Wednesday 30 September 2015

အမျိုးသားဒီမိုကရေစီအင်အားစုပါတီက မန္တလေးမြို့အနှံ့ အလှပြယာဉ်များဖြင့် စတင်မဲဆွယ်


အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) က မန္တ လေးမြို့တွင် ပထမဆုံးမဲဆွယ် စည်းရုံးရေးလှုပ်ရှားမှုများကို အ လှပြယာဉ်များဖြင့် စက်တင်ဘာ  ၂၉ ရက်က စတင်ခဲ့ကြောင်း သ တင်းရရှိသည်။
‘‘အမျိုးသားရေးကို ဦးထိပ် ထားမည်’’ဟူသော ဆောင်ပုဒ် ရေးဆွဲထားသည့် အလှပြယာဉ် များဖြင့် မန္တလေးမြို့အနှံ့ လှည့် လည်မဲဆွယ်စည်းရုံးခဲ့ပြီး နောက် ရက်များတွင် မန္တလေးတိုင်းဒေသ ကြီးရှိ အခြားမြို့နယ်များသို့ ဆက် လက် မဲဆွယ်စည်းရုံးမည်ဖြစ် ကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF)၏ မန္တလေးတိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးကျော်အောင်က ပြောသည်။
‘‘ကျွန်တော်တို့ အဓိက ပြော တာကတော့ အမျိုးသားရေးကို လည်း ဦးထိပ်ထားတယ်။ ဒီမိုက ရေစီအရေးကိုလည်း အလေး ထားမယ်ဆိုပြီး မဲဆွယ်စည်းရုံးပါ တယ်။ ဒီမိုကရေစီရေးနဲ့ အမျိုး သားရေး နှစ်ခုစလုံး အတူယှဉ်တွဲ သွားနိုင်မှ မြန်မာနိုင်ငံရဲ့ အနာ ဂတ်က လှပမှာဖြစ်ပါတယ်’’ဟု ဦးကျော်အောင်ကပြောသည်။

စံချိန်တင် မူးယစ်ဆေးဝါးအမှုတွင် ဖမ်းမိထားသူများသည် သန်းနှင့်ချီသော စိတ်ကြွဆေးများ ပြည်ပသို့ နှစ်ကြိမ်တိုင် ပို့ဖူးသူများဖြစ်နေ


စံချိန်တင်ဖမ်းမိသည့်မူး ယစ်ဆေးဝါးအမှုတွင် ဖမ်းဆီးစစ် ဆေးခံနေရသည့် ကုမ္ပဏီတာဝန် ရှိသူများသည် ထိုအမှုမတိုင်မီ အရေအတွက် သန်းနှင့်ချီသည့် စိတ်ကြွဆေးပြားများကို ပြည်ပ နိုင်ငံများသို့ နှစ်ကြိမ်တိုင် ကုန် သွယ်ရောင်းဝယ်ခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှ သတင်းရရှိသည်။
မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာ ဝင်းအတွင်း ကားတစ်စီးပေါ်မှ WY စိတ်ကြွဆေးပြား ၂၆ ဒသမ ၇ သန်းကို ပြီးခဲ့သည့် ဇူလိုင်အ တွင်းက ပိုင်ရှင်မဲ့ဖမ်းမိပြီးနောက်ယင်းအမှုနှင့်ဆက်စပ်သည့်စီးပွား ရေးလုပ်ငန်းရှင်များကို ရဲတပ်ဖွဲ့ က ဖမ်းဆီးစစ်ဆေးခဲ့သည်။
လက်ရှိအချိန်တွင် ကုလား တန်မြစ်ဝှမ်းဒေသဖွံ့ဖြိုးရေးကုမ္ပ ဏီဒါရိုက်တာအပါအဝင် ကိုးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေ ပြီး လွတ်မြောက်နေသူအချို့လည်း ရှိနေသေးသည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ဒုတိယ ရဲမှူးကြီးတစ်ဦးက ပြောသည်။ လွတ်မြောက်နေသူ အရေအတွက်နှင့် ဖမ်းဆီးထားသူများအား မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို လုံခြုံရေးအခြေအနေအရ မပြောနိုင်သေးဟု ဆိုသည်။

ရွေးကောက်ပွဲမသမာမှုများကို အွန်လိုင်းမှတစ်ဆင့် ပြည်သူထံတင်ပြရန် ဒေါ်အောင်ဆန်းစုကြည်ညွှန်ကြား


