Thursday, 2 May 2013

အမေရိကန်နိုင်ငံသားတဦးကို မြောက်ကိုရီးယား ထောင်ဒဏ်ချမှတ်

ရေဖြင့် ဖုန်းအားသွင်းစနစ် မကြာမီ လာမည်

ပြန်ကြားရေး ၀န်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဠ် ၏ သတင်းထုတ်ပြန်ချက်

ယနေ့ ညနေ ခြောက်နာရီလေးဆယ့်ငါးမိနစ်ခန့်မှာ မန္တလေးမြို့ ၃၅ လမ်း၊ ၇၄/ ရ၅ လမ်းကြားမှာ ရှိတဲ့ အစ္စလမ်ဘာသာဝင်အိမ်များရှေ့မှာ ဆိုင်ကယ်သုံးစီးဖြတ်မောင်းပြီး ဘုန်းကြီးတွေ မီးရှို့ဖို့ လာနေပြီ၊ ထွက်ကြ လို့ အော်ဟစ်သွားတဲ့အတွက် ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့ပါတယ်။

မုံရွာတွင် သတင်းထောက် တဦး ပျောက်ဆုံးနေ

အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးပွဲ အတွက် WGEC ပြင်ဆင်

တိုင်းရင်းသားများ ပူးပေါင်း ဆောင်ရွက်ရေး အလုပ် အဖွဲ့WGEC ( Working Group for Ethnic Co-ordinating) သည် အစိုးရနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးသည့်အခါ တင်ပြရမည့်အချက်များကို ကြိုတင် ပြင်ဆင်သည့် အနေဖြင့် (3) ရက်တာ ဆွေးနွေး ခဲ့ကြသည်ဟု ပြောခွင့်ရသူ ခွန်ဥက္ကာက ဆိုပါသည်။

ဆေးမင်ရည်လွယ်လွယ်ပြယ်ချေပြီလား

ပုလင်းဖောက်နိုင်တဲ့ မျက်မှန် လာပြီ

နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ မိသားစုများ၏ စတုတ္ထ အကြိမ် စုပေါင်းရဟန်းခံ/ ရှင်ပြု အလှူတော်မင်္ဂလာအခမ်းအနား ကျင်းပ ပြုလုပ်

ထူးခြားဆန်းကြယ်သော ရှေးဟောင်းဗုဒ္ဓအံတော်တစ်ဆူအရွယ်အစား ပိုမိုကြီးမားလာလျက်ရှိ

ထူးခြား ဆန်းကြယ်သော ရှေးဟောင်း ဗုဒ္ဓအံတော်တစ်ဆူ အရွယ်အစား ပိုမိုကြီးမား လာလျက်ရှိ

ကယ်လီဖိုးနီးယား ပြည်နယ် တောင်ပိုင်းရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းမှ ဗုဒ္ဓအံတော် တစ်ဆူ၏ အရွယ်အစားသည် ဆက်လက် ကြီးထွား လျက် ရှိကြောင်း အဆိုပါ ဘုန်းတော်ကြီး ကျောင်းရှိ တာဝန်ရှိသူ များက ပြောကြားထားသည်။

ရာနှင့်ချီသော ဗုဒ္ဓဘာသာဝင် များသည် အရှည် နှစ်လက်မခန့်ရှိ ဗုဒ္ဓအံတော်အား ဖူးမြော်ကြည့်ရှုရန် စုဝေး ရောက်ရှိ လာခဲ့ကြောင်း သိရသည်။

အဆိုပါ ရှေးဟောင်း ဓာတ်တော်သည် လွန်ခဲ့သော နှစ်ပေါင်း ထောင်ချီခန့်က ပရိနိဗ္ဗာန် ပြုခဲ့သည့် ဗုဒ္ဓ ဘုရား၏ အံတော်ဖြစ်ပြီး အရွယ်အစားမှာ

Read More >> http://bit.ly/14Y16kQ
ကယ်လီဖိုးနီးယားပြည်နယ်တာင်ပိုင်းရှိ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း တစ်ကျောင်းမှ ဗုဒ္ဓအံတော်တစ်ဆူ၏ အရွယ်အစားသည် ဆက်လက် ကြီးထွား လျက် ရှိကြောင်း အဆိုပါ ဘုန်းတော်ကြီး ကျောင်းရှိ တာဝန်ရှိသူ များက ပြောကြားထားသည်။

နွမ်းပါးသည့် ကလေးငယ်များ စိတ်ဓာတ်မြှင့်တင်ရေးပွဲ နန်းခင်ဇေယျာ ပါဝင်ကူညီ

မြန်မာအပေါ် တရုတ်က ဆက်ဆံရေး ပြောင်းလဲလာ

ဥက္ကံ အကြမ်းဖက်မှု တဦး သေဆုံး၊ သံသယရှိသူများကို ဖမ်းဆီးအရေးယူ

လူ့အခွင့်အရေး တိုးတက်သလို ဥပဒေပြင်ရန်လည်း လိုအပ်

မေလ ၃ ရက် သောကြာနေ့ အတွက် မိုးလေဝသ ခန့်မှန်းချက်

ရှမ်းပြည်နယ်တွင်တိုက်ပွဲများဖြစ်ပွားနေမှုမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ စစ်စခန်းများ တိုးချဲ့နေခြင်းကြောင့်ဟုဆို

