Thursday 10 January 2013

ေ ငွနောက် လိုက် လူငယ် များကြောင့် အင်္ဂ လန် ဘောလုံးေ လာက အနာ ဂတ် စိုးရိမ် ဖွယ်ရှိနေ

Photo: ငွေနောက်လိုက် လူငယ်များကြောင့် အင်္ဂလန် ဘောလုံးလောက အနာဂတ် စိုးရိမ်ဖွယ်ရှိနေ
Thursday, January 10, 2013

ကမ္ဘာ့ အကောင်းဆုံး အသင်းတွင် လာလီဂါ ကစားသမားများသာ ပါဝင် လာခဲ့ပြီးနောက် အင်္ဂလန် ဘောလုံး လောက အနာဂတ် အတွက် စိုးရိမ် ကြောက်ရွှံ လာမိကြောင်း အင်္ဂလန် ဂန္ထ၀င် ကစားသမား ဂျင်မီ ရက်နပ်က သုံးသပ်ခဲ့သည်။ ထို့အပြင် အင်္ဂလန် မျိုးဆက်သစ် လူငယ် ကစားသမားများမှာ ငွေနောက် အာရုံ ရောက်နေကြပြီး ထိပ်တန်း အဆင့် ခြေစွမ်း ရရှိရန်ထက် လူနေမှု ဘ၀ ပကာသနများတွင် နစ်မွန်းနေကြကြောင်း ဝေဖန် သွားခဲ့သည်။

ရော်ဘီဖောင်လာနှင့် မိမိတို့ အနေဖြင့် မိခင် ကလပ် အသင်းတွင် ပါဝင်ခွင့် ရရန် အပြင်းအထန် ကြိုးစားခဲ့ရကာ ပေါလ်စခိုးလ်၊ ဘက်ခမ်း တို့မှာလည်း အလားတူ အားထုတ်ခဲ့ရသည်ဟု ရက်နပ်က ဆိုခဲ့သည်။ သို့သော် လက်ရှိ အင်္ဂလန် လူငယ် ကစားသမား များမှာ လစာငွေ အမြောက်အများ ရရှိခြင်းကြောင့် အသက်(၁၈)နှစ် အရွယ်၌ပင် တန်ဖိုးကြီးကားများ ပိုင်ဆိုင်နေကြပြီး ယင်းအတွက် အကောင်းဆုံး ခြေစွမ်း ရရန် အားမထုတ်လိုကြတော့ဘဲ ပြင်ပ လူနေမှု ဘ၀ မော်ကြွားခြင်းတွင်သာ အချိန်ကုန်နေကြသည်ဟု စွပ်စွဲခဲ့ သည်။

ထို့ကြောင့် အင်္ဂလိပ် ဘောလုံး လောကတွင် အရည်အသွေးမြင့် မျိုးဆက်သစ် ကစားသမား ရှားပါးလာခဲ့ပြီး မိမိ ကြည့်ရှု့ခဲ့သည့် လူငယ် ပွဲစဉ်များတွင်လည်း စိတ်ဝင်စားစရာ ကောင်းသည့် အစွမ်းအစမျိုး မတွေ့ရှိခဲ့ဟု ရက်နပ်က ပြောကြားခဲ့သည်။ ကာဇိုလာ၊ မာတာ၊
ဆေးလ်ဗားတို့မှာ ပရီးမီးယားလိဂ် ပြိုင်ပွဲတွင် ခြေစွမ်းပြနေနိုင်သည့် ကစားသမားများ ဖြစ်သော်လည်း စပိန် အသင်းတွင် ၎င်းတို့ကဲ့သို့ ကစားသမားကောင်းများ အများအပြား ရှိနေပြီး အင်္ဂလန် အသင်းအတွက် တယ်ရီ၊ ဂျရတ်၊ လမ်းပတ်တို့ နေရာတွင် အစားထိုးနိုင်မည့် လူငယ် ကစားသမားများ အသင့်ရှိ မနေဟု နှိုင်းယှဉ်ပြခဲ့ကာ အက်ဖ်အေ အနေဖြင့် ထိုကိစ္စကို စဉ်းစား ဆုံးဖြတ်သင့်ပြီဟု ရက်နပ်က အကြံပြု သွားခဲ့သည်။

YoYarLay
ကမ္ဘာ့ အကောင်းဆုံး အသင်းတွင် လာလီဂါ ကစားသမားများသာ ပါဝင် လာခဲ့ပြီးနောက် အင်္ဂလန် ဘောလုံး လောကအနာဂတ်အတွက် စိုးရိမ် ကြောက်ရွှံ လာမိကြောင်း အင်္ဂလန် ဂန္ထ၀င် ကစားသမား ဂျင်မီ

အေ ရှ့ေ တာင် အာရှ မြား ပစ်ပြိုင် ပွဲ နေပြည်ေ တာ် တွင် ကျင်းပ

Photo: အရှေ့တောင် အာရှ မြားပစ်ပြိုင်ပွဲ နေပြည်တော်တွင် ကျင်းပ
Thursday, January 10, 2013

ငါးကြိမ်မြောက် အရှေ့တောင်အာရှ မြားပစ်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်၌ စတင်ပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံ မြှားပစ် အဖွဲ့ချုပ်မှ သိရှိရသည်။

အဆိုပါ အရှေ့တောင်အရှ မြားပစ်ပြိုင်ပွဲကို ယနေ့မှ စ၍ ၅ ရက်တိုင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သိရပြီး မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၆ နိုင်ငံရှိကြောင်းနှင့် လာရောက်ယှဉ်ပြိုင်သည့်များမှာ စင်္ကာပူ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ်တို့ဖြစ်ကြောင်း သိရသည်။

“အရှေ့တောင်အာရှမှာ နိုင်ငံ ၉ နိုင်ငံပဲ မြားပစ်အဖွဲ့ချုပ်ရှိတယ်။ အဲဒီထဲမှာ လာအိုနဲ့ အရှေ့တီမောက အဖြစ်ပဲရှိတယ်။ အင်အားနည်းတယ်ပေါ့။ ၇ နိုင်ငံက အင်အားကြီးတယ်။ အဲဒီထဲမှာ ၆ နိုင်ငံပြိုင်တယ် ဆိုတော့
နိုင်ငံစုံတယ်လို့ ပြောလို့ရပါတယ်။ လာမပြိုင်တဲ့ နိုင်ငံက ဖိလစ်ပိုင်ပါ။” ဟု မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ်မှ ဒေါက်တာ မြတ်သူရစိုးက ပြောကြားသည်။

ဘရူနိုင်းနိုင်ငံ အစိုးရက မြားပစ်အားကစားနည်းသည် အသံတိတ်လက်နက် တစ်မျိုးဖြစ်သည့်အတွက် နိုင်ငံတော် လုံခြုံရေးအရ အဆိုပါအားကစားနည်း ကို ကျင်းပခွင့် မပေးကြောင်း ဒေါက်တာ မြတ်သူရစိုးက ရှင်းပြသည်။

ယခု ပြိုင်ပွဲသည် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော် (ဆီးဂိမ်းစ်) အကြိုပြိုင်ပွဲဖြစ်သည့်အတွက် လာရောက်ယှဉ်ပြိုင်သော
နိုင်ငံများမှ ကစားသမားကောင်းများ စေလွှတ်ခဲ့ကြောင်း ထပ်မံသိရသည်။

“ကျွန်တော်တို့က ဆီးဂိမ်းအကြိုစမ်းသပ်တဲ့ပွဲလို့ ကြေညာလိုက်တယ်။ အဲလိုဆိုတော့ လာပြိုင်တဲ့ထဲမှာ ရွှေရဖူးတဲ့သူတွေလည်းပါတယ်။ အင်ဒိုနီးရှား
ကတော့ မြားပစ်မှာ အရမ်းကောင်းပါတယ်” ဟု ဒေါက်တာ မြတ်သူရစိုးက ဆက်လက်ပြောကြားသည်။

ယခုပြိုင်ပွဲတွင် ကစားနည်း ၃ မျိုးအတွက် ဆုတံဆိပ်ပေါင်း ၁၈ ခုပေးအပ် သွားမည်ဖြစ်ပြီး ပြိုင်ပွဲအတွက် စုစုပေါင်း ကုန်ကျငွေမှာ မြန်မာကျပ်ငွေ သိန်း ၃၀၀ နှင့် အမေရိကန်ဒေါ်လာ ၂ သောင်းဖြစ်ကြောင်း သိရသည်။

ဟိန်းသူ
The Myanma Age
ငါးကြိမ်မြောက် အရှေ့တောင်အာရှ မြားပစ်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်၌ စတင်ပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံ မြှားပစ် အဖွဲ့ချုပ်မှ သိရှိရသည်။ အဆိုပါ အရှေ့တောင်အရှ မြားပစ်ပြိုင်ပွဲကို

အမေရိကန်သံအမတ် မစ်ချဲလ် ကရင်နှင့်မွန် သို့ ပထဆုံးခရီးသွားမည်

Photo: အမေရိကန်သံအမတ် မစ်ချဲလ် ကရင်နှင့်မွန် သို့ ပထဆုံးခရီးသွားမည်
Thursday, January 10, 2013

မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ် ဒဲရက်ဂျေ မစ်ချဲလ် သည်ကရင်နှင့်မွန်ပြည်နယ် သို့ ယခုလ ၁၁ ရက်မှ ၁၃ ရက်အထိ ပထမဆုံးခရီးစဉ်အဖြစ် သွားရောက်မည်ဟု သံရုံးမှထုတ်ပြန်သည်။

သံအမတ်သည် ၎င်းခရီးစဉ်တွင် အစိုးရအရာရှိများ၊အရပ်ဘက်အဖွဲ့အစည်း
ကိုယ်စားလှယ်များ၊ဘာသာရေးအဖွဲ့အစည်းများ၊လက်နက်ကိုင်အဖွဲ့အစည်းများ၊နိုင်ငံရေးပါတီများနှင့်တွေ့ဆုံသွားမည်ဖြစ်သည်။

ခရီးစဉ်သွားရောက်သည့်ပြည်နယ်များအတွင်း နေထိုင်ကြသူများ ကြုံတွေ့နေရ သည့်ကိစ္စရပ်များကို သိရှိနိုင်မည်ဟု သံအမတ်က
မျှော်လင့်ထားပြီး လက်နက်ကိုင်အဖွဲ့အစည်းများနှင့် မြန်မာအစိုးရအကြား ရှိအပစ်အခတ်ရပ်စဲရေး၊နိုင်ငံရေးဆွေးနွေးမှုများနှင့်ပတ်သက်၍ လတ်တလော ဖြစ်ပေါ်တိုးတတ်မှုများကို ဆွေးနွေးသွားနိုင်ရန်
မျှော်လင့်ထားသည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

TZ
Popular Myanmar News Journal
မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ် ဒဲရက်ဂျေ မစ်ချဲလ် သည်ကရင်နှင့်မွန်ပြည်နယ် သို့ ယခုလ ၁၁ ရက်မှ ၁၃ ရက်အထိ ပထမဆုံးခရီးစဉ်အဖြစ် သွားရောက်မည်ဟု သံရုံးမှထုတ်ပြန်သည်။

မြန် မာ နဲ့ နျူ ကလီ ယား အသုံးပြုမှု အခြေ အနေ

Photo: မြန်မာနဲ့ နျူကလီယား အသုံးပြုမှု အခြေအနေ
Thursday, January 10, 2013

မြန်မာနိုင်ငံမှာ နျူကလီယားနဲ့ ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေ လုပ်နေတဲ့
အတွက် စိုးရိမ်တကြီးနဲ့ ပြောဆိုနေကြတာမို့ လက်ရှိမှာ ဘာတွေလုပ်နေ
တယ်ဆိုတာကို သိရအောင် စစ်တက္ကသိုလ် အငြိမ်းစားပါမောက္ခ တဦလည်းဖြစ်၊ လက်ရှိ Myanmar Academy of Technology နည်းပညာကျောင်း အကြီးအကဲတာဝန်လည်း ထမ်းဆောင်နေတဲ့
 နျူကလီယား အင်ဂျင်နီယာ ဒေါက်တာ ဦးသိန်းဦးဖိုးစောကို
ဒေါ်ခင်မျိုးသက်က ဆက်သွယ် မေးမြန်း တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ နျူကလီယားနဲ့ ပတ်သက်ပြီး လုပ်ဆောင်နေတာတွေ
အတွက် စိုးရိမ်ပူပန်တဲ့ သူတွေ ရှိနေပါတယ်။ ဒီလိုစိုးရိမ်ရလောက်အောင် အနေထားရှိပါလား ဆရာ။

"မရှိပါဘူး။ မရှိဘူး။ နျူကလီယားနဲ့ ပတ်သက်လို့ ဘာအလုပ်မှ လုပ်နေတာ မရှိဘူး။ လုပ်သမျှ နျူကလီယား အင်နာဂျီ (စွမ်းအင်)ဟာ non power peaceful usage ငြိမ်းငြိမ်း ချမ်းချမ်း လုပ်ငန်း သက်သက်ပဲသုံးတယ်။ သုံးတဲ့ လုပ်တဲ့နေရာမှာလည်း အကုန်လုံးဟာ IAEA အဏုမြူစွမ်းအင် အေဂျင်စီရဲ့ လက်အောက်မှာပဲသုံးတယ်။ ဆရာတို့ နိုင်ငံ ဆရာတို့ ဖာသာ ဒီပြင်ကိစ္စနဲ့ ဘာမှ မလုပ်ဘူး။ ဆရာတို့ နိုင်ငံသည် ဆရာကိုယ်တိုင်ပဲ NPT Non Proliferation Treaty လက်နက်မပြန့်ပွားရေး စာချုပ်ကိုလည်း လက်မှတ်ထိုးခဲ့တယ်။ အဲဒါအပြင် ၉၃ ခုနှစ်မှာ ဆရာကိုယ်တိုင် initiation စလုပ်ပြီးတော့ RCA လို့ခေါ်တဲ့ Regional Corporation Agreement ဆိုတာရှိတယ်။ အာရှ ၁၄ နိုင်ငံနဲ့ ပေါင်းပြီးလုပ်တယ်။ ဒီ၂ ခု IA EA နဲ့ RCA နဲ့ပဲပေါင်းပြီး လုပ်တာ ပဲရှိတယ်။ နျူကလီယားနဲ့ လုပ်တာ အားလုံးဟာ-
 နျူကလီယားရေဒီယို အိုင်ဆိုတုပ်တွေကို ဆေးလောက medicine မှာသုံးတယ်။ စိုက်ပျိုးရေး agriculture မှာသုံးတယ်။ စက်မှု industry မှာသုံးတယ်။ ပညာရေး education မှာသုံးတယ်။ အကုန်လုံး academic ပဲ။"

ဟုတ်ကဲ့ပါ ဆရာ၊ ဆရာက နျူကလီယားနဲ့ ပတ်သက်ပြီးတော့ နိုင်ငံခြားမှာ အင်ဂျင်နီယာဘွဲ့ ယူလာတယ်။ ပြီးတော့ မြန်မာနိုင်ငံမှာ ပထမဦးဆုံး
 နျူကလီယားလုပ်ငန်းအတွက် ထူထောင်တယ်လို့ သိရပါတယ်။ ဆိုတော့ မြန်မာနိုင်ငံမှာ နျူကလီယားနဲ့ ပတ်သက်ပြီး ဘာတွေ အစပျိုးခဲ့တယ် ဆိုတာ ရှင်းပြပေးပါဆရာ။

