Monday 7 September 2015

ဈေးလျှော့ရောင်း၍ ကျပ်သိန်းနှစ်ရာမှ ခြောက်ရာအတွင်း မြေကွက်များ အလုပ်ပြန်ဖြစ်


မြောက်ဥက္ကလာ ပ၊ သင်္ဃန်းကျွန်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်များရှိ ပါမစ်မြေနှင့် ဂရန်မြေများအဓိက အလုပ်ဖြစ်နေပြီး ကျပ်သိန်း နှစ် ရာကျော်မှ ကျပ်သိန်း ခြောက်ရာ ခန့် အိမ်လုံးချင်းများ ယခုရက်ပိုင်း အတွင်း အရောင်းအ၀ယ်ဖြစ်နေ ကြောင်း အိမ်ခြံမြေဈေးကွက်မှ သတင်းရရှိသည်။
ပေ ၄၀×၆၀၊ ၁၂ ပေခွဲ×၅၀ မြေကွက်များသည် ရပ်ကွက်အပေါ်မူတည်ပြီး အရောင်းအ၀ယ်ဖြစ်နေကြောင်း ဒဂုံဆိပ်ကမ်းမြို့နယ်မှ အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ပြောသည်။
‘‘တကယ်နေမယ့် ထိုင်မယ့် သူတွေဝယ်ကြတာပါ။ ရပ်ကွက် ကောင်းကောင်း၊ အိမ်ကောင်း ကောင်းကို သိန်းသုံးရာ၊ လေးရာ လောက်နဲ့ တချို့က ပေးဝယ်နေ ကြတယ်’’ဟု စိုင်းခွန်နောင်အိမ်ခြံ မြေအကျိုးဆောင်လုပ်ငန်းရှင် ဦး စိုင်းခွန်နောင်က ပြောသည်။
သို့သော် မြို့စွန်မြို့နယ်များ ရှိ မြေကွက်များ၊ စီမံကိန်းအသံ ကြားတိုင်းလိုက်လံဝယ်ယူသည့် နေရာများ၊ မြို့လယ်တိုက်ခန်းများကန်ထရိုက်ကြိုပွိုင့်တိုက်ခန်းများ က အရောင်းအ၀ယ်မရှိသလောက်နည်းပါးနေဆဲဖြစ်ကြောင်း အိမ်ခြံ မြေ အကျိုးဆောင်များက ပြော သည်။

ဒေါ်အောင်ဆန်းစုကြည် ဟိုပုံးမြို့တွင် ဘိန်းအစားထိုး သီးနှံစိုက်တောင်သူများနှင့်တွေ့ဆုံ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်သည် ရှမ်းပြည်တောင်ပိုင်း ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေ သ ခရီးစဉ်အတွင်း ဟိုပုံးမြို့ ၀မ့် ဟွေ့ရွာရှိ UNODC ၏ ဘိန်းအ စားထိုးသီးနှံစိုက်ခင်းများသို့ သွား ရောက်လေ့လာခဲ့ပြီး တောင်သူ များနှင့်တွေ့ဆုံကာ ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိ သည်။ဟိုပုံးမြို့ ၀မ့်ဟွေ့ရွာရှိကမ္ဘာ့ ကုလသမဂ္ဂမူးယစ်နှင့်ပြစ်မှုဆိုင် ရာမှုခင်းရုံး (UNODC)၏ ဘိန်းအစားထိုး သီးနှံစိုက်ခင်းများကို UNODC ၏ ဖိတ်ခေါ်မှုဖြင့် သွား ရောက်ကြည့်ရှုခဲ့ခြင်းဖြစ်သည်။‘‘ကျွန်မတို့ ဟိုပုံးကိုလာတာ အကြောင်းနှစ်ခုရှိပါတယ်။ တစ်ခု ကပြည်သူတွေနဲ့တွေ့ဖို့နဲ့ နောက် တစ်ခုက မူးယစ်ဆေးဝါးနဲ့ ပတ် သက်လို့ လုပ်နေတဲ့ အစီအစဉ် တစ်ခုကို ကြည့်ဖို့’’ဟု ဒေါ်အောင် ဆန်းစုကြည်ကပြောသည်။