ဥက္ကံ ပဋိပက္ခ သာယာဝတီသို့ ကူးမလာစေရန် ညမထွက်ရအမိန့် ထပ်တိုးထုတ်ပြန်

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်တွင် ညမထွက်ရအမိန့် ထုတ်ပြန်မှုမူလထက် တစ်နာရီ ထပ်မံ တိုးမြှင့်လိုက်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိ သူက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ရွှေဈေးကျသည့်အတွက် တရုတ်နိုင်ငံတွင် ၀ယ်ယူသူများပြားလျှက်ရှိ

Photo: ရွှေဈေးကျသည့်အတွက် တရုတ်နိုင်ငံတွင် ၀ယ်ယူသူများပြားလျှက်ရှိ
Thursday, May 02, 2013

ရွှေဈေးများကျဆင်းခဲ့သည့်အတွက် ဟောင်ကောင်နယ်စပ်အနီးရှိသော လက်ဝတ်ရတနာပစ္စည်းဆိုင်များတွင် တရုတ်ပြည်မကြီးမှ ရွှေလာဝယ်သူများ တန်းစီဝယ်ယူနေကြကြောင်းသိရသည်။

(၂)နှစ်အတွင်းတွင် ရွှေဈေးများဒေါ်လာ(၁၃၂၁)အထိထိုးကျခဲ့သည့်အတွက်
ရွှေလက်ဝတ်ရတနာများအရောင်းသွက်ခဲ့ခြင်းဖြစ်သည်။ပြီးခဲ့သည့်နှစ်တွင်
ရွှေဈေးမှာ စံချိန်တင်မြှင့်တက်ခဲ့ပြီး ယခုကျသွားသော ရွှေဈေးကြောင့်
ရွှေဈေးကွက်အရောင်းအ၀ယ်ကောင်းလာကြောင်း Gold Council FarEast
၏ အထွေထွေမန်နေဂျာအဲလ်ဘတ်ချန် ကပြောကြား ခဲ့သည်။

ကမ္ဘာ့အကြီးဆုံးလက် ၀တ်ရတနာဆိုင်ကြီးဖြစ်သော ချိုတိုင်ပေါ့ခ်၏အပြော
အရ တရုတ်၊ဟောင်ကောင်နှင့်မကာအိုရှိ ဆိုင်များတွင် ပြီးခဲ့သည့် (၂)ပတ်
အတွင်း (၃၀%)မှ(၄၀%)ပိုရောင်းရကြောင်း ရိုက်တာသတင်းမှ သိရသည်။

Ref:SkyNet TV Browser
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို Like လုပ်ထားပါ

ရွှေဈေးများကျဆင်းခဲ့သည့်အတွက် ဟောင်ကောင်နယ်စပ်အနီးရှိသော လက်ဝတ် ရတနာ ပစ္စည်း ဆိုင် များ တွင် တရုတ်ပြည်မကြီးမှ ရွှေလာဝယ်သူများ တန်းစီဝယ်ယူနေကြကြောင်းသိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တစ်ဝန်းရှိ မိဘပြည်သူများသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရေဒီယို အစီအစဉ်များမှ တစ်ဆင့် ပြောကြားသည့် မိန့်ခွန်း



မိဘပြည်သူများခင်ဗျား-
Photo: ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တစ်ဝန်းရှိ မိဘပြည်သူများသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရေဒီယို အစီအစဉ်များမှ တစ်ဆင့် ပြောကြားသည့် မိန့်ခွန်း
Thursday,May02,2013
 

မိဘပြည်သူများခင်ဗျား-

ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေများကို မိဘပြည်သူများထံ ရေဒီယိုကနေတစ်ဆင့် အသိပေး ပြောကြားနေကျ ဖြစ်တဲ့အတိုင်း ဧပြီလအတွင်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု များကို ပြောကြားရခြင်း ဖြစ်ပါတယ်။
 
