Friday 3 April 2015

အငြင်းပွားဖွယ် ၀တ်စုံကြောင့် ဘိုလီးဗီးယား ကာကွယ်ရေး ၀န်ကြီး ရာထူးမှ ထုတ်ပယ်ခံရ


ဘိုလီဗီးယား ကာကွယ်ရေးဝန်ကြီး ဂျော့ခ်လီဒက်စမာသည် အိမ်နီးချင်း ချီလီနိုင်ငံသို့ အလည်အပတ် သွားရောက်စဉ် ၀တ်ဆင် ခဲ့သည့် အငြင်းပွား ဖွယ်ရာ ၀တ်စုံကြောင့် ရာထူးမှ ထုတ်ပယ်ခံလိုက် ရပြီ ဖြစ်ကြောင်း သိရသည်။

တိကရစ်မြို့ သိမ်းတိုက်ပွဲ အီရတ် တပ်ဖွဲ့များ အောင်ပွဲခံ

အီရတ်နိုင်ငံ တိကရစ်မြို့ကို ထိန်းချုပ်ထားသော IS အကြမ်းဖက်အဖွဲ့ကို တိုက်ထုတ်ကာ အောင်ပွဲ အကြီးအကျယ်ခံ နိုင်ခဲ့ပြီ ဖြစ်ကြောင်း အီရတ် အစိုးရက ကြေညာ ထားသည်။ အီရတ် အစိုးရတပ် များသည် တိကရစ်မြို့တွင်းရှိ နောက်ဆုံး လက်ကျန် IS အဖွဲ့ဝင်များကို အပြီးသတ် တိုက်ပွဲ ဆင်နွဲနေပြီ ဖြစ်သည်။ ၀န်ကြီးချုပ် ဟိုင်ဒါအယ်လ်-အဘာဒီသည် မြို့တွင်းတွင် အီရတ် နိုင်ငံတော် အလံကို လွှင့်ထူ လိုက်ပြီ ဖြစ်သည်။အီရတ် အစိုးရသည် တိကရစ်မြို့ကို သိမ်းပိုက်နိုင်ရေး အတွက် တစ်လကြာ ကြိုးပမ်းခဲ့ရသည်။ တိကရစ်မြို့ သိမ်းပိုက် နိုင်ရေး အီရတ် တပ်ဖွဲ့ဝင် များ၏ ထိုးစစ်ဆင်မှုသည် ခေတ္တခန့် ရပ်ဆိုင်းသွားခဲ့ သော်လည်း လွန်ခဲ့သော အပတ်တွင်မူ အမေရိကန် ဦးဆောင်သော မဟာမိတ်များ၏ လေကြောင်းမှ ထိုးစစ်ကြောင့် တိုက်စစ်ကို ပြန်လည် စတင်နိုင် ခဲ့သည်။

နာမည်တလုံးအတွက် တိုက်ပွဲ


လက်ရှိ အစိုးရလက်ထက် တိုင်းပြည်မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာတွေက များပါတယ်။ အဲလို နိုင်ငံရေးအရှုပ်တွေ များတာကို ဦးနုအစိုးရလက်ထက်တုံးက (ပြဿနာပေါင်း သောင်းခြောက်ထောင်) လို့ သုံးပါတယ်။ အခုတော့ သိန်းဂဏန်းလို့တောင် ပြောရမလားမသိပါ။ အဲဒီအရေအတွက်ထက် အရေးကြီးတာတွေထဲက တခုကို ရေးပါရစေ။ ဘာသာရေး အစွန်းမလွတ်ပြဿနာပါ။ ဘာသာရေးအစွန်းရောက်လို့တော့ မပြောလိုသေးပါ။

ဒီပဲယင်းတွင် လေပြင်းတိုက်ခိုက်မှုကြောင့် သစ်ပင်ဖြင့် ရိုက်မိပြီး ကလေးငယ်နှစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်၊ ဆူးတပ်ကျေးရွာ၏ အနောက် ဘက် ခရိုင်ချင်းဆက် လမ်းမကြီးအနီးတွင် ဧပြီ ၂ ရက် ညနေ ၄ နာရီခွဲအချိန်က ရုတ်တရက်လေပြင်းများ တိုက်ခတ်လာပြီး သစ်ပင်များ လဲကျ၊ သစ်ကိုင်းများ လွှင့်စင်ခြင်းကြောင့် ကလေးငယ်နှစ်ဦးကို ထိမှန်ပြီး သေဆုံးခဲ့သည်။
 လေပြင်းများ တိုက်ခတ်ပြီး သစ်ပင်အချို့ သစ်ကိုင်းများပြတ်ကျခြင်း၊ အမြစ်မှကျွတ်၍လှဲကျကာ အနီးရှိ လူနေအိမ်တစ်လုံးအား သွားရောက် ထိမှန်ခဲ့ရာမှ နေအိမ်ရှေ့တွင် ရပ်နေသည့် ကလေးငယ်နှစ်ဦးမှာ သစ်ကိုင်းများ ရိုက်ခတ်မိသည့်အတွက် ဦးခေါင်း နောက်စေ့ပိုင်းနေရာနှင့် နဖူးနေရာများတွင် ဒဏ်ရာများရရှိခဲ့ပြီး မူးကမ်း တိုက်နယ်ဆေးရုံတွင် အရေးပေါ်ဆေးကုသမှုခံယူနေစဉ် အဆိုပါ ဒဏ်ရာများကြောင့် ယင်းနေ့ ညနေ ငါး နာရီခွဲအချိန်၌ သေဆုံးသွားခဲ့ကြောင်း ဒီပဲယင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးဝန်ထမ်း တစ်ဦးထံမှ သိရသည်။

