Friday 7 August 2015

နယ်ချဲ့ဝါဒကို ဆန့်ကျင်သည့် အနေဖြင့် မြောက်ကိုရီးယား၏ အချိန်ဇုန် ပြောင်းလဲသတ်မှတ်

နယ်ချဲ့ဝါဒကို ဆန့်ကျင်သည့် လုပ်ဆောင်မှု တစ်ရပ်ဟု ကြေညာကာ မြောက်ကိုရီးယားက ၎င်းတို့၏ အချိန်ဇုန်ကို ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း သိရသည်။
မြောက်ကိုရီးယားသည် ဒုတိယ ကမ္ဘာစစ် အပြီးတွင် ဂျပန်လက်အောက်မှ လွတ်လပ်ရေး ရရှိလာခြင်းဖြစ်ပြီး ဂျပန်တို့ကို ယနေ့တိုင် နယ်ချဲ့များအဖြစ် စွပ်စွဲနေဆဲ ဖြစ်သည်။ တစ်ကမ္ဘာလုံး အသိအမှတ် ပြုထားသည့် သတ်မှတ်ချက်အရ မြောက်ကိုရီးယားသည် ဂျပန်၊ တောင်ကိုရီးယားတို့နှင့် အချိန်ဇုန် တူညီပြီး ဂရင်းနစ်စံတော်ချိန်ထက် ၉ နာရီ ပိုစောသည်။
ရုရှားနိုင်ငံသည် တရားမဝင် တင်သွင်းလာကြောင်း စွပ်စွဲချက်ဖြင့် သိမ်းယူထားသည့် အနောက်တိုင်း အစားအသောက် တန်ပေါင်းများစွာကို ဘူဒိုဇာများဖြင့် နင်းချေ ဖျက်ဆီးပစ်ခဲ့ကြောင်း သိရသည်။
တောင်များသဖွယ် မြင့်မောက်နေသည့် တန်ပေါင်းများစွာသော ချိစ်များ၊ သစ်သီးများ၊ ဝက်ဆားနယ်ခြောက်များ အပါအဝင် အနောက်နိုင်ငံများမှ တင်သွင်းလာသည့် အစားအသောက်များကို ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။ ယင်းအစားအသောက်များသည် စည်းကြပ် ပိတ်ပင်မှုကို ဖောက်ဖျက်ကာ ရုရှားနိုင်ငံအတွင်း တင်သွင်းလာကြောင်း ရုရှား အစိုးရက စွပ်စွဲထားသည်။
ပြီးခဲ့သည့်နှစ်က ယူကရိန်းပိုင် ခရိုင်းမီးယား ဒေသကို ရုရှားက ၎င်းတို့ပိုင်နက် နယ်မြေအဖြစ် သိမ်းယူလိုက်ခြင်းကို အနောက်နိုင်ငံများက ဆန့်ကျင်ကာ အရေးယူ ပိတ်ဆို့မှုများ ပြဋ္ဌာန်း သတ်မှတ်ခဲ့သည့်နောက် ရုရှားကလည်း လက်စားချေသည့် အနေဖြင့် အနောက်နိုင်ငံဖြစ် ကုန်စည်အချို့ကို တင်သွင်းခွင့် ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။