"မြန်မာနိုင်ငံမှာ အစတုန်းက ၁၉၆၇ လောက်ကတည်းက IA EA နဲ့။ ဆရာက နျူကလီယား နဲ့ပတ်သက်လို့ ၁၉၆၄ ကတည်းက ဆရာစပြီးတော့ atomic energy sector အဏုမြူစွမ်းအင် ဆိုပြီးတော့ စလုပ်ခဲ့တယ်။ အဲဒီလို စလုပ် ခဲ့ပြီးတော့ ဒီ နိုင်ငံတကာ International Organizations အဖွဲ့အစည်းတွေနဲ့ ဒီ IA EA မပေါ်ခင်ကတည်းကိုက ပထမ၊ ဒုတိယ ဂျနီဗာ ကွန်ဖရင့်တွေ Geneva Conference of Peaceful Usage of Atomic Energy အဏုမြူ စွမ်းအင်ငြိမ်းချမ်းစွာ အသုံးချရေးညီလာခံတွေကို စပြီးဆရာတို့တက်ခဲ့တယ်။ နောက် IAEA ပေါ်လာတဲ့အခါ ကျတော့
IAEA ရဲ့ Founding Member တည်ထောင်တဲ့ အဖွဲ့ဝင်နိုင်ငံ ဖြစ်တယ်။ 
IAEA နဲ့လုပ်လာခဲ့ပေမယ့် နိုင်ငံရဲ့ အကြောင်းအမျိုးမျိုးကြောင့် ဆရာတို့ အတော်လေးပြတ်သွားတယ်။

နောက် ၁၉၉၃ ခုနှစ်ကျမှ ဆရာက မြန်မာနိုင်ငံရဲ့ Atomic Energy အဏုမြူစွမ်းအင်ကော်မတီမှာ အတွင်းရေးမှူး လုပ်ခဲ့တာ။ အဲဒီအခါမှာ IAEA နဲ့ ပြန်ဆက်တယ်။ နောက် RCA ကိုဝင်တယ်။ ဆရာတို့ RCA ကိုဝင်တဲ့ ဥစ္စာဟာ သူများတွေထက် ၂၂ နှစ်လောက် နောက်ကျတယ်။ စ၀င်တဲ့ ၁၉၉၃ မှာ better late than never မဝင်တာနဲ့ စာရင် နောက်ကျပေမယ့်
တော်သေးတယ် ဆိုပြီးတော့ ၀င်ခဲ့တယ်။ မြန်မာနိုင်ငံအတွက် အကူအညီတွေ ယူခဲ့တယ်။ ဒီနျူကလီယား စွမ်းအင်ကို သုံးနိုင်ဖို့။ အဲဒီအကူအညီတွေမှာ အဓိကကတော့ medicine ဆေးအတွက်ပဲ။"

ဟုတ်ကဲ့ဆရာ။ ဒီဆေးလောကအတွက် nuclear medicine လို့ခေါ်တဲ့
ရေဒီယို သတ္တိကြွ ပစ္စည်းတွေ သုံးပြီး ကုတာကို မြန်မာနိုင်ငံမှာ ဘယ်လိုသုံးနေတယ်ဆိုတာ ပြောပြပေးပါဆရာ။

"ကျနော်တို့ နိုင်ငံမှာ ဆေးအတွက် ဆိုလို့ရှိရင် ကင်ဆာကုသတဲ့
နေရာမှာ၊ နောက်တခုက radiation ဓာတ် ရောင်ခြည်သုံး ကုသနည်းမှာ ကိုဘော့ (Cobalt 60) ကိုသုံးပြီး radiography ဆေးကုသမှုတွေ လုပ်တယ်။ နောက် radio isotope ဖြစ်တဲ့ iodine 131 လို ဟာမျိုးကိုသုံးပြီးတော့ လည်ပင်းရောဂါတို့၊ အသည်းအစားထိုးတဲ့
နေရာမှာတို့ သုံးတယ်။ ဒီလိုဆေးလောကမှာ သုံးသလို ပညာရေး education မှာ ဆိုရင်တော့ academic and science သိပံဆိုင်ရာ သင်ကြားမှု၊ ပို့ချမှုတွေ လုပ်တယ်။ Nuclear Physics နဲ့ Nuclear Engineering အနည်း အကျဉ်း
ပေါ့လေ။ ဆရာတို့ဆီမှာ ဘာမှ ပစ္စည်းပစ္စယ မရှိတဲ့ အတွက်ကြောင့်
 နျူ ကလီယား အင်ဂျင်နီယာကတော့ သဘောလောက် သီအိုရီလောက်ပဲ သင်လို့ရတယ်။"

ဒါကပညာရေးနဲ့ ဆေးလောကမှာသုံးတာပေါ့နော်။ ဆရာပြောတဲ့ စိုက်ပျိုးရေးတို့ စက်မှုတို့ နောက် တခြား နေရာတွေမှာ ဘယ်လိုပုံစံမျိုးနဲ့ သုံးတာလဲဆရာ ရှင်းပြပေးပါ။

"Agriculture စိုက်ပျိုးရေးမှာ ဆိုလို့ ရှိရင် fertilizer uptake ဓာတ်မြေသြဇာ ဘယ်လောက် အတိုင်းအတာထိ ယူသလဲ။ စပါးတို့၊ ပြောင်းတို့၊ နှမ်းတို့ ဘယ်လောက်ယူသလဲ။ ဒီလို ဓာတ်မြေသြဇာသုံးတဲ့နေရာမှာ efficiently ထိထိရောက်ရောက် သုံးဖို့အတွက် residue ဘယ်လောက် ကျန်ရစ်ခဲ့သလဲ၊ ဘာလို့လဲဆိုတော့ အဲဒါကို အရမ်းသုံးလို့ရှိရင် ကျန်ရစ်ခဲ့ တာတွေက လူကို ဥပါဒ်ပေးနိုင်တယ်။ နောက် ချောင်းတွေ မြောင်းတွေထဲ ပါသွားပြီးတော့ သားငါးတွေကိုပါ ဒုက္ခပေးနိုင်တယ်။

နောက်တခါ Mutation breeding စပါးမျိုးသစ် ရအောင်လုပ်တာတို့၊ radio isotope ကို သုံးပြီးတော့ အဲဒါမျိုး စိုက်ပျိုးရေးမှာသုံးတယ်။ industry စက်မှုမှာ ဆိုလို့ရှိရင်လည်း ဆရာတို့ လုပ်ပေးခဲ့တဲ့ထဲမှာ non destructive testing လို့ခေါ်တယ်။ ပစ္စည်းတွေမှာ machine တွေမှာ ဘယ်လောက် ပျက်စီးနေတယ် ဆိုတာကို စမ်းသပ်တဲ့ နေရာတွေမှာသုံးတယ်။ သင်္ဘောကျင်း မှာ၊ လေယာဉ်ကွင်းမှာ၊ လေယာဉ်ပျံတွေမှာ၊ နောက်တခု
ကလည်း ရေနံပိုက်လိုင်းတွေမှာ welding ဂဟေဆော်ထား တာတွေ
ကောင်းသလား။

နောက် Structure အဆောက်အဦးတွေမှာ ခိုင်ခန့်မှု ရှိလားဆိုတာ non destructive testing မှာ သုံးတယ်။ အဲဒါအပြင် မြစ်တွေ၊ချောင်းတွေမှာ
ရေစီးနှုန်း၊ ရေတိုက်စားမှုနှုန်း ဘယ်လောက် ရှိတယ်ဆိုတာကို ရေဒီယို အိုင်ဆိုတုပ်ကို သုံးပြီးတော့ တိုင်းတာခဲ့တယ်။ နောက် တခု ကလည်း
ရေနံရှာဖွေတဲ့နေရာမှာလည်း ရေဒီယို အိုင်ဆိုတုပ်ကိုသုံးပြီးတော့ကာ
ရေနံရှိမရှိ၊ ဘယ်လောက်မှာ ရှိမယ် ဆိုတာကို စမ်းသပ်တယ်။"

ဒီဆေးဘက်၊ စိုက်ပျိုးရေး၊ ပညာရေး၊ စက်မှုနဲ့ တခြားကျန်းမာရေး
ဆိုင်ရာတွေမှာ သုံးတဲ့ အခါ မြန်မာနိုင်ငံမှာ ဘယ်အတိုင်းအတာအထိ တွင်တွင်ကျယ်ကျယ် သုံးနေနိုင်ပါပြီလဲ ဆရာ။

"တွင်တွင်ကျယ်ကျယ်တော့ မသုံးနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ဆရာတို့ ဆီမှာပစ္စည်းမရှိဘူး။ စက်မရှိဘူး။ ဆရာတို့မှာ လုပ်နိုင်တဲ့ဥစ္စာက ရန်ကုန်ရယ်၊ မန္တလေးရယ်၊ တောင်ကြီးရယ်၊ အဲဒီ နေရာ ၃ ခုလောက်မှာပဲ၊ ရေဒီယို အိုင်ဆိုတုပ်သုံး radiography ကိုသုံးနိုင်တယ်။ ဘာမှ သိပ်များများးစားစား သုံးလို့ရတဲ့ ပစ္စည်းမရှိဘူး။"

စိုက်ပျိုးရေးမှာရော ဆရာ။

"အဲ စိုက်ပျိုးရေးမှာလည်း၊ အဲဒီလိုပဲ၊ ရေဒီယို အိုင်ဆိုတုပ်ကလေး သုံးလို့ရတာ ကြို့ကုန်းလို စိုက်ပျိုးရေး သူတေသနဌာနမှာ။ အဲဒီ တဌာနမှာပဲရှိတယ်။ ဘယ်မှာမှ မရှိဘူး။"

စက်မှုလက်မှုမှာရော။

"စက်မှုကျတော့လည်း ရန်ကုန်ပဲ ရှိတယ် ဘယ်မှာမှ မရှိဘူး။ ရန်ကုန်မှာ
ကျတော့ကာ ဆရာတို့ အရင်တုန်းက ဟိုးလွန်ခဲ့တဲ့ ၅၀ နှစ်တွေက ယူဘာရီလို့ခေါ်တယ်။ Union Of Burma Research ခေါ်တယ်။ အမေရိကန်နိုင်ငံက အားမားတက္ကသိုလ်က လာပြီးထောင်ပေးသွားတာ။ အဲဒါ ဆရာတို့ စလုပ်ခဲ့တာ။ တော်လှန်ရေးကောင်စီတက်တဲ့ အချိန်လောက်မှာ CRO ဆိုတဲ့ Central Research Organization ဖြစ်လာတယ်။ အခုနောက်ပိုင်း ကျတော့ကာ အဲဒါကို MSTRD Myanmar Science and Technology Research Department မြန်မာသိပွံနဲ့ နည်းပညာ သုတေသနဌာန ဆိုပြီးတော့။ အဲဒီမှာ အရင်တုန်းကတော့ Atomic Energy ကို ဌာနခွဲလေး တခုပဲရှိတယ်။ အခုတော့ သူ့ကို သပ်သပ်ခွဲလိုက်တယ်။ အဲဒီမှာ အဓိကလုပ်တာ ဘာလဲဆိုလို့ ရှိရင် radiation section၊ အဲဒါလည်း IAEA နဲ့ တွဲလုပ်တာပဲ။"

တကယ်လို့ နိုင်ငံခြားကနေပြီးတော့ စက်ပစ္စည်းတွေအရ အကူအညီတွေ ပေးမယ်ဆိုရင် ကျွမ်းကျွမ်းကျင်ကျင်နဲ့ ကိုင်တွယ်နိုင်မယ့်သူတွေ ရှိပါလား ဆရာ။

"မရှိဘူး။ အဲဒီမှာ နျူကလီယားအင်ဂျင်နီယာ ဆိုလို့ မြန်မာနိုင်ငံမှာ ဆရာတယောက်ပဲ ရှိတယ်။ အကူအညီပေးမယ် ဆိုရင်သိပ်ကောင်းတာပေါ့။"

ဆိုတော့ ဒီမြန်မာနိုင်ငံမှာ ဒီအကူအညီတွေ အများကြီး လိုနေတယ်ဆိုတဲ့ သဘောပေါ့နော်။

"လိုတာပေါ့။ သိပ်လိုတာပေါ့။ ဒါပေမယ့် နှောင်ကြိုးမဲ့အကူညီ တွေ ပေးမယ် ဆိုရင် သိပ် လက်ခံချင်ပါတယ်။"

မြန်မာနိုင်ငံမှာ လှိုင်ခေါင်းတွေ၊ မြေအောက် Tunnel တွေ
ဖောက်နေတာဟာ နျူကလီယား ဆိုင်ရာပစ္စည်းတွေ ထုတ်လုပ်ဖို့ အတွက် လျှို့ဝှက်ပြီးတော့ ကြံစည်နေတာလို့ ပြောကြတော့ ဒါနဲ့ ပတ်သက်ပြီးတော့ ဆရာ့အမြင်သိပါရစေ။

"အဲဒါက ကောလာဟဠပါ။ တကယ်က လှိုင်တွေ ဖောက်တယ်ဆို
တာက ရေအားလျှပ်စစ်တို့၊ တံတားတို့အတွက် လှိုင်တွေဖောက်တာ
ဖြစ်တယ်။ အဲ may be shelter အတွက် လုပ်တာလည်းဖြစ်နိုင်တယ်။ ဒါပေမယ့် နျူကလီယား စက်ပစ္စည်းတွေအတွက် ထုတ်ဖို့ဆိုတာက ၁ အချက်က ကျနော်တို့နိုင်ငံမှာ ဓနအင်အားလည်း မရှိဘူး။ လူလည်း မရှိဘူး။ မေးတုန်း နောက် တခု ဆရာ ပြောလိုက်မယ်။

သံသယထဲမှာ တခုရှိ နေတာ။ ရုရှားနိုင်ငံကနေ လာကူပေးနေတယ်
ဆိုတာ။ နောက် လူတွေ က မြောက်ကိုရီးယား က လာကူပေးနေတယ်
ပြောတာ။ အလကားပြောတာ။ ဘယ်သူကမှ ဘာမှ မပေးဘူး။ အဲတော့ ရုရှားကလည်း ဘာမှ မပေးဘူး။ သူတို့ ဆီမှာ ပညာသွားသင်တဲ့ ကလေးတွေ ရှိတယ်။ ဘာမှလည်း တတ်မလာဘူး။ ဘာမှလည်း မပေးလိုက်ဘူ။ အဲတော့ မလုပ်နိုင်ပါဘူး။ အမှန်တော့။ အဲဒါတွေက ကောလာဟဠတွေပါ။"

ဒေါက်တာ ဦးသိန်းဦးဖိုးစောပါ။
ဗွီအိုအေ (မြန်မာဌာန)
မြန်မာနိုင်ငံမှာ နျူကလီယားနဲ့ ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေ လုပ်နေတဲ့ အတွက် စိုးရိမ်တကြီးနဲ့ ပြောဆိုနေကြတာမို့ လက်ရှိမှာ ဘာတွေလုပ်နေတယ်ဆိုတာကို သိရအောင် စစ်တက္ကသိုလ် အငြိမ်းစား