ကိုးကန့်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား

ကိုးကန့်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့နဲ့ အစိုးရတပ်တွေအကြား တိုက်ပွဲတွေဆက်လက်ဖြစ် ပွားနေပါတယ်။ အခုနောက်ဆုံးဖြစ်ပွားတဲ့ တိုက်ပွဲတွေ ဟာ မတ်လ ၂၇ ရက်နေ့က စတင်ခဲ့တယ်လို့ မြန် မာနိုင်ငံ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ MNDAA ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်း က RFA ကိုပြောပါတယ်။
"မနေ့တုံးကတော့ ဒီမနက် ၃ နာရီအထိဖြစ်တယ်၊ အဲဒီ့ကုန်းကြမ်းဒေသမှာပဲ ခုတ်ထန်ပတ်ဝန်းကျင်မှာ သူတို့က ၉ နာရီကနေစပြီးတော့ လူနည်းနည်းနဲ့ ထိုးတာပေါ့၊ မနက်တုံးကတော့ လက်နက်ကြီးနဲ့ ပစ်တယ်၊ ကြည်းတပ်နဲ့ တက်ထိုးတယ်၊ ဒါပေမဲ့ ည ၉ နာရီကျတော့ လေယာဉ်တော့မပါပါဘူး၊ တင့်ကားတွေ သံချပ်ကာကားတွေလည်း အားလုံးအသင့်ဖြစ်နေပြီလို့ကြား ပါတယ်၊ ဒီ့ထက်အကြိမ်တိုးဖို့ပဲ ရှိပါတယ်"
နှစ်ဖက်ထိခိုက်ကျဆုံးတာတွေရှိပေမဲ့ အတိအကျမသိရသေးကြောင်း၊ အခုတိုက်ပွဲတွေမှာ အစိုးရဖက်က တပ်ဖွဲ့အင်အား အများအပြားနဲ့ ၁၀၅ မမ၊ ၁၂၂ မမ၊ စတဲ့ လက်နက်ကြီးတွေ၊ လေယာဉ်ပျံတွေကိုပါ အသုံးပြု နေကြောင်းလည်း ဦးထွန်းမြတ်လင်း က ပြောပါတယ်။

လူခုနစ်ဦး ဒဏ်ရာရသည့် ရုန်းရင်းဆန်ခတ်မှု လေးရက်ကြာသည့်အထိ ရဲတပ်ဖွဲ့ အမှုဖွင့်မပေးဟုဆို

လှိုင်သာယာမြို့နယ် အပြင်ပဒံ ကျေးရွာအုပ်စု ကျွန်းကြီးကျေးရွာတွင် လွန်ခဲ့သော လေးရက်က ဦးဘိုးသာ ပိုင်ဆိုင်သည်ဟု ဆိုသော လယ်မြေ ပေါ်တွင် EVER DEPELOPMENT ကုမ္ပဏီနှင့် မြေပိုင်ရှင်တို့အကြား မြေအငြင်းပွားမှုကြောင့် ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားရာ ခုနစ်ဦး ဒဏ်ရာရရှိခဲ့မှုကို သောင်ကြီးနယ်မြေ ရဲစခန်းက အမှုဖွင့်မပေးဟု မြေပိုင်ရှင် ဦးဘိုးသာ၏ အဆိုအရ သိရသည်။
ဧပြီလ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီ အချိန်တွင် ကျောက်တံတားမြို့နယ်ရှိ Myanmar Journalist Network (MJN) ရုံးခန်းတွင် ကျင်းပပြုလုပ်သော ရုန်းရင်းဆန်ခတ်မှုနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် လယ်ပိုင်ရှင် ဦးဘိုးသာက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

အထွေထွေ ကာရိုက်တာ စုံချင်တဲ့ စံရတီမိုးမြင့်

ပရိသတ် လက်ခံမှု ရရှိထားသော သရုပ်ဆောင် တစ်ဦး ဖြစ်သည့် စံရတီမိုးမြင့်က သရုပ်ဆောင်မှု အပေါ်တွင် လုပ်နေကျမဟုတ်သည့် ကာရိုက်တာမျိုးစုံကို လုပ်ကြည့်ချင်ကြောင်း ပြောသည်။  ညီမကတော့ ကိုယ့်ကိုယ် ကိုယ်ကာ ရိုက်တာ မစုံသေးဘူးလို့ ခံစားရတယ်။ 