 ရွေးကောက်ပွဲသတင်း များနှင့် ရွေးကောက်ပွဲမသမာမှု များကို NLD အောင်နိုင်ရေးအွန် လိုင်းလှုပ်ရှားမှုမှတစ်ဆင့် ပြည်သူ ထံသို့တင်ပြရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားကြောင်း သတင်းရရှိသည်။
‘‘ကျွန်တော်တို့ကို အစည်း အဝေးတွေမှာ သေသေချာချာမှာ တာပါ’’ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုသုတေသနလမ်း ညွှန်အဖွဲ့အတွင်းရေးမှူး ကိုမျိုး ရန်နောင်သိန်းက ပြောသည်။
သို့ဖြစ်ရာ ပြည်သူများအနေ နှင့် ရွေးကောက်ပွဲဆိုင်ရာအချက် အလက်များနှင့် မသမာမှုများကို NLD အောင်နိုင်ရေး အွန်လိုင်းလှုပ် ရှားမှု၊ Myo Yan Naung Thein နှင့် Nay Moe Aung လူမှုကွန်ရက်စာမျက်နှာ (Facebook) များသို့ စာရိုက် (Message) ပေးပို့နိုင် ကြောင်း ၎င်းက ပြောသည်။

ရွေးကောက်ပွဲဆိုင်ရာမိုဘိုင်းအက်ပလီကေးရှင်းနှင့် ၀က်ဘ်ဆိုက်များ ထွက်ပေါ်ရန်ရှိ


 လာမည့်ရွေးကောက်ပွဲ ကို ပြည်သူများ စိတ်ပါဝင်စားလာ စေရန်၊ အမတ်လောင်းများ၏ အ ကြောင်းများကို လွယ်ကူစွာ သိရှိ စေရန် ရည်ရွယ်၍ မိုဘိုင်းအက်ပ လီကေးရှင်းနှင့် ၀က်ဘ်ဆိုက်များကို မကြာမီမိတ် ဆက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
လက်ရှိအချိန်တွင် ပြည်သူ အများစုသည် မိမိဒေသရှိ အမတ် လောင်းများကိုပင် မသိရှိခြင်းများ ဖြစ်ပေါ်နေ၍ ရွေးကောက်ပွဲဆိုင် ရာအချက်အလက်များကို ထည့် သွင်းထားသည့် အက်ပလီကေး ရှင်း၊ ၀က်ဘ်ဆိုက်များ ထွက်ပေါ်စေရန် မဲပေးစို့ပြိုင်ပွဲ ကျင်းပခဲ့ ခြင်းဖြစ်ကြောင်း ဖန်တီးရာမှ TechProgram Manager ကိုသီဟ အေးကျော်က ပြောသည်။
‘‘မဲပေးတဲ့သူတွေအတွက် အဆင်ပြေသွားအောင် ဘယ်သူ့ ကို မဲပေးရမလဲ၊ ဘယ်လိုမဲပေးရ မလဲဆိုတာ လေးတွေပါဝင်တာ ပေါ့’’ဟု ၎င်းက ရှင်းပြသည်။
မဲပေးစို့အမည်ရှိ အက်ပလီ ကေးရှင်းနှင့် ၀က်ဘ်ဆိုက်ရေးဆွဲ ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အဖွဲ့ ၃၀ထဲ မှ ဆန်ခါတင်စာရင်းရွေးထုတ် ကာ ပထမ၊ ဒုတိယ၊ တတိယနှင့် ဂုဏ်ပြုအသိအမှတ်ပြုဆု လေးဆု ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

သပိတ်မှောက်ကျောင်းသားနှင့် ၀န်းရံပြည်သူများအား စွဲဆိုထားမှုပယ်ဖျက်ရန် ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်သို့ လျှောက်ထားမည်


သပိတ်မှောက်ကျောင်း သားနှင့် ၀န်းရံပြည်သူများအား စွဲ ဆိုထားသည့်အမှုကို   ပယ်ဖျက် ပေးရန် ပဲခူးတိုင်းဒေသကြီး တရား လွှတ်တော်သို့ အောက်တို ဘာလဆန်းတွင် လျှောက်ထား မည်ဟု တရားခံရှေ့နေများထံမှ သတင်းရရှိသည်။
သပိတ်မှောက်ကျောင်းသား များနှင့် ၀န်းရံပြည်သူများကို ဖြို ခွင်းခြင်း၊ ဖမ်းဆီးခြင်း၊ အမှုဖွင့် ခြင်းနှင့် တရားစွဲဆိုခြင်းသည် ဥပဒေနှင့် မညီသောကြောင့် အမှု ကို  ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၅၆၁(က)အရ ပယ်ဖျက်ပေး ရန် သြဂုတ် ၁၈ ရက်တွင် သာယာ ၀တီမြို့နယ်တရားရုံး၌ လျှောက် ထားခဲ့ပြီး အဆိုပါလျှောက်ထား ချက်သည် သာယာဝတီမြို့နယ် တရားရုံးတွင် ဆုံးဖြတ်ပိုင်ခွင့်မရှိ သောကြောင့် ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်သို့  ဆက်လက် တင်ပြရန် စီစဉ်ခြင်းဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးလှ မျိုးမြင့်က ပြောသည်။