KNU အဖွဲ့မှ ရွာသား များ အား ရိုက်နှက် ညှဉ်းပန်း

Photo: KNU အဖွဲ့မှ ရွာသားများအား ရိုက်နှက်ညှဉ်းပန်း
Thursday, January 10, 2013

ဇန်န၀ါရီလ ၈ ရက်နေ့ နံနက် ၉ နာရီခန့်အချိန်၊ ပဲခူးတိုင်းဒေသကြီး၊
ကျောက်ကြီးမြို့နယ်၊ ကော့ပြင်းကျေးရွာအနီးရှိ မြေနီကုန်းတွင် KNUမှ တပ်ခွဲမှူး ဖိုးကျော်နှင့်အဖွဲ့သည် အရက်သေစာ သောက်စားမူးယစ်ပြီး  မုန်းဒေသမှ ၀ါးလာ ခုတ်သူဒေသခံပြည်သူများအား ရိုက်နှက်ခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ မုန်းဒေသရှိ ကျေးရွာများမှ ရွာသား ၁၀၀ ခန့်နှင့် လှည်းအစီး
 ၅၀ ခန့်သည် အဆိုပါ ကော့ပြင်းကျေးရွာအနီးတွင် ထင်းခုတ်၊ ၀ါးခုတ်၊ ကြိမ်ခုတ်ပြီး ပြန်လာကြောင်း၊ ၄င်းတို့ ပြန်လာစဉ် လှည်းအစီး ၅၀ အား KNUအဖွဲ့မှ တပ်မဟာ(၃) လက်အောက်ခံ၊ တပ်ရင်း(၈) တပ်ခွဲမှူး ဖိုးကျော်မှ သေနတ်ပြ ခြိမ်းခြောက်ရပ်တန့်စေပြီး လှည်းများပေါ်တွင် ရွာသားများအားမှောက်စေ၍ ပျဉ်းကတိုးအပင်ပေါက်များဖြင့် ရိုက်နှက်ခဲ့ကြောင်း၊ ထို့အပြင်လှည်းတစ်စီးလျှင် လူတစ်ဦးနှုန်းဖြင့် ဖမ်းဆီးခေါ်ဆောင်သွားရာ စုစုပေါင်း  လူ ၅၀ ခန့် ဖမ်းဆီးခံရကြောင်း သိရှိရပါသည်။ 

အဆိုပါ KNU အဖွဲ့၏ ရိုက်နှက်မှုကြောင့် ရွာသား ၁၆ ဦးခန့် မုန်းတိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံနေရကြောင်း သတင်းရရှိပါသည်။ 

KNU အဖွဲ့မှ ၄င်းတို့အား အသိပေးခြင်းမရှိပဲ ၀ါးလာခုတ်သဖြင့် ရိုက်နှက်ခြင်းဖြစ်ကြောင်း၊ ရိုက်နှက်ချိန်တွင် KNU အဖွဲ့ဝင်များ အရက်သေစာ သောက်စားထားပြီး လူမှန်းမသိအောင် မူးယစ်
နေကြကြောင်းနှင့် ဖမ်းဆီးခေါ်ဆောင် သွားသူများအား ဒဏ်ပေးသည့်
အနေဖြင့် ၄င်းတို့၏ မရမ်းပင်စခန်းတွင် တောင်ယာခုတ်ထွင်ရှင်းလင်းရန်
ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း သိရှိရသည်။

အမေ့အိမ်
ဇန်န၀ါရီလ ၈ ရက်နေ့ နံနက် ၉ နာရီခန့်အချိန်၊ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ကော့ပြင်းကျေးရွာ

ကျိုက် ထီး ရိုး ဘုရား ရင်ပြင်ေ တာ်ေ ပ်ါတွင် ယာယီ တဲ ဌားရ မ်းခြင်း လုပ်ငန်း ထိုးဖောက် လာ

Photo: ကျိုက်ထီးရိုးဘုရားရင်ပြင်တော်ပေါ်တွင် ယာယီတဲ ဌားရမ်းခြင်းလုပ်ငန်း ထိုးဖောက်လာ

ယခုနှစ်ကျိုက်ထီးရိုးဘုရားရင်ပြင်တော်ပေါ်တွင် ယာယီတဲများ (Camp) ဌားရမ်းသည့် လုပ်ငန်းသစ်တစ်ခု ထိုးဖောက်လာကြောင်း သိရသည်။

"ကျိုက်ထီးရိုးမှာ ဘုရားဖူးရာသီဆိုရင် ရှိတဲ့ဟိုတယ်တွေ အကုန်အခန်းပြည့် တယ်။ အခန်းဈေးတွေကလည်းအရမ်းကြီးတယ် တချို့ က ဘုရား ရင်ပြင်
တော်ပေါ်မှာ ဖျာတွေ၊စောင်တွေ ဌားပြီးနေကြတယ် ဒါပေမယ့် ရာသီဥတုက အရမ်းအေးတော့ ဘုရားဖူးတွေ ဒုက္ခရောက်ကြတယ် ဒါကြောင့် Camp တွေ ဌားပေးဖို့စိတ်ကူးရခဲ့တယ်” ဟု ယာယီတဲဌားရမ်းခြင်း လုပ်ငန်းပိုင်ရှင် ကိုကျော်ကြီးက ပြောကြားသည်။

ယာယီတဲ တစ်လုံးတွင် ၃ဦး တည်းခိုနိုင်ပြီး ရာသီဥတုဒဏ် ခံနိုင်သော အခင်းများ ပါဝင်သဖြင့် အအေးဒဏ်ကို ခံနိုင်ရည်ရှိပြီကြောင်း တဲကို
သော့ခတ်နိုင်သဖြင့် ပစ္စည်းပျောက်မည်ကိုလည်း စိတ်ပူရန်မလိုကြောင်း၊ တစ်ရက်လျှင်ငွေကျပ် တစ်သောင်း ဖြင့် ဌားရမ်းကြောင်းနှင့် ယခု အချိန်တွင် ယာယီတဲ ၁၅လုံးကို စတင်ဌားရမ်းနေပြီး တဲအရေအတွက် တိုးမြှင့်ဌားရမ်း
ပေးနိုင်အောင်လည်း စီစဉ်လျက်ရှိကြောင်းသိရသည်။

“ဒီနှစ် ကျိုက်ထီးရိုးဘုရားဖူးသွားတာ တည်းခိုခန်းခတွေက ဈေးအရမ်း ကြီးတယ်။ ပိုက်ဆံရှိတာတောင် တည်းစရာဟိုတယ်တွေက ပြည့်နေလို့ ဘုရားဖူးတွေ တော်တော်အခက်တွေ့တယ်။ ရင်ပြင်တော်ပေါ်မှာ ဖျာတွေ
ခေါင်းအုံးတွေဌားပြီး တချို့ က နေကြရတယ်။ ဒါပေမယ့် ရာသီဥတုက
တောင်ပေါ်မှာ အရမ်းအေးတာ အသက်ကြီးတဲ့သူတွေနဲ့ ကလေးတွေ
အတွက် ဒုက္ခရောက်တာပေါ့။ ဒါပေမယ့် ဒီနှစ် ဘုရားပေါ်မှာ ယာယီ တဲလေးတွေ ဌားပြီး တချို့ တွေနေကြတာ တွေ့ခဲ့တယ်။ ဟိုတယ်ခတွေ
ဈေးကြီးတော့ တချို့ ပိုက်ဆံချို့ တဲ့ တဲ့ဘုရားဖူးတွေအတွက် အဆင် မပြေဘူး”ဟု ကျိုက်ထီးရိုးဘုရားဖူးသွားခဲ့သူ ဒေါ်ခင်လေးက
ပြောကြားသည်။

ယခုနှစ်အတွက် ကျိုက်ထီးရိုးတောင်ပေါ်ရှိ ဟိုတယ်များ၏ လေလံဈေးမှာ သိန်း၈၀ခန့်ရှိပြီး ဟိုတယ်ဌားရမ်းခနှုန်းထားများမှာလည်း အနိမ့်ဆုံး
ခြောက်သောင်းခွဲမှ အမြင့်ဆုံး တစ်သိန်းခွဲအထိရှိပြီး သာမာန်တည်းခိုခန်း များတွင်ပင် ဟိုတယ်အခန်းနှုန်းထားမှာ နှစ်သောင်းကျပ်ရှိကြောင်း ဘုရားဖူးများအနေဖြင့် ဟိုတယ်စရိတ်များဈေးကြီးခြင်းနှင့် တည်းခိုစရာ
နေရာမရရှိသည့်အခက်အခဲကြောင့် ဘုရားဖူးပြီးသည်နှင့် ချက်ချင်းပြန် သွားရသော ခရီးသည်များ ရှိသဖြင့် ည၁၀နာရီအထိ တောင်ပေါ်
အတက်အဆင်းကားများကို စီစဉ်ပေးခဲ့ရကြောင်း သိရသည်။

ကျိုက်ထီးရိုးဘုရားဖူးရာသီတွင် ဟိုတယ်အခန်းမလုံလောက်မှုနှင့် ဈေးနှုန်း
မြင့်များမှုတို့ကြောင့် ရင်ပြင်တော်ပေါ်တွင် တည်းခိုနိုင်ရန် ဖျာနှင့် ခေါင်း အုံများကို တစ်ရက်လျှင် ၅၀၀ကျပ်နှင့် ဌားရမ်းခြင်းလုပ်ငန်းများ
ပေါ်ပေါက်လာခဲ့ပြီး ယခုအခါတွင် ဈေးကွက်အသစ်အဖြစ် တရက်လျှင်
တသောင်းကျပ်ဖြင့်ယာယီတဲဌားရမ်းခြင်း လုပ်ငန်းအသစ် စတင်ထိုးဖောက်
လာခြင်း ဖြစ်ကြောင်း သိရသည်။

ဆုဝေ
The Myanma Age
ယခုနှစ်ကျိုက်ထီးရိုးဘုရားရင်ပြင်တော်ပေါ်တွင် ယာယီတဲများ (Camp) ဌားရမ်းသည့် လုပ်ငန်းသစ်တစ်ခု ထိုးဖောက်လာကြောင်း သိရသည်။

သင်္ဘောသား Black List ပိတ်ပင်မှု အတွက် DMA သို့ လျှောက် ထားနိုင်

Photo: သင်္ဘောသား Black List ပိတ်ပင်မှုအတွက် DMA သို့
လျှောက်ထားနိုင်

မြန်မာနိုင်ငံမှ Black List အလုပ်ခံထားရသော သင်္ဘောသားများအား Black List ပိတ်ထားမှုကို လျှောက်ထားပါက   ပြန်လည်ဖွင့်လှစ်ပေးရန်အတွက် DMA မှ ပြောကြားထားကြောင်း ITFမှ သိရသည်။

DMA (Department of Marine  Administration) ပင်လယ်ကူး
သင်္ဘောရုံးအနေဖြင့်  ယခင်က သင်္ဘောသားများအား Black List ပိတ်ထားမှုကို ဖြေလျော့ပေးရန်  ITFက ပြောဆိုဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

“အခုအချိန်က နိုင်ငံရေးကလည်း ပြောင်းနေပြီပေါ့နော်။ Black Listလည်း မလုပ်တော့ပါဘူး။ ပြန်ပြီး လျှောက်ရင်   ပြန်ဖွင့်ပေး ပါမယ် ဆိုပြီး DMA က ပြောတယ်။” ဟု ITF Inspector ဦးရွှေထွန်းအောင်က ဇန်န၀ါရီလ(၉)ရက်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌
ပြောကြားခဲ့သည်။

ITF အနေဖြင့် သင်္ဘောအေးဂျင့်များနှင့်လည်း သွားရောက်တွေ့ဆုံခဲ့စဉ် Black List လုပ်တော့မည် မဟုတ်ကြောင်း Black List လုပ်ခဲ့မည် ဆိုပါကလည်း ထိုအေးဂျင့်များ၏ သင်္ဘောသားများအား ITF က 
Black List ပြန်လုပ်မည်ဖြစ်ကြောင်း သိရသည်။

“Black List မလုပ်တော့ဘူးလို့ပြောပြီး ကျွန်တော်တို့ အေးဂျင့်တွေနဲ့ သွားတွေ့တယ်။ တကယ်လို့ အေးဂျင့်က Black List လုပ်မယ်ဆိုရင် သူတို့သင်္ဘောသားကို Black List လုပ်မယ်ဆိုရင် ကျွန်တော် တို့ ကလည်း Black List ပြန်လုပ်မယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာ လုပ်ပိုင်ခွင့်ရှိတယ်။” ဟု ITF Inspector ဦးရွှေထွန်းအောင် က ဆက်ပြောသည်။

ဇန်န၀ါရီလ(၉)ရက်နေ့က ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံပင်လယ်ပျော်များ
သမဂ္ဂ မြန်မာနိုင်ငံ၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ITF (International Transport Worker’s Federation)မှ Inspector အဆင့်တာဝန်ရှိသူက ပြောကြားခဲ့ခြင်းဖြစ်သည်။

သင်္ဘောသားများထဲမှ Black List အလုပ်ခံထားရသည့်စာရင်းမှာ အကြောင်းအမျိုးမျိုးကြောင့် Black List အလုပ်ခံထားရသူများ ရှိသည့်အတွက် ခန့်မှန်းပြောဆို၍မရနိုင်ကြောင်းကိုလည်း ITF မှ သိရသည်။

မြန်မာနိုင်ငံပင်လယ်ပျော်များသမဂ္ဂအနေဖြင့် သင်္ဘောသားများနှင့် ပတ်သက်သည့် မျှတသော လုပ်အားခရရှိရေး၊ အချိန်ပိုလစာ သင့်တင့်စွာ ရရှိရေး၊ အလုပ်တည်မြဲရေး၊ လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းစေရေး၊ မျှတသော အသက်အာမခံလျှော်ကြေး ရရှိရေးတို့ကို ဆောင်ရွက်ပေးလျက် ရှိသည်။

“ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ညွှန်ကြားရေးမှူးဦးသောင်းကြိုင်က
ပြောတယ်။ နိုင်ငံတော်က ပွင့်လင်းလာတဲ့အခါမှာ ဒီကိစ္စကို
နောက်ပိုင်းကျရင် သူတို့ကဘယ်လိုမှ အရေးယူမှုတွေ၊ အပြစ်ပေးမှုတွေ မလုပ်တော့ပါဘူးဆိုပြီး အဲ့ဒီ ရပ်တည်ချက်ကို ခိုင်ခိုင်မာမာ International မှာပြောပါတယ်။” ဟု မြန်မာနိုင်ငံပင်လယ်ပျော်များသမဂ္ဂ ဥက္ကဌက
ပြောကြားခဲ့သည်။

အဆိုပါ မြန်မာနိုင်ငံပင်လယ်ပျော်များသမဂ္ဂများအဖွဲ့မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ၁၉၉၁ခုနှစ်တွင် စတင်တည်ထောင်ကာ ၁၉၉၃ ခုနှစ်၌
ITF ၏ အဖွဲ့ဝင်အသင်းအဖြစ် အသိအမှတ်ပြုခံခဲ့ရကာ ယခု
မြန်မာနိုင်ငံအတွင်းသို့ ပြန်လည် ၀င်ရောက် လာခြင်းဖြစ်သည်။

ပြောင်းလဲလာသည့် နိုင်ငံရေးအခြေအနေများကြောင့် မြန်မာနိုင်ငံ
ပင်လယ်ပျော်များသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံ၌ ၂၀၁၁ခုနှစ်အတွင်းက မှတ်ပုံတင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံပင်လယ်ပျော်များသမဂ္ဂတွင် အဖွဲ့ဝင်ပေါင်းတစ်ထောင်
ကျော်ခန့်ရှိပြီး ယခုအခါတွင် အဖွဲ့ဝင်များအား ထပ်မံဖိတ်ခေါ်လျှက်ရှိသည်။

ထက်အောင်ခန့် (မြစ်မခ)
Myit Makha Mediagroup
မြန်မာနိုင်ငံမှ Black List အလုပ်ခံထားရသော သင်္ဘောသားများအား Black List ပိတ်ထားမှုကို လျှောက်ထားပါက ပြန်လည်ဖွင့်လှစ်ပေးရန် အတွက် DMA မှ ပြောကြားထားကြောင်း ITFမှ သိရသည်။ DMA

Fucking မှာ သြစတြီးယား နိုင်ငံမှ မြို့ တစ်ခုအမည်ဖြစ်

Photo: Fucking မှာ သြစတြီးယား နိုင်ငံမှ မြို့ တစ်ခုအမည်ဖြစ်

ဥရောပတိုက် အလယ်ပိုင်း ကုန်တွင်းပိတ်နိုင်ငံ- သြစတြီးယား အနောက်ပိုင်း Tarsdorf မှာ ရှိတဲ့ ကျေးလက်အဆင့် မြို့ ငယ်လေး တစ်ခု ဖြစ်ပါတယ်။