ပြီးခဲ့တဲ့လအတွင်းမှာ ကျွန်တော့်အနေနဲ့ နယူးဇီလန်နိုင်ငံ၊ သြစတြေးလျနိုင်ငံနဲ့ ဥရောပနိုင်ငံများကို ချစ်ကြည်ရေးခရီးစဉ်များ သွားရောက်ခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ အခုလို ချစ်ကြည်ရေးခရီးစဉ်များ သွားရောက်ရခြင်းဟာ နိုင်ငံတကာနဲ့ ဆက်ဆံရေး တိုးတက်လာစေဖို့ သာမက ကမ္ဘာ့နိုင်ငံအသီးသီးက ခေါင်းဆောင်တွေဟာ ကျွန်တော်တို့ နိုင်ငံကို နားလည်လာဖို့၊ ကျွန်တော်တို့နိုင်ငံအတွက် လိုအပ်နေတဲ့ နယ်ပယ်စုံ၊ ကဏ္ဍစုံမှာ ပူးပေါင်းပါဝင်ပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိမယ့် ကိစ္စတွေကို ဆောင်ရွက်နိုင်ဖို့ သွားရောက်ခဲ့တာပဲ ဖြစ်ပါတယ်။ အခုခရီးစဉ်မှာ နယူးဇီလန်နိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ ဥရောပနိုင်ငံတွေနဲ့ မိတ်ဆွေများအဖြစ် နည်းပညာဆိုင်ရာ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍစုံမှာ ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ ဆွေးနွေးညှိနှိုင်းနိုင်ခဲ့တယ်ဆိုတဲ့အကြောင်း မိဘပြည်သူများကို ဝမ်းမြောက်စွာ အသိပေး ပြောကြားလိုပါတယ်။
 
နိုင်ငံတကာနဲ့ ယခုလို ခင်မင်ရင်းနှီးစွာ ကူးလူးဆက်ဆံခြင်းအားဖြင့် မြန်မာနိုင်ငံသားများ အတွက် ပိုမိုအကျိုးရှိလာစေဖို့၊ ကုန်စည် ကူးသန်းရောင်းဝယ်မှုတွေ တိုးတက်လာစေဖို့နဲ့ မြန်မာနိုင်ငံအကြောင်း ပိုမိုသိရှိနားလည်စေဖို့ ဖြစ်ပါတယ်။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ မြန်မာနိုင်ငံတွင်းကို စီးဝင်လာတာနဲ့အမျှ အဆင့်မြင့်နည်းပညာတွေကို ကျွန်တော်တို့ နိုင်ငံသားတွေ ရရှိလာနိုင်ပါတယ်။ ထိပ်တန်း နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ အလုပ်လုပ်ကိုင်နိုင်တဲ့ စီးပွားရေး လုပ်ငန်းများ ဖြစ်အောင် ကျွန်တော်တို့ ကြိုးစား ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။
 
ဧပြီလအတွင်းမှာ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအကြား ဆက်ဆံရေးကောင်းတွေ တည်ဆောက်မှုနဲ့ ပတ်သက်ပြီး အလွန်အရေးကြီးတဲ့ အလှည့်အပြောင်းတွေ ဖြစ်ခဲ့ပါတယ်။ ဧပြီ ၂၂ ရက်နေ့မှာ ဥရောပသမဂ္ဂ အနေနဲ့ မြန်မာနိုင်ငံကို လက်နက်ရောင်းဝယ်မှုက လွဲပြီး အခြားပိတ်ဆို့အရေးယူမှုအားလုံးကို ရုပ်သိမ်းပေးခဲ့ပြီး ဖြစ်ပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ပိတ်ဆို့အရေးယူမှုတွေရဲ့ အကျိုးဆက်ကြောင့် ပေါ်ပေါက်ခဲ့ရတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး မပြေလည်မှု များကို ဖြေရှင်းနိုင်တော့မှာ ဖြစ်တဲ့အတွက် ပြည်သူများရဲ့ လူမှုစီးပွားဘဝ မြင့်မား တိုးတက်လာတော့မှာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဧပြီလ ၂၉ ရက်နေ့က ထိုင်းနိုင်ငံ ဗန်ကောက်မှာကျင်းပတဲ့ အာရှနှင့် ပစိဖိတ်စီးပွားရေးနဲ့ လူမှုရေး ပူးပေါင်းဆောင်ရွက်မှု ကော်မရှင် UN ESCAP က ကြီးမှူးကျင်းပတဲ့ ဆွေးနွေးပွဲကို တက်ရောက်ပြီး ဒေသတွင်း စီးပွားရေးနဲ့ လူမှုရေးရာကိစ္စများ၊ မမျှော်လင့်တဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကိစ္စရပ်များမှာ UN ESCAP နဲ့ မြန်မာနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အလားအလာ များနဲ့ ပတ်သက်တဲ့ မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ပါတယ်။ ဒီအစည်းအဝေးကပဲ မြန်မာ ပြည်သူများအတွက် UN ESCAP ရဲ့ ဂုဏ်ပြုဆုကိုလည်း ရရှိခဲ့ပါတယ်။ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက် လာနိုင်တာနဲ့အမျှ ကမ္ဘာ့ဈေးကွက်နဲ့ ပိုမိုချိတ်ဆက်လာနိုင်ပြီး ကျွန်တော်တို့ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးကျေးဇူးတွေ ဖြစ်ထွန်းလာမှာ ဖြစ်သလို တစ်ဖက်မှာလည်း ကမ္ဘာ့စီးပွားရေး အကျပ်အတည်းတွေ၊ မထင်မှတ်တဲ့ ရိုက်ခတ်မှုတွေကိုလည်း ကြံ့ကြံ့ခံကျော်လွှားနိုင်ဖို့ ကျွန်တော်တို့အနေနဲ့ ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။
 
