတဲ့ဆန်တွေကို  ဘီယာ၊ ဘီစကွတ်လိုမျိုး မုန့်ပဲသရေစာလိုအပြင် ဂျပန်အရက်ချက်တဲ့ နေရာမျိုးတွေမှာသုံးဖို့ဖြစ်တယ်လို့ ဂျပန်စိုက်ပျိုးရေး ၀န်ကြီးဌာနကပြောကြောင်း သိရပါတယ်။

သမ္မတ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အရပ်သားအစိုးရ တက်လာပြီးနောက်ပိုင်း ဂျပန်အစိုးရနဲ့ မြန်မာအစိုးရတို့ကြား ပိုမိုရင်းနှီးတဲ့ ညှိနှိုင်းဆက်ဆံမှုတွေရှိလာခဲ့တာဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေအပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာပါ ဂျပန်နိုင်ငံက အကူအညီပေးနေတာတွေ ရှိလာပါတယ်။

မြန်မာအစိုးရရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို ထောက်ခံပံ့ပိုးတဲ့အနေနဲ့ မြန်မာနိုင်ငံကနေ ဂျပန်နိုင်ငံအပေါ်တင်ရှိနေတဲ့ လက်ရှိကြွေးမြီ ဂျပန်ယန်းငွေ သန်းပေါင်း ၃ သိန်းကျော်၊ အမေရိကန်ဒေါ်လာနဲ့ ဆိုရင် သန်းပေါင်း ၃၇၀၀ ကို ပြီးခဲ့တဲ့မတ်လက လျော်ပေးခဲ့ပြီး ဖြစ်ပါတယ်။

မြန်မာနိုင်ငံက ဆန်တွေကို နှစ်ပေါင်း ၄၅ နှစ်နီးပါး ၀ယ်ယူမှုရပ်ဆိုင်း ထားတဲ့ ဂျပန်နိုင်ငံက အခုမြန်မာပြည်ကဆန်တွေကို ပြန်လည် ၀ယ်ယူတော့မယ်လို့ Financial Times သတင်းစာက ဒီကနေ့ ရေး သားလိုက်ပါတယ်။