နာမည်ကလည်း တကယ်ကိုပဲ Fucking လို့ပေးထားပါတယ်။ အခုမှ ပေးတာ မဟုတ်ပါဘူး။ ကျေးရွာ စထောင်တာ ၁၀၇၀ ခုနှစ်က ဖြစ်ပြီး စထောင်ပေးတဲ့ ပုဂ္ဂိုလ်အမည်က Focko ဖြစ်ပါတယ်။ အဲ့တုန်းက Vucchingen လို့ အမည်ပေးပါတယ်။ 

၁၃၀၃ ရောက်တော့ Fukching လို့ အမည်ပေးပြီး ၁၅၃၂ ခုနှစ်ရောက်တော့ Fugkhing လို့ အမည်ပေးပြန်ပါတယ်။ ၁၈ ရာစု ရောက်တဲ့အခါမှာတော့ ယနေ့အထိပဲ Fucking ဆိုတဲ့ အမည်က အတည် ဖြစ်သွားပါတယ်။

အမှန်တော့ ယင်း Fucking ရဲ့  အဓိပ္ပါယ်က Focko's people (Focko ရဲ့  ပြည်သူများ) ဖြစ်ပေမယ့် အင်္ဂလိပ်လိုကျတော့ ဖိုမ ဆက်ဆံတဲ့
Fucking ဖြစ်နေပြန်ပါတယ်။ ဒီအတွက် ကျေးရွာမှ အမြဲ စိတ်ညစ်ရပါတယ်။ လူဦးရေလည်း သိပ်မရှိပါဘူး။ ၂၀၀၅ နောက်ပိုင်း အိမ်ခြေ ၃၀ ကျော်၊ လူဦးရေ ၁၀၀ ကျော်ပဲ ရှိပါတယ်။ Fucking လို့ အမည်ပေးထားတဲ့ ဆိုင်းဘုတ် ဆန်းကြောင့် ကမ္ဘာလှည့်ခရီးသည်များ ပေးတဲ့ ဒုက္ခအမြဲ ကြုံ့ ပါတယ်။

ဆိုင်းဘုတ်ဖြုတ်ခိုးတာမျိုး၊ ဆိုင်းဘုတ်ပတ်လည်မှာ မဖွယ်မရာ ဓာတ်ပုံ၊ ဗီဒီယို ရိုက်တာမျိုးတို့ လုပ်လုပ်သွားပါတယ်။ ယခု ချိန်မှ မဟုတ်ပါဘူး။ ဒုတိယ ကမ္ဘာစစ်ကာလကတည်းက အမေရိကန်၊ ဗြိတိန် စစ်သား တို့ကြား တော်တော်နာမည်ကြီးတဲ့ ကျေးလက် မြို့ ငယ်လေး တစ်ခု ဖြစ်ပါတယ်။

ဒီတော့ ဒါတွေနဲ့ ပက်သက်လို့ အစည်းအဝေး ထိုင်တိုင်းလည်း ပြဿနာ တက်ရပါတယ်။ Fucking ဆိုတဲ့ စကားကို လေသံထဲ ထည့်ထည့်
ဆွေးနွေးတော့ ဘယ်လောက်ပဲ နားယဉ်ယဉ် ကိုးလို့ကန့် လန့်
ဖြစ်ပါတယ်။ နှစ်ပေါင်း ၈၀၀ ကျော်မက ပေးလာတဲ့ ယင်းမြို့ ငယ် နာမည်ကို ပြောင်းဖို့ ဆွေးနွေးစဉ်ကဆိုရင် မြို့ ဝန်က ယခုလို စကားပြောပါတယ်။

"Everyone here knows what it means in English, but for us Fucking is Fucking — and it's going to stay Fucking."

Fucking ဆိုတဲ့ အမည်ကိုပဲ ဆက်သုံးဖို့ ပြောတာတောင် တော်တော်လေး လက်ပေါက်ကပ်ပါတယ်။ သို့ပေမယ့် တစ်ခုလည်း ကောင်းပါတယ်။ နာမည်လေးက ဆန်းနေတာမို့ ကမ္ဘာတစ်လွှားက လည်ပတ်သူများ လာရောက်ပါတယ်။ ဆိုင်းဘုတ်မှာ ဓာတ်ပုံရိုက်ပါတယ်။ မြို့ ထဲ ဝင်လေ့ လာပါတယ်။ ကျေးရွာရဲ့  အဓိက ဝင်ငွေလိုကို ဖြစ်သွားပါတယ်။ ဒါကြောင့် Fucking အမည်နဲ့ မြို့ ပိုင် ဝဘ်ဆိုဒ်ထောင်ပြီး We love fucking in Austria စလိုဂမ်ပါတဲ့ တီချပ်တွေလည်း အတော်လေး ရောင်းကောင်းပါ တယ်။

Fucking ဆိုတဲ့ စာသားပါတဲ့ ယင်းမြို့ ငယ်လေးဟာ သူ့နာမည်ကြောင့်ပဲ ယနေ့ထိ ထင်ပေါ်ကျော်ကြား၊ လည်ပတ်သူများလျက် ရှိကြောင်း သိရပါ တယ်။
--
Ref: wiki
International news for myanmar
ဥရောပတိုက် အလယ်ပိုင်း ကုန်တွင်းပိတ်နိုင်ငံ- သြစတြီးယား အနောက်ပိုင်း Tarsdorf မှာ ရှိတဲ့ ကျေးလက်အဆင့် မြို့ ငယ်လေး

လာ မည့်နွေ မန္တလေး တိုင်း၌ လျှပ်စစ်မီး အပြည့် ရရှိရန် အာမ မခံနိုင်

Photo: လာမည့်နွေ မန္တလေးတိုင်း၌ လျှပ်စစ်မီးအပြည့်ရရှိရန် အာမမခံနိုင်<br />
Thursday, 10 January 2013</p>
<p>ဲပြီးခဲ့သည့် ဒီဇင်ဘာလဆန်းပိုင်းမှစတင်၍ မန္တလေး၌ လျှပ်စစ်မီးများ<br />
ဆက်တိုက်ပျက်နေရခြင်းမှာ လျှပ်စစ်စွမ်းအားထုတ်လုပ်နိုင်မှု ပမာဏကျဆင်းလာခြင်းကြောင့်ဖြစ်သည်ဟု မန္တလေးတိုင်းဒေသကြီး လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးရုံးမှ အမည်မဖေါ်လိုသူတာဝန်ရှိသူ တစ်ဦးက ပြောကြားလိုက်သည်။</p>
<p>“မီးဘာလို့ပျက်လဲဆိုရင် ထုတ်လုပ်မှုကျဆင်းနေလို့ ပျက်လာတာပါ ၊ မိုးတွင်းတုန်းက မီးဘာလို့ မပျက်လဲ ဒီလိုယှဉ်ကြည့်လိုက် ၊ မိုးတွင်းတုန်းက ထုတ်လုပ်မှုနဲ့ သုံးစွဲမှုက ကောင်းကောင်း လုံလုံ လောက်လောက် ထုတ်ပေးနိုင်လို့ မပျက်တာ”ဟု အဆိုပါ EPCမှ တာဝန်ရှိသူက ပြောသည်။</p>
<p>မန္တလေးခရိုင်(၇)မြို့နယ်အတွက် လျှပ်စစ်သုံးစွဲမှုပမာဏမှာ တစ်ရက်လျှင် မဂ္ဂါဝပ်(၂၀၀)ရှိကြောင်း သိရပြီး ပြည်သူများ လျှပ်စစ်မီးအပြည့်<br />
အ၀သုံးစွဲနိုင်ရန် ရေအား ၊ လေအား ၊ သဘာဝဓါတ်ငွေ့ ၊ ကျောက်မီး<br />
သွေးစက်ရုံများမှ မီးပေးနိုင်ရန် အစွမ်းကုန်ကြိုးစားနေကြောင်း  မန္တလေးတိုင်းဒေသကြီး လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူ<br />
တစ်ဦးက ဆိုသည်။</p>
<p>“ရှိသမျှနဲ့တော့ အကုန်လုပ်နေတာပဲ ၊ မီးစက်တွေလို ဒီဇယ်ဝယ်ထည့်ပြီး ခုချက်ချင်းတော့ မီးမရနိုင် သေးဘူး ၊ လာမယ့်နွေမှာ မီးမှန်ဖို့တော့ အာမမခံဘူး”ဟု EPC မှ တာဝန်ရှိသူက ပြောသည်။</p>
<p>မန္တလေးမြို့တွင် ပြီးခဲ့သည့် ဒီဇင်ဘာလပိုင်းမှစတင်ကာ ညပိုင်းနှင့်<br />
မနက်အစောပိုင်းများတွင် လျှပ်စစ်မီးပျက်တောက်မှုများနှင့် စတင်ကြုံတွေ့နေရပြီး ထိုကဲ့သို့လျှပ်စစ်မီးပျက်ရခြင်း၏ နောက် ဆက်တွဲအဖြစ် အများပြည်သူသို့ ဖြန့်ဖြူးနေသော ရေပေးဝေရေး ရုံးများမှ ရေလုံလောက်စွာပေး နိုင်ခြင်းမရှိတော့ကြောင်း အောင်မြေ<br />
သာစံမြို့နယ်အတွင်းမှ အမျိုးသားတစ်ဦးက ပြောသည်။</p>
<p>“ကျွန်တော်တို့ဘက်မှာ ရေမလာတော့ ရေပေးရေးရုံးတွေကို ဖုန်းတွေဆက်ပြီး ဟိုမေးဒီမေးလုပ်မှ ရေဖြန့်ဖြူးရေးက တာဝန်ရှိတဲ့တစ်ယောက်ကသူတို့လျှပ်စစ်မီးမရလို့ ရေမပေးနိုင်ဘူး<br />
လို့ပြောတယ်” ဟု ၎င်းက ပြောသည်။</p>
<p>မြန်မာနိုင်ငံ၏ လျှပ်စစ်ထုတ်လုပ်မှုမှာ ရေအားလျှပ်စစ်ပေါ်တွင် (၇၀%)မှီနေရကြောင်း ၊ ရေအား အပေါ်မူတည်ပြီး ဓါတ်အား<br />
ထုတ်လုပ်မှုပြောင်းလဲနေကြောင်း ၊သဘာဝဓါတ်ငွေ့ဖြင့် ထုတ်လုပ်လျှင် ရေအားမည်မျှပင် ပြောင်းပြောင်း သဘာဓါတ်ငွေ့<br />
အမြဲရနေလျှင် ထုတ်လုပ်မှုမပြောင်းလဲနိုင်ကြောင်း ကိုလည်း မန္တလေးတိုင်းEPC ရုံးမှ တာဝန်ရှိသူက သုံးသပ်ပြောကြားခဲ့သည်။</p>
<p> မြန်မာနိုင်ငံတွင် သဘာဝဓါတ်ငွေ့စက်ရုံများရှိကြောင်း ထိုဓါတ်ငွေ့<br />
စက်ရုံများအတွက် ဓါတ်ငွေ့လုံလုံ လောက်လောက်ရလျှင် စက်ရုံများတွင် တပ်ဆင်ထားသည့် ဓါတ်အားများအတိုင်း ပြည့်ပြည့်၀၀<br />
ပေးနိုင်ကြောင်းကိုလည်း ၎င်းက ဆက်ပြောသည်။</p>
<p>မန္တလေးတိုင်းဒေသကြီး လျှပ်စစ်ဖြန့်ဖြူးရေးအနေဖြင့် ပြည်သူလူထုအား လျှပ်စစ်မီးအပြည့်အ၀ သုံးစွဲနိုင်ရန်အတွက် ရပ်ကွက်အတွင်းရှိ စက်မှုလုပ်ငန်းရှင်များအား ညနေ(၄)နာရီမှ(၁၁)နာရီအထိ လည်းကောင်း၊ စက်မှုဇုန် လုပ်ငန်းရှင်များအား ညနေ (၅)နာရီမှ (၁၁)နာရီအထိ လည်းကောင်း၊  လျှပ်စစ်ဓါတ်အားများ အသုံးပြု၍ လုပ်ငန်းမလည်ပတ်ကြရန် အသိပေးအကြောင်းကြားမှုများပြုလုပ် ထားပြီးဖြစ်ကြောင်းကိုလည်း သိရသည်။</p>
<p>“ညနေ(၄)နာရီနောက်ပိုင်းဆိုတာက မိသားစုတွေ အပန်းဖြေ<br />
အနားယူတဲ့အချိန်ဖြစ်တဲ့အတွက် လုပ်ငန်းရှင်တွေကို အဲဒီအချိန်တွေမှာ လျှပ်စစ်မသုံးဖို့ အကြောင်းကြားထားတယ် ၊ အဲဒီ အချိန် တွေ<br />
ကတော့ ပြည်သူတွေကို ဦးစားပေးပြီး ပြည့်ပြည့်၀၀ သုံးစွဲစေချင်စိတ်ရှိတယ်”ဟု မန္တလေးတိုင်း ဒေသကြီး လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူက ပြောကြားသည်။</p>
<p> ပြီးခဲ့သည့်နှစ် မေလတွင်းက မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် လျှပ်စစ်မီးမရရှိခြင်းကြောင့် ဖယောင်းတိုင် များ ထွန်းညှိကာ အများပြည်သူများက ဆန္ဒထုတ်ဖေါ်မှုများရှိခဲ့ပြီး ထိုကဲ့သို့<br />
ဆန္ဒထုတ်ဖေါ်မှုကြောင့် မန္တလေးတိုင်းဒေသကြီး လျှပ်စစ်ဖြန့်ဖြူးရေး<br />
ရုံးအတွင်း အရေးပေါ်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ တွင် ဒေါက်တာမြင့်ကြူက မန္တလေးမြို့အတွက် ကျောက်မီးသွေးစက်ရုံနှင့် လျှပ်စစ်မီးပေးရန် အစီအစဉ် ရှိကြောင်းကိုလည်း ပြောကြားခဲ့သည်။</p>
<p>မန္တလေးခရိုင်(၇)မြို့နယ်တွင် ချမ်းအေးသာစံမြို့နယ်နှင့် ချမ်းမြ<br />
သာစည်မြို့နယ်နှစ်မြို့နယ်အား လျှပ်စစ် ဖြန့်ဖြူးရေးအတွက် ပုဂ္ဂလိကကုမ္ပဏီနှစ်ခုကို လုပ်ငန်းချထားပေးထားပြီးဖြစ်ကြောင်းနှင့် လျှပ်စစ်ထုတ် လုပ်မှုအတွက်မူ ယနေ့အချိန်ထိ ပုဂ္ဂလိကများမှ မဆက်သွယ်သေးကြောင်းကိုလည်း တာဝန်ရှိသူများထံက သိရသည်။</p>
<p>မင်းမင်းလတ် မန္တလေး-(မြစ်မခ)<br />
Myit Makha Mediagroup
ပြီးခဲ့သည့် ဒီဇင်ဘာလဆန်းပိုင်းမှစတင်၍ မန္တလေး၌ လျှပ်စစ်မီးများ ဆက်တိုက်ပျက်နေရခြင်းမှာ လျှပ်စစ်စွမ်းအားထုတ်လုပ်နိုင်မှု ပမာဏ ကျဆင်းလာခြင်းကြောင့်ဖြစ်သည်ဟု မန္တလေးတိုင်းဒေသကြီး လျှပ်စစ် ဓါတ်အားဖြန့်ဖြူးရေးရုံးမှ အမည်မဖေါ်လိုသူတာဝန်ရှိသူတစ်ဦး က ပြောကြား လိုက်သည်။

