Wednesday 25 November 2015

ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး နိုင်ငံစာရင်းမှ လွတ်မြောက်ရေး မြန်မာကြိုးပမ်းမည်

 မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံး နိုင်ငံများအဖွဲ့မှ လွတ်မြောက်နိုင်ရန် ကုလသမဂ္ဂထံ တင်ပြ ထား ပြီး ၂၀၁၈ ခန့်တွင် ကုလ၏ စစ်ဆေးမှုကိုခံယူရမည်ဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က ပြောသည်။
ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံး နိုင်ငံများအဖွဲ့မှ မြန်မာနိုင်ငံလွတ်မြောက်နိုင်ရန် ကုလသမဂ္ဂထံသို့ တရားဝင် တင်ပြထားပြီး ကုလသမဂ္ဂက မြန်မာနိုင်ငံကို အဖွဲ့စေလွှတ်ကာ လွတ်မြောက်ရေးအတွက် ဆောင်ရွက် ရမည့် လမ်း ကြောင်းများကို ပေးခဲ့သည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။

စစ်ဆေးခံရမှုသည် သုံးနှစ် ကြာမည်ဖြစ်သည်ဟုလည်း ၎င်း က ဆိုသည်။

နိုဝင်ဘာ ၂၄ ရက်က ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုအစိုးရ အဖွဲ့မှ ပေးပို့လာသည့် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် ဒုတိယခြောက်လပတ် အမျိုးသားစီမံကိန်း ဆောင်ရွက်မှု အစီရင်ခံစာနှင့်ပတ်သက်၍ သံဖြူဇရပ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းအောင်က ဆွေးနွေးရာ၌ မြန်မာနိုင်ငံသည် ဆင်းရဲမွဲတေမှု နိုင်ငံများတွင်ပါဝင်နေသည်ကို လွတ်မြောက်နိုင်ရန် လိုအပ်ချက်များကို စဉ်းစားသင့် ကြောင်း လွှတ်တော်သို့ တင်ပြခဲ့ သည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းအောင်၏ ဆွေးနွေးမှုအပေါ် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ပြန်လည်ရှင်းလင်းရာတွင် မြန်မာ နိုင်ငံသည် အဆင်းရဲဆုံးနိုင်ငံမဟုတ်ကြောင်းနှင့် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများအဖွဲ့တွင် ပါဝင်နေပြီး ယင်းအဖွဲ့မှ လွတ်မြောက်နိုင်ရန် ဆောင်ရွက်နေမှုများကို လွှတ်တော်သို့ ပြန်လည်တင်ပြခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် ၁၉၈၇ တွင် ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး နိုင်ငံများအဖွဲ့သို့ ၀င်ရောက်ခဲ့သည်။

7Day Daily 

No comments:

Post a Comment