Monday 31 August 2015

ဥပဒေနှင့်မညီသော မဲဆွယ်စည်းရုံးမှုများ ဥပဒေဘောင်အတွင်းမှ ဒီချုပ်ကန့်ကွက်မည်



ဥတ္တရသီရိမြိုနယ်၊မင်းကုန်းကျေးရွာအုပ်စု၊ဆယ်ကန်ရွာတွင် ရွေးကောက်ပွဲပညာပေးဟောပြောနေသော ဒေါ်အောင်ဆန်းစုကြည်နှင့်ဒေသခံများကိုသြဂုတ်၃၀ရက်က တွေ့ရစဉ် (ဓာတ်ပုံ−NLD Chairperson)
 ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများက မဲဆွယ်စည်းရုံးရေးကာလမရောက်မီ စည်းမျဉ်းစည်းကမ်းနှင့်မညီသော မဲဆွယ်ခြင်းများပြုလုပ်ပါက ဥပဒေဘောင်အတွင်းမှ ကန့်ကွက်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကပြောကြားသည်။

နိုင်ငံတော်ဘာသာနေ့ အခမ်းအနား လွတ်လပ်ခွင့်ပေးရန် ထေရ၀ါဒကွန်ရက် တောင်းဆို


 နိုင်ငံတော်ဘာသာနေ့ အထိမ်းအမှတ် အခမ်းအနားကို လွတ်လပ်စွာ ကျင်းပခွင့်ပြုရန်အတွက် အစိုးရကို တောင်းဆို ကြောင်း ထေရ၀ါဒဓမ္မကွန်ရက်က သြဂုတ် ၃၀ ရက် နိုင်ငံတော်ဘာ သာနေ့တွင် ထုတ်ပြန်သည်။
ထေရ၀ါဒ ဓမ္မကွန်ရက်၏ဦးဆောင်မှုဖြင့် နိုင်ငံတော်ဘာသာ နေ့အခမ်းအနားများကို ၂၀၁၃ မှ စတင်ကျင်းပခဲ့သော်လည်း အစိုး ရအနေဖြင့် လွတ်လပ်စွာ ကျင်းပ ခွင့်မပြုဘဲ ကန့်သတ်မှုများ ရှိခဲ့ ခြင်း၊ နိုင်ငံတော် ဘာသာနေ့ဟု ခေါင်းစဉ်တပ်၍ ကျင်းပခွင့်မပြု ခြင်းတို့ကြောင့် တောင်းဆိုခြင်း ဖြစ်ကြောင်း ကွန်ရက်သဘာပတိ  ဓမ္မစက္ကဦးမောင်မောင်က ပြော ကြားသည်။
ထေရ၀ါဒဓမ္မကွန်ရက်တွင် မြို့နယ်အဖွဲ့ခွဲများ၊ မနောဖြူ၊ ဗ လငါးတန်၊ မျိုးချစ်သွေး၊ ၀ံသပါ လ စသည့် လူမှုရေးပရဟိတအဖွဲ့ ပေါင်း ၁၀၀ ကျော်ဖြင့် ၂၀၁၃၌ စတင်ဖွဲ့စည်းထားခြင်းဖြစ်သည်။

‘‘အစိုးရက အစစ အရာရာ စိုးရိမ်နေတာရှိပါတယ်။ ကျွန် တော်တို့က ရှင်းပြပါတယ်။ သူတို့ က ဒီပွဲကိုခွင့်ပြုချင်စိတ်မရှိဘူး။ ဒီနေ့ကိုတောင်မှ မေတ္တာအခါ တော်နေ့ဆိုတဲ့ခေါင်းစဉ်နဲ့ပဲ လုပ် ခွင့်ပေးတယ်။ နိုင်ငံတော်ဘာသာ နေ့ဆိုတာကို ခွင့်မပြုဘူး။ ဒါပေမဲ့ ဖမ်းချင်ဖမ်းဆို လုပ်ရတာ’’ဟု၎င်း ကပြောသည်။

အိမ်ထောင်ရှိလျက် နောက်အိမ်ထောင်ပြုလျှင် ထောင် ၇ နှစ်ချမှတ်ခံရနိုင်


ထိမ်းမြားမှုအတည်ဖြစ် နေစဉ် ထပ်မံ၍ ထိမ်းမြားမှုပြုပါ က (သို့မဟုတ်)လင်မယားအဖြစ် တရားမဝင် နေထိုင်ပေါင်းသင်း ကြောင်း ပြစ်မှုထင်ရှားပါက ခုနစ် နှစ်ထက်မပိုသော ထောင်ဒဏ်ချ မှတ်နိုင်ကြောင်း ပါဝင်သည့် တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်း ဆိုင်ရာ ဥပဒေကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက် သည်။

ဥပဒေတစ်ရပ်ရပ်အရဖြစ် စေ၊ ကိုးကွယ်ရာဘာသာအရဖြစ် စေ၊ ဓလေ့ထုံးတမ်းအရဖြစ်စေ လင်နှင့်မယား တစ်ဦး(သို့မဟုတ်) တစ်ဦးထက်ပို၍ တရားဝင်ထိမ်း မြားပြီးသည့် ယောက်ျား(သို့မ ဟုတ်)မိန်းမသည် အဆိုပါထိမ်း မြားမှု တည်မြဲနေစဉ် ကာလအ တွင်း ဤဥပဒေအာဏာ တည် သည့်နေ့မှစ၍ အခြားသူတစ်ဦး နှင့်ထပ်မံထိမ်းမြားခြင်းမပြုရ (သို့ မဟုတ်)လင်မယားအဖြစ် တရား မဝင်နေထိုင်ပေါင်းသင်းခြင်းမပြု ရဟု တားမြစ်ထားသည်။ အဆိုပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူး လွန်ပါကလည်း ခုနစ်နှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ်နိုင် ကြောင်း အဆိုပါ ဥပဒေတွင် ပြ ဋ္ဌာန်းထားသည်။

အရပ်သားကို မဖွယ်မရာ ပြုလုပ်သည်ဟု စွပ်စွဲချက်ဖြင့် စခန်းမှူးတစ်ဦးတိုင်ကြားခံရ


ရဲစခန်းရှေ့တွင် ဆိုင်ကယ် စီးရင်း သူငယ်ချင်းအချင်းချင်း ဆဲ ဆိုသွားသည့် အရပ်သားတစ်ဦး ကို ဖမ်းဆီး၍ မဖွယ်မရာ ဆက် ဆံခဲ့သည်ဟုဆိုကာ သဲကုန်းမြို့ နယ် အင်းမနယ်မြေ ရဲစခန်းမှူး အား အရေးယူပေးရန် ပြည်ထဲ ရေးဝန်ကြီးနှင့် မြန်မာနိုင်ငံရဲချုပ် တို့ထံ တိုင်ကြားထားကြောင်း သတင်းရရှိသည်။သြဂုတ် ၂၄ ရက် ညပိုင်း တွင် အင်းမနယ်မြေရဲစခန်းရှေ့ ရန်ကုန်-ပြည်ကားလမ်းမကြီး ပေါ်တွင် မောင်ဆန်းနှစ်ဦးနှင့် သူ ငယ်ချင်းတစ်ဦးသည် ဆိုင်ကယ် မောင်းနှင်သွားရင်း အချင်းချင်း ဆဲဆိုသွားကြောင်း၊ ၎င်းတို့နှစ်ဦး ကို အင်းမနယ်မြေရဲစခန်းမှ ရဲ တပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေ ကာ ရဲစခန်းသို့ ခေါ်ယူခဲ့ခြင်းဖြစ် ကြောင်း ဖမ်းဆီးခံရသူ မောင်ဆန်းနှစ်ဦး၏ အဒေါ်ဒေါ်ခင်ခင်ညိုက ပြောသည်။

Saturday 29 August 2015

အောင်သူကို ပြည်ပကလပ်များ ကမ်းလှမ်းမှုမရှိသေး


၂၀၁၄ အာဆီယံလူငယ်အကောင်းဆုံးရရှိခဲ့သည့် မြန်မာ့လက်ရွေးစင်ဘောလုံးသမားအောင်သူက ပြည်ပထွက်ကစားရန် ဆန္ဒရှိသော်လည်း ပြည်ပ ကလပ်အသင်းများမှ ကမ်းလှမ်းမှုမရှိသေးကြောင်း သတင်းရရှိသည်။ ‘‘ပြည်ပထွက်ကစားဖို့  အတွက်  ဆန္ဒရှိပါတယ်။   ဒါပေမဲ့ ကမ်းလှမ်းမှုမရှိတဲ့အခါ ကစားချင် တယ်ပြောလည်း  အလကားပဲ။ ပြည်တွင်းက  ကစားသမားတွေ ပြည်ပထွက်ကစားတဲ့သူနည်း တော့  ပြည်ပကလပ်တွေကလည်း ကမ်းလှမ်းမှုမရှိဘူး။ အဖွဲ့ချုပ်ကို တောင်းဆိုချင်ပါတယ်။  ပြည်ပ ကလပ်တွေနဲ့ချိတ်ဆက်ပေးဖို့ အတွက်။ ဒါမှ ပြည်တွင်းကစားသမားတွေအတွက် လမ်းပွင့်သွားမှာ’’ဟုအောင်သူကပြောသည်။

အာဆီယံဘောလုံးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးဇော်ဇော် ဈေးကွက်ရှာဖွေရေးကဏ္ဍကို အဓိကလုပ်ဆောင်မည်

အာဆီယံဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရသည့် ဦးဇော်ဇော်သည် အာဆီယံဘောလုံးအဖွဲ့ချုပ်တွင် အချိန်ပိုင်းသာ တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ပြီး ဈေးကွက်ရှာဖွေရေးကဏ္ဍကို အဓိက   လုပ်ဆောင်မည်ဖြစ် ကြောင်း ၎င်းက ပြောသည်။
သြဂုတ် ၂၂ရက်က ရန်ကုန် မြို့ နိုဗိုတယ်မက်စ်ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံ ဘောလုံးအဖွဲ့ချုပ် ကွန်ဂရက်အ စည်းအဝေး၌ အာဆီယံဘောလုံး အဖွဲ့ချုပ်အမှုဆောင်အဖွဲ့ကို ပြန် လည်ရွေးချယ်ခဲ့ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဦးဇော် ဇော်က ဒုတိယဥက္ကဋ္ဌအဖြစ် ရွေး ချယ်ခံခဲ့ရသည်။ လက်ရှိအာဆီယံ အဖွဲ့ချုပ်ဥက္ကဋ္ဌ၏ ဆန္ဒအရ ဒုဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်ဖြစ်သော်လည်း အချိန်ပိုင်းသာတာဝန်ယူရမည်ဖြစ်ကြောင်း ဦးဇော်ဇော်က ပြောသည်။

မလေးရှားတွင် ဝန်ကြီးချုပ် နုတ်ထွက်ပေးရန် ပြည်သူများ စုရုံးဆန္ဒပြ


မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တော်တွင် ပြည်သူ ထောင်နှင့်သောင်းနှင့်ချီ စုရုံးကာ ဝန်ကြီးချုပ် နာဂျစ်ဘ် ရာဇက်ခ် နုတ်ထွက်ပေးရန် ဆန္ဒပြခဲ့ကြောင်း သိရသည်။ဝန်ကြီးချုပ် နာဂျစ်ဘ်သည် ငွေကြေးအရှုပ်တော်ပုံတစ်ရပ် ပေါ်ပေါက်လာသည့်နောက် ပြည်သူများ၏ ဒေါသထွက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ မလေးရှားတွင် ဝန်ကြီးချုပ် နုတ်ထွက်ရေး ဆန္ဒပြမှုများကို နှစ်ရက်ဆက်တိုက် ပြုလုပ်ရန် စီစဉ်ထားပြီး ဩဂုတ် ၂၉ ရက်တွင် ကွာလာလမ်ပူ၌ စုရုံးဆန္ဒပြကြခြင်း ဖြစ်သည်။နာဂျစ်ဘ်၏ ဘဏ်အကောင့်ထဲတွင် အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော်မျှကို အမည်မသိ နိုင်ငံခြား အလှူရှင်များက ငွေလွှဲ ထည့်သွင်းပေးထားကြောင်း ဖော်ထုတ် တွေ့ရှိပြီးနောက် ယခုလို အခြေအနေမျိုး ကြုံလာခြင်း ဖြစ်သည်။ နိုင်ငံ၏ ကြွေးမြီစာရင်းများကို ပြန်လည်သုံးသပ်သည့် စုံစမ်းစစ်ဆေးမှု တစ်ခုတွင် ယခုဖြစ်ရပ် ပေါ်ပေါက်လာခြင်းဖြစ်ပြီး နာဂျစ်ဘ်ကမူ မိမိအနေဖြင့် မည်သည့် အမှားအယွင်းကိုမျှ ပြုလုပ်မထားဟု ငြင်းချက်ထုတ်ထားသည်။

လိပ်ကျွန်း လူသတ်မှုအတွက် တက္ကသိုလ်မှ ကျွမ်းကျင်သည့် ပါမောက္ခအဆင့်ရှိ ဘာသာပြန် လိုအပ်နေ


 ကော့သောင်း(လိပ်ကျွန်း) ဗြိတိန်လူမျိုးနှစ်ဦး အသတ်ခံမှုဖြင့် ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသား နှစ်ဦး၏ အမှုတွင် ထိုင်းနှင့် မြန်မာနှစ်ဘာသာ ဘာသာပြန် လိုအပ်နေ သည်ဟု အမှုကို ကူညီဆောင်ရွက်ပေးနေ သော မြန်မာသံရုံးအထူးအဖွဲ့မှ ရှေ့နေဦးအောင်မျိုးသန့်က မဇ္စျိမကို ပြောသည်။
လူသတ်မှုဖြင့် စွပ်စွဲခံထားရသူ ကိုဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့ဘက်မှ တက္ကသိုလ်မှ ကျွမ်းကျင်သည့် ပါမောက္ခအဆင့်ရှိ ဘာသာပြန် လိုအပ်နေခြင်း ဖြစ်သည်။
“ ဘာသာပြန်ပေါ့၊ ထိုင်းဘာသာ၊ မြန်မာဘာသာနဲ့ပတ်သက်တဲ့ တကယ်တမ်း အထင်ကရဖြစ်တဲ့ တက္ကသိုလ် ပါမောက္ခလိုမျိုး တရားခွင်မှာ လာရောက်ကူညီပေးမယ်ဆိုရင်တော့ တရားခွင်ကလေး စားလောက် တဲ့လူ၊ မြန်မာလူမျိုးတွေ ဘယ်နှစ်မျိုး ရှိတယ်၊ ဘယ်လူမျိုးက ဘယ်လိုရှိတယ်ဆိုတာတွေ၊ မြန်မာနိုင်ငံက တိုင်းရင်းသားလူမျိုးအကြောင်း၊ လူမျိုးစုအကြောင်းတွေကို ကျကျနန ဘာသာပြန်ပေးနိုင် လို့ရှိရင် ပိုကောင်း သွားမယ်” ဟု ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

အစ်ကိုဖြစ်သူ၏ အပြစ်အတွက် ညီမနှစ်ဦး မုဒိမ်းကျင့်ခံပြီး ပေးဆပ်ရန် အိန္ဒိယ ကျေးရွာကောင်စီတစ်ခု အမိန့်ချ