ရွှေ့ပြောင်းဒုက္ခသည်များကို ယူရိုငွေ ဘီလီယံနှင့်ချီ ဝေငှထောက်ပံ့ပေးသွားရန် ဂျာမနီစီစဉ်


ဂျာမနီ အစိုးရ အနေဖြင့် နိုင်ငံအတွင်း အခြေချခွင့်ပေးရန် လက်ခံထားသည့် ရွှေ့ပြောင်း ဒုက္ခသည်များကို အကူအညီပေးရန်အတွက် ယူရိုငွေ ဘီလီယံနှင့်ချီ ဝေငှပေးသွားရန် စီစဉ်နေကြောင်း သိရသည်။
ဂျာမနီသည် ၎င်းတို့၏ လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ စည်းမျဉ်းများကို လျှော့ချပေးလိုက်ခြင်းကြောင့် အာဖရိကမှ ထွက်ပြေးလာသည့် ရွှေ့ပြောင်းဒုက္ခသည်များအတွက် အကျိုးကျေးဇူးများ ရရှိလာသည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် ဩစတြီးယားနှင့် ဟန်ဂေရီတို့ကို ဖြတ်သန်းကာ ဒုက္ခသည် ၁၈၀၀၀ ဝန်းကျင်မျှ ဂျာမနီသို့ ဆိုက်ရောက်လာခဲ့သည်။အဓိပတိ အန်ဂျလာ မာကယ်လ် ဦးဆောင်သည့် ဂျာမနီ အစိုးရ၏ လူဝင်မှုဆိုင်ရာ စံနှုန်းကန့်သတ်ချက်များ လျှော့ချလိုက်ခြင်းသည် ဂျာမနီ၏ နယ်နိမိတ်ကို အတားအဆီးမရှိ ဖွင့်လှစ်ရာ ရောက်နေပြီး မခန့်မှန်းနိုင်သည့် အန္တရာယ်များ ကြုံလာနိုင်ကြောင်း ဝေဖန်မှုများလည်း ရှိနေသည်။

ဟာသသရုပ်ဆောင်တစ်ဦး ဂွာတီမာလာ သမ္မတ ဖြစ်လာရန် အလားအလာကောင်းနေ


ဂွာတီမာလာ နိုင်ငံတွင် ဟာသသရုပ်ဆောင်တစ်ဦး သမ္မတ ဖြစ်လာရန် အလားအလာ ကောင်းနေကြောင်း သတင်းရရှိသည်။စက်တင်ဘာ ၆ ရက် ရွေးကောက်ပွဲ၏ မဲအရေအတွက် ထက်ဝက်ကျော်ကို ရေတွက်ပြီးချိန်တွင် ဂျင်မီ မိုရာလက်စ်သည် သမ္မတ ဖြစ်နိုင်ခြေရှိသူ သုံးဦးအနက် အလားအလာအကောင်းဆုံးအဖြစ် ထွက်ပေါ်လာသည်။ ၎င်းသည် မဲပမာဏ စုစုပေါင်း၏ ၂၆ ရာခိုင်နှုန်းကို ရရှိထားကြောင်း သိရသည်။အရည်အချင်းရှိသော လူရွှင်တော် တစ်ဦးအဖြစ် သတ်မှတ်ခံထားရသည့် မိုရာလက်စ်သည် နိုင်ငံရေး နယ်ပယ်ထဲ ခြေဆန့် ဝင်ရောက်လာပြီးနောက် “ခြစားမှု မရှိစေရ၊ သူခိုးတစ်ယောက်မှ မရှိစေရ”ဆိုသည့် ကြွေးကြော်မှုဖြင့် ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။

စစ်အတွင်း ကွဲကွာသွားသည့် မိသားစုများ ပြန်လည် ဆုံတွေ့နိုင်ရေး ကိုရီးယားနှစ်နိုင်ငံ ဆွေးနွေး