ဒါ့အပြင် လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ကျွန်တော့်အနေနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ချစ်ကြည်ရေးခရီး သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်းမှာ အမှတ်တရ ဖြစ်စေခဲ့တာကတော့ ဟိုင်နန်ကျွန်းမှာ ကျင်းပတဲ့ စီးပွားရေး ဖိုရမ်ကို တက်ရောက်ခဲ့ရခြင်းပဲ ဖြစ်ပါတယ်။ ဒီခရီးဟာ သာမန်ခရီးစဉ်တစ်ခု ဆိုတာထက် ဟိုင်နန်ကျွန်းဆိုတာ ကျွန်တော်တို့နိုင်ငံရဲ့ လွတ်လပ်ရေးသမိုင်းမှာ အချိုးအကွေ့တစ်ခုမှာ ပါဝင်ခဲ့ပြီး ရဲဘော်သုံးကျိပ် စစ်ပညာသင်ကြားခဲ့တဲ့ နေရာလည်း ဖြစ်တဲ့အတွက် အခြား ခရီးစဉ်များထက် ပိုပြီး အမှတ်တရရှိတဲ့ ခရီးစဉ်တစ်ခုလို့ ဆိုရခြင်းဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အလျင်မြန်ဆုံး ဖွံ့ဖြိုးတိုးတက်နေပြီး စီးပွားရေးအင်အားကြီး နိုင်ငံတစ်နိုင်ငံလည်း ဖြစ်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ ကျွန်တော်တို့ရဲ့ အိမ်နီးချင်း ဖြစ်တယ်ဆိုတဲ့ အခြေအနေကို အားသာချက်အဖြစ် ရှုမြင်ပြီး ကျွန်တော်တို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းများကို ဖန်တီးသွားရမှာဖြစ်ပါတယ်။
 
ကျွန်တော်တို့ အစိုးရအနေနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ လူနေမှုအဆင့်အတန်း မြင့်မားရေး အတွက် မူဝါဒများ၊ ဦးတည်ချက်များ၊ စီမံကိန်းများ ချမှတ်ဆောင်ရွက်နေပါတယ်။ ဒီစီမံကိန်းများထဲက တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ လျှပ်စစ်မီး ပိုမိုရရှိရေးနဲ့ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများကိုလည်း စတင် အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်တယ် ဆိုတာကို အသိပေး ပြောကြားလိုပါတယ်။
 
စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ကျွန်တော်တို့ အစိုးရအနေနဲ့ ဖော်ဆောင်လျက်ရှိသလို ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် နည်းပညာနဲ့ Human Capital လို့ ခေါ်တဲ့ လူသား အရင်းအမြစ်များ တည်ဆောက်နိုင်ရေးက အရေးကြီးပြီး အထူးသဖြင့် စွမ်းဆောင်ရည် ပြည့်ဝတဲ့ လူသားအရင်းအမြစ်အတွက် အနာဂတ်မျိုးဆက်သစ် လူငယ်များဟာ အဓိကကျတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ အလျဉ်းသင့်လို့ ပြောရရင် ကျွန်တော်တို့ အစိုးရအနေနဲ့ ပညာရေး ပြုပြင်ပြောင်းလဲမှု များကို ဖော်ဆောင်လျက်ရှိတဲ့အထဲမှာ ကျောင်းပညာရေး ထူးချွန်ရုံသာမက နိုင်ငံတည်ဆောက်ရေးအတွက် ဘက်စုံထူးချွန်တဲ့ လူငယ်လူရွယ်များ ပေါ်ထွက်လာရေးကိုလည်း အထူးအာရုံစိုက် အလေးထားပါတယ။် လက်ရှိမှာ အခြေခံပညာသင်ကျောင်း များမှာ ယခင်က ရှိခဲ့ဖူးတဲ့ ကင်းထောက် လူငယ်အဖွဲ့များကို ပြန်လည် အသက်သွင်း ဖွဲ့စည်းလျက် ရှိပါတယ်။ ဒါဟာ ညှိနှိုင်း တိုင်ပင်ခြင်း၊ အသင်းအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဆိုတဲ့  ဒီမိုကရေစီ အလေ့အကျင့်ကို ငယ်စဉ်ကတည်းက အလေ့အကျင့်ရစေဖို့ ပျိုးထောင်ပေးခြင်းလည်း ဖြစ်ပါတယ်။ ဒီလိုလေ့ကျင့် ဖွဲ့စည်းပေးခြင်းအားဖြင့် မျိုးဆက်သစ် ရင်သွေးငယ်များဟာ တိုင်းပြည်အတွက် စိတ်ကောင်းစေတနာရှိပြီး တာဝန်သိတဲ့၊ တာဝန်ယူတတ်တဲ့၊ တာဝန်ကျေတဲ့ ခေါင်းဆောင်များ၊ နိုင်ငံသားများဖြစ်လာမှာလည်း ဖြစ်ပါတယ်။
 