အစ်ကိုဖြစ်သူ၏ လူမှုရေး ဖောက်ပြန်မှုအတွက် ညီမနှစ်ဦးကို မုဒိမ်းပြန်ကျင့်ရန် ကျေးရွာအုပ်ချုပ်ရေး ကောင်စီတစ်ခု၏ ဆုံးဖြတ်ချက်ကြောင့် အိန္ဒိယတွင် ဒေါသတကြီး ဝေဖန်ရှုတ်ချမှုများ ပေါ်ပေါက်လာကြောင်း သိရသည်။
မိန်းကလေး နှစ်ဦး၏ အစ်ကိုသည် မျိုးရိုးအဆင့်အတန်း ပိုမြင့်သည့် မိသားစု တစ်ခုမှ အိမ်ထောင်သည် အမျိုးသမီးတစ်ဦးကို ခိုးပြေးသွားသည့်နောက် မိန်းကလေးနှစ်ဦးက ကိုယ်စား အပြစ်ဒဏ် ခံယူရန် ကျေးရွာအုပ်ချုပ်ရေး ကောင်စီက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ အိန္ဒိယ၏ ဟိန္ဒူဘာသာရေး အခြေပြု လူ့အဖွဲ့အစည်းတွင် မျိုးရိုးအဆင့်အတန်း ခွဲခြားဆက်ဆံမှုများ ပြင်းပြင်းထန်ထန် ကျန်ရှိနေဆဲ ဖြစ်သည်။
ကျေးရွာကောင်စီ ဆုံးဖြတ်ချက်အရ မုဒိမ်းကျင့်ခံပြီး အစ်ကို၏ အပြစ်ကြွေးကို ပေးဆပ်ရမည့် မိန်းကလေး နှစ်ဦးအနက် တစ်ဦးသည် ၁၅ နှစ်မျှသာ ရှိသေးသည်။ အဆိုပါ မိန်းကလေးနှင့် အစ်မဖြစ်သူ အသက် ၂၃ နှစ်အရွယ် မီနက်ရှီကူမာရီတို့သည် မုဒိမ်းကျင့်သည့် ပြစ်ဒဏ်ကို ခံယူပြီးပါက တစ်ကိုယ်လုံး ဗလာကျင်း အဝတ်ချွတ်ပြီး ကျေးရွာထဲ လှည့်လည်သွားလာကာ မိသားစုကိုယ်စား အရှက်ရစေရမည်ဟု အမျိုးသားများချည်း ပါဝင်ဖွဲ့စည်းထားသည့် ကျေးရွာကောင်စီက ဆုံးဖြတ်ခဲ့သည်။

ရေဘေးကြောင့် မထုတ်ပြန်နိုင်သည့် မဲစာရင်း စက်တင်ဘာလဆန်းတွင် ထုတ်မည်


သြဂုတ် ၂၃ရက်တွင် ထုတ်ပြန်ရန် ရည်ရွယ်ထားသော်လည်းရေဘေးကြောင့် မထုတ်ပြန်နိုင်ခဲ့သည့် တစ်နိုင်ငံလုံး မဲစာရင်းများကို စက်တင်ဘာလဆန်းတွင် ထုတ်ပြန် မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်ဦးစောဘလှိုင်က သြဂုတ် ၂၉ရက်တွင် မဇ္ဈိမကိုပြောသည်။
၎င်းက "ကော်မရှင်အစည်းအဝေးတွေမှာတော့ ရက်ကိုမပြောသေးဘူး။ စက်တင်ဘာလဆန်းပိုင်းလို့ပဲ သိရတယ်။ ဥက္ကဌကလည်း ရန်ကုန်ကိုရောက်နေပါတယ်။ ဒီတစ်ခါတော့ တစ်နိုင်ငံလုံး ကစာရင်းတွေ ကိုထုတ်မှာ" ဟု ဆိုသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဗဟိုအချက်အလက်ထိန်းသိမ်းရာဌာန(ဗဟိုဆာဗာ) အတွင်း တစ်နိုင်ငံလုံးမှ မဲဆန္ဒရှင်စာရင်း ၃၂သန်းကျော်ရောက်ရှိနေပြီးဖြစ်ကြောင်း ဥက္ကဌ ဦးတင်အေးက ဆိုထား သည်။

စင်္ကာပူ ကြက်ခြေနီအသင်း ကရေဘေးကူရန် စစ်ကိုင်းတိုင်း ကိုလာမည်


စင်္ကာပူ ကြက်ခြေနီအသင်းက စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်ရှိ ကျေးရွာ ၇ ရွာမှ မိသားစု ၁၂၀၀ကျော်အား ကူညီနိုင်ရန် အဖွဲ့နှစ်ဖွဲ့စေလွှတ် မည်ဖြစ်သည်။
ရှေ့ပြေးအသင်းတစ်ဖွဲ့က သြဂုတ် ၂၉ တွင် စင်္ကာပူမှ ထွက်ခွာမည်ဖြစ်သည်။ ဒေသခံလူမှုအဖွဲ့များနှင့်အတူ ပဲ၊ ဆန်၊ စာသုံးဆီ၊ စောင်များကို ဖြန့်ဝေပေးမည်ဖြစ်ပြီး ၄ ရက်ကြာမြင့်မည်ဟု စင်္ကာပူ ကြက်ခြေနီအဖွဲ့က ထုတ်ပြန်ထားသည်။
အဆိုပါမြို့နယ်သို့ ဒုတိယအသုတ်အဖြစ် ဆရာဝန် ၃ ဦး၊ သူနာပြု ၄ ဦးနှင့် ထောက်ကူဆေးလုပ်သား ၂ ဦး စုစုပေါင်း ၉ ဦးပါဝင်သည့် ဆေးကုသရေးအဖွဲ့က စက်တင်ဘာ ၃ ရက်နေ့မှစ၍ ၆ ရက်ကြာ ကျန်းမာရေးစောင့်ရှောက်မှုများ သွားရောက်ဆောင်ရွက်မည်ဖြစ်သည်။

ငွေကြေး အခက်အခဲကြောင့် ဟင်္သာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် စီမံကိန်းရွှေ့ဆိုင်း



မြန်မာနိုင်ငံ၏ စတုတ္ထမြောက် အပြည်ပြည်ဆိုင်ရာ ဟံသာဝတီလေဆိပ် စီမံကိန်းကို မတည်ငွေ အကျပ်အတည်း ကြောင့် တည်ဆောက်ရေး စီမံကိန်း ပြီးစီးမှုအားနောက် ၄ နှစ် သို့ ရွှေ့ဆိုင်းလိုက်ကြောင်း နိုင်ငံပိုင်သတင်းစာက ဖော်ပြသည်။
ပြည်တွင်းလေကြောင်းဌာန၏ ရန်ကုန်မြို့ သြဂုတ် ၂၇ သတင်းစာရှင်းပွဲ၌ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်လွင်က ရင်းနှီးမြှုတ်နှံမည့်သူများအနေဖြင့် လေဆိပ်မှာသုံးရန် ODA ချေးငွေ ကန်ဒေါ်လာ ၁ ဒဿမ ၅ ဘီလီယံ ရဖို့လိုအပ်နေသည်ဟု ပြောသည်။ ယခင်က ၂၀၁၈ တွင်အပြီးတည်ဆောက်ရန် ရည်မှန်းထားသော်လည်း ယခုအခါ ၂၀၂၂ သို့ ရွှေ့လိုက်သည်။

တင်ဒါအောင် ကမ်းလွန်လုပ်ကွက် ၂၀ မှ နောက်ဆုံးစာချုပ်ရမည့် M-7 လုပ်ကွက် ထုတ်လုပ်မှုခွဲဝေရေးစာချုပ် ချုပ်ဆို


 သြစတြေးလျနိုင်ငံအ ခြေစိုက် Tap Energy (M-7)Pte လီမိတက်နှင့် မြန်မာနိုင်ငံမှ Smart E & P International ကုမ္ပဏီတို့ ပူးပေါင်း တူးဖော်လုပ်ကိုင်မည့် မုတ္တမကမ်းလွန် M-7 လုပ်ကွက် အတွက် မြန်မာအစိုးရက အမေရိ ကန်ဒေါ်လာ ငါးသန်းခွဲကျော်ရရှိ ခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ယခုမုတ္တမကမ်းလွန်လုပ်ကွက် M-7 သည် ၂၀၁၃ တွင် တင်ဒါအောင်မြင်ခဲ့သည့် ကမ်းလွန်လုပ်ကွက် ၂၀ ၌ နောက်ဆုံးစာချုပ်ချုပ်ဆိုရန် ကျန်ရှိနေသည့် လုပ်ကွက်ဖြစ်ပြီး သြဂုတ် ၂၆ ရက် က စာချုပ်ချုပ်ဆိုခဲ့သည်။စာချုပ်လက်မှတ် ရေးထိုးကြေးအဖြစ် ကန်ဒေါ်လာ ၅ ဒသမ ၂ သန်းနှင့် အချက်အလက်ကြေးအတွက် ကန်ဒေါ်လာ ၃ ဒသမ ၅ သိန်းကို မြန်မာအစိုးရက ရရှိပြီး သြစတြေးလျကုမ္ပဏီသည် လေ့လာရေးကာလ ၂ နှစ်၊ ရှာဖွေရေးကာလ ခြောက်နှစ်အတွင်းကန်ဒေါ်လာသန်းတစ်ရာကျော်ရင်းနှီးမြှုပ်နှံမည် ဖြစ်သည်။‘‘ဒီပိုက်ဆံတွေက ရှာဖွေရေးကာလ စတဲ့အချိန်မှာရမှာပါ’’ဟု စွမ်းအင်ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

သဘာဝရေကန်ကျိုးပေါက်ကာ တွန်းဇံရှိ ရွာတစ်ရွာ ရွာလုံးကျွတ် မျောပါပျက်စီး


ချင်းပြည်နယ် တွန်းဇံမြို့ နယ်တွင် မိုးသည်းထန်စွာ ရွာ သွန်းပြီး တောင်ပေါ်ရှိ သဘာဝ ရေကန်တစ်ကန် ကျိုးကျကာ ရေစီးအရှိန်နှင့် ကျေးရွာတစ်ရွာ ရွာလုံး ကျွတ်နီးပါး  မျောပါသွားခဲ့ကြောင်း သတင်းရရှိသည်။
သြဂုတ် ၂၈ ရက် နံနက် ၃ နာရီခန့်က မိုးရွာသွန်းမှုကြောင့် တွန်းဇံမြို့နယ်ရှိ တွီခိန်ဇန် (ဟားခါးလေး)ကျေးရွာရှိ သဘာဝရေကန်တစ်ကန် ကျိုးကျသွားခြင်း ဖြစ်သည်။ ယင်းဖြစ်စဉ်ကြောင့် တောင်ကျရေများ အရှိန်ဖြင့် စီး လာပြီး လူနေအိမ်များ မျောပါ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရသည်ဟု ချင်းပြည်နယ်အစိုးရ အဖွဲ့ရုံးမှ သ တင်းရရှိသည်။‘‘ရေတွေက ရွှံ့နွံရေတွေ ဖြစ်တာကြောင့် ကယ်ဆယ်ရေး လုပ်ဖို့ကို တော်တော်ဒုက္ခရောက် နေတယ်။ ကျွန်တော်တို့ သတင်း ရသလောက်ကတော့ တစ်ဦး သေတယ်။ ကျန်တာတွေ အတည်မပြုနိုင်သေးဘူး’’ဟု တွီခိန်ဇန်ရွာ အနီး ရှာထော်ဇန် ရွာမှဒေသခံ တစ်ဦးက ပြောသည်။

ရေဘေးအတွက် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်က လေယာဉ်နှစ်စီးဖြင့် အလှူပစ္စည်းများ လာရောက်ပို့ဆောင်


 ရေဘေးသင့်ပြည် သူများ ပြန်လည်ထူထောင်ရေး တွင် အသုံးပြုနိုင်ရန် တရုတ်ပြည် သူ့ သမ္မတနိုင်ငံ၊ ပြည်သူ့လွတ် မြောက်ရေးတပ်မတော်(PLA)မှ ယွမ်ငွေ ၁၀ သန်းတန်ဖိုးရှိ ကယ် ဆယ်ထောက်ပံ့ရေးပစ္စည်းများကို သြဂုတ် ၂၈ ရက်က နေပြည်တော် လေဆိပ်သို့ လာရောက်ပို့ဆောင် လှူဒါန်းခဲ့ကြောင်း သတင်းရရှိ သည်။ရေဘေးသင့်ပြည်သူများ အ သုံးပြုနိုင်ရန် ရွက်ဖျင်တဲ ၁၈၂ လုံး၊ မီးစက် ၁၈၂ လုံး၊ စောင်ပါကင် ထုပ် ၁၂၀ စုစုပေါင်း ၅၄ ဒသမ ၆၂တန် အလေးချိန်ရှိသည့် ကယ် ဆယ်ရေးပစ္စည်းများပါဝင်ပြီး သြ ဂုတ် ၂၈ ရက်၌ တရုတ်တပ်မတော် လေကြောင်းလိုင်း IL-76 Car-go ကုန်တင်လေယာဉ်နှစ်စီးဖြင့် နေပြည်တော်လေဆိပ်သို့ ပထမ ဆုံးအကြိမ် လာရောက်ပို့ဆောင် ခဲ့ခြင်းဖြစ်သည်။ကယ်ဆယ်ရေးအထောက် အပံ့ပစ္စည်းတန်ချိန်ပေါင်း ၁၆၀ ကျော်ကို တရုတ်ပြည်သူ့ လွတ် မြောက်ရေးတပ်မတော်မှ ကူညီ ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ကျန်ရှိသည့် ထောက်ပံ့ရေးပစ္စည်း များကို သြဂုတ် ၂၉ နှင့် ၃၀ ရက် တို့တွင် ထပ်မံ ပို့ဆောင်မည်ဟု သတင်းရရှိသည်။

ဗိုက်ချပ်ရန် ဆရာခိုလိမ်းဆေးသောက်နေခြင်း အန္တရာယ်ရှိ


တိုင်းရင်းဆေးဝါးတစ်မျိုး ဖြစ်သည့် ဆရာခိုအနာလိမ်းဆေး ကို ဗိုက်ချပ်ရန်နှင့် အစာအိမ်ရော ဂါအမျိုးမျိုးအတွက် သောက်ဆေး အဖြစ် အသုံးပြုနေသည်မှာ အ ဆိပ်ဖြစ်စေနိုင်ပြီး သောက်ဆေး အဖြစ်အသုံးမပြုသင့်ကြောင်း တိုင်းရင်းဆေးသမားတော်များနှင့် အထွေထွေရောဂါကု ဆရာဝန်အ ချို့က သတိပေးပြောကြားသည်။အနာလိမ်းဆေးအဖြစ်ထုတ် လုပ်ထားသော ဆရာခိုဆေးတွင် နှမ်းဆီ၊ လေးညှင်း၊ ဒုတ္ထာ၊ပရုတ်၊ မုန်ညင်းဆီ၊ ဇာတိပ္ဖိုလ်၊ ထော ပတ်၊  ပျားဖယောင်းစသည့် ပစ္စည်း ရှစ်မျိုးပါဝင်ပြီး ယင်းအနက် ပရုတ်နှင့် ပျားဖယောင်းတို့မှာ လိမ်းဆေးတွင် ဘေးထွက်ဆိုးကျိုး မရှိသော်လည်း သောက်ဆေးအ ဖြစ် အသုံးပြုလေ့မရှိကြောင်း ရန်ကုန်တိုင်းရင်းဆေးရုံကြီးမှ သမားတော်တစ်ဦးကပြောသည်။