မောင်တောဒေသရှိ မီးရှို့ခံကျေးရွာများ စားနပ်ရိက္ခာအခက်အခဲရှိနေ

Photo: မောင်တောဒေသရှိ မီးရှို့ခံကျေးရွာများ စားနပ်ရိက္ခာအခက်အခဲရှိနေ

ရခိုင်ပြည်နယ်မောင်တောမြို့နယ်အတွင်း ဘင်္ဂလီတို့၏ မီးရှို့ဖျက်စီးမှု
ခံလိုက်ရသော ကျေးရွာ(၁၀)ရွာ ခန့်မှာ အစိုးရအပါအ၀င် ဒေသတွင်း
လူမှုထောက်ပံ့ရေးအကူညီပေးနေသည့် အစီအစဉ်များ ရပ်တန့်သွားပြီး
နောက် ရွာသားများအနေဖြင့် စားနပ်ရိက္ခာ အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း ဒေသခံများထံက သိရှိရသည်။

ပြီးခဲ့သည့်နှစ် ဇွန်လအတွင်းက မီးရှို့ဖျက်စီးမှုကြောင့် မောရ၀တီ၊ ဝေသာလီ၊ ခရေမြိုင်၊ ကင်းချောင်း၊ ဗောဓိကုန်း၊ ကံသာယာ၊ သရေကုန်းဘောင်၊ ကိုင်းကြီးအစရှိသော ဒေသခံကျေးရွာ (၁၀)ရွာခန့်မှာ ရိက္ခာအခက်အခဲ
ကြုံတွေ့နေရခြင်းဖြစ်သည်။

“ အစိုးရနဲ့ လူမှုကူညီထောက်ပံ့ရေးအဖွဲ့တွေက စားနပ်ရိက္ခာအကူအညီ
ပေးနေတဲ့ အစီအစဉ်ဟာ   အောက်တိုဘာလဆန်းပိုင်း ကတည်းက
ပြတ်တောက်သွားခဲ့တာပါ။ ရွာသူရွာသားများက လက်ကျန်အကူအညီတွေနဲ့ အလုပ်အကိုင်မရှိ ထိုင်စားနေရတော့ ဘယ်လောက်တာရှည်ခံမှာလဲဗျာ။ အခု လောက်ဆိုတော့ ကုန်ပြီပေါ့ဗျာ၊။ မူလကတည်းက စိတ်ဓါတ်ရေးရာ
ကျဆင်းနေတာ အခု စားနပ် ရိက္ခာအခက်အခဲကြုံတွေ့လာရတော့
တော်တော်လည်း ၀မ်းနည်းသိမ်ငယ်စိတ်တွေ ထပ်ဝင်လာတာပေါ့” ဟု ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

စားနပ်ရိက္ခာအခက်အခဲကြုံနေရခြင်းနှင့်ပတ်သက်၍ မောရ၀တီကျေးရွာမှ ရွာသားတစ်ဦးကို မေးမြန်းကြည့်ရာ ၄င်းက ယခုကဲ့သို့ဖြေကြားခဲ့သည်။

“စားနပ်ရိက္ခာအကူအညီ မရတာ နှစ်လကျော်လောက်တောင် ရှိပါပြီ။ ရွာသူရွာသားတွေကမိုးတွင်းကလည်း လယ်မလုပ်ရလိုက်၊ အခု
ဆောင်းသီးနှံစိုက်ပျိုးရာသီမှာလည်း လုပ်ကိုင်မဲ့ ကျွဲ၊နွားတိရစ္ဆာန်တွေ မရှိတော့ ဘာလုပ်လို့၊ ဘာကိုင်လို့ စားရမှာ မသိတော့ပါဘူး” ဟု မောရ၀တီရွာသားက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက မီးလောင်ကျေးရွာ (၁၀)ရွာမှ
ဒေသခံအိမ်ထောင်စုဦးရေ(၁၀၄၄)စု အတွက် လတ်တလောအရေးပေါ် စားသောက်လုပ်ကိုင်နေထိုင်နိုင် ရန်အတွက် ကုလသမဂ္ဂစားနပ်ရိက္ခာ ဖွံ့ဖြိုးရေးအစီအစဉ်(UNDP)မှ အိမ်ထောင်စုတစ်စုလျှင်ငွေကျပ်(၁၅၀၀၀၀)စီ
လူသားချင်း စာနာ ထောက်ပံ့ရေးအကူအညီအဖြစ်ပေးအပ်လှူဒါန်း
ခဲ့ကြောင်း သိရသည်။
 
အာရကန်ကိုကို-မောင်တော(မြစ်မခ)
Myit Makha Mediagroup
ရခိုင်ပြည်နယ်မောင်တောမြို့နယ်အတွင်း ဘင်္ဂလီတို့၏ မီးရှို့ဖျက်စီးမှု ခံလိုက်ရသော ကျေးရွာ(၁၀)ရွာ ခန့်မှာ အစိုးရအပါအ၀င် ဒေသတွင်း

3G စနစ်ကြောင့် စီဒီ အမ်အေ မိုဘိုင်း ဖုန်းများ ဈေးကျ လာ

Photo: 3G စနစ်ကြောင့် စီဒီအမ်အေမိုဘိုင်းဖုန်းများ ဈေးကျလာ

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ စီဒီအမ်အေဖုန်းများ ထပ်မံချထားပေးခြင်း
မရှိတော့သည့် နောက်ပိုင်း စီဒီအမ်အေဖုန်းသုံးစွဲသူများ အနေဖြင့်
ပြန်လည်ရောင်းချလိုသူ များပြားလာပြီး ဈေးနှုန်းမှာလည်း ကျပ်သုံးသိန်းခွဲ
ဝန်းကျင်အထိ ကျဆင်းလာကြောင်း   ဈေးကွက်အတွင်းက သိရသည်။

"ဆက်သွယ်ရေးက နောက်ပိုင်း 3G စနစ်သုံး GSMဖုန်းတွေကိုသာ အဓိကထား ချထားပေးတော့မှာမိုလို့ စီဒီအမ်အေ ဖုန်းကိုင်ထားသူတွေ အနေနဲ့ ပြန်ရောင်းချလိုမှုများလာတယ်၊ အရင်က ကျပ် ငါး သိန်းဝန်းကျင်
လောက်ရှိတဲ့ CDMA 800MHz ဖုန်းတွေလည်း အခုဆို ကျပ်သုံးသိန်းခွဲ
ဝန်းကျင်လောက် အထိ ပေါက်ဈေးရောက်နေပြီ" ဟု ဖုန်းအကျိုးဆောင်
တစ်ဦးက   ပြောသည်။

CDMA 450 MHz ဖုန်းများအား နယ်ဒေသများ၌ နေထိုင်အသုံးပြုသူ
အများစုသာ ဝယ်ယူအသုံးပြုမှု များရှိနေကြောင်းကိုလည်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ  3G နှင့် 4Gကွန်ရက်စနစ် အသုံးပြုနိုင်
ရန် ဆောင်ရွက်သွားမည် ဖြစ်သည့်အတွက် CDMA 800 MHz နှင့်CDMA 450 MHz ဖုန်းများချထားပေးမှုများကို ရပ်ဆိုင်း ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဟန်းဆက်အပိုင်းတွင်လည်း CDMA 800 MHz နှင့်450 MHz အသုံးပြုနိုင်သည့် ဟန်းဆက်များမှာ လည်း GSMဟန်းဆက်များထက် အရောင်းအဝယ်ကျဆင်းလျက် ရှိနေသည်။

"အရင်ကတော့ ဝယ်ယူမှုအပိုင်းမှာ မသိသာပါဘူး။ အခုနောက်ပိုင်းတော့ GSM စနစ်သုံး ဟန်းဆက် တွေကိုသာ သိသိသာသာ ဝယ်ယူမှုများ
လာတယ်။ ဝယ်ယူမှုပိုင်းက ပုံမှန်ဆိုပေမယ့် အရင်က မော်ဒယ်နိမ့် တွေပဲ ၀ယ်ကြတာ အခု မော်ဒယ်မြင့် ဟန်းဆက်တွေကို ဝယ်ယူမှုများလာတယ်" ဟု Mobile မိုဘိုင်းဖုန်းအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိဟန်းဆက်ဈေးကွက်၌ အင်တာနက်အသုံးပြု၍ရသည့် (Android) GSM ဟမ်းဆက် အမျိုး အစားများမှာ အမျိုးအစားနှင့် အမှတ်တံဆိပ်
ပေါ်လိုက်၍ ကျပ်ခြောက်သောင်းဝန်းကျင်မှ ကျပ် ငါးသိန်းဝန်းကျင်
အထိ ဈေးရှိကြောင်း ဟမ်းဆက်ဈေးကွက်အတွင်းက သိရသည်။

လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် အကျိုးတူပူးပေါင်း
သည့်ကုမ္ပဏီများမှ WCDMA နှင့် GSM လိုင်းကဒ်များအား ကျပ်တစ်သိန်းဝန်းကျင်နှင့်ရောင်းချရန်စီစဉ်နေပြီး အဆိုပါကိစ္စနှင့်
ပတ်သက်၍  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဇန်န၀ါရီလ (၁၁)ရက်နှင့် (၁၂)ရက်နေ့များတွင် မီဒီယာများနှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း သိရသည်။

ဉာဏ်ဉာဏ် (မြစ်မခ)
Myit Makha Mediagroup
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ စီဒီအမ်အေဖုန်းများ ထပ်မံချထားပေးခြင်း မရှိတော့ သည့် နောက်ပိုင်း စီဒီအမ်အေဖုန်းသုံးစွဲသူများ အနေဖြင့် ပြန်လည်ရောင်းချလိုသူ များပြားလာပြီး ဈေးနှုန်းမှာလည်း ကျပ်သုံးသိန်းခွဲ ဝန်းကျင်အထိ ကျဆင်း လာကြောင်း ဈေးကွက်အတွင်းက သိရသည်။

သီလဝါ အထူးစီးပွားရေးဇုန် ၂၀၁၅ တွင် စတင်လည်ပတ်မည်

Photo: သီလဝါ အထူးစီးပွားရေးဇုန် ၂၀၁၅ တွင် စတင်လည်ပတ်မည်<br />
Thursday, 10 January 2013</p>
<p>ရန်ကုန်တိုင်း ဒေသကြီး သံလျင်မြို့နယ်တွင် အကောင်အထည်ဖော်နေသော သီလဝါ အထူး စီးပွားရေးဇုန် စီမံကိန်းသည် လာမည့် ၂၀၁၅ ခုနှစ်တွင် လုပ်ငန်းများ စတင် လည်ပတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။</p>
<p>ယမန်နေ့ နံနက်ပိုင်းက ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တွင် ကျင်းပသည့် သီလဝါ စက်မှုဇုန် နှင့်ပတ်သက်သော ရှင်းလင်းဆွေးနွေးပွဲအပြီးတွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဆက်အောင်က စက်မှုဇုန်လုပ်ငန်းများ ၂၀၁၅ ခုနှစ်တွင် စတင်လည်ပတ်နိုင်မည်ဟု ဧရာဝတီသို့ပြောကြားသည်။</p>
<p>“၂၀၁၅ မှာ စတင်လည်ပတ်နိုင်မယ်၊ အခုချိန်ကတည်းက နိုင်ငံပေါင်းစုံက ရင်းနှီးမြှုပ်နှံမှုတွေလုပ်နေပြီ၊ အထူးစီးပွား ရေးဇုန်အတွက် Master plan(လုပ်ငန်းစီမံချက်)ကိုတော့ မြန်မာနိုင်ငံမှာ တခါမှမရှိသေးတဲ့ပုံစံမျိုး ဆွဲနေတယ်၊ အကုန်လုံးတော့ စနစ်ကျအောင် လုပ် သွားမယ်”ဟု ဝန်ကြီး ဦးဆက်အောင်က ပြောသည်။</p>
<p>အဆိုပါ စီမံကိန်းတည်ဆောက်ရေးတွင် ဂျပန်နိုင်ငံကရင်းနှီးမြှုပ်နှံသူ<br />
အဖြစ် မြန်မာနိုင်ငံနှင့် ဖက်စပ်လုပ်ကိုင်ပြီး ဂျပန်ကုမ္ပဏီကြီးများဖြစ်သည့် Sumitomo ၊ Mitsubishi ၊ Marobuni ကုမ္ပဏီများနှင့် ဂျပန်အစိုးရ<br />
အဖွဲ့အစည်းများ ပါဝင်မည်ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံ အနေဖြင့် ရင်းနှီးမြှုပ်နှံမှု ၄၉ ရာခိုင်နှုန်း ပါဝင်ခွင့်ရရှိမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ၅၁ ရာခိုင်နှုန်း<br />
ရင်းနှီးမြှုပ်နှံရန် မြန်မာ-ဂျပန် သဘော တူ ညီချက် ရယူထားကြောင်း သိရသည်။ ယင်းစီမံကိန်း မြေဧရိယာ အကျယ်အ၀န်းသည် ဟက်တာ ၂၄၀၀ ရှိကြောင်း သီလ၀ါ အထူး စီးပွားရေးဇုန် ဖော်ဆောင်ရေး ကော်မတီ ဥက္ကဌ ၀န်ကြီး ဦးဆက်အောင်က ပြောသည်။</p>
<p>“ဂျပန်နိုင်ငံဘက်က မြန်မာအစိုးရကိုလည်း ပါဝင်စေချင်တဲ့ ဆန္ဒရှိတယ်<br />
ဆိုပေမယ့် အကြောင်းပြန်ထားတာတော့ မရှိသေးဘူး၊ သူတို့ က အစိုးရပိုင်းပါဝင်မှ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ ယုံကြည်မှုတွေရှိ<br />
လာမယ်လို့ ပြောထားတယ်”ဟု ၎င်းက ဆိုသည်။</p>
<p>မြန်မာလုပ်ငန်းရှင်များကို ရင်းနှီးမြှုပ်နှံခွင့် ပေးရန်အတွက် အများပိုင်ကုမ္ပဏီကြီး တည်ထောင်သွားပြီး ရှယ်ယာများ<br />
ရောင်းချ၍ ပြည်တွင်း၊ ပြည်ပ မခွဲခြားဘဲ လုပ်ငန်းရှင်များ<br />
ရင်းနှီးမြှုပ်နှံခွင့်ကို တပြေးညီ လုပ်ကိုင် ခွင့်ပြုမည်ဟု သိရသည်။</p>
<p>“ပိုက်ဆံမရှိလို့ မလုပ်နိုင်တာမျိုးမဖြစ်အောင် ဂျပန်ဘက်က ချေးငွေ<br />
ဆောင်ရွက်ပေးမှာကြောင့် မလုပ်နိုင်စရာအကြောင်း လုံးဝမရှိဘူး၊<br />
မြန်မာနိုင်ငံမှာလုပ်တဲ့စီမံကိန်းကို မြန်မာနိုင်ငံသားတွေအများဆုံး ပါနိုင်ဖို့ စဉ်းစားထားတယ်”ဟု ဦးဆက်အောင်က ပြောသည်။</p>
<p>ဆွေးနွေးပွဲ၌ ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဌ ဦးဝင်းအောင်က “ထိရောက်မှု ရှိနိုင်မယ့် အဖွဲ့အစည်းတွေနဲ့ ဆောင်ရွက်မယ်၊ လုပ်သားကိစ္စတွေအပါအဝင် အားလုံးကို အကျိုးရှိအောင် လုပ်သွားမှာပါ”ဟု ပြောသည်။</p>
<p>သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်း မြေနေရာများကို ဝယ်ယူရန်အတွက် လုပ်ငန်းရှင်များက စဉ်းစားကြသော်လည်း နိုင်ငံတကာ တွင် အကောင်<br />
အထည်ဖော်နေသော စီးပွားရေးဇုန်လုပ်ငန်း မြေနေရာများထက် အဆမတန် ဈေးမြင့်နေခြင်းကြောင့် သင့်လျော်သည့် နှုန်းထားဖြင့် လုပ်ကိုင်သွားနိုင်ရန် ညှိနှိုင်းနေကြောင်းလည်း သိရသည်။</p>
<p>ဆက်လက်၍ ဦးဆက်အောင်က“နိုင်ငံတကာမှာ ဖြစ်နေတဲ့ ဈေးထက် များနေတာကြောင့် အဲ့ဒီဈေးနဲ့တော့မသွားဘူး၊ သင့်တော်တဲ့နှုန်းနဲ့ပဲ သွားမယ်၊ လုပ်ငန်းရှင်တွေအရှုံးပေါ်အောင်တော့ လုပ်လို့မရဘူး”<br />
ဟု ပြောသည်။</p>
<p>သီလဝါဇုန်အတွင်းရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ သီလဝါ ဆိပ်ကမ်း (MITT)တွင် ၁၆ နှစ်ကျော် အလုပ်လုပ်ကိုင်ခဲ့သည့် အငြိမ်းစား အရာရှိတဦးကလည်း“အထူး စီးပွားရေးဇုန် လုပ်မယ်ဆိုရင်တော့ လမ်းတွေကောင်းဖို့ လိုတယ်၊ ရေ လိုအပ်ချက်တွေလည်း ရှိတယ်၊ လျှပ် စစ်မီး ရရှိဖို့လည်း လိုတယ်၊ သီလဝါမှာက အဲ့ဒီလိုအပ်ချက် တွေအများကြီး ရှိနေတယ်”ဟု ပြောပြသည်။</p>
<p>လက်ရှိအခြေအနေအရ အလုပ်သမား ပြဿနာများ ရှိနေ၍ ဖြေရှင်းနိုင်ရန် လိုအပ်ကြောင်း၊ ထိုအခြေအနေများကြောင့် လုပ်ငန်းရှင် များ အနေဖြင့် စက်ရုံတည်ဆောက်အရေးအတွက် စဉ်းစားနေကြရကြောင်း ဆွေးနွေးပွဲ တက်ရောက်လာသည့် ကုမ္ပဏီ လုပ်ငန်းရှင် တဦးဖြစ်သူ ဦးကျော်လင်း က ပြောဆိုသည်။</p>
<p>သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် Master plan ကို လာမည့် ဒီဇင်ဘာ လကုန် အပြီးရေးဆွဲမည်ဖြစ်ပြီး နိုင်ငံတကာမှ ဥပဒေ ရေးရာ ကျွမ်းကျင်သူများ၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းနေကြောင်း၊ သဘာဝ<br />
ဘေးအန္တရာယ် ကာကွယ်ရေးအတွက် ကော် မတီများ ဖွဲ့စည်းနိုင်ရန် စီစဉ်နေကြောင်းလည်း သိရသည်။</p>
<p>ဧရာဝတီ
ရန်ကုန်တိုင်းဒေသကြီး သံလျင်မြို့နယ်တွင် အကောင် အထည်ဖော်နေသော သီလဝါအထူး စီးပွားရေးဇုန် စီမံကိန်းသည် လာမည့် ၂၀၁၅ ခုနှစ်တွင် လုပ်ငန်းများ စတင်လည်ပတ်နိုင်

နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ နှစ်သစ်ကူး သဝဏ်လွှာ ပေးပို့ခြင်း

Photo: နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ နှစ်သစ်ကူး
သဝဏ်လွှာ ပေးပို့ခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက် (၂ /၂၀၁၃)

၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်

၁၃၇၄ ခု၊ နတ်တော်လပြည့်ကျော် ၁၃ ရက်

နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်သို့  နှစ်သစ်ကူးသဝဏ်လွှာ ပေးပို့ခြင်း

၁။ ၂၀၁၃ ခုနှစ် နှစ်သစ်ကူး အခါသမယတွင် နိုင်ငံတော်သမ္မတက ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ ထံသို့ (၁-၁-၂၀၁၃) ရက်၌ နှစ်သစ်ကူး သဝဏ်လွှာ ပေးပို့ခဲ့ပါသည်။

၂။ ပေးပို့ခဲ့သည့် သဝဏ်လွှာ အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည် -

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အမှူးပြုသော ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ ခင်ဗျား-

နှစ်သစ်အခါသမယမှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်း နှုတ်ခွန်းဆက်သ လိုက်ပါသည်။


ယခုလို ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး စတင်ချိန်တွင် မိမိအနေဖြင့် အထူးအလေးထား ဖော်ပြလိုသည့် နိုင်ငံရေးဖြစ်ထွန်းမှုမှာ လွန်ခဲ့သည့် တစ်နှစ်ကျော်ကာလအတွင်း ပြောင်းလဲလာသည့် မြန်မာ့နိုင်ငံရေး ယဉ်ကျေးမှုအသစ် ဖြစ်ပါသည်။ မြန်မာ့လူ့အဖွဲ့အစည်းတွင် အတန်ကြာပျောက်ဆုံးနေခဲ့သော ဆွေးနွေး ညှိနှိုင်းရေး နည်းလမ်းဖြင့် အဖြေရှာခြင်းဆိုသည့် နိုင်ငံရေးယဉ်ကျေးမှု ပြန်လည် အသက်ဝင် လာခြင်းဖြစ်ပါသည်။ ပွင့်လင်းသည့် လူ့အဖွဲ့အစည်းတစ်ရပ် တည်ဆောက်ရန်အတွက် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ၊ ဒီမိုကရေစီရှင်သန်ရေး လုပ်ငန်းစဉ်များကို ဆောင်ကြဉ်းရာ၌ ကြုံတွေ့ရလေ့ရှိသည့် အများပြည်သူလူထု၏ လိုအင်ဆန္ဒ ထုတ်ဖော်ခြင်းများ၊ ကန့်ကွက် ဆန္ဒပြခြင်းများကို မိမိတို့လူ့အဖွဲ့အစည်းအနေဖြင့် ရင်ဆိုင်ကြုံတွေ့နေရသည့် အချိန်အခါ ဖြစ်ပါသည်။


ဤနေရာတွင် မိမိအနေဖြင့် အထူးအလေးပေး ဖော်ပြလိုသည့် အချက်မှာ ထိုကဲ့သို့ ပြည်သူလူထု၏ လိုအင်ဆန္ဒထုတ်ဖော်ခြင်း၊ ကန့်ကွက်ဆန္ဒပြခြင်း ဖြစ်စဉ်များတွင် ထိပ်တိုက် ရင်ဆိုင်ရေး နည်းလမ်းများ အသုံးပြုရန် ကြိုးပမ်းမှုများကို နိုင်ငံရေး အင်အားစုများအားလုံး ပူးပေါင်းအဖြေရှာခြင်းဟူသည့် အချက် ဖြစ်ပါသည်။ ဤစုစည်းအဖြေရှာမှုသည်ပင်လျှင် မိမိတို့ လူ့အဖွဲ့အစည်း၏ နိုင်ငံရေး ယဉ်ကျေးမှု စာမျက်နှာသစ်ဟု ဆိုရမည် ဖြစ်ပါသည်။ "မတူညီသော အယူအဆများ စုစည်း ရှင်သန်နိုင်သော ဗဟုဝါဒ" ကို ဆွေးနွေးညှိနှိုင်း အဖြေရှာသည့် နည်းလမ်းသည်သာ မိမိတို့ လူ့အဖွဲ့အစည်းအတွက် အကောင်းဆုံးသော နည်းလမ်းဖြစ်သည်ကို ၂၀၁၂ ခုနှစ်အတွင်း သင်ခန်းစာ ရယူနိုင်ခဲ့သည့် နိုင်ငံရေး တိုးတက်မှု ဟု ဆိုရမည် ဖြစ်ပါသည်။

တစ်ဆက်တည်းမှာပင် ရှုထောင့်ပေါင်းစုံ၊ အမြင်အမျိုးမျိုးတို့ဖြင့် ကျယ်ပြန့်စွာ ဆွေးနွေး နိုင်ခဲ့သည့် လွှတ်တော်များ၏ အသက်ဝင်လာမှု၊ ဥပဒေပြုရေးဖြစ်စဉ်များ ခိုင်မာလာမှု စသည့် လွှတ်တော်နှင့် အစိုးရ၊ အပြန်အလှန် ထိန်းကျောင်းနိုင်မှုတို့ကိုလည်း မိမိအနေဖြင့် ဂုဏ်ယူလျက်ရှိပါကြောင်း ပြောကြားလိုပါသည်။ နိုင်ငံရေးဖြစ်ထွန်းမှုများ အပေါ်တွင် ပြည်သူလူထုတစ်ရပ်လုံးမှ ထားရှိသည့် သဘောထားများ၊ ပါဝင်ပတ်သက်မှုများကို လေ့လာ ကြည့်ရှုပါက ပြည်သူများ၏ နိုင်ငံရေးစိတ်ပါဝင်စားမှု (Political Consciousness) နှင့် နိုင်ငံရေး စိတ်ရှည်သည်းခံမှု (Political Tolerance) ရေချိန် မြင့်တက်လာခြင်းများ ကိုလည်း အသိအမှတ်ပြု ဂုဏ်ယူပါသည်။


ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည့် အထွေထွေ ပြုပြင် ပြောင်းလဲရေးများ ချောမွေ့အောင်မြင်စေရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်ကောင်းမွန်ရေးကို ဖော်ဆောင်နိုင်ရန်အတွက် နိုင်ငံတကာအသိုက်အဝန်းနှင့် ကောင်းမွန်သော ဆက်ဆံရေးများ တည်ဆောက်ရန် လိုအပ် ပါသည်။ ထို့ကြောင့် မိမိတို့အနေဖြင့် နိုင်ငံတကာ အသိုက်အဝန်းနှင့် ထိတွေ့၍ ကောင်းမွန်သော ဆက်ဆံရေးများ တည်ဆောက်နိုင်ရန် ကြိုးပမ်းခဲ့ပါသည်။ နိုင်ငံတကာမှ သမ္မတများ၊ ဝန်ကြီးချုပ်များ၊ အဆင့်မြင့်အရာရှိကြီးများ၊ လွှတ်တော် ဥက္ကဋ္ဌများ၊ အထက် လွှတ်တော်အမတ်များ၊ ဥရောပသမဂ္ဂ၊ ကမ္ဘာ့ဘဏ်အစရှိသည့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ဥက္ကဋ္ဌများ ကိုလည်း အစိုးရအဖွဲ့မှ လက်ခံတွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။ ၂၀၁၂ ခုနှစ် အတွင်း တံခါးဖွင့်စဖြစ်သည့် မိမိတို့နိုင်ငံသို့ နိုင်ငံတော်အဆင့် ဧည့်သည်တော်များ လာရောက်မှု အကြိမ်ပေါင်း (၁၃၄) ကြိမ်ရှိခဲ့ပြီး ထိုသို့နိုင်ငံတကာနှင့် ထိတွေ့ဆက်ဆံမှု အရှိန်အဟုန်ကို တိုးမြှင့်နိုင်ခဲ့ခြင်းကြောင့် မိမိတို့၏ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် များကို  အရှိန်အဟုန်မြှင့် ဖော်ဆောင်နိုင်ရန် အထောက်အကူ ဖြစ်စေခဲ့ပါသည်။

၂၀၁၂ ခုနှစ်အတွင်း လုပ်ဆောင်ခဲ့သည့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များသည် မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုတွင် အထူးထင်ရှား အရေးပါသော ဖြစ်စဉ်များ ဖြစ်ပါသည်။ အဓိက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၁) ဖွဲ့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ စတင်နိုင်ခဲ့ပြီး အဖွဲ့ (၁၀) ဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အချို့ ရရှိခဲ့ပါသည်။ အပစ်အခတ်ရပ်စဲရေး မည်မျှပင်  အောင်မြင်စေကာမူ တိုင်းရင်းသား အချို့နှင့် ဖြစ်ပွားသည့် လက်နက်ကိုင်ပဋိပက္ခများကို အဖြေရှာရန်အတွက် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုများ မဖြစ်မနေပြုလုပ်ရန် လိုအပ်သည်ဟု မိမိတို့အစိုးရမှ ယုံကြည်ပါသည်။ နိုင်ငံရေးဆွေးနွေးမှုများ ပြုလုပ်နိုင်ရန်အတွက် လိုအပ်သည့် နိုင်ငံရေးဆွေးနွေးပွဲ ပုံစံ (Framework for Political Dialogue) ကိုလည်း ပြင်ဆင်ထားပြီး ထိရောက်သော နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်နိုင်ရန် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိပြီး ဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက် ဆောင်ရွက်လျက် ရှိပါသည်။ လက်ရှိ အပစ်အခတ်ရပ်စဲထားသော အဖွဲ့များအပြင် ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (KIO/KIA) ကိုလည်း ချန်လှပ် မထားဘဲ အပစ်အခတ် ရပ်စဲရုံသာမက နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်လာနိုင်အောင် မိမိတို့ တံခါးဖွင့်ထားပါသည်။ ငြိမ်းချမ်းရေး ကြိုးပမ်းအားထုတ်နေချိန်တွင် တပ်မတော် အနေဖြင့်လည်း အသက်သွေးချွေးတို့ ပေးဆပ်ပြီး နိုင်ငံတော်လုံခြုံရေးအတွက်သာမက ငြိမ်းချမ်းရေးဖြစ်စဉ် တစ်ခုလုံးအတွက်ပါ ကြိုးပမ်းလျက် ရှိပါသည်။

ထိုသို့ပြုလုပ်ရန် လိုအပ်မည့် ယုံကြည်မှုတည်ဆောက်ရေး လုပ်ငန်းများကိုလည်း ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီ အဆင့်ဆင့်မှ ကြိုပမ်းလုပ်ဆောင်လျက် ရှိကြောင်း အသိပေးတင်ပြ လိုပါသည်။ ထို့ပြင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ဖော်ဆောင်ရေး၊ ငြိမ်းချမ်းရေးလွန်ကာလ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ထိရောက်စွာ လုပ်ဆောင်နိုင်ရန်အတွက် “မြန်မာ့ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး ဗဟိုဌာန (Myanmar Peace Centre)” ကို တည်ထောင် ဖွင့်လှစ်ထားပြီး ဖြစ်ပါသည်။

အစိုးရအနေဖြင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို အထက်ပါအတိုင်း ဆောင်ရွက် အကောင်အထည်ဖော်နိုင်ခဲ့သလို အထူးလိုအပ်လျက်ရှိသော စီးပွားရေးပြုပြင် ပြောင်းလဲမှု များကိုလည်း ဆောင်ရွက်လျက် ရှိပါသည်။

ထင်ရှားသည့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများမှာ နိုင်ငံခြားငွေလဲလှယ်နှုန်းကို ဈေးကွက်နှင့် လျော်ညီစွာ နှုန်းရှင်အဖြစ် ပြုပြင်ပြောင်းလဲနိုင်ခဲ့ခြင်း၊ ဘဏ်လုပ်ငန်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို စတင်ဆောင်ရွက်ခဲ့ခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို  အားပေးသည့် စီးပွားရေးဝန်းကျင်တစ်ရပ် ဖန်တီးပေးရန် ကြိုးပမ်းဆောင်ရွက်နေခြင်း၊ နိုင်ငံခြား ခရီးသွားလုပ်ငန်းများကို ပြန်လည်သက်ဝင်စေခြင်းနှင့် သဘာဝပတ်ဝန်းကျင် ကာကွယ် ထိန်းသိမ်းခြင်းများကို ဆောင်ရွက်ခြင်းတို့ ဖြစ်ပါသည်။