ကျွန်တော်တို့ အစိုးရအနေနဲ့ အမျိုးသားစည်းလုံး ညီညွတ်မှု တည်ဆောက်ရေးကို ရှေးရှုပြီး တစ်နိုင်ငံလုံးက အကျဉ်းထောင်များမှ အကျဉ်းသား ၉၃ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပြီး မိသားစုများနဲ့ ဆုံစည်းခွင့် ရစေဖို့ ဆောင်ရွက်ခဲ့တာကိုလည်း မိဘပြည်သူများ ဝမ်းမြောက်စေဖို့ အသိပေးပြောကြားလိုပါတယ်။
 
ဒီ ၂၀၁၃ ဧပြီလဟာ မြန်မာနိုင်ငံအတွက် နိုင်ငံရေး၊ စီးပွားရေးနဲ့ နိုင်ငံတကာ ဆက်ဆံရေး ကဏ္ဍတွေမှာ အောင်မြင်မှုတွေ ရရှိခဲ့တဲ့အတွက် သမိုင်းဝင်တဲ့ အချိန်ကာလတစ်ခု ဖြစ်ခဲ့သလို မြန်မာတို့ရဲ့ ကျင်းပမြဲဖြစ်တဲ့ နှစ်သစ်ကူးသင်္ကြန်ကာလနဲ့လည်း တိုက်ဆိုင် နေပါတယ်။ ပြီးခဲ့တဲ့ နှစ်သစ်ကူး မဟာသင်္ကြန်အခါသမယမှာ ကျွန်တော်တို့ နိုင်ငံသား အားလုံးဟာ လူမျိုး၊ ဘာသာမခွဲခြားဘဲ၊ ပြဿနာတစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိဘဲ ရိုးရာ အစဉ်အလာဖြစ်တဲ့ သင်္ကြန်ပွဲတော်ရဲ့ ယဉ်ကျေးမှုဓလေ့ကို ချစ်ချစ်ခင်ခင်နဲ့ ပါဝင်ဆင်နွဲပြီးတော့ ယဉ်ကျေးတဲ့ မြန်မာလူ့အဖွဲ့အစည်းဆိုတဲ့ ပုံရိပ်ကို ဖော်ဆောင်နိုင် ခဲ့တဲ့အတွက် ကျွန်တော်တို့အနေနဲ့ ပြည်သူများအားလုံးကို ကျေးဇူးတင်ရှိကြောင်း အလေးအနက် ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။

 
မိဘပြည်သူများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ။

သမ္မတရုံး ၀ဘ်ဆိုဒ်

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို Like လုပ်ထားပါ
ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေများကို မိဘပြည်သူများထံ ရေဒီယိုကနေတစ်ဆင့် အသိပေး ပြောကြားနေကျ ဖြစ်တဲ့အတိုင်း ဧပြီလအတွင်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု များကို ပြောကြားရခြင်း ဖြစ်ပါတယ်။

မေဒေးနေ့မှာ နိုင်ငံတကာက အလုပ်သမား သိန်းချီ ဆန္ဒပြ

မေဒေးနေ့မှာ နိုင်ငံတကာက အလုပ်သမား သိန်းချီ ဆန္ဒပြ
Thursday,May02,2013

မနေ့က ကျရောက်တဲ့ မေဒေး ခေါ် အလုပ်သမားနေ့အတွင်း နိုင်ငံအတော်များများမှာ ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပြီး ဥရောပတိုက်တခွင်မှာတော့ စီးပွားရေးကျဆင်းမှုတွေဖြစ်နေတုန်း အစိုးရက အသုံးစရိတ် ထပ်မံလျော့ချလိုက်တဲ့အပေါ် မကျေနပ်တဲ့အတွက် ချီတက်ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

မေဒေးနေ့ အခမ်းအနားဟာ သာမာန်အားဖြင့် အလုပ် သမားရေး ဆိုင်ရာ တိုး တက် ပြု ပြင် ပြောင်း လဲ မှု တွေအပေါ် ကျေနပ်တဲ့ အနေနဲ့ ကျင်းပတဲ့ ပွဲဖြစ်ပေမယ့် ဂရိနိုင်ငံမှာတော့ အသက် ၂၅ နှစ်အောက် လူငယ် လူဦးရေ ၅၉ % အလုပ်လက်မဲ့ ဖြစ်နေတဲ့အပေါ် အမျက်ဒေါသ ထွက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

စပိန်၊ ပြင်သစ်နဲ့ ဗြိတိန်နိုင်ငံမှာလည်း ထောင်နဲ့ချီတဲ့ လူတွေ ချီတက်ဆန္ဒပြခဲ့ကြပြီး တူရကီနိုင်ငံမှာတော့ ရဲတွေက မျက်ရည်ယိုဗုံးတွေ၊ မီးသတ်ပိုက်တွေ အသုံးပြုပြီး လူစုခွဲရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ရောမမြို့မှာတော့ ပုပ်ရဟန်းမင်းကြီး ဖရန်းစစ်က နိုင်ငံရေးသမားတွေ အနေနဲ့ အလုပ်သမား ဈေးကွက် ပြန်လည် ရှင်သန်အောင် ပြုလုပ်ဖို့ တိုက်တွန်း လိုက်ပါတယ်။

