Showing posts with label အထူးကြားဖြတ်သတင်းများ. Show all posts
Showing posts with label အထူးကြားဖြတ်သတင်းများ. Show all posts

Monday, 20 April 2015

လေပြင်းနှင့် မိုးကြိုးပစ်ခြင်းအန္တရာယ်သတိပြုရန် ဒေါက်တာထွန်းလွင် သတိပေး

မေလ ၁၅ ရက်မတိုင် မီအထိ မြန်မာနိုင်ငံဒေသအနှံ့ တွင် လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးကြိုးပစ်ခြင်းကဲ့သို့ သဘာဝဘေး အန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် သတိပြုရန်လိုအပ်ကြောင်း ဒေါက်တာ ထွန်းလွင်က သတိပေးသည်။
‘‘မိုးကြိုကာလကလည်း ရောက်ခါနီးနေပြီ။ ဒါကြောင့် မိုး တိမ်တောင်ကြောင့်ဖြစ်တဲ့ လေ ပြင်းကျတာတွေ၊ မိုးကြိုးပစ်တာ တွေ မေလလယ်အထိ သတိပြုဖို့ လိုတယ်’’ဟု ဒေါက်တာ ထွန်းလွင်က ပြောသည်။

Wednesday, 18 September 2013

လောကတွင် မယားကောင်း မယားမြတ်တို့ ၏ အင်္ဂါအရည်အချင်းများ

၁။ အိပ်ယာနေရာ အစားအသောက်တို့ကို သန့်ရှင်စင်ကြယ်စွာ စားသောက် နေထိုင်လေ့ရှိခြင်း..။

Friday, 5 April 2013

အင်ဒိုနီးရှားရှိ immigration Detention Centre ဖြစ်စဉ်နှင့်စပ်လျဉ်း၍ မြန်မာအစိုးရမှ ဖြေရှင်းချက်တောင်းဆိုမည်





အင်ဒိုနီးရှားရှိ immigration Detention Centre ဖြစ်စဉ်နှင့်စပ်လျဉ်း၍
=====================================

ဂျာကာတာရှိ မြန်မာသံရုံးက အင်ဒိုနီးရှားအစိုးရ တာဝန်ရှိသူများထံ-

(၁) ဖြစ်စဉ်အမှန်ကို မှန်မှန်ကန်ကန် တရားမျှတစွာ စုံစမ်းဖော်ထုတ်ပေးရန်၊

Thursday, 4 April 2013

မြေငလျင်သတင်း

လွန်ခဲ့တဲ့ မိနစ်ပိုင်း( ၁၁:၄၀ ) က မြန်မာနိုင်ငံ မြို့တော် နေပြည်တော်၏ အနောက်တောင်ဘက် ၄၁ မိုင် (၆၁ ကီလိုမီတာ) အကွာနေရာ မြေအောက်အနက် ၆ မိုင် (၉.၇) ကီလိုမီတာ နေရာကို ဗဟိုပြုပြီး အင်အား ရစ်ချက်တာစကေး ၅.၈ အဆင့်ရှိ မြေငလျှင်တခု လှုပ်ရှားသွားတယ်လို့... အမေရိကန်အစိုးရ ကမ္ဘာ့ငလျှင် စောင့်ကြည့်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်..။

Wednesday, 3 April 2013

၄၈လမ်း ဗလီ မီးလောင်မှုအဖြစ်မှန်ပေါ်ပေါက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်သတင်း နှင့် စာနယ်ဇင်းရှင်းလင်း





ရန်ကုန်မြို့ ၄၈ လမ်းဗလီမှ စာသင် ကလေးငယ် မောင်ဝေယံသူ (အသက် ၁၄နှစ်)၊ မောင်မောင်ဇော်၊ မောင် မျိုး အောင်တို့မှ မီးလောင်ကျွမ်းခဲ့ပုံအဖြစ် မှန် များကို ထုတ်ဖော်ပြောပြခဲ့သောကြောင့် ဧပြီလ ၂ရက်နေ့ နံနက်ပိုင်းက ၄၈လမ်း ဘာသာရေးစာသင်ကျောင်း ဗလီ မီးသင့် လောင်ကာ လူသေဆုံးမှု၏ အများက စိတ်ဝင်စားနေသောအဖြစ်မှန်ပေါ်ပေါက်သွားခဲ့ပြီဟု ဧပြီလ ၂ရက်နေ့ ညနေကရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးတွင်ပြုလုပ်သည့် စာ နယ်ဇင်းရှင်းလင်းပွဲမှ သိရသည်။