Friday 28 August 2015

ပြည်ထောင်စုဝန်ကြီး ၁၈ ဦး ရွေးကောက်ပွဲဝင်ပြိုင်မည်


လက်ရှိအစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ပြည်ထောင်စုဝန်ကြီး ၁၈ ဦး ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ရွေး ကောက်ပွဲကော်မရှင်သို့ ကိုယ်စား လှယ်လောင်းအမည်စာရင်းတင် သွင်းထားသည်။ပြည်သူ့လွှတ်တော်မဲဆန္ဒ နယ်များအတွက် ဝန်ကြီး ၁၄ ဦးနှင့် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အတွက် ဝန်ကြီးလေးဦး အသီးသီး အမည်စာရင်း ပေးသွင်းထား ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က သတင်း ထုတ်ပြန်ထားသည်။ သမ္မတရုံးဝန်ကြီးခြောက်ဦး စလုံး ရွေးကောက်ပွဲပြန်ဝင်ကြပြီး သမ္မတရုံးဝန်ကြီးဌာန (၁) ပြည် ထောင်စုဝန်ကြီး ဦးသိန်းညွန့်က မအူပင်တွင်လည်းကောင်း၊ သမ္မတရုံးဝန်ကြီးဌာန (၂) ဝန်ကြီး ဦးစိုးမောင်က ရေစကြိုတွင်လည်း ကောင်း၊ သမ္မတရုံးဝန်ကြီးဌာန (၃) ဝန်ကြီး ဦးစိုးသိန်းက ကယား ပြည်နယ်မဲဆန္ဒနယ် အမှတ် (၉) တွင်လည်းကောင်း၊ သမ္မတရုံးဝန် ကြီးဌာန (၄) ဝန်ကြီး ဦးအောင်မင်း က ကယားပြည်နယ် မဲဆန္ဒနယ် အမှတ် (၇)တွင်လည်းကောင်း၊ သမ္မတရုံးဝန်ကြီးဌာန (၆) ဝန်ကြီး ဦးလှထွန်းက ကျောက်ပန်းတောင်းတွင်လည်းကောင်း အသီးသီးဝင်ရောက်ယှဉ်ပြိုင်ကြသည်။

အတွဲတွေ သောင်းကျန်းနေသည်


ခပ်မြူးမြူး ဒစ္စကိုသီချင်း သံစဉ်အလိုက် လှုပ်ရှားနေကြသည်က အရွယ်စုံ၊ ရောင်စုံ၊ကျားမ အစုံ။ တွန့်လိမ်ကောက်ကွေးအောင် ကနေသူလည်းရှိသည်။   တစ် ယောက်နှင့်တစ်ယောက် ဖက်ရင်းတွဲကနေသူ    စုံတွဲများလည်းရှိ သည်။ ဘီယာပုလင်း၊ အရက်ပု လင်းခပ်တည်တည်ကိုင်မော့ သူမိန်းမ၊ ယောက်ျားများလည်း တစ်ပုံတစ်ပင်။ ညအချိန် မြင် ကွင်းမဟုတ်သလို နိုက်ကလပ် လည်းမဟုတ်ပါ။ နေ့ခင်းကြောင် တောင် ပြည်သူ့ရင်ပြင်ရှိ ရေ လွှာကြီးမှ မြင်ကွင်းတစ်ခုဖြစ်ပါ သည်။
အဆိုပါရေလွှာကြီးမှာ ရေ ကူးကန်ဟုဆိုရအောင်လည်း ကျန်းမာရေးလေ့ကျင့်ခန်းအဖြစ် ကူးလို့ရသည့် ရေကူးကန်မဟုတ်။ စိတ်ပြေလက်ပျောက်ဟုဆိုရ အောင်လည်း တဒုံးဒုံး တချမ်းချမ်း ဖြင့် လူအများသားမို့ အေးအေး ဆေးဆေးအပန်းဖြေလိုသူ မိသားစုအတွက် အာရုံနောက်မှာသေချာ ပါသည်။  ဒီဂျေသီချင်းဖွင့်သည်။ အရက်များ ခိုးရောင်းသည်။ နောက်ဆုံးတွင်တော့ ပျော်ချင်သူ လူငယ်များ၊ သမီးရည်းစားများအတွက် သီးသန့်နေရာတစ်ခုဖြစ်လာပါတော့သည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ရက္ခိုင့် တပ်မတော်နှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ တိုက်ပွဲ ဖြစ်ပွား


ဘူးသီးတောင်မြို့နယ် အနီး မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ် စပ်အနီးတွင် ရက္ခိုင့်တပ်မတော် နှင့် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် တပ်တို့ သုံးနာရီခန့်ကြာအောင် တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ ကြောင်း သတင်းရရှိသည်။နှစ်နိုင်ငံ နယ်စပ်မိုင်တိုင် အမှတ် (၆၀) အနီးတွင် သြဂုတ် ၂၇ ရက် နံနက် ၉ နာရီခန့်မှ နေ့လယ် ၁၂ နာရီခန့်အထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရက္ခိုင့်တပ်မတော်ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဒေါက်တာ ညိုထွန်းအောင်က ပြောသည်။ ‘‘ထိခိုက်တာတော့ ကျွန် တော်တို့ဘက်ကတော့ မရှိဘူး။ သူတို့ဘက်ကတော့ သူတို့မီဒီယာ တွေရေးတာတော့ တစ်ယောက် ဒဏ်ရာရတယ် ကြားတယ်။ ရွာ တွေမှာ ပြောတာတော့ သူတို့ ဘက်က နှစ်ယောက်ထပ်ကျတယ် ပြောတယ်’’ဟု ဒေါက်တာညိုထွန်းအောင်က ပြောသည်။ဖြစ်ပွားရသည့် အကြောင်း ရင်းမှာ ရက္ခိုင့်တပ်မတော်အဖွဲ့ဝင်များက ၎င်းတို့ လှုပ်ရှားရာဒေသ အနီးဝန်းကျင်တွင် ရေဘေး ရင် ဆိုင်နေရသူများအား ထောက်ပံ့ ရေးပစ္စည်းများ သွားပို့စဉ် ဘင်္ဂ လားဒေ့ရှ်နယ်ခြားစောင့်တပ်က ကုန်ပစ္စည်းသယ်ယူရာ၌ အသုံးပြု သည့် လားနှင့် မြင်းအချို့ကို ဖမ်း ဆီးခြင်းကြောင့် ဖြစ်ကြောင်း ၎င်း က ဆက်လက်ပြောသည်။

မန္တလေးတွင် ခိုးကူးခွေရောင်းချမှုဖြင့် နစ်နာကြေး ကျပ်သိန်း ၉၃၀ ပေးဆောင်ရမည့် ဆိုင်ပိုင်ရှင် တိမ်းရှောင်နေဆဲ


မန္တလေးမြို့ ချမ်းအေး သာစံမြို့နယ်တွင် တရားမဝင်ခိုး ကူးခွေအချပ် ၃,၀၀၀ သိမ်းဆည်း ရမိခဲ့ပြီး ဆိုင်ပိုင်ရှင် ဦးထွန်းနိုင်ကို ကျပ်သိန်း ၉၃၀ ပေးလျော်ရန် မန္တလေးခရိုင်တရားရုံးက စီရင်ချက်ချမှတ်ခဲ့သော်လည်း တိမ်း ရှောင်နေကြောင်း မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို)အတွင်း ရေးမှူး ဦးသားစိုးက ပြောသည်။ချမ်းအေးသာစံမြို့နယ်တွင် ၂၀၁၃ ဇန်နဝါရီက ထွန်းနိုင် Mobile Phone နှင့် DVD အခွေ အရောင်းဆိုင်မှ တရားမဝင်ခိုးကူး ခွေမြန်မာသီချင်းအချပ်ရေ ၃၀၀၀ ဖမ်းဆီးရမိခဲ့ပြီး အမှတ်(၆)နယ် မြေရဲတပ်ဖွဲ့စခန်းတွင် ဗီဒီယို အက်ဥပဒေပုဒ်မ ၃၂(ခ) အရ အ မှုဖွင့်ခဲ့သည်။
ချမ်းအေးသာစံမြို့နယ် တ ရားရုံးက မတ်လ ၅ ရက်တွင် ပြစ် မှုကျူးလွန်ကြောင်း ဝန်ခံထွက်ဆို သော ဦးထွန်းနိုင်ကို ငွေဒဏ်ကျပ် တစ်သိန်းပေးဆောင်ရန်နှင့် မပေး ဆောင်နိုင်ပါက ထောင်ဒဏ်သုံး လကျခံရန် အမိန့်ချမှတ်ခဲ့ရာ ဦး ထွန်းနိုင်က ဒဏ်ငွေကျပ်တစ်သိန်း ပေးဆောင်ခဲ့သည်။ထို့အပြင် မြန်မာတေးဂီတ သီချင်းများကို တရားမဝင်ကူးယူ ၍ စီးပွားဖြစ်ရောင်းချခြင်းအပေါ် နစ်နာကြေးရလိုမှုဖြင့် မြန်မာနိုင်ငံ ဂီတအစည်းအရုံးက ဦးထွန်းနိုင် ကို မန္တလေးခရိုင်တရားရုံး၌ ထပ်မံ တရားစွဲဆိုခဲ့ရာ နစ်နာကြေး ကျပ် သိန်း ၉၃၀ တိတိ ပေးဆောင်ရန် ၂၀၁၄ ဇူလိုင် ၃၀ ရက်က အ မိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

မြစ်ဆုံစီမံကိန်းဧရိယာရှိ ကျေးရွာတွင် ရွှေတူးဖော်နေခြင်းကြောင့် ဒေသခံများ မြေနေရာဆုံးရှုံးမည်ကို စိုးရိမ်နေ


 မြစ်ဆုံစီမံကိန်းတွင် ပါဝင်သည့် ဒေါင်ပန်ကျေးရွာ ဟောင်းနေရာ၌ တရုတ်ကုမ္ပဏီ(CPI) အစောင့်ဝန်ထမ်းများနှင့် လုပ်ငန်းရှင်များ ရွှေကျင်နေသည့် အတွက် မြေနေရာဆုံးရှုံးမည်ကို ဒေသခံများ စိုးရိမ်ပူပန်နေ ကြောင်း သတင်းရရှိသည်။ရွှေတူးဖော်သူများကို လုပ် ကိုင်ခွင့်ပေးထားခြင်းကြောင့် မြစ် ဆုံစီမံကိန်းလုံးဝရပ်ဆိုင်းချိန်တွင် မိမိဒေသသို့ ပြန်လည်နေထိုင်ခွင့် ရရှိပါက မြေနေရာမရှိမည်ကို စိုးရိမ်ပူပန်နေကြခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။‘‘ကျွန်တော်တို့ကိုတော့ ကန့် သတ်နယ်မြေဆိုပြီး လုံးဝမဝင်ရ ဘူး။ ရွှေကျတော့လာကျင်နေကြတယ်။ ဒါက ဘယ်လိုလဲမသိဘူး။ အခုက အားလုံးက ဝိုင်းဝန်းပိတ် ပင်တော့ တစ်နေ့ကျလို့ရှိရင် ရွာ ဟောင်းကိုပြန်လာပြီး နေနိုင်မယ် လို့မျှော်လင့်တယ်။ အခုက CPI က ရွှေကျင်သမားတွေကို ခွင့်ပြု ထားတော့ ကျွန်တော်တို့လည်း အားလုံးပြောင်းသွားမှာကို စိုးရိမ် နေတယ်’’ဟု ဒေါင်ပန်ကျေးရွာမှ မလိယန်သို့ ပြောင်းရွှေ့နေထိုင် သည့် ဘာသာရေးဆရာတစ်ဦးက ပြောသည်။

မွေးဖွားချိန်တွင် ဖခင်နိုင်ငံသား မဖြစ်ဟုဆိုပြီး အမျိုးသမီးကိုယ်စားလှယ်လောင်းတစ်ဦးကို ခရိုင်ကော်မရှင် ပယ်ချ


မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင် မည့် ဖက်ဒရယ်ပြည်ထောင်စုပါ တီမှ ကိုယ်စားလှယ်လောင်းတစ် ဦးကို မွေးဖွားချိန်၌ ဖခင်သည်နိုင်ငံ သားမဖြစ်သည့်အတွက်ဟုဆို ကာ မန္တလေးခရိုင်ရွေးကောက်ပွဲ ကော်မရှင်က အမည်စာရင်းပယ် ချလိုက်ကြောင်း သတင်းရရှိ သည်။မန္တလေးတိုင်းဒေသကြီး လွှတ်တော် ချမ်းအေးသာစံမြို့ နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ၀င် ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီ မိုကရေစီအဖွဲ့ချုပ်မှ ဒေါက်တာ ၀င်းမြင့်ကိုလည်း မွေးဖွားချိန်၌ ဖခင်မှာ နိုင်ငံသားမဖြစ်သည့် အတွက် အမည်စာရင်းပယ်ချခဲ့ သည်။ မန္တလေးတိုင်းဒေသကြီး လွှတ်တော် ချမ်းအေးသာစံမြို့ နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ်အဖြစ် ၀င်ရောက်ယှဉ် ပြိုင်ရန် အမည်စာရင်းတင်သွင်း ထားသည့် ဒေါ်ချိုချိုစန်းကို ခရိုင် ရွေးကောက်ပွဲကော်မရှင်က အ မည်စာရင်းမှ ပယ်ချထားကြောင်း မန္တလေး တိုင်းဒေသကြီး ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ ရွေး ကောက်ပွဲအရာရှိ ဦးကျော်ကျော် စိုးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းပြည်အတွက် အကျိုးရှိမည့်သူတစ်ယောက်ဖြစ်ဟု တပ်ချုပ်မှတ်ချက်ပြု