မြန်မာ့စီးပွားရေးဝန်းကျင်တွင် ကာလရှည်ကြာတည်ရှိနေခဲ့သော အမျိုးသား စီးပွားရေး ပြဿနာကို ပြည်တွင်းပြည်ပ ပညာရှင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် စတင်ပူးပေါင်း ဆောင်ရွက်လာခဲ့ခြင်းတို့ကြောင့် "စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲရေးမူဘောင်" နှင့် "ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မူဘောင်" တို့ကို ရေးဆွဲ နိုင်ခဲ့ပါသည်။ ယင်းမူဘောင်များအရ ရေတို၊ ရေရှည် စီမံကိန်းများကိုလည်း စတင် ဆောင်ရွက်နေပြီ ဖြစ်ပါသည်။ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ကာလရှည်ကြာ အဟန့်အတား ဖြစ်နေခဲ့သော ပြည်ပမှ စီးပွားရေး ပိတ်ဆို့မှုများကိုလည်း ဖြေလျှော့ပေးစေရန် ကြိုးပမ်းနိုင်ခဲ့ပါသည်။ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလတွင် သြစတြေးလျ နိုင်ငံမှ ပိတ်ဆို့မှုများကို စတင်ဖယ်ရှား ပေးခဲ့ပြီး ဥရောပသမဂ္ဂကလည်း ပိတ်ဆို့မှုများကို ဆိုင်းငံ့ပေးသကဲ့သို့၊ ဇူလိုင်လတွင် အမေရိကန်ပြည်ထောင်စုမှလည်း မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံခွင့်ကို ပြန်လည် ခွင့်ပြုခဲ့ပါသည်။ ထို့ပြင် နိုဝင်ဘာလတွင် သွင်းကုန်များ တားမြစ်မှုကိုလည်း ဖယ်ရှားပေးခဲ့ပါသည်။ တစ်ဆက်တည်းမှာပင် ပြည်ထောင်စုလွှတ်တော်၏ ကူညီပံ့ပိုးမှုဖြင့် “နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်”ကို ပြဋ္ဌာန်းပေးခဲ့ပါသည်။ ယခင်နှစ်အတွင်း ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကြောင့် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ခြောက်သောင်းကျော်ကို ဖန်တီးပေးနိုင်သကဲ့သို့ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများကို အားပေးနိုင်ခဲ့သည့်အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ ပါသည်။ ထို့ပြင် အလုပ်သမားနှင့် လယ်သမား အဖွဲ့အစည်းများကိုလည်း လွတ်လပ်စွာ ဖွဲ့စည်းခွင့်ပြုခြင်း၊ ယင်းတို့၏ လိုအင်ဆန္ဒများအတွက် ဆန္ဒထုတ်ဖော်ခွင့်များ လုပ်ဆောင်လာနိုင်ခြင်းများသည် လွတ်လပ်ပွင့်လင်းလာသော အခြေအနေကို အစပျိုးနိုင်ခဲ့ခြင်းပင် ဖြစ်ပါသည်။

လူမှုရေးဆောင်ရွက်ချက်များ အနေဖြင့်လည်း ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ပြုပြင် ပြောင်းလဲမှုများကို ဆောင်ရွက်နိုင်ခဲ့သည့်အပြင် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအတွက် ထိုက်သင့်သော ပင်စင်လစာနှုန်းသစ်များ တိုးမြှင့်ပေးခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ ပါသည်။ ထို့ပြင် လာမည့်ဘဏ္ဍာရေးနှစ်အတွက် ရသုံးမှန်းခြေငွေစာရင်းကိုလည်း အစိုးရနှင့် လွှတ်တော်တို့အကြား ပွင့်လင်းမြင်သာမှုရှိရှိဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်ခဲ့သဖြင့် “ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေ”ကို တစ်နှစ်ထက် တစ်နှစ် ပိုမိုစနစ်ကျစွာ ပြဋ္ဌာန်းနိုင်တော့မည် ဖြစ်ပါသည်။ လွှတ်တော် အတွင်း၌ ရသုံးမှန်းခြေငွေစာရင်း ဆွေးနွေးသည့်ကိစ္စရပ်များကိုလည်း ပြည်သူလူထုထံ ပွင့်လင်းမြင်သာမှု ရှိရှိ အသိပေးနိုင်ခဲ့ပြီး လာမည့် ဘဏ္ဍာရေးနှစ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ ထောက်ပံ့ကြေးများကို တစ်ဆင့်ပြီး တစ်ဆင့် တိုးမြှင့်ပေးနိုင်တော့မည် ဖြစ်သည်ကိုလည်း တွေ့ရှိရမည် ဖြစ်ပါသည်။

နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုများစွာ လုပ်ဆောင်နိုင်ခဲ့သော်လည်း အသွင်ကူးပြောင်းရေးဖြစ်စဉ်အတွင်း၌ အဆင်မပြေမှုများနှင့် စိန်ခေါ်မှုများစွာကို ကြုံတွေ့ခဲ့ရပါသည်။ လက်ပံတောင်းတောင် စီမံကိန်းဆန္ဒပြမှုများ၊ မြေယာ ပြဿနာများ၊ ရခိုင်ပြည်နယ် ကိစ္စရပ်များနှင့် ကချင်ပြည်နယ် ငြိမ်းချမ်းရေးကိစ္စများမှ အတွေ့အကြုံ များအား သင်ခန်းစာများအဖြစ် ရယူ၍ နောင်လာမည့် နှစ်များတွင် ပိုမို ကောင်းမွန်သော စီမံခန့်ခွဲမှုမျိုး ဖြစ်ပေါ်လာစေရန် ဆက်လက်ကြိုးပမ်းသွားမည် ဖြစ်ပါသည်။

ယနေ့ မိမိတို့ဆောင်ရွက်နေသော နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ပြုပြင် ပြောင်းလဲမှုများတွင် လွှတ်တော်များနှင့် အစဉ် ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အထူးသဖြင့် ယခင်တစ်နှစ်ကျော်ကာလက ရရှိခဲ့သည့် ဥပဒေပြုရေးဆိုင်ရာ အတွေ့အကြုံ များကို အခြေခံ၍ သင်ခန်းစာများ ဖော်ထုတ်ပြီး ပိုမိုထိရောက်အောင် ဆက်လက် ဆောင်ရွက်သွားရန် စီစဉ်ထားပါသည်။ ယခုအချိန်အခါကဲ့သို့  နိုင်ငံတကာ အသိုက်အဝန်းနှင့် ပြည်တွင်းနိုင်ငံရေး အင်အားစုများအကြား မြန်မာနိုင်ငံ၏ နိုင်ငံရေး ဂုဏ်သိက္ခာကို မြှင့်တင်နိုင်သော၊ ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်နိုင်သောကာလတွင် လွှတ်တော်များ၏ အခန်းကဏ္ဍမှာ များစွာအရေးပါသည်ကို မိမိအနေဖြင့် အစဉ်ဂရုပြုပြီး အစိုးရ၏ အုပ်ချုပ်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်လျက် ရှိပါသည်။

ခေတ်မီသော ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းသို့ ချီတက်ကြရာတွင် ခက်ခဲ ကြမ်းတမ်းသော လှေခါးထစ်များကို ကျော်ဖြတ်ရလေ့ ရှိပါသည်။ မိမိတို့ အစိုးရအနေဖြင့် တရားဥပဒေ စိုးမိုးရေး၊ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး စသည်တို့ကို တစ်ဆင့်ပြီး တစ်ဆင့် တိုးမြှင့် လုပ်ဆောင်သွားရမည် ဖြစ်ပါသည်။ အစိုးရယန္တရား၏ ကောင်းမွန်သော အုပ်ချုပ်မှုနှင့် သန့်ရှင်းသော အစိုးရဖြစ်ရေးအတွက် အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက် ရမည်ကိုလည်း သိရှိထားပါသည်။ ပြည်ထောင်စုလွှတ်တော် အနေဖြင့်လည်း ပြည်သူများ၏ လက်တွေ့ အကျိုးစီးပွား၊ ရေရှည်အကျိုးစီးပွားကို အလေးအနက်ထားသည့် ပြည်သူ့ဗဟိုပြု ဥပဒေများ ဆက်လက်ပြဋ္ဌာန်းပေးသွားခြင်းဖြင့် ပြည်သူများအား ဒီမိုကရေစီ ယဉ်ကျေးမှု၊ ဒီမိုကရေစီ အလေ့အကျင့်များနှင့် ယဉ်ပါးရင်းနှီးလာအောင် လုပ်ဆောင်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း သဝဏ်လွှာ ပေးပို့အပ်ပါသည်။

source:: http://www.president-office.gov.mm/zg/briefing-room/news/2013/01/10/id-2281
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက် (၂ /၂၀၁၃)

၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်

၁၃၇၄ ခု၊ နတ်တော်လပြည့်ကျော် ၁၃ ရက်

နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ နှစ်သစ်ကူးသဝဏ်လွှာ ပေးပို့ခြင်း

ကုမ္ပဏီမှ ဝယ်ထားသော ဖုန်းဆင်းကတ် ပျောက်ပါက မြန်မာ့ဆက်သွယ်ရေး ဆောင်ရွက်ပေးခြင်းမရှိ

ကုမ္ပဏီမှ ဝယ်ထားသော ဖုန်းဆင်းကတ် ပျောက်ပါက
မြန်မာ့ဆက်သွယ်ရေး ဆောင်ရွက်ပေးခြင်းမရှိ

ဆက်သွယ်ရေးမှ တိုက်ရိုက်ဝယ်ယူခြင်းမရှိသည့် ဖုန်းများဆင်းကတ်
ပျောက်ဆုံးမှုကို မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ ဆောင်ရွက်ပေးခြင်း
မရှိကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးသည် မိုဘိုင်းဖုန်းဆင်းကတ်များ ပျက်စီး ပါက အခမဲ့နှင့် ပျောက်ဆုံးပါက ကျပ်နှစ်သောင်းနှုန်းဖြင့် ဆောင် ရွက်ပေးမည်
ဟု ၂ဝ၁၂ ခုနှစ် မေလတွင် ထုတ်ပြန်ထားသည်။

ယင်းသို့ သတင်းများထုတ်ပြန် ထားသော်လည်း မြန်မာ့ဆက်သွယ်ရေး
လုပ်ငန်းမှ တိုက်ရိုက်ဝယ်ယူ ထားသည့် ဖုန်းများကိုသာ ဆောင်ရွက်
ပေးနေပြီး ဆက်သွယ်ရေးနှင့် ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်သည့် ပုဂ္ဂလိက ကုမ္ပဏီများမှ ရောင်းချ ပေးသည့် ဖုန်းများကိုမူ ဆောင်ရွက် ပေးခြင်း
မရှိကြောင်း ဝယ်ယူသူများ ထံမှ သိရသည်။

''ဖုန်းပျောက်လို့ ရွှေဂုံတိုင် ရုံးကို စာချုပ်တွေနဲ့ သွားပြန် လျှောက်တယ်။ ရုံးရောက်တော့ ဝန်ထမ်းက ဒီဖုန်းတွေ ဒီမှာ မလုပ် ပေးဘူး။ ရောင်းတဲ့ ကုမ္ပဏီကို သွားပြီးလျှောက်ပါပြောတယ်။ ဖုန်း ကိုလမ်းဘေးဖုန်းဆိုင်တွေက ဝယ် ထားတာပါ။ ဆက်သွယ်ရေးက ဝယ်မှ လုပ်ပေးမယ်ဆိုတာတော့ မဖြစ်သင့်ဘူး။ သူတို့ထုတ်ထားတဲ့ ကတ် သူတို့ဘာသာ ပြန်လုပ်ပေး သင့်ပါတယ်၊ အခုတော့ ကုမ္ပဏီ ဘယ်နေရာမှန်းမသိနဲ့ ဒုက္ခရောက်ခဲ့ ရပါတယ်''ဟု မြောက်ဥက္ကလာမှ ဖုန်းပျောက်ဆုံးခဲ့သူ မနန်းဇာခြည် က ပြောသည်။

ထိုသို့ ကတ်ပျောက်ဆုံးမှုများ လာရောက်လျှောက်ထားသည့် ဖုန်းများမှာ ၂ဝ၁၂ ခုနှစ်မှ ရောင်းချ ပေးခဲ့သည့် ကျပ်နှစ်သိန်းတန် ဂျီ ဖုန်းများဖြစ်ပြီး ဖုန်းစတင် ရောင်းချ သည့် ကာလတွင် အလွယ်တကူ ဖုန်းဝယ်ယူ၍ မရခြင်းကြောင့် နီးစပ်ရာ ဖုန်းဆိုင်များနှင့်ကုမ္ပဏီ များတွင် ဝယ်ယူခဲ့ရသည့် ဖုန်းများ ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင်ဖုန်းများ ပျောက် ဆုံး၍ ပြန်လည်လျှောက်ထားရာ တွင်
မြန်မာ့ဆက်သွယ်ရေးမှ ဆင်းကတ်ပြန်လည်ထုတ်ပေး ချိန်
နှစ်ပတ်ကြာမြင့်ပြီး ကုမ္ပဏီများတွင် လျှောက်ထားပါက တစ်လအထိ အချိန်ကြာမြင့်ကြောင်း ထိုသို့ ကုမ္ပဏီများမှ ဆောင်ရွက်သည့် အခါတွင် တစ်လကြာမြင့်ရခြင်း မှာ စာရွက်စာတမ်းများ ပြန်လည် စစ်ဆေး၍ တစ်ဆင့်ပြန်လုပ်ဆောင် ပေးရသည့်အတွက် အချိန်ကြာ မြင့်ခြင်းဖြစ်သည်ဟု ဖုန်းရောင်းချ သည့် ကုမ္ပဏီများမှ သိရသည်။

''လူတော်တော် များများ ကုမ္ပဏီကို သွားမလျှောက်ချင်ဘူး။ အခန့်မသင့်လို့ ဖုန်းပျောက်ခဲ့တာပဲ။ ဘယ်က ဖုန်းရောင်းရောင်း ဆက် သွယ်ရေး အနေနဲ့ ဆောင်ရွက်ပေး သင့်ပါတယ်''ဟု စမ်းချောင်းမြို့ နယ်မှ မဖြိုးဖြိုးက ပြောသည်။

ဖုန်းဆင်းကတ်ပျောက်ဆုံးမှု များအား ကုမ္ပဏီများ၌လျှောက် ထားခြင်းနှင့် ပတ်သက်၍ ဆက် သွယ်ရေးမှ အင်ဂျင်နီယာချုပ် တစ်ဦးက ကုမ္ပဏီများ
ဖုန်းနှင့် ပတ် သက်၍ လုပ်ကိုင်ခွင့်များပေးထား သည့် အတွက် ဖုန်းပျောက်ဆုံးမှုကို သက်ဆိုင်ရာကုမ္ပဏီမှသာ ဆောင် ရွက်ရမည်ဟု ထုတ်ပြန်ထား ကြောင်း ပြောသည်။

PN-052
Popular Myanmar News Journal ဆက်သွယ်ရေးမှ တိုက်ရိုက်ဝယ်ယူခြင်းမရှိသည့် ဖုန်းများဆင်း ကတ်ပျောက်ဆုံးမှုကို မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ ဆောင် ရွက်ပေးခြင်းမရှိကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးသည် မိုဘိုင်းဖုန်းဆင်းကတ်များ ပျက်စီးပါက အခ မဲ့နှင့် ပျောက်ဆုံးပါက ကျပ်နှစ်သောင်းနှုန်းဖြင့် ဆောင် ရွက်ပေး မည်ဟု