Monday, 25 March 2013

ပြန်ကြားရေးဝန်ကြီးဌာန၏ ၀ဘ်ဆိုက် ဆိုက်ဘာ တိုက်ခိုက်ခံရ

ပြန်ကြားရေးဝန်ကြီးဌာန၏ တရားဝင်ဝက်ဘ်ဆိုက်ဖြစ်သည့် www.ministryofinformaiton.gov.mm မှာ အွန်လိုင်း တိုက်ခိုက်မှုခံလိုက်ရသောကြောင့် ပြန်လည်ပြင်ဆင်နေ ရကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးရဲထွဋ်က သူ၏ facebook စာမျက်နှာတွင်ရေးသားထားသည်။
 

Friday, 22 March 2013

အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းချက်


မိတ္ထီလာခရိုင်အား အရေးပေါ်အခြေအနေ ကြေညာရာတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၁၂၊ ပုဒ်မခွဲ (က)ပါ ပြဌာန်းချက်အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်း၍ နိုင်ငံတော်သမ္မတက ထုတ်ပြန်ကြေညာခြင်း ဖြစ်ပါသည်။

မိတ္ထီလာ အရေးပေါ်အခြေအနေထုတ်ပြန်ကြေညာလိုက်ခြင်း




နိုင်ငံတော်သမ္မတရုံး
ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ် (၁/၂၀၁၃)
(၂၀၁၃ ခုနှစ်၊ မတ်လ ၂၂ ရက်)
--------------------------------------------------------------


အရေးပေါ်အခြေအနေကြေညာခြင်း

၁။ မန္တေလးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်တွင် တည်ငြိမ်အေးချမ်းမှု ပျက်ပြားသည့် အခြေအနေများဖြစ်ပေါ်မှုကြောင့် ပြည်သူများ၏လုံခြုံရေးနှင့်တည်ငြိမ် အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ၂၀၁၃ ခုနှစ်မတ်လ ၂၀ ရက်မှစ၍ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်၍ ထိန်းသိမ်းဆောင်ရွက်ခဲ့ပါသည်။

Wednesday, 20 March 2013

မိတ္ထီလာမှ သတင်းများ

နောက်ဆုံးသတင်းများအရ မိတ္ထီလာမြို့  မှ အခြေအနေအရပ်ရပ်အား ထိန်းသိမ်းနိုင်ရန်အတွက် သက်ဆိုင်ရာမှ ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ကြောင်း သိရှိရပါသည်။

မိတ္ထီလာမြို့မှ နောက်ဆုံးရ သတင်းများ (၉ နာရီ ၁၅ မိနစ် )


ည ၈ နာရီ ၁၅ မိနစ်ခန့်တွင် တော်ဝင်နန်း မင်္ဂလာခန်းမအနီးရှိ ဗလီပျက်စီး၊ ၈ နာရီ ၅၀ ခန့် တွင် အောင်ဇေယျ ရပ်ကွက်တွင် လူအများရုန့်ရင်းဆန်ခတ်ဖြစ် လက်ရှိအချိန်ထိ ... ဆိုင်ကယ် ကယ်ရီသမားတစ်ဦး ဓါးဖြင့်ခုတ်ခံရ၊ ဦးဇင်း တစ်ပါး မီးလောင်ဒဏ်ရာဖြင့် မန္တလေး ဆေးရုံပို့ရန်ပြင်ဆင်နေ သည်ဟု သိရပါသည်။

မိတ္ထီလာ သတင်းများ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ရှိ မြို့မဈေးကြီးတွင် ယနေ့ နေ့လယ်ပိုင်းက စတင်ဖြစ်ပွား ခဲ့သော ပဋိ ပက္ခကြောင့် ယနေ့ ညနေ ၆နာရီမှ စတင်ကာ ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပြီး မိတ္ထီလာ ဆေးရုံသို့ ထိခိုက် ဒဏ် ရာရရှိသူများ ရောက်ရှိလာကြောင်း၊အတည်မပြုနိုင်သောသတင်းများအရဘုန်းတော်ကြီးတစ်ပါး ပျံ လွန်တော် မူကြောင်း၊ ရဲတပ်ဖွဲ့များနှင့် မီးသတ်ကားများလည်း အသင့်ဖြန့်ကျက် ထားကြောင်း၊ ကု လားနှင့် မြန်မာများစုနေကြသောရပ်ကွက်များတွင် လုံခြုံရေးတိုးမြှင့်ထားကြောင့်သိရပြီးလက်ရှိ အခြေအနေ များကြောင့် မနက်ဖြန်တွင် စာမေးပွဲဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများအတွက် စိတ်အနှောင့် အ ယှက်ဖြစ်နေကြကြောင်း သိရပါသည်။