ဆော့ဖ်ဝဲဘွဲ့လွန်ဒီပလိုမာသင်တန်း မန္တလေးကွန်ပျူတာတက္ကသိုလ်တွင် ဖွင့်လှစ်မည်

မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ်နှင့် အိန္ဒိယ နိုင်ငံရှိ Bangalore သတင်းအချက်အလက် နည်းပညာတက္ကသိုလ်တို့ ပူးပေါင်း၍ Post Graduate Diploma in Software Development သင်တန်း ဖွင့်လှစ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ ဒီပလိုမာသင်တန်းကို မန္တလေးကွန်ပျူတာတက္ကသိုလ်တွင် စက်တင်ဘာ ၁၀ ရက်မှ စတင်ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းကာလ ကိုးလကြာမြင့်မည်ဖြစ်ကာ သင်တန်းကြေး ကျပ် ငါးသိန်း ပေးသွင်းရမည်ဖြစ်သည်။
မန္တလေးကွန်ပျူတာတက္ကသိုလ်တွင် သင်တန်းတက်ရောက် နေစဉ် သင်ထောက်ကူပစ္စည်းများ ပံ့ပိုးပေးမည်ဖြစ်ကာ နေထိုင် စရိတ်များကို မိမိအစီအစဉ်ဖြင့် သုံးစွဲရမည်ဖြစ်ပြီး သင်တန်းတက်ရောက်လိုသူများသည် M.C.Sc ၊ M.C.Tech၊ M.I.Sc(Hons)၊ B.C. Tech(Hons)၊ ME(IT)နှင့် BE(IT)ဘွဲ့ကို ၂၀၁၂ ဇွန်လ ၃၀ ရက် နောက်ပိုင်းတွင် ရရှိပြီး အတန်းစဉ်အလိုက် ပျမ်းမျှရမှတ် ၆၀ ရာခိုင် နှုန်းအထက်ရရှိသူများ လျှောက်ထားနိုင်ဖြစ်သည်။

မုန်တိုင်းပိုအားကောင်းလာပြီး မြန်မာ့ကမ်းရိုးတန်းဘက်သို့ ပိုနီးလာသော်လည်း မြန်မာသို့ မ၀င်ဟု ပညာရှင်များ ခန့်မှန်း

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းမှာ ပိုမိုအားကောင်းလာပြီး မြန်မာနိုင်ငံရခိုင်ကမ်းရိုးတန်းဘက်သို့ ပိုမိုနီးကပ်လာသော်လည်း အိန္ဒိယကမ်းခြေသို့သာ ၀င်ရောက်မည်ဖြစ်ကြောင်း မိုး/ဇလပညာရှင်ဒေါက်တာဦးထွန်းလွင်က ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် သတိပေးထားသည်။
သို့သော် မုန်တိုင်းအရှိန်ကြောင့်လာမည့် ၂၄နာရီအတွင်း ရခိုင်နှင့် ချင်းပြည်နယ်တို့တွင်ဒေသအလိုက်မိုးကြီးနိုင်ပြီး ရခိုင်ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများကျရောက်နိုင်ပြီး လှိုင်းကြီးနိုင်ကြောင်းဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။

ဦးကိုကိုကြီး ရွေးကောက်ပွဲမ၀င်ရန် ဆုံးဖြတ်

၈၈ မျိုးဆက်ခေါင်းဆောင် ဦးကိုကိုကြီးသည် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်တော့မည်မဟုတ်ကြောင်း ပြောကြားလိုက်ပြီး ၄င်းအား ထောက်ခံအားပေးသည့် မဲဆန္ဒရှင်ပြည်သူများအား အနူးအညွတ်တောင်းပန်ပါကြောင်း ပြောကြားသည်။

“မဲကွဲမှာစိုးလို့ NLD က ၀င်ခဲ့တယ်။ အခု မဲကွဲမှာစိုးလို့ တစ်သီးပုဂ္ဂလလည်း ၀င်မပြိုင်တော့ဘူး။ ကျွန်တော် ရွေးကောက်ပွဲမ၀င်တော့ပါဘူး။ မဲဆန္ဒရှင်ပြည်သူတွေကိုတော့ အနူးအညွတ်တောင်းပန်ပါတယ်။ ဒါပေမဲ့ ရေရှည်နိုင်ငံရေးအတွက်တော့ ခင်ဗျားတို့ရဲ့မျှော်လင့်ချက်တွေကို ကျွန်တော် ဖြည့်ဆည်းပေးသွားမယ်ဆိုတာကို ယုံကြည်လိုက်ပါ” ဟု ဦးကိုကိုကြီးကပြောကြားခဲ့သည်။