ဒေါ်အောင်ဆန်းစုကြည် သည် အတွေ့အကြုံရှိသူဖြစ်ပြီး တိုင်းပြည်အတွက် အကျိုးရှိမည့် သူတစ်ယောက်ဖြစ်သည်ဟု ယုံ ကြည်ကြောင်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က ပြောကြား သည်။သြဂုတ် ၂၅ ရက်က ဂျပန် သတင်းဌာန ကျိုဒိုနှင့် တွေ့ဆုံမေး မြန်းခန်းတွင် တပ်ချုပ်က အထက် ပါအတိုင်း ဒေါ်အောင်ဆန်းစု ကြည်နှင့်ပတ်သက်၍ မှတ်ချက်ပြု ဖြေကြားခဲ့ခြင်းဖြစ်သည်။ ကျိုဒိုသတင်းဌာနက ရွေး ကောက်ပွဲတွင် အတိုက်အခံပါတီ အပြတ်အသတ်အနိုင်ရခြင်းအပါ အဝင် ဒေါ်အောင်ဆန်းစုကြည်အ ပေါ် မည်သို့ သုံးသပ်မိပါသလဲဟူ သည့်မေးခွန်းကို တပ်ချုပ်က ယခု ကဲ့သို့ ဖြေကြားသည်။‘‘ဘယ်ပါတီပဲဖြစ်ဖြစ်ပေါ့။ ဘယ်မဲဆန္ဒနယ်မှာပဲဖြစ်ဖြစ် မှန် မှန်ကန်ကန်နဲ့ထွက်လာတဲ့ရလဒ် ကိုတော့ ကျွန်တော်တို့လက်ခံမယ် ဆိုတာ ကျွန်တော်ပြောလိုတယ်။ နောက်တစ်ခုကတော့ ဒေါ်အောင် ဆန်းစုကြည်နဲ့ပတ်သက်ပြီး သူ့မှာ လည်း အတွေ့အကြုံတွေရှိပါ တယ်။ သူ့ရဲ့အတွေ့အကြုံဟာ နိုင်ငံအတွက်လည်း တစ်နေရာရာ မှာတော့ အထောက်အကူရမယ် လို့ ကျွန်တော်တို့ယူဆပါတယ်။ အဲဒီတော့ ဘာပဲပြောပြောပေါ့ လေ။ အားလုံးဝိုင်းဝန်းပြီးတော့ ဆောင်ရွက်မယ်ဆိုလို့ရှိရင် တိုင်း ပြည်အတွက် အကျိုးရှိမယ့်သူ တစ်ယောက်ဖြစ်ပါတယ်လို့ ကျွန် တော်ယုံကြည်တယ်’’ဟု တပ်ချုပ် က ပြောသည်။

တစ်ရက်တာ အသုံးပြုသူ အရေအတွက် တစ်ဘီလီယံထိ ရှိလာကြောင်း Facebook ကြေညာ


တစ်ရက်တာအတွင်း Facebook အသုံးပြုသူ တစ်ဘီလီယံ (သန်းတစ်ထောင်)ထိ ပထမဆုံးအကြိမ် ရောက်ရှိခဲ့ကြောင်း Facebook ဝက်ဘ်ဆိုက် ထူထောင်သူ မာ့ခ်ဇူကာဘာ့ဂ်က ပြောကြားလိုက်သည်။
အဆိုပါ အမှတ်တရ အောင်မြင်မှုသည် ဩဂုတ် ၂၄ ရက်က လက်တွေ့ အထမြောက်ခဲ့ကြောင်း ဇူကာဘာ့ဂ်က ဆိုသည်။ ကမ္ဘာ့လူဦးရေသည် ၇ ဘီလီယံမျှ ရှိနေရာ ယခုအခါ ကမ္ဘာပေါ်တွင် လူ ၇ ဦးရှိတိုင်း ၁ ဦးက Facebook အသုံးပြုနေသည့် သဘောလည်း ဖြစ်လာခဲ့သည်။
Facebook၏ အဆိုအရ အနည်းဆုံး တစ်လလျှင် တစ်ကြိမ်မျှ Log In ဝင်သူ အရေအတွက် ၁.၅ ဘီလီယံနီးပါး ရှိသော်လည်း တစ်ရက်တာအတွင်း သုံးစွဲသူ တစ်ဘီလီယံထိ ရောက်ရှိခြင်းမှာ ယခုတစ်ကြိမ် ပထမဆုံးဟု သိရသည်။

အသတ်ခံရသည့် ဗာဂျီးနီးယား သတင်းထောက်၏ ဖခင်က သေနတ်ကိုင်ဆောင်ခွင့် ဥပဒေများ ပြောင်းလဲရန် တောင်းဆို


တိုက်ရိုက် သတင်းထုတ်လွှင့်မှု ပြုလုပ်နေစဉ် ပစ်သတ်ခံရသည့် အမေရိကန် သတင်းထောက်၏ ဖခင်က နိုင်ငံ၏ သေနတ်ကိုင်ဆောင်ခွင့်ဆိုင်ရာ ဥပဒေများ ပြုပြင်ပြောင်းလဲရေးကို ပိုမိုတွန်းအားပေး ဆောင်ရွက်ရန် တောင်းဆိုလိုက်ကြောင်း သိရသည်။အန်ဒီပါကားက အမေရိကန် သမ္မတ ဘာရတ်အိုဘားမားထံ ရည်ရွယ်ပြီး သေနတ်ကိုင်ဆောင်ခွင့် ဥပဒေများ ပြင်ဆင် ပြောင်းလဲရန် မိမိ လိုလားကြောင်း ပြောဆိုခဲ့သည်။ ၎င်း၏ သမီးဖြစ်သူ အမေရိကန် သတင်းထောက် အလီဆန်ပါကားသည် ကင်မရာသမား အဒမ်ဝါ့ဒ်နှင့်အတူ ဗာဂျီးနီးယားတွင် ရုပ်မြင်သံကြား တိုက်ရိုက် ရိုက်ကူးမှု အစီအစဉ် တစ်ခုတွင် လူမည်းတစ်ဦး၏ ပစ်သတ်ခြင်းကို ခံခဲ့ရသည်။

စက်ရုံပေါင်း ၃၉ ခု လုပ်ကိုင်ခွင့် ရရှိထားသည့် သီလ၀ါအထူးစီးပွားရေးဇုန်ရှိ လုပ်ငန်းများ စတင်လည်ပတ်မည့် ပထမအဆင့် ဖွင့်ပွဲကို ရွေးကောက်ပွဲမတိုင်ခင် ပြုလုပ်သွားမည်


ဂျပန်၊ အမေရိကန် အစရှိသည့် နိုင်ငံများ အပါအ၀င် နိုင်ငံများမှ စက်ရုံပေါင်း ၃၉ ခု ၀င်ရောက်မြှုပ်နှံခွင့် ရရှိထားသည့် သီလ၀ါ အထူးစီးပွားရေးဇုန် ပထမအဆင့် အတွင်းရှိ စက်ရုံများ လည်ပတ်မည့် ဖွင့်ပွဲကို လာမည့် ရွေးကောက်ပွဲမတိုင်ခင် ပြုလုပ်သွား
မည်ဖြစ်ကြောင်း သီလ၀ါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီမှအတွင်းရေးမှူး ဒေါက်တာ
သန်းအောင်နှင့်တွဲဖက်အတွင်းရေးမှူး ဒေါ်သန်းသန်းသွယ်တို့က သြဂုတ် ၂၆ ရက်တွင် ပြောကြားသည်။

ဂျပန်၊ ဟောင်ကောင်၊ ထိုင်း၊ အမေရိကန်၊ မြန်မာ၊ ပြင်သစ်၊ ဆွီဒင်၊ တရုတ်၊ သြစတြေးလျ အစရှိသည့် နိုင်ငံများမှ စက်ရုံပေါင်း ၃၉ ရုံတို့အား ၀င်ရောက်မြှုပ်နှံခွင့် ပြုထားသည့် သီလ၀ါအထူးစီးပွားရေးဇုန် စီမံကိန်း လုပ်ငန်းများ လည်ပတ်သည့် ဖွင့်ပွဲအတွက် လက်ရှိအချိန်တွင် မိုးရာသီဖြစ်နေခြင်းနှင့် တည်ဆောက်နေသည့် စက်ရုံများ ပြီးစီးရန် စောင့်ဆိုင်းနေခြင်းကြောင့်ဖြစ်ကြောင်း ဒေါ်သန်း
သန်းသွယ်က ပြောကြားသည်။

ရန်ကုန်မြို့သစ် စီမံကိန်းအတွင်းရှိ မြေများ ကာလပေါက်ဈေးအတိုင်း လျော်မည်


ရန်ကုန်မြို့သစ် စီမံကိန်းကြောင့် မြေသိမ်း ဆည်းခံရသူများကို ကာလပေါက်ဈေး တန်ဖိုးအတိုင်း လျော်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ကြည့်မြင်တိုင်မဲ ဆန္ဒနယ်မြေမှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်က The Messenger Media သို့ ပြောသည်။“မြို့တော်ဝန်ကြီးက တရားဝင် ပြောထားတာတော့ သမ္မတကြီးရဲ့ လမ်းညွှန်ချက်နဲ့ မြို့သစ်ဖော်တာကြောင့် လယ်မြေသိမ်းဆည်း ခံရတဲ့သူတွေကို ကာလပေါက်ဈေး အတိုင်း ပေးလျော်မယ်လို့ ပြောထားတယ်”ဟု ၎င်းက ပြောသည်။ရန်ကုန်မြို့သစ် စီမံကိန်း ဆောင်ရွက်မည့် မြေဧရိယာမှာ ဧကပေါင်း (၃၀၀၀၀) နီးပါးရှိပြီး ဒေသခံများ၏ လယ်ယာမြေများကို သိမ်းဆည်းရမည် ဖြစ်သည်။ယင်းကဲ့သို့ သိမ်းဆည်းခံရမည့် ဒေသခံများ နစ်နာမှု မရှိစေရန် တင်ဒါအောင်မြင်သည့် ကုမ္ပဏီနှင့် ဒေသခံများ တိုက်ရိုက် တွေ့ဆုံညှိနှိုင်းကာနစ်နာကြေးများ ပေးလျော်သွားမည် ဖြစ်ကြောင်းရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ
ဆောက်လုပ်ရေး ၀န်ကြီးက ပြောကြားထားသည်။

Thursday 27 August 2015

ငရုတ်သီးဘူးလေးဆောင်ပါ


မကြာသေးမီက ရန်ကုန်မြို့     လမ်းလယ် ကောင်တွင် အမျိုး သမီးလေးတစ်ဦးကို အခြားအမျိုး သမီးနှစ်ဦးက ဓားထောက်လု ယက်ခဲ့သည့်သတင်းက မြန်မာ တွေအကြားက ဆိုရှယ်အင်တာ နက်စာမျက်နှာတွေမှာ အုတ် အော်သောင်းတင်းဖြစ်သွားသည်။မရှေးမနှောင်းမှာပဲ ကားမောင်း လာသူမိန်းကလေးတစ်ဦးကို အမျိုးသားတစ်ဦးက မီးပွိုင့်မိစဉ် ကားတံခါးဖွင့်ဝင်ဖို့    ကြိုးစား သည့်သတင်းကိုလည်း ကြားရပြန်သည်။
ထို့အပြင် ဘတ်စ်ကားပေါ် မှာ မိန်းကလေးတစ်ဦးကို အကာ အကွယ်ယူပြီး အသားယူဖို့ကြံ စည်သူအမျိုးသားတစ်ဦးကို အခြားမိန်းကလေးတစ်ဦးက လက်တုံ့ပြန်ဖြေရှင်းလိုက်သည့် သတင်းကိုလည်းတွေ့ရသည်။

နမ့်စန်ရှိ ဒီချုပ်ဆိုင်းဘုတ် ဖျက်ဆီးသူငါးဦး တရားရုံးမလာ၍ ဖမ်းဝရမ်းထုတ်

ဖျက်ဆီးခံရသည့် ရပ်ကျေးဆိုင်းဘုတ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူများ သွားရောက်စစ်ဆေးနေစဉ်ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ ရပ်ကျေးဆိုင်းဘုတ်ဖျက်ဆီးခဲ့သူ လေးဦးနှင့် ခိုင်းစေညွှန်ကြားသူ မတ် ကျန်းဌာနေ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး၊ စုစုပေါင်းငါးဦးကို နမ့်စန်မြို့နယ် တရားရုံးက ဖမ်းဝရမ်းထုတ်လိုက်ကြောင်း သတင်းရရှိ သည်။၎င်းတို့ငါးဦးကို နမ့်စန်မြို့ နယ်တရားရုံးတွင် နမ့်စန်မြို့နယ် ဒီချုပ်ဥက္ကဋ္ဌ ဦးနေဇော်နိုင်ကတရား လိုပြုလုပ်၍ ပုဒ်မ ၄၂၇ အကျိုး ဖျက်ဆီးမှုဖြင့် တရားစွဲဆိုရန် တ ရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ ခြင်းဖြစ်သည်။သို့သော် ၎င်းတို့ ငါးဦးမှာ တရားရင်ဆိုင်ရန် မလာရောက် သဖြင့် သြဂုတ် ၂၁ ရက်စွဲဖြင့် တရားရုံးက ဖမ်းဝရမ်းထုတ်လိုက် ကြောင်း သတင်းရရှိသည်။‘‘တရားရုံးကိုမလာဘူး။ ရုံး ချိန်းကိုမလာတော့ နမ့်စန်မြို့နယ် တရားရုံးကနေ ခိုင်းစေသူတစ်ဦး နဲ့ ကျူးလွန်လူ လေးဦးပေါင်းငါး ဦးကို ဖမ်းဝရမ်းထုတ်လိုက်တာပါ’’ ဟု ဦးနေဇော်နိုင်ကပြောသည်။

‘‘ငဘကို မြန်မာဇာတ်ကားတွေနဲ့ယှဉ်ရင်တော့ လုံးဝစိတ်ကျေနပ်တယ်’’

ကျော်သူနှင့် စကားစမြည်
Thursday, August 27, 2015

ဓာတ်ပုံ-ဒါရိုက်တာမျိုးထူးဖေ့စ်ဘွတ်
ရုပ်ရှင်လောကမှ ရှစ်နှစ်ခန့်အနား ယူခဲ့သည့် သရုပ်ဆောင်ကျော်သူ က ယခုနှစ်အတွင်း ရုပ်ရှင်ဇာတ် ကားများကို ဆက်တိုက်ပြန်လည် ရိုက်ကူးလာသည်။ ပြီးခဲ့သည့် ရက်ပိုင်းက ကိုလိုနီခေတ် တောင် သူလယ်သမားဘဝကို သရုပ်ဖော် သည့် ‘ငဘ’ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးခဲ့ပြီး စက်တင်ဘာလဆန်း တွင် နောက်ထပ် ရုပ်ရှင်ဇာတ် ကားသစ်တစ်ကားကို ထပ်မံရိုက် ကူးမည်ဖြစ်သည်။ ထို့ကြောင့် ကျော်သူကို ‘ငဘ’ရုပ်ရှင်ရိုက်ကူး မှုအပါအဝင် ၎င်း၏ အနုပညာ လှုပ်ရှားမှုများအကြောင်း မေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါ သည်။