မြန်မာတွေပါတဲ့ ရုရှား ငါးဖမ်းသင်္ဘော နစ်မြုပ်

ရုရှားနိုင်ငံမှာ မြန်မာနိုင်ငံသား အများအပြားပါဝင်တဲ့ ငါးဖမ်းသင်္ဘော ဗုဒ္ဓဟူးနေ့ညက နစ်မြုပ်သွားခဲ့ရာမှာ အနည်းဆုံး ၅၆ ဦး သေဆုံးခဲ့ပါတယ်။
အခုထိ ၆၃ ဦး ကို ကယ်ဆယ်နိုင်ခဲ့ပြီး ၁၃ ဦး ပျောက် ဆုံးနေဆဲဖြစ်ကြောင်း၊ ကယ်ဆယ်နိုင်ခဲ့သူတွေထဲ မှာ မြန်မာနိုင်ငံသား ၁၃ ဦး ပါဝင်ကြောင်း သိရပါတယ်။
အရှည် ပေ ၃၄၀ ၊ တန်ချိန် ၅၇၀၀ ရှိပြီး လူ ၁၃၂ ဦးပါ ရုရှနိုင်ငံလုပ် ငါးဖမ်းသင်္ဘောဟာ ရုရှားနိုင်ငံ အရှေ့ဖျား ဒေသ ရေခဲမှတ်နီးပါးအထိ အေးခဲနေတဲ့၊ မုဆိုးပင်လယ်လို့ အဓိပ္ပါယ်ရတဲ့ အော့ကဟော့ရှ် ပင်လယ်ပြင်မှာ နစ်မြုပ်သွားခဲ့တာပါ။ ရေယာဉ် နစ်မြုပ်ရတဲ့ အကြောင်းရင်းကိုတော့ အတိအကျ မသိရသေးပါဘူး။

ယီမင်သမ္မတ နောက်ဆုံး ခိုလှုံရာ အေဒန်မြို့ သမ္မတနန်းတော်ကို ဟိုသီ လက်နက်ကိုင်များ တိုက်ခိုက်

ယီမင်နိုင်ငံတွင် သမ္မတ နောက်ဆုံး ခိုလှုံရာ အေဒန်မြို့ သမ္မတ နန်းတော်ကို ဟိုသီ လက်နက်ကိုင် များက ကြာသပတေးနေ့တွင် အပြင်း အထန် တိုက်ခိုက်လျက် ရှိကြောင်း သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံ အရ ခွင့်ပြုချက် မယူဘဲ တရားဟောခွင့်ရှိကြောင်း ရွှေည၀ါ ဆရာတော် မိန့်ကြား

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ လွတ်လပ်စွာ တရားဟောခွင့် ရှိကြောင်း တရားဟောခွင့်  ပိတ်ပင် ခံထား ရသော ရွှေည၀ါ ဆရာတော် ဦးပညာသီဟ က မိန့်ကြားသည်။ ရွှေည၀ါ ဆရာတော် ဦးပညာသီဟ သည် ဓမ္မကထိက ဂုဏ်အင်္ဂါနှင့် မညီသောကြောင့် တရားဟောခွင့် မပြုရန်နိုင်ငံတော် သံဃာ့မဟာ နာယက အဖွဲ့ (၄၇) ပါး စုံညီ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တရားရင်ဆိုင်ခြင်း မရှိသည့်အတွက် ဖမ်းဝရမ်း အထုတ်ခံထားရသော ဂရိတ်ဝေါလ်ဦးတင်မောင်နှင့် ဇနီးဒေါ်နန်းလှစိန်တို့မှာ ပြည်တွင်း၌ပင်ရှိနေဟု သတင်းများထွက်ပေါ်နေပြီး သုံးလကြာသည့်တိုင် ဖမ်းဆီးနိုင်ခြင်း မရှိသည့်အပေါ် မြို့ခံများ ဝေဖန်

မန္တလေးမြို့ရှိ တော်ဝင်နှင်းဆီဆေးရုံ တတိယအထပ်တွင် လိုင်စင်မရှိဘဲ ဆေးခန်းဖွင့်လှစ်ခြင်း၊ နိုင်ငံခြားသား တရုတ်နိုင်ငံသား များမှာလည်း ခွင့်ပြုမိန့်မရှိဘဲနေထိုင်ခြင်း၊ ညစ်ညမ်းစာစောင်များနှင့် ဆေးရုံကြော်ငြာမှု တို့ကြောင့်ဆေးရုံပိုင်ရှင် ဦးတင်မောင်နှင့် ဇနီးတို့အား အမှုဖွင့်တရားစွဲဆိုထားခဲ့ရာ တရုတ်နိုင်ငံသားအပါအ၀င် ဦးတင်မောင်(ခ) လီ ဆန်ရှင်းနှင့်ဇနီးမှာ ထွက်ပြေးတိမ်းရှောင်နေသဖြင့် တရားခံပြေးများအဖြစ် ကြေညာထားသည်။
ထိုသို့ မြို့နယ်တရားရုံးမှ တရားခံပြေးအဖြစ် သတ်မှတ်ပြီးနောက် ချမ်းအေးသာစံမြို့နယ် တရားရုံးက ဖမ်းဝရမ်းထုတ်ခဲ့သော်လည်း အမှုဖွင့်ပြီးသည့်နေ့မှစ၍ သုံးလကြာမြင့်နေသည့်တိုင် ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း သိရသည်။

ပြည်သူ့ရင်ပြင်တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ထား ရှိပေးရေး ပြည်ထောင်စု အစိုးရအဖွဲ့ကို တင်ပြပေးမည် ဟု တိုင်း အစိုးရ ၏ ပြောကြားထားမှု နှစ်နှစ်ကြာအထိ အကောင် အထည် မပေါ်သေး၍ လွှတ်တော်တွင် မေးခွန်းထုတ်