တခါတရံ အလုပ်လက်မဲ့ ပြဿနာဟာ လူမှု တရားမျှတရေးထက် တကိုယ်ကောင်းဆန်တဲ့ အမြတ်စား မှုတွေကြောင့် ဖြစ်ပေါ်လာ တတ်တယ်လို့လည်း သတိပေးပြောကြား လိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာလည်း လုပ်ငန်းခွင် အခွင့်အရေးနဲ့ လောင်စာဆီဈေးနှုန်းအပေါ် မကျေနပ်ကြတဲ့အတွက် အလုပ်သမားအယောက်ပေါင်း တစ်သိန်းလောက် ဆန္ဒပြခဲ့ကြပြီး ဂျာကာတာမြို့လည်ကို လူသွားလူလာ မရှိအောင် ပိတ်ချခဲ့ကြတယ်လို့ သိရပါတယ်။

ဆန္ဒပြသူတွေ အကြမ်းဖက်လာမှာကို ရဲတွေက စိုးရိမ်ကြပေမယ့် ဆန္ဒပြသူတွေက အကတွေ၊ သီချင်းတွေဆိုပြီး ပျော်ပွဲဆန်တဲ့ ဆန္ဒပြပွဲကို ပြုလုပ် ခဲ့ကြပါတယ်။ ဘတ်စ်ကားအစီးပေါင်း ထောင်နဲ့ချီက ဆန္ဒပြသူတွေကို အခမဲ့တင်ဆောင်ပြီး ဂျာကာတာမြို့လည်ကို ပို့ဆောင်ပေးခဲ့ကြပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ ဒေါ်လာသန်းပေါင်း ထောင်နဲ့ချီအသုံးပြုပြီး လောင်စာဆီဈေးနှုန်းသက်သာအောင် အစိုးရက လုပ်ဆောင်ပေခဲ့ပြီး အဲဒီ အစီအစဉ် ရပ်တန့်ဖို့ စီစဉ်တာကို မကျေနပ်တဲ့အတွက် ဆန္ဒပြကြတာ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်အထိ အခြေအနေ တိုးတက်အောင် မလုပ်ဆောင်ပေးရင် အဓိက လမ်းမတွေကို ပိတ်ဆို့မယ်လို့လည်း ဆန္ဒပြသူတွေက ကြိမ်းဝါးထားကြောင်း အေဘီစီသတင်းထောက်က ဂျာကာတာမြို့ကနေ သတင်းပေးပို့ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်း ထောင်နဲ့ချီတဲ့ လူတွေ မေဒေးနေ့မှာ ဆန္ဒပြခဲ့ကြပြီး အထပ် ၈ ထပ် အဆောက်အဦးပိုင်ရှင်ကို သေဒဏ်ချမှတ်ဖို့ တောင်းဆို ခဲ့ကြပါတယ်။

ဒါကာမြို့က အထပ် ၈ ထပ်ရှိတဲ့ အဆောက်အဦးမှာ အထည်ချုပ် စက်ရုံ ၅ ခု ရှိပြီး အဆောက်အဦး ပြိုကျမှုကြောင့် ခုအခါမှာ သေဆုံးသူ အယောက် ၄၀၀ ရှိသွားပြီး လူပေါင်း ၁၅၀ ကျော် ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

ဒီအဆောက်အဦး ပြိုကျမှုနဲ့ ပတ်သက်ပြီး အဆောက်အဦးပိုင်ရှင်တွေ၊ စက်ရုံပိုင်ရှင်နဲ့ အဆောက်အဦး အင်ဂျင်နီယာတွေ စုစုပေါင်း လူ ၈ ယောက်ကို အာဏာပိုင်တွေက ဖမ်းဆီးထားပါတယ်။

ABC Radio Australia
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို Like လုပ်ထားပါ

အင်ဒိုနီးရှားနိုင်ငံမှာ လူပေါင်း တစ်သိန်းကျော် မေဒေးနေ့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့ကြပါတယ်။

မနေ့က ကျရောက်တဲ့ မေဒေး ခေါ် အလုပ်သမားနေ့အတွင်း နိုင်ငံအတော်များများမှာ ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပြီး ဥရောပတိုက်တခွင်မှာတော့ စီးပွားရေးကျဆင်းမှုတွေဖြစ်နေတုန်း အစိုးရက အသုံးစရိတ် ထပ်မံလျော့ ချလိုက်တဲ့အပေါ် မကျေနပ်တဲ့အတွက် ချီတက်ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