စစ်အတွင်းက ကွဲကွာသွားသည့် မိသားစုများ ပြန်လည် ဆုံတွေ့ခွင့်ပေးရေး အစီအစဉ်အတွက် တောင်နှင့်မြောက် ကိုရီးယား နှစ်နိုင်ငံတို့ အလေးအနက် ဆွေးနွေးလျက်ရှိကြောင်း သိရသည်။
၁၉၅၀ မှ ၁၉၅၃ ထိဖြစ်ပွားခဲ့သော ကိုရီးယား ကျွန်းဆွယ်စစ်ပွဲတွင် မိသားစု၊ ဆွေမျိုးများ ကွဲကွာသွားခဲ့ကြပြီး ယင်းတို့ကို ပြန်လည် တွေ့ဆုံခွင့်ပေးသည့် အစီအစဉ်မျိုးကို ယခင်ကလည်း နှစ်နိုင်ငံ ညှိနှိုင်း အကောင်အထည် ဖော်ပေးခဲ့ဖူးသည်။ သို့သော်လည်း နောက်ပိုင်းနှစ်များတွင်မူ အဆိုပါ အစီအစဉ်မျိုး ဖြစ်မြောက်မှု ရှားပါးလာခဲ့သည်။လတ်တလောတွင် နှစ်နိုင်ငံမှ ကြက်ခြေနီ အဖွဲ့အစည်းများ ဦးဆောင်ကာ နယ်စပ်ရှိ ပန်မွန်ဂျောင်မ် ကျေးရွာတွင် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
ကိုရီးယား ကျွန်းဆွယ်စစ်ပွဲတွင် စစ်ဘေးရှောင်ရင်း ကွဲကွာသွားသည့် မိသားစု ထောင်ပေါင်းများစွာ ရှိခဲ့ပြီး ယခင်တွေ့ဆုံရန် အစီအစဉ်များ ဆွေးနွေးရာ၌ မြောက်ကိုရီးယားဘက်မှ ပြန်လည် ဖျက်သိမ်းသွားမှုအချို့ ရှိခဲ့ဖူးသည်။ နှစ်နိုင်ငံ မိသားစုများ ပြန်လည် ဆုံတွေ့ပေးမှုကို ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလက နောက်ဆုံးအကြိမ် ပြုလုပ်နိုင်ခဲ့သည်။

အိန္ဒိယတွင် မိုးကြိုးပစ်မှုများကြောင့် တစ်ရက်အတွင်း လူ ၃၂ ဦးထက်မနည်း သေဆုံး


အိန္ဒိယရှိ ပြည်နယ်နှစ်ခုတွင် မိုးကြိုးပစ်မှုများကြောင့် တစ်ရက်အတွင်း လူ ၃၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
စက်တင်ဘာ ၆ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုများနှင့်အတူ အန်ဒရာ ပရာဒက်ရှ်နှင့် အော်ရစ်ဆာ ပြည်နယ်များတွင် မိုးကြိုးပစ်မှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့သည်။ အန်ဒရာ ပရာဒက်ရှ်ရှိ ခရိုင် ၇ ခုတွင် မိုးကြိုးပစ်မှုများကြောင့် လူ ၂၃ ဦး အသက်ဆုံးရှုံးပြီး အော်ရစ်ဆာ ပြည်နယ် အရှေ့ပိုင်းတွင် နောက်ထပ် ၉ ဦး သေဆုံးခဲ့သည်။
တာဝန်ရှိသူများက မိုးကြိုးပစ်ချမှု အများစုသည် စက်တင်ဘာ ၆ ရက် ညနေပိုင်းတွင် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ အများစုမှာ မိုးရွာသွန်းချိန်တွင် လယ်ထဲဆင်းပြီး အလုပ်လုပ်နေသည့် လယ်လုပ်သားများ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အန်ဒရာ ပရာဒက်ရှ်တွင် နယ်လိုရီ၊ ပရာကာဆမ်၊ ဂူန်တာ၊ ကရစ်ရှ်နား၊ အရှေ့ဂိုဒါဗာရီ၊ အန်နန်တာပွာ၊ သီရိကာကုလမ် ခရိုင်များတွင် မိုးကြိုးပစ်မှုများ ဖြစ်ပွားခဲ့ပြီး သေဆုံးသူများအနက် အနည်းဆုံး အမျိုးသမီး ၆ ဦးထိ ပါဝင်ကြောင်းလည်း သိရသည်။