ပြည်သူ့ရင်ပြင်တွင် ပုဂ္ဂလိက လုပ်ငန်းရှင်များ၏ စီးပွားရေး အဆောက်အအုံများတစ်ခုပြီး တစ်ခုပေါ်ထွန်း လာသော်လည်း အ မျိုး သားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ ရုပ်တုထား ရှိရေး ကို ပြည်ထောင်စု အစိုးရထံသို့ တင်ပြ ပေးမည်ဟု ရန်ကုန်တိုင်းဒေ သကြီး အစိုးရအဖွဲ့၏ ပြောကြားထားမှု နှစ် နှစ်ခန့်ကြာပြီး သော်လည်း ယခုအချိန် ထိဆောင်ရွက်နိုင်ခြင်းမရှိသေး၍ တိုင်းအစိုးရ၏ လျစ်လျူရှုမှုအပေါ် လွှတ်တော် ကိုယ်စားလှယ်ဦးကျော် က မေးခွန်းထုတ်ခဲ့သည်။

ယီမင်သမ္မတ နောက်ဆုံး ခိုလှုံရာ အေဒန်မြို့ သမ္မတနန်းတော်ကို ဟိုသီ လက်နက်ကိုင်များ တိုက်ခိုက်

ယီမင်နိုင်ငံတွင် သမ္မတ နောက်ဆုံး ခိုလှုံရာ အေဒန်မြို့ သမ္မတ နန်းတော်ကို ဟိုသီ လက်နက်ကိုင် များက ကြာသပတေးနေ့တွင် အပြင်း အထန် တိုက်ခိုက်လျက် ရှိကြောင်း သိရသည်။

မြန်မာတွေပါတဲ့ ရုရှား ငါးဖမ်းသင်္ဘော နစ်မြုပ်

ရုရှားနိုင်ငံမှာ မြန်မာနိုင်ငံသား အများအပြားပါဝင်တဲ့ ငါးဖမ်းသင်္ဘော ဗုဒ္ဓဟူးနေ့ညက နစ်မြုပ်သွားခဲ့ရာမှာ အနည်းဆုံး ၅၆ ဦး သေဆုံးခဲ့ပါတယ်။

အမျိုးသားလွှတ်တော်က အတည်ပြုခဲ့သော ပညာရေး ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ၄၈ ချက် ထပ်မံပြင်ဆင်

အမျိုးသားလွှတ်တော်က ပြင်ဆင်ချက် ၁၀၅ ချက် ဖြည့်စွက်၍ အတည်ပြုပြီး ပြည်သူ့လွှတ်တော်သို့ ဆက်လက် ပေးပို့ထားသော အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ပြင်ဆင်ချက် ၄၈ ချက် ပါရှိသော အစီရင်ခံစာကို ဧပြီလ ၂ ရက် ပြည်သူ့ လွှတ် တော် အစည်းအဝေးတွင် တင်သွင်းခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရှိရသည်။

တရားရင်ဆိုင်ခြင်း မရှိသည့်အတွက် ဖမ်းဝရမ်း အထုတ်ခံထားရသော ဂရိတ်ဝေါလ်ဦးတင်မောင်နှင့် ဇနီးဒေါ်နန်းလှစိန်တို့မှာ ပြည်တွင်း၌ပင်ရှိနေဟု သတင်းများထွက်ပေါ်နေပြီး သုံးလကြာသည့်တိုင် ဖမ်းဆီးနိုင်ခြင်း မရှိသည့်အပေါ် မြို့ခံများ ဝေဖန်

မန္တလေးမြို့ရှိ တော်ဝင်နှင်းဆီဆေးရုံ တတိယအထပ်တွင် လိုင်စင်မရှိဘဲ ဆေးခန်းဖွင့်လှစ်ခြင်း၊ နိုင်ငံခြား သား တရုတ်နိုင်ငံသား များမှာလည်း ခွင့်ပြုမိန့်မရှိဘဲနေထိုင်ခြင်း၊ ညစ်ညမ်းစာစောင်များနှင့် ဆေးရုံ ကြော်ငြာ မှု တို့ကြောင့်ဆေးရုံပိုင်ရှင် ဦးတင်မောင်နှင့် ဇနီးတို့အား အမှုဖွင့်တရားစွဲဆိုထားခဲ့ရာ တရုတ် နိုင်ငံသား အပါအ၀င် ဦးတင်မောင်(ခ) လီ ဆန်ရှင်းနှင့်ဇနီးမှာ ထွက်ပြေးတိမ်းရှောင်နေသဖြင့် တရားခံ ပြေးများ အဖြစ် ကြေညာထားသည်။

ထိုင်းနိုင်ငံသို့ တရားမ၀င် ၀င်လာသည့် မြန်မာအယောက်၂၀ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်း ကန်ချနပူရီခရိုင်ထဲမှာ ဧပြီလ ၁ ရက်နေ့က တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာအလုပ်သမား ၂၀ ဦးကို ဖမ်းဆီးရမိတယ်လို့ သနေရှင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

အဖမ်းခံရမှာကြောက်လို့ နံရံပေါ် (၂) ရက်ကြာ တွယ်ကပ်နေခဲ့တဲ့ သူခိုး

ရဲအဖမ်းမခံချင်တဲ့ သူခိုးတစ်ယောက်ဟာ အဆောက်အဦးတစ်ခုရဲ့ အပြင်ဘက် လေအေးပေးစက် တစ်လုံး ပေါ် နာရီပေါင်း ၄၀ ကြာတွယ်ဖက်နေခဲ့တယ်လို့ Sina သတင်းဌာနက တနင်္လာနေ့မှာ ဖော်ပြခဲ့ပါတယ်။

