သတ္တုတူးမှုရပ်ဆိုင်းရေး ကျောက်ကြီး မှာ ထောင်နဲ့ချီ တောင်းဆိုဆန္ဒပြ
2015-06-23 အီးမေးလ် မှတ်ချက်ပေးပါ ရှယ်ပါ ပုံနှိပ်ပါ
ပုံနှိပ်ပါ ရှယ်ပါ မှတ်ချက်ပေးပါ အီးမေးလ် kyaukgyi-mining-620.jpg
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် စက်လှဲကျေးရွာအနီးမှာ ရတနာစိုင်းကောင်းမြတ်ကျော် ကုမ္ပဏီက သတ္တုတူးဖော်နေစဉ်
Photo: ဒေသခံတစ်ဦး
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် စက်လှဲကျေးရွာအနီးက မြေဧက ၇သောင်းနီးပါးမှာ ရတနာစိုင်းကောင်းမြတ်ကျော် ကုမ္ပဏီက သတ္တုတူးဖော်နေတာကို ရပ်ဆိုင်းပေးဖို့ ဒေသခံ ၄၀၀၀ နီးပါးက လက်မှတ်ရေးထိုး တောင်းဆိုလိုက်ပါတယ်။
ကုမ္ပဏီကို သတ္တုတူးဖော်ခွင့် ပေးလိုက်တဲ့မြေနေရာတွေမှာ တောင်တွေပါဝင်ပြီး ဒေသခံတွေဟာ အဲဒီတောင်တွေကို မှီခိုနေကြတဲ့လူတွေဖြစ်တဲ့အတွက် ကန့်ကွက်တာလို့ ဒေသခံတစ်ဦးဖြစ်သူ မခင်စန်းဝေက ပြောပါတယ်။