ဘင်္ဂါလီလူမျိုး (၈၀) နီးပါးခန့်အား မြိတ်မြို့တွင် ဒုတိယ အကြိမ် ထပ်မံ ဖမ်းဆီးရမိ



ဘင်္ဂလာဒေ့်ရှ် နိုင်ငံမှ တရားမ၀င် ခိုးဝင်လာသော ဘင်္ဂါလီ လူမျိုး (၇၈) ဦးအား ပြည်သူများ၏ သတင်းပေးမှု၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် တပ်မတော်(ရေ) ၊ တပ်မတော် (ကြည်း) တို့၏ ပူးပေါင်း ရှာဖွေ ဖမ်းဆီး မှုကြောင့် ၂၀၁၃ ခုနှစ်၊ မတ်လ (၁၇) ရက်နေ့နေ့ (၁၉) ရက်နေ့များတွင် မြိတ်မြို့နယ် အ တွင်း ထပ်မံ ဖမ်းဆီး ရမိကြောင်း သိရှိရသည်။

Friday, 15 March 2013

လူတိုင်း ဖုန်းကိုင်နိုင်တော့မည် ။

မြန်မာ့ဆက်သွယ်ရေးမှဆင်းကဒ်ဖုန်းများကိုဧပြီလ၁ရက်နေ့ စတင်ကာ ရောင်းချပေးတော့ မည် ဖြစ်ကြောင်း သတင်း ရရှိသည်။

GSMဆင်းကဒ်ကိုကျပ်နှစ်ထောင်နှင့်လည်ကောင်း၊WCDMAကျပ်ငါးထောင်နှင့်လည်ကောင်း ရောင်းချပေး     သွားမည် ဖြစ်ကြောင်းမြန်မာ့ဆက်သွယ်ရေးမှ အတွင်းသတင်းရရှိထားခြင်း ဖြစ်သည်။

Tuesday, 12 March 2013

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား ဆက်လက်ဆောင်ရွက်စေသင့်ကြောင်း စုံစမ်းစစ်ဆေးရေးကော်မရှင် အကြံပြု စီမံကိန်းဆန္ဒပြမှုကို ဖြိုခွဲရာတွင် ရဲတပ်ဖွဲ့သည် ဖော့စဖောရပ်ဓာတ် ပါဝင်သည့် မီးခိုးဗုံးကို အသုံးပြုခဲ့သည်ဟု အပြီးသတ် အစီရင်ခံစာတွင် ဖော်ပြ

 

စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ စုံစမ်းစစ်ဆေး ချက်များအရ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် အားနည်းချက်များ ရှိသော်လည်း ထိုအားနည်းချက်များသည် ပြင်ဆင်နိုင်သည့် ကိစ္စများဖြစ်သောကြောင့် စီးပွားရေး၊ လူမှုရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ နိုင်ငံတကာ ဆက်ဆံရေး ရှုထောင့်မျိုးစုံ ကို ခြုံငုံ စဉ်း စားပြီး ပြုပြင်ရန်အကြံပြုချက်များအားအကောင်အထည်ဖော်ဆောင်ရွက်စေလျက်လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆက်လက် ဆောင်ရွက်စေသင့်ကြောင်း မတ် လ ၁၂ ရက်နေ့ထုတ် နိုင်ငံပိုင် သ တင်း စာ များ၌ ဖော်ပြခဲ့ သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာတွင် အကြံပြု ခဲ့သည်။

Saturday, 9 March 2013

Breaking News

ရန်ကုန်၊ မတ်- ၉
ရွှေပြည်သာမြို့သစ်၊ နွယ်သာကီလမ်း၊ ဗီအိုင်ပီ ၂ ရပ်ကွက်ရှိ ဧရာဝတီ အထည်ချုပ်စက်ရုံ နှစ်ထပ်အမျိုးသမီးအဆောင်သည် မိနစ် လေးဆယ်နီးပါးကြာမီးလောင်ကျွမ်းခဲ့ပြီး မွန်းလွဲ ၁ နာရီ ၁၀ မိနစ်တွင် မီးငြိမ်းသွားကြောင်း သတင်းရရှိသည်။