မြန်မာစာဖြင့် အသုံးပြုနိုင်မည့် application များကို ဦးစားပေး ရေးသားကြရန် ဒုတိယသမ္မတ တိုက်တွန်း

မြို့ပြနေပြည်သူများသာမက ကျေးလက်နေပြည်သူများပါ အိုင်စီတီကို အသုံးပြုနိုင်စေရန်အတွက် မြန်မာ စာဖြင့် ဖန်တီးထားသည့် application များကို ဦးစားပေး တီထွင်ရေး သားကြရန် နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက တိုက်တွန်းပြောကြားလိုက်သည်။

၂၀၂၀ ၌ မြန်မာ့လူဦးရေ၏ ၂၀ ရာခိုင်နှုန်းခန့် ဘဏ်လုပ်ငန်းနှင့် ချိတ်လုပ်ကိုင်နိုင်ရန် ဆောင်ရွက်မည်

ပြည်တွင်းဘဏ် တစ်ခုဖြစ်သော ကမ္ဘောဇဘဏ်၏ ဘဏ်ခွဲတစ်ခုကို တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ)ဘဏ်လုပ်ငန်းများနှင့် ချိတ်ဆက်သည့် နိုင်ငံသားအားလုံးပါဝင်သော ငွေကြေးဝန်ဆောင်မှုကို ၂၀၂၀ ပြည့် နှစ်တွင် လူဦးရေ၏ ၂၀ ရာခိုင်နှုန်းအထိ တိုးတက်သုံးစွဲရေး ဆောင်ရွက်သွားမည်ဟု ဘဏ္ဍာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဦးမောင်မောင်သိမ်းက ပြောသည်။ 

အာဖရိကပြိုင်ပွဲ ဝင်ခွင့် ပိတ်ခံထားရခြင်းအပေါ် မော်ရိုကို၏ အယူခံအောင်မြင်

၂၀၁၇ နှင့် ၂၀၁၉ အာဖရိက ဖလားပြိုင်ပွဲ ပိတ်ပင်ခံထားရခြင်းအပေါ် မော်ရိုကိုအသင်းက အယူခံဝင်ခဲ့ရာ အောင်မြင်သွားခဲ့သည်။ ၂၀၁၅ အာဖရိက ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ်ကျင်းပရန် ပျက်ကွက်ခဲ့သည့် မော်ရိုကိုအသင်းအပေါ် အာဖရိက ဘောလုံးအဖွဲ့ချုပ်က ပြစ်ဒဏ်ချ ထားခြင်းကိုအားကစားခုံရုံးက ပယ်ဖျက် ပေးလိုက်ခြင်းဖြစ်သည်။

KIA အဖွဲ့မှ မူးယစ်ဆေးဝါးဖြတ်ပေးမည်ဟု အကြောင်းပြ၍ ဒေသခံ လူငယ်များအား လူသစ်စုဆောင်း

ကချင်ပြည်နယ်၊ ရွှေကူ၊ ဗန်းမော်၊ မိုးမောက်၊ မန်စီ၊ အူလန်ပါ၊ လွယ်ဂျယ်နှင့် ဒေါ့ဖုန်းယန်စသည့် မြို့နယ် များရှိ ဒေသခံ လူငယ်များအား KIA အဖွဲ့မှ မူးယစ်ဆေးဖြတ်ပေးမည်ဟု အကြောင်းပြကာ လူသစ် စုဆောင်းမှုများ ပြုလုပ်နေကြောင်း ယင်းဒေသခံများထံမှ သတင်းရရှိသည်။

ကင်ညာ တက္ကသိုလ်ကို အကြမ်းဖက်သမားများ ၀င်စီး၊ ၁၄၇ ဦး အသတ်ခံရ

ကင်ညာနိုင်ငံ အရှေ့မြောက်ပိုင်းက ဂါရီစ်ဆာ(Garissa) တက္ကသိုလ်မှာ ပြီးခဲ့တဲ့ ဧပြီ ၂ ရက်နေ့ အစော ပိုင်းက အယ်လ်ရှာဘတ် (Al Shabaab) အကြမ်းဖက်သမားတွေက ၀င်ရောက် စီးနင်းခဲ့ပြီး ညပိုင်း တက္ကသိုလ်ဝန်းကို ရှင်းလင်းပြီးချိန်မှာတော့ သတ်ဖြတ်ခံရသူ ကျောင်းသူကျောင်းသား ၁၄၇ ယောက် ရှိခဲ့ တယ်လို့ ကင်ညာ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

ကျိုက်ထိုတွင် ဟိုင်းလပ်နှင့် သဲတင်ယာဉ် တိုက်မိ၊ လူ ၁၀ ဦး သေဆုံး

မွန်ပြည်နယ် ကျိုက်ထိုမြို့ ရန်ကုန်-မော်လမြိုင် ကားလမ်းတွင် ဧပြီလ ၂ ရက် နံနက် ၉ နာရီခွဲက ခရီးသည် တင် ဟိုင်းလပ်မော်တော်ယာဉ်နှင့် သဲတင်မော်တော်ယာဉ်တို့ မျက်နှာချင်းဆိုင် ဝင်တိုက်မိရာမှ ဟိုင်းလပ် ယာဉ်ပေါ်ပါ သုံးနှစ်အရွယ် ကလေးငယ် အပါအဝင် ၁၀ ဦး သေဆုံးခဲ့ပြီး နှစ်ဦးမှာ အပြင်းအထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း ကျိုက်ထိုမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