အထပ်မြင့် ဈေးများတွင် လမ်းဘေးဈေးသည်များအတွက် ငါးပေပတ်လည် နေရာပေးမည်


ရန်ကုန်မြို့တွင် တည်ဆောက်လျက်ရှိသော နှစ်ထပ်ဈေး ၁၂ ခု တည်ဆောက်ပြီးစီးပါက လမ်းဘေးဈေးသည်များအား ၅ ပေပတ်လည် နေရာချပေးထား မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိသည်။ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီက အဆင့်မြှင့်တင်လျက်ရှိသော ယင်းစည်ပင်ဈေးများပြီးစီးပါက လမ်းဘေးဈေးသည်များအတွက် နေရာတစ်ခု စီ သီးသန့်ပေးကာ ရောင်းချစေမည်ဖြစ်ကြောင်း မြို့တော်စည်ပင်ဈေးများဌာနမှ ဌာနမှူးက ပြောသည်။ ဈေးသည်များအတွက် နေရာများကို သက်ဆိုင်ရာဈေး၏ ဈေးများဌာနထံတွင် ခွင့်ပြုချက် တောင်းခံပြီး ငှားရမ်းနိုင်ရန် စီစဉ် ထားကြောင်း ဌာနမှူးက ဆိုသည်။ဈေးသည်များအတွက် ဆိုင်ခန်းခမှာ ဈေးအပေါ် မူတည်၍ ကွာခြားသွားမည်ဖြစ်ပြီး ထိန်းသိမ်းပြုပြင်ရေးလုပ်နိုင်သူ လမ်းဘေးဈေးသည်များကို ဦးစားပေး သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

တရားမဝင် အေးခဲကြက်သားများ ပြည်တွင်းထုတ်တံဆိပ်ဖြင့် ရောင်းချမှုများကို အရေးယူမည်


တရုတ်နိုင်ငံမှ အေးခဲ ကြက်သားများကိုတရားမဝင်တင် သွင်းပြီး မန္တလေးမြို့တွင် ပြည် တွင်းတံဆိပ်များပြောင်းကပ်ကာ ရောင်းချမှုများရှိနေ၍ အရေးယူ ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ သတင်းရရှိသည်။တရုတ်နိုင်ငံမှ အေးခဲကြက် သားများကို ကုန်တင်ယာဉ်များ ဖြင့် တရားမဝင်တင်ဆောင်ကာ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ကုန် သွယ်ရေးဂိတ်မှတစ်ဆင့် ဖြတ် သန်းကာ မန္တလေးမြို့ရှိ အအေး ခန်းများ၌ သိုလှောင်ပြီး ဈေးများ တွင် ရောင်းချနေကြောင်း မွေးမြူ ရေးနှင့် ကုသရေး ဦးစီးဌာနသို့ လုပ်ငန်းရှင်များက တိုင်ကြားခဲ့ ခြင်းဖြစ်သည်။‘‘မန္တလေးက cold store (အအေးခန်းစက်ရုံ)တွေမှာ တ ရုတ်ကနေ တရုတ်စာနဲ့ကပ်ထား တဲ့ အေးခဲကြက်သားတွေ တရား မဝင်ရောက်နေတယ်။ ဒါနဲ့ ရန် ကုန်က မွေး/ကုဦးစီးနဲ့ တာဝန်ရှိ သူတွေ အရေးယူဖို့ သွားဖမ်းတော့ ပြည်တွင်းတံဆိပ်တွေ ပြောင်းကပ်ပြီးသားဖြစ်နေလို့ အရေးယူလို့မရဘဲ ပြန်လာခဲ့ရတယ်။ ဆက် လက် အရေးယူဖို့ လုပ်နေတယ်’’ဟု မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ အကြံပေး ဒေါက်တာသန်းလှက ပြောသည်။

ကျောက်စိမ်းလုပ်ကွက် ဧရိယာနည်းပြီး အထွက်လျော့၍ လုပ်ကိုင်လိုသူ နည်းလာ


ဖားကန့်ရှိ ကျောက်စိမ်း တူးဖော်ရေးလုပ်ကွက်များတွင် ထပ်မံတူးဖော်ရန် လုပ်ကွက်ဧရိ ယာနည်းပါးသွားပြီး ကျောက် ထွက်ရှိမှုလျော့ကျလာ၍ လုပ်ကိုင်လိုသည့် ကုမ္ပဏီများနည်းပါး လာကြောင်း သတ္တုတွင်းဝန်ကြီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန်က ပြောသည်။
‘‘လုပ်ကွက်တွေက ကုန်သွားတယ်။ တူးဖော်လာတာကြာပြီဆို တော့ လုပ်ကွက်တွေက သက်တမ်းတွေလည်း ကုန်ပြီး ကျောက် မရှိတော့ဘူး’’ဟု ဦးဝင်းထိန်က ဆိုသည်။
ထို့အပြင် ကုမ္ပဏီအများစု က ဒေသတွင်းလုံခြုံရေးအခြေအ နေအရ လုပ်ကွက်များကို ပြန် လည်အပ်နှံသည့် ကုမ္ပဏီများ လည်း များပြားလာပြီး အများစုမှာ သက်တမ်းကုန်သွားသဖြင့် လုပ် ကွက်များကို ပြန်လည်အပ်နှံကြခြင်းဖြစ်သည်ဟု ဆိုသည်။

Wednesday 26 August 2015

ရန်ကုန် လမ်းဘေးဈေးသည်များကို ဈေးကောက်ရငွေ သန်းရာချီ အရှုံးခံ၍ ရှင်းလင်းဟုဆို

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ်အတွင်းရှိ မြို့နယ်အသီးသီးတွင် ရောင်းချလျက်ရှိသော လမ်းဘေးပျံကျ ဈေးသည်များထံမှ ကောက်ခံရရှိမည့် ဈေးကောက်ငွေ ကျပ် ၀ ဒသမ ၈ ဘီလီယံကို အဆုံးရှုံးခံကာ အဆိုပါ ဈေးသည်များကို ရှင်းလင်းခြင်း၊ စည်းကမ်းထိန်းသိမ်းခြင်း များကို လုပ်ဆောင်နေကြောင်း နိုင်ငံတော် သမ္မတရုံး ဝန်ကြီးဌာန(၁) မှ ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်းက ပြောသည်။

သမ္မတနှင့် တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များ စက်တင်ဘာလ အစပိုင်းတွင် တွေ့ဆုံမည်

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(NCA) တွင် သဘောတူရန် ကျန်ရှိနေသော အချက်နှင့် ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးခေါင်းဆောင်များနှင့် နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ စက်တင်ဘာလအစတွင် တွေ့ဆုံမည် ဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေး စင်တာမှ ပဋိပက္ခဆိုင်ရာ ညှိနှိုင်းရေးမှူး ဒေါက်တာမင်းဇော်ဦးက ပြောကြားသည်။

မန္တလေးမြို့ ရေမကြီးရန် သဘာဝ ရေထိန်းစုကန်များ တည်ဆောက်မည်

မိုးကြီးပါက မန္တလေးမြို့အတွင်းရှိ ရေမြောင်းများမှ ရေလျှံခြင်းနှင့် အဓိက လမ်းမကြီးများပေါ်တွင် ရေတင်ခြင်းတို့ ဖြစ်ပေါ်နေရာ ရေနစ်မြုပ်မှုမှ ကာကွယ်ရန် သဘာဝရေထိန်းစုကန်များ တည်ဆောက် နိုင်ရေးအတွက် လေ့လာမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း မြို့တော်ဝန် ဦးအောင်မောင်းက ပြောကြားသည်။

အိမ်ဖြူတော်ထဲဝင်ရန် ကြိုးစားဖူးသူ တရားရုံးထဲ သေနတ်ဖြင့် ပစ်သတ်ခံရ

အမေရိကန်နိုင်ငံ၊ ပင်ဆယ်ဗေးနီးယား တရားရုံးတခုထဲမှာ သြဂုတ် ၂၅ ရက်နေ့က လက်ထောက် တရားရေးဝန်ထမ်းတဦးကို လူတဦးက ဓားနဲ့တိုက်ခိုက်ဖို့ ကြိုးစားခဲ့စဉ်မှာ တခြားလက်ထောက်ဝန်ထမ်းတဦးက အဲဒီလူကို သေနတ်နဲ့ ပစ်ခဲ့တဲ့အတွက် သေဆုံးသွားခဲ့တယ်လို့ သည်ဝေါစထရိဂျာနယ်မှာ ဖော်ပြပါတယ်။

တပ်မတော်က ထောက်ခံပေးရန် နိုင်ငံရေးပါတီအချို့ တပ်ချုပ်ထံစာပို့ ဟုဆို

၂၀၁၅ အထွေထွေရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် တပ်မတော်က ထောက်ခံပေးရန် နိုင်ငံရေးပါတီအချို့က စာပေးပို့ တောင်းဆိုထားကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း အကြမ်းဖက်မှုကိုလှုံ့ဆော်သည့် ဖေ့စ်ဘွတ်ခ်ပို့စ်များကို ဖျက်သိမ်းရန်စီစဉ်

ရွေးကောက်ပွဲမဲ ဆွယ်ကာလအတွင်း အကြမ်းဖက်မှု ကိုလှုံ့ဆော်သည့် ဖေ့စ်ဘွတ်ခ်ပို့စ်များ ကိုဖျက်သိမ်းရန် အစိုးရတာဝန်ရှိသူ များက ဖေ့စ်ဘွတ်ခ်နှင့်လက်တွဲလုပ် ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

မိုးဒဏ်၊ ရေဒဏ်ကြောင့် တံတား ၉၈စင်း ပျက်စီးခဲ့ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ထုတ်ပြန်


ဇူလိုင်နှင့် ဩဂုတ်လအတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေဘေးအန္တရာယ်တို့ကြောင့် နိုင်ငံအ၀ှမ်းရှိ တံတား ၉၈ စင်း ပျက်စီးသွားသည် ဟုဆောက်လုပ်ရေးဝန်ကြီး ဌာနက ဩဂုတ် ၂၆တွင် သတင်းထုတ်ပြန်လိုက်သည်။
တံတားများပျက်စီးသွားသော ပြည်နယ်နှင့်တိုင်းများမှာ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့ ဖြစ်သည်။
ပျက်စီးမှုများအနက် စစ်ကိုင်းတိုင်းတွင် တံတား ၂၇စင်း၊ ရခိုင်ပြည်နယ်တွင် ၂၀စင်းနှင့် မန္တလေး တိုင်းတွင် ၁၆စင်းဖြစ်ပြီး တိုင်းနှင့်ပြည်နယ်များအနက် အများဆုံးပျက်စီးခဲ့သည်ဟု ဆောက်လုပ်ရေး ၀န်ကြီး ဌာနက ထုတ်ပြန်ထားသည်။

ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်က ရွေးကောက်ပွဲတွင် ၁၅ နေရာ ယှဉ်ပြိုင်မည်


ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပအမဖ) ပါတီသည် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် အတွင်း  မြို့နယ် ခြောက်မြို့နယ်၌  ၁၅ နေရာ ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံရန် တောင်ကြီးခရိုင်နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများသို့ အမည်စာရင်း တင်သွင်းထားကြောင်း အဖွဲ့ချုပ်က ကြေညာချက် ထုတ်ပြန်သည်။
ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီသည် ရှမ်းပြည်နယ် အတွင်းတွင် တောင်ကြီးမြို့နယ်၊ ရပ်စောက် မြို့နယ်၊ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်နှင့် မောက်မယ်မြို့ နယ်များတွင် ၀င်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

ရေဘေးကယ်ဆယ်ရေး ဦးစားပေးနေရသဖြင့် WFP ၏ ပုံမှန်လုပ်ငန်းများ ခေတ္တရပ်/ ယာယီလျော့ချမည်


 ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က ရေဘေးသင့်ပြည်သူများအတွက် ဦးစားပေး ထောက်ပံ့ သွားမည်ဖြစ်သဖြင့် ပုံမှန်လုပ်ငန်းအစီအစဉ်များကို ခေတ္တရပ်နားခြင်း သို့မဟုတ် လျော့ချသွားမည်ဟု WFP က ထုတ်ပြန်သည်။WFP ကဆောင်ရွက်နေသည့် ရပ်ရွာပိုင်ရင်းမြစ်များဖ်ာဆောင်ခြင်း၊ ကျောင်းတွင်းရိက္ခာထောက်ပံ့မှု၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအတွက် အာဟာရထောက်ပံ့ခြင်းနှင့် အေအိုင်ဒီအက်စ်နှင့် တီဘီဝေ ဒနာရှင်များအတွက် စားနပ်ရိက္ခာ ထောက်ပံ့ခြင်း အစီအစဉ်များကို ခေတ္တရပ်နားထားမည်ဟု သြဂုတ် ၂၆ ထုတ်ပြန်ချက်က ဖော်ပြသည်။

ဇနီးဖြစ်သူက ခင်ပွန်းထက် ၀င်ငွေပိုကောင်းပါက ခင်ပွန်းဖြစ်သူ ဖောက်ပြန်နိုင်ခြေ ပိုများ

အရင်ခေတ်တွေမှာတော့၊ ယောင်္ကျားဆိုတာ အိမ်ကို စားစရာနဲ့ ပိုက်ဆံပြန်သယ်လာပြီး မိန်းမက အိမ်မှာပဲ နေရတဲ့ ခေတ်ပေါ့။ မိန်းမဖြစ်သူဟာ ဟင်းချက်မယ်၊ ပန်းကန်ဆေးမယ် အိမ်သန့် ရှင်းရေးလုပ်မယ်၊ ကလေးထိန်းမယ် စသဖြင့် အိမ်တွင်းတာဝန်ကိုပဲ ထမ်းဆောင်နေခဲ့ရပါတယ်။

တောင်ပြိုလက်ဝဲမြို့တွင်ယာယီလက်ခံထားသည့် လှေစီးဘင်္ဂါလီများအနက် ပဉ္စမအသုတ်အဖြစ် ၁၂၅ ဦးကို ထပ်မံလွှဲပြောင်း

လှေစီးဘင်္ဂါလီများကို လွှဲပြောင်းပေးနေစဉ် ဓာတ်ပုံ-ညိုသဏ်း
ရခိုင်ပြည် နယ် မောင်တောခရိုင် တောင်ပြိုလက် ဝဲမြို့တွင် ဇွန် ၃ ရက်က စတင်ကာ ယာယီလက်ခံထား ခဲ့သည့် လှေစီး ဘင်္ဂါလီ ၉၀၀ ကျော်အနက် ပဉ္စမအ သုတ် ၁၂၅ ဦးကို ထပ်မံလွှဲပြောင်းပေး ခဲ့ကြောင်း သတင်းရရှိသည်။

ဖားကန့်မြို့နယ်တွင် ရွှေတူးဖော်လုပ်ကိုင်နေသူများအား KIA အဖွဲ့မှ ဆက်ကြေးငွေများကောက်ခံ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း ရွှေတူးဖော်လုပ်ကိုင်နေသူများအား KIA အဖွဲ့မှ ဆက်ကြေးငွေများ ကောက်ခံ သွားကြောင်း ယင်းဒေသခံတစ်ဦးမှ ပြောပြသည်။

ရွေးကောက်ပွဲမတိုင်မီ အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးမှု အလောသုံးဆယ် လုပ်သင့် မလုပ်သင့် KNU ကိုယ်စားလှယ်နှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည် မေးမြန်းခဲ့ဟု ဦးဝင်းထိန် ပြောကြား

၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ အစိုးရ နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးမှု အလောသုံးဆယ် လုပ်သင့် မလုပ်သင့်နှင့် ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) ကိုယ်စားလှယ်နှင့် သြဂုတ် ၂၂ရက်က ရန်ကုန်မြို့၌ တွေ့ဆုံစဉ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မေးမြန်းခဲ့သည်ဟု NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားသည်။

အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးရာတွင် အားလုံးပါဝင်ရေး ညှိနှိုင်းမည့် သမ္မတအပါအ၀င် နှစ်ဖက်ခေါင်းဆောင်များတွေ့ဆုံပွဲ စက်တင်ဘာလ သို့ရွှေ့ဆိုင်းရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအဆိုပြု

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး တစ်ပြိုင်နက်တည်း ပါဝင်ရေးကိစ္စညှိနှိုင်းမည့် နိုင်ငံတော်သမ္မတအပါအ၀င် အစိုးရခေါင်းဆောင်များနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များတွေ့ဆုံပွဲကို သြဂုတ်လအတွင်း ပြုလုပ်ရန် စီစဉ်ထားသော်လည်း ယင်းတွေ့ဆုံပွဲကို စက်တင်ဘာလသို့ ရွှေ့ဆိုင်းပေးရန် တိုင်းရင်းသားလက်နက်ကိုင် အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (SD) က ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းထံသို့ သြဂုတ် ၂၅ ရက်တွင် စာပေးပို့ခဲ့ကြောင်း သတင်းရရှိသည်။

ပြည်ထောင်စုအစိုးရ၏ ထောက်ပံ့ငွေ ကျပ်သန်း ၅၀၀ ဖြင့် ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်တွင် လယ်ယာမြေများ ဖော်ထုတ်၍ အမှန်တကယ် လယ်ယာမဲ့နေသူများအား စိုက်ပျိုးလုပ်ကိုင်ခွင့်ပေးရန် စီစဉ်

ပြည်ထောင်စုအစိုးရ၏ ထောက်ပံ့ငွေ ကျပ်သန်း ၅၀၀ ဖြင့် ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်တွင် လယ်ယာမြေများ ဖော်ထုတ်၍ အမှန်တကယ် လယ်ယာမဲ့ဖြစ်နေသူမျာကို စိုက်ပျိုးလုပ်ကိုင်ခွင့်ပေးရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုးမင်းက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

လက်နဲ့ ရေးထားတာကို ခြေနဲ့ ဖျက်လိုက်တဲ့ နော်စီဖိုးရာစိန်

သမ္မတ ဦးသိန်းစိန်က သြဂုတ်လ ၁၁ ရက်နေ့တုန်းက NCA လက်မှတ်ထိုးဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့ထံ ဖိတ်ခေါ်ထားတာ အားလုံးသိပြီးသား ဖြစ်ပါတယ်။ အဲဒီကမ်းလှမ်းမှုကို KNU၊ KNU/KNLA-PC၊ RCSS/SSA၊ DKBA အဖွဲ့ ၄ ဖွဲ့က လက်ခံပြီး လက်မှတ်ထိုးမယ့်အကြောင်း သြဂုတ်လ ၁၇ ရက်နေ့က ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ တချို့ လက်နက်ကိုင်အဖွဲ့တွေက တိုင်းရင်းသားလက်နက်ကိုင်အားလုံး ပါဝင်မှ လက်မှတ်ထိုးမယ်ဆိုတဲ့မူကို စွဲကိုင်ထားတာကိုလည်း တွေ့ရပါတယ်။ လက်ရှိ SD ခေါင်းဆောင် နော်စီ ဖိုးရာစိန်ကလည်း အဖွဲ့အားလုံးပါဝင်မှ NCA ကို KNU လက်မှတ်ထိုးမယ်ဆိုပြီး ပြောလာပါတယ်။ 

လက်နဲ့ ရေးထားတာကို ခြေနဲ့ ဖျက်လိုက်တဲ့ နော်စီဖိုးရာစိန်


သမ္မတ ဦးသိန်းစိန်က သြဂုတ်လ ၁၁ ရက်နေ့တုန်းက NCA လက်မှတ်ထိုးဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့ထံ ဖိတ်ခေါ်ထားတာ အားလုံးသိပြီးသား ဖြစ်ပါတယ်။ အဲဒီကမ်းလှမ်းမှုကို KNU၊ KNU/KNLA-PC၊ RCSS/SSA၊ DKBA အဖွဲ့ ၄ ဖွဲ့က လက်ခံပြီး လက်မှတ်ထိုးမယ့်အကြောင်း သြဂုတ်လ ၁၇ ရက်နေ့က ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ တချို့ လက်နက်ကိုင်အဖွဲ့တွေက တိုင်းရင်းသားလက်နက်ကိုင်အားလုံး ပါဝင်မှ လက်မှတ်ထိုးမယ်ဆိုတဲ့မူကို စွဲကိုင်ထားတာကိုလည်း တွေ့ရပါတယ်။ လက်ရှိ SD ခေါင်းဆောင် နော်စီ ဖိုးရာစိန်ကလည်း အဖွဲ့အားလုံးပါဝင်မှ NCA ကို KNU လက်မှတ်ထိုးမယ်ဆိုပြီး ပြောလာပါတယ်။

တပ်မတော်သားများ လွတ်လပ်စွာ မဲပေးနိုင်ဟု တပ်ချုပ်ပြောကြား

နိုဝင်ဘာအတွင်း ကျင်း ပမည့် အထွေထွေရွေးကောက်ပွဲ တွင် တပ်မတော်သားများအနေ ဖြင့် ဆန္ဒမဲပေးရာ၌ ပါတီတစ်ခု တစ်ဖွဲ့ကိုသာ ပေးရန် သတ်မှတ်  ထားခြင်းမရှိဘဲ လွတ်လပ်စွာ ရွေး ချယ်မဲပေးနိုင်ကြောင်း တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

Tuesday 25 August 2015

စစ်သွေးကြွများ ပစ်ခတ်မှုကြောင့် တူနီးရှား နယ်ခြားစောင့်တပ်ဖွဲ့ဝင် သေဆုံး

အယ်ဂျီးရီးယားနှင့် ထိစပ်နေသော တူနီးရှားနယ်စပ်၌ တနင်္ဂနွေနေ့တွင် စစ်သွေးကြွတချို့နှင့် အပြန်အလှန် ပစ်ခတ်မှုများကြောင့် တူနီးရှာ နယ်ခြားစောင့် တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသွားကြောင်း သိရသည်။

ဘန်ကောက်တွင် ဗုံးတစ်လုံး ထပ်တွေ့

ဘန်ကောက်မြို့တွင် ဗုံးတစ်လုံး ထပ်တွေ့ရသောကြောင်း စနက်တံ ဖြုတ်ပစ်ခဲ့ရကြောင်း ထိုင်းရဲတပ်ဖွဲ့က တနင်္လာနေ့တွင် ပြောဆိုခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၌ ကျူးကျော်နေထိုင်သည့် အိမ်ခြေပေါင်း ၄၄၀၀၀ ကျော်ရှိ ကျူးကျော်အများဆုံးမှာ မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ်တွင် နေထိုင်လျက်ရှိ

၂၀၁၄ ခုနှစ်က လှိုင်သာယာရှိ ကျူးကျော်တဲများကို ဖယ်ရှားရှင်းလင်းခဲ့စဉ် Photo: ရဲနောင်(ဖယ်ခုံ)
ရန်ကုန်တိုင်း ဒေသကြီးတွင်၂၀၁၅ ခုနှစ် ဩဂုတ် ၂၄ ရက်အထိ ကျုးကျော်နေထိုင်သည့် အိမ်ခြေမှာ ၄၄၀၀၀ ကျော်ရှိနေပြီး ကျူးကျော်အများစုမှာ မြောက်ပိုင်း ခရိုင်ရှိ လှိုင်သာယာမြို့နယ်တွင် အ များဆုံးနေထိုင်ကြောင်း ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီ စီမံရေးရာဌာနမှ သိရသည်။

မြန်မာအပါအဝင် မဲခေါင်ဒေသနိုင်ငံများ ဂျပန်နှင့် ပူးပေါင်း၍ စက်မှုလုပ်ငန်းထူထောင်ရေး စီမံကိန်းဆောင်ရွက်ရန် သဘောတူ

မန်မာအပါ အဝင် မဲခေါင်ဒေသနိုင်ငံများ ဂျပန် နိုင်ငံနှင့်ပူးပေါင်း၍ စက်မှုလုပ်ငန်း ထူထောင်ရေးစီမံကိန်းကို ဆောင်ရွက် သွားရန် ဩဂုတ် ၂၄ ရက်က သဘော တူညီခဲ့ကြကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် ရေဘေးကြောင့် ပျက်စီးအိမ် ၇၀၀ ကျော် ကို ကျပ်သိန်း ၂ဝတန်ဖိုးရှိနေအိမ်များ တည်ဆောက်ပေးရန်တင်ပြထား

ကလေးမြို့ ရေလွှမ်းမှုကြောင့် ပျက်စီးသွား သည့်နေအိမ်များကို ပြန်ဆောက်နေကြစဉ် Photo: ငယ်ထွေး(ကလေး)စစ်ကိုင်း တိုင်းဒေသကြီးတွင် ရေဘေးကြောင့် ပျက်စီးခဲ့သည့် နေအိမ် ၇၀၀ ကျော် အား ကျပ် သိန်း ၂၀ တန်ဖိုးရှိ နေအိမ် များပြန်လည်တည်ဆောက်ပေးရန် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ မှ တာဝန်ရှိသူများက ပြည်ထောင်စု အစိုးရအဖွဲ့ထံ တင်ပြထားကြောင်း သိရသည်။

ရန်ကုန်မြို့ပတ် ရထားလမ်း အဆင့်မြှင့်ရန် ဂျပန်ယန်း ၂၄ ဘီလီယံ ချေးယူမည်ဟုဆို

နိုင်ငံတကာ စံချိန်စံညွန်း မမီသော ရန်ကုန်မြို့ပတ် ရထားလမ်းကို အဆင့်မြှင့်ရန် ဂျပန်နိုင်ငံမှ ယန်း ၂၄ ဒသမ ၈၆၆ ဘီလီယံ ချေးယူမည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမြင့်သိန်းက ပြောကြားသည်။ 

ရွှေတိဂုံစေတီတော်ကို ဖောက်ခွဲရန် ကြံစည်နေဟု မမှန်သတင်း ထုတ်လွှင့်သူကို စုံစမ်းဖော်ထုတ်မည်

မြန်မာနိုင်ငံ၏ အထင်ရှားဆုံး အမှတ်သင်္ကေတတစ်ခု ဖြစ်သော ရွှေတိဂုံစေတီတော်ကို တရုတ်နိုင်ငံသားအချို့က ဖောက်ခွဲရန် ကြံစည်နေသည်ဟု လူမှုကွန်ရက်တွင် မမှန်သတင်း ဖြန့်ဝေရေးသားခဲ့သူကို ဖော်ထုတ်အရေးယူနိုင်ရန် စုံစမ်းလျက်ရှိကြောင်း ရွှေတိဂုံစေတီတော် လုံခြုံရေး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး အောင်နိုင်ထွန်းက ပြောကြားသည်။

ဦးသိန်းစိန်ကို သမ္မတ ထပ်ဖြစ်ရန် လိုလားသူ ၁၆ ရာခိုင်နှုန်းရှိဟု စစ်တမ်းဆို

လက်ရှိအစိုးရအဖွဲ့ကို ဦးဆောင်သူ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို လာမည့် သက်တမ်းအတွက် သမ္မတထပ်ဖြစ်ရန် လိုလားသူ ၁၆ ရာခိုင်နှုန်း ရှိကြောင်း အာရှဘာရိုမီတာ ဆာဗေးအဖွဲ့ ပါမောက္ခ Ms. Bridget Welsh က ပြောကြား သည်။

သူရဦးရွှေမန်း ပါတီမှ နုတ်ထွက်ပါက ထူးခြားသော ပြောင်းလဲမှု မရှိနိုင်ဟု ဦးဌေးဦး ပြောကြား

ကြံ့ခိုင်ရေးပါတီ၏ ဥက္ကဋ္ဌရာထူးမှ ထုတ်ပယ်ခံရသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ပါတီမှ နုတ်ထွက်ပါကလည်း ပါတီတွင်း ထူးခြားသော ပြောင်းလဲမှု မဖြစ်နိုင်ကြောင်း လက်ရှိ ယာယီဥက္ကဋ္ဌ တာဝန်ယူထားသော ဦးဌေးဦးက The Voice သို့ ပြောသည်။

နိုင်ငံခြားငွေဖြင့် ၀န်ဆောင်မှုနှင့်ကုန်ပစ္စည်းရောင်းချမှုများကို အရေးယူမည်ဟုဆို

 ပြည်တွင်း၌ အမေရိကန် ဒေါ်လာတန်ဖိုးမြင့်တက်မှုကို လျှော့ချရန် ကုန်ပစ္စည်းများ၊ ၀န် ဆောင်မှုများအား နိုင်ငံခြားငွေဖြင့်ရောင်းချမှုကို အရေးယူရန်စီစဉ် နေကြောင်း မြန်မာနိုင်ငံဗဟိုဘဏ် မှ သတင်းရရှိသည်။

ပြည်မှ ရခိုင်သို့ ဓာတ်မြေသြဇာများ အဓိက တင်ပို့နေ

ပြည်မြို့မှ ရခိုင်ဘက်သို့ဓာတ်မြေသြဇာအပါဝင် ကုန်စည်များပို့ဆောင်ရန် စီစဉ်ထားသော ကားများကို တွေ့ရစဉ် (ဓာတ်ပုံ − ဇော်မင်းထိုက်)
 ရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့ပြီး နောက် စိုက်ပျိုးရေးလုပ်ငန်းများ ပြန်လည်ထူထောင်ရန် ပြည်မြို့မှ ရခိုင်ပြည်နယ်သို့ ဓာတ်မြေသြဇာများ အဓိက တင်ပို့နေရကြောင်း ပြည်မြို့ရှိ ရခိုင်ကုန်တင်၊ ကုန်ချ ကားဂိတ်များမှ သတင်းရရှိသည်။

ကျောက်တောင်ပေါ်သို့တက်သော အမျိုးသားတစ်ဦး ခြေချော်ပြုတ်ကျသေဆုံး

မန္တလေးတိုင်း ပုသိမ် ကြီးမြို့နယ်တွင် ကျောက်တောင် ပေါ်ရှိ ကျောက်များကို သံတူရွင်း ဖြင့်ထိုးချရန် ကြိုးဖြင့်တက်ရောက်နေစဉ် ခြေချော်ပြုတ်ကျ၍ အမျိုး သားတစ်ဦးသေဆုံးမှု သြဂုတ် ၂၃ ရက်ညနေက ဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။

ကျောက်စိမ်းကုမ္ပဏီတစ်ခု မိုင်းခွဲစဉ် ကျောက်ရှာဖွေသူ ၁၂ ဦး ဒဏ်ရာရရှိ

ဖားကန့်တွင် ကျောက် စိမ်းကုမ္ပဏီတစ်ခုက တောင်ကမ်း ပါးယံတစ်ခုကို မိုင်းခွဲဖြိုချစဉ် ကျောက်ရှာဖွေသူ၁၂ ဦး ဒဏ်ရာ ရခဲ့ပြီး သုံးဦးမှာ ဒဏ်ရာပြင်းထန်စွာ ရသွားသည်ဟု သတင်းရရှိသည်။

ရွေးကောက်ပွဲကာလအတွင်း ရှမ်းပြည်နယ် မဲရုံများတွင် အထူးရဲအင်အားသုံးထောင်ကျော် အသုံးပြုမည်