မြန်မာ့အမြင့်ဆုံး အဆောက်အအုံ ပန္နက်တင်တော့မည်

မြန်မာ့အမြင့်ဆုံး အဆောက်အအုံ ပန္နက်တင်တော့မည်

ရန်ကုန်မြို့၌ အမြင့်ဆုံးအဆောက်အအုံ ဆောက်လုပ်ခွင့် အနေဖြင့်
ုနိုင်ငံတော် သမ္မတက ပထမဦးဆုံး ခွင့်ပြုပေးခဲ့သော ၂၇ ထပ် အမြင့်ရှိ အထပ်မြင့်တိုက်တစ်ခုကို Aye’s Family Co.,Ltd က မကြာမီ ပန္နက်တင်တော့မည်ဟု အဆိုပါ ကုမ္ပဏီ ထံမှသိရသည်။

ဇန်န၀ါရီလ ၁၃ ရက်နေ့တွင် ပန္နတင်မှုပြုလုပ်မည် အဆိုပါအဆောက်အဦ၏
ခေါင်မိုးမှာ ရဟတ်ယာဉ် ဆင်းသက် နိုင်မည်ဟု သိရသည်။

အဆိုပါ အဆောက်အအုံကို ဗဟန်း မြို့နယ်၊ကမ္ဘာအေးဘုရားလမ်း၊ကုက္ကိုင်း ရှိ Aye’s Family ကုပ္မဏီ၏ကိုယ်ပိုင်မြေနေရာတွင် ဆောက်လုပ်မည်ဖြစ်သည်။

PN-051
Popular Myanmar News Journal 
ရန်ကုန်မြို့၌ အမြင့်ဆုံးအဆောက်အအုံ ဆောက်လုပ်ခွင့် အနေဖြင့်ုနိုင်ငံတော် သမ္မတ က ပထမဦးဆုံး ခွင့်ပြုပေးခဲ့သော ၂၇ ထပ် အမြင့်ရှိ အထပ်မြင့်တိုက်တစ်ခုကို Aye’s Family Co.,Ltd က မကြာမီ ပန္နက်တင်တော့မည်ဟု အဆိုပါ ကုမ္ပဏီ ထံမှသိရသည်။

“မြန်မာ့ရုပ်မြင်သံကြားသတင်းများ ထုတ်လွှင့်ချိန်များ ပြောင်းလဲ”



ဇန်နဝါရီလ ၉ ရက် ညနေပိုင်းအစီအစဉ်များမှ စတင်၍ ပြည်တွင်းသတင်းများကို ညနေ ၆ နာရီ၁၅ မိနစ် တွင်တစ်ကြိမ်၊ ညနေ ၇ နာရီမှာ ၁၀ မိနစ်တွင်တစ်ကြိမ် ၊ ည ၈နာရီမှာ ၁၅ မိနစ်နှင့် ည ၁၀ နာရီမှ ၃၀ မိနစ် ခန့်တို့တွင် တစ်ကြိမ်စီ အသီးသီး ပြောင်းလဲ ထုတ်လွှင့်နေပြီ ဖြစ်သည်။

NLD ပါတီဝင်မှ ခြိမ်းခြောက်ပြောဆိုမှုကြောင့် အရန် မီးသတ်တပ်ဖွဲ့ဝင်များမှ သက်ဆိုင်ရာ သို့ တိုင်ကြားမှု ဖြစ်ပေါ်


Photo: NLD ပါတီဝင်မှ ခြိမ်းခြောက်ပြောဆိုမှုကြောင့် အရန် မီးသတ်တပ်ဖွဲ့ဝင်များမှ သက်ဆိုင်ရာ သို့ တိုင်ကြားမှု ဖြစ်ပေါ်

၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့ ည ၈ နာရီ အချိန်ခန့် မြိတ်မြို့  ကလွင်
ကျေးရွာအုပ်စု စုံခေါင်းရှားတောဝရပ်ရှိ အရန်မီးသတ်တပ်ဖွဲ့ မီးသတ် တပ်စု ရုံးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ရပ်ရွာလုံခြုံရေး ကိစ္စရပ်များ အတွက် အစည်းအဝေးပြုလုပ်နေစဉ် NLD ပါတီဝင် စိုးငယ် (ခ) ရန်နိုင်စိုး အစည်းအဝေးခန်းသို့ ရောက်ရှိလာပြီး အစည်းအဝေးမှတ်တမ်း
တွင် ရေးသားထားသော မှတ်တမ်းစာအုပ်များကို အတင်းဆွဲယူဖတ်ရှူခြင်း၊
 “ ဒီအစည်းအဝေးက ဘာအစည်းအဝေးလဲ” ၊ “ NLD ပါတီ အာဏာနှင့်
ပြောလို့ ရရင် ရ မရရင် လူအင်အားနှင့် လာရောက်မည် ” ဟု အရန် မီးသတ် တပ်စုရုံးအတွင်း ၀င်ရောက် ကာ ခြိမ်းခြောက်စော်ကားပြောဆိုခြင်းများ
ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

NLD ပါတီဝင် စိုးငယ် (ခ) ရန်နိုင်စိုး ခြိမ်းခြောက်စော်ကားပြောဆိုမှု
များကြောင့် အစည်းအဝေး ပျက်သွားကြောင်းသိရှိရ သည်။ မီးသတ်
တပ်ဖွဲ့ဝင်များအနေဖြင့် မိမိရပ်ရွာ အေးချမ်းသာယာရေးအတွက် အစည်းအဝေးပြုလုပ်ရခြင်းသာဖြစ်ပြီး အခုလို NLD ပါတီဝင် တစ်ဦးမှ 
ပါတီ နာမည်ဖြင့် ခြိမ်းခြောက်ပြောဆိုမှုများ စော်ကားပြောဆိုမှုများကို မီးသတ် တပ်ဖွဲ့ဝင် များမှ မကျေနပ်ကြသဖြင့် စိုးငယ် (ခ) ရန်နိုင်စိုး အား ထိရောက်သော အရေးယူမှုများပြုလုပ်ပေးနိုင်ရန် သက်ဆိုင်ရာ အဖွဲ့ 
အစည်း အသီးသီးသို့ တရားဝင်စာများပို့ကာ တိုင်ကြားထားကြောင်း သတင်းရရှိပါသည်။

စိုးငယ် (ခ) ရန်နိုင်စိုး (၃၇)နှစ် (ဘ) ဦးခင်ဝင်း သည် NLD ပါတီ ရှမ်းချောင်းဝန်ထမ်း ရပ်ကွက် အလုပ်အမှုဆောင်အဖွဲ့ တစ်ဦး ဖြစ်ပြီး
မြို့ နယ် ညီလာခံ ကိုယ်စားလှယ် တစ်ဦးဖြစ်ကြောင်း သိရှိရသည်။
၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့ ည ၈ နာရီ အချိန်ခန့် မြိတ်မြို့  ကလွင်ကျေးရွာအုပ်စု စုံခေါင်း ရှားတောဝရပ်ရှိ အရန်မီးသတ်တပ်ဖွဲ့ မီးသတ် တပ်စုရုံးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ရပ်ရွာလုံခြုံရေး ကိစ္စရပ်များ အတွက် အစည်းအဝေးပြုလုပ်နေစဉ် NLD ပါတီဝင် စိုးငယ် (ခ) ရန်နိုင်စိုး အစည်းအဝေးခန်းသို့ ရောက်ရှိလာ ပြီး အစည်းအဝေးမှတ်တမ်းတွင် ရေးသားထားသော မှတ်တမ်းစာအုပ် များ ကို အတင်းဆွဲယူ ဖတ်ရှူခြင်း၊“ ဒီအစည်းအဝေးက ဘာအစည်း အဝေးလဲ” ၊ “ NLD ပါတီ အာဏာနှင့်ပြောလို့ရရင်ရ မရရင် လူအင်အားနှင့် လာရောက်မည် ” ဟု အရန် မီးသတ် တပ်စုရုံး အတွင်း

သူတပါးဆေးလိပ်ငွေ့ကြောင့် ဦးနှောက်ယိုယွင်းနိုင်

သူတပါးဆေးလိပ်ငွေ့ကြောင့် ဦးနှောက်ယိုယွင်းနိုင် 
( ဗွီအိုအေ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည် )

ကိုယ်တိုင်ဆေးလိပ်မသောက်ဘဲ သူများဆီက ဆေးလိပ်အငွေ့ ရှူနေရသူတွေနဲ့ ဦးနှောက် ယိုယွင်းမှုဟာ သိသိသာသာကို ဆက်စပ်နေတယ်ဆိုတာကို တရုတ်နိုင်ငံက ပြုလုပ်တဲ့ လေ့လာမှု တရပ်က ပထမဆုံးအကြိမ်အဖြစ် ဖော်ထုတ်လိုက်ပါတယ်။

Passive Smoking လို့ခေါ်တဲ့ သူများသောက်တဲ့ ဆေးလိပ်ငွေ့ ရှူရတာကြောင့် နှလုံးရောဂါနဲ့ အဆုတ်ကင်ဆာတို့ကို ဖြစ်စေနိုင်တယ်ဆိုတာကိုတော့ သိရှိခဲ့ကြပြီး ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ ဆေးလိပ်သောက်သူ သန်းပေါင်း ၃၅၀ ကျော်ရှိပြီး ကမ္ဘာပေါ်မှာ ဆေးလိပ် အသောက်ဆုံးနိုင်ငံ ဖြစ်ပါတယ်။

အသက်အရွယ်ကြီးရင့်သူဦးရေ တိုပွားလာတာနဲ့အမျှ ဦးနှောက်ယိုယွင်းမှု ဝေဒနာရှင်လည်း အများဆုံးရှိတဲ့နိုင်ငံပါ။ လန်ဒန် King's ကောလိပ်နဲ့ Anhui ဆေးတက္ကသိုလ်တို့က သုတေသီတွေဟာ တရုတ်နိုင်ငံ၊ နယ်ငါးခုက အသက် ၆၀ ကျော် လူ ၆ ထောင်လောက်အတွက် သူတို့ရဲ့ ဆေးလိပ် သောက်သုံးမှု၊ ဆေးလိပ်အငွေ့ ရှူရှိုက်ရမှုနဲ့ ဦးနှောက်ယိုယွင်းမှု အခြေအနေတို့ကို စိစစ်မေးမြန်းခဲ့ကြတာဖြစ်ပါတယ်။

လူတွေအတွက် ဆေးလိပ်ငွေ့ကနေ အကာအကွယ်ပေးဖို့ လိုအပ်ကြောင်း ဒီလေ့လာချက် က ဖော်ပြနေတယ်လို့ အဖွဲ့ခေါင်းဆောင် ဒေါက်တာ ရိုလင်းချဲန်းက ဆိုပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၁၁ % လောက်ပဲ လူစုလူဝေးထဲမှာ ဆေးလိပ်သောက်ဖို့ ပိတ်ပင်ထားတဲ့နိုင်ငံတွေ မှာ နေနေကြတာ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကနေ ထုတ်ပြန်ထားပါတယ်။ 

http://burmese.voanews.com/content/smoking-can-damage-to-the-brain-of-second-smoker-/1580968.html 
ကိုယ်တိုင်ဆေးလိပ်မသောက်ဘဲ သူများဆီက ဆေးလိပ်အငွေ့ ရှူနေရ သူတွေနဲ့ ဦးနှောက် ယိုယွင်းမှုဟာ သိသိသာသာကိုဆက်စပ်နေ တယ် ဆိုတာကို တရုတ်နိုင်ငံက ပြုလုပ်တဲ့ လေ့လာမှုတရပ်က ပထမဆုံး အကြိမ်အဖြစ် ဖော်ထုတ်လိုက်ပါတယ်။

နဘား - မြစ်ကြီးနား ခရီးသည်တင် ခေါက်ပြန်အဆန်ရထားအား KIA မှ မိုင်းခွဲတိုက်ခိုက်

နဘား - မြစ်ကြီးနား ခရီးသည်တင် ခေါက်ပြန်အဆန်ရထားအား KIA မှ မိုင်းခွဲတိုက်ခိုက်

ဇန်န၀ါရီလ ၉ ရက် နေ့တွင် နဘားမှ မြစ်ကြီးနားသို့ထွက်ခွာလာသော အမှတ်(၄၉) ခေါက်ပြန် နဘား-မြစ်ကြီးနားအဆန်ရထားသည် ဟိုပင်မြို့နှင့် နန်းခွင်ဘူတာကြား မိုင်တိုင်အမှတ်(၆၅၄/၁၉) နေရာသို့ ည ၁၀ နာရီ ၂၀ မိနစ်ခန့်တွင်ရောက်ရှိခဲ့စဉ် KIA အဖွဲ့မှ ထောင်ထားသော မိုင်းတစ်လုံးပေါက်ကွဲခဲ့သဖြင့် ရထား လမ်းနှင့် ရထားတွဲများ ပျက်စီးခဲ့ကြောင်းသတင်းရရှိသည်။ အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိခဲ့သော ဟိုပင်ဘူတာမှတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ရထားစက်ခေါင်းနောက်က ကုန်စိမ်းတွေတင်ထားတဲ့အတွဲ ကြမ်းခင်း ၁၅ ပေလောက်ပေါက်ပြီး လမ်းချော်သွားပါတယ်။ပါလာတဲ့ ရထားတွဲ ၆ တွဲလုံးဘီးချော်ပြီး ခရီးသည် တစ်ဦးသေပါတယ်ဟုပြောဆိုသွားသည်။ ရထားမှာ ကုန်တွဲ ၆ တွဲပါဝင်ပြီး ကုန်စိမ်းများ၊ နွားနှင့် ဝက်များ၊ စားသောက်ကုန်များ တင်ဆောင်လာပြီးခရီးသည် ၃၀ဦးခန့်စီးနင်းလာကြောင်းပြောဆိုခဲ့ပါသည်။ KIA အနေဖြင့် ယခုလို မိုင်းခွဲတိုက်ခိုက်ပြီးတိုင်း စစ်တပ်အသုံးပြုသော ရထားများကိုတိက်ခိုက်ခြင်းဖြစ်ဖြစ်ကြောင်း ပြောကြားလေ့ရှိပြီး ယခုဖြစ်စဉ်တွင် တိုက်ခိုက်ခံခဲ့ရသောရထားမှာ ခရီးသည်များနှင့် ကုန်စိမ်းများ စားသောက်ကုန်များ တင်ဆောင်လာ သည့် ခေါက်ပြန်ရထားဖြစ်ကြောင်း မြက်မြင်သက်သေများနှင့် ဒေသခံအားလုံးမှ တညီတညွတ်ထဲ ပြောဆိုကြသည်ဟု သတင်းရရှိသည်။ ယုအခါ လမ်းကြောင်းပိတ်ဆို့နေသောရထားနှင့်ပျက်စီးနေသောရထားလမ်းအားမြန်မာ့မီးရထားမှတာဝန်ရှိသူများမှပြင်ဆင်လျက်ရှိကြောင်းသတင်းရရှိသည်။

MON  
ဇန်န၀ါရီလ ၉ ရက် နေ့တွင် နဘားမှ မြစ်ကြီးနားသို့ထွက်ခွာလာသော အမှတ် (၄၉) ခေါက်ပြန် နဘား-မြစ်ကြီးနားအဆန်ရထားသည် ဟိုပင်မြို့နှင့် နန်းခွင်ဘူတာကြား မိုင်တိုင်အမှတ်(၆၅၄/၁၉) နေရာသို့ ည ၁၀ နာရီ ၂၀ မိနစ်ခန့်တွင်ရောက်ရှိခဲ့စဉ် KIA အဖွဲ့မှ ထောင်

(၉-၁-၂၀၁၃) ရက်နေ့ည ၁၀ နာရီ ၂၀မိနစ် ချိန် နဘား မြစ်ကြီးနား ခေါက်ပြန်ရထားအား KIA အဖွဲ့မှဟိုပင်နှင့် နန်းခွင်ဘူတာကြားမိုင်းထောင်တိုက်ခိုက်





သတင်းအသေးစိတ်အားဆက်လက်ဖေါ်ပြသွားပါမည်။
Breaking News