နစ်မြုပ် ရုရှားငါးဖမ်းသင်္ဘောတွင် မြန်မာ ၄၂ ယောက် ပါ

ယမန်နေ့ ဧပြီလ ၂ ရက် ကြာသပတေးနေ့ အစောပိုင်း ရုရှနိုင်ငံအရှေ့ ဘက်ကမ်းရိုး ပင်လယ်အတွင်း နစ်မြုပ် သွားသော ရုရှငါးဖမ်းသင်္ဘော ပေါ် တွင် မြန်မာ ၄၂ ယောက်ပါဝင်ကြောင်း အေပီသတင်းက ဆိုသည်။ 

ကြိုတင်မဲ မသာမာမှု အတတ်နိုင်ဆုံး ကာကွယ်မည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ကတိပေး

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ကြိုတင်မဲမသမာမှုများကို အတတ်နိုင်ဆုံး အကာအကွယ် ပေးသွား မည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဒေါက်တာ ဒေါ်မြင့်ကြည်က ဧပြီလ ၂ ရက် ရန်ကုန်မြို့ Summit Parkview ဟိုတယ်တွင် ပြုလုပ်သည့် ရွေးကောက်ပွဲကာလ မီဒီယာနှင့်ပတ်သက်၍ နိုင်ငံရေးပါတီများနှင့် မီဒီယာများ ဆွေးနွေးပွဲတွင် ပြောကြားသွားသည်။

ထိုင်းနိုင်ငံသို့ တရားမ၀င် ၀င်လာသည့် မြန်မာအယောက်၂၀ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်း ကန်ချနပူရီခရိုင်ထဲမှာ ဧပြီလ ၁ ရက်နေ့က တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာအလုပ်သမား ၂၀ ဦးကို ဖမ်းဆီးရမိတယ်လို့ သနေရှင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

အင်ဒိုနီးရှားရောက် မြန်မာတွေ ဌာနေပြန်ဖို့ ထိုင်းအဖွဲ့ ကူမယ်

အင်ဒိုနီးရှားနိုင်ငံ အမ်ဘွန်းကျွန်းမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသား ငါးဖမ်းလှေလုပ်သားတွေ နေရပ် ပြန်နိုင်ရေးအတွက် ကူညီဆောင်ရွက်သွားမယ်လို့ ထိုင်းအခြေစိုက် NGO တခုဖြစ်တဲ့ LPN အလုပ်သမား အခွင့်အရေး မြှင့်တင်ရေး ကွန်ရက်က ပြောကြားလိုက်ပါတယ်။ အင်ဒိုနီးရှား ပင်လယ်ပြင်မှာ ငါးသွားဖမ်းတဲ့ ထိုင်းငါးဖမ်းလှေတွေနဲ့ မြန်မာ အလုပ်သမားတွေ လိုက်ပါသွားရာကနေ အကြောင်းအမျိုးမျိုးနဲ့ အဲဒီမှာ သောင် တင်နေကြတာ ဖြစ်ပါတယ်။

အောက်လွှတ်တော်အမတ် နန်စီ ဦးဆောင်သောအဖွဲ့ ရွေးကောက်ပွဲ၊ အခြေခံဥပဒေ၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးတို့နှင့် ပတ်သက်၍ အဓိကဆွေးနွေး

သမ္မတဦးသိန်းစိန်နှင့် ကန်အောက်လွှတ်တော်အမတ် နန်စီပလိုစီ (ဓာတ်ပုံ −သမ္မတရုံး)
အမေရိကန်အောက် လွှတ်တော်အမတ် နန်စီပလိုစီ ဦးဆောင်သည့် ကိုယ်စားလှယ်အ ဖွဲ့သည် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ လူ့အခွင့်အရေး၊ ကုန်သွယ်ရေးနှင့် မကြာမီ ကျင်းပတော့မည့် ရွေးကောက်ပွဲအရေးတို့ကို ဦးစားပေးဆွေး နွေးခဲ့ကြကြောင်း သတင်းထုတ်ပြန်သည်။

ကယားပြည်နယ်ရှိ မူလတန်းပြ စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမများအတွက် (မွမ်းမံ)သင်တန်း ဖွင့်လှစ်

ကယားပြည်နယ်အတွင်းရှိ ကျေးရွာများတွင် ပညာသင်ကြားပေးနေသည့် မူလတန်းပြ စေတနာ့ ဝန်ထမ်း ဆရာ၊ ဆရာမများ အတွက် မွမ်းမံသင်တန်းကို ဧပြီ ၁ ရက်မှ ၃၀ ရက်အထိ တစ်လတာ ဖွင့်လှစ် သွားမည်ဟု ယင်းသင်တန်းကို ဦးစီးဖွင့်လှစ်သည့် ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့ ပညာရေး လက် ထောက် တာဝန်ခံ ခူးဝေလင်းဦးက မဇ္ဈိမကို ပြောသည်။

စာရေးဆရာထင်လင်းဦး အမှု (၁၃)ကြိမ်မြောက် ရုံးထုတ်စစ်ဆေး

စာရေးဆရာထင်လင်းဦးအား ရုံးထုတ်စစ်ဆေးနေစဉ် (ဓာတ်ပုံ − မျိုးမင်းဦး)
ချောင်းဦးမြို့နယ် ဟော ပြောပွဲတစ်ခုတွင် ဘာသာသာ သနာစော်ကားပြောဆိုသည်ဟု စွပ်စွဲချက်ဖြင့် တရားစွဲဆိုခြင်းခံရ သော စာရေးဆရာထင်လင်းဦး အား ချောင်းဦးမြို့နယ် တရားရုံး၌ ဧပြီ ၂ ရက်က (၁၃)ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့သည်။