အထူးရဲတပ်ဖွဲ့ဝင်အချို့ (ဓာတ်ပုံ − ဂျွန်ချစ်ငြိမ်း) 
လာမည့် နိုဝင်ဘာ ၌ ကျင်းပမည့် အထွေထွေ ရွေး ကောက်ပွဲကာလအတွင်း ရှမ်း ပြည်နယ်ရှိ မဲရုံများတွင် အသုံးပြု ရန် အထူးရဲအင်အား သုံးထောင် ကျော် လျာထားရွေးချယ်မည်ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သ တင်းရရှိသည်။

ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေး သီတဂူဆရာတော်ကြီး ကျပ် သိန်း ၅,၀၀၀ ကျော်လှူဒါန်း

ရခိုင်ပြည်နယ် ဘူးသီး တောင်၊ မောင်တောအပါအ၀င် ပြည်နယ်ပြန်လည်ထူထောင်ရေး အတွက် သီတဂူဆရာတော်ကြီး က ကျပ်ငွေသိန်း ၅,၀၀၀ ကျော် လှူဒါန်းခဲ့ကြောင်း သီတဂူသာသ နာပြုအဖွဲ့မှ သတင်းရရှိသည်။

ယာဉ်ရပ်နားခွင့်နေရာများတွင် လေလံရရှိထားသော လုပ်ငန်းရှင် ၁၇ ဦး စည်းကမ်းဖောက်ဖျက်၍ သတိပေးခံရ

မန္တလေးမြို့တော်စည် ပင်သာယာနယ်နိမိတ်အတွင်း ယာဉ်ရပ်နားခွင့် နေရာများတွင် သတ်မှတ်ဧရိယာအတွင်း ယာဉ် များ အပ်နှံကောက်ခံရေးအတွက် လေလံစနစ်ဖြင့် ငှားရမ်းလုပ်ကိုင် နေသော ပုဂ္ဂလိကလုပ်ငန်းရှင်များ လေလံစည်းကမ်း ဖောက်ဖျက်မှု ဖြင့် သတိပေးခံရကြောင်းသတင်း ရရှိသည်။

တောဆင်ရိုင်းအုပ်ကို မေ့ဆေးသေနတ်ဖြင့် ဖမ်းဆီးရန် စီစဉ်ဆဲ .... ဆင်အုပ်တိုက်ခိုက်၍ လူတစ်ဦးသေ၊ နှစ်ဦး ထပ်မံဒဏ်ရာရတောဆင်ရိုင်းအုပ်ကို မေ့ဆေးသေနတ်ဖြင့် ဖမ်းဆီးရန် စီစဉ်ဆဲ

ဆင်တိုက်ခိုက်ခံရ၍ သေဆုံးသွားသော ကိုဖိုးပိုင်ကို သယ်ဆောင်နေစဉ် (ဓာတ်ပုံ − ဦးယုဇန(ပုပ္ပါးတောင်ချစ်သူများအသင်း နာယက)) 
မျက်စိလည်နေသော တောဆင်ရိုင်းအုပ်စု၏ တိုက်ခိုက် မှုကြောင့် လူတစ်ဦးသေဆုံးပြီး လူငါးဦး ဒဏ်ရာရနေပြီ ဖြစ် ကြောင်း၊ သစ်တောဦးစီးဌာနက အဆိုပါဆင်အုပ်ကို မေ့ဆေး သေနတ်ဖြင့်ပစ်ကာ ဖမ်းဆီးရန် စီစဉ်နေကြောင်း သတင်းရရှိ သည်။

မြန်မာနိုင်ငံ၌ ဒီမိုကရေစီ အပြည့်အ၀ ရရှိပြီဟု ၉၅ ရာခိုင်နှုန်းက မယူဆဘဲ ငါးရာခိုင်နှုန်းကသာ ယူဆကြောင်း 2015 Myanmar Asian Barometer Survey (ABS) စစ်တမ်းတွင် ဖော်ပြ

2015 Myanmar Asian Barometer Survey (ABS) နှင့် ပတ်သက်ပြီး ရန်ကုန်မြို့၊ ဖန်တီးရာရုံးခန်းတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဓာတ်ပုံ-ကြည်နိုင်)
မြန်မာနိုင်ငံ၌ ဒီမိုကရေစီ အပြည့်အ၀ ရရှိပြီဟု ၉၅ ရာခိုင်နှုန်းက မယူဆဘဲ ၅ ရာခိုင်နှုန်းကသာ ယူဆကြောင်း 2015 Myanmar Asian Barometer Survey (ABS) စစ်တမ်းတွင် ဖော်ပြခဲ့သည်။

တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံး တစ်ပြိုင်နက်တည်း ပါဝင်ရေးမူအားဖြင့် ကိုင်စွဲ၍ အစိုးရနှင့် ဆွေးနွေးမည်

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး တစ်ပြိုင်နက်တည်း ပါဝင်ရေးကို မူအားဖြင့် ကိုင်စွဲ၍  အစိုးရနှင့် ဆွေးနွေးသွားမည် ဖြစ်သော်လည်း အစိုးရဘက်က လက်ခံခြင်း မရှိပါက NCA တွင် လက်မှတ်ထိုး၍ မရသေးသည့် အဖွဲ့များ နစ်နာမှု မရှိစေရေးနှင့် ယင်းအဖွဲ့များ ပါဝင်လာနိုင်ရေးအတွက် မည်ကဲ့သို့ နည်းလမ်းရှာမည် ဆိုသည်ကို ဆွေးနွေးသွားရန် သြဂုတ် ၂၁ ရက်မှ ၂၄ ရက်အထိ ထိုင်းနိုင်ငံ ချင်းမိုင်၌ ပြုလုပ်ခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးက ဆုံးဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။

အားလုံးပါမှ အပစ်ရပ်ရေး လက်မှတ်ထိုးမည်ဟု တိုင်းရင်းခေါင်းဆောင်တွေပြော

UWSA ဌာနချုပ်က တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲ မေလ၊ ၆၊ ၂၀၁၅ 
တိုင်းရင်းသား အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ် SD နဲ့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တို့ကနေ တပြည်လုံး အတိုင်းအတာ အပစ်ခတ် ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်စာချုပ် NCA လက်မှတ်ရေးထိုးရေးအတွက် ထိုင်းနိုင်ငံအတွင်း (၄) ရက်တာ တွေ့ဆုံဆွေးနွေးခဲ့ရာမှာ တိုင်းရင်းသားအားလုံးစုံ ပါဝင်ရေးမူအတွက် ဆက်လက် ကြိုးပမ်းသွားဖို့နဲ့ လက်တွေ့ဖြစ်နိုင်တဲ့ နည်းလမ်းကနေ လုပ်ဆောင်ဖို့ ဆုံးဖြတ်ချက်ချတယ်လို့ အဖွဲ့ခေါင်းဆောင်တွေက ပြောပါတယ်။ ဒီအခြေအနေကို ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်ကနေ အခုလို သတင်းပေးပို့ထားပါတယ်။

ရွေးကောက်ပွဲ လွတ်လပ်မျှတမှုရှိရေး NLD နှင့် ၈၈ ပွင့်လင်းအဖွဲ့ ပူးပေါင်းဆောင်ရွက်မည်

လာမယ့် ရွေးကောက်ပွဲတွေကို လွတ်လပ်မျှတမှုရှိရှိ ကျင်းပနိုင်ရေး အတိုက်အခံပါတီ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ တိုင်းရင်းသားတွေ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ကြေညာလိုက်ပါတယ်။ NLD နဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေကြား သဘောထား ကွဲလွဲမှုတွေ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး နောက်မှာပဲ အခုလို လက်တွဲ ဆောင်ရွက်မယ့် အစီအစဉ်တွေ ထွက်ပေါ်ခဲ့တာပါ။ အသေးစိတ် မဆုမွန်က တင်ပြထားပါတယ်။

အစိုးရခွင့်ပြုပါက မည်သည့်ဝန်ထမ်းမဆို ဌာနကူးပြောင်းနိုင်ဟု ဗိုလ်ချုပ်မှူးကြီးပြော

နိုင်ငံ့ဝန်ထမ်းများသည် မည်သည့်ဝန်ထမ်းဖြစ်စေ ဌာနကူးပြောင်း တာဝန်ထမ်းဆောင် ၍ ရပါကြောင်း သက်ဆိုင်ရာဝန်ကြီးဌာန၏ တောင်းဆိုမှု၊ ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေး အဖွဲ့၏ သဘော တူညီမှု၊ အစိုးရအဖွဲ့၏ ခွင့်ပြုချက်တို့ဖြင့် ပြောင်းရွှေ့ရ ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မနေ့က စာနယ်ဇင်းကောင်စီ (ယာယီ)နှင့် တွေ့ဆုံစဉ်ပြော ဆိုလိုက်သည်။

Tuesday 18 August 2015

စောင့်ကြည့်အခြေအနေတွင် ရှေ့မဆက်နိုင်သေးသည့် ဆောက်လုပ်ရေးလုပ်ငန်းများ

ရွေးကောက်ပွဲကာလနီး ကပ်ချိန်တွင် စီးပွားရေးလုပ်ငန်းတို့၏ ပြယုဂ်တစ်ခုဖြစ်ခဲ့သော အခြေခံအဆောက်အအုံတည်ဆောက် ရေးလုပ်ငန်းများ   များစွာလျော့ နည်းလာပြီး ရန်ကုန်မြို့တော်စည် ပင်က ကန့်သတ်ချက်များစွာ ဖြေလျှော့ပေးသော်လည်း ဆောက် လုပ်ခွင့်လျှောက်ထားမှုများမှာ ထက်ဝက်ခန့် လျော့နည်းလာခဲ့ သည်။ဆောက်လုပ်ရေးလုပ်ငန်း ရှင်များသည် မကြာမီကျင်းပမည့် ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲ နောက်ပိုင်းနိုင်ငံရေးအခြေအနေ တို့ကို မခန့်မှန်းနိုင်သဖြင့် လက်ရှိ အချိန်တွင် သတိထားပြီး စောင့် ကြည့်နေကြကာ အစိုးရသစ်၏ နိုင်ငံရေး၊ စီးပွားရေးမူဝါဒပြီးမှ သာ လုပ်ငန်းများ ပြန်စကြရန် စိတ်ကူးလာကြသည်။

သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည် သီးသန့်တွေ့ဆုံ

 ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်တို့သည် သြဂုတ် ၁၇ ရက် နံနက်က နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရုံးခန်းတွင် တစ်နာရီနီးပါးကြာ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ယင်းသို့တွေ့ဆုံမှုသည် သူရဦးရွှေမန်းအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌအဖြစ်မှ ဖယ်ရှားခဲ့ပြီးနောက် ပထမဆုံးအကြိမ်တွေ့ဆုံမှုဖြစ်ပြီး သြဂုတ် ၁၇ရက်သည် လွှတ်တော် အစည်းအဝေး ပြန်လည်ခေါ်ယူ ခြင်းမပြုမီ တစ်ရက်အလိုလည်း ဖြစ်သည်။သီးသန့်တွေ့ဆုံမှုကို 7 Day Daily သတင်းစာက အတည်ပြု နိုင်ခဲ့သော်လည်း ဆွေးနွေးခဲ့သည့် အကြောင်းအရာများကိုမူသိရှိရ ခြင်းမရှိသေးပေ။

သမ္မတဦးသိန်းစိန် ပါတီအစည်းအဝေး လာရောက်ခြင်းမှာ သာမန်တွေ့ဆုံနှုတ်ဆက်ခြင်းသာဖြစ်ဟု တာဝန်ရှိသူပြော

 ပြည်ခိုင်ဖြိုးပါတီတွေ့ ဆုံပွဲသို့ တက်ရောက်လာသည့် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် အစည်းအဝေးတက်ရောက်ခြင်း မဟုတ်ဘဲ သာမန်တွေ့ဆုံနှုတ် ဆက်ရုံသာ လာရောက်ခဲ့ခြင်းဖြစ် ၍ အခြေခံဥပဒေနှင့်ညီကြောင်း ပါတီဗဟိုကော်မတီအလုပ်အမှု ဆောင်အဖွဲ့ဝင် ဦးပိုက်ထွေးက ပြောကြားသည်။
ယခုလ ၁၇ ရက် နံနက်က ပြုလုပ်သော ပါတီဝင်လွှတ်တော် ကိုယ်စားလှယ်များကို နှုတ်ဆက် တွေ့ဆုံပွဲအခမ်းအနားသို့ ပါတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည် ဟု ထုတ်ပြန်ထားသည့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် တက် ရောက်ခဲ့ခြင်းအပေါ် အထက်ပါ အတိုင်း  ရှင်းလင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ဘန်ကောက် ဗုံးခွဲမှုသည် ထိုင်းနိုင်ငံ ကြုံဖူးသမျှ အဆိုးဆုံး တိုက်ခိုက်မှုဟု ဝန်ကြီးချုပ် ပြောကြား

ဘန်ကောက်မြို့တွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုသည် ထိုင်းနိုင်ငံအတွက် ကြုံဖူးသမျှ အဆိုးရွားဆုံး အကြမ်းဖက် တိုက်ခိုက်ခံရမှုဖြစ်ကြောင်း ဝန်ကြီးချုပ် ပရာယွတ်သ် ချန်အိုချာက ပြောကြားလိုက်သည်။
ဩဂုတ် ၁၇ ရက် ညပိုင်းက ဘန်ကောက်မြို့လယ် အီရာဝမ် လေးမျက်နှာ ဘုရားကျောင်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ လူ ၂၂ ဦးထက်မနည်း သေဆုံးပြီး ရာနှင့်ချီ ဒဏ်ရာရခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ အီရာဝမ် ဟိန္ဒူ ဘုရားကျောင်းသည် ဘန်ကောက်တွင် ကမ္ဘာလှည့် ခရီးသည် အများစု သွားရောက်လည်ပတ်ရာ နေရာတစ်ခုလည်း ဖြစ်သည်။

ဟိန္ဒူဘုရားကျောင်း ဗုံးပေါက်ကွဲမှုမှ သံသယရှိသူ အမျိုးသားကို ထိုင်းရဲတပ်ဖွဲ့ ရှာဖွေနေ

လုံခြုံရေး ကင်မရာ မှတ်တမ်းများကို အခြေခံပြီး ဘန်ကောက်မြို့၊ ဧရာဝဏ် ဟိန္ဒူ ဘုရားကျောင်း ဗုံးပေါက်ကွဲမှု၏ အဓိက လက်သည်ဟု ယူဆရသူ အမျိုးသားကို ရှာဖွေနေကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာခဲ့သည်။ထိုင်းရဲများသည် အနီးအနားတွင် တပ်ဆင်ထားသည့် လုံခြုံရေး ကင်မရာ မှတ်တမ်းများ၊ အခြားသူများ ပူးပေါင်းကူညီ ပေးပို့လာသည့် ဖုန်းဗီဒီယို မှတ်တမ်းများကို စစ်ဆေးပြီးနောက် အဝါရောင် တီရှပ် ဝတ်ဆင်ထားသူ အမျိုးသား တစ်ဦးသည် ယခုဗုံးခွဲမှုတွင် တာဝန်အရှိဆုံးသူအဖြစ် ယူဆလာခဲ့သည်။