လက်တော့ပ်ကွန်ပျူတာများ၏ ဝိုင်ဖိုင်က သုက်ပိုးများအား ပျက်စီးစေကြောင်းတွေ့ရှိရ

လက်တော့ပ်ကွန်ပျူတာများ၏ ဝိုင်ဖိုင်က သုက်ပိုးများအား ပျက်စီးစေကြောင်းတွေ့ရှိရ

လေ့လာမှုတစ်ခု၏ တွေ့ရှိချက်အရလက်တော့ပ်ဝိုင်ဖိုင် အသုံးပြုခြင်းဖြစ်သည် အမျိုးသားတို့၏ သုက်ပိုးများအားအန္တရာယ်ရှိစေနိုင်ကြောင်း သံသယရှိမှုများပေါ်ထွက်လာခဲ့သည်။ ကျန်းမာသောအမျိုးသားအလှူရှင်၂၉ ဦးတို့မှ သုက်ပိုးနမူနာများအားစုစည်း၍ အိုးနှစ်လုံးထဲတွင် ခွဲထည့်ခဲ့သည်။ တစ်အိုးအား အင်တာနက်နှင့် ကြိုးမဲ့ဝိုင်ယာလက်စနစ်ဖြင့် ချိတ်ဆက်ထားသော လက်တော့ပ် ကွန်ပျူတာတစ်လုံးအနီးတွင် လေးနာရီကြာထားရှိခဲ့သည်။ အခြားအိုးတစ်အိုးကိုမူ တူညီသော အခြေအနေတွင် ကွန်ပျူတာမပါဘဲထားရှိခဲ့ကြောင်း လေ့လာမှုတွင် ရေးသားခဲ့သည်။ လက်တော့ပ်ကွန်ပျူတာ အနီးတွင်ထားရှိသော အိုးထဲမှသုက်ပိုးများမှာ ပျက်စီးသွားကြောင်း လေ့လာသူများက တွေ့ရှိခဲ့ရသည်။ သုက်ပိုးများ၏ ကူးခတ်နိုင်စွမ်း လျော့ကျသွားသလို၊ ၎င်းတို့သယ်ဆောင်လာသော ဗီဇများလည်း ပြောင်းလဲသွားကြသည်။ အပူချိန်မြင့်မားခြင်းသည် သုက်ပိုးများအား ပျက်စီးစေနိုင်သော်လည်း ယခုကဲ့သို့ သုက်ပိုးများပျက်စီးမှုမှာ လက်တော့ပ်ကွန်ပျူတာများမှ ထွက်လာသော အပူရှိန်ကြောင့်ဟု တော့လေ့လာသူများက မယုံကြည်ကြပေ။ယခုလေ့လာမှုအား Fertility and Sterility ဂျာနယ်တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။ ကျွမ်းကျင်သူများကမူ ယခုလေ့လာမှုမှာ လက်တွေ့ဘဝတွင် စမ်းသပ်ခဲ့ခြင်းမဟုတ်၍ အမျိုးသားများအနေနှင့် မလိုအပ်ဘဲ စိုးရိမ်ပူပန်ရန် မရှိကြောင်းဆိုကြသည်။ သို့သော် ၎င်းတို့က ထပ်မံလေ့လာမှုများ ပြုလုပ်ရန် တိုက်တွန်းထားသည်။

Source ► http://bit.ly/XeWuRF

လေ့လာမှုတစ်ခု၏ တွေ့ရှိချက်အရလက်တော့ပ်ဝိုင်ဖိုင် အသုံးပြုခြင်းဖြစ်သည် အမျိုးသားတို့၏ သုက်ပိုး များအားအန္တရာယ်ရှိစေနိုင်ကြောင်း သံသယရှိမှုများပေါ်ထွက်လာခဲ့သည်။ ကျန်းမာသောအမျိုးသား အလှူရှင်၂၉ ဦးတို့မှ သုက်ပိုးနမူနာများအားစုစည်း၍ အိုးနှစ်လုံးထဲတွင် ခွဲထည့်ခဲ့သည်။ တစ်အိုးအား အင်တာနက်နှင့် ကြိုးမဲ့ဝိုင်ယာလက်စနစ်ဖြင့် ချိတ်ဆက်ထားသော လက်တော့ပ် ကွန်ပျူတာ တစ်လုံး အနီး

ဆီးရီးယားအတိုက်အခံကိုလက်နက်ပေးဖို့ အိုဘားမားစဉ်းစား

ဆီးရီးယားအတိုက်အခံကိုလက်နက်ပေးဖို့ အိုဘားမားစဉ်းစား 
( ဗွီအိုအေ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည် )

ဆီးရီးယားအတိုက်အခံ သူပုန်တွေကို လက်နက်ထောက်ပံ့ဖို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က စဉ်းစားနေပါတယ်။ အရင်တုန်းကတော့ အနောက်နိုင်ငံတွေကို ဆန့်ကျင်တဲ့ သူပုန်တွေရဲ့ လက်ထဲကို လက်နက်တွေ ရောက်ရှိသွားမှာ စိုးတဲ့အတွက် အမေရိကန် ပြည်ထောင်စုအနေနဲ့ အခုလို လက်နက်ထောက်ပံ့ဖို့ မစဉ်းစားခဲ့ပါဘူး။
 