စစ်လေယာဉ်ဗုံးကျ၍ လူသေဆုံးမှု တရုတ်ကို မြန်မာအစိုးရ တောင်းပန်

သမ္မတဦးသိန်းစိန်၏ အထူးကိုယ်စားလှယ်အဖြစ် စေလွှတ်ခဲ့သော နိုင်ငံ ခြားရေးပြည် ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီတို့ ဧပြီ ၂ ရက်တွင် လက်ဆွဲနှုတ်ဆက်နေစဉ် (ဓာတ်ပုံ − ဆင်ဟွာ)
တရုတ်နိုင်ငံပိုင်နက်အတွင်းသို့ စစ်လေယာဉ်မှဗုံးကျခဲ့ပြီး လူငါးဦး သေဆုံးခဲ့ရခြင်းအပေါ် မြန်မာအစိုးရက တောင်းပန်ပြီး တာဝန်ရှိ ကြောင်း လက်ခံလိုက်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြော ကြား သည်။

တရားမမှုများ သီးသန့်စစ်ဆေးသည့် တရားရုံးများ ဖွဲ့စည်းရန် အစီအစဉ်မရှိဟုဆို

နှစ်နှင့်ချီ၍ ရင်ဆိုင်နေကြရသော တရားမမှုများကို သီးသန့်စစ်ဆေးစီရင်ရသည့် တရားရုံးများ ဖွဲ့စည်း ဆောင်ရွက်ရန် မရှိသေးကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူ ကြီး ဦးစိုးညွန့်က ပြောကြား သည်။

ကင်ညာကောလိပ် တိုက်ခိုက်မှု ၁၇၄ ဦးသေဆုံး

ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့ အရှေ့ဘက်အရပ်က တက္ကသိုလ်တခုမှာ တနေကုန် စီးနင်းတိုက်ခိုက်မှု အတွင်း အယ်ရှာဘတ် အစ္စလာမ်မစ် စစ်သွေးကြွ ၄ ယောက်နဲ့ လူပေါင်း ၁၄၇ ယောက် သေဆုံးပြီး၊ အဆုံးသတ်ခဲ့တဲ့ အကြောင်း အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။

ငြိမ်းချမ်းရေး အလင်းတန်း ဘယ်လောက် လင်းနိုင်မလဲ

"ငြိမ်းချမ်းရေး အလင်းရောင်သာမက ငြိမ်းချမ်းရေး အလင်းတန်းတွေပါ လင်းလာပါပြီ" မတ်လ ၃၁ ရက်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT တို့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်စာချုပ်မူကြမ်း NCA တွင်ပါရှိမည့် အချက်များကို နှစ်ဘက် သဘောတူ လက်မှတ်ထိုးပြီးနောက် သမ္မတ ဦးသိန်းစိန် ပြောဆိုခဲ့သည့် စကားဖြစ်သည်။ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေး ဗဟိုဋ္ဌာန MPC တွင် မတ်လ ၃၁ ရက်က ပြုလုပ်သည့် လက်မှတ်ထိုးပွဲသို့ သမ္မတကိုယ်တိုင် တက်ရောက် လာခဲ့ခြင်းသည် လက်မှတ်ထိုးမှုကို အထူးတလည် အလေးထားကြောင်း ထင်ရှားသည်။ 

အရည်အသွေးမရှိသည့် ပညာရေးပေးရန် အမျိုးသား လွှတ်တော် ဆုံးဖြတ်ဟု NNER ထုတ်ပြန်

အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်၏ ဥပဒေကြမ်း ကော်မတီက ပြန်လည်ပြင်ဆင်ရေးသားပြီး အတည်ပြုလိုက်သည့် အချက်များကို ရည်ညွှန်းလျက် အမျိုးသား လွှတ်တော်သည် အရည်အသွေးမရှိသည့် ပညာရေးကို ပေးရန် ဆုံးဖြတ်ပေးလိုက်သည်ဟု ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် NNER က ထုတ်ပြန်လိုက်သည်။

ဗန်းမော်မြို့မှတစ်ဆင့် တရုတ်နိုင်ငံ လွယ်ဂျယ်နယ်စပ်သို့ ၁၀ ဘီးကားကြီးများဖြင့် တစ်ရက်လျှင် မီးသွေးတန် ၁၀၀ ခန့် ခိုးထုတ်နေ

ဗန်းမော်ဆိပ်ကမ်းတွင် တရုတ်နိုင်ငံသို့တင်ပို့မည့် မီးသွေးအိတ်များကို ဧပြီ ၁ ရက်က တွေ့ရစဉ်
ကချင်ပြည်နယ် လွယ်ဂျယ်နယ်စပ် ဂိတ်မှ တစ်ရက်လျှင် တန် ၁ဝဝ နီးပါးတင်ပို့နေမှုကို မတ် ၂၃ ရက်က ကချင်ပြည်နယ် လွှတ်တော်တွင် မေးမြန်းဆွေးနွေးမှုများရှိခဲ့ကြောင်း သတင်းရရှိသည်။