တီယန်ကျင်းတွင် နေအိမ် အဆောက်အအုံ ဆုံးရှုံးသူများက နစ်နာကြေး ရရှိရန် ဆန္ဒပြတောင်းဆို


တရုတ်နိုင်ငံတွင် ပြင်းထန်သည့် ပေါက်ကွဲမှုကြီးများ ဖြစ်ပွားခဲ့ရာ တီယန်ကျင်းမြို့၌ နေအိမ် အဆောက်အအုံများ ပျက်စီး ဆုံးရှုံးခဲ့သူများက နစ်နာကြေးပေးရန် စီတန်းလှည့်လည် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ဩဂုတ် ၁၂ ရက်က တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း၊ ဆိပ်ကမ်းမြို့တွင် အန္တရာယ်ရှိသည့် ဓာတုဗေဒ ပစ္စည်းများ လွှဲပြောင်းတင်ပို့ရာ ကုမ္ပဏီတစ်ခု ပိုင်ဆိုင်သော ကုန်လှောင်ရုံများ ပြင်းထန်စွာ ပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့ရာ လူပေါင်း ၁၁၄ ဦးထက်မနည်း သေဆုံးပြီး မီးသတ်သမား အများစု အပါအဝင် ၇၀ ကျော် ပျောက်ဆုံးနေဆဲ ဖြစ်သည်။

ပြင်ပလောကမှ နှလုံးလှ Batman ယာဉ်မတော်တဆမှုကြောင့် ကွယ်လွန်

သိပ္ပံလူစွမ်းကောင်း Batmanသည် ၎င်း၏ စီးတော်ယာဉ် Batmobileနှင့် ယာဉ်မတော်တဆမှု ဖြစ်ပွားပြီး သေဆုံးသွားကြောင်း သိရသည်။ သို့သော်လည်း ယခုသေဆုံးသူသည် DC Comicsမှ စိတ်ကူးယဉ် ဇာတ်ကောင် ဘရုစ်ဝိန်း တစ်ဖြစ်လဲ Batman မဟုတ်ဘဲ လက်တွေ့လောက၌ နာမကျန်းဖြစ်နေသော ကလေးငယ်များ စိတ်ပျော်ရွှင်အောင် ကူညီပေးနေသည့် ပရဟိတသမား Batman ဖြစ်သည်။

Monday 17 August 2015

ပျက်ကျခဲ့သည့် အင်ဒိုနီးရှား လေယာဉ်ပျက်မှဟု ယူဆရသည့် အပျက်အစီး အစိတ်အပိုင်းများ ရှာတွေ့

လူ ၅၄ ဦးကို တင်ဆောင်ပျံသန်းရင်း ပျက်ကျသွားသည့် အင်ဒိုနီးရှား ခရီးသည်တင် လေယာဉ်ထံမှဟု ယူဆရသည့် အပျက်အစီး အစိတ်အပိုင်းများကို ကယ်ဆယ်ရေး အဖွဲ့များက တွေ့ရှိခဲ့ကြောင်း သိရသည်။
Trigana လေကြောင်းသယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်း၏ ATR42-300 အမျိုးအစား လေယာဉ်သည် အရွယ်ရောက်ပြီး ခရီးသည် ၄၄ ဦး၊ ကလေးငယ် ၅ ဦးနှင့် လေယာဉ်အမှုထမ်း ၅ ဦးတို့ကို တင်ဆောင်ပျံသန်းရင်း ဩဂုတ် ၁၆ ရက်က ပျောက်ဆုံးသွားခဲ့သည်။ လေယာဉ်သည် ပြည်တွင်း တာတိုခရီးစဉ် တစ်ခုအတွက် ပျံသန်းခြင်းဖြစ်ပြီး လိုက်ပါသွားသူ အားလုံးသည် အင်ဒိုနီးရှား နိုင်ငံသားများဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။
ဩဂုတ် ၁၇ ရက်၊ နံနက်ပိုင်းတွင်မူ ရှာဖွေရေးအဖွဲ့၏ လေယာဉ်တစ်စီးက နိုင်ငံအရှေ့ပိုင်း ပါပူအာ ဒေသရှိ ဝေးလံသီခေါင်သော တောင်စောင်းတစ်နေရာတွင် လေယာဉ်ပျက်မှဟု ယူဆရသော အစိတ်အပိုင်းများကို ရှာဖွေ တွေ့ရှိခဲ့သည်။ သို့သော်လည်း ခြေလျင် ကယ်ဆယ်ရေး တပ်ဖွဲ့များမှာမူ အဆိုပါ နေရာသို့ မရောက်ရှိသေးကြောင်း အင်ဒိုနီးရှား ကယ်ဆယ်ရေးနှင့် ရှာဖွေရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ရေမွန် ကွန်စတန်တင်က ပြောကြားခဲ့သည်။

မြောက်ကိုရီးယား ခြိမ်းခြောက်နေသည့်တိုင် အမေရိကန်နှင့် တောင်ကိုရီးယား ပူးပေါင်းစစ်ရေးလေ့ကျင့်မှု စတင်

မြောက်ကိုရီးယားထံမှ ခြိမ်းခြောက် ကန့်ကွက်မှုများ ရှိနေသည့်တိုင် တောင်ကိုရီးယားနှင့် အမေရိကန်တို့ ပူးပေါင်းပြီး ကြီးမားသည့် စစ်ရေးလေ့ကျင့်မှု အစီအစဉ် တစ်ရပ်ကို ဩဂုတ် ၁၇ ရက်တွင် အစပြုခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် မြောက်ကိုရီးယားတပ်များ၏ ကျူးကျော်မှုကို ခံရချိန်တွင် မည်သို့ ပူးပေါင်း တုံ့ပြန်ရမည် ဆိုသည်ကို အဓိက ဦးတည်ပြင်ဆင်ထားပြီး ထောင်ပေါင်းများစွာသော နှစ်နိုင်ငံ တပ်ဖွဲ့ဝင်များ ပူးပေါင်း ပါဝင်ခဲ့ကြသည်။ မြောက်ကိုရီးယားက အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် မိမိတို့အပေါ် စစ်ကြေညာခြင်းဟု ယူဆကြောင်း သတိပေး ခြိမ်းခြောက်ထားသည်။
နှစ်စဉ် ကျင်းပမြဲဖြစ်သည့် အူလ်ချီ လွတ်လပ်ရေး စစ်ရေးလေ့ကျင့်မှု အစီအစဉ်သည် ဩဂုတ် ၂၈ ရက်ထိ ကြာမြင့်မည်ဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာထားသည်။ ကွန်ပျူတာ စနစ်များကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချ စီစဉ်ထားသည့် အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် တောင်ကိုရီးယားစစ်သည် ငါးသောင်းကျော်နှင့် အမေရိကန်စစ်သည် သုံးသောင်းဝန်းကျင် ပါဝင်ကြသည်။

Friday 14 August 2015

မြောက်ဦးတွင် စားနပ်ရိက္ခာအလှူများ ၀င်ရောက်နေသော်လည်း ဆန်ဈေးတက်ဆဲ

 ရေကြီးနစ်မြုပ်မှုဖြစ် ပေါ်ခဲ့သည့် ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်သို့ အနယ်နယ်အရပ်ရပ်မှ အလှူရှင်များ လှူဒါန်းသည့် စား နပ်ရိက္ခာများ အဆက်မပြတ်ဝင် ရောက်နေသော်လည်း ဆန်ဈေး နှုန်းများ ဆက်လက်မြင့်တက်နေ ကြောင်း သတင်းရရှိသည်။
‘‘ရေဘေးကြုံတွေ့ပြီး ကား လမ်းတွေလည်း ဆက်သွယ်သွား လာနိုင်ပြီဖြစ်ပေမယ့် ဆန်ဈေးက တော့ တက်နေဆဲပါပဲ။ မြောက်ဦး ကို အလှူရှင်တွေ လာလှူတဲ့အထဲ မှာ အများဆုံးက ဆန်တွေဖြစ်ပါ တယ်။ အဲဒီဆန်တွေက ရေဘေး သင့်သူတွေဆီကို ဖြန့်ဝေပေးနေ ပေမယ့် ဆန်ဈေးမကျတာက အံ့ သြစရာပါပဲ’’ ဟု မြောက်ဦးမြို့ခံ တစ်ဦးက ပြောကြားသည်။

မြောက်ဦးမြို့နယ်ရှိ ရေဘေးသင့် ဒေသများ၌ ပြန်လည်ထူထောင်ရေး အကူအညီများ အဓိကလိုအပ်နေ

 ရေဘေးသင့် မြောက် ဦးမြို့ပေါ်နှင့် ကျေးရွာများ၌ အ ရေးပေါ် အကူအညီဖြစ်သော စားနပ်ရိက္ခာ လိုအပ်ချက်တွင် အဆင်ပြေနေပြီဖြစ်သော်လည်း ပြန်လည်ထူထောင်ရေးအတွက် အကူအညီများ အဓိကလိုအပ်နေ ကြောင်း ကူညီထောက်ပံ့ရေး လုပ်ငန်းလုပ်ကိုင်နေသူများထံမှ သတင်းရရှိသည်။
‘‘မြောက်ဦးကို အဖွဲ့ပေါင်း စုံက စားနပ်ရိက္ခာအတွက် ဆန်တွေ၊ သောက်သုံးရေတွေ စစ်တွေကတစ်ဆင့် ကုန်းလမ်းရော ရေ လမ်းကပါဝင်နေပါတယ်။ ကူညီ ထောက်ပံ့ရေးအအဖွဲ့ကလည်း ကျေးလက်ဒေသအထိ သွားပြီး ထောက်ပံ့နေတဲ့အတွက် လော လောဆယ်တော့ စားနပ်ရိက္ခာအ ဆင်ပြေနေပြီလို့ ပြောလို့ရပါ တယ်။ ဒါပေမဲ့ နေအိမ်ပြိုလဲပျက် စီးသွားသူတွေအတွက် ပြန်လည် ထူထောင်ဖို့ အကူအညီတွေ လို အပ်နေပါတယ်’’ဟု ကူညီထောက်ပံ့ရေးလုပ်ငန်းများ လုပ်ကိုင်နေ သည့် နာရေးကူညီမှုဖောင်းဒေး ရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

တနင်္သာရီတိုင်းအတွင်း နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူများအား One Stop Service ဖြင့် ကွင်းဆင်းပြုလုပ်ပေးမည်

တနင်္သာရီတိုင်းဒေသ ကြီးအတွင်း နိုင်ငံသားစိစစ်ရေး ကတ်ပြား မပြုလုပ်ရသေးသော ဒေသခံများအား One Stop Service ဝန်ဆောင်မှုဖြင့် ကွင်း ဆင်းပြုလုပ်ပေးသွားမည် ဖြစ် ကြောင်း သတင်းရရှိသည်။
ယခုနှစ် ဇန်နဝါရီမှ စတင် ဆောင်ရွက်ပေးခဲ့သော မိုးပွင့်အထူးစီမံချက် ပြီးဆုံးသွားသော် လည်း တိုင်းဒေသကြီးအတွင်း နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းများမပြုလုပ် ရသေးသည့် ဒေသခံများကို ကျေးရွာများသို့ ကွင်းဆင်းပြုလုပ်ပေး သွားမည်ဟု တိုင်းဒေသကြီး လူ ဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနထံမှ သိရသည်။
ရေလုပ်သားများနှင့် ရွှေ့ ပြောင်း အလုပ်သမားများရှိရာ တနင်္သာရီတိုင်းအတွင်း နိုင်ငံသား စိစစ်ရေးကတ်ပြား ပြုလုပ်ခြင်းကို မိုးပွင့်စီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သော်လည်း ယင်းကာလအတွင်း နိုင်ငံသား စိစစ်ရေးကတ်ပြားများမပြုလုပ်ခဲ့ရသော ဒေသများ ရှိနေသေး ကြောင်း သတင်းရရှိသည်။

ဒီတစ်ပတ်ကြည့်ရမယ့် ရုပ်ရှင်

ဒီတစ်ပတ် ကြည့်ဖို့အတွက် တော့ စူပါဟီးရိုး ဇာတ်ကားလေး တစ်ကားကိုပဲ ညွှန်းပေးလိုက်ပါ တယ်။ ၂၀ ရာစုမြေခွေးရုပ်ရှင် ထုတ်လုပ်ရေးရဲ့ တတိယမြောက် Fantastic Four ဇာတ်ကားဖြစ်ပြီး ဒါရိုက်တာ ဂျော့ရှ်ထရန့်ခ်ရဲ့ လက်ရာပါ။
ရိဒ်ရစ်ချတ်နဲ့ ဘန်ဂရင်းမ် တို့ သူငယ်ချင်းနှစ်ယောက်ဟာ ထူးခြားစွမ်းရည်ရှိကြသူတွေဖြစ် ပြီး ငယ်ငယ်လေးကတည်းက ခင်မင်ခဲ့ကြသူတွေပါ။ အသက်ငယ် ငယ်နဲ့ ပါရမီထူးတဲ့ ကလေးတွေအ တွက် ဖွင့်ထားတဲ့ သုတေသနစင် တာ ဘက်စ်တာ ဖောင်ဒေးရှင်း ဒါရိုက်တာ ပါမောက္ခဖရန်ကလင် စတောမ်က သူတို့နှစ်ဦးကို မျက်စိ ကျခဲ့ပြီး ရိဒ်ကတောမ် မိသားစုဝင်တွေဖြစ်တဲ့ ဆူးစတောမ်၊ ဂျော်နီတောမ် တို့နဲ့အတူ သုတေသနလုပ် ဖြစ်ခဲ့ပါတယ်။

တီယန်ကျင်း ကုန်လှောင်ရုံ ပေါက်ကွဲ မီးလောင်မှုများကို အပြီးသတ် မငြှိမ်းသတ်နိုင်သေး

တရုတ်နိုင်ငံ၊ တီယန်ကျင်းမြို့တွင် ဧရာမ ပေါက်ကွဲမှုကြီးနှစ်ခု ဖြစ်ပွားခဲ့ရာ နေရာ၌ တငွေ့ငွေ့ မီးလောင်ကျွမ်းမှုများ ဆက်လက် ဖြစ်ပွားနေဆဲဟု သိရသည်။
ဩဂုတ် ၁၂ ရက် ညပိုင်းက တီယန်ကျင်း ဆိပ်ကမ်းအနီး ကုန်လှောင်ရုံများတွင် အလွန်ပြင်းထန်သည့် ပေါက်ကွဲမှု နှစ်ခု ဆက်တိုက် ဖြစ်ပွားရာ အနည်းဆုံး လူ ၅၀ မျှ သေဆုံးပြီး ရာနှင့်ချီ ဒဏ်ရာရခဲ့သည်။ ယင်းတို့အနက် ၇၁ ဦးမှာ ဒဏ်ရာအခြေအနေ အလွန်ဆိုးရွား ပြင်းထန်ကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။ သေဆုံးသူများတွင် မီးသတ်သမား ၁၇ ဦး ပါဝင်ကြောင်းလည်း မီးသတ်ဌာနက အတည်ပြုခဲ့သည်။