Wednesday, 6 March 2013

မော်လ်ဒိုက် သွားခွင့်လက်မှတ်ရသွားသည့် မြန်မာအသင်း

 AFC Challenge Cup 2014 ပြိုင်ပွဲ၏ ခြေစစ်ပွဲအုပ်စု(က)နောက်ဆုံးပွဲစဉ်တွင် အိမ်ရှင်မြန်မာအသင်းသည် အိန္ဒိယ အသင်း အား(၁-၀)ဂိုးဖြင့် အနိုင်ယူကာ သုံးပွဲကစား၊နှစ်ပွဲနိုင်၊တစ်ပွဲသရေ၊ ရမှတ်(၇)မှတ်ဖြင့် အုပ်စုပထမနေရာရရှိကာ တိုက် ရိုက်ခြေစစ် ပွဲအောင်မြင်သွားပြီဖြစ်သည်။

Breaking News

အင်းစိန်မြို့နယ် ရွာမအနောက်ရပ်ကွက်ရှိ သံမဏိစက်ရုံတွင် နံနက် ၁၀ နာရီ ၅၀ မိနစ်အချိန်ခန့်မှစ၍ မီးလောင်ကျွမ်း မှု ဖြစ် ပွားနေပြီး ယခုလက်ရှိ အချိန်တွင် မီးထိန်းနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

Tuesday, 13 November 2012

နေပြည်တော်မှ ပြင်ဦးလွင်သို့ ထွက်ခွာလာသော မန္တလာမင်းနှင့် အခြားကားအချို့ တိုက်ခိုက်ခံရ

နေပြည်တော်မှ ပြင်ဦးလွင်သို့ အဝေးပြေးလမ်းမကြီး အတိုင်း ထွက်ခွာလာသော မန္တလာမင်း ကားနှင့် အခြားကား အချို့ မိုင်တိုင် ၂၀၈၊ ၆ ဖာလုံနဲ့ ၈ ဖာလုံကြား အရောက်တွင် လမ်းဘေးဘယ်ညာ မှ လောက်ေ လး ခွများဖြင့် ပစ်ခတ်တိုက်ခိုက် ခံရကြောင်း ယာဉ်ပေါ်တွင် ပါရှိသူ ခရီးသွားတစ်ဦးက ဖုန်းဆက် အကြောင်းကြားသည်။

Monday, 12 November 2012

"ပျဉ်းမနားမြို့ ကမ္ဘောဇဘဏ်ဘေး မီးလောင်မှုဖြစ်ပွား"

"ပျဉ်းမနားမြို့ ကမ္ဘောဇဘဏ်ဘေး မီးလောင်မှုဖြစ်ပွား"
ယနေ့(၁၂.၁၁.၂၀၁၂)ရက်နေ့၁၀နာရီ ၃၀ အချိန်တွင် နေပြည်တော်ကောင်စီနယ်မြေပျဉ်းမနားမြို့ရှိ ဘိုတောက်ထိန်လမ်း
နှင့် ဦးဘွားလမ်းထောင့် ရှိ ငွေစန္ဒာ စတိုးဆိုင်(ကမ္ဘောဇ ဘဏ်)ဘေးတွင် မီးလောင်မှု ဖြစ်ပွားနေကြောင်းသိရသည်။အဆိုပါမီး
လောင်မှုသည် ၀ါယာရှော့ကြောင့် ဖြစ်ကြောင်း ပြောကြားချက်များအရသိရသည်။လက်ရှိတွင် ပျဉ်းမနားမီးသတ်စခန်းမှ မီးသတ်ကား
တစ်စီး ရောက်ရှိနေပြီဖြစ်ပြီး ရပ်မိရပ်ဖများမှလည်း ၀ိုင်းဝန်းငြိမ်းသတ်နေကြောင်းရသည်။ah

ယနေ့(၁၂.၁၁.၂၀၁၂)ရက်နေ့၁၀နာရီ ၃၀ အချိန်တွင် နေပြည်တော်ကောင်စီနယ်မြေပျဉ်းမနားမြို့ရှိ ဘိုေ တာက် ထိန်လမ်းနှင့် ဦးဘွားလမ်းထောင့် ရှိ ငွေစန္ဒာ စတိုးဆိုင်(ကမ္ဘောဇ ဘဏ်)ဘေးတွင် မီးလောင် မှု ဖြစ် ပွားနေကြောင်းသိရသည်။

Thursday, 8 November 2012

ကြွေလွင့်တော့မှာလား ကြိုကြာသံရေ .....


 
ပြည်သူချစ်သော အဆိုတော်ကိုခင်မောင်တိုးခေါ်ကိုတိုးကြီး၏ ကျန်းမာရေး အခြေအနေ အလွန်ဆိုးဝါးနေ သည်(သို့)ကွယ်လွန်သွားသည်ဟု သတင်းများထွက်ပေါ်လျှက်ရှိပါသည်။