ပူးတွဲစုံစမ်းစစ်ဆေးမှု သုံးသပ်ချက် ထွက်ပေါ်လာပြီးနောက် မြန်မာက ဗုံးကြဲတိုက်ခိုက်မှုကြောင့် တရုတ်ငါးဦး သေဆုံးမှုကို တရားဝင်တောင်းပန်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် လင်းချန်းခရိုင် မုန်တိမ်မြို့ တာ့ရွှေရှန်း တုကျွေးရွာအနီး ကြံခင်း တွင် မြန်မာစစ်လေယာဉ်က ဗုံးဆန်ကျရောက်မှုကြောင့် တရုတ်နိုင်ငံသားငါးဦး သေဆုံးခဲ့ပြီး ရှစ်ဦးဒဏ်ရာ ရရှိခဲ့သည့် ဖြစ်စဉ်နှင့်စပ်လျဉ်း၍ မြန်မာ-တရုတ် ပူးတွဲစုံစမ်းစစ်ဆေးမှု သုံးသပ်ချက် ထွက်ပေါ်လာပြီးနောက် မြန်မာက တရုတ်အား ဧပြီ ၂ ရက်က တရားဝင်တောင်းပန်ခဲ့ကြောင်းသတင်းဖော်ပြချက်များအရသိရသည်။

ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်လည်တည်ဆောက်ပေးရေး ဆန္ဒပြခဲ့သည့် တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးနှင့် တက်ကြွလှုပ်ရှားသူ တစ်ဦးကို စတင်ရုံးထုတ်သည့် နေ့မှာပင် ပြည်မြို့နယ် ဒုတိယတရားသူကြီး ဦးသောင်းထွန်းက အလုပ်ကြမ်းနှင့် ထောင်ဒဏ် လေးလ ချမှတ်

ပဲခူးတိုင်း အနောက်ပိုင်းဒေသကြီး ပြည်မြို့မှ တရားလွှတ်တော်ရှေနေ့ ဦးမြင့်အေးနှင့် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ကိုမျိုးသူထွဋ်တို့ နှစ်ဦးအား ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို ရုံးတင်စစ်ဆေးသည့် နေ့မှာပင် ပြစ်မှုကျူးလွန်ကြောင်း ၀န်ခံသဖြင့် ဒုမြို့ နယ် တရားသူကြီး ဦးသောင်းထွန်းက အလုပ်ကြမ်းနှင့် ထောင်ဒဏ် လေးလအမိန့် ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်ကို အကြောင်းပြပြီး ရွေးကောက်ပွဲများ ရွှေ့ဆိုင်းသွားမည်ကို စိုးရိမ်မိကြောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်အောက်လွှတ်တော် ဒီမိုကရက်တစ်ခေါင်းဆောင် မစ္စနန်စီပလိုစီတို့ ဆွေးနွေး

ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စနန်စီပလိုစီဦးဆောင်သည့် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ နေပြည်တော် ပြည်သူ့လွှတ်တော်ဝင်း အတွင်းရှိ ကော်မတီဆောင် I-12 ၌ ဧပြီ ၁ ရက်က တွေ့ဆုံဆွေးနွေးစဉ် (Photo:NLD Chairperson facebook)
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်အောက်လွှတ်တော် ဒီမို ကရက်တစ်ခေါင်းဆောင် မစ္စနန်စီပလိုစီ ဦးဆောင်သည့် လွှတ်တော်ကိုယ်စားလှယ် အဖွဲ့သည် နေပြည် တော် ပြည်သူ့လွှတ်တော်ဝင်း အတွင်းရှိ ကော်မတီဆောင် I-12 ၌ ဧပြီ ၁ ရက် ညနေ ၄ နာရီတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ 

ဖမ်းဆီးခံ ကျောင်းသားများ ပြန်လွှတ်ပေးရေး လှည်းတန်းတွင် စတစ်ကာ လှုပ်ရှားမှု ပြုလုပ်

ဖမ်းဆီးခံကျောင်းသားများ ပြန်လွှတ်ပေးရေးအတွက် ဧပြီ ၂ ရက်က လှည်းတန်းတွင် စတစ်ကာလှုပ်ရှားမှု ပြုလုပ်စဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)
သာယာဝတီ အကျဉ်းထောင်တွင် ဖမ်းဆီးချုပ်နှောင်ခံထားရသည့် ကျောင်းသားများကို အမြန်ဆုံး ပြန်လွှတ် ပေးရန်အတွက် ရန်ကုန်မြို့ လှည်းတန်းအနီးတစ်ဝိုက်တွင် ဧပြီ ၂ ရက် ညနေပိုင်းက စတစ်ကာ လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။

အဓမ္မကျင့်ခံရကာ သေဆုံးသွားသည့် ဆရာမနှစ်ဦးအမှု မျက်မြင်ဟုယူဆရသူများကို ခေါ်မေးရန် ကေဘီစီ စီစဉ်

အဓမ္မပြုကျင့်ခံရ၍ သေဆုံးခဲ့သော ကချင်ကျောင်းဆရာမ နှစ်ဦး၏ အမှုနှင့် ပတ်သက်၍ မျက်မြင်များဟု ယူဆရသူများကို တွေ့ဆုံ မေးမြန်းရန် ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် (KBC) က စီစဉ်နေသည်ဟု မူဆယ်မြို့နယ် မုံမောင်ဇုံနယ်မှ KBC အထွေထွေအတွင်းရေးမှူး ဇော်ရာက မဇ္ဈိမကို ပြောသည်။