ရန်ကုန်တိုင်းဒေသကြီး အတွင်း ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့မှ (၁၅) ရက်နေ့ အထိ ခရီးသည်တင် ယာဉ်လိုင်းများ မတော်တဆ ဖြစ်ပွား မှုကြောင့် ဒဏ်ရာ ရရှိသူ (၂၀) ကျော်နှင့် သေဆုံးသူ (၁၀) ဦး ၀န်းကျင်ထိ ရှိခဲ့ကြောင်း မော်တော်ယာဉ် လုပ်ငန်း ပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ မှ သိရသည်။
အဆိုပါ ယာဉ် မတော်တဆမှု များမှာ အရှိန် မြင့်မားစွာ မောင်းနှင်ခြင်း၊ ဘရိတ်ပေါက်ခြင်း၊ လူကို ရှောင်တိမ်းမှုကြောင့် ဖြစ်ပွားခြင်းနှင့် စည်းကမ်းမဲ့ မောင်းနှင်ခြင်း စသည် တို့ကြောင့် ဖြစ်ကြောင်း သိရသည်။ ယာဉ် လုပ်သားတွေ အတတ်နိုင်ဆုံး စည်းကမ်းတကျ လိုက်နာဖို့ ကြိုးပမ်း ဆောင်ရွက်နေ ပါတယ်။ အဲဒါကြောင့် ခရီးသည်တင် ယာဉ်မတော်တဆမှု တွေကတော့ တဖြည်းဖြည်း လျော့လာတယ် ဟု မော်တော်ယာဉ် လုပ်ငန်း ပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။