အိုဘားမား အနေနဲ့ ဆီရီးယား အတိုက်အခံ သူပုန်တွေကို လက်နက်ထောက်ပံ့ဖို့ စဉ်းစားပေမယ့်၊ ဆုံးဖြတ်ချက်တော့ မချရသေးဘူးလို့ အိမ်ဖြူတော် အရာရှိတွေက ပြောပါတယ်။ ဒါပေမယ့် အမေရိကန် ပြည်ထောင်စု အနေနဲ့ ဆီးရီးယား သူပုန်တွေကို အထောက်အပံ့တွေ တိုးမြှင့်ပြီး ပေးသွားဖို့ သမ္မတ အိုဘားမားက သူ့ရဲ့ နိုင်ငံတော် လုံခြုံရေးအဖွဲ့ကို ပြောထားပြီးသွားပြီလို့ အိမ်ဖြူတော် အရာရှိတွေ ကပြောပါတယ်။
 
အခုထိတော့ အမေရိကန် ပြည်ထောင်စုက ဆီးရီးယား အတိုက်အခံတွေကို ပေးနေတဲ့အကူအညီတွေထဲမှာ လူကိုသေစေနိုင်တဲ့ ပစ္စည်းအထောက်အပံ့တော့ မပါသေးပါဘူး။ အင်္ဂါနေ့က ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ထဲမှာတော့ အမေရိကန် ပြည်ထောင်စုက ဆီးရီးယား အတိုက်အခံတွေအတွက် အထောက်အပံ့တွေ တိုးမြှင့်ပေးထားပြီးသား ဖြစ်တယ်လို့ ဖော်ပြထားကြောင်း အမျိုးသားလုံခြုံရေး ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ကစ်လင်း ဟေဒန် (Caitlin Hayden) ကပြောပါတယ်။ ဒါပေမယ့် အမေရိကန်ရဲ့ အထောက် အပံ့ဟာ ဆီးရီးယားနိုင်ငံရဲ့ နိုင်ငံရေး အကျပ်အတည်းတွေ ပြေလည်စေဖို့ ရည်ရွယ်ပြီး ထောက်ပံ့ပေးတာ ဖြစ်တယ်လို့ အိမ်ဖြူတော် အရာရှိတွေကပြောပါတယ်။ ဆီးရီးယားနိုင်ငံမှာ ပြည်တွင်းစစ် ဖြစ်လာခဲ့တာဟာ အခုဆိုရင် ၂ နှစ်ကျော်လာခဲ့ပြီဖြစ်ပါတယ်။
 
ဆီးရီးယား သမ္မတ ဘရှာ အယ်လ်အာဆတ် (Bashar al-Assad) အစိုးရအပေါ် ပြင်းပြင်ထန်ထန် အရေးယူမှုတွေ မလုပ်ခင်မှာပဲ ဆီးရီးယားနိုင်ငံတွင်း ဓာတုလက်နက်တွေ သုံးနေတာနဲ့ ပက်သက်လို့ အချက်အလက်တွေ ထပ်ပြီး လိုအပ်နေသေးတယ်လို့ အင်္ဂါနေ့က ပြုလုပ်တဲ့ အိမ်ဖြူတော် သတင်းစာ ရှင်းလင်းပွဲမှာ သမ္မတ အိုဘားမား ကပြောသွားပါတယ်။ 

http://burmese.voanews.com/content/article/1652512.html

ဆီးရီးယားအတိုက်အခံ သူပုန်တွေကို လက်နက်ထောက်ပံ့ဖို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က စဉ်းစားနေပါတယ်။ အရင်တုန်းကတော့ အနောက်နိုင်ငံတွေကို ဆန့်ကျင်တဲ့ သူပုန်တွေရဲ့ လက်ထဲကို လက်နက်တွေ ရောက်ရှိသွားမှာ စိုးတဲ့အတွက် အမေရိကန် ပြည်ထောင်စုအနေနဲ့ အခုလို လက်နက်ထောက်ပံ့ဖို့ မစဉ်းစားခဲ့ပါဘူး။

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ဒုတိယအကျော့ရလဒ်

ဘာစီလိုနာ ၀ - ၃ ဘိုင်ယန်မြူးနစ်
48' ရော်ဘင်၊ 72' ပီကေး [own goal]၊ 76' မူလာ

* ပထမအကျော့ရလဒ် ဘိုင်ယန်မြူးနစ် ၄ - ၀ ဘာစီလိုနာ

KIA အဖွဲ့မှမိုင်းများထောင်ထားသောကြောင့် ရွာသားများအခက်တွေ့


မိုးကောင်းမြို့နယ်၊ နွဲလောရွာနှင့် လွယ်စွန်းရွာအနီးပတ်ဝန်းကျင်မှာရှိသည့် ဆိုင်းဒါးတောင်တွင် KIA အဖွဲ့မှ မိုင်းများ ထောင်ထားသဖြင့် ၀ါးခုတ်၊ကြိမ်ခုတ်နေသော ရွာသားများအတွက် အခက်တွေ့နေကြောင်းသိရှိရ ပါသည်။

ဥက္ကံမြို့ ပဋိပက္ခကြောင့် ၁ ဦးသေဆုံး၊ ၁၈ ဦး ဖမ်းဆီးထား